System 286 (On Going) Arc 1.6(မင္႐ွီး)

All chapters are in System 286 (On Going)
A+ A-

Zawgyi

ကယ္ရီအတန္းခ်ိန္ၿပီးေတာ့ ၿမိဳ႕ထဲတြင္ တစ္ဆိုင္ဝင္တစ္ဆိုင္ထြက္အလုပ္လိုက္႐ွာေနသည္..။

“ဟူး…. ေမာလိုက္တာ
အခ်ိန္ပိုင္းအလုပ္ေတြကဘာလို႔အရမ္း႐ွားပါးေနရတာလဲ ဒီေလာက္ဆိုင္ေတြအမ်ားႀကီးေမးပီးတာေတာင္ မေတြ႔ဘူး..”

System: “Host ရယ္… စိတ္႐ွည္႐ွည္ထားပါ..။ Host နဲ႔သင့္ေတာ္တဲ့အလုပ္ေတြ႔မွာပါ..”

“ေတာ္ပီ… အိမ္ျပန္ေတာ့ပီး အင္တာနက္ကေနထပ္႐ွာၾကည့္မယ္ “

ကယ္ရီ အိမ္ျပန္ရင္း အမွတ္တမဲ့ ေကာ္ဖီဆိုင္ေ႐ွ႕က ဆိုင္းဘုတ္ေလးကိုၾကည့္လိုက္မိသည္..။

[အခ်ိန္ပိုင္း ဝန္ထမ္းတစ္ဦးအလို႐ွိသည္]

“System ေရ ငါပဲမ်က္စိမွားေနတာလားဟင္..။ ေစာန ဒီဆိုင္ေ႐ွ႕ကျဖတ္သြားေတာ့ ဘာဆိုင္းဘုတ္မွမေတြ႔မိပါဘူး “

System: ” ဟာ.. Host ကလည္း
Host သြားပီးမွ ခ်ိတ္လိုက္တာေနမွာေပါ့ “

“ဟီး…ဟုတ္သားပဲ
သြားမယ္ …သြားမယ္… ဆိုင္႐ွင္ကိုသြားေမးမယ္ “

ခဏၾကာေသာ္ ေကာ္ဖီဆိုင္ထဲမွေကာင္ေလးတစ္ေယာက္ေပ်ာ္ရႊင္စြာထြက္လာခဲ့သည္..။ သို့ေသာ္ ဆိုင္နားတြင္ရပ္ထားေသာ ကားအမဲအား ထိုေကာင္ေလးသတိမထားမိခဲ့ေပ..။

ဟန္ယြင္ ေက်ာင္းမွအျပန္လမ္းတြင္ ထိုေကာင္ေလးအားေတြ႔သျဖင့္ေနာက္ကလိုက္ၾကည့္ေနျခင္းျဖစ္သည္။(လိုက္ေခ်ာင္းတာမဟုတ္ဘူးလား 🙄) ကလပ္မွအလုပ္ထြက္သြားသည္ဟုၾကားထားသျဖင့္ အလုပ္႐ွာေနပံုရေသာသူ႔အားကူညီခ်င္မိသည္..။
ဤသို႔ကူညီခ်င္မိေနေသာမိမိစိတ္ကိုလည္းမိမိနားမလည္ႏိုင္ေပ။
ထိုေကာင္ေလးထြက္လာေသာေကာ္ဖီဆိုင္သည္ မိမိ၏မိခင္ထံမွလက္ေဆာင္ရထားေသာဆိုင္ျဖစ္သည္..။ ထို႔ေၾကာင့္ ဆိုင္မန္ေနဂ်ာအားဖုန္းလွမ္းဆက္၍ အလုပ္ခန္႔ခိုင္းျခင္းျဖစ္သည္။

“သခင္ေလး…ကြၽန္ေတာ္ဘယ္ကိုဆက္သြားရမလဲ”

“အိမ္ပဲျပန္ၾကတာေပါ့… “

“ဟုတ္ကဲ့… သခင္ေလး “

ကယ္ရီအိမ္ျပန္ေရာက္ေသာအခါ ခရီးထြက္ေနသျဖင့္ကယ္ရီႏွင္မဆံုရေသးေသာ မင္႐ွီး၏ေဒၚေလးျဖစ္သူ ျပန္ေရာက္ေနသည္..။

ကယ္ရီလည္းမူမပ်က္ ” ေဒၚေလးျပန္ေရာက္ပီလား”

“ေအး… ဒါနဲ႔ငါမ႐ွိတုန္းငါ့ကိုလာရွာတဲ့သူေတြရွိလား”

“မ႐ွိပါဘူး.. ေဒၚေလး
ဘာျဖစ္လို႔လဲ”

“ဘာမွမဟုတ္ဘူး… သြား..သြား..
ေရသြားခ်ိဳးေတာ့..ပီးရင္ညစာလာခ်က္လွည့္…ငါဗိုက္ဆာေနပီ “

“ဟုတ္..”

ကယ္ရီ အခန္းထဲေရာက္ေတာ့
“System… သူေမးတာ ေငြတိုးေခ်းစားတဲ့သူေတြကိုမလား “

System: “ဟုတ္ပါတယ္ Host..
သူအခုခရီးသြားတယ္ဆိုတာကလည္း အဲ့လူေတြကိုေ႐ွာင္ခ်င္လို႔သြားတာပါ “

“မူရင္းမင္႐ွီးက သူထြက္ေျပးသြားလို႔ အေႂကြးေတာထဲနစ္သြားတာမလား..။ သူထပ္ထြက္ေျပးရင္ အဲဒီအေႂကြးက ငါ့ေခါင္းေပၚေရာက္လာမွာမလား.. ဘယ္လိုလုပ္ရမလဲ သူထြက္မေျပးေအာင္..”

System: “ႀကိဳးနဲ႔တုပ္ထားလိုက္ေလ Host ရဲ႕ “

“ေပါက္ကရကေျပာပီ…
ငါ့ကိုျပန္ေပးမႈနဲ႔ေတာ့ေဂ်းထဲေရာက္ေအာင္ေျပာေနတာလား “

System:”အေကာင္းေျပာေနတာကို”

“မင္႐ွီး ရဲ႕အေဒၚကို ေသခ်ာေစာင့္ၾကည့္မွျဖစ္မယ္..။ မဟုတ္ရင္ ငါလည္း မင္႐ွီးလိုဇာတ္သိမ္းဖို႔မ်ားသြားပီ “

ည၁၂နာရီ ေရာက္ေသာအခါ ကယ္ရီထံသို႔ဖုန္းဝင္လာသည္..
တီတီတီတီ ~~~~
သာလိကာေကာင္ က်န္းခ်န္ ေခၚျခင္းျဖစ္သည္..။

“ဟယ္လို..က်န္းခ်န္ ဘာကိစၥ႐ွိလို႔လဲ “

“မင္႐ွီး ငါအရမ္းဝမ္းနည္းတယ္သိလား..”

“ဟမ္..”

“မင္းနဲ႔ငါကသူငယ္ခ်င္းအရင္းႀကီးေတြမဟုတ္လား “

“ေအးေလ”

“ပီးေတာ့အရမ္းလည္းခ်စ္ၾကတယ္ေလ”

“ေအးေလ… မင္းဘာျဖစ္ေနတာလဲ လိုရင္းကိုေျပာ …
ဘာလဲ..မင္းမူးေနတာလား”

“မမူးဘူးကြ မမူးဘူး
မနက္ျဖန္ ငါေမြးေန႔ေလ..အဲ့ေတာ့ ၁၂ထိုးတာနဲ႔ ငါ့ဆီကို Happy Birthday ဆိုပီး မက္ေဆ့ေလးပို႔သင့္တယ္မဟုတ္ဘူးလား..။ ငါ့မွာေတာ့ေမ်ွာ္လိုက္ရတာ… မင္းကေတာ့ငါ့ေမြးေန႔ကိုေတာင္အမွတ္မရဘူး “

“အာ..ဟုတ္လား..
ေစာတီးပါကြာ ငါေမ့သြားလို႔ပါ..
မင္ကလည္း..မင္းအသက္ဘယ္ေလာက္႐ွိပီလဲ ကေလးဆန္ေနလိုက္တာ “

“ေတာ္စမ္းပါ.. ကိုယ့္သူငယ္ခ်င္းေမြးေန႔ေတာင္ ဂုဏ္ယူေၾကာင္းမက္ေဆ့မပို႔တဲ့သူကမ်ား “

“စိတ္မဆိုးပါနဲ႔ကြာ မနက္ျဖန္ငါအလုပ္ဆင္းရင္ မင္းနဲ့ပတ္လည္ေပးမယ္ေလ..မေကာင္းဘူးလား “

“မင္း……ကတိေနာ္….
မနက္ျဖန္ေရာက္မွစကားေျပာင္းမသြားနဲ႔ “

” အင္းပါ ငါသိပါတယ္ “

“ဒါဆိုလဲ ဖုန္းခ်ပီ ဘိုင့္ဘိုင္ “

“ခဏ..”
“ဘာလဲ”
“Happy birthday ပါက်န္းခ်န္ “

☄☄☄☄☄☄☄☄☄☄☄☄☄☄☄
ဖတ္ရတာအဆင္ေျပေအာင္ Unicode နဲ႔ေရာတင္ေပးထားတယ္ေနာ္ 💛✨
☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode

ကယ်ရီအတန်းချိန်ပြီးတော့ မြို့ထဲတွင် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်အလုပ်လိုက်ရှာနေသည်..။

“ဟူး…. မောလိုက်တာ
အချိန်ပိုင်းအလုပ်တွေကဘာလို့အရမ်းရှားပါးနေရတာလဲ ဒီလောက်ဆိုင်တွေအများကြီးမေးပီးတာတောင် မတွေ့ဘူး..”

System: “Host ရယ်… စိတ်ရှည်ရှည်ထားပါ..။ Host နဲ့သင့်တော်တဲ့အလုပ်တွေ့မှာပါ..”

“တော်ပီ… အိမ်ပြန်တော့ပီး အင်တာနက်ကနေထပ်ရှာကြည့်မယ် “

ကယ်ရီ အိမ်ပြန်ရင်း အမှတ်တမဲ့ ကော်ဖီဆိုင်ရှေ့က ဆိုင်းဘုတ်လေးကိုကြည့်လိုက်မိသည်..။

[အချိန်ပိုင်း ဝန်ထမ်းတစ်ဦးအလိုရှိသည်]

“System ရေ ငါပဲမျက်စိမှားနေတာလားဟင်..။ စောန ဒီဆိုင်ရှေ့ကဖြတ်သွားတော့ ဘာဆိုင်းဘုတ်မှမတွေ့မိပါဘူး “

System: ” ဟာ.. Host ကလည်း
Host သွားပီးမှ ချိတ်လိုက်တာနေမှာပေါ့ “

“ဟီး…ဟုတ်သားပဲ
သွားမယ် …သွားမယ်… ဆိုင်ရှင်ကိုသွားမေးမယ် “

ခဏကြာသော် ကော်ဖီဆိုင်ထဲမှကောင်လေးတစ်ယောက်ပျော်ရွှင်စွာထွက်လာခဲ့သည်..။ သို့သော် ဆိုင်နားတွင်ရပ်ထားသော ကားအမဲအား ထိုကောင်လေးသတိမထားမိခဲ့ပေ..။

ဟန်ယွင် ကျောင်းမှအပြန်လမ်းတွင် ထိုကောင်လေးအားတွေ့သဖြင့်နောက်ကလိုက်ကြည့်နေခြင်းဖြစ်သည်။(လိုက်ချောင်းတာမဟုတ်ဘူးလား 🙄) ကလပ်မှအလုပ်ထွက်သွားသည်ဟုကြားထားသဖြင့် အလုပ်ရှာနေပုံရသောသူ့အားကူညီချင်မိသည်..။
ဤသို့ကူညီချင်မိနေသောမိမိစိတ်ကိုလည်းမိမိနားမလည်နိုင်ပေ။
ထိုကောင်လေးထွက်လာသောကော်ဖီဆိုင်သည် မိမိ၏မိခင်ထံမှလက်ဆောင်ရထားသောဆိုင်ဖြစ်သည်..။ ထို့ကြောင့် ဆိုင်မန်နေဂျာအားဖုန်းလှမ်းဆက်၍ အလုပ်ခန့်ခိုင်းခြင်းဖြစ်သည်။

“သခင်လေး…ကျွန်တော်ဘယ်ကိုဆက်သွားရမလဲ”

“အိမ်ပဲပြန်ကြတာပေါ့… “

“ဟုတ်ကဲ့… သခင်လေး “

ကယ်ရီအိမ်ပြန်ရောက်သောအခါ ခရီးထွက်နေသဖြင့်ကယ်ရီနှင်မဆုံရသေးသော မင်ရှီး၏ဒေါ်လေးဖြစ်သူ ပြန်ရောက်နေသည်..။

ကယ်ရီလည်းမူမပျက် ” ဒေါ်လေးပြန်ရောက်ပီလား”

“အေး… ဒါနဲ့ငါမရှိတုန်းငါ့ကိုလာရှာတဲ့သူတွေရှိလား”

“မရှိပါဘူး.. ဒေါ်လေး
ဘာဖြစ်လို့လဲ”

“ဘာမှမဟုတ်ဘူး… သွား..သွား..
ရေသွားချိုးတော့..ပီးရင်ညစာလာချက်လှည့်…ငါဗိုက်ဆာနေပီ “

“ဟုတ်..”

ကယ်ရီ အခန်းထဲရောက်တော့
“System… သူမေးတာ ငွေတိုးချေးစားတဲ့သူတွေကိုမလား “

System: “ဟုတ်ပါတယ် Host..
သူအခုခရီးသွားတယ်ဆိုတာကလည်း အဲ့လူတွေကိုရှောင်ချင်လို့သွားတာပါ “

“မူရင်းမင်ရှီးက သူထွက်ပြေးသွားလို့ အကြွေးတောထဲနစ်သွားတာမလား..။ သူထပ်ထွက်ပြေးရင် အဲဒီအကြွေးက ငါ့ခေါင်းပေါ်ရောက်လာမှာမလား.. ဘယ်လိုလုပ်ရမလဲ သူထွက်မပြေးအောင်..”

System: “ကြိုးနဲ့တုပ်ထားလိုက်လေ Host ရဲ့ “

“ပေါက်ကရကပြောပီ…
ငါ့ကိုပြန်ပေးမှုနဲ့တော့ဂျေးထဲရောက်အောင်ပြောနေတာလား “

System:”အကောင်းပြောနေတာကို”

“မင်ရှီး ရဲ့အဒေါ်ကို သေချာစောင့်ကြည့်မှဖြစ်မယ်..။ မဟုတ်ရင် ငါလည်း မင်ရှီးလိုဇာတ်သိမ်းဖို့များသွားပီ “

ည၁၂နာရီ ရောက်သောအခါ ကယ်ရီထံသို့ဖုန်းဝင်လာသည်..
တီတီတီတီ ~~~~
သာလိကာကောင် ကျန်းချန် ခေါ်ခြင်းဖြစ်သည်..။

“ဟယ်လို..ကျန်းချန် ဘာကိစ္စရှိလို့လဲ “

“မင်ရှီး ငါအရမ်းဝမ်းနည်းတယ်သိလား..”

“ဟမ်..”

“မင်းနဲ့ငါကသူငယ်ချင်းအရင်းကြီးတွေမဟုတ်လား “

“အေးလေ”

“ပီးတော့အရမ်းလည်းချစ်ကြတယ်လေ”

“အေးလေ… မင်းဘာဖြစ်နေတာလဲ လိုရင်းကိုပြော …
ဘာလဲ..မင်းမူးနေတာလား”

“မမူးဘူးကွ မမူးဘူး
မနက်ဖြန် ငါမွေးနေ့လေ..အဲ့တော့ ၁၂ထိုးတာနဲ့ ငါ့ဆီကို Happy Birthday ဆိုပီး မက်ဆေ့လေးပို့သင့်တယ်မဟုတ်ဘူးလား..။ ငါ့မှာတော့မျှော်လိုက်ရတာ… မင်းကတော့ငါ့မွေးနေ့ကိုတောင်အမှတ်မရဘူး “

“အာ..ဟုတ်လား..
စောတီးပါကွာ ငါမေ့သွားလို့ပါ..
မင်ကလည်း..မင်းအသက်ဘယ်လောက်ရှိပီလဲ ကလေးဆန်နေလိုက်တာ “

“တော်စမ်းပါ.. ကိုယ့်သူငယ်ချင်းမွေးနေ့တောင် ဂုဏ်ယူကြောင်းမက်ဆေ့မပို့တဲ့သူကများ “

“စိတ်မဆိုးပါနဲ့ကွာ မနက်ဖြန်ငါအလုပ်ဆင်းရင် မင်းနဲ့ပတ်လည်ပေးမယ်လေ..မကောင်းဘူးလား “

“မင်း……ကတိနော်….
မနက်ဖြန်ရောက်မှစကားပြောင်းမသွားနဲ့ “

” အင်းပါ ငါသိပါတယ် “

“ဒါဆိုလဲ ဖုန်းချပီ ဘိုင့်ဘိုင် “

“ခဏ..”
“ဘာလဲ”
“Happy birthday ပါကျန်းချန် “

Tags: read novel System 286 (On Going) Arc 1.6(မင္႐ွီး), novel System 286 (On Going) Arc 1.6(မင္႐ွီး), read System 286 (On Going) Arc 1.6(မင္႐ွီး) online, System 286 (On Going) Arc 1.6(မင္႐ွီး) chapter, System 286 (On Going) Arc 1.6(မင္႐ွီး) high quality, System 286 (On Going) Arc 1.6(မင္႐ွီး) light novel, ,

Comment

Leave a Reply

Chapter 8