System 286 (On Going) Arc 2.8(ယူချင်း)

All chapters are in System 286 (On Going)
A+ A-

Zawgyi ~




“ဟီး သက်သာတာပေါ့ “


“ဟုတ်ကဲ့ စစ်သူကြီး”


“အင်း ရတယ်….

“ဘာလုပ်မလို့လဲ”
ဘာဖြစ်လို့လဲ”

“အခုက လူများသေးတယ်
“ဗျာ……ဟုတ်ကဲ့ “





“ဘာကြည့်နေတာလဲ”

“ပေါင်မုန့်…..အမ်…ဟို…ဟို

“ကောင်းသားပဲ”





ဟား ဟား ဟား

“ဘာရှက်စရာရှိလို့လဲ
ဘာမှလာကြိုဆိုမနေနဲ့”



“အင်း….ဟမ်…..ဗျာ!”












ကယ်ရီလည်းပြုံးကာ

“ဟုတ်သားပဲ ချင်းအာအအေးပတ်တော့မှာပဲ မြန်မြန်ထ အင်္ကျီမြန်မြန်ဝတ် စခန်းရောက်မှမဝတ်နဲ့ ဒီနားမှာပဲဝတ်”


“ဗိုက်ဆာနေပီမလား ရော့…

“ကျေးဇူး ဝူကျန့်”

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

AN – တိုသွားလား😅😅😅
မနက်ဖြန်မှ အရှည်ကြီuးpပေးမယ်ဘေဘီတို့

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode

နယ်စပ်တွင်သောင်းကျန်းသော ဓားပြများအားအောင်မြင်စွာနှိမ်နင်းပြီးနောက် စစ်သူကြီးဝူကျန့်ဦးဆောင်သောတပ်ဖွဲ့သည် နန်းမြို့တော်သို့ပြန်လည်ချီတက်လာခဲ့သည်။ ပြန်လာရာလမ်းတစ်လျှောက်တွင်လည်း ဝူကျန့်တစ်ယောက် ယူချင်းနားတွင်အချိန်ပြည့်ရှိနေကာဂရုစိုက်နေတော့သည် ။

“System စစ်သူကြီးကဘာဖြစ်နေတာလဲ ငါ့ကို ဟိုဟာလုပ်​ပေးဒီဟာလုပ်ပေးနဲ့တစ်လမ်းလုံးလိုက်ဂရုစိုက်နေတာ သူကကိုယ်ရံတော်လား ငါကကိုယ်ရံတော်လည်းပြန်စဉ်းစားယူနေရတယ်”

System: “အဲ့တော့ Host မသက်သာဘူးလား”

“ဟီး သက်သာတာပေါ့ “

ထိုအချိန်စစ်သူကြီးမှ
“ငါတို့ဒီည ဒီမှာပဲနားမယ် မနက်ဖြန်လောက်ဆို နန်းမြို့တော်ပြန်ရောက်ပါပီ အားလုံးနားကြတော့ “

“ဟုတ်ကဲ့ စစ်သူကြီး”

“စစ်သူကြီး ကျွန်တော်တို့ ဟိုနားကစမ်းချောင်းမှာ ကိုယ်လက်သန့်စင်လို့ရမလားဗျ” ဟုဆိုကာ တပ်မှူးတစ်ယောက်ကမနီးမဝေးရှိစမ်းချောင်းတစ်ခုအားညွှန်ပြလိုက်လိုက်သည်။

“အင်း ရတယ်….
အကုန်တော့မသွားကြနဲ့ တစ်ဝက်စီခွဲသွားကြ”

အသန့်ကြိုက်သောကယ်ရီလည်း ရေဆိုသည့်အသံကြားသည်နှင့် လှစ်ခနဲသွားမည်အလုပ် မိမိအားလှမ်းဆွဲထားသော စစ်သူကြီး
“ဘာလုပ်မလို့လဲ”
“ရေသွားချိုးမလို့လေ စစ်သူကြီး
ဘာဖြစ်လို့လဲ”

“အခုက လူများသေးတယ်
ပြီးမှ ကိုယ်နဲ့သွားချိုးမယ်”
“ဗျာ……ဟုတ်ကဲ့ “

“လည်ပင်းကဒဏ်ရာကနာနေသေးလား”
“မနာတော့ပါဘူး ကျွန်တော်ကဘယ်သူလဲ
စစ်သူကြီးရဲ့ကိုယ်ရံတော်လေ ဒီဒဏ်ရာလောက်ကတော့ အသာလေးပါ”

System: “ဆေးအလကားတိုက်ထားတာ point တောင်းချင်အောင်မလုပ်နဲ့ “

တပ်သားများအားလုံးအနားယူချိန်ရောက်သောအခါ ကယ်ရီနှင့်ဝူကျန့် စမ်းချောင်းနားသို့ထွက်လာခဲ့သည် ။ ကယ်ရီလည်း ရေမချိုးရတာသုံးရက်လောက်ရှိနေပြီဖြစ်သောကြောင့် အဝတ်စားများအလျှင်မြန်ချွတ်ကာ အတွင်းဝတ်တစ်ထည်တည်းနဲ့ရေထဲသို့ခုန်ပေါက်ပြေးဆင်းသွားလေသည် ။ (AN-ကျွန်မသားလေးကိုချွတ်မချိုးခိုင်းနိုင်ပါဘူးနော်)

“ဟမ်….ငါကရေကူးမလို့မောင်းတင်ပီးဆင်လာတာလေ ရေကဘာလို့ဒူးထိပဲရှိတာလဲ” ကယ်ရီလည်းစိတ်ပျက်လက်ပျက်ဖြင့် ​ရေထဲတွင်ထိုင်ကာ ​ခြေလက်များသန့်စင်နေလိုက်သည်။ ထိုချိန်ဘေးနားသို့လာထိုင်သောဝူကျန့်ကိုလှည့်ကြည့်လိုက်သည်။
ဝိုး…​ဘော်ဒီကမိုက်လိုက်တာ ​ပေါင်မုန့်ကြီးတွေကလည်းအကြီးကြီးပဲ ငါ့အရင်ကိုယ်နဲ့များကွာပါ့
ဒါနဲ့ ​ယောက်ျားတစ်ယောက်က အဝတ်မပါဘဲရေချိုးတာပုံမှန်ပဲကို သူ့ကြည့်ပြီး ဘယ်လို​ကြောင့်မျက်နှာပူသလိုလို ရှက်နေသလိုလိုခံစားနေရတာလဲ

“ဘာကြည့်နေတာလဲ”

“ပေါင်မုန့်…..အမ်…ဟို…ဟို
စစ်သူကြီးကိုချေးတွန်းပေးရင်ကောင်းမလားစဉ်းစားနေတာ”
‘သေပီ ဘာတွေလျှောက်ပြောနေတာလဲ’

“ကောင်းသားပဲ”

ဒူးလောက်သာအနက်ရှိသောစမ်းချောင်းလေးထဲ လူနှစ်ယောက်ထိုင်နေကြသည် ။ ကျောပေးထားသောသူကလည်း တစ်စုံတစ်ခုကိုအလေးအနက်စဉ်းစားနေပုံရပီး ကျောအားပွတ်တိုက်ပေးနေသူကလည်းငေးငိုင်နေကာ တစ်ခုခုကိုအတွေးလွန်နေပုံရသည် ။

“ဘာလို့ ဝူကျန့်ရဲ့ကျောကအရမ်းပူနေရတာလဲ”

System: “Host လက်ကပူနေတာမဟုတ်ဘူးလား မျက်နှာကြီးလည်းရဲနေတယ် “

“ငါဘာဖြစ်နေတာလဲ နေမကောင်းဘူးလား”

System: “ကျွန်တော်ထင်တာကတော့ Host ရှက်နေတာ….
ဟား ဟား ဟား
ကမ္ဘာသစ်မှကြိုဆိုပါတယ် Host”

“ဘာရှက်စရာရှိလို့လဲ
ဘာမှလာကြိုဆိုမနေနဲ့”

ကယ်ရီ System နဲ့စကားများနေတုန်း

“ချင်းအာ ကိုယ်မင်းကိုချစ်တယ် “ဆိုင်းမဆင်ဘုံမဆင့် ပြောလိုက်သောဝူကျန့်

“အင်း….ဟမ်…..ဗျာ!”

ဝူကျန့် ကယ်ရီ့ဖက်သို့လှည့်လာကာ ကယ်ရီ့ရဲ့လက်နှစ်ဖက်ကိုဆုပ်ကိုင်ရင်း တစ်ဖန်ထပ်ကာပြောလိုက်သည် ။

“ကိုယ်မင်းကိုချစ်တယ် ဘယ်ချိန်ကတည်းကစချစ်ခဲ့တာလည်းမေးရင် ကိုယ်မဖြေတတ်ဘူးချင်းအာ ဒါပေမယ့် ကိုယ်မင်းကို ကိုယ့်အသက်ထက်ပိုပြီးချစ်မြတ်နိုးတယ်ဆိုတာကိုတော့သိထားပေးပါ ယောက်ျားလေးတစ်ယောက်ဖြစ်နေလို့ဆိုတဲ့အကြောင်းပြချက်နဲ့တော့ ကိုယ့်ကိုမငြင်းပါနဲ့ ဒီအချိန်မှာမင်းပြန်မဖြေနိုင်သေးလည်း မင်းပါးစပ်ကချစ်တယ်လို့ပြောမဲ့အချိန်ထိကိုယ်စောင့်ပေးနိုင်ပါတယ် အဲ့တာကြောင့်ငြင်းတော့မငြင်းလိုက်ပါနဲ့ ကိုယ်တောင်းပန်ပါတယ် ချင်းအာ”

ကယ်ရီကတော့ကျောက်ရုပ်ကြီးတစ်ရုပ်လိုငြိမ်သက်နေမိသည် လျှင်မြန်စွာခုန်နေသောနှလုံးသားလေးနဲ့အတူ

‘ငါအခု ရည်းစားစကာအပြောခံနေရတာလား အဲ့တာကလည်းယောက်ျားတစ်ယောက်ဆီက အဲ့ထက်ပိုထူးဆန်းတာက ငါကဘာလို့ရင်တွေတအားခုန်နေရတာလဲ’

System: “အဲ့တာ Hostကလည်း ဝူကျန့်ကိုကြိုက်နေလို့ပေါ့ ပြောပါတယ် ကမ္ဘာသစ်ကြီးကနေကြိုဆိုပါတယ်လို့ မြန်မြန်ပြန်ဖြေပေးလိုက်လေ သူ့ခမျာအငြင်းခံရမှာဆိုးလို့မျက်နှာငယ်လေးနဲ့ကြည့်နေရှာတယ်”

‘ငါလက်ခံလို့မရဘူးလေ ငါကမစ်ရှင်ပြီးရင်ထွက်သွားရမဲ့သူလေ ဒီကမ္ဘာမှာသူနဲ့အတူနေပေးလို့မှမရတာ’

System: “Hostသာသူ့ကိုတကယ်ချစ်ရင် မူလကမ္ဘာကိုပြန်ဖို့အခွင့်ရေးအဆုံးရှုံးခံပီး သူ့ကိုရွေးချယ်လို့ရတယ်လေ “

‘ငါသေချာစဉ်းစားဖို့လိုအုံးမယ်ထင်တယ်’

“ကိုယ်သိပါတယ် မင်းအတွက်ခက်ခဲမယ်ဆိုတာ ဒါပေမယ့်ကိုယ်မင်းကိုနောက်ပြောင်နေတာမဟုတ်ရပါဘူး နန်းမြို့တော်ပြန်ရောက်ရင် မင်းကြီးဆီအခစားဝင်ပြီး စေ့စပ်ပွဲလည်းကိုယ်သွားဖျက်သိမ်းမှာပါ အဲတာကြောင့်…..အဲတာကြောင့် “

“ကျွန်တော်ကိုစဉ်းစားဖို့ အချိန်နည်းနည်းပေးပါ စစ်သူကြီး”

ရုတ်တရက် ဝူကျန့်မျက်နှာရွှင်ပြလာခဲ့သည်…
“ကျေးဇူးပြုပြီး ကိုယ့်ကိုဝူကျန့်လို့ပြောင်းခေါ်ပေးနိုင်မလား”

ကယ်ရီလည်းပြုံးကာ
“ကျွန်တော်စဉ်းစားလိုက်ပါ့မယ် ဝူကျန့်
အခုတော့သွားကြစို့ ရေထဲမှာကြာနေပီ”

“ဟုတ်သားပဲ ချင်းအာအအေးပတ်တော့မှာပဲ မြန်မြန်ထ အကျႌမြန်မြန်ဝတ် စခန်းရောက်မှမဝတ်နဲ့ ဒီနားမှာပဲဝတ်”

စခန်းချရာနေရာသို့ပြန့်ရောက်တော့လည်း မီးပုံနားဆွဲခေါ်ကာ
“ဒီနားမှာလာနေ ညဖက်ဆိုအေးလို့”

ထိုနောက်မီးပုံထက်တွင်ကင်ထားသောယုန်သားအားယူကာ
“ဗိုက်ဆာနေပီမလား ရော့…
ယုန်သားကင်လေးစားလိုက်”

“ကျေးဇူး ဝူကျန့်”
မိမိအားဝူကျန့်ဟုခေါ်လိုက်သောကြောင့် မျက်နှာကြီးကပြုံးဖြီးနေသည်။
ညကြီးမင်းကြီး ယုန်တစ်ကောင်အားခက်ခက်ခဲခဲအမဲလိုက်ထားသောထပ်မှူးလေးခမျာမှာတော့ စစ်သူကြီး၏မျက်စောင်းကြောင့် နောက်တစ်ခေါက်အမဲပြန်လိုက်ရလေတော့သည် ။

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

AN – တိုသွားလား😅😅😅
မနက်ဖြန်မှ အရှည်ကြီးupပေးမယ်ဘေဘီတို့
ဒီအပိုင်းကဒီနားပဲရပ်လို့ကောင်းတာမလို့😁
Good night ပါဘေဘီဇီးကွက်တို့ 😴

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 2.8(ယူချင်း), novel System 286 (On Going) Arc 2.8(ယူချင်း), read System 286 (On Going) Arc 2.8(ယူချင်း) online, System 286 (On Going) Arc 2.8(ယူချင်း) chapter, System 286 (On Going) Arc 2.8(ယူချင်း) high quality, System 286 (On Going) Arc 2.8(ယူချင်း) light novel, ,

Comment

Leave a Reply

Chapter 31