System 286 (On Going) Arc 1.3(မင္႐ွီး)

All chapters are in System 286 (On Going)
A+ A-

Zawgyi

စာသင္ခ်ိန္ပီးေတာ့ ကယ္ရီတစ္ေယာက္ က်န္းခ်န္နဲ႔အတူ ေက်ာင္းကန္တင္းသို႔ထြက္လာခဲ့သည္..။ေန႔လည္စာ စားေနရင္း System ထံမွအခ်က္ေပးသံၾကားလိုက္ရသည္..။

System: ” Host ဇာတ္လိုက္မ Hostရဲ႕အေနာက္မွာေရာက္ေနတယ္..။ မူလ မင္႐ွီးတုန္းက ျပသာနာတက္တာဒီအခ်ိန္ပဲ..။လူလယ္ေခါင္မွာ မင္႐ွီးကဇာတ္လိုက္မကိုကာကြယ္ရင္း ခ်င္းခ်ိဳးကို ထိုးလိုက္တယ္. ။ အဲ့မွာ ခ်င္းခ်ိဳးေဒါသထြက္ပီး မင္႐ွီးကိုေႏွာက္ယွက္ေတာ့တာပဲ..”
“Host ေ႐ွာင္ႏိုင္မွျဖစ္မယ္ေနာ္”

“System ငါမင္းကိုေမးစရာ႐ွိလို႔..”

System: “ေမးေလ Host”

“ဒီကမာၻမွာ ဇာတ္လိုက္နဲ႔ ဇာတ္လိုက္မ ဘဲ ေပါင္းဖက္ရမယ္လို႔ပံုေသသတ္မွတ္ထားလား..? “

System: “အဲလိုေတာ့မသတ္မွတ္ထားပါဘူး..။ Host ဘာလို႔ေမးတာလဲ။?”

“ဘာမွမဟုတ္ပါဘူး ဒီတိုင္းေမးၾကည့္တာပါ… “

ထိုစဥ္ဇာတ္လိုက္မတစ္ေယာက္ ကယ္ရီတို႔ေ႐ွ႕ခံုသို႔ဝင္ထိုင္လာသည္။ ကယ္ရီဇာတ္လိုက္မကိုၾကည့္လိုက္ေတာ့ ဒီကမာၻရဲ႕ဇာတ္လိုက္ဆိုသည့္အတိုင္း အလြန္ေခ်ာ၏။ အသားအရည္က ႏို႔ႏွစ္လိုျဖဴေဖြးပီးႏွင္းစက္လိုၾကည္လင္ေနသည္..။မက္မြန္ဝတ္လြႇာလို မ်က္ဝန္းေလးရယ္ ႏႈတ္ခမ္းရဲရဲေလးရယ္နွင့္ ၿပီးျပည့္စံုလြန္းလွ၏..။ပိတုန္းေရာင္ဆံေကသာနက္နက္ကေလးမ်ားကိုလည္း ေနာက္တြင္စုစည္းထားသည္။(ဖြဲ႔ႏြဲ႔ရတာ မလြယ္ကူလိုက္တာ 🤧) ကယ္ရီ ဇာတ္လိုက္မအေၾကာင္းကိုသာႀကိဳသိမေနလ်ွင္ သေဘာက်မိမလားမသိေပ.။

“မင္႐ွီး… ေဒၚေလးနဲ႔နင္အိမ္မလာဘူးလား..။မနက္ကေတာင္ေမေမေျပာပာေနေသးတယ္.. “

“ဟုတ္လား ငါေဒၚေလးကိုေျပာလိုက္ပါ့မယ္ “

မင္႐ွီး ဇာတ္လိုက္မနဲ႔စကားေျပာေနတုန္း ခ်င္းခ်ိဳးတစ္ေယာက္အနားသို႔ေရာက္လာသည္

“ယူရီ.. မင္းကဒီေရာက္ေနတာလား
အေတာ္ပဲ..ကိုယ္တို႔ေန႔လည္စာအတူစားရေအာင္..”

“ခ်င္းခ်ိဳး.. ငါကဘာလို႔နင္နဲ႔စားရမွာလဲ…။ ငါဒီမွာ မင္႐ွီးနဲ႔စားေနတာ နင္မျမင္ဘူးလား။ ဟုတ္တယ္မလား… မင္႐ွီး “

ဇာတ္လိုက္မတစ္ေယာက္ ကယ္ရီကိုစစ္ကူေခၚတဲ့အၾကည့္နဲ႔ၾကည့္လာသည္ကိုမျမင္ခ်င္ေယာက္ေဆာင္ကာ
“အာ…ယူရီ
ငါက စားလို႔ပီးေနပီဟ အခုပဲသြားေတာ့မလို႔..။ နင္မွမစားရေသးတာ ခ်င္းခ်ိဳး နဲ႔ပဲစားလိုက္ေတာ့ေနာ္..
ငါ..ငါသြားပီ…”

ကယ္ရီ အျမန္ႏႈတ္ဆက္ရင္း ကန္တင္းမွေျပထြက္လာခဲ့သည္..။ဟုတ္တယ္ေလ ျမန္ျမန္ေ႐ွာင္လာမွေပါ့ မဟုတ္ရင္ သူျပသာနာတက္သြားမွာေပါ့။ မူလမင္႐ွီးတုန္းက အေနထိုင္မတက္ဘဲ သူရဲေကာင္းႀကီးဝင္လုပ္လြန္းလို႔ အေျမႇာက္စာျဖစ္ပီးသြားပီေလ။

” အယ္.. ဒါဆိုကြၽန္ေတာ္လဲသြားေတာ့မယ္..။ အကို ခ်င္းခ်ိဳး ေန႔လည္စာ ကိုအရသာ႐ွိ႐ွိသံုးေဆာင္ပါ”

“ေဟ့… မင္႐ွီး…. က်န္းခ်န္…..
မသြားနဲ႔ေလ..အာ.”

မင္႐ွီးဆိုတဲ့ေကာင္ ဒီေန႔မွဘာျဖစ္မွန္းမသိ။ အရင္ဆို သူမေျပာလိုက္တာနဲ႔ သူမေ႐ွ႕ကမားမားမတ္မတ္ရပ္တည္ေပးတတ္တဲ့သူတစ္ေယာက္။မင္႐ွီးကိုလည္းသူမသိပ္သေဘာမက်ပါဘူး..။ ခ်င္းခ်ိဳး ကိုေ႐ွာင္ခ်င္လို႔ အသံုးခ်ေနယံုသက္သက္။

“ယူရီ.. အခုေရာကိုယ္တို႔ေန႔လည္စာအတူ စားလို႔ရပီလား..?”

“ေတာက္…… ငါကဘာလို႔နင္နဲ႔စားရမွာလဲ.. ဖယ္စမ္း ငါ့ေ႐ွ႕က”

ယူရီ ကန္တင္းမွာလွည့္ထြက္ခဲ့သည္။ သူမ ခ်င္းခ်ိဳး ဆိုတဲ့ေကာင္ကိုနည္းနည္းမွၾကည့္မရပါ..။ေက်ာင္းမွာ လူမိုက္ေယာင္ေယာင္ဘာေယာင္ေယာင္နဲ႔ မိသားစုအသိုင္းဝိုင္းကလဲ ဘာမွန္းမသိ ။ အဲလိုလူမ်ိဳးက သူမရဲ႕ခ်စ္သူျဖစ္ခ်င္တယ္….. ဆယ္ကမၻာ ေစာင့္လိုက္ေလ..။ သူမသေဘာက်ေနတာက ေက်ာင္းရဲ႕မင္းသားေလး ဟန္ယြင္..။ S group ရဲ႕တစ္ဦးတည္းေသာဆက္ခံသူ..။ ဟန္ယြင္ လိုလူမ်ိဳးကမသူမနဲ႔ထိုက္တန္တာ..။

“ေဟ့… မင္႐ွီး..ေဟ့..ေစာင့္ဦးေလ..
မင္းဘာလို႔ ယူရီကို ခ်င္းခ်ိဳး နဲ႔ထားခဲ့တာလဲ..။ ယူရီက မင္းေကာင္မေလးမဟုတ္ဘူးလား..”

“မင္းကို ဘယ္သူေျပာလဲ….
ယူရီက ငါ့ေကာင္မေလးပါလို႔”

“ဟက္… မင္းပဲ အရင္က ခ်င္းခ်ိဳး ဆိုတဲ့ေကာင္ ယူရီေ႐ွ႕ေရာက္လာရင္ ကိုယ့္ကိုကိုယ္ လူစြမ္းေကာင္းႀကီးနဲ႔အထင္မွားပီး ဟီး႐ိုးဝင္ဝင္လုပ္တာေလ..မမွတ္မိေတာ့ေတာ့ဘူးလား”

“ယူရီ အေမနဲ႔ငါ့ေဒၚေလးက သူငယ္ခ်င္းေတြမလို႔ ငါတို႔ကရင္းႏွီးေနတာ။ ယူရီအေမကလဲ ငါ့ကို ေက်ာင္းမွာသူ႔သမီးကိုေစာင့္ေ႐ွာက္ေပးပါအံုးလို႔ေျပာထားလို႔ ငါကကူညီေပးရံုသက္သက္..။ သူနဲ႔ငါနဲ႔ဘာမွမဆိုင္ဘူး..”

“ဒါဆိုလည္း ေစာနကဘာလို႔ ယူရီကို ခ်င္းခ်ိဳးနဲ႔ထားခဲ့တာလဲ..”

“ဒီမွာ…ငါကမင္းေျပာသလို လူစြမ္းေကာင္မဟုတ္ဘူး..။ ဒီေလာက္လူေတြအမ်ားႀကီးၾကားမွာသူနဲ႔ရန္ျဖစ္ရေအာင္ငါမ႐ူးဘူး..။ ပီးေတာ့..သူကယူရီကိုႀကိဳက္ေနတာမလား။ ယူရီကိုသူထိခိုက္ေအာင္လုပ္မွာမဟုတ္ပါဘူး..”

ကယ္ရီတို႔ စကားေျပာရင္း ေက်ာင္းေဘာလံုးကြင္းနားရာက္လာခဲ့သည္

” ဟ..ဒီေန႔ဘာပြဲ႐ွိလို႔ အားေပးတဲ့သူေတြဒီေလာက္မ်ားေနတာလဲ..။ ၿပီးေတာ့ မိန္းကေလးေတြခ်ည္းပဲ။ လာ..မင္႐ွီးငါတို႔သြားၾကည့္ရေအာင္. “
ကယ္ရီတစ္ေယာက္ က်န္းခ်န္ဆြဲေခၚရာေနာက္သို႔ ပါသြားေလသည္။

System: “Host.. ကြင္းထဲမွာ ဇာတ္လိုက္ ဟန္ယြင္ ႐ွိေနပါတယ္..။ မစ္႐ွင္ ၿပီးေျမာက္ဖို႔ ဇာတ္လိုက္နဲ႔သူငယ္ခ်င္းျဖစ္ဖို႔ လိုပါတယ္”

“အင္းပါ..System ရဲ႕ ငါသိပါတယ္ “

“အားးးး စီနီယာ ဟန္ယြင္ကေခ်ာလိုက္တာ..”

“စီနီယာ ဟန္ယြင္.. ကြၽန္မရဲ႕နတ္သားေလး… ကြၽန္မနဲ႔တြဲပါ.”

ကယ္ရီ မိန္းကေလးမ်ားေအာ္ဟစ္အားေပးေနေသာ ကြင္းလယ္႐ွိ ပံုရိပ္ေလးအားၾကည့္လိုက္သည္..။ ဟန္ယြင္က အဓိကဇာတ္လိုက္ဆိုသည့္အတိုင္း သူ႔႐ုပ္ရည္က အျခားသူေတြထက္သာလြန္ေလသည္။ သူ႔႐ုပ္ရည္နဲ႔ ခႏၶာကိုယ္အခ်ိဳးစားက ပန္းခ်ီကားတစ္ခ်ပ္လို ၿပီးျပည့္စံုလြန္းသည္..။

ကယ္ရီ ဇာတ္လိုက္အားေငးေနတုန္း (ငမ္းေနတာမဟုတ္ဘူးလားအကိုေရ 🙄)

“မင္႐ွီး ညေနေက်ာင္းဆင္းရင္ ေဟာ့ေပါ့သြားစားရေအာင္ “

“ငါလိုက္လို႔မရဘူး…အခ်ိန္ပိုင္းအလုပ္႐ွိေသးတယ္”

“မင္းကလဲကြာ တစ္ရက္ေလးပဲကို
ခြင့္ယူလိုက္ပါလား.။ ငါနဲ႔ေဟာ့ေပါ့သြားစားမယ္ေလ..ေနာ္.. ေနာ္လို႔”

“က်န္းခ်န္.. ငါတကယ္လိုက္လို႔မရလို႔ပါကြာ ေစာရီးပါကြာ.. ေနာက္တစ္ခါ ငါအားရင္လိုက္ဝယ္ေကြၽးပါမယ္”
System: “Host!!! သတိထား..”

ထိုစဥ္ကြင္းထဲမွာ ေဘာလံုးသည္ မင္႐ွီး မ်က္ႏွာတည့္တည့္သို႔…….

☄☄☄☄☄☄☄☄☄☄☄☄☄☄☄
A/N- စာလံုးေပါင္းအမွားေတြပါရင္ sorry ပါ

Unicode

စာသင်ချိန်ပီးတော့ ကယ်ရီတစ်ယောက် ကျန်းချန်နဲ့အတူ ကျောင်းကန်တင်းသို့ထွက်လာခဲ့သည်..။နေ့လည်စာ စားနေရင်း System ထံမှအချက်ပေးသံကြားလိုက်ရသည်..။

System: ” Host ဇာတ်လိုက်မ Hostရဲ့အနောက်မှာရောက်နေတယ်..။ မူလ မင်ရှီးတုန်းက ပြသာနာတက်တာဒီအချိန်ပဲ..။လူလယ်ခေါင်မှာ မင်ရှီးကဇာတ်လိုက်မကိုကာကွယ်ရင်း ချင်းချိုးကို ထိုးလိုက်တယ်. ။ အဲ့မှာ ချင်းချိုးဒေါသထွက်ပီး မင်ရှီးကိုနှောက်ယှက်တော့တာပဲ..”
“Host ရှောင်နိုင်မှဖြစ်မယ်နော်”

“System ငါမင်းကိုမေးစရာရှိလို့..”

System: “မေးလေ Host”

“ဒီကမ္ဘာမှာ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မ ဘဲ ပေါင်းဖက်ရမယ်လို့ပုံသေသတ်မှတ်ထားလား..? “

System: “အဲလိုတော့မသတ်မှတ်ထားပါဘူး..။ Host ဘာလို့မေးတာလဲ။?”

“ဘာမှမဟုတ်ပါဘူး ဒီတိုင်းမေးကြည့်တာပါ… “

ထိုစဉ်ဇာတ်လိုက်မတစ်ယောက် ကယ်ရီတို့ရှေ့ခုံသို့ဝင်ထိုင်လာသည်။ ကယ်ရီဇာတ်လိုက်မကိုကြည့်လိုက်တော့ ဒီကမ္ဘာရဲ့ဇာတ်လိုက်ဆိုသည့်အတိုင်း အလွန်ချော၏။ အသားအရည်က နို့နှစ်လိုဖြူဖွေးပီးနှင်းစက်လိုကြည်လင်နေသည်..။မက်မွန်ဝတ်လွှာလို မျက်ဝန်းလေးရယ် နှုတ်ခမ်းရဲရဲလေးရယ်နှင့် ပြီးပြည့်စုံလွန်းလှ၏..။ပိတုန်းရောင်ဆံကေသာနက်နက်ကလေးများကိုလည်း နောက်တွင်စုစည်းထားသည်။(ဖွဲ့နွဲ့ရတာ မလွယ်ကူလိုက်တာ 🤧) ကယ်ရီ ဇာတ်လိုက်မအကြောင်းကိုသာကြိုသိမနေလျှင် သဘောကျမိမလားမသိပေ.။

“မင်ရှီး… ဒေါ်လေးနဲ့နင်အိမ်မလာဘူးလား..။မနက်ကတောင်မေမေပြောနေသေးတယ်.. “

“ဟုတ်လား ငါဒေါ်လေးကိုပြောလိုက်ပါ့မယ် “

မင်ရှီး ဇာတ်လိုက်မနဲ့စကားပြောနေတုန်း ချင်းချိုးတစ်ယောက်အနားသို့ရောက်လာသည်

“ယူရီ.. မင်းကဒီရောက်နေတာလား
အတော်ပဲ..ကိုယ်တို့နေ့လည်စာအတူစားရအောင်..”

“ချင်းချိုး.. ငါကဘာလို့နင်နဲ့စားရမှာလဲ…။ ငါဒီမှာ မင်ရှီးနဲ့စားနေတာ နင်မမြင်ဘူးလား။ ဟုတ်တယ်မလား… မင်ရှီး “

ဇာတ်လိုက်မတစ်ယောက် ကယ်ရီကိုစစ်ကူခေါ်တဲ့အကြည့်နဲ့ကြည့်လာသည်ကိုမမြင်ချင်ယောက်ဆောင်ကာ
“အာ…ယူရီ
ငါက စားလို့ပီးနေပီဟ အခုပဲသွားတော့မလို့..။ နင်မှမစားရသေးတာ ချင်းချိုး နဲ့ပဲစားလိုက်တော့နော်..
ငါ..ငါသွားပီ…”

ကယ်ရီ အမြန်နှုတ်ဆက်ရင်း ကန်တင်းမှပြေးထွက်လာခဲ့သည်..။ဟုတ်တယ်လေ မြန်မြန်ရှောင်လာမှပေါ့ မဟုတ်ရင် သူပြသာနာတက်သွားမှာပေါ့။ မူလမင်ရှီးတုန်းက အနေထိုင်မတက်ဘဲ သူရဲကောင်းကြီးဝင်လုပ်လွန်းလို့ အမြှောက်စာဖြစ်ပီးသွားပီလေ။

” အယ်.. ဒါဆိုကျွန်တော်လဲသွားတော့မယ်..။ အကို ချင်းချိုး နေ့လည်စာ ကိုအရသာရှိရှိသုံးဆောင်ပါ”

“ဟေ့… မင်ရှီး…. ကျန်းချန်…..
မသွားနဲ့လေ..အာ.”

မင်ရှီးဆိုတဲ့ကောင် ဒီနေ့မှဘာဖြစ်မှန်းမသိ။ အရင်ဆို သူမပြောလိုက်တာနဲ့ သူမရှေ့ကမားမားမတ်မတ်ရပ်တည်ပေးတတ်တဲ့သူတစ်ယောက်။မင်ရှီးကိုလည်းသူမသိပ်သဘောမကျပါဘူး..။ ချင်းချိုး ကိုရှောင်ချင်လို့ အသုံးချနေရုံသက်သက်ပင်…

“ယူရီ.. အခုရောကိုယ်တို့နေ့လည်စာအတူ စားလို့ရပီလား..?”

“တောက်…… ငါကဘာလို့နင်နဲ့စားရမှာလဲ.. ဖယ်စမ်း ငါ့ရှေ့က”

ယူရီ ကန်တင်းမှာလှည့်ထွက်ခဲ့သည်။ သူမ ချင်းချိုး ဆိုတဲ့ကောင်ကိုနည်းနည်းမှကြည့်မရပါ..။ကျောင်းမှာ လူမိုက်ယောင်ယောင်ဘာယောင်ယောင်နဲ့ မိသားစုအသိုင်းဝိုင်းကလဲ ဘာမှန်းမသိ ။ အဲလိုလူမျိုးက သူမရဲ့ချစ်သူဖြစ်ချင်တယ်….. ဆယ်ကမ္ဘာ စောင့်လိုက်လေ..။ သူမသဘောကျနေတာက ကျောင်းရဲ့မင်းသားလေး ဟန်ယွင်..။ S group ရဲ့တစ်ဦးတည်းသောဆက်ခံသူ..။ ဟန်ယွင်လိုလူမျိုးကမှ သူမနဲ့ထိုက်တန်တာ..။

“ဟေ့… မင်ရှီး..ဟေ့..စောင့်ဦးလေ..
မင်းဘာလို့ ယူရီကို ချင်းချိုး နဲ့ထားခဲ့တာလဲ..
ယူရီက မင်းကောင်မလေးမဟုတ်ဘူးလား..”

“မင်းကို ဘယ်သူပြောလဲ….
ယူရီက ငါ့ကောင်မလေးပါလို့”

“ဟက်… မင်းပဲ အရင်က ချင်းချိုး ဆိုတဲ့ကောင် ယူရီရှေ့ရောက်လာရင် ကိုယ့်ကိုယ်ကိုယ် လူစွမ်းကောင်းကြီးနဲ့အထင်မှားပီး ဟီးရိုးဝင်ဝင်လုပ်တာလေ..မမှတ်မိတော့တော့ဘူးလား”

“ယူရီ အမေနဲ့ငါ့ဒေါ်လေးက သူငယ်ချင်းတွေမလို့ ငါတို့ကရင်းနှီးနေတာ။ ယူရီအမေကလဲ ငါ့ကို ကျောင်းမှာသူ့သမီးကိုစောင့်ရှောက်ပေးပါအုံးလို့ပြောထားလို့ ငါကကူညီပေးရုံသက်သက်..။ သူနဲ့ငါနဲ့ဘာမှမဆိုင်ဘူး..”

“ဒါဆိုလည်း စောနကဘာလို့ ယူရီကို ချင်းချိုးနဲ့ထားခဲ့တာလဲ..”

“ဒီမှာ…ငါကမင်းပြောသလို လူစွမ်းကောင်းမဟုတ်ဘူး..။ ဒီလောက်လူတွေအများကြီးကြားမှာသူနဲ့ရန်ဖြစ်ရအောင်ငါမရူးဘူး..။ ပီးတော့..သူကယူရီကိုကြိုက်နေတာမလား။ ယူရီကိုသူထိခိုက်အောင်လုပ်မှာမဟုတ်ပါဘူး..”

ကယ်ရီတို့ စကားပြောရင်း ကျောင်းဘောလုံးကွင်းနားရာက်လာခဲ့သည်

” ဟ..ဒီနေ့ဘာပွဲရှိလို့ အားပေးတဲ့သူတွေဒီလောက်များနေတာလဲ..။ ပြီးတော့ မိန်းကလေးတွေချည်းပဲ။ လာ..မင်ရှီးငါတို့သွားကြည့်ရအောင်. “
ကယ်ရီတစ်ယောက် ကျန်းချန်ဆွဲခေါ်ရာနောက်သို့ ပါသွားလေသည်။

System: “Host.. ကွင်းထဲမှာ ဇာတ်လိုက် ဟန်ယွင် ရှိနေပါတယ်..။ မစ်ရှင် ပြီးမြောက်ဖို့ ဇာတ်လိုက်နဲ့သူငယ်ချင်းဖြစ်ဖို့ လိုပါတယ်”

“အင်းပါ..System ရဲ့ ငါသိပါတယ် “

“အားးးး စီနီယာ ဟန်ယွင်ကချောလိုက်တာ..”

“စီနီယာ ဟန်ယွင်.. ကျွန်မရဲ့နတ်သားလေး… ကျွန်မနဲ့တွဲပါ.”

ကယ်ရီ မိန်းကလေးများအော်ဟစ်အားပေးနေသော ကွင်းလယ်ရှိ ပုံရိပ်လေးအားကြည့်လိုက်သည်..။ ဟန်ယွင်က အဓိကဇာတ်လိုက်ဆိုသည့်အတိုင်း သူ့ရုပ်ရည်က အခြားသူတွေထက်သာလွန်လေသည်။ သူ့ရုပ်ရည်နဲ့ ခန္ဓာကိုယ်အချိုးစားက ပန်းချီကားတစ်ချပ်လို ပြီးပြည့်စုံလွန်းသည်..။

ကယ်ရီ ဇာတ်လိုက်အားငေးနေတုန်း (ငမ်းနေတာမဟုတ်ဘူးလားအကိုရေ 🙄)

“မင်ရှီး ညနေကျောင်းဆင်းရင် ဟော့ပေါ့သွားစားရအောင် “

“ငါလိုက်လို့မရဘူး…အချိန်ပိုင်းအလုပ်ရှိသေးတယ်”

“မင်းကလဲကွာ တစ်ရက်လေးပဲကို
ခွင့်ယူလိုက်ပါလား.။ ငါနဲ့ဟော့ပေါ့သွားစားမယ်လေ..နော်.. နော်လို့”

“ကျန်းချန်.. ငါတကယ်လိုက်လို့မရလို့ပါကွာ စောရီးပါကွာ.. နောက်တစ်ခါ ငါအားရင်လိုက်ဝယ်ကျွေးပါမယ်”

System: “Host!!! သတိထား..”

ထိုစဉ်ကွင်းထဲမှာ ဘောလုံးသည် မင်ရှီး မျက်နှာတည့်တည့်သို့…….

☄☄☄☄☄☄☄☄☄☄☄☄☄☄☄
A/N- စာလုံးပေါင်းအမှားတွေပါရင် sorry ပါ

Tags: read novel System 286 (On Going) Arc 1.3(မင္႐ွီး), novel System 286 (On Going) Arc 1.3(မင္႐ွီး), read System 286 (On Going) Arc 1.3(မင္႐ွီး) online, System 286 (On Going) Arc 1.3(မင္႐ွီး) chapter, System 286 (On Going) Arc 1.3(မင္႐ွီး) high quality, System 286 (On Going) Arc 1.3(မင္႐ွီး) light novel, ,

Comment

Leave a Reply

Chapter 5