System 286 (On Going) Arc 2.2(ယူခ်င္း)

All chapters are in System 286 (On Going)
A+ A-

Zawgyi

“System မင္းရွင္းျပသင့္တယ္လို႔ေတာ့ငါထင္တယ္ေနာ္ စစ္သူႀကီးက အကိုဟန္ယြင္နဲ႕႐ုပ္တူေနတာထားပါေတာ့ အခုကယုံအန္းမင္းသမီးက ဘာလို႔ ဇာတ္လိုက္မနဲ႕သြားတူေနတာလဲ “

System: “ဟုတ္ပါတယ္ Host
အရင္းျမစ္တစ္ခုတည္းကေန ဖန္ဆင္းထားတဲ့ပုံရိပ္ေယာင္ကမၻာေတြျဖစ္တဲ့အတြက္ ကမၻာတစ္ခုနဲ႕တစ္ခု ႐ုပ္ဆင္တဲ့သူေတြရွိမွာပါ”

“မင္းေျပာခ်င္တာက ေနာက္ကမၻာမွာလည္း ႐ုပ္ေတြအတူတူပဲျဖစ္ေနမယ္လို႔ဆိုလိုတာလား “

System:”ဟုတ္ပါတယ္ Host”

“ဒါနဲ႔ မစ္႐ွင္ကဘာလဲ”

System: “ယူခ်င္း၏မိဘမ်ားအား႐ွာေဖြပါ -point 500”

“ဒါပဲလား”

System:”ဒါပဲေလ”

“ဟမ္…. မစ္႐ွင္ကတစ္ခုတည္းပဲေလ
အရင္ကမာၻတုန္းသ သံုးခုေတာင္ေလ”

System: “Host ဦးေနာက္နဲ႔ရေအာင္ပဲအရင္႐ွာပါအံုး ပထမကမာၻတုန္းက မစ္႐ွင္ေတြကိုသူမ်ားအားကိုးနဲ႔ပီးလာတာမလား”

“ကံေကာင္းျခင္းသည္လည္း အရည္အခ်င္းတစ္မ်ိဳးတဲ့ မင္းမသိဘူးလား..
ယူခ်င္းရဲ႕မိဘေတြကို႐ွာဖို႔ သဲလြန္စေလးမ်ားမ႐ွိဘူးလား “

System: “႐ွိတယ္ Hostလည္ပင္းမွာဆြဲထားတဲ့ေက်ာက္စိမ္းဆြဲႀကိဳးေလးက သဲလြန္စပဲ..ယူခ်င္းကို စစ္သူႀကီးအိမ္ကအေစခံတစ္ေယာက္ကေကာက္ရခဲ့တာ …သူေကာက္ရခဲ့တုန္းက ယူခ်င္း လည္ပင္းမွာဆြဲလ်က္သားေလးပါလာတာ “

“ေအာ္ အဲ့ဒီလိုလား “

System : “ယူခ်င္းကို အေစခံကေမြးစားထားေပမယ့္ အေစခံရဲ႕ေသြးသားရင္းမဟုတ္တဲ့အတြက္ေျကာင့္ အ​ေစခံလိုေတာ့ဆက္ဆံမခံရဘူး..ငယ္ငယ္ကတည္းက ယူခ်င္းက ႀကိဳးစားခ်င္စိတ္႐ွိၿပီး သိုင္းပညာကိုကြၽမ္းက်င္ေအာင္သင္ယူခဲ့တာမလို႔ စစ္သူႀကီးရဲ႕ေနာက္လိုက္ျဖစ္ခဲ့တာ
ေနပါအံုး မွတ္ဥာဏ္ေတြ ကူးေျပာင္းေပးပီးပီေလ ဘာကိစၥလာေမးေနတာလဲ”

“ေရာက္လာတာဘယ္ေလာက္ျကာေသးလို႔ ငါကအကုန္သိမွာလဲ အကုန္မၾကည့္ရေသးဘူး ငါဘယ္သူလဲဆိုတာနဲ႔ အကိုဟန္ယြင္နဲ႔တူတဲ့သူကဘယ္သူလဲဆိုတာေလာက္ပဲၾကည့္ရေသးတယ္ “

System: “ဟြန္႕…သူ႔ဟာႀကီးအေၾကာင္းေတာ့ရေအာင္ၾကည့္လိုက္ေသးတယ္”

ထိုစဥ္စစ္သူႀကီးမွ

“ဒီညဒီမွာနားမယ္ ညဖက္ဆိုေတာ့ မလံုျခံဳဘူး “

“ဟုတ္ကဲ့ပါ စစ္သူႀကီး “

“စစ္သူႀကီး႐ွင့္….
ဒီမင္းသမီးက ခရီးၾကမ္းႏွင္လာရတာမလို႔ ေနရထိုင္ရတာမၾကည္မလင္ျဖစ္ေနပါတယ္…။ေရခ်ိဳးသန္႔စင္လိုက္ရင္ေတာ့ လန္းဆန္းသြားမယ္လို႔ယူဆရတာ​ေၾကာင့္ စစ္သူႀကီးစီစဥ္ေပးေစခ်င္ပါတယ္”

“ေကာင္းပါၿပီ မင္းသမီး
ယူခ်င္း….ဒီအနီးနားမွာ သင့္ေတာ္တဲ့စမ္းေခ်ာင္း႐ွိလားသြား႐ွာၾကည့္လိုက္”

“ဟုတ္ကဲ့ စစ္သူႀကီး”
‘ဘာကိစၥငါ့လာခိုင္းတာလဲ ေမွာင္ေနပါတယ္ဆိုမွ ဇာတ္လိုက္မကေရာ ေရမခ်ိဳးရေတာ့ဘာျဖစ္သြားမွာမလို႔လဲ ‘

ခဏအၾကာတြင္ Systemအားကိုးႏွင့္စမ္းေခ်ာင္း႐ွာေတြ႔ခဲ့ၿပီးကယ္ရီျပန္ေရာက္လာခဲ့သည္

“စစ္သူႀကီး ကြၽန္ေတာ္ျပန္ေရာက္ပါၿပီ”

“အမ်ိဳးသမီးကိုယ္ရံေတာ္၁၀ေယာက္ေလာက္ေခၚသြားၿပီး မင္းသမီးကိုလမ္းျပေပးလိုက္”

ထိုစကားကိုၾကားေသာအခါ ယံုအန္းမင္းသမီးမွ
“စစ္သူႀကီးက ဒီမင္းသမီးကိုလက္ေအာက္ငယ္သားေတြနဲ႔အတူလႊတ္ရက္ပါသလား”

“စိတ္မ႐ွိပါနဲ႔ မင္းသမီး
မသင့္ေတာ္တဲ့အတြက္ ကြၽန္ေတာ္မ်ိုးက အမ်ိဳးသမီးတပ္သားေတြကိုလိုက္ပါေစာင့္​ေ႐ွာက္ခိုင္းထားပါတယ္ “

“ဒီမင္းသမီးက စစ္သူႀကီးကိုယ္တိုင္ေစာင့္ၾကပ္​ေပးမွ လံုျခံဳမယ္လို႔ထင္ရင္ေရာ”

”ဒီမင္းသမီးက  အကိုဟန္ယြင္ကိုျမွဴဆြယ္ေနတယ္လို႔ ငါဘာေၾကာင့္ထင္ေနရတာလဲ ‘
ကယ္ရီလည္း ၾကားမွျဖတ္ကာ
“မင္းသမီး ခင္ဗ်….
စစ္သူႀကီးက လတ္တေလာျဖစ္သြားခဲ့တဲ့လုပ္ၾကံမႈျပသာနာေတြ႐ွင္းရအံုးမွာမလို႔ ဒီငယ္သားကပဲလမ္းျပေပးပါ့မယ္”

“ေကာင္းပါၿပီ အဲ့တာဆိုလည္း စစ္သူႀကီးကိုမေႏွာက္ယွက္ေတာ့ပါဘူး “
ယံုအန္းမင္းသမီးမ်က္ႏွာတြင္အျပံဳးမ်ားဆင္ျမန္းထားေသာ္လည္း စိတ္ထဲတြင္ေတာ့
‘ ခမည္းေတာ္ကငါ့ကို အိမ္ေ႐ွ႕စံကိုေရာစစ္သူႀကီးကိုပါသိမ္းသြင္းခိုင္းထားတာ ဘယ္လိုလုပ္ရပါ့…ဟိုကိုယ္ရံေတာ္သာဝင္မ႐ႈပ္ရင္ရေနၿပီကို…လက္ေအာက္ငယ္သားအဆင့္ကမ်ားရာရာစစ ေတြ႔ၾကေသးတာေပါ့’

စမ္းေခ်ာင္းနားေရာက္ခါနီးေသာအခါ ယံုအန္းမင္းသမီးက
“ဒီမင္းသမီးက ေရခ်ိဳးရင္ႏွင္းဆီပြင့္ဖတ္ေလးေတြေႁခြပီးမွခ်ိဳးတတ္လို႔ ကိုယ္ရံေတာ္ႀကီးက ဒီမင္းသမီးကို ႏွင္းဆီပန္းေလးမ်ား႐ွာေပးႏိုင္မလား “

“ဟုတ္ကဲ့ ကြၽန္ေတာ္မ်ိဳးသြား႐ွာေပးပါ့မယ္”
‘႐ူးေနလား ညႀကီးမင္းႀကီးေတာထဲမွာ ႏွင္းဆီပန္း ဘယ္လိုသြား႐ွာရမွာလဲ ‘

“မင္းတို႔ မင္းသမီးကိုေသခ်ာေစာင့္ေ႐ွာက္ၾက”

“ဟုုတ္ကဲ့ ကိုယ္ရံေတာ္ယူ”

“ေရာက္တာျဖင့္တစ္ရက္မျပည့္ေသးဘူး ဟိုဟာခိုင္းလိုက္ ဒီဟာခိုင္းလိုက္နဲ႔ ငါကဘယ္နားသြား႐ွာရမွာလဲ”

System: “ဒီတစ္ခါေတာ့အလကားမေျပာျပဘူးေနာ္ သိခ်င္ရင္ 10 points ေပးရမယ္”

“မေပးႏိုင္ပါဘူး ဘာကိစၥေပးရမွာလဲ
ၾကည့္ေနရေအာင္႐ွာျပမယ္”

ကယ္ရီတစ္ေယာက္ ေတာထဲတြင္စမ္းတစ္ဝါးဝါးႏွင္းဆီပန္းလိုက္႐ွာေနေတာ့သည္..။

……..

မနက္ေရာက္ေသာ္

“ကယ္ ခရီးဆက္ၾကမယ္ ညေနေလာက္ဆို ထ်န္း႐ွျပည္ကိုေရာက္ေလာက္ၿပီ
ယူခ်င္းကိုမေတြ႔ပါလား သြားေခၚစမ္း”

“စစ္သူႀကီး ကြၽန္ေတာ္တို႔လည္း ကိုယ္ရံေတာ္ယူကို ညကတည္းကမျမင္မိတာပါ”

ထိုစဥ္ ယံုအန္းမင္းသမီးေရာက္လာကာ

“စစ္သူႀကီးညကထည့္ေပးလိုက္တဲ့ အားကိုးခ်င္စရာ ကိုယ္ရံေတာ္က စမ္းေခ်ာင္းကိုသြားတဲ့လမ္းမွာတင္ ဘယ္ေပ်ာက္သြားမွန္းမသိဘူး…. ဒီမင္းသမီးမွာ အမ်ိဳးသမီးကိုယ္ရံေတာ္ေတြနဲ႔ပဲ ျပန္လာခဲ့ရတယ္႐ွင့္ “
ယံုအန္းမင္းသမီးမွ မ်က္ရည္ေလးသုတ္ကာေျပာလိုက္သည္

“မင္းတို႔ႏွစ္ေယာက္ ေတာထဲမွာသြာ႐ွာၾကစမ္း”

“ဟုတ္ကဲ့ စစ္သူႀကီး
အာ..ဟာ…စစ္သူႀကီး ဟို..ဟိုမွာ”

ဝူက်န္႔ တပ္သားမ်ားလက္ညႇိဳးထိုးျပသည့္ေနရာသိုၾကည့္လိုက္ေသာအခါ ဖုန္အလိပ္လိပ္နဲ႔ ညစ္ပတ္ေနေသာ ယူခ်င္း လက္ထဲတြင္လဲ ႏွင္းဆီပန္းမ်ားကိုင္ထားသည္ ယခင္က သပ္သပ္ရပ္ရပ္ႏွင့္ခပ္ျမင့္ျမင့္ေျမႇာက္စည္းထားတတ္ေသာဆံပင္မ်ားမ်ားလည္းအနည္းငယ္ေျပေလ်ာ့ေနပီး မ်က္ႏွာတြင္လည္းရြံစက္မ်ားေပေနသည္ ျခံဳၾကည့္လိုက္လ်ွင္ ယခင္ကတည္တည္ၾကည္ၾကည္ႏွင့္ယူခ်င္းမတူဘဲ ခ်စ္စရာေကာင္းေသာေကာင္ေလးႏွင္ပိုတူေနသည္ ဝူက်န္႔ေဒါသထြက္ရမည့္အစား အနည္းငယ္ျပံဳးမိလိုက္သည္

“ဘယ္လိုျဖစ္လာတာလဲ မင္းပံုစံက”

“ညက မင္းသမီးက ႏွင္းဆီပန္းမပါရင္ေရမခ်ိဳးတတ္ဘူးဆိုလို႔ ကြၽန္ေတာ္ႏွင္းဆီပန္းသြား႐ွာတာ လမ္းမွာမုဆိုးေတြတူးထားတဲ့က်င္းထဲက်သြားလို႔ျပန္ထြက္လို႔မရလို႔ပါ ဒီမနက္မွ မုဆိုးေတြက သားေကာင္မိလားလာၾကည့္ရင္း ကြၽန္ေတာ့ကိုေတြ႔လို႔ ဆြဲတင္ေပးသြားတာ…
ေတာင္းပန္ပါတယ္စစ္သူႀကီး
ေတာင္းပန္ပါတယ္ မင္းသမီး “

“ေပါ့ဆလိုက္တာ ….
ၿမိဳ႕ေတာ္ျပန္ေရာက္မွ မင္းကိုအျပစ္ေပးမယ္
ကယ္အားလံုး… ခရီးဆက္ၾကမယ္ “

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode

“System မင်းရှင်းပြသင့်တယ်လို့တော့ငါထင်တယ်နော် စစ်သူကြီးက အကိုဟန်ယွင်နဲ့ရုပ်တူနေတာထားပါတော့ အခုကယုံအန်းမင်းသမီးက ဘာလို့ ဇာတ်လိုက်မနဲ့သွားတူနေတာလဲ “

System: “ဟုတ်ပါတယ် Host
အရင်းမြစ်တစ်ခုတည်းကနေ ဖန်ဆင်းထားတဲ့ပုံရိပ်ယောင်ကမ္ဘာတွေဖြစ်တဲ့အတွက် ကမ္ဘာတစ်ခုနဲ့တစ်ခု ရုပ်ဆင်တဲ့သူတွေရှိမှာပါ”

“မင်းပြောချင်တာက နောက်ကမ္ဘာမှာလည်း ရုပ်တွေအတူတူပဲဖြစ်နေမယ်လို့ဆိုလိုတာလား “

System:”ဟုတ်ပါတယ် Host”

“ဒါနဲ့ မစ်ရှင်ကဘာလဲ”

System: “ယူချင်း၏မိဘများအားရှာဖွေပါ -point 500”

“ဒါပဲလား”

System:”ဒါပဲလေ”

“ဟမ်…. မစ်ရှင်ကတစ်ခုတည်းပဲလေ
အရင်ကမ္ဘာတုန်းသ သုံးခုတောင်လေ”

System: “Host ဦးနောက်နဲ့ရအောင်ပဲအရင်ရှာပါအုံး ပထမကမ္ဘာတုန်းက မစ်ရှင်တွေကိုသူများအားကိုးနဲ့ပီးလာတာမလား”

“ကံကောင်းခြင်းသည်လည်း အရည်အချင်းတစ်မျိုးတဲ့ မင်းမသိဘူးလား..
ယူချင်းရဲ့မိဘတွေကိုရှာဖို့ သဲလွန်စလေးများမရှိဘူးလား “

System: “ရှိတယ် Hostလည်ပင်းမှာဆွဲထားတဲ့ကျောက်စိမ်းဆွဲကြိုးလေးက သဲလွန်စပဲ..ယူချင်းကို စစ်သူကြီးအိမ်ကအစေခံတစ်ယောက်ကကောက်ရခဲ့တာ …သူကောက်ရခဲ့တုန်းက ယူချင်း လည်ပင်းမှာဆွဲလျက်သားလေးပါလာတာ “

“အော် အဲ့ဒီလိုလား “

System : “ယူချင်းကို အစေခံကမွေးစားထားပေမယ့် အစေခံရဲ့သွေးသားရင်းမဟုတ်တဲ့အတွက်ကြောင့် အ​စေခံလိုတော့ဆက်ဆံမခံရဘူး..ငယ်ငယ်ကတည်းက ယူချင်းက ကြိုးစားချင်စိတ်ရှိပြီး သိုင်းပညာကိုကျွမ်းကျင်အောင်သင်ယူခဲ့တာမလို့ စစ်သူကြီးရဲ့နောက်လိုက်ဖြစ်ခဲ့တာ
နေပါအုံး မှတ်ဉာဏ်တွေ ကူးပြောင်းပေးပီးပီလေ ဘာကိစ္စလာမေးနေတာလဲ”

“ရောက်လာတာဘယ်လောက်ကြာသေးလို့ ငါကအကုန်သိမှာလဲ အကုန်မကြည့်ရသေးဘူး ငါဘယ်သူလဲဆိုတာနဲ့ အကိုဟန်ယွင်နဲ့တူတဲ့သူကဘယ်သူလဲဆိုတာလောက်ပဲကြည့်ရသေးတယ် “

System: “ဟွန့်…သူ့ဟာကြီးအကြောင်းတော့ရအောင်ကြည့်လိုက်သေးတယ်”

ထိုစဉ်စစ်သူကြီးမှ

“ဒီညဒီမှာနားမယ် ညဖက်ဆိုတော့ မလုံခြုံဘူး “

“ဟုတ်ကဲ့ပါ စစ်သူကြီး “

“စစ်သူကြီးရှင့်….
ဒီမင်းသမီးက ခရီးကြမ်းနှင်လာရတာမလို့ နေရထိုင်ရတာမကြည်မလင်ဖြစ်နေပါတယ်…။ရေချိုးသန့်စင်လိုက်ရင်တော့ လန်းဆန်းသွားမယ်လို့ယူဆရတာ​ကြောင့် စစ်သူကြီးစီစဉ်ပေးစေချင်ပါတယ်”

“ကောင်းပါပြီ မင်းသမီး
ယူချင်း….ဒီအနီးနားမှာ သင့်တော်တဲ့စမ်းချောင်းရှိလားသွားရှာကြည့်လိုက်”

“ဟုတ်ကဲ့ စစ်သူကြီး”
‘ဘာကိစ္စငါ့လာခိုင်းတာလဲ မှောင်နေပါတယ်ဆိုမှ ရေမချိုးရတော့ဘာဖြစ်သွားမှာမလို့လဲ ‘

ခဏအကြာတွင် Systemအားကိုးနှင့်စမ်းချောင်းရှာတွေ့ခဲ့ပြီးကယ်ရီပြန်ရောက်လာခဲ့သည်

“စစ်သူကြီး ကျွန်တော်ပြန်ရောက်ပါပြီ”

“အမျိုးသမီးကိုယ်ရံတော်၁၀ယောက်လောက်ခေါ်သွားပြီး မင်းသမီးကိုလမ်းပြပေးလိုက်”

ထိုစကားကိုကြားသောအခါ ယုံအန်းမင်းသမီးမှ
“စစ်သူကြီးက ဒီမင်းသမီးကိုလက်အောက်ငယ်သားတွေနဲ့အတူလွှတ်ရက်ပါသလား”

“စိတ်မရှိပါနဲ့ မင်းသမီး
မသင့်တော်တဲ့အတွက် ကျွန်တော်မျိုးက အမျိုးသမီးတပ်သားတွေကိုလိုက်ပါစောင့်​ရှောက်ခိုင်းထားပါတယ် “

“ဒီမင်းသမီးက စစ်သူကြီးကိုယ်တိုင်စောင့်ကြပ်​ပေးမှ လုံခြုံမယ်လို့ထင်ရင်ရော”

‘ဒီမင်းသမီးက အကိုဟန်ယွင်ကိုမြှူဆွယ်နေတယ်လို့ ငါဘာကြောင့်ထင်နေရတာလဲ ‘
ကယ်ရီလည်း ကြားမှဖြတ်ကာ
“မင်းသမီး ခင်ဗျ….
စစ်သူကြီးက လတ်တလောဖြစ်သွားခဲ့တဲ့လုပ်ကြံမှုပြသာနာတွေရှင်းရအုံးမှာမလို့ ဒီငယ်သားကပဲလမ်းပြပေးပါ့မယ်”

“ကောင်းပါပြီ အဲ့တာဆိုလည်း စစ်သူကြီးကိုမနှောက်ယှက်တော့ပါဘူး “
ယုံအန်းမင်းသမီးမျက်နှာတွင်အပြုံးများဆင်မြန်းထားသော်လည်း စိတ်ထဲတွင်တော့
‘ ခမည်းတော်ကငါ့ကို အိမ်ရှေ့စံကိုရောစစ်သူကြီးကိုပါသိမ်းသွင်းခိုင်းထားတာ ဘယ်လိုလုပ်ရပါ့…ဟိုကိုယ်ရံတော်သာဝင်မရှုပ်ရင်ရနေပြီကို…လက်အောက်ငယ်သားအဆင့်ကများရာရာစစ တွေ့ကြသေးတာပေါ့’

စမ်းချောင်းနားရောက်ခါနီးသောအခါ ယုံအန်းမင်းသမီးက
“ဒီမင်းသမီးက ရေချိုးရင်နှင်းဆီပွင့်ဖတ်လေးတွေခြွေပီးမှချိုးတတ်လို့ ကိုယ်ရံတော်ကြီးက ဒီမင်းသမီးကို နှင်းဆီပန်းလေးများရှာပေးနိုင်မလား “

“ဟုတ်ကဲ့ ကျွန်တော်မျိုးသွားရှာပေးပါ့မယ်”
‘ရူးနေလား ညကြီးမင်းကြီးတောထဲမှာ နှင်းဆီပန်း ဘယ်လိုသွားရှာရမှာလဲ ‘

“မင်းတို့ မင်းသမီးကိုသေချာစောင့်ရှောက်ကြ”

“ဟုတ်ကဲ့ ကိုယ်ရံတော်ယူ”

“ရောက်တာဖြင့်တစ်ရက်မပြည့်သေးဘူး ဟိုဟာခိုင်းလိုက် ဒီဟာခိုင်းလိုက်နဲ့ ငါကဘယ်နားသွားရှာရမှာလဲ”

System: “ဒီတစ်ခါတော့အလကားမပြောပြဘူးနော် သိချင်ရင် 10 points ပေးရမယ်”

“မပေးနိုင်ပါဘူး ဘာကိစ္စပေးရမှာလဲ
ကြည့်နေရအောင်ရှာပြမယ်”

ကယ်ရီတစ်ယောက် တောထဲတွင်စမ်းတဝါးဝါးနှင်းဆီပန်းလိုက်ရှာနေတော့သည်..။

……..

မနက်ရောက်သော်

“ကယ် ခရီးဆက်ကြမယ် ညနေလောက်ဆို ထျန်းရှပြည်ကိုရောက်လောက်ပြီ
ယူချင်းကိုမတွေ့ပါလား သွားခေါ်စမ်း”

“စစ်သူကြီး ကျွန်တော်တို့လည်း ကိုယ်ရံတော်ယူကို ညကတည်းကမမြင်မိတာပါ”

ထိုစဉ် ယုံအန်းမင်းသမီးရောက်လာကာ

“စစ်သူကြီးညကထည့်ပေးလိုက်တဲ့ အားကိုးချင်စရာ ကိုယ်ရံတော်က စမ်းချောင်းကိုသွားတဲ့လမ်းမှာတင် ဘယ်ပျောက်သွားမှန်းမသိဘူး…. ဒီမင်းသမီးမှာ အမျိုးသမီးကိုယ်ရံတော်တွေနဲ့ပဲ ပြန်လာခဲ့ရတယ်ရှင့် “
ယုံအန်းမင်းသမီးမှ မျက်ရည်လေးသုတ်ကာပြောလိုက်သည်

“မင်းတို့နှစ်ယောက် တောထဲမှာသွာရှာကြစမ်း”

“ဟုတ်ကဲ့ စစ်သူကြီး
အာ..ဟာ…စစ်သူကြီး ဟို..ဟိုမှာ”

ဝူကျန့် တပ်သားများလက်ညှိုးထိုးပြသည့်နေရာသိုကြည့်လိုက်သောအခါ ဖုန်အလိပ်လိပ်နဲ့ ညစ်ပတ်နေသော ယူချင်း လက်ထဲတွင်လဲ နှင်းဆီပန်းများကိုင်ထားသည် ယခင်က သပ်သပ်ရပ်ရပ်နှင့်ခပ်မြင့်မြင့်မြှောက်စည်းထားတတ်သောဆံပင်များများလည်းအနည်းငယ်ပြေလျော့နေပီး မျက်နှာတွင်လည်းရွံစက်များပေနေသည် ခြုံကြည့်လိုက်လျှင် ယခင်ကတည်တည်ကြည်ကြည်နှင့်ယူချင်းမတူဘဲ ချစ်စရာကောင်းသောကောင်လေးနှင်ပိုတူနေသည် ဝူကျန့်ဒေါသထွက်ရမည့်အစား အနည်းငယ်ပြုံးမိလိုက်သည်

“ဘယ်လိုဖြစ်လာတာလဲ မင်းပုံစံက”

“ညက မင်းသမီးက နှင်းဆီပန်းမပါရင်ရေမချိုးတတ်ဘူးဆိုလို့ ကျွန်တော်နှင်းဆီပန်းသွားရှာတာ လမ်းမှာမုဆိုးတွေတူးထားတဲ့ကျင်းထဲကျသွားလို့ပြန်ထွက်လို့မရလို့ပါ ဒီမနက်မှ မုဆိုးတွေက သားကောင်မိလားလာကြည့်ရင်း ကျွန်တော့ကိုတွေ့လို့ ဆွဲတင်ပေးသွားတာ…
တောင်းပန်ပါတယ်စစ်သူကြီး
တောင်းပန်ပါတယ် မင်းသမီး “

“ပေါ့ဆလိုက်တာ ….
မြို့တော်ပြန်ရောက်မှ မင်းကိုအပြစ်ပေးမယ်
ကယ်အားလုံး… ခရီးဆက်ကြမယ် “

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 2.2(ယူခ်င္း), novel System 286 (On Going) Arc 2.2(ယူခ်င္း), read System 286 (On Going) Arc 2.2(ယူခ်င္း) online, System 286 (On Going) Arc 2.2(ယူခ်င္း) chapter, System 286 (On Going) Arc 2.2(ယူခ်င္း) high quality, System 286 (On Going) Arc 2.2(ယူခ်င္း) light novel, ,

Comment

Leave a Reply

Chapter 24