System 286 (On Going) Arc 3.2(ဇန္)

All chapters are in System 286 (On Going)
A+ A-

Zawgyi

Baseသို႔ေရာက္ေသာအခါ ဂ်ိတ္ခ္မွကယ္ရီအား လူဝင္မႈႀကီးၾကပ္သည့္ေနရာသို႔ေခၚသြားကာ စာရင္းေပးေစသည္

“ေနာက္မွမင္းကို အကိုေခါင္းေဆာင္နဲ႔မိတ္ဆက္ေပးမယ္ အခုေတာ့ေနရမဲ့ေနရာကိုလိုက္ျပေပးမယ္ “

“ေက်းဇူး ဂ်ိတ္ခ္”

A Base ၏တည္ေဆာက္ပံုမွာ႐ိုး႐ွင္းသည္ Base၏ပတ္လည္တြင္ လ်ွပ္စစ္သံဆူးႀကိဳးမ်ား သံုးထပ္ခန္႔ကာရံထားျပီး baseထဲ႐ွိလူမ်ားကလည္း အလွည့္က်ကင္းေစာင့္ရသည္ မိမိကိုယ္ကိုကာကြယ္ႏိုင္စြမ္းျမင့္သူမ်ားက အနီးနား႐ွိၿမိဳ႕မ်ားဆီသို႔သြားေရာက္ကာ ရိကၡာေျခာက္မ်ားစုေဆာင္းရသည္ ဒီေန႔ဂ်ိတ္ခ္တို႔အဖြဲ႔ရိကၡာ႐ွာရမည့္အလွည့္ျဖစ္သျဖင့္ ထြက္လာရာ ကယ္ရီနဲ႔ေတြ႔ဆံုခဲ့ျခင္းျဖစ္သည္

ဂ်ိတ္ခ္သည္ ကယ္ရီအားေနရာျပၿပီးသည္ႏွင့္ ကိစၥ႐ွိသျဖင့္ညေနမွထပ္လာခဲ့မည္ဟုဆိုတာထြက္သြားသည္
ကယ္ရီလည္း အိတ္ထဲမွပစၥည္းမ်ားအားေနရာခ်လိုက္ျပီးေနာက္ အခန္းထဲသို႔စိတ္ပ်က္ေနေသာအၾကည့္ျဖင့္တစ္ခ်က္ၾကည့္လိုက္ရင္း

“အခန္းကလည္းက်ဥ္းလိုက္တာ လက္ႏွစ္ဖက္ဆန္႔လိုက္ရင္ လက္ကနံရံနဲ႔သြားထိေနၿပီ ဟူးးး “

(AN- မ်က္လံုးထဲမေပၚမွာစိုးလို႔ 🙂)

System: “အခန္းရတာပဲကံေကာင္းတယ္မွတ္ တခ်ိဳ႕လူေတြဆိုေဟာခန္းနဲ႔အိပ္ရတာေနာ္”

“ဒါနဲ႕ဇာတ္လိုက္မေရာ ဒီကိုေရာက္ေနၿပီလား”

System: “ေရာက္ေနျပီ Host ကုသေဆာင္မွာ အစကဒဏ္ရာရထားလို႔ ေဆးကုေနေပမယ့္ အခုကေတာ့ကုသေဆာင္မွာပဲေဆးအကူျပန္လုပ္ေနတယ္”

“အကိုက္ခံရတာလား”

System: “အကိုက္ခံရရင္ဟိုကေဆးကုေပးမလား တစ္ခါတည္းသတ္လိုက္မွာေပါ့ အခုကထြက္ေျပးရင္းနဲ႔ ဇာတ္လိုက္တို႔စီးလာတဲ့ကားကိုဝင္တိုးမိတာ”(ဟုတ္ကဲ့ကားကိုေျပးတိုက္တာပါ🙂)

“ေအာ္….အဲ့ဒီလိုလား
ဒါဆို ငါ့ရဲ႕pointထုတ္စက္ေလးေရာက္ေနၿပီဆိုမွေတာ့ သြားႏႈတ္ဆက္ရမွာေပါ့”

ကယ္ရီ ကုသေဆာင္အားသြားသည္႔လမ္းတြင္ လူတစ္ေယာက္ႏွင့္စကားေျပာေနေသာဂ်ိတ္ခ္အားလွမ္းေတြ႔လိုက္ရသည္ ထိုလူ၏ေနာက္ေက်ာကိုသာျမင္ရေသာေၾကာင့္ ကယ္ရီမည္သူမွန္းမခြဲျခားတတ္ေပ ဂ်ိတ္ခ္သည္မိမိအားျမင္သျဖင့္ လွမ္းေခၚလာသည္

“ဇန္ အေတာ္ပဲ မင္းကိုေတြ႔တာနဲ႔
လာ…. ေခါင္းေဆာင္နဲ႔မိတ္ဆက္ေပးမယ္
ဒါကိုယ္တို႔ baseရဲ႕ေခါင္းေဆာင္ ေဟးမက္စ္ “
ဂ်ိတ္ခ္၏စကားေျကာင့္ ေဟးမက္စ္ ဆိုသည့္လူသည္ေနာက္လို႔လွည့္လာကာ ကယ္ရီအား
” ေတြ႔ရတာဝမ္းသာပါတယ္ ကိုယ္ကေဟးမက္စ္ပါ”

ကယ္ရီ ေဟးမက္စ္၏မ်က္ႏွာအားျမင္လိုက္ရေသာအခါ ေဒါသမ်ားအလ်ႇင္ျမန္ထြက္လာသည္ System၏သတိေပးမႈေၾကာင့္သာမဟုတ္ပါက ထိုလူအားတစ္ခုခုလုပ္မိသြားမလားမေျပာတတ္ေပ ကယ္ရီလက္သီးအားက်စ္က်စ္ပါေအာင္စုတ္ရင္း ေဒါသမ်ားအားျပန္ထိန္းခ်ဳပ္ၿပီးေနာက္

“ေတြ႔ရတာဝမ္းသာပါတယ္ ဇန္ပါ”

ထိုအခါ ဂ်ိတ္ခ္မွ
“ေခါင္းေဆာင္ကိုေျပာျပထားတဲ့အတိုင္း ဇန္ကၿမိဳ႕ထဲမွာကြၽန္ေတာ္တို႔အဖြဲ႔ဒုကၡေရာက္ေနတုန္း ဝင္ကူညီခဲ့တာပါ ၿပီးေတာ့သူ႔ကို ကြၽန္ေတာ္တို႔အဖြဲ႔ထဲေခၚခ်င္ပါတယ္ “

“ရပါတယ္ မင္းတို႔အဆင္ေျပသလိုလုပ္ပါ”

“ေက်းဇူးတင္ပါတယ္ ေခါင္းေဆာင္
ဒါနဲ႔ဇန္ ဘာလို႔အျပင္ထြက္လာတာလဲ တစ္ခုခုလိုတာ႐ွိလို႔လား”

“ကြၽန္ေတာ္ေဆးနည္းနည္းလိုခ်င္လို႔ ကုသေဆာင္လိုက္႐ွာေနတာပါ”

“ဟမ္….ဘာျဖစ္လို႔လဲဇန္
ေနမေကာင္းဘူးလား”

“ကိုယ္လက္နည္းနည္းကိုက္ေနလို႔ပါ အဲ့တာအကိုက္ခဲေပ်ာက္ေဆးေလးလိုခ်င္လို႔”

“အဲ့တာေစာေစာကတည္းကေျပာမွေပါ့ လာ…အကိုလိုက္ပို႔ေပးမယ္”

“ေက်းဇူး ဂ်ိတ္ခ္”

“အဟမ္း….ကိုယ္လည္းအခုကုသေဆာင္ကိုခဏ သြားၾကည့္မလို႔ မင္းအဆင္ေျပရင္ ကိုယ္နဲ႔လိုက္ခဲ့လို႔ရတယ္”

“အဲ့တာဆိုအဆင္ေျပတာေပါ့ ေခါင္းေဆာင္နဲ႔လိုက္သြားလို႔ရတာပဲ”

“မဟုတ္တာ ကြၽန္ေတာ့ကိုေနရာပဲေျပာျပေပးပါ ကြၽန္ေတာ္ကိုယ့္ဟာကိုယ္ပဲသြားလိုက္ပါမယ္ ကိစၥမ႐ွိပါဘူး “

“ကိုယ္ကလမ္းၾကံဳလို႔ေခၚတာ အပန္းမႀကီးပါဘူး”

ကယ္ရီစိတ္ထဲေအာင့္သက္သက္ျဖင့္
“ေက်းဇူးပါ ေခါင္းေဆာင္”

ေဟးမက္စ္သည္ မိမိကိုယ္ကိုအျမဲစံျပတစ္ေယာက္ျဖစ္ေအာင္ႀကိဳးစားေနထိုင္ခဲ့သျဖင့္ လူတိုင္း၏အားက်ေသာမ်က္လံုးမ်ားျဖင့္သာ ၾကံဳေတြခဲ့ဖူးသည္ မိမိအားသတ္မဲ့ျဖတ္မဲ့မ်က္လံုးျဖင့္ၾကည့္သူမွာ ဇန္ဆိုသည့္ေကာင္ေလးတစ္ေယာက္တည္းသာ႐ွိႏိုင္ေလာက္သည္ ထိုကာင္ေလးမွာမိမိအားအဘယ္ေၾကာင့္ ထိုကဲ့သို႔မ်က္လံုးျဖင့္ၾကည့္ခဲ့သည့္ကို ေဟးမက္စ္ စဥ္းစား၍မရေတာ့

‘ငါ့မ်က္ႏွာက ေတာ္ေတာ္အျမင္ကတ္စရာေကာင္းေနလို႔လား ဒါမွမဟုတ္ ငါသူနဲ႔ရန္ၿငိဳးမ်ား႐ွိခဲ့လို႔လား’

ကုသေဆာင္သို႔ဝင္လိုက္သည္ႏွင့္ ဆရာဝင္မ်ား သူနာျပဳမ်ားကေဟးမက္စ္အနားသိုဝိုင္းလာကာႏႈတ္ဆက္ၾကသည္ ေဟးမက္စ္သည္ေခါင္းေဆာင္ျဖစ္ပံုရေသာဆရာဝန္အားေခၚကာ

“သူ႔ကိုၾကည့္ေပးလိုက္ပါအံုး ကိုယ္လက္ေတြကိုက္ေနလို႔လို႔ေျပာတယ္”

“ဟုတ္ကဲ့ ေခါင္းေဆာင္”

‘ဒီလူကလည္း ငါကအေယာင္ျပေဆးလာယူျပီးဇာတ္လိုက္မကိုလာျကည့္ပါတယ္ဆိုမွ ဆရာဝန္နဲ႔ေတာင္စစ္ခိုင္းေနေသးတယ္ ငါ့႐ုပ္ကလူလိမ္႐ုပ္ေပါက္ေနလို႔လား
System ငါ့ကိုဖ်ားေအာင္လုပ္ေပးအံုး’

System: “႐ိုး႐ိုးလား ႐ွယ္လား”

‘ဖ်ားခ်င္သလိုဖ်ား ဆရာဝန္ေရာဂါ႐ွာေတြ႔ရင္ၿပီးတာပဲ’

ကယ္ရီ ႐ုတ္တရက္ အပူခ်ိန္ထိုးတက္လာၿပီး ေခါင္းေတြလည္းမေနႏိုင္ေအာင္ကိုက္လာသည္ စိတ္ထဲတြင္Systemအားႀကိမ္ဆဲရင္ ဆရာဝန္ထံသို႔ အစစ္ေဆးခံရန္သြားလိုက္သည္
ဆရာဝန္မွ စစ္ေဆးၿပီးေနာက္

“ဒီေလာက္အပူခ်ိန္ေတြတက္ၿပီးအဖ်ားႀကီးေနတာကို မင္းဒီထိေရာက္ေအာင္ဘယ္လိုလာခဲ့တာလဲဆိုတာ ဆရာေတာ့မစဥ္းစားတတ္ေတာ့ဘူး”

“သူေတာ္ေတာ္ ဖ်ားေနတာလား”

“ဟုတ္တယ္ေခါင္းေဆာင္ သာမန္လူဆိုအိပ္ယာထဲလဲေနရမွာကို သူကအေဆာင္ထဲဝင္လာတုန္းက သာမန္အတိုင္းပဲဆိုေတာ့ကြၽန္ေတာ္ေတာင္အံ့ျသသြားတာ”

ေဟးမက္စ္ ကုတင္ေပၚတြင္လွဲေနေသာ ေကာင္ေလးအားတစ္ခ်က္ၾကည့္ၿပီး

“ေဒါက္တာ အဲ့တာဆိုသူ႔ကိုဒီမွာပဲထားခဲ့လိုက္မယ္ အဖ်ားေပ်ာက္မွလာေခၚလိုက္ေတာ့မယ္”

“ေခါင္းေဆာင္ရဲ႕သေဘာအတိုင္းပါပဲ”

ထိုလူသည္ မိမိအားတစ္ခြန္းမွ မေမးဘဲႏွင့္သူ႔သေဘာတိုင္းလုပ္ေနသျဖင့္ ကယ္ရီေဒါသထြက္ေနေသာ္လည္း ေခါင္းမွာမတရားထိုးကိုက္ေနသျဖင့္ ျပန္မေျပာအား
သူျပန္လိုက္အံုးမယ္ မနက္မွတစ္ေခါက္ျပန္လာခဲ့မည္ဟုေျပာေနသည္ကိုလည္း မၾကားခ်င္ေယာင္ေဆာင္ေနလိုက္သည္
‘မအလsystem ငါကကိုယ္ပူရံုေလာက္လုပ္ခိုင္းတာကို ဘယ္ေလာက္ေတာင္လုပ္ပစ္လိုက္တာလဲ ေတြ႔အံုးမယ္…….
ဒီမွာခဏေနရေတာ့လည္းေကာင္းပါတယ္ ဒီကိုယ္ကိုေသတြင္းပို႔ထားတဲ့ဇတ္လိုက္မနဲ႔ေတြ႔ရတာေပါ့’

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode

Baseသို့ရောက်သောအခါ ဂျိတ်ခ်မှကယ်ရီအား လူဝင်မှုကြီးကြပ်သည့်နေရာသို့ခေါ်သွားကာ စာရင်းပေးစေသည်

“နောက်မှမင်းကို အကိုခေါင်းဆောင်နဲ့မိတ်ဆက်ပေးမယ် အခုတော့နေရမဲ့နေရာကိုလိုက်ပြပေးမယ် “

“ကျေးဇူး ဂျိတ်ခ်”

A Base ၏တည်ဆောက်ပုံမှာရိုးရှင်းသည် Base၏ပတ်လည်တွင် လျှပ်စစ်သံဆူးကြိုးများ သုံးထပ်ခန့်ကာရံထားပြီး baseထဲရှိလူများကလည်း အလှည့်ကျကင်းစောင့်ရသည် မိမိကိုယ်ကိုကာကွယ်နိုင်စွမ်းမြင့်သူများက အနီးနားရှိမြို့များဆီသို့သွားရောက်ကာ ရိက္ခာခြောက်များစုဆောင်းရသည် ဒီနေ့ဂျိတ်ခ်တို့အဖွဲ့ရိက္ခာရှာရမည့်အလှည့်ဖြစ်သဖြင့် ထွက်လာရာ ကယ်ရီနဲ့တွေ့ဆုံခဲ့ခြင်းဖြစ်သည်

ဂျိတ်ခ်သည် ကယ်ရီအားနေရာပြပြီးသည်နှင့် ကိစ္စရှိသဖြင့်ညနေမှထပ်လာခဲ့မည်ဟုဆိုတာထွက်သွားသည်
ကယ်ရီလည်း အိတ်ထဲမှပစ္စည်းများအားနေရာချလိုက်ပြီးနောက် အခန်းထဲသို့စိတ်ပျက်နေသောအကြည့်ဖြင့်တစ်ချက်ကြည့်လိုက်ရင်း

“အခန်းကလည်းကျဉ်းလိုက်တာ လက်နှစ်ဖက်ဆန့်လိုက်ရင် လက်ကနံရံနဲ့သွားထိနေပြီ ဟူးးး “

(AN- မျက်လုံးထဲမပေါ်မှာစိုးလို့ 🙂)

System: “အခန်းရတာပဲကံကောင်းတယ်မှတ် တချို့လူတွေဆိုဟောခန်းနဲ့အိပ်ရတာနော်”

“ဒါနဲ့ဇာတ်လိုက်မရော ဒီကိုရောက်နေပြီလား”

System: “ရောက်နေပြီ Host ကုသဆောင်မှာ အစကဒဏ်ရာရထားလို့ ဆေးကုနေပေမယ့် အခုကတော့ကုသဆောင်မှာပဲဆေးအကူပြန်လုပ်နေတယ်”

“အကိုက်ခံရတာလား”

System: “အကိုက်ခံရရင်ဟိုကဆေးကုပေးမလား တစ်ခါတည်းသတ်လိုက်မှာပေါ့ အခုကထွက်ပြေးရင်းနဲ့ ဇာတ်လိုက်တို့စီးလာတဲ့ကားကိုဝင်တိုးမိတာ”(ဟုတ်ကဲ့ကားကိုပြေးတိုက်တာပါ🙂)

“အော်….အဲ့ဒီလိုလား
ဒါဆို ငါ့ရဲ့pointထုတ်စက်လေးရောက်နေပြီဆိုမှတော့ သွားနှုတ်ဆက်ရမှာပေါ့”

ကယ်ရီ ကုသဆောင်အားသွားသည့်လမ်းတွင် လူတစ်ယောက်နှင့်စကားပြောနေသောဂျိတ်ခ်အားလှမ်းတွေ့လိုက်ရသည် ထိုလူ၏နောက်ကျောကိုသာမြင်ရသောကြောင့် ကယ်ရီမည်သူမှန်းမခွဲခြားတတ်ပေ ဂျိတ်ခ်သည်မိမိအားမြင်သဖြင့် လှမ်းခေါ်လာသည်

“ဇန် အတော်ပဲ မင်းကိုတွေ့တာနဲ့
လာ…. ခေါင်းဆောင်နဲ့မိတ်ဆက်ပေးမယ်
ဒါကိုယ်တို့ baseရဲ့ခေါင်းဆောင် ဟေးမက်စ် “
ဂျိတ်ခ်၏စကားကြောင့် ဟေးမက်စ် ဆိုသည့်လူသည်နောက်လို့လှည့်လာကာ ကယ်ရီအား
” တွေ့ရတာဝမ်းသာပါတယ် ကိုယ်ကဟေးမက်စ်ပါ”

ကယ်ရီ ဟေးမက်စ်၏မျက်နှာအားမြင်လိုက်ရသောအခါ ဒေါသများအလျှင်မြန်ထွက်လာသည် System၏သတိပေးမှုကြောင့်သာမဟုတ်ပါက ထိုလူအားတစ်ခုခုလုပ်မိသွားမလားမပြောတတ်ပေ ကယ်ရီလက်သီးအားကျစ်ကျစ်ပါအောင်စုတ်ရင်း ဒေါသများအားပြန်ထိန်းချုပ်ပြီးနောက်

“တွေ့ရတာဝမ်းသာပါတယ် ဇန်ပါ”

ထိုအခါ ဂျိတ်ခ်မှ
“ခေါင်းဆောင်ကိုပြောပြထားတဲ့အတိုင်း ဇန်ကမြို့ထဲမှာကျွန်တော်တို့အဖွဲ့ဒုက္ခရောက်နေတုန်း ဝင်ကူညီခဲ့တာပါ ပြီးတော့သူ့ကို ကျွန်တော်တို့အဖွဲ့ထဲခေါ်ချင်ပါတယ် “

“ရပါတယ် မင်းတို့အဆင်ပြေသလိုလုပ်ပါ”

“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်
ဒါနဲ့ဇန် ဘာလို့အပြင်ထွက်လာတာလဲ တစ်ခုခုလိုတာရှိလို့လား”

“ကျွန်တော်ဆေးနည်းနည်းလိုချင်လို့ ကုသဆောင်လိုက်ရှာနေတာပါ”

“ဟမ်….ဘာဖြစ်လို့လဲဇန်
နေမကောင်းဘူးလား”

“ကိုယ်လက်နည်းနည်းကိုက်နေလို့ပါ အဲ့တာအကိုက်ခဲပျောက်ဆေးလေးလိုချင်လို့”

“အဲ့တာစောစောကတည်းကပြောမှပေါ့ လာ…အကိုလိုက်ပို့ပေးမယ်”

“ကျေးဇူး ဂျိတ်ခ်”

“အဟမ်း….ကိုယ်လည်းအခုကုသဆောင်ကိုခဏ သွားကြည့်မလို့ မင်းအဆင်ပြေရင် ကိုယ်နဲ့လိုက်ခဲ့လို့ရတယ်”

“အဲ့တာဆိုအဆင်ပြေတာပေါ့ ခေါင်းဆောင်နဲ့လိုက်သွားလို့ရတာပဲ”

“မဟုတ်တာ ကျွန်တော့ကိုနေရာပဲပြောပြပေးပါ ကျွန်တော်ကိုယ့်ဟာကိုယ်ပဲသွားလိုက်ပါမယ် ကိစ္စမရှိပါဘူး “

“ကိုယ်ကလမ်းကြုံလို့ခေါ်တာ အပန်းမကြီးပါဘူး”

ကယ်ရီစိတ်ထဲအောင့်သက်သက်ဖြင့်
“ကျေးဇူးပါ ခေါင်းဆောင်”

ဟေးမက်စ်သည် မိမိကိုယ်ကိုအမြဲစံပြတစ်ယောက်ဖြစ်အောင်ကြိုးစားနေထိုင်ခဲ့သဖြင့် လူတိုင်း၏အားကျသောမျက်လုံးများဖြင့်သာ ကြုံတွေခဲ့ဖူးသည် မိမိအားသတ်မဲ့ဖြတ်မဲ့မျက်လုံးဖြင့်ကြည့်သူမှာ ဇန်ဆိုသည့်ကောင်လေးတစ်ယောက်တည်းသာရှိနိုင်လောက်သည် ထိုကောင်လေးမှာမိမိအားအဘယ်ကြောင့် ထိုကဲ့သို့မျက်လုံးဖြင့်ကြည့်ခဲ့သည့်ကို ဟေးမက်စ် စဉ်းစား၍မရတော့

‘ငါ့မျက်နှာက တော်တော်အမြင်ကတ်စရာကောင်းနေလို့လား ဒါမှမဟုတ် ငါသူနဲ့ရန်ငြိုးများရှိခဲ့လို့လား’

ကုသဆောင်သို့ဝင်လိုက်သည်နှင့် ဆရာဝင်များ သူနာပြုများကဟေးမက်စ်အနားသိုဝိုင်းလာကာနှုတ်ဆက်ကြသည် ဟေးမက်စ်သည်ခေါင်းဆောင်ဖြစ်ပုံရသောဆရာဝန်အားခေါ်ကာ

“သူ့ကိုကြည့်ပေးလိုက်ပါအုံး ကိုယ်လက်တွေကိုက်နေလို့လို့ပြောတယ်”

“ဟုတ်ကဲ့ ခေါင်းဆောင်”

‘ဒီလူကလည်း ငါကအယောင်ပြဆေးလာယူပြီးဇာတ်လိုက်မကိုလာကြည့်ပါတယ်ဆိုမှ ဆရာဝန်နဲ့တောင်စစ်ခိုင်းနေသေးတယ် ငါ့ရုပ်ကလူလိမ်ရုပ်ပေါက်နေလို့လား
System ငါ့ကိုဖျားအောင်လုပ်ပေးအုံး’

System: “ရိုးရိုးလား ရှယ်လား”

‘ဖျားချင်သလိုဖျား ဆရာဝန်ရောဂါရှာတွေ့ရင်ပြီးတာပဲ’

ကယ်ရီ ရုတ်တရက် အပူချိန်ထိုးတက်လာပြီး ခေါင်းတွေလည်းမနေနိုင်အောင်ကိုက်လာသည် စိတ်ထဲတွင်Systemအားကြိမ်ဆဲရင် ဆရာဝန်ထံသို့ အစစ်ဆေးခံရန်သွားလိုက်သည်
ဆရာဝန်မှ စစ်ဆေးပြီးနောက်

“ဒီလောက်အပူချိန်တွေတက်ပြီးအဖျားကြီးနေတာကို မင်းဒီထိရောက်အောင်ဘယ်လိုလာခဲ့တာလဲဆိုတာ ဆရာတော့မစဉ်းစားတတ်တော့ဘူး”

“သူတော်တော် ဖျားနေတာလား”

“ဟုတ်တယ်ခေါင်းဆောင် သာမန်လူဆိုအိပ်ယာထဲလဲနေရမှာကို သူကအဆောင်ထဲဝင်လာတုန်းက သာမန်အတိုင်းပဲဆိုတော့ကျွန်တော်တောင်အံ့သြသွားတာ”

ဟေးမက်စ် ကုတင်ပေါ်တွင်လှဲနေသော ကောင်လေးအားတစ်ချက်ကြည့်ပြီး

“ဒေါက်တာ အဲ့တာဆိုသူ့ကိုဒီမှာပဲထားခဲ့လိုက်မယ် အဖျားပျောက်မှလာခေါ်လိုက်တော့မယ်”

“ခေါင်းဆောင်ရဲ့သဘောအတိုင်းပါပဲ”

ထိုလူသည် မိမိအားတစ်ခွန်းမှ မမေးဘဲနှင့်သူ့သဘောတိုင်းလုပ်နေသဖြင့် ကယ်ရီဒေါသထွက်နေသော်လည်း ခေါင်းမှာမတရားထိုးကိုက်နေသဖြင့် ပြန်မပြောအား
သူပြန်လိုက်အုံးမယ် မနက်မှတစ်ခေါက်ပြန်လာခဲ့မည်ဟုပြောနေသည်ကိုလည်း မကြားချင်ယောင်ဆောင်နေလိုက်သည်
‘မအလsystem ငါကကိုယ်ပူရုံလောက်လုပ်ခိုင်းတာကို ဘယ်လောက်တောင်လုပ်ပစ်လိုက်တာလဲ တွေ့အုံးမယ်…….
ဒီမှာခဏနေရတော့လည်းကောင်းပါတယ် ဒီကိုယ်ကိုသေတွင်းပို့ထားတဲ့ဇတ်လိုက်မနဲ့တွေ့ရတာပေါ့’

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 3.2(ဇန္), novel System 286 (On Going) Arc 3.2(ဇန္), read System 286 (On Going) Arc 3.2(ဇန္) online, System 286 (On Going) Arc 3.2(ဇန္) chapter, System 286 (On Going) Arc 3.2(ဇန္) high quality, System 286 (On Going) Arc 3.2(ဇန္) light novel, ,

Comment

Leave a Reply

Chapter 37