System 286 (On Going) Arc 3.4(ဇန်)

All chapters are in System 286 (On Going)
A+ A-

Zawgyi~

ကယ္ရီ ညဖက္ကင္းေစာင့္ရန္အလွည့္က်သျဖင့္ လွ်ပ္စစ္သံဆူးႀကိဳးမ်ားႏွင့္ကာရံထားေသာ အကာရံေဘးတြင္ေစာင့္ၾကပ္ေနသည္ ထိုအခ်ိန္တြင္ေနာက္မွေျခသံၾကားသျဖင့္ လွည့္ၾကည့္လိုက္ရာ ေဟးမက္စ္ ျဖစ္ေနခဲ့သည္ သူလည္းေဟးမက္စ္ထံသို႔အၾကည့္တစ္ခ်က္သာေပးကာ ေရွာင္ထြက္သြားမည္အလုပ္

“မင္းကိုယ့္ကိုေတာ္ေတာ္ ၾကည့္မရျဖစ္ေနတာလား မျမင္ျခင္ေလာက္ေအာင္မုန္းေနတာလား”

“မမုန္းပါဘူး ဒီအတိုင္းသေဘာမက်႐ုံတင္ပါ”

ထိုအခါ ေဟးမက္စ္က
“ေျပာပါအုံး ကိုယ္မင္းအေပၚဘာအျပစ္မ်ားလုပ္ခဲ့မိလို႔ သ​​ေဘာမက်ျဖစ္ေနရတာလဲ”

“ေခါင္းေဆာင္မလုပ္ခဲ့ပါဘူး”

“အိုး…ဒါဆိုဘာေၾကာင့္လဲ”

ကယ္ရီလည္း ေဟးမက္စ္ႏွင့္နီးကပ္ေအာင္တိုးသြားၿပီး သူ၏မ်က္လုံးသို႔တည့္တည့္ၾကည့္ကာ

“​ေခါင္းေဆာင္ရဲ႕မ်က္ႏွာ….
​ေခါင္းေဆာင္သိလား ခင္ဗ်ားရဲ႕မ်က္ႏွာက ကြၽန္ေတာ့္ကိုေတာ္ေတာ္စိတ္အႏွောက္အယွက္ျဖစ္ေစတယ္ဆိုတာ အခုသိခ်င္တာသိရၿပီဆိုေတာ့ ကြၽန္ေတာ့္ကိုခြင့္ျပဳပါအုံး ကြၽန္ေတာ္ကင္းလွည့္ရမွာမလို႔ပါ”

ကယ္ရီေျပာၿပီးၿပီးခ်င္း ေဟးမက္စ္အားခ်န္ထားခဲ့သည္

System: “Hostကသူ႕ကိုအဲ့လိုေျပာလိုက္ေတာ့ ေနာင္က်ရင္Hostကိုအညွိုးထားမွာမေၾကာက္ဘူးလား”

“ထားခ်င္လည္းထားပေစေပါ့ ငါမွာအဲ့မ်က္ႏွာကိုမၾကည့္ခ်င္တာ “

System: “Hostသူ႕ကိုတကယ္မုန္းသြားတာလား”

“ငါစိတ္နာတာ ငါကသူ႕ကိုခ်စ္ခဲ့ေပမယ့္သူကေတာ့ငါ့ကိုသစၥာေဖာက္ခဲ့တယ္ ေနာက္ဆုံးေတာ့လည္းႀကီးျမတ္လွတဲ့စစ္သူႀကီးကငါလိုေယာက္်ားတစ္ေယာက္အစား မိန္းမတစ္ေယာက္ကိုပဲေ႐ြးခဲ့တယ္ေလ ေတာ္ၿပီငါအဲ့အေၾကာင္းေတြျပန္မေျပာခ်င္ေတာ့ဘူး အဲ့တာက ငါရွင္းထုတ္သင့္တဲ့အမွိုက္ပဲ “
(အိုင္ေလးရႈပ္ထားတာ ေနာက္က်ရင္အိုင္ေလးျပန္ရွင္းေပးပါမယ္ ဝူက်န့္ေရ 😬)

System: “ဒါဆို ဟန္ယြင္ကိုေရာမုန္းလား”

“သူနဲ႕ဘာဆိုင္လို႔လဲ”

System: “သူတိုႏွစ္ေယာက္ကတူညီတဲ့ပုံရိပ္ေယာင္ေတြပဲေလ “

“ဟင့္အင္း သူတို႔ကမတူဘူး”

System: “ဒါဆို ေဟးမက္စ္ ကိုလည္းမမုန္းသင့္ဘူးေလ”

“ငါမမုန္းပါဘူး….
ဒီတိုင္း သူ႕မ်က္ႏွာကိုပဲမၾကည့္ခ်င္တာ”
………..

ေဟးမက္စ္ သူ႕၏အခန္းထဲရွိ မွန္ေရွ႕တြင္ရပ္ၿပီး သူကိုယ္သူၾကည့္ေနသည္မွာ နာရီဝက္ခန့္ရွိေနၿပီျဖစ္သည္ သူ၏နားထဲတြင္ ဇန္၏စကားသံမ်ားကိုသာအထပ္ထပ္ၾကားေယာင္ေနမိသည္
မ်က္ႏွာတဲ့လား သူ႕ကို​ေတြ႕တိုင္းအၿမဲရန္သူတစ္​ေယာက္လိုအၾကည့္ေနခဲ့တာ ဒီတိုင္းမ်က္ႏွာကိုမႀကိဳက္လို႔တဲ့လား ဘာလို႔လဲ သူအရမ္း႐ုပ္ဆိုးေနလို႔လား သူ႕မ်က္ႏွာကလူယုတ္မာပုံေပါက္ေနလို႔လား ငယ္ငယ္ထဲကေနအခုခ်ိန္ထိေတာ့တျခားသူေတြကသူမ်က္ႏွာကိုျမင္ရင္ ေခ်ာလိုက္တာ ခန္ညားလိုက္တာလို႔ပဲေျပာၾကပါတယ္ ဘယ္သူမွဇန္လို သူ႕မ်က္ႏွာကစိတ္အႏွောက္အယွက္ျဖစ္ေစတယ္လို႔မေျပာၾကပါဘူး

မနက္ေရာက္ေသာအခါ ေဟးမက္စ္ သူ၏လက္ေထာက္အားေခၚၿပီး

“ငါ့မ်က္ႏွာကိုၾကည့္စမ္း မင္းဘယ္လိုျမင္လည္း”

လက္ေထာက္ေလးကလည္းထစ္ထစ္ေငါ့ေငါ့ျဖင့္

“အရမ္း…အရမ္းခန့္ညားပါတယ္ေခါင္းေဆာင္”

“ေသခ်ာၾကည့္ပါအုံး”

“အရမ္းလည္း ေခ်ာ…ေခ်ာပါတယ္”

ေဟးမက္စ္လည္း ထိုလက္ေထာက္အားအျပင္ထြက္ခိုင္းလိုက္ၿပီး ထပ္မံ၍ဇန္၏စကားအားစဥ္းစားေနျပန္သည္
‘သူက႐ုပ္ေခ်ာတာကိုမႀကိဳက္တာမ်ားလား’
ေဟးမက္စ္ အေတြးလြန္ေနတုန္းတံခါးေခါက္သံၾကားလိုက္ရသည္

“ေဒါက္…ေဒါက္…ေဒါက္”
“ဘယ္သူလဲ”
“ကြၽန္ေတာ္ပါေခါင္းေဆာင္
အျပင္မွာ အယ္လ္မီဆိုတဲ့မိန္းကေလးကေခါင္းေဆာင္နဲ႕စကားေျပာခ်င္လို႔ဆိုၿပီးခြင့္ေတာင္းေနပါတယ္”

“အယ္လ္မီဆိုတာ ဘယ္သူလဲ”

“အာ…ေခါင္းေဆာင္အျပင္ထြက္တုန္းကကယ္လာတဲ့တစ္ေယာက္ပါ”

“ေအာ္….ငါသိၿပီ
အထဲကိုဝင္ခိုင္းလိုက္”

ခဏၾကာေသာ္အခန္းထဲသို႔ အယ္လ္မီဝင္လာခဲ့သည္ ထို႔ေနာက္ေဟးမက္စ္ႏွင့္မ်က္ႏွာခ်င္းဆိုင္ခုံတြင္ထိုင္ကာ

“ေခါင္းေဆာင္ကို သတင္းတစ္ခုေျပာစရာရွိလို႔ပါ”

“ဘာမ်ားလဲ”

“ၿမိဳ႕ထဲမွာလက္နက္ေတြအမ်ားႀကီးသိုေလွာင္ထားတဲ့ေနရာတစ္ခုကိုကြၽန္မသိတယ္”

အယ္လ္မီ၏စကားအားၾကားေသာအခါ ေဟးမက္စ္၏မ်က္လုံးအေရာင္မ်ားေျပာင္းလည္းသြားသည္ ယခုအေျခေနတြင္ လက္နက္ႏွင့္စားစရာသည္သာအဓိကအားကိုးရာျဖစ္သည္ ထို႔ေၾကာင့္လက္နက္မ်ားသိုေလာင္ထားသည့္ေနရာအားသိသည္ဟုေျပာလိုက္သျဖင့္ ေဟးမက္စ္ အလြန္စိတ္ဝင္စားသြားသည္

ေနာက္ရက္အနည္းငယ္ခန့္ၾကာေသာအခါ ဂ်ိတ္ခ္တို႔အဖြဲ႕ရိကၡာရွာေဖြရန္အလွည့္က်လာခဲ့သည္ ကယ္ရီလည္းအဖြဲ႕ဝင္တစ္ေယာက္ျဖစ္ေသာေၾကာင့္ အတူလိုက္ပါရေတာ့သည္ သို႔ေသာ္ဂိတ္အျပင္သို႔ထြက္ခါနီးတြင္ မထင္မွတ္ထားသည့္လူတစ္ေယာက္​ ေရာက္လာခဲ့သည္
ဂ်ိတ္ခ္ကရယ္ေမာရင္း
“ကြၽန္ေတာ္တို႔ကို လာႏႈတ္ဆက္တာလား ေခါင္းေဆာင္”

“မဟုတ္ဘူး ငါမင္းတို႔နဲ႕အတူလိုက္မွာ”

“ဗ်ာ…ေခါင္းေဆာင္ကိုယ္တိုင္လိုက္မယ္…. ဒါေပမယ့္  ေခါင္းေဆာင္ကိုယ္တိုင္လိုက္ဖို႔အထိ အႏၱာရာယ္မရွိပါဘူး ကြၽန္ေတာ္တို႔သြားေနၾကပဲဟာကို”

“မဟုတ္ဘူး ငါမင္းတို႔ကိုယုံပါတယ္ အခုကသတင္းတစ္ခုရထားတဲ့အတြက္ေၾကာင့္ မင္းတို႔ရိကၡာရွာရမွာမဟုတ္ဘဲ ငါနဲ႕အတူတျခားေနရာကိုသြားရလိမ့္မယ္”
ဟုတ္ပါတယ္ သူအယ္လ္မီရဲ႕စကားတစ္ခြန္းတည္းကိုမယုံၾကည္လိုက္နိုင္ပါ ထို႔ေၾကာင့္ေသခ်ာသြားေအာင္ အရင္သြားစစ္လိုျခင္းျဖစ္သည္

“ဘာသတင္းလဲေခါင္းေဆာင္”

“​ၾကားထားတာကေတာ့ ဇုံC ထဲမွာရွိတဲ့ စက္႐ုံပ်က္ႀကီးထဲမွာ ေျမေအာက္ခန္းတစ္ခန္းရွိတယ္တဲ့ အဲ့ေျမေအာက္ခန္းထဲမွာလက္နက္ေတြသိုေလွာင္ထားတယ္လို႔ေျပာတယ္ ဒါေပမယ့္ အတိက်ရွိမရွိမေသခ်ာလို႔ အရင္သြားစစ္ၾကည့္မလို႔”

ထိုအခါ ဂ်ိတ္ခ္က
“မေသခ်ာဘဲနဲ႕သြားမလို႔လားေခါင္းေဆာင္ ဇုံCကိုေရာက္ဖို႔ဆိုရင္ ၾကားထဲမွာ ဇုံBကိုျဖတ္ရလိမ့္မယ္ အဲ့ေနရာကရွင္းလင္းေရးမလုပ္ရေသးတဲ့အတြက္အႏၱာရာယ္မ်ားတယ္ေနာ္ေခါင္းေဆာင္”

“ကိစၥမရွိဘူး ငါတို႔သြားရင္းနဲ႕တစ္ခါတည္းရွင္းသြားၾကတာေပါ့ မဟုတ္လည္းငါတို႔ဇုံAမွာရိကၡာေတြကုန္သေလာက္ျဖစ္ေနၿပီမလား”

“ေကာင္းပါၿပီ ေခါင္းေဆာင္သေဘာအတိုင္းပါ”

“ဒါဆိုသြားၾကတာေပါ့ အကုန္ျပင္ဆင္ၿပီးၾကၿပီမလား”

“ဟုတ္ကဲ့”

ကားထြက္ခါနီးအခ်ိန္တြင္ ေနာက္မွေအာ္ကာေရာက္လာေသာသူတစ္ေယာက္
“ကြၽန္မကိုေစာင့္ပါအုံး”

ေဟးမက္စ္လည္း မ်က္ေမွာင္ႀကဳံ႕လွ်က္ “မင္းကဘာလာလုပ္တာလဲ”

“ကြၽန္မလည္း လိုက္ခဲ့ပါရေစ”

“အခုသြားမွာေယာက္်ားေလးေတြႀကီးပဲ မင္းကဘာလိုက္လုပ္မွာလဲ”

“ဒီသတင္းကိုေပးထားတာကြၽန္မပါ ေနာက္ၿပီးေခါင္းေဆာင္ကစက္႐ုံကိုပဲသိတာေလေျမေအာက္ခန္းဘယ္ေနရာလဲဆိုတာသိလို႔လား ဒါေၾကာင့္ကြၽန္မလည္းလိုက္ခဲ့မယ္”

“ငါ့အရည္ခ်င္းနဲ႕ အဲ့ဒီေျမေအာက္ခန္းေလးကိုေတာင္မရွာနိုင္ဘူးထင္ေနတာလား”

အယ္လ္မီလည္း ေနာက္တစ္မ်ိဳးအျမန္စဥ္းစားကာ
“ကြၽန္မကေဆးအကူတစ္ေယာက္ အကယ္၍တစ္ေယာက္ေယာက္ဒဏ္ရာရခဲ့ရင္ ကြၽန္မကူညီေပးနိုင္တယ္”

“မင္းကငါတို႔ကို ဒဏ္ရာရေစခ်င္တာလား”

“ကြၽန္မက အဲ့သေဘာေျပာတာမဟုတ္….”

ဒီလူဘာျဖစ္ေနတာလဲ သူမမွာေတာ့ဒီလူနဲ႕နီးစပ္ခြင့္ရဖို႔အတြက္ သူမခႏၶာကိုယ္ႏွင့္ရင္း၍ရခဲ့ေသာသတင္းကိုေျပာျပခဲ့ရသည္ ဟုတ္ပါသည္ယခုလိုကူးစက္ပိုးေတြမပ်ံ့ႏွံ႕ခင္အခ်ိန္ကသူမ၏CEOသည္ ဇာတ္ကားအားရင္းႏွီးျမႇပ္ႏွံလာေအာင္ သူမကိုလူတစ္ေယာက္ႏွင့္သြားအိပ္ေစခဲ့သည္ ညဖက္ထိုလူသည္သူမအိပ္ေနသည္ဟုထင္ကာ ဖုန္းထေျပာရမွတဆင့္ သူမၾကားခဲ့ျခင္းျဖစ္သည္ သို႔ေသာ္ေဟးမက္စ္ကိုေတာ့ သူ၏သူငယ္ခ်င္းမွာ လက္နက္ေမွာင္ခိုဂိုဏ္းအားစုံစမ္းစစ္ေဆးေနသည့္အရာရွိတစ္ေယာက္ျဖစ္ေသာေၾကာင့္  ထိုသတင္းအားအမွတ္မထင္ၾကားခဲ့သည္ဟုလိမ္လည္လိုက္သည္ သူမဒီကမၻာပ်က္ကပ္တြင္အားကိုရမဲ့သူအမွန္တကယ္လိုအပ္သည္ ထို႔​ေၾကာင့္ေဟးမက္စ္အားအပိုင္ဖမ္းနိုင္မွျဖစ္မည္ ဤခရီးတြင္သူမလိုက္ပါခြင့္ရပါက ေဟးမက္စ္ႏွင့္သူမၾကားတြင္ သံေယာဇဥ္တြယ္လာနိုင္သည္ သူမ လိုက္မွျဖစ္မည္ ထို႔ေၾကာင့္အယ္လ္မီဆုံးျဖတ္ကာ

“အဲ့ေျမေအာက္ခန္းက လွ်ို႔ဝွက္ကုဒ္နဲ႕ဖြင့္ရတာ တကယ္လို႔ကုဒ္မွားထည့္မိရင္စက္႐ုံတစ္ခုလုံးၿပိဳက်ေအာင္စီစဥ္ၿပီးသား အဲ့ကုဒ္ကိုကြၽန္မတစ္ေယာက္တည္းပဲသိတယ္ ကြၽန္မကိုေခၚသြားပါ”

ေနာင္ခါလာေနာင္ခါေစ်းဟုတြက္က အယ္လ္မီလိမ္လိုက္သည္

System: “Hostအတြက္အခြင့္ေရးႀကီးေနာ္”

“ဒါေပါ့ ဒီလိုအခြင့္ေရးႀကီးလက္လႊတ္လို႔ဘယ္ျဖစ္မလဲ”

ေဟးမက္စ္တစ္ခုခုျပန္ေျပာခါနီးတြင္ ကယ္ရီက

“ေခၚခဲ့လိုက္ပါေခါင္းေဆာင္ ဇုံCထိသြားရမွာဆိုေတာ့ေဆးအကူပါရင္ပိုေကာင္းပါတယ္ ေနာက္ၿပီးအယ္လ္မီကိုကာကြယ္ဖို႔တာဝန္ကြၽန္ေတာ္ယူပါတယ္”

ေဟးမက္စ္ သူ႕ေနာက္ကေကာင္ေလးကေဒါသထြက္ထြက္ႏွင့္ လွည့္ၾကည့္လိုက္သည္ မိမိအားတစ္ခါမွစကားစမေျပာတတ္တဲ့သူက ထိုမိန္းမအတြက္နဲ႕ပထမဆုံးစကားစေျပာေသာေၾကာင့္ျဖစ္သည္ ‘လူၾကည့္ေတာ့၁၈ႏွစ္ျပည့္ေသးတဲ့ပုံေတာင္မေပါက္တာကို အဲ့မိန္းမကိုကာကြယ္ေပးမယ္ မင္းကသာကိုယ္ကာကြယ္ေပးတာကိုခံသင့္တာ’

ေဟးမက္စ္ သူ၏ေရွ႕မွမိန္းမအား
“ေကာင္းၿပီ မင္းလိုက္ခဲ့လို႔ရတယ္
ဟိုေရာက္လို႔မွ မင္းေျပာသလိုမဟုတ္ရင္
ငါတို႔နဲ႕ျပန္လိုက္စရာမလိုေတာ့ဘူး”

“…….”

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode~

ကယ်ရီ ညဖက်ကင်းစောင့်ရန်အလှည့်ကျသဖြင့် လျှပ်စစ်သံဆူးကြိုးများနှင့်ကာရံထားသော အကာရံဘေးတွင်စောင့်ကြပ်နေသည် ထိုအချိန်တွင်နောက်မှခြေသံကြားသဖြင့် လှည့်ကြည့်လိုက်ရာ ဟေးမက်စ် ဖြစ်နေခဲ့သည် သူလည်းဟေးမက်စ်ထံသို့အကြည့်တစ်ချက်သာပေးကာ ရှောင်ထွက်သွားမည်အလုပ်

“မင်းကိုယ့်ကိုတော်တော် ကြည့်မရဖြစ်နေတာလား မမြင်ခြင်လောက်အောင်မုန်းနေတာလား”

“မမုန်းပါဘူး ဒီအတိုင်းသဘောမကျရုံတင်ပါ”

ထိုအခါ ဟေးမက်စ်က
“ပြောပါအုံး ကိုယ်မင်းအပေါ်ဘာအပြစ်များလုပ်ခဲ့မိလို့ သ​​ဘောမကျဖြစ်နေရတာလဲ”

“ခေါင်းဆောင်မလုပ်ခဲ့ပါဘူး”

“အိုး…ဒါဆိုဘာကြောင့်လဲ”

ကယ်ရီလည်း ဟေးမက်စ်နှင့်နီးကပ်အောင်တိုးသွားပြီး သူ၏မျက်လုံးသို့တည့်တည့်ကြည့်ကာ

“​ခေါင်းဆောင်ရဲ့မျက်နှာ….
​ခေါင်းဆောင်သိလား ခင်ဗျားရဲ့မျက်နှာက ကျွန်တော့်ကိုတော်တော်စိတ်အနှောက်အယှက်ဖြစ်စေတယ်ဆိုတာ အခုသိချင်တာသိရပြီဆိုတော့ ကျွန်တော့်ကိုခွင့်ပြုပါအုံး ကျွန်တော်ကင်းလှည့်ရမှာမလို့ပါ”

ကယ်ရီပြောပြီးပြီးချင်း ဟေးမက်စ်အားချန်ထားခဲ့သည်

System: “Hostကသူ့ကိုအဲ့လိုပြောလိုက်တော့ နောင်ကျရင်Hostကိုအငြိုးထားမှာမကြောက်ဘူးလား”

“ထားချင်လည်းထားပစေပေါ့ ငါမှအဲ့မျက်နှာကိုမကြည့်ချင်တာ “

System: “Hostသူ့ကိုတကယ်မုန်းသွားတာလား”

“ငါစိတ်နာတာ ငါကသူ့ကိုချစ်ခဲ့ပေမယ့်သူကတော့ငါ့ကိုသစ္စာဖောက်ခဲ့တယ် နောက်ဆုံးတော့လည်းကြီးမြတ်လှတဲ့စစ်သူကြီးကငါလိုယောက်ျားတစ်ယောက်အစား မိန်းမတစ်ယောက်ကိုပဲရွေးခဲ့တယ်လေ တော်ပြီငါအဲ့အကြောင်းတွေပြန်မပြောချင်တော့ဘူး အဲ့တာက ငါရှင်းထုတ်သင့်တဲ့အမှိုက်ပဲ “

System: “ဒါဆို ဟန်ယွင်ကိုရောမုန်းလား”

“သူနဲ့ဘာဆိုင်လို့လဲ”

System: “သူတိုနှစ်ယောက်ကတူညီတဲ့ပုံရိပ်ယောင်တွေပဲလေ “

“ဟင့်အင်း သူတို့ကမတူဘူး”

System: “ဒါဆို ဟေးမက်စ် ကိုလည်းမမုန်းသင့်ဘူးလေ”

“ငါမမုန်းပါဘူး….
ဒီတိုင်း သူ့မျက်နှာကိုပဲမကြည့်ချင်တာ”
………..

ဟေးမက်စ် သူ့၏အခန်းထဲရှိ မှန်ရှေ့တွင်ရပ်ပြီး သူကိုယ်သူကြည့်နေသည်မှာ နာရီဝက်ခန့်ရှိနေပြီဖြစ်သည် သူ၏နားထဲတွင် ဇန်၏စကားသံများကိုသာအထပ်ထပ်ကြားယောင်နေမိသည်
မျက်နှာတဲ့လား သူ့ကို​တွေ့တိုင်းအမြဲရန်သူတစ်​ယောက်လိုအကြည့်နေခဲ့တာ ဒီတိုင်းမျက်နှာကိုမကြိုက်လို့တဲ့လား ဘာလို့လဲ သူအရမ်းရုပ်ဆိုးနေလို့လား သူ့မျက်နှာကလူယုတ်မာပုံပေါက်နေလို့လား ငယ်ငယ်ထဲကနေအခုချိန်ထိတော့တခြားသူတွေကသူမျက်နှာကိုမြင်ရင် ချောလိုက်တာ ခန်ညားလိုက်တာလို့ပဲပြောကြပါတယ် ဘယ်သူမှဇန်လို သူ့မျက်နှာကစိတ်အနှောက်အယှက်ဖြစ်စေတယ်လို့မပြောကြပါဘူး

မနက်ရောက်သောအခါ ဟေးမက်စ် သူ၏လက်ထောက်အားခေါ်ပြီး

“ငါ့မျက်နှာကိုကြည့်စမ်း မင်းဘယ်လိုမြင်လည်း”

လက်ထောက်လေးကလည်းထစ်ထစ်ငေါ့ငေါ့ဖြင့်

“အရမ်း…အရမ်းခန့်ညားပါတယ်ခေါင်းဆောင်”

“သေချာကြည့်ပါအုံး”

“အရမ်းလည်း ချော…ချောပါတယ်”

ဟေးမက်စ်လည်း ထိုလက်ထောက်အားအပြင်ထွက်ခိုင်းလိုက်ပြီး ထပ်မံ၍ဇန်၏စကားအားစဥ်းစားနေပြန်သည်
‘သူကရုပ်ချောတာကိုမကြိုက်တာများလား’
ဟေးမက်စ် အတွေးလွန်နေတုန်းတံခါးခေါက်သံကြားလိုက်ရသည်

“ဒေါက်…ဒေါက်…ဒေါက်”
“ဘယ်သူလဲ”
“ကျွန်တော်ပါခေါင်းဆောင်
အပြင်မှာ အယ်လ်မီဆိုတဲ့မိန်းကလေးကခေါင်းဆောင်နဲ့စကားပြောချင်လို့ဆိုပြီးခွင့်တောင်းနေပါတယ်”

“အယ်လ်မီဆိုတာ ဘယ်သူလဲ”

“အာ…ခေါင်းဆောင်အပြင်ထွက်တုန်းကကယ်လာတဲ့တစ်ယောက်ပါ”

“အော်….ငါသိပြီ
အထဲကိုဝင်ခိုင်းလိုက်”

ခဏကြာသော်အခန်းထဲသို့ အယ်လ်မီဝင်လာခဲ့သည် ထို့နောက်ဟေးမက်စ်နှင့်မျက်နှာချင်းဆိုင်ခုံတွင်ထိုင်ကာ

“ခေါင်းဆောင်ကို သတင်းတစ်ခုပြောစရာရှိလို့ပါ”

“ဘာများလဲ”

“မြို့ထဲမှာလက်နက်တွေအများကြီးသိုလှောင်ထားတဲ့နေရာတစ်ခုကိုကျွန်မသိတယ်”

အယ်လ်မီ၏စကားအားကြားသောအခါ ဟေးမက်စ်၏မျက်လုံးအရောင်များပြောင်းလည်းသွားသည် ယခုအခြေနေတွင် လက်နက်နှင့်စားစရာသည်သာအဓိကအားကိုးရာဖြစ်သည် ထို့ကြောင့်လက်နက်များသိုလောင်ထားသည့်နေရာအားသိသည်ဟုပြောလိုက်သဖြင့် ဟေးမက်စ် အလွန်စိတ်ဝင်စားသွားသည်

နောက်ရက်အနည်းငယ်ခန့်ကြာသောအခါ ဂျိတ်ခ်တို့အဖွဲ့ရိက္ခာရှာဖွေရန်အလှည့်ကျလာခဲ့သည် ကယ်ရီလည်းအဖွဲ့ဝင်တစ်ယောက်ဖြစ်သောကြောင့် အတူလိုက်ပါရတော့သည် သို့သော်ဂိတ်အပြင်သို့ထွက်ခါနီးတွင် မထင်မှတ်ထားသည့်လူတစ်ယောက်​ ရောက်လာခဲ့သည်
ဂျိတ်ခ်ကရယ်မောရင်း
“ကျွန်တော်တို့ကို လာနှုတ်ဆက်တာလား ခေါင်းဆောင်”

“မဟုတ်ဘူး ငါမင်းတို့နဲ့အတူလိုက်မှာ”

“ဗျာ…ခေါင်းဆောင်ကိုယ်တိုင်လိုက်မယ်…. ဒါပေမယ့်  ခေါင်းဆောင်ကိုယ်တိုင်လိုက်ဖို့အထိ အန္တာရာယ်မရှိပါဘူး ကျွန်တော်တို့သွားနေကြပဲဟာကို”

“မဟုတ်ဘူး ငါမင်းတို့ကိုယုံပါတယ် အခုကသတင်းတစ်ခုရထားတဲ့အတွက်ကြောင့် မင်းတို့ရိက္ခာရှာရမှာမဟုတ်ဘဲ ငါနဲ့အတူတခြားနေရာကိုသွားရလိမ့်မယ်”
ဟုတ်ပါတယ် သူအယ်လ်မီရဲ့စကားတစ်ခွန်းတည်းကိုမယုံကြည်လိုက်နိုင်ပါ ထို့ကြောင့်သေချာသွားအောင် အရင်သွားစစ်လိုခြင်းဖြစ်သည်

“ဘာသတင်းလဲခေါင်းဆောင်”

“​ကြားထားတာကတော့ ဇုံC ထဲမှာရှိတဲ့ စက်ရုံပျက်ကြီးထဲမှာ မြေအောက်ခန်းတစ်ခန်းရှိတယ်တဲ့ အဲ့မြေအောက်ခန်းထဲမှာလက်နက်တွေသိုလှောင်ထားတယ်လို့ပြောတယ် ဒါပေမယ့် အတိကျရှိမရှိမသေချာလို့ အရင်သွားစစ်ကြည့်မလို့”

ထိုအခါ ဂျိတ်ခ်က
“မသေချာဘဲနဲ့သွားမလို့လားခေါင်းဆောင် ဇုံCကိုရောက်ဖို့ဆိုရင် ကြားထဲမှာ ဇုံBကိုဖြတ်ရလိမ့်မယ် အဲ့နေရာကရှင်းလင်းရေးမလုပ်ရသေးတဲ့အတွက်အန္တာရာယ်များတယ်နော်ခေါင်းဆောင်”

“ကိစ္စမရှိဘူး ငါတို့သွားရင်းနဲ့တစ်ခါတည်းရှင်းသွားကြတာပေါ့ မဟုတ်လည်းငါတို့ဇုံAမှာရိက္ခာတွေကုန်သလောက်ဖြစ်နေပြီမလား”

“ကောင်းပါပြီ ခေါင်းဆောင်သဘောအတိုင်းပါ”

“ဒါဆိုသွားကြတာပေါ့ အကုန်ပြင်ဆင်ပြီးကြပြီမလား”

“ဟုတ်ကဲ့”

ကားထွက်ခါနီးအချိန်တွင် နောက်မှအော်ကာရောက်လာသောသူတစ်ယောက်
“ကျွန်မကိုစောင့်ပါအုံး”

ဟေးမက်စ်လည်း မျက်မှောင်ကြုံ့လျှက် “မင်းကဘာလာလုပ်တာလဲ”

“ကျွန်မလည်း လိုက်ခဲ့ပါရစေ”

“အခုသွားမှာယောက်ျားလေးတွေကြီးပဲ မင်းကဘာလိုက်လုပ်မှာလဲ”

“ဒီသတင်းကိုပေးထားတာကျွန်မပါ နောက်ပြီးခေါင်းဆောင်ကစက်ရုံကိုပဲသိတာလေမြေအောက်ခန်းဘယ်နေရာလဲဆိုတာသိလို့လား ဒါကြောင့်ကျွန်မလည်းလိုက်ခဲ့မယ်”

“ငါ့အရည်ချင်းနဲ့ အဲ့ဒီမြေအောက်ခန်းလေးကိုတောင်မရှာနိုင်ဘူးထင်နေတာလား”

အယ်လ်မီလည်း နောက်တစ်မျိုးအမြန်စဥ်းစားကာ
“ကျွန်မကဆေးအကူတစ်ယောက် အကယ်၍တစ်ယောက်ယောက်ဒဏ်ရာရခဲ့ရင် ကျွန်မကူညီပေးနိုင်တယ်”

“မင်းကငါတို့ကို ဒဏ်ရာရစေချင်တာလား”

“ကျွန်မက အဲ့သဘောပြောတာမဟုတ်….”

ဒီလူဘာဖြစ်နေတာလဲ သူမမှာတော့ဒီလူနဲ့နီးစပ်ခွင့်ရဖို့အတွက် သူမခန္ဓာကိုယ်နှင့်ရင်း၍ရခဲ့သောသတင်းကိုပြောပြခဲ့ရသည် ဟုတ်ပါသည်ယခုလိုကူးစက်ပိုးတွေမပျံ့နှံ့ခင်အချိန်ကသူမ၏CEOသည် ဇာတ်ကားအားရင်းနှီးမြှပ်နှံလာအောင် သူမကိုလူတစ်ယောက်နှင့်သွားအိပ်စေခဲ့သည် ညဖက်ထိုလူသည်သူမအိပ်နေသည်ဟုထင်ကာ ဖုန်းထပြောရမှတဆင့် သူမကြားခဲ့ခြင်းဖြစ်သည် သို့သော်ဟေးမက်စ်ကိုတော့ သူ၏သူငယ်ချင်းမှာ လက်နက်မှောင်ခိုဂိုဏ်းအားစုံစမ်းစစ်ဆေးနေသည့်အရာရှိတစ်ယောက်ဖြစ်သောကြောင့်  ထိုသတင်းအားအမှတ်မထင်ကြားခဲ့သည်ဟုလိမ်လည်လိုက်သည် သူမဒီကမ္ဘာပျက်ကပ်တွင်အားကိုရမဲ့သူအမှန်တကယ်လိုအပ်သည် ထို့​ကြောင့်ဟေးမက်စ်အားအပိုင်ဖမ်းနိုင်မှဖြစ်မည် ဤခရီးတွင်သူမလိုက်ပါခွင့်ရပါက ဟေးမက်စ်နှင့်သူမကြားတွင် သံယောဇဥ်တွယ်လာနိုင်သည် သူမ လိုက်မှဖြစ်မည် ထို့ကြောင့်အယ်လ်မီဆုံးဖြတ်ကာ

“အဲ့မြေအောက်ခန်းက လျှို့ဝှက်ကုဒ်နဲ့ဖွင့်ရတာ တကယ်လို့ကုဒ်မှားထည့်မိရင်စက်ရုံတစ်ခုလုံးပြိုကျအောင်စီစဥ်ပြီးသား အဲ့ကုဒ်ကိုကျွန်မတစ်ယောက်တည်းပဲသိတယ် ကျွန်မကိုခေါ်သွားပါ”

နောင်ခါလာနောင်ခါစျေးဟုတွက်က အယ်လ်မီလိမ်လိုက်သည်

System: “Hostအတွက်အခွင့်ရေးကြီးနော်”

“ဒါပေါ့ ဒီလိုအခွင့်ရေးကြီးလက်လွှတ်လို့ဘယ်ဖြစ်မလဲ”

ဟေးမက်စ်တစ်ခုခုပြန်ပြောခါနီးတွင် ကယ်ရီက

“ခေါ်ခဲ့လိုက်ပါခေါင်းဆောင် ဇုံCထိသွားရမှာဆိုတော့ဆေးအကူပါရင်ပိုကောင်းပါတယ် နောက်ပြီးအယ်လ်မီကိုကာကွယ်ဖို့တာဝန်ကျွန်တော်ယူပါတယ်”

ဟေးမက်စ် သူ့နောက်ကကောင်လေးကဒေါသထွက်ထွက်နှင့် လှည့်ကြည့်လိုက်သည် မိမိအားတစ်ခါမှစကားစမပြောတတ်တဲ့သူက ထိုမိန်းမအတွက်နဲ့ပထမဆုံးစကားစပြောသောကြောင့်ဖြစ်သည် ‘လူကြည့်တော့၁၈နှစ်ပြည့်သေးတဲ့ပုံတောင်မပေါက်တာကို အဲ့မိန်းမကိုကာကွယ်ပေးမယ် မင်းကသာကိုယ်ကာကွယ်ပေးတာကိုခံသင့်တာ’

ဟေးမက်စ် သူ၏ရှေ့မှမိန်းမအား
“ကောင်းပြီ မင်းလိုက်ခဲ့လို့ရတယ်
ဟိုရောက်လို့မှ မင်းပြောသလိုမဟုတ်ရင်
ငါတို့နဲ့ပြန်လိုက်စရာမလိုတော့ဘူး”

“…….”

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 3.4(ဇန်), novel System 286 (On Going) Arc 3.4(ဇန်), read System 286 (On Going) Arc 3.4(ဇန်) online, System 286 (On Going) Arc 3.4(ဇန်) chapter, System 286 (On Going) Arc 3.4(ဇန်) high quality, System 286 (On Going) Arc 3.4(ဇန်) light novel, ,

Comment

Leave a Reply

Chapter 40