System 286 (On Going) Arc 2.9 (ယူခ်င္း)

All chapters are in System 286 (On Going)
A+ A-

Zawgyi

ညဖက္ ဝူက်န႔္တို႔တပ္စု စခန္းခ်အနားယူေနစဥ္ အေမွာင္ထဲမွခ်ဥ္းကပ္လာေသာ လက္နက္ကိုင္လူတစ္စု….
ထိုလူမ်ားသည္ ကင္းေစာင့္ေနေသာတပ္သားမ်ားအား တိတ္တဆိတ္သတ္ျဖတ္ကာ ဝူက်န႔္အနားယူေနေသာေနရာနားသို႔တေျဖးေျဖးခ်ဥ္းကပ္လာခဲ့သည္။ထို႔ေနာက္ ဝူက်န႔္အား ခ်ိန္႐ြယ္ကာ ဓားျဖင့္ခုတ္ပိုင္းခါနီးတြင္

“ကုန္ပါပီ ငါ့ေခါက္ဆြဲျပဳတ္” ဟုထေအာ္လာေသာ စစ္သူႀကီးေဘးတြင္အိပ္ေနသည့္လူတစ္ဦး (AN-ဘယ္သူလဲဆိုတာမေျပာလဲသိၾကတယ္မလား)
ထို​ေအာ္သံ​​ေၾကာင့္ အအိပ္ဆတ္ေသာတပ္သားမ်ားနိုးလာကာ အနက္ေရာင္ဝတ္စုံႏွင့္လူမ်ားကို ျမင္သြားၿပီးေနာက္ လုပ္ႀကံသူ ဟုသတိ​ေပးကာစတင္တိုက္ခိုက္ေတာ့သည္။

“ဘာျဖစ္တာလဲ ဘာျဖစ္တာလဲ “

System:”ဘာျဖစ္တာလဲလုပ္မေနနဲ႕ ျမန္ျမန္ဓားထုတ္ပီး ကိုယ့္ကိုကိုယ္ကာကြယ္ေတာ့ လုပ္ႀကံသူေတြေရာက္လာလို႔”

“ဘာ…..လုပ္​​ႀကံသူေတြ ဟုတ္လား
ဒါလူအိပ္ခ်ိန္ေလ သူတို႔ကလူလို႔မသိဘူးလား “

System: “သူတို႔လူလိုသိတာမသိတာကြၽန္ေတာ္မသိဘူး ေသခ်ာတာကေတာ့ hostအခုခ်က္ခ်င္းဓါးထုတ္ၿပီး ကိုယ့္ကိုယ္ကို မကာကြယ္ရင္မသာျဖစ္ေတာ့မယ္ဆိုတာေတာ့သိတယ္”

“ရိုင္းလိုက္တဲ့ Systemအစုတ္အပဲ့”

အနက္ေရာင္ဝတ္စုံႏွင့္လူမ်ားသည္ စစ္သူႀကီးတစ္ဦးတည္းကိုသာဦးတည္တိုက္ခိုက္ေနၾကသည္ ။ ဝူက်န႔္မွာ မိမိထံသို႔ဦးတည္လာေသာဓားမ်ားအားေရွာင္ရွားရ၊ မိမိေဘးရွိကိုယ္ရံေတာ္ သက္ေတာ္ေစာင့္ေလးအား ကာကြယ္ရႏွင့္ အလုပ္မ်ားေနသည္ ။ စစ္သူႀကီး၏ တိုက္ခိုက္နိုင္စြမ္းအား တစ္ဖက္ရန္သူမ်ားမွေလ်ာ့တြက္လိုက္ပုံရသည္ ။ တေျဖးေျဖး ဝူက်န႔္၏ ဓားခ်က္ေအာက္တြက္အသက္ေပ်ာက္သူမ်ားလာခဲ့ၿပီး လုပ္ႀကံသူတစ္ေယာက္စ ႏွစ္ေယာက္စသာက်န္ရွိေတာ့သည့္အခါတြင္ ဝူက်န႔္၏ ေခါင္းထဲ၌အႀကံတစ္ခုေပၚလာခဲ့သည္။ ထို႔ေၾကာင့္ ရည္႐ြယ္ခ်က္ရွိရွိျဖင့္ ယူခ်င္းအားမကူဘဲ အျခားတစ္ဖက္တြင္အခ်ိန္ဆြဲတိုက္ေနလိုက္သည္ ။ လုပ္ႀကံသူ၏ဓားသည္ ယူခ်င္းအားထိေတာ့မည့္အခ်ိန္တြင္ ဝူက်န႔္အဓိပၸါယ္ေဖာ္ရခက္ေသာအၿပဳံးခိုးၿပဳံးကာ ယူခ်င္းအားရင္ခြင္ထဲထည့္၍ ဒိုင္းတစ္ခုသဖြယ္ကာေပးလိုက္သည္။ ထို႔ေနာက္ ​ေနာက္သိိို႔ျပန္လွည့္ကာ ထိုလုပ္ႀကံသူအား ဓားျဖင့္ မ​ေသေစနိုင္ေလာက္ေသာေနရာသို႔မွန္းဆကာထိုးလိုက္သည္ ။ အေၾကာင္းမွာ
တစ္အခ်က္ -၎တို႔အားေစလႊတ္လိုက္ေသာသူထံသို႔ မိမိမွာဤကဲ့သိုလုပ္ႀကံရမလြယ္ကူေၾကာင္းပညာသားပါပါသတိေပးလိုျခင္း ၊
ႏွစ္အခ်က္ -မိမိ၏အႀကံေအာင္ရန္အေထာက္အကူျဖစ္ေပးခဲ့သျဖင့္ သက္ညွာလိုက္ျခင္းပင္ျဖစ္သည္ ။

ကယ္ရီတစ္ေယာက္ တိုက္ခိုက္ရင္းဗ်ာမ်ားေနတုန္း ႐ုတ္တရက္မိမိအားရင္ခြင္ထဲထည့္လိုက္ေသာစစ္သူႀကီးေၾကာင့္ အံ့ၾသမိေနစဥ္ စစ္သူႀကီးမွာ မိမိ၏ရင္ခြင္ထဲသိုၿပိဳလဲက်လာခဲ့သည္ ။ စစ္သူႀကီးအားေပြ႕ထားသည့္လက္မွခြၽဲပ်စ္ပ်စ္ခံစားခ်က္ေၾကာင့္ မိမိလက္အားၾကည့္လိုက္ရာ နီရဲေနေသာေသြးမ်ား…..

“ဝူက်န႔္ သတိထားအုံးေလ
ဝူက်န႔္…ဝူက်န႔္
ကြၽန္ေတာ့္ကိုမေနာက္နဲ႕ေနာ္
ဝူက်န႔္ ……. ဝူက်န႔္
သမားေတာ္ဘယ္မွာလဲ သမားေတာ္”
ကယ္ရီတုန္လႈပ္စြာျဖင့္ေအာ္ေနမိသည္။

ခဏၾကာေတာ့ တပ္သားမ်ားဒဏ္ရာရရွိလွ်င္ကုသရန္ နန္းၿမိဳ႕ေတာ္မွပါလာေသာ သမားေတာ္ေရာက္ရွိလာကာ စစ္သူႀကီးဒဏ္ရာအားၾကည့္ရႈေပးခဲ့သည္။
ထို႔ေနာက္သမားေတာ္မွ
“ကိုယ္ရံေတာ္ယူ
စစ္သူႀကီးဒဏ္ရာကသိပ္​ၿပီးေတာ့မျပင္းထန္ပါဘူး
အား…….”
သမားေတာ္က မိမိ၏ေျခေထာက္အားအဆိပ္ရွိေသာအေကာင္ကိုက္မိသည္ထင္၍ ေအာက္သို႔ငုံ႕ၾကည့္လိုက္ေသာအခါ မိမိအားအၾကည့္ျဖင့္အမိန႔္ေပးေနေသာ ႏွစ္တစ္ေထာင္အဆိပ္ျပင္းသတၱဝါႀကီးအားေတြ႕လိုက္ရသည္။သမားေတာ္မွာ ပါးနပ္သူပီပီ

“မျပင္း… မျပင္းထန္ေပမယ့္
မစိုးရိမ္ရဘူးလို႔ေတာ့မဆိုလိုဘူးလို႔
စစ္သူႀကီးကိုေသခ်ာဂ႐ုစိုက္ေပးဖို႔ေတာ့လိုပါလိမ့္မယ္ “

“ဟုတ္ကဲ့ သမားေတာ္ႀကီး
ေက်းဇူးတင္ပါတယ္
ကြၽန္ေတာ္ေသခ်ာဂ႐ုစိုက္လိုက္ပါ့မယ္”

“ကြၽန္ေတာ္မ်ိဳးကို ခြင့္ျပဳပါအုံး”
သမားေတာ္ျဖစ္သူလည္းထိုေနရာမွအျမန္လစ္လာခဲ့သည္။ မလစ္လို႔ကလည္းမျဖစ္ေပ တိုက္ပြဲေပါင္းအလီလီကိုေသြးသံတရဲရဲျဖင့္တိုက္ခိုက္လာေသာ သံမဏိစစ္သူႀကီးက ဓားထိုးရာဟုမဆိုေလာက္ေသာဒဏ္ရာေလးျဖင့္ လဲက်သြားေသာေၾကာင့္ အံ့ၾသေနစဥ္ မိမိေျခေထာက္အားလိမ္ဆြဲကာအၾကည့္ျဖင့္ၿခိမ္းေျခာက္မႈပါထပ္ခံလိုက္ရေသာေၾကာင့္ျဖစ္သည္။

“ငါတို႔ဒီညမနားေတာ့ဘူး နန္းၿမိဳ႕ေတာ္ကိုမနက္ခင္းအေရာက္ျပန္မယ္ စစ္သူႀကီးဒဏ္ရာကစိုးရိမ္ရတယ္ ေတာထဲမွာမလုံၿခဳံဘူး အျမန္ျပင္ဆင္ၾက”

“ဟုတ္ကဲ့ပါ ကိုယ္ရံေတာ္ယူ “

…………………………………

“ဘာေျပာတယ္…….
ရႈံးနိမ္ခဲ့တယ္ ဟုတ္လား
ေမာင္မင္းေျပာေတာ့ အဲ့လူ​ေတြကအေတာ္ဆုံးလုပ္ႀကံသမားေတြပါဆို”

“ခြင့္လႊတ္ေပးေတာ္မူပါ ကြၽန္ေတာ္မ်ိဳးဝူက်န႔္ကိုေလ်ာ့တြက္မိသြားတဲ့အတြက္ ေသသင့္တဲ့အမွားက်ဴးလြန္မိပါတယ္ ေနာက္တစ္ခါဒါမ်ိဳးမျဖစ္ေစရပါဘူး”

“ေနာက္တစ္ခါ ဟုတ္လား….
ေတာထဲမွာေတာင္မလုပ္ႀကံနိုင္တာ
နန္းၿမိဳ႕ေတာ္မွာ လုပ္ႀကံနိုင္မယ္လို႔ ေမာင္မင္းထင္ေနတာလား ထ်န္းရွကိုသိမ္းပိုက္ဖို႔ဆိုရင္ ဝူက်န႔္ကိုအရင္ရွင္းထုတ္မွျဖစ္မယ္ လူအလုံအေလာက္လႊတ္ၿပီး အခြင့္ေရးကိုအဆက္မျပတ္ေစာင့္ၾကည့္ေန ၾကားလား “

“အမိန႔္ေတာ္အတိုင္းပါ”

“သူေတာင္ၾကားထဲစစ္သည္ေတြ မျမင္သြားတာေသခ်ာလား”

“ေသခ်ာပါတယ္ ကြၽန္ေတာ္မ်ိဳးေသခ်ာေစာင့္ၾကည့္ထားပါတယ္ “

“ဒါဆိုေကာင္းၿပီ ေမာင္မင္းသြားေတာ့”

…………………………

ထ်န္းယြီတစ္ေယာက္ ေဒါသႀကီးစြာျဖင့္ အနားတြင္ရွိသမွ်ပစၥည္းမ်ားကို တစ္ခုခ်င္းဖ်က္ဆီးေနသည္ ။ အေၾကာင္းရင္းမွာ စစ္သူႀကီးက ဓားျပမ်ားအားေအာင္ျမင္စြာရွင္းလင္းနိုင္ခဲ့သည့္အတြက္ ထ်န္းဘုရင္ကဆုတစ္ခုေတာင္းေစရာ စစ္သူႀကီးကေစ့စပ္ေၾကာင္းလမ္းထားျခင္းအားပယ္ဖ်က္လိုေၾကာင္း ေလွ်ာက္တင္ခဲ့သည္။ ထ်န္းဘုရင္က စစ္သူႀကီးအားျပန္လည္စဥ္စားရန္အခ်ိန္ဆြဲလိုက္ၿပီး မိမိကိုေခၚကာဆူပူခဲ့သည္..။ စစ္သူႀကီးဝူက်န႔္သည္ ထ်န္းရွျပည္၏အာဏာအႀကီးဆုံးစစ္သူႀကီးျဖစ္သည့္အတြက္ တျခားအင္အားႀကီးအိမ္ေတာ္မွသမီးပ်ိဳတစ္ဦးဦးႏွင့္လက္ဆက္လိုက္ပါက ထီးနန္းအားၿခိမ္းေျခာက္နိုင္ေသာအေနထားျဖစ္လာနိုင္သည့္အတြက္ ထ်န္းဘုရင္ကသမက္ေတာ္ရာထူးေပးကာထိန္းခ်ဳပ္ထားခ်င္သည္။

“စစ္သူႀကီးက ဘာအေၾကာင္းေၾကာင့္ ဒီမင္းသမီးနဲ႕လက္မထပ္လိုတာလဲ
ဘာေၾကာင့္လဲ …….
ေရွာင္ခ်ီ… အေၾကာင္းရင္းကို ဒီမင္းသမီးသိခ်င္တယ္ အျမန္ဆုံးစုံစမ္းခဲ့စမ္း “

“အမိန႔္ေတာ္အတိုင္းပါ”

“တကယ္လို႔ တစ္စုံတစ္ေယာက္ေၾကာင့္ စစ္သူႀကီးက ဒီလက္ထပ္ပြဲကိုဖ်က္တယ္ဆိုလို႔ကေတာ့ …..ဟမ့္”

………………………..

ဝူက်န႔္ သူ၏ဒဏ္ရာအားဗန္းျပၿပီး ကယ္ရီအားသူ၏အခန္းထဲသို႔ေခၚထားကာ ျပဳစုခိုင္းေနေလသည္

“ခ်င္းအာ ကိုယ့္ကိုယ္ဆန္ျပဳတ္ခြံေကြၽး”

“ဝူက်န႔္လက္က ကြၽန္ေတာ္ျမင္ရသေလာက္ကေတာ့ အေကာင္းႀကီးပါ”

“မေကာင္းပါဘူး လက္လႈပ္လိုက္ရင္ ေက်ာကဒဏ္ရာကနာလာတယ္ ဘာလဲ…
ခ်င္းအာက ကိုယ့္ကိုမခြံေကြၽးခ်င္ဘူးလား ရပါတယ္ လက္ကနာလည္း ကိုယ္သည္းခံၿပီးစားလိုက္ပါမယ္” ဝူက်န႔္မ်က္ႏွာငယ္ေလးျဖင့္ေျပာလိုက္သည္ ။

“ဟို…လက္ကတကယ္နာေနတာလား”

“ကိုယ္ကညာပါ့မလား”
‘ကိုယ္ကလိမ္ပဲလိမ္ေနတာ’ ဒုတိယစကားကိုေတာ့ ဝူက်န႔္အျပင္သို႔ထုတ္မေျပာရဲ

“အဲ့တာဆို ကြၽန္ေတာခြံေကြၽးပါ့မယ္”
ကယ္ရီ ဝူက်န႔္အားဆန္ျပဳတ္ခြံေကြၽး ​ေဆးတိုက္ၿပီးေနာက္အျပင္ထြက္သြားမယ္အလုပ္ ဝူက်န႔္ကလက္အားဖမ္းဆြဲထားကာ

“ကိုယ့္နားမွာပဲေနေပးပါ ခ်င္းအာ
ကိုယ့္ေဘးကေနဘယ္မွမသြားပါနဲ႕”

‘ဒီလူႀကီး သူ႕ကိုယ္သူ ကေလးမ်ားမွတ္ေနလားဂ်ီက်ေနရေအာင္ ဒါမွမဟုတ္သူငယ္မ်ားျပန္သြားတာလား’

ဝူက်န႔္ကဆက္လက္၍
“ကိုယ္အိပ္ေနတုန္း လုပ္ႀကံသူေတြထပ္ေရာက္လာရင္ဘယ္လိုလုပ္မလဲ ခ်င္းအာကကိုယ့္ရဲ႕ကိုယ္ရံေတာ္ေလးမဟုတ္ဘူးလား ကိုယ့္နားမွာပဲေနေပးပါေနာ္”

“ဟုတ္ကဲ့ စိတ္ခ်လတ္ခ်အိပ္ပါ ကြၽန္ေတာ္ေစာင့္ေပးပါမယ္”

ဝူက်န႔္ ကယ္ရီ၏လက္အားဆုပ္ကိုင္ကာ ခဏၾကာေတာ့ အသက္ရႉမွန္မွန္ျဖင့္အိပ္ေပ်ာ္သြားသည္…

System: ” Host စစ္သူႀကီးကိုဘယ္လိုလုပ္ဖို႔စဥ္းစားထားလဲ “

“ငါလည္းမသိေတာ့ဘူး
သူငါ့ကိုတစ္ကယ္ခ်စ္တာလို႔ မင္းထင္လား”

System: “ဓားေတာင္ကိုယ္စားဝင္ခံေပးတာကိုၾကည့္ရင္ေတာ့ တကယ္ခ်စ္ေနတဲ့ပုံပါ ဒါနဲ႕ hostကေရာ သူ႕ကိုခ်စ္လို႔လား”

“သူနဲ႕အတူရွိေနရင္ ရင္ဖက္ထဲကတဒုန္းဒုန္းျမည္သလို ကလိထိုးေနသလိုလည္းခံစားရတယ္ ၿပီးေတာ့သူၿပဳံးေနတာျမင္ရရင္ ငါပါအလိုလိုၿပဳံးမိလာတယ္ သူထိခိုက္တာျမင္ရင္ အလိုလိုဝမ္းနည္းလာတယ္ ငါ့အစားသူထိခိုက္သြားတုန္းကဆိုရင္ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိျဖစ္သြားပီးငိုပဲငိုခ်င္လာတာ ငါ့ေၾကာင့္သူတစ္ခုခုျဖစ္သြားရင္ငါ့ကိုယ္ငါလုံးဝခြင့္မလႊတ္ဘူးဆိုတဲ့အေတြးလည္းဝင္လာတယ္…ဒီေလာက္ဆိုရင္ ငါသူ႕ကိုခ်စ္ေနတယ္လို႔ထင္လား”

System: “Host သူ႕ကိုခ်စ္ေနပါပီ”

“မင္ကလူမဟုတ္ဘဲနဲ႕ ဒါေတြဘယ္လိုလုပ္သိေနတာလဲ”

System: “Hostက ကိုယ့္ကိုကိုယ္ ပထမဆုံးhostလို႔မ်ားထင္ေနတာလား ကြၽန္ေတာ္တာဝန္ထမ္းေဆာင္ေပးရတဲ့ Hostေပါင္းမနည္းေတာ့ဘူးဗ် သိလား အရင္hostေတြရဲ႕အျပဳအမူေတြကိုမွတ္တမ္းတင္ထားတဲ့ဖိုင္ေတြရွိတယ္ hostအခုျဖစ္ေနတဲ့ခံစားခ်က္ေတြကိုဖိုင္အေဟာင္းနဲ႕တိုက္စစ္ၾကည့္လို႔ေျပာနိုင္တာေပါ့ဗ်”

“တျခားhostေတြကဘယ္လိုေတြေ႐ြးခ်ယ္သြားၾကလဲ ငါ့ကိုေျပာျပလို႔ရလား”

System: “တစ္ခ်ိဳ႕ကေတာ့ မစ္ရွင္ေတြကိုႀကိဳးစားပန္းစားလုပ္ point​ေတြျပည့္တာနဲ႕ သူတို႔ရဲ႕မူလဘဝကိုျပန္သြားၿပီး သူတို႔ခံစားခဲ့ရတာေတြကိုကလဲ့စားျပန္ေခ်ၾကတယ္ တစ္ခ်ိဳ႕လူေတြၾကေတာ့လည္း မစ္ရွင္ေတြရႈံးၿပီး ဖုန္မႈန႔္အျဖစ္ေျပာင္းသြားၾကတယ္ အဲ့ထဲကမွလူအနည္းစုကေတာ့ သူတို႔ခ်စ္တဲ့သူကိုရွာေတြ႕သြားၾကၿပီး ပုံရိပ္ေယာင္ကမၻာမွာပဲအၿပီးတိုင္ေနခဲ့ၾကတယ္”

“ဝူက်န႔္သာငါ့ကိုတကယ္ခ်စ္ေပးနိုင္ရင္ မူလဘဝကိုမျပန္ရလည္းကိစၥမရွိပါဘူး ငါေၾကာက္တာက ငါကေယာက္်ားေလးမဟုတ္လား သူေျပာင္းလဲသြားရင္ဘယ္လိုလုပ္မလဲ ငါထားခဲ့ခံရမွာေၾကာက္တယ္ စြန႔္ပစ္ခံရမွာကိုမုန္းတယ္ ငါ့မိဘေတြကေတာင္ငါ့ကိုမလိုခ်င္လို႔စြန႔္ပစ္ခဲ့တာ ေသြးသားရင္းမဟုတ္တဲ့သူစိမ္းက ငါ့ကိုထာဝရခ်စ္ေပးနိုင္ပါ့မလား…”
ကယ္ရီသက္ျပင္းခ်ကာ အိပ္ေပ်ာ္ေနေသာဝူက်န႔္အားေငးၾကည့္ရင္းအေတြးလြန္ေနေတာ့သည္။

“ေဒါက္ ေဒါက္ ေဒါက္”

တံခါးေခါက္သံၾကားသျဖင့္ကယ္ရီအျပင္သို႔ထြက္ၾကည့္လိုက္သည္

“ကိုယ္ရံေတာ္ယူ မင္းသမီးေရာက္ေနပါတယ္ စစ္သူႀကီးကိုလာေတြ႕တာလို႔ေျပာပါတယ္”

“စစ္သူႀကီးေဆးေသာက္ပီးအိပ္ေပ်ာ္ေနပါတယ္ မင္သမီး ကြၽန္ေတာ္မ်ိဳးႏွိုးေပးရမလားမင္းသမီး”

“ရတယ္ မႏွိုးနဲ႕ စစ္သူႀကီးဒဏ္ရာရထားတယ္ၾကားလို႔လာၾကည့္တာ ဒါနဲ႕စစ္သူႀကီးလိုလူမ်ိဳးက ဘာအတြက္ေၾကာင့္ဒဏ္ရာရတာလဲ”

“ကြၽန္ေတာ္မ်ိဳးရဲ႕ညံ့ဖ်င္းမႈေၾကာင့္ စစ္သူႀကီးဒဏ္ရာရသြားတာပါ ခြင့္လႊတ္ေတာ္မူပါ မင္းသမီး”

~ျဖန္း~

“ကိုယ္ရံေတာ္ျဖစ္ေနၿပီး စစ္သူႀကီးကိုမကာကြယ္နိုင္ဘူး အသုံးမက်လိဳက္တာ
လာၾကစမ္း….ဒီအသုံးမက်တဲ့အေစခံကိုအက်ဥ္းေထာင္ထဲပို႔ထားလိုက္ၾကစမ္း”

ထိုစဥ္

“ကြၽန္ေတာ္မ်ိဳးရဲ႕တပ္သားေတြကို အမိန႔္ေပးနိုင္ခြင့္ မင္းသမီးမွာရွိမွန္း ကြၽန္ေတာ္မ်ိဳးမသိလိုက္ရပါလား”

ထ်န္းယြီ စစ္သူႀကီး၏အသံၾကားေသာအခါ အနားသို႔သြား၍လက္တစ္ဖက္အားေျပးခ်ိတ္လိုက္ကာ
“စစ္သူႀကီး ရွင္ဒဏ္ရာရလာတယ္ဆို
ဘယ္လိုေနေသးလဲသက္သာသြားပီလား

ဝူက်န့္လည္း ခ်ိတ္ထားေသာလက္ကိုဖယ္ခ်လိဳက္ရင္း
“စိုးရိမ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ မင္းသမီး
ကြၽန္ေတာ္မ်ိဳး သက္သာသြားပါၿပီ”

ထ်န္းယြီ စစ္သူႀကီး၏ျငင္းပယ္မႈေၾကာင့္ရွက္သြားေသာ္လည္း မသိခ်င္ေယာင္ေဆာင္ကာ
“ကြၽန္မ ရွင္နဲ႕ႏွစ္​ေယာက္တည္း စကားေျပာခ်င္တယ္”

“ႂကြပါ မင္းသမီး “

စစ္သူႀကီးႏွင့္ မင္းသမီး ထ်န္းယြီ ထြက္သြားၿပီးေနာက္
“ဖယ္စမ္း မင္းတို႔လက္ေတြ”

“မင္းသမီး ကအမိန့္ေပးသြားပါတယ္
ကိုယ္ရံေတာ္ယူကို အက်ဥ္းခ်ဖိဳ႕အတြက္”

“ဒါဆို မင္းတို႔စစ္သူႀကီးေျပာတာေရာမၾကားၾကဘူးလား မင္းသမီးမွာငါ့ကိုအက်ဥ္းခ်ဖိဳ႕အတြက္ ဘာအခြင့္အေရးမွမရွိဘူး ေနာက္ၿပီးဒီေနရာမွာ စစ္သူႀကီးၿပီးရင္ ငါအာဏာအရွိဆုံးေနာ္ မင္းတို႔စိတ္မရွိရင္ ငါ့ေဒါသကိုစမ္းလို႔ရတယ္”
ကယ္ရီ ေဒါသထြက္ထြက္ျဖင့္ထိုေနရာမွထြက္လာခဲ့သည္။

ေတာက္!!!!
“အဲ့မိန္းမေတာ္ေတာ္မ်ားသြားၿပီး ဟိုကမၻာမွာလည္းရိုက္ ဒီမွာလည္းရိုက္နဲ႕ ေတြ႕မယ္ ေနာက္ကမၻာၾကရင္ သူ႕ကိုအရင္ဦးေအာင္ပါးရိုက္ပစ္မယ္ “
(AN-မားမားလည္းသတိမထားမိလိုက္လို႔ပါ ကေလးရယ္ Arc 3ၾကရင္ ျပန္ရိုက္ခိုင္းမယ္ေနာ္)

System: ” ေျပာေတာ့ Hostက ဒီကမၻာမွာပဲ အၿပီးေနေတာ့မွာဆို”

“မေနေတာ့ဘူး လုံးဝမေနဘူး
ၾကည့္ပါလား ဟိုလူႀကီးကသူ႕ဟာမ ေခၚေတာ့ ေနာက္ကေနေခြးအႀကီးလိုပါသြားတာမျမင္ဘူးလား အခ်ဳပ္ခံထားရတဲ့ငါ့ကိုေတာင္ဂ႐ုမစိုက္ဘူး ေနာက္တစ္ခါခ်င္းအာလို႔လာေခၚၾကည့္ အဲ့ပါးစပ္ကိုဆြဲၿဖဲပစ္မယ္”

System: ” ဟား ဟား ဟားဟား
Host နဲ႕တာဝန္စက်ကတည္းက host ဒီလိုပုံစံ ဒီလိုေျပာပုံဆိုပုံကို ကြၽန္ေတာ္တစ္ခါမွမျမင္ဖူးဘူး စေတြ႕တုန္းက မေျပာရဲမဆိုရဲေလး ဟား ဟား ဟားဟား”

“လူပဲ ေျပာင္းလဲတတ္တယ္ကြ”

System: “ဟုတ္ပါၿပီ ဟုတ္ပါၿပီ…
ဒါနဲ႕ Host……….
သဝန္တိုေနတာလား? “

“…………”

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode ~

ညဖက် ဝူကျန့်တို့တပ်စု စခန်းချအနားယူနေစဉ် အမှောင်ထဲမှချဉ်းကပ်လာသော လက်နက်ကိုင်လူတစ်စု….
ထိုလူများသည် ကင်းစောင့်နေသောတပ်သားများအား တိတ်တဆိတ်သတ်ဖြတ်ကာ ဝူကျန့်အနားယူနေသောနေရာနားသို့တဖြေးဖြေးချဉ်းကပ်လာခဲ့သည်။ထို့နောက် ဝူကျန့်အား ချိန်ရွယ်ကာ ဓားဖြင့်ခုတ်ပိုင်းခါနီးတွင်

“ကုန်ပါပီ ငါ့ခေါက်ဆွဲပြုတ်” ဟုထအော်လာသော စစ်သူကြီးဘေးတွင်အိပ်နေသည့်လူတစ်ဦး (AN-ဘယ်သူလဲဆိုတာမပြောလဲသိကြတယ်မလား)
ထို​အော်သံ​​ကြောင့် အအိပ်ဆတ်သောတပ်သားများနိုးလာကာ အနက်ရောင်ဝတ်စုံနှင့်လူများကို မြင်သွားပြီးနောက် လုပ်ကြံသူ ဟုသတိ​ပေးကာစတင်တိုက်ခိုက်တော့သည်။

“ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ “

System:”ဘာဖြစ်တာလဲလုပ်မနေနဲ့ မြန်မြန်ဓားထုတ်ပီး ကိုယ့်ကိုကိုယ်ကာကွယ်တော့ လုပ်ကြံသူတွေရောက်လာလို့”

“ဘာ…..လုပ်​​ကြံသူတွေ ဟုတ်လား
ဒါလူအိပ်ချိန်လေ သူတို့ကလူလို့မသိဘူးလား “

System: “သူတို့လူလိုသိတာမသိတာကျွန်တော်မသိဘူး သေချာတာကတော့ hostအခုချက်ချင်းဓါးထုတ်ပြီး ကိုယ့်ကိုယ်ကို မကာကွယ်ရင်အလျားလိုက်ဖြစ်တော့မယ်ဆိုတာတော့သိတယ်”

“ရိုင်းလိုက်တဲ့ Systemအစုတ်အပဲ့”

အနက်ရောင်ဝတ်စုံနှင့်လူများသည် စစ်သူကြီးတစ်ဦးတည်းကိုသာဦးတည်တိုက်ခိုက်နေကြသည် ။ ဝူကျန့်မှာ မိမိထံသို့ဦးတည်လာသောဓားများအားရှောင်ရှားရ၊ မိမိဘေးရှိကိုယ်ရံတော် သက်တော်စောင့်လေးအား ကာကွယ်ရနှင့် အလုပ်များနေသည် ။ စစ်သူကြီး၏ တိုက်ခိုက်နိုင်စွမ်းအား တစ်ဖက်ရန်သူများမှလျော့တွက်လိုက်ပုံရသည် ။ တဖြေးဖြေး ဝူကျန့်၏ ဓားချက်အောက်တွက်အသက်ပျောက်သူများလာခဲ့ပြီး လုပ်ကြံသူတစ်ယောက်စ နှစ်ယောက်စသာကျန်ရှိတော့သည့်အခါတွင် ဝူကျန့်၏ ခေါင်းထဲ၌အကြံတစ်ခုပေါ်လာခဲ့သည်။ ထို့ကြောင့် ရည်ရွယ်ချက်ရှိရှိဖြင့် ယူချင်းအားမကူဘဲ အခြားတစ်ဖက်တွင်အချိန်ဆွဲတိုက်နေလိုက်သည် ။ လုပ်ကြံသူ၏ဓားသည် ယူချင်းအားထိတော့မည့်အချိန်တွင် ဝူကျန့်အဓိပ္ပါယ်ဖော်ရခက်သောအပြုံးခိုးပြုံးကာ ယူချင်းအားရင်ခွင်ထဲထည့်၍ ဒိုင်းတစ်ခုသဖွယ်ကာပေးလိုက်သည်။ ထို့နောက် ​နောက်သိိို့ပြန်လှည့်ကာ ထိုလုပ်ကြံသူအား ဓားဖြင့် မ​သေစေနိုင်လောက်သောနေရာသို့မှန်းဆကာထိုးလိုက်သည် ။ အကြောင်းမှာ
တစ်အချက် -၎င်းတို့အားစေလွှတ်လိုက်သောသူထံသို့ မိမိမှာဤကဲ့သိုလုပ်ကြံရမလွယ်ကူကြောင်းပညာသားပါပါသတိပေးလိုခြင်း ၊
နှစ်အချက် -မိမိ၏အကြံအောင်ရန်အထောက်အကူဖြစ်ပေးခဲ့သဖြင့် သက်ညှာလိုက်ခြင်းပင်ဖြစ်သည် ။

ကယ်ရီတစ်ယောက် တိုက်ခိုက်ရင်းဗျာများနေတုန်း ရုတ်တရက်မိမိအားရင်ခွင်ထဲထည့်လိုက်သောစစ်သူကြီးကြောင့် အံ့သြမိနေစဉ် စစ်သူကြီးမှာ မိမိ၏ရင်ခွင်ထဲသိုပြိုလဲကျလာခဲ့သည် ။ စစ်သူကြီးအားပွေ့ထားသည့်လက်မှချွဲပျစ်ပျစ်ခံစားချက်ကြောင့် မိမိလက်အားကြည့်လိုက်ရာ နီရဲနေသောသွေးများ…..

“ဝူကျန့် သတိထားအုံးလေ
ဝူကျန့်…ဝူကျန့်
ကျွန်တော့်ကိုမနောက်နဲ့နော်
ဝူကျန့် ……. ဝူကျန့်
သမားတော်ဘယ်မှာလဲ သမားတော်”
ကယ်ရီတုန်လှုပ်စွာဖြင့်အော်နေမိသည်။

ခဏကြာတော့ တပ်သားများဒဏ်ရာရရှိလျှင်ကုသရန် နန်းမြို့တော်မှပါလာသော သမားတော်ရောက်ရှိလာကာ စစ်သူကြီးဒဏ်ရာအားကြည့်ရှုပေးခဲ့သည်။
ထို့နောက်သမားတော်မှ
“ကိုယ်ရံတော်ယူ
စစ်သူကြီးဒဏ်ရာကသိပ်​ပြီးတော့မပြင်းထန်ပါဘူး
အား…….”
သမားတော်က မိမိ၏ခြေထောက်အားအဆိပ်ရှိသောအကောင်ကိုက်မိသည်ထင်၍ အောက်သို့ငုံ့ကြည့်လိုက်သောအခါ မိမိအားအကြည့်ဖြင့်အမိန့်ပေးနေသော နှစ်တစ်ထောင်အဆိပ်ပြင်းသတ္တဝါကြီးအားတွေ့လိုက်ရသည်။သမားတော်မှာ ပါးနပ်သူပီပီ

“မပြင်း… မပြင်းထန်ပေမယ့်
မစိုးရိမ်ရဘူးလို့တော့မဆိုလိုဘူးလို့
စစ်သူကြီးကိုသေချာဂရုစိုက်ပေးဖို့တော့လိုပါလိမ့်မယ် “

“ဟုတ်ကဲ့ သမားတော်ကြီး
ကျေးဇူးတင်ပါတယ်
ကျွန်တော်သေချာဂရုစိုက်လိုက်ပါ့မယ်”

“ကျွန်တော်မျိုးကို ခွင့်ပြုပါအုံး”
သမားတော်ဖြစ်သူလည်းထိုနေရာမှအမြန်လစ်လာခဲ့သည်။ မလစ်လို့ကလည်းမဖြစ်ပေ တိုက်ပွဲပေါင်းအလီလီကိုသွေးသံတရဲရဲဖြင့်တိုက်ခိုက်လာသော သံမဏိစစ်သူကြီးက ဓားထိုးရာဟုမဆိုလောက်သောဒဏ်ရာလေးဖြင့် လဲကျသွားသောကြောင့် အံ့သြနေစဉ် မိမိခြေထောက်အားလိမ်ဆွဲကာအကြည့်ဖြင့်ခြိမ်းခြောက်မှုပါထပ်ခံလိုက်ရသောကြောင့်ဖြစ်သည်။

“ငါတို့ဒီညမနားတော့ဘူး နန်းမြို့တော်ကိုမနက်ခင်းအရောက်ပြန်မယ် စစ်သူကြီးဒဏ်ရာကစိုးရိမ်ရတယ် တောထဲမှာမလုံခြုံဘူး အမြန်ပြင်ဆင်ကြ”

“ဟုတ်ကဲ့ပါ ကိုယ်ရံတော်ယူ “

…………………………………

“ဘာပြောတယ်…….
ရှုံးနိမ်ခဲ့တယ် ဟုတ်လား
မောင်မင်းပြောတော့ အဲ့လူ​တွေကအတော်ဆုံးလုပ်ကြံသမားတွေပါဆို”

“ခွင့်လွှတ်ပေးတော်မူပါ ကျွန်တော်မျိုးဝူကျန့်ကိုလျော့တွက်မိသွားတဲ့အတွက် သေသင့်တဲ့အမှားကျူးလွန်မိပါတယ် နောက်တစ်ခါဒါမျိုးမဖြစ်စေရပါဘူး”

“နောက်တစ်ခါ ဟုတ်လား….
တောထဲမှာတောင်မလုပ်ကြံနိုင်တာ
နန်းမြို့တော်မှာ လုပ်ကြံနိုင်မယ်လို့ မောင်မင်းထင်နေတာလား ထျန်းရှကိုသိမ်းပိုက်ဖို့ဆိုရင် ဝူကျန့်ကိုအရင်ရှင်းထုတ်မှဖြစ်မယ် လူအလုံအလောက်လွှတ်ပြီး အခွင့်ရေးကိုအဆက်မပြတ်စောင့်ကြည့်နေ ကြားလား “

“အမိန့်တော်အတိုင်းပါ”

“သူတောင်ကြားထဲစစ်သည်တွေ မမြင်သွားတာသေချာလား”

“သေချာပါတယ် ကျွန်တော်မျိုးသေချာစောင့်ကြည့်ထားပါတယ် “

“ဒါဆိုကောင်းပြီ မောင်မင်းသွားတော့”

…………………………

ထျန်းယွီတစ်ယောက် ဒေါသကြီးစွာဖြင့် အနားတွင်ရှိသမျှပစ္စည်းများကို တစ်ခုချင်းဖျက်ဆီးနေသည် ။ အကြောင်းရင်းမှာ စစ်သူကြီးက ဓားပြများအားအောင်မြင်စွာရှင်းလင်းနိုင်ခဲ့သည့်အတွက် ထျန်းဘုရင်ကဆုတစ်ခုတောင်းစေရာ စစ်သူကြီးကစေ့စပ်ကြောင်းလမ်းထားခြင်းအားပယ်ဖျက်လိုကြောင်း လျှောက်တင်ခဲ့သည်။ ထျန်းဘုရင်က စစ်သူကြီးအားပြန်လည်စဉ်စားရန်အချိန်ဆွဲလိုက်ပြီး မိမိကိုခေါ်ကာဆူပူခဲ့သည်..။ စစ်သူကြီးဝူကျန့်သည် ထျန်းရှပြည်၏အာဏာအကြီးဆုံးစစ်သူကြီးဖြစ်သည့်အတွက် တခြားအင်အားကြီးအိမ်တော်မှသမီးပျိုတစ်ဦးဦးနှင့်လက်ဆက်လိုက်ပါက ထီးနန်းအားခြိမ်းခြောက်နိုင်သောအနေထားဖြစ်လာနိုင်သည့်အတွက် ထျန်းဘုရင်ကသမက်တော်ရာထူးပေးကာထိန်းချုပ်ထားချင်သည်။

“စစ်သူကြီးက ဘာအကြောင်းကြောင့် ဒီမင်းသမီးနဲ့လက်မထပ်လိုတာလဲ
ဘာကြောင့်လဲ …….
ရှောင်ချီ… အကြောင်းရင်းကို ဒီမင်းသမီးသိချင်တယ် အမြန်ဆုံးစုံစမ်းခဲ့စမ်း “

“အမိန့်တော်အတိုင်းပါ”

“တကယ်လို့ တစ်စုံတစ်ယောက်ကြောင့် စစ်သူကြီးက ဒီလက်ထပ်ပွဲကိုဖျက်တယ်ဆိုလို့ကတော့ …..ဟမ့်”

………………………..

ဝူကျန့် သူ၏ဒဏ်ရာအားဗန်းပြပြီး ကယ်ရီအားသူ၏အခန်းထဲသို့ခေါ်ထားကာ ပြုစုခိုင်းနေလေသည်

“ချင်းအာ ကိုယ့်ကိုဆန်ပြုတ်ခွံကျွေး”

“ဝူကျန့်လက်က ကျွန်တော်မြင်ရသလောက်ကတော့ အကောင်းကြီးပါ”

“မကောင်းပါဘူး လက်လှုပ်လိုက်ရင် ကျောကဒဏ်ရာကနာလာတယ် ဘာလဲ…
ချင်းအာက ကိုယ့်ကိုမခွံကျွေးချင်ဘူးလား ရပါတယ် လက်ကနာလည်း ကိုယ်သည်းခံပြီးစားလိုက်ပါမယ်” ဝူကျန့်မျက်နှာငယ်လေးဖြင့်ပြောလိုက်သည် ။

“ဟို…လက်ကတကယ်နာနေတာလား”

“ကိုယ်ကညာပါ့မလား”
‘ကိုယ်ကလိမ်ပဲလိမ်နေတာ’ ဒုတိယစကားကိုတော့ ဝူကျန့်အပြင်သို့ထုတ်မပြောရဲ

“အဲ့တာဆို ကျွန်တော်ခွံကျွေးပါ့မယ်”
ကယ်ရီ ဝူကျန့်အားဆန်ပြုတ်ခွံကျွေး ​ဆေးတိုက်ပြီးနောက်အပြင်ထွက်သွားမယ်အလုပ် ဝူကျန့်ကလက်အားဖမ်းဆွဲထားကာ

“ကိုယ့်နားမှာပဲနေပေးပါ ချင်းအာ
ကိုယ့်ဘေးကနေဘယ်မှမသွားပါနဲ့”

‘ဒီလူကြီး သူ့ကိုယ်သူ ကလေးများမှတ်နေလားဂျီကျနေရအောင် ဒါမှမဟုတ်သူငယ်များပြန်သွားတာလား’

ဝူကျန့်ကဆက်လက်၍
“ကိုယ်အိပ်နေတုန်း လုပ်ကြံသူတွေထပ်ရောက်လာရင်ဘယ်လိုလုပ်မလဲ ချင်းအာကကိုယ့်ရဲ့ကိုယ်ရံတော်လေးမဟုတ်ဘူးလား ကိုယ့်နားမှာပဲနေပေးပါနော်”

“ဟုတ်ကဲ့ စိတ်ချလတ်ချအိပ်ပါ ကျွန်တော်စောင့်ပေးပါမယ်”

ဝူကျန့် ကယ်ရီ၏လက်အားဆုပ်ကိုင်ကာ ခဏကြာတော့ အသက်ရှူမှန်မှန်ဖြင့်အိပ်ပျော်သွားသည်…

System: ” Host စစ်သူကြီးကိုဘယ်လိုလုပ်ဖို့စဉ်းစားထားလဲ “

“ငါလည်းမသိတော့ဘူး
သူငါ့ကိုတစ်ကယ်ချစ်တာလို့ မင်းထင်လား”

System: “ဓားတောင်ကိုယ်စားဝင်ခံပေးတာကိုကြည့်ရင်တော့ တကယ်ချစ်နေတဲ့ပုံပါ ဒါနဲ့ hostကရော သူ့ကိုချစ်လို့လား”

“သူနဲ့အတူရှိနေရင် ရင်ဖက်ထဲကတဒုန်းဒုန်းမြည်သလို ကလိထိုးနေသလိုလည်းခံစားရတယ် ပြီးတော့သူပြုံးနေတာမြင်ရရင် ငါပါအလိုလိုပြုံးမိလာတယ် သူထိခိုက်တာမြင်ရင် အလိုလိုဝမ်းနည်းလာတယ် ငါ့အစားသူထိခိုက်သွားတုန်းကဆိုရင် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်သွားပီးငိုပဲငိုချင်လာတာ ငါ့ကြောင့်သူတစ်ခုခုဖြစ်သွားရင်ငါ့ကိုယ်ငါလုံးဝခွင့်မလွှတ်ဘူးဆိုတဲ့အတွေးလည်းဝင်လာတယ်…ဒီလောက်ဆိုရင် ငါသူ့ကိုချစ်နေတယ်လို့ထင်လား”

System: “Host သူ့ကိုချစ်နေပါပီ”

“မင်ကလူမဟုတ်ဘဲနဲ့ ဒါတွေဘယ်လိုလုပ်သိနေတာလဲ”

System: “Hostက ကိုယ့်ကိုကိုယ် ပထမဆုံးhostလို့များထင်နေတာလား ကျွန်တော်တာဝန်ထမ်းဆောင်ပေးရတဲ့ Hostပေါင်းမနည်းတော့ဘူးဗျ သိလား အရင်hostတွေရဲ့အပြုအမူတွေကိုမှတ်တမ်းတင်ထားတဲ့ဖိုင်တွေရှိတယ် hostအခုဖြစ်နေတဲ့ခံစားချက်တွေကိုဖိုင်အဟောင်းနဲ့တိုက်စစ်ကြည့်လို့ပြောနိုင်တာပေါ့ဗျ”

“တခြားhostတွေကဘယ်လိုတွေရွေးချယ်သွားကြလဲ ငါ့ကိုပြောပြလို့ရလား”

System: “တစ်ချို့ကတော့ မစ်ရှင်တွေကိုကြိုးစားပန်းစားလုပ် point​တွေပြည့်တာနဲ့ သူတို့ရဲ့မူလဘဝကိုပြန်သွားပြီး သူတို့ခံစားခဲ့ရတာတွေကိုကလဲ့စားပြန်ချေကြတယ် တစ်ချို့လူတွေကြတော့လည်း မစ်ရှင်တွေရှုံးပြီး ဖုန်မှုန့်အဖြစ်ပြောင်းသွားကြတယ် အဲ့ထဲကမှလူအနည်းစုကတော့ သူတို့ချစ်တဲ့သူကိုရှာတွေ့သွားကြပြီး ပုံရိပ်ယောင်ကမ္ဘာမှာပဲအပြီးတိုင်နေခဲ့ကြတယ်”

“ဝူကျန့်သာငါ့ကိုတကယ်ချစ်ပေးနိုင်ရင် မူလဘဝကိုမပြန်ရလည်းကိစ္စမရှိပါဘူး ငါကြောက်တာက ငါကယောက်ျားလေးမဟုတ်လား သူပြောင်းလဲသွားရင်ဘယ်လိုလုပ်မလဲ ငါထားခဲ့ခံရမှာကြောက်တယ် စွန့်ပစ်ခံရမှာကိုမုန်းတယ် ငါ့မိဘတွေကတောင်ငါ့ကိုမလိုချင်လို့စွန့်ပစ်ခဲ့တာ သွေးသားရင်းမဟုတ်တဲ့သူစိမ်းက ငါ့ကိုထာဝရချစ်ပေးနိုင်ပါ့မလား…”
ကယ်ရီသက်ပြင်းချကာ အိပ်ပျော်နေသောဝူကျန့်အားငေးကြည့်ရင်းအတွေးလွန်နေတော့သည်။

“ဒေါက် ဒေါက် ဒေါက်”

တံခါးခေါက်သံကြားသဖြင့်ကယ်ရီအပြင်သို့ထွက်ကြည့်လိုက်သည်

“ကိုယ်ရံတော်ယူ မင်းသမီးရောက်နေပါတယ် စစ်သူကြီးကိုလာတွေ့တာလို့ပြောပါတယ်”

“စစ်သူကြီးဆေးသောက်ပီးအိပ်ပျော်နေပါတယ် မင်သမီး ကျွန်တော်မျိုးနှိုးပေးရမလားမင်းသမီး”

“ရတယ် မနှိုးနဲ့ စစ်သူကြီးဒဏ်ရာရထားတယ်ကြားလို့လာကြည့်တာ ဒါနဲ့စစ်သူကြီးလိုလူမျိုးက ဘာအတွက်ကြောင့်ဒဏ်ရာရတာလဲ”

“ကျွန်တော်မျိုးရဲ့ညံ့ဖျင်းမှုကြောင့် စစ်သူကြီးဒဏ်ရာရသွားတာပါ ခွင့်လွှတ်တော်မူပါ မင်းသမီး”

~ဖြန်း~

“ကိုယ်ရံတော်ဖြစ်နေပြီး စစ်သူကြီးကိုမကာကွယ်နိုင်ဘူး အသုံးမကျလိုက်တာ
လာကြစမ်း….ဒီအသုံးမကျတဲ့အစေခံကိုအကျဉ်းထောင်ထဲပို့ထားလိုက်ကြစမ်း”

ထိုစဉ်

“ကျွန်တော်မျိုးရဲ့တပ်သားတွေကို အမိန့်ပေးနိုင်ခွင့် မင်းသမီးမှာရှိမှန်း ကျွန်တော်မျိုးမသိလိုက်ရပါလား”

ထျန်းယွီ စစ်သူကြီး၏အသံကြားသောအခါ အနားသို့သွား၍လက်တစ်ဖက်အားပြေးချိတ်လိုက်ကာ
“စစ်သူကြီး ရှင်ဒဏ်ရာရလာတယ်ဆို
ဘယ်လိုနေသေးလဲသက်သာသွားပီလား

ဝူကျန့်လည်း ချိတ်ထားသောလက်ကိုဖယ်ချလိုက်ရင်း
“စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းသမီး
ကျွန်တော်မျိုး သက်သာသွားပါပြီ”စ
ထျန်းယွီ စစ်သူကြီး၏ငြင်းပယ်မှုကြောင့်ရှက်သွားသော်လည်း မသိချင်ယောင်ဆောင်ကာ
“ကျွန်မ ရှင်နဲ့နှစ်​ယောက်တည်း စကားပြောချင်တယ်”

“ကြွပါ မင်းသမီး “

စစ်သူကြီးနှင့် မင်းသမီး ထျန်းယွီ ထွက်သွားပြီးနောက်
“ဖယ်စမ်း မင်းတို့လက်တွေ”

“မင်းသမီး ကအမိန့်ပေးသွားပါတယ်
ကိုယ်ရံတော်ယူကို အကျဥ်းချဖို့အတွက်”

“ဒါဆို မင်းတို့စစ်သူကြီးပြောတာရောမကြားကြဘူးလား မင်းသမီးမှာငါ့ကိုအကျဥ်းချဖို့အတွက် ဘာအခွင့်အရေးမှမရှိဘူး နောက်ပြီးဒီနေရာမှာ စစ်သူကြီးပြီးရင် ငါအာဏာအရှိဆုံးနော် မင်းတို့စိတ်မရှိရင် ငါ့ဒေါသကိုစမ်းလို့ရတယ်”
ကယ်ရီ ဒေါသထွက်ထွက်ဖြင့်ထိုနေရာမှထွက်လာခဲ့သည်။

တောက်!!!!
“အဲ့မိန်းမတော်တော်များသွားပြီး ဟိုကမ္ဘာမှာလည်းရိုက် ဒီမှာလည်းရိုက်နဲ့ တွေ့မယ် နောက်ကမ္ဘာကြရင် သူ့ကိုအရင်ဦးအောင်ပါးရိုက်ပစ်မယ် “
(AN-မားမားလည်းသတိမထားမိလိုက်လို့ပါ ကလေးရယ် Arc 3ကြရင် ပြန်ရိုက်ခိုင်းမယ်နော်)

System: ” ပြောတော့ Hostက ဒီကမ္ဘာမှာပဲ အပြီးနေတော့မှာဆို”

“မနေတော့ဘူး လုံးဝမနေဘူး
ကြည့်ပါလား ဟိုလူကြီးကသူ့ဟာမ ခေါ်တော့ နောက်ကနေခွေးအကြီးလိုပါသွားတာမမြင်ဘူးလား အချုပ်ခံထားရတဲ့ငါ့ကိုတောင်ဂရုမစိုက်ဘူး နောက်တစ်ခါချင်းအာလို့လာခေါ်ကြည့် အဲ့ပါးစပ်ကိုဆွဲဖြဲပစ်မယ်”

System: ” ဟား ဟား ဟားဟား
Host နဲ့တာဝန်စကျကတည်းက host ဒီလိုပုံစံ ဒီလိုပြောပုံဆိုပုံကို ကျွန်တော်တစ်ခါမှမမြင်ဖူးဘူး စတွေ့တုန်းက မပြောရဲမဆိုရဲလေး ဟား ဟား ဟားဟား”

“လူပဲ ပြောင်းလဲတတ်တယ်ကွ”

System: “ဟုတ်ပါပြီ ဟုတ်ပါပြီ…
ဒါနဲ့ Host……….
သဝန်တိုနေတာလား? “

“…………”

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 2.9 (ယူခ်င္း), novel System 286 (On Going) Arc 2.9 (ယူခ်င္း), read System 286 (On Going) Arc 2.9 (ယူခ်င္း) online, System 286 (On Going) Arc 2.9 (ယူခ်င္း) chapter, System 286 (On Going) Arc 2.9 (ယူခ်င္း) high quality, System 286 (On Going) Arc 2.9 (ယူခ်င္း) light novel, ,

Comment

Leave a Reply

Chapter 32