System 286 (On Going) Arc 3.1(ဇန္)

All chapters are in System 286 (On Going)
A+ A-

Zawgyi

ကယ္ရီတတိယကမာၻသို႔ေရာက္ေရာက္ခ်င္း ပထမဆံုးျမင္လိုက္ရသည္က မိမိ၏ဦးေခါင္းအားႏိႈက္ေဖာက္ေတာ့မည့္ လက္သည္းတစ္စံုပင္ျဖစ္သည္ ထို႔ျပင္ ကယ္ရီ၏ပတ္ပတ္လည္၌လည္း ပံုပ်က္ပန္းပ်က္ျဖစ္ေနေသာလူ၁၀ေယာက္ခန္႔လည္း႐ွိေနေသးသည္ အေျခေနျကည္႕ရပံုမွာ ဇြန္ဘီမ်ား႐ွိေသာ ကမာၻသို႔ေရာက္ေနပံုရသည္
ကယ္ရီနာက်င္ေနေသာေခါင္းအား အနည္းငယ္သက္သာ​ေစရန္ ခါရမ္းၿပီး​ေနာက္ ခန္႔မွန္းရခက္ေသာအျပံဳးျပံဳးကာ

‘ငါ့ေခါင္းကိုေဖာက္ခ်င္တယ္ေပါ့ စိတ္ကူးေတာင္မယဥ္နဲ႔’

ကယ္ရီ မိမိအားရန္ျပဳေနသည့္ဇြန္ဘီ၏လက္အားဆြဲကာကိုင္ေပါက္လိုက္သည္ ထို႔ေနာက္အနီး႐ွိသံေခ်ာင္းျဖင့္ ဦးေခါင္းအားထိုးစိုက္လိုက္သည္ တျခားဇြန္ဘီမ်ားကလည္း ကယ္ရီထံသို႔ဝိုင္း၍စုျပံဳကာတိုက္ခိုက္ေလေတာ့သည္ နာရီဝက္ခန္႔ၾကာၿပီးေနာက္ တစ္ကိုယ္လံုးေသြးမ်ားေပက်ံေနေသာကယ္ရီတစ္ေယာက္ အနီး႐ွိဂိုေထာင္ထဲတြင္အနားယူေနေလသည္

“ဟူး…တိုက္ခိုက္ရတာဒီေလာက္ေပ်ာ္ဖို႔ေကာင္းမွန္း ငါတကယ္မသိခဲ့ဘူး ဒါေပမယ့္  ဒီဖုတ္ေကာင္ေတြရဲ႕ေသြးေတြကေတာ့ ေအာ္ဂလီဆန္ခ်င္စရာေကာင္းတယ္ ေနာက္တစ္ခါ ေသြးမစင္ေအာင္သတ္မွျဖစ္မယ္”

System တျခားသူတစ္ေယာက္လိုေျပာင္းသြားေသာ Hostအားၾကည့္၍ နည္းနည္းစိုးရိမ္လာမိသည္ သူစေတြ႔တုန္းကHostက အရမ္းေၾကာက္တတ္တဲ့သူမဟုတ္လား အခုလိုဇြန္ဘီအုပ္အား ျပံဳးရႊင္ကာလိုက္သတ္ေနပံုမွာ Hostရဲ႕မူလစ႐ိုက္ႏွင့္ကြဲထြက္ေနသည္

System: ” Host… အဆင္ေျပရဲ႕လား”

“ဒါေပါ့ အဆင္ေျပတာေပါ့ ျမန္ျမန္ဒီကမာၻအေၾကာင္းမွတ္ဥာဏ္လႊဲေတာ့ “

System: “ဟုတ္ကဲ့”

ကယ္ရီေရာက္ရွိေနသည့္ကမာၻမွာ ဇြန္ဘီပိုးမ်ားကူးစက္ေနေသာကမာၻျဖစ္သည္ သိပၸံပညာ႐ွင္မ်ား၏စမ္းသပ္ခ်က္မွားယြင္းမႈေၾကာင့္ ေရာဂါပိုးသည္လူထုထံသို႔ျပန္႔ပြားကာ ကမာၻပ်က္ကပ္ဆိုက္ခဲ့ရသည္ အသက္႐ွင္က်န္ရစ္ေသာလူမ်ားသည္ လံုျခံဳစိတ္ခ်ရသည့္ ေနရာမ်ား႐ွာ၍ လက္နက္မ်ား ရိကၡာမ်ားသိုေလွာင္ကာ ဇြန္ဘီမ်ား၏အႏာၱရာယ္မွလြတ္ေအာင္ ကာကြယ္ေနထိုင္ၾကသည္ ဒီကမာၻ၏ဇာတ္လိုက္မွာ ေဟးမက္စ္ ျဖစ္ၿပီး သူသည္ စစ္တပ္ေခါင္းေဆာင္တစ္ေယာက္လည္းျဖစ္တယ္ ကမာၻပ်က္ကပ္စတင္ေသာအခါ ေဟးမက္စ္က သူရဲ႕အသက္႐ွင္က်န္ရစ္တဲ့တပ္သားမ်ားအားဦးေဆာင္ကာ Baseတစ္ခုတည္ေထာင္ၿပီး အသက္႐ွင္က်န္ရစ္ေသာသူမ်ားအားကယ္ဆယ္ေလသည္ ဒီကမာၻ၏ဇာတ္လိုက္မကေတာ့ အယ္လ္မီ ျဖစ္ၿပီး သူမကသ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္သည္ ျမိဳ႕စြန္တြင္ ဒါဏ္ရာျဖင့္လဲက်ေနေသာသူမကို ​ေဟးမက္စ္ကကယ္ဆယ္ခဲ့ကာ baseတြင္ေဆးကုသေပးခဲ့သည္ အခ်ိန္ၾကာလာသည္ႏွင့္အမ်ွ ေဟးမက္စ္ႏွင့္အယ္လ္မီသည္ သံေယာဇဥ္မ်ားတိုးကာ ခ်စ္သူမ်ားျဖစ္သြားၾကၿပီး အႏာၱရယ္ေတြဝိုင္းေနေသာ ကမာၻပ်က္ကပ္၌ေပ်ာ္ရႊင္စြာေနထိုင္သြားၾကတယ္

ကယ္ရီဝင္ေရာက္ေနတဲ့သူအေၾကာင္း႐ွင္းျပရမယ္ဆိုရင္ ဇန္လို႕ေခၚျပီး အယ္လ္မီအားသည္းသည္းလႈပ္အားေပးသည့္ fanboyေလးတစ္ေယာက္ျဖစ္တယ္ ဇန္က အယ္လ္မီ႐ိုက္ကူးေရး႐ွိသမ်ွေနရာတိုင္းအားသြားေရာက္ကာ အားေပးေလ့႐ွိတယ္ တစ္ေန႔ ၿမိဳ႕စြန္တြင္ အယ္လ္မီ ဇာတ္ကား႐ိုက္ကူးေနစဥ္ ကမာၻပ်က္ကပ္နဲ့တိုက္ကာဇြန္ဘီမ်ားလက္မွအသက္လုထြက္ေျပးရေလသည္ ဇန္လည္းအယ္လ္မီအားဆြဲကာထြက္ေျပးရင္းဇြန္ဘီမ်ားထံမွ ကာကြယ္ေပးခဲ့သည္ သို႔ေသာ္အယ္လ္မီကတစ္ကိုယ္ေကာင္းဆန္စြာ ဇန္အားဇြန္ဘီမ်ားကိုအေဝးသို႔ျမႇားေခၚသြားခိုင္းခဲ့သည္ အ႐ူးေကာင္ဇန္ကလည္း အယ္လ္မီ၏စကားအတိုင္းဇြန္ဘီမ်ားအားအေဝးသို႔ျမႇားေခၚရင္း ဇြန္ဘီအစာအျဖစ္ဇာတ္သိမ္းခဲ့ရသည္

“ေစာက္႐ူး”

System: “ဒီကမာၻရဲ႕မစ္႐ွင္ေတြကေတာ့
အယ္လ္မီအား ကာကြယ္ေစာက္ေ႐ွာက္ပါ
အသက္အႏာၱရာယ္မွ တစ္ႀကိမ္ကာကြယ္လ်ွင္point 100ရ႐ွိမည္”

“ေစာက္႐ူး မစ္႐ွင္”

System: “Base ႐ွိလူမ်ား၏အသက္ကိုကယ္တင္ပါ point- 1000”

“ဘာလို႔ကယ္ပဲကယ္ခိုင္းေနရတာလဲ တျခားမစ္႐ွင္ေျပာင္းေပး မကယ္ခ်င္ဘူး”

System: “မရဘူး “

“ဒီကိုယ္ကိုေသတြင္းပို႔ထားတဲ့မိန္းမကို ငါကဘာကိစၥကယ္ရမွလဲ မကယ္ႏိုင္ဘူး Baseကလူေတြအမ်ားႀကီးကိုလည္း မကယ္ႏိုင္ဘူး”

System: “မကယ္ရင္pointမရဘူး မစ္႐ွင္မေအာင္ဘူး “

ကယ္ရီစိတ္တိုတိုျဖင့္အနားမွအုတ္ခဲအားကန္ကာ “ေရ႐ွာေပး ေရခ်ိဳးခ်င္တယ္”

System: “နာရီဝက္ေလာက္သြားၿပီးရင္ ၿမိဳ႕ထဲေရာက္ၿပီ အဲ့ဒီမွာ ဇြန္ဘီေတြေတာ့ေတာ္ေတာ္မ်ားတယ္ ဒါေပမယ့္ Host လိုခ်င္တာအကုန္႐ွိတယ္ တစ္ျမိဳ႕လံုးႀကိဳက္တာလုပ္ပိုက္ဆံေပးစရာမလိုဘူး”

“ဟမ့္”

ကယ္ရီဘာမွဆက္မေျပာေတာ့ဘဲ သံတုတ္အားေသခ်ာကိုင္ကာျမိဳ႕ထဲသို႕ေလ်ွာက္လာခဲ့သည္ ထို႔ေနာက္လံုျခံဳေသာအိမ္တစ္အိမ္သို႔ဝင္ကာ ​ေရခ်ိဳးသန္႔စင္လိုက္သည္ ကယ္ရီအဝတ္စားမ်ားဝတ္ဆင္ျပီးေနာက္တြင္ အိမ္ထဲသို႔လွည္႕လည္႐ွာေဖြၾကည့္ရာ ေသနတ္တစ္လက္ႏွင့္ က်ည္ေလးကဒ္ခန္႔႐ွာေတြ႔ခဲ့သည္

“မဆိုးပါဘူး ေသနတ္ေလး႐ွိေတာ့အဆင္ေျပသြားတာေပါ့ ဒီညေတာ့ဒီမွာပဲအိပ္လိုက္ေတာ့မယ္ မနက္မွဇာတ္လိုက္ေထာင္ထားတဲ့Baseဆီသြားမယ္”

System: “Host ဇာတ္လိုက္က ဘယ္တစ္ေယာက္ျဖစ္မယ္လို႔ထင္လဲ”

“ငါဘယ္သိမလဲ ဒါနဲ႔ ေက်းဇူးျပဳၿပီး႐ုပ္ေလးေတြေျပာင္းေပးလို႔မရဘူးလား မင္းဟာကနာမည္သာေျပာင္းသြားတယ္ ဒီလူကဒီလူပဲ ၾကာေတာ့အဆင္မေျပဘူး”

System: “လူမဟုတ္ပါဘူး ပံုရိပ္ေယာင္ေတြပါဆို တကယ္ေတာ့ ကမာၻတိုင္းကလူ​ေတြအကုန္ရုပ္တူေနတာက ဒီSystemဖန္တီးတဲ့ပုဂၢိဳလ္အမွားလုပ္မိသြားတာ ေနာက္ေတာ့သူကျပန္ျပင္ရမွာပ်င္းၿပီးမျပင္ဘဲထားရင္းကေနဒီလိုျဖစ္သြားတာပဲ”

“တတ္လည္းတက္ႏိုင္တယ္
ေတာ္ပီ အိပ္ေတာ့မယ္ ဖုတ္ေကာင္ေတြၾကည့္ထားေပး”

မနက္ေရာက္ေတာ့ ကယ္ရီေက်ာပိုးအိတ္တစ္လံုးရွာကာ လိုအပ္သည့္စားစရာမ်ား ေဆးမ်ားနႇင့္ မီးဖိုေခ်ာင္ထဲရႇိ ဟင္းခ်က္သည့္ဓားပါမက်န္ ထည့္သိမ္းဆည္းလိုက္သည္ ထို႔ေနာက္ System ၫႊန္ျပသည့္အတိုင္း baseသို႔တစ္ကိုယ္တည္းခ်ီတက္ေလေတာ့သည္ တစ္ေနရာအေရာက္တြင္ ဖုတ္ေကာင္မ်ားႏွင့္တိုက္ခိုက္ေနသည့္ ရင္းႏွီးေသာမ်က္ႏွာမ်ားအားေတြ႔လိုက္ရသည္

ကယ္ရီအစကေတာ့ ဝင္မကူဘဲၾကည့္ေနရန္စဥ္းစားမိေသာ္လည္း အေျခေနမဟန္ေသာမိတ္ေဆြေဟာင္းႀကီးမ်ားအားျမင္သည့္အခါတြင္ တင္းမထားႏိုင္ေတာ့သျဖင့္ ညကမွပူပူေႏြးေႏြးေတြ႔ထားေသာ ေသနတ္အားထုတ္ကာဝင္ကူရေလသည္

ဂ်ိတ္ခ္တို႔အဖြဲ႔ ဇြန္ဘီမ်ားႏွင့္တိုက္ခိုက္ေနစဥ္ မိမိတို႔ဖက္မွာ႐ုတ္တရက္လာကူေသာသူေၾကာင့္ အာရံုခဏလြင့္သြားၾကသည္

“ဂ်ိတ္ခ္ အဲ့လူကဘယ္သူလဲ ဇြန္ဘီမ်ားလား”

“မိုခ်ီ မင္းက​ေတာ့ေလ ဇြန္ဘီဆိုမွေတာ့ငါတို႕ကိုလာကူေနမလား တစ္ခါတည္းဦးေႏွာက္လာေဖာက္စားမွာေပါ့ လူႀကီးမျမင္ဘူးလား”

“ဟုတ္သားပဲ ဟဲ…ဟဲ “

ဇြန္ဘီမ်ားအား႐ွင္းလင္းၿပီးေသာအခါ ဂ်ိတ္ခ္ဆိုသူမွ ကယ္ရီအား

“အခုလိုကူညီတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဒီကညီေလးနာမည္ဘယ္လိုေခၚလဲမသိဘူး အကို႔နာမည္က ဂ်ိတ္ခ္ပါ သူကေတာ့ မိုခ်ီ ဟိုတစ္ေယာက္ကေတာ့ ခရစ္တို လို႔ေခၚတယ္”

“ကြၽန္ေတာ့နာမည္ ဇန္ ပါ”

“ညီေလးကတစ္ေယာက္တည္းလား တျခားအေဖာ္ေရာမပါဘူးလား ဘယ္သြားမလို႔လဲ” ဟုခရစ္တိုကေမးလိုက္သည္

“ကြၽန္ေတာ္တစ္ေယာက္တည္းပါ A baseကိုသြားခ်င္လို႔ “

ထိုအခါ မိုခ်ီကေပ်ာ္ရႊင္စြာ “မင္းက ငါတို႔ baseကိုလာခိုလႈံတာလား ဒါဆိုငါတို႔နဲ႔တစ္ခါတည္းလိုက္ခဲ့လို႔ရတယ္
ငါတို႔က A base ကလူေတြ ရိကၡာေျခာက္ေတြ႐ွာဖို့ထြက္လာျကတာ”

“ဟုတ္လား အဲ့တာဆိုရင္ေတာ့ေက်းဇူးတင္ပါတယ္”

“မလိုပါဘူး ရပါတယ္ မင္းလည္းငါတို႔ကိုကူညီထားတာမလား ဟုတ္တယ္ေနာ္ဂ်ိတ္ခ္”

“ဟုတ္တာေပါ့…..လာကားေပၚတက္
သြားၾကစို႔”

ကားေပၚေတြ ကယ္ရီတစ္ေယာက္တစ္လမ္းလံုး မိုခ်ီ၏ေပါက္ေပါက္ေဖာက္သံမ်ားၾကား၌လံုးပမ္းေနရေတာ့သည္
‘ဟူးးး စကားမ်ားတာေတာ့အရင္အတိုင္းပဲ’

AN-ဟုတ္ပါတယ္ မိုခ်ီက က်န္းခ်န္ေလးပါ 😁
Upေပးတာေမ်ွာ္ေနတဲ့သူေတြ႐ွိတယ္ဆိုလို႔ထိုင္ေရးေနတာ ျပီးလို႔Upမယ္လည္းလုပ္ေရာ နာရီၾကည့္လိုက္တာ မထင္ထားဘူး ၁ခြဲေနၿပီ အယ္မေလး😆😆😆 အိပ္ေတာ့မယ္ Good night
☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode

ကယ်ရီတတိယကမ္ဘာသို့ရောက်ရောက်ချင်း ပထမဆုံးမြင်လိုက်ရသည်က မိမိ၏ဦးခေါင်းအားနှိုက်ဖောက်တော့မည့် လက်သည်းတစ်စုံပင်ဖြစ်သည် ထို့ပြင် ကယ်ရီ၏ပတ်ပတ်လည်၌လည်း ပုံပျက်ပန်းပျက်ဖြစ်နေသောလူ၁၀ယောက်ခန့်လည်းရှိနေသေးသည် အခြေနေကြည့်ရပုံမှာ ဇွန်ဘီများရှိသော ကမ္ဘာသို့ရောက်နေပုံရသည်
ကယ်ရီနာကျင်နေသောခေါင်းအား အနည်းငယ်သက်သာ​စေရန် ခါရမ်းပြီး​နောက် ခန့်မှန်းရခက်သောအပြုံးပြုံးကာ

‘ငါ့ခေါင်းကိုဖောက်ချင်တယ်ပေါ့ စိတ်ကူးတောင်မယဉ်နဲ့’

ကယ်ရီ မိမိအားရန်ပြုနေသည့်ဇွန်ဘီ၏လက်အားဆွဲကာကိုင်ပေါက်လိုက်သည် ထို့နောက်အနီးရှိသံချောင်းဖြင့် ဦးခေါင်းအားထိုးစိုက်လိုက်သည် တခြားဇွန်ဘီများကလည်း ကယ်ရီထံသို့ဝိုင်း၍စုပြုံကာတိုက်ခိုက်လေတော့သည် နာရီဝက်ခန့်ကြာပြီးနောက် တစ်ကိုယ်လုံးသွေးများပေကျံနေသောကယ်ရီတစ်ယောက် အနီးရှိဂိုထောင်ထဲတွင်အနားယူနေလေသည်

“ဟူး…တိုက်ခိုက်ရတာဒီလောက်ပျော်ဖို့ကောင်းမှန်း ငါတကယ်မသိခဲ့ဘူး ဒါပေမယ့်  ဒီဖုတ်ကောင်တွေရဲ့သွေးတွေကတော့ အော်ဂလီဆန်ချင်စရာကောင်းတယ် နောက်တစ်ခါ သွေးမစင်အောင်သတ်မှဖြစ်မယ်”

System တခြားသူတစ်ယောက်လိုပြောင်းသွားသော Hostအားကြည့်၍ နည်းနည်းစိုးရိမ်လာမိသည် သူစတွေ့တုန်းကHostက အရမ်းကြောက်တတ်တဲ့သူမဟုတ်လား အခုလိုဇွန်ဘီအုပ်အား ပြုံးရွှင်ကာလိုက်သတ်နေပုံမှာ Hostရဲ့မူလစရိုက်နှင့်ကွဲထွက်နေသည်

System: ” Host… အဆင်ပြေရဲ့လား”

“ဒါပေါ့ အဆင်ပြေတာပေါ့ မြန်မြန်ဒီကမ္ဘာအကြောင်းမှတ်ဉာဏ်လွှဲတော့ “

System: “ဟုတ်ကဲ့”

ကယ်ရီရောက်ရှိနေသည့်ကမ္ဘာမှာ ဇွန်ဘီပိုးများကူးစက်နေသောကမ္ဘာဖြစ်သည် သိပ္ပံပညာရှင်များ၏စမ်းသပ်ချက်မှားယွင်းမှုကြောင့် ရောဂါပိုးသည်လူထုထံသို့ပြန့်ပွားကာ ကမ္ဘာပျက်ကပ်ဆိုက်ခဲ့ရသည် အသက်ရှင်ကျန်ရစ်သောလူများသည် လုံခြုံစိတ်ချရသည့် နေရာများရှာ၍ လက်နက်များ ရိက္ခာများသိုလှောင်ကာ ဇွန်ဘီများ၏အန္တာရာယ်မှလွတ်အောင် ကာကွယ်နေထိုင်ကြသည် ဒီကမ္ဘာ၏ဇာတ်လိုက်မှာ ဟေးမက်စ် ဖြစ်ပြီး သူသည် စစ်တပ်ခေါင်းဆောင်တစ်ယောက်လည်းဖြစ်တယ် ကမ္ဘာပျက်ကပ်စတင်သောအခါ ဟေးမက်စ်က သူရဲ့အသက်ရှင်ကျန်ရစ်တဲ့တပ်သားများအားဦးဆောင်ကာ Baseတစ်ခုတည်ထောင်ပြီး အသက်ရှင်ကျန်ရစ်သောသူများအားကယ်ဆယ်လေသည် ဒီကမ္ဘာ၏ဇာတ်လိုက်မကတော့ အယ်လ်မီ ဖြစ်ပြီး သူမကသရုပ်ဆောင်တစ်ယောက်ဖြစ်သည် မြို့စွန်တွင် ဒါဏ်ရာဖြင့်လဲကျနေသောသူမကို ​ဟေးမက်စ်ကကယ်ဆယ်ခဲ့ကာ baseတွင်ဆေးကုသပေးခဲ့သည် အချိန်ကြာလာသည်နှင့်အမျှ ဟေးမက်စ်နှင့်အယ်လ်မီသည် သံယောဇဉ်များတိုးကာ ချစ်သူများဖြစ်သွားကြပြီး အန္တာရယ်တွေဝိုင်းနေသော ကမ္ဘာပျက်ကပ်၌ပျော်ရွှင်စွာနေထိုင်သွားကြတယ်

ကယ်ရီဝင်ရောက်နေတဲ့သူအကြောင်းရှင်းပြရမယ်ဆိုရင် ဇန်လို့ခေါ်ပြီး အယ်လ်မီအားသည်းသည်းလှုပ်အားပေးသည့် fanboyလေးတစ်ယောက်ဖြစ်တယ် ဇန်က အယ်လ်မီရိုက်ကူးရေးရှိသမျှနေရာတိုင်းအားသွားရောက်ကာ အားပေးလေ့ရှိတယ် တစ်နေ့ မြို့စွန်တွင် အယ်လ်မီ ဇာတ်ကားရိုက်ကူးနေစဉ် ကမ္ဘာပျက်ကပ်နဲ့တိုက်ကာဇွန်ဘီများလက်မှအသက်လုထွက်ပြေးရလေသည် ဇန်လည်းအယ်လ်မီအားဆွဲကာထွက်ပြေးရင်းဇွန်ဘီများထံမှ ကာကွယ်ပေးခဲ့သည် သို့သော်အယ်လ်မီကတစ်ကိုယ်ကောင်းဆန်စွာ ဇန်အားဇွန်ဘီများကိုအဝေးသို့မြှားခေါ်သွားခိုင်းခဲ့သည် အရူးကောင်ဇန်ကလည်း အယ်လ်မီ၏စကားအတိုင်းဇွန်ဘီများအားအဝေးသို့မြှားခေါ်ရင်း ဇွန်ဘီအစာအဖြစ်ဇာတ်သိမ်းခဲ့ရသည်

“စောက်ရူး”

System: “ဒီကမ္ဘာရဲ့မစ်ရှင်တွေကတော့
အယ်လ်မီအား ကာကွယ်စောက်ရှောက်ပါ
အသက်အန္တာရာယ်မှ တစ်ကြိမ်ကာကွယ်လျှင်point 100ရရှိမည်”

“စောက်ရူး မစ်ရှင်”

System: “Base ရှိလူများ၏အသက်ကိုကယ်တင်ပါ point- 1000”

“ဘာလို့ကယ်ပဲကယ်ခိုင်းနေရတာလဲ တခြားမစ်ရှင်ပြောင်းပေး မကယ်ချင်ဘူး”

System: “မရဘူး “

“ဒီကိုယ်ကိုသေတွင်းပို့ထားတဲ့မိန်းမကို ငါကဘာကိစ္စကယ်ရမှလဲ မကယ်နိုင်ဘူး Baseကလူတွေအများကြီးကိုလည်း မကယ်နိုင်ဘူး”

System: “မကယ်ရင်pointမရဘူး မစ်ရှင်မအောင်ဘူး “

ကယ်ရီစိတ်တိုတိုဖြင့်အနားမှအုတ်ခဲအားကန်ကာ “ရေရှာပေး ရေချိုးချင်တယ်”

System: “နာရီဝက်လောက်သွားပြီးရင် မြို့ထဲရောက်ပြီ အဲ့ဒီမှာ ဇွန်ဘီတွေတော့တော်တော်များတယ် ဒါပေမယ့် Host လိုချင်တာအကုန်ရှိတယ် တစ်မြို့လုံးကြိုက်တာလုပ်ပိုက်ဆံပေးစရာမလိုဘူး”

“ဟမ့်”

ကယ်ရီဘာမှဆက်မပြောတော့ဘဲ သံတုတ်အားသေချာကိုင်ကာမြို့ထဲသို့လျှောက်လာခဲ့သည် ထို့နောက်လုံခြုံသောအိမ်တစ်အိမ်သို့ဝင်ကာ ​ရေချိုးသန့်စင်လိုက်သည် ကယ်ရီအဝတ်စားများဝတ်ဆင်ပြီးနောက်တွင် အိမ်ထဲသို့လှည့်လည်ရှာဖွေကြည့်ရာ သေနတ်တစ်လက်နှင့် ကျည်လေးကဒ်ခန့်ရှာတွေ့ခဲ့သည်

“မဆိုးပါဘူး သေနတ်လေးရှိတော့အဆင်ပြေသွားတာပေါ့ ဒီညတော့ဒီမှာပဲအိပ်လိုက်တော့မယ် မနက်မှဇာတ်လိုက်ထောင်ထားတဲ့Baseဆီသွားမယ်”

System: “Host ဇာတ်လိုက်က ဘယ်တစ်ယောက်ဖြစ်မယ်လို့ထင်လဲ”

“ငါဘယ်သိမလဲ ဒါနဲ့ ကျေးဇူးပြုပြီးရုပ်လေးတွေပြောင်းပေးလို့မရဘူးလား မင်းဟာကနာမည်သာပြောင်းသွားတယ် ဒီလူကဒီလူပဲ ကြာတော့အဆင်မပြေဘူး”

System: “လူမဟုတ်ပါဘူး ပုံရိပ်ယောင်တွေပါဆို တကယ်တော့ ကမ္ဘာတိုင်းကလူ​တွေအကုန်ရုပ်တူနေတာက ဒီSystemဖန်တီးတဲ့ပုဂ္ဂိုလ်အမှားလုပ်မိသွားတာ နောက်တော့သူကပြန်ပြင်ရမှာပျင်းပြီးမပြင်ဘဲထားရင်းကနေဒီလိုဖြစ်သွားတာပဲ”

“တတ်လည်းတက်နိုင်တယ်
တော်ပီ အိပ်တော့မယ် ဖုတ်ကောင်တွေကြည့်ထားပေး”

မနက်ရောက်တော့ ကယ်ရီကျောပိုးအိတ်တစ်လုံးရှာကာ လိုအပ်သည့်စားစရာများ ဆေးများနှင့် မီးဖိုချောင်ထဲရှိ ဟင်းချက်သည့်ဓားပါမကျန် ထည့်သိမ်းဆည်းလိုက်သည် ထို့နောက် System ညွှန်ပြသည့်အတိုင်း baseသို့တစ်ကိုယ်တည်းချီတက်လေတော့သည် တစ်နေရာအရောက်တွင် ဖုတ်ကောင်များနှင့်တိုက်ခိုက်နေသည့် ရင်းနှီးသောမျက်နှာများအားတွေ့လိုက်ရသည်

ကယ်ရီအစကတော့ ဝင်မကူဘဲကြည့်နေရန်စဉ်းစားမိသော်လည်း အခြေနေမဟန်သောမိတ်ဆွေဟောင်းကြီးများအားမြင်သည့်အခါတွင် တင်းမထားနိုင်တော့သဖြင့် ညကမှပူပူနွေးနွေးတွေ့ထားသော သေနတ်အားထုတ်ကာဝင်ကူရလေသည်

ဂျိတ်ခ်တို့အဖွဲ့ ဇွန်ဘီများနှင့်တိုက်ခိုက်နေစဉ် မိမိတို့ဖက်မှာရုတ်တရက်လာကူသောသူကြောင့် အာရုံခဏလွင့်သွားကြသည်

“ဂျိတ်ခ် အဲ့လူကဘယ်သူလဲ ဇွန်ဘီများလား”

“မိုချီ မင်းက​တော့လေ ဇွန်ဘီဆိုမှတော့ငါတို့ကိုလာကူနေမလား တစ်ခါတည်းဦးနှောက်လာဖောက်စားမှာပေါ့ လူကြီးမမြင်ဘူးလား”

“ဟုတ်သားပဲ ဟဲ…ဟဲ “

ဇွန်ဘီများအားရှင်းလင်းပြီးသောအခါ ဂျိတ်ခ်ဆိုသူမှ ကယ်ရီအား

“အခုလိုကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒီကညီလေးနာမည်ဘယ်လိုခေါ်လဲမသိဘူး အကို့နာမည်က ဂျိတ်ခ်ပါ သူကတော့ မိုချီ ဟိုတစ်ယောက်ကတော့ ခရစ်တို လို့ခေါ်တယ်”

“ကျွန်တော့နာမည် ဇန် ပါ”

“ညီလေးကတစ်ယောက်တည်းလား တခြားအဖော်ရောမပါဘူးလား ဘယ်သွားမလို့လဲ” ဟုခရစ်တိုကမေးလိုက်သည်

“ကျွန်တော်တစ်ယောက်တည်းပါ A baseကိုသွားချင်လို့ “

ထိုအခါ မိုချီကပျော်ရွှင်စွာ “မင်းက ငါတို့ baseကိုလာခိုလှုံတာလား ဒါဆိုငါတို့နဲ့တစ်ခါတည်းလိုက်ခဲ့လို့ရတယ်
ငါတို့က A base ကလူတွေ ရိက္ခာခြောက်တွေရှာဖို့ထွက်လာကြတာ”

“ဟုတ်လား အဲ့တာဆိုရင်တော့ကျေးဇူးတင်ပါတယ်”

“မလိုပါဘူး ရပါတယ် မင်းလည်းငါတို့ကိုကူညီထားတာမလား ဟုတ်တယ်နော်ဂျိတ်ခ်”

“ဟုတ်တာပေါ့…..လာကားပေါ်တက်
သွားကြစို့”

ကားပေါ်တွေ ကယ်ရီတစ်ယောက်တစ်လမ်းလုံး မိုချီ၏ပေါက်ပေါက်ဖောက်သံများကြား၌လုံးပမ်းနေရတော့သည်
‘ဟူးးး စကားများတာတော့အရင်အတိုင်းပဲ’

AN-ဟုတ်ပါတယ် မိုချီက ကျန်းချန်လေးပါ 😁
Upပေးတာမျှော်နေတဲ့သူတွေရှိတယ်ဆိုလို့ထိုင်ရေးနေတာ ပြီးလို့Upမယ်လည်းလုပ်ရော နာရီကြည့်လိုက်တာ မထင်ထားဘူး ၁ခွဲနေပြီ အယ်မလေး😆😆😆 အိပ်တော့မယ် Good night
☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 3.1(ဇန္), novel System 286 (On Going) Arc 3.1(ဇန္), read System 286 (On Going) Arc 3.1(ဇန္) online, System 286 (On Going) Arc 3.1(ဇန္) chapter, System 286 (On Going) Arc 3.1(ဇန္) high quality, System 286 (On Going) Arc 3.1(ဇန္) light novel, ,

Comment

Leave a Reply

Chapter 36