System 286 (On Going) Arc 3.3(ဇန်)

All chapters are in System 286 (On Going)
A+ A-

Zawgyi ~










မင်းက “အယ်လ်…..အယ်လ်… ”












System: “10 points”
“ဘယ်သူလဲ “

System: “20 points”







“တကယ့် အရူး​ကောင်



ထိုအခါ မိုချီမှ

“ဘယ်လိုနေလဲ သက်သာလား”

“သက်သာပါတယ်ဂျိတ်ခ်”




“ဇန် မင်းမသေဘူးနော်



ထိုအခါဂျိတ်ခ်မှ




“ကျေးဇူးတင်ပါတယ်ရှင်”



“ကျေးဇူးပါ ဇန်”



☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode ~

ကယ်ရီအိပ်ပျော်ပြီး အတော်ကြာသောအခါ ခန္ဓာကိုယ်အချိုးအစားလှပပြီး ချစ်စရာကောင်းသည့်မိန်းကလေးတစ်ဦးရောက်လာသည်

“ဒေါက်တာ ဂိုထောင်ထဲကဆေးစာရင်းတွေစစ်ပြီးသွားပြီ ကျွန်မဘာထပ်ကူညီပေးရမလဲ “

“အယ်လ်မီလေး ပင်ပန်းသွားပြီလား
ရပါတယ် ဒဏ်ရာသက်သာသွားတာမှမကြာသေးဘူး အလုပ်တွေအရမ်းမလုပ်ပါနဲ့ သက်သက်သာသာနေပါ”

ထိုအခါ အယ်လ်မီက ညုတုတုအသံဖြင့်
“အာ…မဟုတ်တာ ဒေါက်တာကလည်း
သူများကကူညီချင်လို့ပါဆို”

“ဒါဆိုလည်း ဟိုထောင့်ကုတင်ကလူနာ ဆေးချိတ်ပေးထားတာ ကုန်ခါနီးပြီလားတစ်ချက်သွားစစ်ပေးနော်”

အယ်လ်မီ ညွှန်ပြလိုက်သောထောင်စွန်းရှိကုတင်နားသို့လျှောက်လာရင်း ကုတင်ပေါ်ရှိလူအားတစ်ချက်ကြည့်လိုက်သည်
‘ဟမ် ဒီကောင်လေးမသေသေးဘူးလား’

သူရှင်းရှင်းလင်းလင်းကြီးကိုမှတ်မိနေခဲ့သည် အဲ့ဒီနေ့ကမိမိ ဇန်ဆိုသည့်ကောင်လေးအား ဇန်ဘီအုပ်ကြီးကိုမြှားခေါ်သွားခိုင်းခဲ့သည် ထို့ကြောင့်သာမိမိအသက်ရှင်ခဲ့ခြင်းဖြစ်သည်
‘သူအစားမခံလိုက်ရဘူးလား
ဇွန်ဘီအဖြစ်ပြောင်းမသွားဘူးလား
မဖြစ်ဘူး သူနိုးလာလို့အဲ့နေ့ကအကြောင်းလျှောက်ပြောရင် ဒီBaseကလူတွေငါ့ကိုတစ်မျိုးထင်ကုန်လိမ့်မယ် တစ်ခုခုတော့လုပ်မှဖြစ်မယ်’
အယ်လ်မီတွေးနေတုန်းအကြည့်ကတစ်ဖက်ကုတင်ပေါ်ရှိ ခေါင်းအုံးပေါ်သို့ရောက်သွားသည် ထို့နောက်ဝေခွဲရခက်စွာဖြင့် ခေါင်းအုံးအားကောက်ယူလိုက်သည် အယ်လ်မီ သူ၏အကြံအားအကောင်ထည်ဖော်လိုက်မည်ဟုဆုံးဖြတ်ချက်ချလိုက်သည်အချိန်တွင်

“ဇန်……” ဟုအော်ကာ ငိုသံကြီးဖြင့်ဝင်လာသော မိုချီ
အယ်လ်မီလည်း ခေါင်အုံးအားအသာပြန်ချကာ မိုချီအား

“အသံတိုးပေးလို့ရမလားရှင့် လူနာကအိပ်နေလို့ပါ”

မင်းက “အယ်လ်…..အယ်လ်… ”

နောက်တွင်လိုက်လာသောဂျိတ်ခ်ကလည်း
“ဟုတ်သားပဲ မင်းအသံကြီးနည်းနည်းလျော့စမ်း”

မိုချီ၏အာရုံသည် အိပ်နေသောဇန်ထံသို့တစ်ဖန်ပြန်လည်ရောက်ရှိကာ
“ကြည့်ပါအုံးဂျိတ်ခ်ရယ် မတွေ့ရတဲ့အတောအတွင်းမှာ ဇန်တော်တော်လေးပိန်သွားတာပဲ”

ဂျိတ်ခ်လည်း မိုချီအားနားရင်းအုပ်လိုက်ပြီး
“သောက်ပိုတွေပြောမနေနဲ့ မတွေ့ရတာနာရီပိုင်းပဲရှိသေးတယ်”

“ကျွန်တော်တကယ်ပြောတာ မယုံရင်ကြည့်ကြည့်ပါလား”

ဂျိတ်ခ်နဲ့မိုချီ စကားများနေတုန်း
ကယ်ရီနှင့်Systemလည်း ထိုနည်းလည်းကောင်းဖြစ်နေခဲ့သည်

System: “Host နိုးနေတာကျွန်တော်သိတယ်နော်”

“ဘယ်သူလဲ ကျွန်တော့်ကိုသိလို့လား”

System: “ခေါင်ကိုက်ပျောက်အောင်ဆေးပေးပြီးပြီလေ ဘာလိုစိတ်ဆိုးနေသေးတာလဲ”

“နစ်နာကြေးမှမပေးတာ မင်းမပြောမဆိုနဲ့လုပ်လိုက်လို့ အဖျားတက်ပြီးစိတ်ဒဏ်ရာရသွားခဲ့တယ်လေ”

System: “Host လုပ်ခိုင်းလို့လုပ်ရတာလေ

“နစ်နာကြေးမပေးမချင်း စကားလာမပြောနဲ့”

System: “10 points”
“ဘယ်သူလဲ “

System: “20 points”
“ကျွန်တော့ကိုသိလို့လား”

System: “Grrrrrrrrrrrr!!!!!! 50points “
“နောက်ဆိုခိုင်းရင်ခိုင်းတဲ့အတိုင်လုပ်”

System: “နောက်ဆုံးတော့တခြားsystemတွေပြောနေကြတဲ့ နတ်ဆိုးလိုHost ကလိမ်ကကျစ်Host ဆိုတဲ့အဓိပ္ပါယ်ကို သဘောပေါက်သွားပီ “

“မင်းကအမြဲငါ့ကိုအနိုင်ကျင့်လို့ရမယ်ထင်နေလား အရင်တုံးကလိုငါကငတုံးကောင်မဟုတ်တော့ဘူး”

System:”ဒါနဲ့ စောနဇာတ်လိုက်မလာတာသိလိုက်လား”

“သိသားပဲ ငါ့ကိုတောင်ခေါင်းအုံးနဲ့ဖိသတ်မလို့လုပ်နေသေးတယ်လေ မရှင်းလို့မေးပါရစေ အဲ့လိုမိန်းမကိုဘာကိစ္စကယ်ခိုင်းနေတာလဲ အားနေရင်ဒီကိုယ်ပဲသတ်ဖို့လုပ်နေသလားအောက်မေ့ရတယ် “

System: ” မစ်ရှင်တွေက ဝင်ရောက်ရတဲ့ကိုယ်ပေါ်ကိုမူတည်ပြီးကွဲပြားစွာထွက်ပေါ်လာတာပါ မူလဇန်ကအယ်လ်မီကလွဲပြီး ဘာမှမသိတဲ့အရူးလိုဖန်ဖြစ်ရုံသာမက ဇာတ်လိုက်မကိုကာကွယ်ဖို့ ဇန်ဘီတွေကိုမြှားခေါ်ရင်း ​သေသွားခဲ့ရတာဆိုတော့ အယ်လ်မီကိုကာကွယ်ရမဲ့မစ်ရှင် ထွက်လာတာ ထူးထူးဆန်းဆန်းကြီးတော့လည်းမဟုတ်ပါဘူး”

“တကယ့် အရူး​ကောင်
တော်ပြီ….အိပ်ချင်ယောင်ဆောင်နေရတာလုံလောက်ပြီ ထဖို့အချိန်တန်ပြီ”

ကယ်ရီဖြေးဖြေးခြင်း မျက်လုံးအားဖွင့်လိုက်သည် ထို့နောက်ဂျိတ်ခ်နှင့်မိုချီအားအံ့သြချင်ယောင်ဆောင်ကာ

“အကိုတို့ကဘယ်လိုသိပြီးရောက်လာတာလဲ”

ထိုအခါ မိုချီမှ
“ခေါင်းဆောင်ပြောပြတာ မင်းတော်တော်လေးဖျားနေလို့ ကုသဆောင်မှာထားခဲ့တယ်တဲ့ “

“ဘယ်လိုနေလဲ သက်သာလား”

“သက်သာပါတယ်ဂျိတ်ခ်”

အယ်လ်မီ ကယ်ရီသတိရလာသည်ကိုမြင်သောအခါ မသိမသာဖြင့်လှည့်ထွက်လာခဲ့သည်
သို့သော် အကင်းပါးသောကယ်ရီကမြင်လိုက်ပြီး နတ်ဆိုးအပြုံးပြုံးလျှက် ကြာပန်းဖြူပုံဖမ်းကာ မျက်နှာငယ်လေးဖြင့်

“အယ်လ်မီ….. အယ်လ်မီမလားဟင်
ကျေးဇူးပြုပြီး နောက်လှည့်ပေးလို့ရမလား
ကျွန်တော်မမှားနိုင်ဘူး ဒါအယ်လ်မီရဲ့နောက်ကျောပဲ တကယ်အယ်လ်မီမလားဟင်”

‘ဒီအရူး ဘာရှုပ်အုံးမလို့လဲ’ တွေးရင်းအယ်လ်မီနောက်သို့လှည့်ကာ

“ဇန် မင်းမသေဘူးနော်
ဝမ်းသာလိုက်တာ တို့မင်းကိုအရမ်းစိတ်ပူနေခဲ့တာ”

အယ်လ်မီရဲ့မျက်နှာအား မြင်သောအခါ ‘အော်….သူလား’
“ကျွန်တော်အဆင်ပြေပါတယ် အယ်လ်မီ
အယ်လ်မီ အခုလိုအန္တာရာယ်ကင်းတာမြင်ရတော့မှပဲ ကျွန်တော်စိတ်အေးရတော့တယ် အဲ့နေ့ကကျွန်တော်အယ်လ်မီကိုပြန်လာရှာသေးတယ် ဒါပေမယ့်ဘယ်လိုရှာရှာ မတွေခဲ့ဘူး အယ်လ်မီဘယ်ရောက်နေခဲ့တာလဲ” (AN-ကိုယ့်ဟာကိုယ်ရေးပြီးပြန်အမြင်ကတ်နေပြီ အယ်လ်မီခြင်းထပ်နေတာပဲ 🙂🙂)

“တို့လည်းမင်းပြန်လာတာကိုစောင့်နေခဲ့ပါတယ် ဒါပေမယ့်….အဟင့် အဟင့်
တို့မတော်တဆမှုတစ်ခုဖြစ်ခဲ့တယ် ခေါင်းဆောင်ကတို့ကိုကယ်ပေးထားခဲ့တာ”

ထိုအခါဂျိတ်ခ်မှ
“ဇန် မင်းကဒီမိန်းကလေးကိုသိနေတာလား”

“ဒီမိန်းကလေး ဟုတ်လား အကိုကဘယ်ဂြိုလ်ကလာတာလဲ အယ်လ်မီကိုမသိဘူးလား အရမ်းနာမည်ကြီးတဲ့သရုပ်ဆောင်လေသူက ဟုတ်တယ်မလား ဇန်”
ကယ်ရီခေါင်းငြိမ့်ပြီးအဖြေပြန်ပေးလိုက်သည်

“တို့ကိုမြှောက်နေပြန်ပါပြီ တို့ကအဲ့လောက်လည်းမဟုတ်ပါဘူး ဒီလိုကပ်ဆိုးအခြေနေအောက်မှာတော့တို့လည်းသာမန်လူတစ်ယောက်ပါပဲ တို့ကိုသူငယ်ချင်းတစ်ယောက်လိုခင်နိုင်ပါတယ်”

“ကျွန်တော်က ဂျိတ်ခ်ပါ သူကတော့မိုချီပါ
ဇန်ရဲ့သူငယ်ချင်းဆိုမှတော့ ကျွန်တော်တို့သူငယ်ချင်းပဲပေါ့ အကူညီလိုရင်ကျွန်တော်တို့ကိုပြောလို့ရပါတယ် အားနာစရာမလိုပါဘူး “

“ကျေးဇူးတင်ပါတယ်ရှင်”

ကယ်ရီကုသဆောင်တွင် နှစ်ရက်ခန့်နေလိုက်ရသည် ထိုနှစ်ရက်အတွင်းဇာတ်လိုက်မတစ်ယောက် ကယ်ရီအားလာကြည့်သည့် ဂျိတ်ခ်နှင့်မိုချီအားအထှာပေးလိုက် ဟေးမက်စ် အားမြှူစွယ်လိုက်နှင့်အလုပ်များနေခဲ့သည်
ကယ်ရီကတော့ဂျိတ်ခ်နှင့်မိုချီလာသည့်အခါတွင်ရွှင်ရွှင်ပြပြရှိသော်လည်း ဟေးမက်စ်လာသည့်အချိန်တွင်တော့ စကားမပြောချင်သဖြင့် အမြဲအိပ်ချင်ယောင်ဆောင်နေတတ်သည်
ကယ်ရီအခန်းသို့ပြန်ခါနီးတွင်

“အယ်လ်မီ ကိစ္စတစ်ခုခုရှိရင်ပဲဖြစ်ဖြစ် အကူညီလိုအပ်ရင်ပဲဖြစ်ဖြစ် ကျွန်တော့်ကိုခေါ်လိုက်နော် အယ်လ်မီအတွက်ဆို ကျွန်တော်ဘာမဆိုလုပ်ပေးမယ်”

“ကျေးဇူးပါ ဇန်”

“ကျွန်တော်သွားတော့မယ်နော် “

အယ်လ်မီ ထွက်သွားသောကယ်ရီ၏နောက်ကျေအားကြည့်ကာ
‘ဟမ့်….မင်းက လိုလိုလားလား ကျွန်လာခံပေးမှတော့ ဒီကကျေးဇူးတင်စွာနဲ့အသုံးချပေးပါ့မယ် ‘

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 3.3(ဇန်), novel System 286 (On Going) Arc 3.3(ဇန်), read System 286 (On Going) Arc 3.3(ဇန်) online, System 286 (On Going) Arc 3.3(ဇန်) chapter, System 286 (On Going) Arc 3.3(ဇန်) high quality, System 286 (On Going) Arc 3.3(ဇန်) light novel, ,

Comment

Leave a Reply

Chapter 38