System 286 (On Going) Arc 2.3(ယူခ်င္း)

All chapters are in System 286 (On Going)
A+ A-

Zawgyi

ေန႔တစ္ဝက္ခန္႔ခရီးႏွင္ၿပီးေသာအခါ ယံုအန္းမင္းသမီးအား သြားေရာက္ႀကိဳဆိုေသာ စစ္သူႀကီးႏွင့္အဖြဲ႔သည္ ထ်န္း႐ွျပည္သို႕ဆိုက္ေရာက္လာခဲ့သည္…

နန္းေတာ္တံခါးဝတြင္ ေစာင့္ကာႀကိဳဆိုေသာ ထ်န္း႐ွ အိမ္ေ႐ွ႕စံအားကယ္ရီျမင္ေသာအခါ

System: “ဘာလဲ မအံျသေတာ့ဘူးလား”

“ေစာတီးပဲ System …
ငါလမ္းမွာကတည္းကအမ်ိဳးမ်ိဳး​ေတြးလာတာ
ထ်န္း႐ွအိမ္ေ႐ွ႕စံက အကိုခ်င္းခ်ိဳးနဲ႔ရုပ္ခ်င္းတူေလာက္မယ္ဆိုတာ ခန္႔မွန္းမိၿပီးသား ….တစ္လတ္စတည္း က်န္းခ်န္နဲ႔တူတဲ့သူေရာပါလား ေျပာျပေပးပါလားဟင္”

System: “ရွိရင္ေတြ႔လိမ့္မယ္ မေတြ႔ရင္မရွိဘူးမွတ္ လာမေမးနဲ႔ လံုးဝမေျပာျပဘူး “

“ေနေပါ့မေျပာျပလည္း”

မင္းသမီးအား အခမ္းအနားႏွင့္ႀကိဳဆိုၿပီး ညီလာခံတြင္ ရာထူးျမင့္သူမ်ား အစည္းေဝးလုပ္ေနသျဖင့္ ကယ္ရီ စစ္သူႀကီးအား တံခါးဝတြင္ထိုင္ေစာင့္ေနတုန္း ကယ္ရီထံသို႔ေခြးေပါက္ေလးတစ္ေကာင္ေျပးလာေလသည္.. ကယ္ရီခ်စ္စရာေကာင္းလြန္းေသာေခြးေပါက္​ေလးက လွမ္းကိုင္ခါနီးတြင္

“ငါ့ကေလးေလးကို မထိနဲ႔”

ကယ္ရီၾကည့္လိုက္ေတာ့ ဝတ္ရံုႀကီးမကာေျပးလာေသာလူဦး ေဘးနားမွရဲမက္မ်ားက မင္းသား ၃ဟုဆိုကာဦးၫြတ္သျဖင့္ ကယ္ရီပါအျမန္ဦးၫြတ္လိုက္သည္…
ထိုမင္းသား၃ ဆိုသူက ကယ္ရီအားလက္ညႇိဳးထိုးကာ
“ေမာင္မင္းလား ကိုယ္ေတာ္ရဲ႕ကေလးေလးကိုထိဖို႔လုပ္တာ”

“ကြၽန္ေတာ္… ကြၽန္ေတာ္” ကယ္ရီျပန္ေျဖဖို႔အခက္ေတြ႔ေနစဥ္ ေခြးေပါက္ေလးက ကယ္ရီေျခေထာက္နားပြတ္တီးပြတ္ကပ္လာလုပ္ကာ ဝတ္ရံုေအာက္ထဲသို႔ဝင္ေနေလသည္

“ဟြန္႔…ကေလးေလးက ေမာင္မင္းကိုခင္တြယ္ေနမွေတာ့အျပစ္မေပးေတာ့ပါဘူး ေမာင္မင္းနာမည္ ဘယ္လိုေခၚသလဲ”

“ယူခ်င္းလို႔ေခၚပါတယ္ အ႐ွင္မင္းသား”

“ေကာင္းၿပီ ယူခ်င္း ငါကိုယ္ေတာ္နန္းျပင္ခဏထြက္မလို႔ ကေလးေလးကိုၾကည့္ဖို႔လူလိုေနတာနဲ႔အေတာ္ပဲ အဲ့တာေမာင္မင္းလိုက္ခဲ့”

“ခင္ဗ်ာ…
အ႐ွင္မင္းသား ကြၽန္ေတာ္က စစ္သူႀကီးကိုေစာင္႔ေနတာပါ
စစ္သူႀကီးအျပင္ထြက္လာလို႔ကြၽန္ေတာ့ကိုမေတြ႔ရင္ အျပစ္ေပးခံရပါလိမ့္မယ္”

“ငါကိုယ္ေတာ္ေခၚသြားတယ္လို႔ေျပာလိုက္ ဘယ္သူအျပစ္ေပးရဲလဲ စစ္သူႀကီးဆိုတာ ဝူက်န္႔ကိုေျပာတာမလား ကိစၥမ႐ွိဘူး ဝူက်န္႔ကမၾကာခင္ ကိုယ္ေတာ့္ရဲ႕ေယာက္ဖေတာ္ဖစ္လာမဲ့သူ သူလံုးဝအျပစ္ယူမွာမဟုတ္ဘူး….
မင္းတို႔ႏွစ္ေယာက္ ဝူက်န္႔ထြက္လာရင္ေျပာလိုက္ သူ႔ကို ငါကိုယ္ေတာ္ေခၚသြားတယ္လို႔ ၾကားလား “

“ဟုတ္ကဲ့ မင္းသား ၃”

ကယ္ရီေခြးေပါက္ေလးကိုပိုက္ကာ မင္းသား၃ဆိုသူေနာက္ကိုေလ်ွာက္လိုက္ရေတာ့သည္…ထိုမင္းသားမွာ တစ္လမ္းဝင္တစ္လမ္းထြက္ႏွင့္ေတြ႔သမ်ွမုန္႔ဝယ္စားသည္ မ်က္လွည့္ပြဲမ်ားတိုးၾကည့္သည္ မင္းသားဟုသာဆိုသည္ မင္းသားတစ္ေယာက္ႏွင္လံုးဝမတူ
‘ငါေတာ့ေသေတာ့မွာပဲ ေရာက္လာပါၿပီဆိုကတည္းကမ္းပါးမွတြဲလဲခိုလိုခိုရ ဟိုဟာ႐ွာရ ဒီဟာ႐ွာရနဲ႔ သူမ်ားေတြနားေနခ်ိန္မွာ တြင္းထဲျပဳတ္က်ေနလို႔ တစ္ညလံုးထိုင္ေအာ္လိုေအာ္ရ ၿမိဳ႕ေတာ္ေရာက္လို႔နားရမလားမွတ္တယ္ ေခြးပိုက္ၿပီး အ႐ူးမင္းသားေနာက္ပတ္လိုက္ေနရတယ္ ယုတ္မာလိုက္တဲ့ေလာကႀကီး မွားလို႔ ယုတ္မာလိုက္တဲ့ System ‘

System: “အံျသပါ့”

“ဗိုက္ဆာတယ္ ညစာသြားစားမယ္”

“အ႐ွင္မင္းသား ေမွာင္ေနပါၿပီ နန္းေတာ္ကိုျပန္သင့္ၿပီလို႔ထင္ပါတယ္ “

“ကိုယ္ေတာ္ ဗိုက္ဆာလြန္းလို႔ လမ္းမေလ်ွာက္ႏိုင္ေတာ့ဘူး ညစာစားၿပီးမွ နန္းေတာ္ျပန္မယ္ “

“ဟုတ္ကဲ့”
‘တစ္လမ္းလံုးစားလာတဲ့မုန္႔ေတြက အေငြ႔ပ်ံသြားတာလား’

System: “Host မွစားလွၿပီမွတ္တာ
Host ထက္ပိုစားတဲ့သူ ကြၽန္ေတာ္ေတြ႔ခဲ့ၿပီ”

စားပြဲဝိုင္းအျပည့္မွာထားေသာဟင္းမ်ားကိုၾကည့္ၿပီးကယ္ရီမ်က္လံုးျပဴးသြားသည္

“မင္းသား ဒါေတြကုန္ေရာကုန္မွာလား”

“ကိုယ္ေတာ္တစ္ေယာက္တည္း စားမွာမွမဟုတ္တာ”
‘ဒီမင္းသား ဆိုးေတာ့မဆိုးဘူးပဲ ငါ့ကိုအငတ္ထားမယ္မွတ္ေနတာ’

“ကေလးေလးအတြက္ေရာေလ”

‘ဖာ့ခ္ အ႐ူးမင္းသား ငါ့ကိုေခၚတုန္းကေခၚၿပီး တစ္ေန႔လည္လံုးဘာမွမေကြၽးဘူး ဗိုက္ဆာလို႔ေသေတာ့မယ္’

ကယ္ရီတို႔ နန္းေတာ္ျပန္ေရာက္ေသာအခါ ေတာ္ေတာ္ေမွာင္ေနၿပီျဖစ္သည္
“ကယ္ ​ေမာင္မင္း…
ေနာက္လည္း မၾကာမၾကာေတြ႔တာေပါ့
ကိုယ္ေတာ္သြားၿပီ”

‘ေသလိုက္ပါလား သူ႔ေခြးႀကီးတစ္ေန႔လည္လံုးပိုက္ထားရတာ လက္ျပဳတ္ေတာ့မလားမသိဘူး ‘
ကယ္ရီပင္ပန္းလြန္းကာ အိပ္ခ်င္သျဖင့္စစ္တန္းလ်ားမွမိမိအခန္းသို႔အျမန္သြားေနသည္ (AN-ယူတို႔သတိထားမိလားတို႔ကေလးေလး ေရာက္ပါၿပီဆိုကတည္းက တစ္ခါမွမနားရေသးဘူး မရည္ရြယ္ပါဘူးေဘဘီကယ္ရီရယ္)

စစ္သူႀကီးက အိမ္ေတာ္ကိုျပန္ေလ့မ႐ွိဘဲ စစ္တန္းလ်ားမွာပဲအေနမ်ားတာေၾကာင့္ ကိုယ္ရံေတာ္ျဖစ္ေသာ မူလယူခ်င္းကလည္း စစ္တန္းလ်ားမွာပဲလိုက္ေနရသည္ မိမိအခန္းေ႐ွ႕ေရာက္ေသာအခါ တပ္သားေလးတစ္ေယာက္က
“ကိုယ္ရံေတာ္ယူ စစ္သူႀကီးကေရာက္ရင္
​ေလ့က်င့္ကြင္းကို သဲအိတ္ထမ္းၿပီး ၁၀ပတ္ေျပးၿပီးရင္ သူ႔အခန္းကိုလာေတြ႔လို႔ေျပာပါတယ္”

“ဘာ!!!!!”
‘ဒီ႐ြာတစ္႐ြာစာေလာက္ရွိတဲ့ကြင္းႀကီးကို ၁၀ပတ္’

ေလ့က်င့္ကြင္းတြင္ ေကာင္ေလးတစ္ေယာက္ သဲအိတ္ထမ္းကာေျပးရင္း ပါးစပ္မွလည္းတတြတ္တြတ္ေျပာေနေလေတာ့သည္….

“ေဒါက္ ေဒါက္ ေဒါက္ “

“ဝင္ခဲ့”
အခန္းထဲတြင္ ဝူက်န္႔ စစ္ဗ်ဴဟာႏွင္ပတ္သတ္ေသာ စာအုပ္မ်ားထိုင္ဖတ္ေနသည္

“စစ္သူႀကီး စစ္သူႀကီး
ေလ့က်င့္ကြင္းထဲမွာ ကိုယ္ရံေတာ္ယူ လဲက်ေနလို႔”

“ဘာ!!!!”

ကုတင္ေပၚတြင္ ႏႈတ္ခမ္းမ်ားေဖြးဖတ္ကာ ေခြၽးမ်ားစိုခြၽဲေနေသာေကာင္ေလးတစ္ေယာက္ကိုသမားေတာ္မွစမ္းသပ္ေနသည္…ေဘးတြင္လည္း လက္ႀကီးပိုက္ကာမ်က္ေမွာင္ႀကီးက်ံဳ႕ေနေသာလူတစ္ေယာက္ႏွင့္ ထြက္ရမလို ဝင္ရမလိုျဖစ္ေနေသာတပ္သားတစ္ေယာက္႐ွိေနေလသည္

“စိုးရိမ္စရာမ႐ွိပါဘူး ပင္ပန္းၿပီး အားျပတ္သြားလို့ ႐ုတ္တ႐ုတ္လဲက်သြားတာပါ အိပ္ခ်ိန္လည္းမွန္ပံုမရဘူး …ကြၽန္ေတာ္မ်ိဳးေဆးေပးခဲ့ပါမယ္ မနက္တစ္ႀကိမ္ ညတစ္ႀကိမ္တိုက္ေပးပါ အိပ္ေရးလည္းဝဝအိပ္ခိုင္းပါ “

“ၾကားလား”

“ဗ်ာ” ေဘးနားမွတပ္သားမွေယာင္ခ်ာခ်ာျဖင့္
“ကြၽန္ေတာ့ကိုေျပာတာလား စစ္သူႀကီး “

“ဒီေနရာမွာ တျခားတစ္ေယာက္႐ွိတာေတြ႔လို႔လား “

“မေတြ႔ပါဘူး”

“သမားေတာ္ေျပာတဲ့အတိုင္း သူ႔ကိုဂ႐ုစိုက္လိုက္ ၿပီးေတာ့ အဝတ္စားလည္းလဲေပးထားလိုက္အံုး “

“ဟုတ္ကဲ့ စစ္သူႀကီး “

…………………

ေနာက္ေန႔မနက္

“အား…..ကြၽတ္…. ကြၽတ္…
System ငါကြင္းထဲမွာေျပးေနတာမဟုတ္ဘူးလား ဘယ္လိုလုပ္အိပ္ယာေပၚေရာက္ေနတာလဲ “

System: “Hostေျပးရင္းနဲ႔ လဲက်သြားတာေလ သမားေတာ္ေတာင္ေခၚလိုက္ရေသးတယ္”

“ဟမ္…ဟုတ္လား
မေန႔ကငါေတာ္ေတာ္ေျပးျပစ္တယ္ထင္တယ္တယ္”

System: “ဟိုက၁၀ပတ္ေျပးခိုင္းတာကို ၂ပတ္ႀကီးမ်ားေတာင္ေျပးၿပီး လဲသြားတာေလ မေျပာလိုက္ခ်င္ဘူး “

“၂ပတ္လည္းနည္းလား ထမ္းရတဲ့သဲအိတ္ကိုၾကည့္အံုးေလ ငါကမူလယူခ်င္းမွမဟုတ္တာ ဘယ္လိုလုပ္ေျပးႏိုင္မွာလဲ”

ထိုစဥ္ တပ္သားေလးမွေဆးရည္ဗန္းကိုင္ၿပီး အခန္းထဲသို႔ဝင္လာသည္

“ကိုယ္ရံေတာ္ယူ ႏိုးလာၿပီလား
ဒီေဆးေလးေသာက္လိုက္ပါအံုး “

“ဒီေဆးက….”

“ညက သမားေတာ္ေပးသြားတဲ့ေဆးပါ”

“ေအာ္…..
ဖြီး…ခါးလိုက္တာေဆးႀကီးက
ငါမေသာက္ခ်င္ဘူး ျပန္ယူသြားလို႔ရမလား”

ထိုအခါ တပ္သားေလးမွေၾကာက္လန္႔တၾကား

“မရဘူးဗ်..
ဒီေဆးျပန္ယူသြားရင္ စစ္သူႀကီးကကြၽန္ေတာ့ကိုေျပာလိမ့္မယ္ စစ္သူႀကီးက ကိုယ္ရံေတာ္ယူကို ေဆးေသခ်ာတိုက္ဖို႔မွာထားတာ”

“ဟုတ္လား
အဲ့တာဆို ခ်ိဳတဲ့ဟာဘာ႐ွိလဲ
ဒီတိုင္းေသာက္ရင္ခါးလို႔ေသသြားလိမ့္မယ္”

“ခဏေလးဗ် ကြၽန္ေတာ့မွာသၾကားခဲေတြ႐ွိတယ္ ခဏေလးေစာင့္ သြားယူလိုက္မယ္ “
တပ္သားေလးက သၾကားခဲသြားယူမည္အလုပ္ တံခါးဖြင့္လိုက္ေသာအခါ အေပါက္ဝတြင္ မားမားႀကီးရပ္ေနေသာစစ္သူႀကီး

“ဘာသၾကားခဲမွသြားမယူနဲ႔
ဒီတိုင္းေသာက္… မင္းက ကေလးလား”

“ဟုတ္”
ကယ္ရီႏွာေခါင္းႀကီးပိတ္ကာေဆးကို ႐ႈံ႕မဲ့ၿပီးေသာက္လိုက္သည္
“ေရ… ေရ “

“ဒီမွာပါ ကိုယ္ရံေတာ္ယူ “

“စစ္သူႀကီးရဲ႕ကိုယ္ရံေတာ္တစ္ေယာက္လုပ္ေနၿပီး အဲ့ေလာက္ေပ်ာ့ရလား ေနေကာင္းတာနဲ႔ ငါနဲ႔အတူစစ္ေရးေလ့က်င့္ခန္းေတြျပန္လုပ္ရမယ္ ၾကားလား”

“ဟုတ္ကဲ့ စစ္သူႀကီး “

“မင္းကို ငါဘာလို႔ကြင္း၁၀ပတ္ေျပးခိုင္းလဲသိလား”

“မသိပါဘူး”

“ငါ့အမိန္႔ကိုမနာခံဘဲ သူမ်ားအမိန္႔ကိုနာခံလို႔ဘအျပစ္ေပးတာ”

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode

နေ့တစ်ဝက်ခန့်ခရီးနှင်ပြီးသောအခါ ယုံအန်းမင်းသမီးအား သွားရောက်ကြိုဆိုသော စစ်သူကြီးနှင့်အဖွဲ့သည် ထျန်းရှပြည်သို့ဆိုက်ရောက်လာခဲ့သည်…

နန်းတော်တံခါးဝတွင် စောင့်ကာကြိုဆိုသော ထျန်းရှ အိမ်ရှေ့စံအားကယ်ရီမြင်သောအခါ

System: “ဘာလဲ မအံသြတော့ဘူးလား”

“စောတီးပဲ System …
ငါလမ်းမှာကတည်းကအမျိုးမျိုး​တွေးလာတာ
ထျန်းရှအိမ်ရှေ့စံက အကိုချင်းချိုးနဲ့ရုပ်ချင်းတူလောက်မယ်ဆိုတာ ခန့်မှန်းမိပြီးသား ….တစ်လတ်စတည်း ကျန်းချန်နဲ့တူတဲ့သူရောပါလား ပြောပြပေးပါလားဟင်”

System: “ရှိရင်တွေ့လိမ့်မယ် မတွေ့ရင်မရှိဘူးမှတ် လာမမေးနဲ့ လုံးဝမပြောပြဘူး “

“နေပေါ့မပြောပြလည်း”

မင်းသမီးအား အခမ်းအနားနှင့်ကြိုဆိုပြီး ညီလာခံတွင် ရာထူးမြင့်သူများ အစည်းဝေးလုပ်နေသဖြင့် ကယ်ရီ စစ်သူကြီးအား တံခါးဝတွင်ထိုင်စောင့်နေတုန်း ကယ်ရီထံသို့ခွေးပေါက်လေးတစ်ကောင်ပြေးလာလေသည်.. ကယ်ရီချစ်စရာကောင်းလွန်းသောခွေးပေါက်​လေးက လှမ်းကိုင်ခါနီးတွင်

“ငါ့ကလေးလေးကို မထိနဲ့”

ကယ်ရီကြည့်လိုက်တော့ ဝတ်ရုံကြီးမကာပြေးလာသောလူဦး ဘေးနားမှရဲမက်များက မင်းသား ၃ဟုဆိုကာဦးညွတ်သဖြင့် ကယ်ရီပါအမြန်ဦးညွတ်လိုက်သည်…
ထိုမင်းသား၃ ဆိုသူက ကယ်ရီအားလက်ညှိုးထိုးကာ
“မောင်မင်းလား ကိုယ်တော်ရဲ့ကလေးလေးကိုထိဖို့လုပ်တာ”

“ကျွန်တော်… ကျွန်တော်” ကယ်ရီပြန်ဖြေဖို့အခက်တွေ့နေစဉ် ခွေးပေါက်လေးက ကယ်ရီခြေထောက်နားပွတ်တီးပွတ်ကပ်လာလုပ်ကာ ဝတ်ရုံအောက်ထဲသို့ဝင်နေလေသည်

“ဟွန့်…ကလေးလေးက မောင်မင်းကိုခင်တွယ်နေမှတော့အပြစ်မပေးတော့ပါဘူး မောင်မင်းနာမည် ဘယ်လိုခေါ်သလဲ”

“ယူချင်းလို့ခေါ်ပါတယ် အရှင်မင်းသား”

“ကောင်းပြီ ယူချင်း ငါကိုယ်တော်နန်းပြင်ခဏထွက်မလို့ ကလေးလေးကိုကြည့်ဖို့လူလိုနေတာနဲ့အတော်ပဲ အဲ့တာမောင်မင်းလိုက်ခဲ့”

“ခင်ဗျာ…
အရှင်မင်းသား ကျွန်တော်က စစ်သူကြီးကိုစောင့်နေတာပါ
စစ်သူကြီးအပြင်ထွက်လာလို့ကျွန်တော့ကိုမတွေ့ရင် အပြစ်ပေးခံရပါလိမ့်မယ်”

“ငါကိုယ်တော်ခေါ်သွားတယ်လို့ပြောလိုက် ဘယ်သူအပြစ်ပေးရဲလဲ စစ်သူကြီးဆိုတာ ဝူကျန့်ကိုပြောတာမလား ကိစ္စမရှိဘူး ဝူကျန့်ကမကြာခင် ကိုယ်တော့်ရဲ့ယောက်ဖတော်ဖစ်လာမဲ့သူ သူလုံးဝအပြစ်ယူမှာမဟုတ်ဘူး….
မင်းတို့နှစ်ယောက် ဝူကျန့်ထွက်လာရင်ပြောလိုက် သူ့ကို ငါကိုယ်တော်ခေါ်သွားတယ်လို့ ကြားလား “

“ဟုတ်ကဲ့ မင်းသား ၃”

ကယ်ရီခွေးပေါက်လေးကိုပိုက်ကာ မင်းသား၃ဆိုသူနောက်ကိုလျှောက်လိုက်ရတော့သည်…ထိုမင်းသားမှာ တစ်လမ်းဝင်တစ်လမ်းထွက်နှင့်တွေ့သမျှမုန့်ဝယ်စားသည် မျက်လှည့်ပွဲများတိုးကြည့်သည် မင်းသားဟုသာဆိုသည် မင်းသားတစ်ယောက်နှင်လုံးဝမတူ
‘ငါတော့သေတော့မှာပဲ ရောက်လာပါပြီဆိုကတည်းကမ်းပါးမှတွဲလဲခိုလိုခိုရ ဟိုဟာရှာရ ဒီဟာရှာရနဲ့ သူများတွေနားနေချိန်မှာ တွင်းထဲပြုတ်ကျနေလို့ တစ်ညလုံးထိုင်အော်လိုအော်ရ မြို့တော်ရောက်လို့နားရမလားမှတ်တယ် ခွေးပိုက်ပြီး အရူးမင်းသားနောက်ပတ်လိုက်နေရတယ် ယုတ်မာလိုက်တဲ့လောကကြီး မှားလို့ ယုတ်မာလိုက်တဲ့ System ‘

System: “အံသြပါ့”

“ဗိုက်ဆာတယ် ညစာသွားစားမယ်”

“အရှင်မင်းသား မှောင်နေပါပြီ နန်းတော်ကိုပြန်သင့်ပြီလို့ထင်ပါတယ် “

“ကိုယ်တော် ဗိုက်ဆာလွန်းလို့ လမ်းမလျှောက်နိုင်တော့ဘူး ညစာစားပြီးမှ နန်းတော်ပြန်မယ် “

“ဟုတ်ကဲ့”
‘တစ်လမ်းလုံးစားလာတဲ့မုန့်တွေက အငွေ့ပျံသွားတာလား’

System: “Host မှစားလှပြီမှတ်တာ
Host ထက်ပိုစားတဲ့သူ ကျွန်တော်တွေ့ခဲ့ပြီ”

စားပွဲဝိုင်းအပြည့်မှာထားသောဟင်းများကိုကြည့်ပြီးကယ်ရီမျက်လုံးပြူးသွားသည်

“မင်းသား ဒါတွေကုန်ရောကုန်မှာလား”

“ကိုယ်တော်တစ်ယောက်တည်း စားမှာမှမဟုတ်တာ”
‘ဒီမင်းသား ဆိုးတော့မဆိုးဘူးပဲ ငါ့ကိုအငတ်ထားမယ်မှတ်နေတာ’

“ကလေးလေးအတွက်ရောလေ”

‘ဖာ့ခ် အရူးမင်းသား ငါ့ကိုခေါ်တုန်းကခေါ်ပြီး တစ်နေ့လည်လုံးဘာမှမကျွေးဘူး ဗိုက်ဆာလို့သေတော့မယ်’

ကယ်ရီတို့ နန်းတော်ပြန်ရောက်သောအခါ တော်တော်မှောင်နေပြီဖြစ်သည်
“ကယ် ​မောင်မင်း…
နောက်လည်း မကြာမကြာတွေ့တာပေါ့
ကိုယ်တော်သွားပြီ”

‘သေလိုက်ပါလား သူ့ခွေးကြီးတစ်နေ့လည်လုံးပိုက်ထားရတာ လက်ပြုတ်တော့မလားမသိဘူး ‘
ကယ်ရီပင်ပန်းလွန်းကာ အိပ်ချင်သဖြင့်စစ်တန်းလျားမှမိမိအခန်းသို့အမြန်သွားနေသည် (AN-ယူတို့သတိထားမိလားတို့ကလေးလေး ရောက်ပါပြီဆိုကတည်းက တစ်ခါမှမနားရသေးဘူး မရည်ရွယ်ပါဘူးဘေဘီကယ်ရီရယ်)

စစ်သူကြီးက အိမ်တော်ကိုပြန်လေ့မရှိဘဲ စစ်တန်းလျားမှာပဲအနေများတာကြောင့် ကိုယ်ရံတော်ဖြစ်သော မူလယူချင်းကလည်း စစ်တန်းလျားမှာပဲလိုက်နေရသည် မိမိအခန်းရှေ့ရောက်သောအခါ တပ်သားလေးတစ်ယောက်က
“ကိုယ်ရံတော်ယူ စစ်သူကြီးကရောက်ရင်
​လေ့ကျင့်ကွင်းကို သဲအိတ်ထမ်းပြီး ၁၀ပတ်ပြေးပြီးရင် သူ့အခန်းကိုလာတွေ့လို့ပြောပါတယ်”

“ဘာ!!!!!”
‘ဒီရွာတစ်ရွာစာလောက်ရှိတဲ့ကွင်းကြီးကို ၁၀ပတ်’

လေ့ကျင့်ကွင်းတွင် ကောင်လေးတစ်ယောက် သဲအိတ်ထမ်းကာပြေးရင်း ပါးစပ်မှလည်းတတွတ်တွတ်ပြောနေလေတော့သည်….

“ဒေါက် ဒေါက် ဒေါက် “

“ဝင်ခဲ့”
အခန်းထဲတွင် ဝူကျန့် စစ်ဗျူဟာနှင်ပတ်သတ်သော စာအုပ်များထိုင်ဖတ်နေသည်

“စစ်သူကြီး စစ်သူကြီး
လေ့ကျင့်ကွင်းထဲမှာ ကိုယ်ရံတော်ယူ လဲကျနေလို့”

“ဘာ!!!!”

ကုတင်ပေါ်တွင် နှုတ်ခမ်းများဖွေးဖတ်ကာ ချွေးများစိုချွဲနေသောကောင်လေးတစ်ယောက်ကိုသမားတော်မှစမ်းသပ်နေသည်…ဘေးတွင်လည်း လက်ကြီးပိုက်ကာမျက်မှောင်ကြီးကျုံ့နေသောလူတစ်ယောက်နှင့် ထွက်ရမလို ဝင်ရမလိုဖြစ်နေသောတပ်သားတစ်ယောက်ရှိနေလေသည်

“စိုးရိမ်စရာမရှိပါဘူး ပင်ပန်းပြီး အားပြတ်သွားလို့ ရုတ်တရက်လဲကျသွားတာပါ အိပ်ချိန်လည်းမှန်ပုံမရဘူး …ကျွန်တော်မျိုးဆေးပေးခဲ့ပါမယ် မနက်တစ်ကြိမ် ညတစ်ကြိမ်တိုက်ပေးပါ အိပ်ရေးလည်းဝဝအိပ်ခိုင်းပါ “

“ကြားလား”

“ဗျာ” ဘေးနားမှတပ်သားမှယောင်ချာချာဖြင့်
“ကျွန်တော့ကိုပြောတာလား စစ်သူကြီး “

“ဒီနေရာမှာ တခြားတစ်ယောက်ရှိတာတွေ့လို့လား “

“မတွေ့ပါဘူး”

“သမားတော်ပြောတဲ့အတိုင်း သူ့ကိုဂရုစိုက်လိုက် ပြီးတော့ အဝတ်စားလည်းလဲပေးထားလိုက်အုံး “

“ဟုတ်ကဲ့ စစ်သူကြီး “

…………………

နောက်နေ့မနက်

“အား…..ကျွတ်…. ကျွတ်…
System ငါကွင်းထဲမှာပြေးနေတာမဟုတ်ဘူးလား ဘယ်လိုလုပ်အိပ်ယာပေါ်ရောက်နေတာလဲ “

System: “Hostပြေးရင်းနဲ့ လဲကျသွားတာလေ သမားတော်တောင်ခေါ်လိုက်ရသေးတယ်”

“ဟမ်…ဟုတ်လား
မနေ့ကငါတော်တော်ပြေးပြစ်တယ်ထင်တယ်တယ်”

System: “ဟိုက၁၀ပတ်ပြေးခိုင်းတာကို ၂ပတ်ကြီးများတောင်ပြေးပြီး လဲသွားတာလေ မပြောလိုက်ချင်ဘူး “

“၂ပတ်လည်းနည်းလား ထမ်းရတဲ့သဲအိတ်ကိုကြည့်အုံးလေ ငါကမူလယူချင်းမှမဟုတ်တာ ဘယ်လိုလုပ်ပြေးနိုင်မှာလဲ”

ထိုစဉ် တပ်သားလေးမှဆေးရည်ဗန်းကိုင်ပြီး အခန်းထဲသို့ဝင်လာသည်

“ကိုယ်ရံတော်ယူ နိုးလာပြီလား
ဒီဆေးလေးသောက်လိုက်ပါအုံး “

“ဒီဆေးက….”

“ညက သမားတော်ပေးသွားတဲ့ဆေးပါ”

“အော်…..
ဖွီး…ခါးလိုက်တာဆေးကြီးက
ငါမသောက်ချင်ဘူး ပြန်ယူသွားလို့ရမလား”

ထိုအခါ တပ်သားလေးမှကြောက်လန့်တကြား

“မရဘူးဗျ..
ဒီဆေးပြန်ယူသွားရင် စစ်သူကြီးကကျွန်တော့ကိုပြောလိမ့်မယ် စစ်သူကြီးက ကိုယ်ရံတော်ယူကို ဆေးသေချာတိုက်ဖို့မှာထားတာ”

“ဟုတ်လား
အဲ့တာဆို ချိုတဲ့ဟာဘာရှိလဲ
ဒီတိုင်းသောက်ရင်ခါးလို့သေသွားလိမ့်မယ်”

“ခဏလေးဗျ ကျွန်တော့မှာသကြားခဲတွေရှိတယ် ခဏလေးစောင့် သွားယူလိုက်မယ် “
တပ်သားလေးက သကြားခဲသွားယူမည်အလုပ် တံခါးဖွင့်လိုက်သောအခါ အပေါက်ဝတွင် မားမားကြီးရပ်နေသောစစ်သူကြီး

“ဘာသကြားခဲမှသွားမယူနဲ့
ဒီတိုင်းသောက်… မင်းက ကလေးလား”

“ဟုတ်”
ကယ်ရီနှာခေါင်းကြီးပိတ်ကာဆေးကို ရှုံ့မဲ့ပြီးသောက်လိုက်သည်
“ရေ… ရေ “

“ဒီမှာပါ ကိုယ်ရံတော်ယူ “

“စစ်သူကြီးရဲ့ကိုယ်ရံတော်တစ်ယောက်လုပ်နေပြီး အဲ့လောက်ပျော့ရလား နေကောင်းတာနဲ့ ငါနဲ့အတူစစ်ရေးလေ့ကျင့်ခန်းတွေပြန်လုပ်ရမယ် ကြားလား”

“ဟုတ်ကဲ့ စစ်သူကြီး “

“မင်းကို ငါဘာလို့ကွင်း၁၀ပတ်ပြေးခိုင်းလဲသိလား”

“မသိပါဘူး”

“ငါ့အမိန့်ကိုမနာခံဘဲ သူများအမိန့်ကိုနာခံလို့အပြစ်ပေးတာ”

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 2.3(ယူခ်င္း), novel System 286 (On Going) Arc 2.3(ယူခ်င္း), read System 286 (On Going) Arc 2.3(ယူခ်င္း) online, System 286 (On Going) Arc 2.3(ယူခ်င္း) chapter, System 286 (On Going) Arc 2.3(ယူခ်င္း) high quality, System 286 (On Going) Arc 2.3(ယူခ်င္း) light novel, ,

Comment

Leave a Reply

Chapter 25