System 286 (On Going) Arc 3.6(ဇန္)

All chapters are in System 286 (On Going)
A+ A-

Zawgyi ~

ကယ္ရီသတိရလာေသာအခါ ကားေပၚသို႔ျပန္ေရာက္ေနခဲ့သည္ ထို႔အျပင္လူတစ္ေယာက္၏ပုခုံးေပၚ၌ မွီလွ်က္သားျဖစ္ေနခဲ့သည္

“အား…ကြၽတ္ ကြၽတ္ ကြၽတ္.
ငါ့လက္…”
ကယ္ရီ ညာဖက္လက္နာက်င္ေနေသာေၾကာင့္ညည္းလိုက္သည္

“အခုမွညည္းမေနနဲ႔ က်ိဳးသြားတာ”
ထိုအသံကား ကယ္ရီမွီထားေသာသူထံမွျဖစ္သည္ ကယ္ရီလည္းအျမန္မတ္မတ္ထိုင္ကာ
” ကြၽန္ေတာ္ကားေပၚဘယ္လိုလုပ္ျပန္ေရာက္ေနတာလဲ အယ္လ္မီေရာ”

ဒုတိယေမးခြန္းအားၾကားေသာအခါေဟးမက္စ္လည္းမ်က္ေမွာင္ကုပ္ကာ
“ဇြန္ဘီစာေကြၽးလိုက္ၿပီ “

ထိုအခါကယ္ရီလည္းစိတ္ပူခ်င္ေယာင္ေဆာင္ကာ
“ခင္ဗ်ားဘယ္လိုေျပာလိုက္တာလဲ
ကားရပ္လိုက္ ကြၽန္ေတာ္အယ္လ္မီကိုသြား႐ွာမယ္ အခုခ်က္ခ်င္းကားရပ္ေပး”

ေဟးမက္စ္ ​ေဒါသအားထိန္းခ်ဳပ္ကာ
“အဲ့မိန္းမေၾကာင့္မင္းေသမလိုျဖစ္ထားတာမမွတ္ေသးဘူးလား အခုခ်က္ခ်င္းျပန္ထိုင္ေနစမ္း”

“ခင္ဗ်ားဘယ္လိုေျပာလိုက္တာလဲ
ခင္ဗ်ားမွာအၾကင္နာတရားနည္းနည္းေလးေတာင္မ႐ွိဘူးလား”

ကားေပၚ႐ွိလူမ်ားကေတာ့ ကယ္ရီ၏စကားေၾကာင့္သူတို႔၏ေခါင္းေဆာင္ေဒါသထြက္သြားမည္ကို ​ေၾကာက္ရြံ႔ေနၾကသည္

“အၾကင္နာတရား…. ဟုတ္လား
ငါနဲ႔ငါ့လူေတြကို ဒုကၡေရာက္ေအာင္လုပ္တဲ့မိန္းမတစ္ေယာက္ကိုဘာအၾကင္နာတရားမွမထားႏိုင္ဘူး “

“ခင္ဗ်ား…..ခင္ဗ်ား”
ကယ္ရီလည္းေတာ္သင့္ရံုေလာက္သ႐ုပ္ေဆာင္ၿပီးသည့္ေနာက္တြင္ စိတ္ထိခိုက္ကာဝမ္းနည္းေနေသာလူငယ္ေလးအသြင္ေဆာင္ကာ ​ေခါင္းကိုငိုက္စိုက္ျပီး ၿငိမ္သက္စြာထိုင္ေနလိုက္သည္

“System ဘာေတြျဖစ္သြားတာလည္းျပန္ေျပာျပအံုး တကယ္ဟိုလူကဇြန္ဘီစာေကြၽးလိုက္တာလား မူရင္းဇာတ္ေၾကာင္းထဲမွာသူတို႔ႏွစ္ေယာက္က ခ်စ္သူေတြျဖစ္သြားတာမဟုတ္ဘူးလား “

System: “အဲ့အခ်ိန္ကျဖစ္စဥ္အစံုကို မွတ္တမ္းတင္ထားပါတယ္ Host….
ျပန္ၾကည့္မလား”

“အင္း”

System မွတ္တမ္းကို ကယ္ရီအားဖြင့္ျပလိုက္သည္ သူနဲ႔အယ္လ္မီျပဳတ္က်သြားေတာ့ ေဟးမက္စ္ကလည္းေနာက္ကေနလိုက္ခုန္ဆင္းလာခဲ့သည္ ေအာက္ေရာက္ေတာ့အယ္လ္မီကိုဖက္ထားကာသတိလစ္ေနတဲ့သူ႕ကိုေတြ႔ေတာ့ အဲ့လူကခ်က္ခ်င္းသူ၏ရင္ခြင္ထဲကအယ္လ္မီကိုဆြဲဖယ္ၿပီးသူ႔အားေပြ႔ထားခဲ့သည္
“ဘာလဲဟ….. ဒီလူက”
ထို႔ေနာက္တျခားသူမ်ားကလည္းေအာက္ထဲသို႔ခုန္ဆင္းလာၾကသည္
“ေခါင္းေဆာင္အဆင္ေျပလား…
ဇန္ ဘာျဖစ္သြားတာလဲ”

ေဟးမက္စ္ တျခားသူမ်ားေမးသည္ကိုျပန္မေျဖဘဲအယ္လ္မီကိုသာစူးစူးရဲရဲျကည့္ၿပီး
“မင္းေျပာေတာ့ လ်ိွဳ႕ဝွက္ကုဒ္သိပါတယ္ဆို ဒါဘယ္လိုျဖစ္တာလဲ”

“သူတို႔ေျပာင္းလိုက္တာေနမွာ
ကြၽန္မ…ကြၽန္မေသခ်ာမသိဘူး “

“ဒါဆို ဒီဒုတိယေျမာက္တံခါးရဲ႕ကုဒ္ကိုေရာ “
“ေတာင္းပန္ပါတယ္
ကြၽန္မ….ကြၽန္မ မသိဘူး”

ေဟးမက္စ္ ေနာက္မွလူမ်ားကိုတံခါးအားဖ်က္ဆီးရန္ၫႊန္ၾကားလိုက္သည္ တံခါးပြင့္သြားေသာအခါအထဲတြင္ျမင္လိုက္ရသည္က လက္နက္၊ခဲ၊ယမ္းမ်ားမဟုတ္ဘဲ ပုပ္ပြေနေသာအေလာင္းမ်ားျဖစ္သည္ ေျမေအာက္ျဖစ္သျဖင့္ေလဝင္ေလထြက္မေကာင္းေသာေၾကာင့္ တံခါးဖြင့္လိုက္စဥ္ထြက္လာသည့္အနံ႔မ်ားသည္ ထိုအုပ္စုအတြက္အိမ္မက္ဆိုးအလားျဖစ္ေစခဲ့သည္ တစ္ခ်ိဳ႕သူမ်ားဆိုလ်ွင္ ထိုးအန္သည့္အေျခေနထိေရာက္ခဲ့သည္ ေဟးမက္စ္လည္းအေပၚကလူမ်ားကိုေလွကားခ်ေပးရန္အျမန္ၫႊန္ၾကားခဲ့သည္ အေပၚသို႔အားလံုးျပန္ေရာက္ေသာအခါ

“မင္းဘာေျပာစရာက်န္ေသးလဲ”

“ကြၽန္မ…ကြၽန္မလည္းသူမ်ားဆီကတစ္ဆင့္ၾကားခဲ့ရတာပါ အဟင့္…အဟင့္
ကြၽန္မ မရည္ရြယ္ပါဘူး”

“မတိက်တဲ့သတင္းေတြနဲ႔ ငါတို႔ကိုဒုကၡေရာက္ေအာင္ဘာလို႔လုပ္တာလဲ
baseကမထြက္လာခင္က မင္းကိုေျပာခဲ့တဲ့စကားကို မွတ္မိမယ္လို႔ထင္ပါတယ္ ”

အယ္လ္မီထိုစကားၾကားေသာအခါ အလြန္ထိပ္လန္႔သြားကာ
“ေဟးမက္စ္ ႐ွင္အဲ့လိုလုပ္လို႔မရဘူးေလ ကြၽန္မကေစတနာနဲ႔႐ွင့္ကိုသတင္းေပးခဲ့တာပါ အခုလိုျဖစ္လိမ့္မယ္လို႔ကြၽန္မမထင္ထားခဲ့ပါဘူး ကြၽန္မကိုယံုပါ ကြၽန္မကိုမထားခဲ့ပါနဲ႔ ကြၽန္မကိုယံုပါေနာ္”

ထိုစဥ္ အျပင္ဘက္တြင္ေစာင့္ၾကည့္ရန္က်န္ခဲ့ေသာလူႏွစ္ေယာက္ထံမွ အခ်က္ေပးသံအားၾကားလိုက္ရသည္ ေဟးမက္စ္တို႔အျပင္ထြက္လာေသာအခါ စက္ရံုဝန္းထဲသို႔ဝင္လာေသာကားသံုးစီးအားေတြ႔လိုက္ရသည္ တျခားသူမ်ားလည္းကားသံုးစီးအားျမင္ေသာအခါ သတိကပ္လ်က္ေသနတ္မ်ားျဖင့္ခ်ိန္ထားၾကသည္ ထို႔ေနာက္တြင္ကားေပၚမွ လူအေယာက္၂၀ခန္႔ဆင္းလာၾကသည္ ေခါင္းေဆာင္ဟုယူဆရေသာတက္တူးအျပည့္ႏွင့္လူကစကားစေျပာလာခဲ့သည္

“လမ္းၾကံဳျဖတ္သြားရင္းႏွင့္ ငါ့စက္ရံုဖက္ကိုဝင္ၾကည့္မိလိုက္တာ ႂကြက္ေတြနဲ႔တိုးေနပါလား ဘာလဲ စားႂကြင္းစားက်န္ေတြလာ႐ွာတာလား”

ထိုစကားအားျကားေသာအခါ ေဟးမက္စ္ေနာက္မွလူမ်ားသည္ ေဒါသထြက္ကာ တ႐ွဴး႐ွဴးတ႐ွဲ႐ွဲျဖစ္လာၾကသည္ ေဟးမက္စ္လည္း ေနာက္မွလူမ်ားအားထိန္းလိုက္ကာ

“ဒီစက္ရံုကခင္ဗ်ားပိုင္တာလား
ဒါဆိုလည္းသန္႔႐ွင္းေရးေလးဘာေလးလုပ္ဖို႔အၾကံေပးခ်င္တယ္ လမ္းၾကံဳျဖတ္သြားရင္းႏွင့္မသတီစရာအနံ႔ရလို႔ ပိုင္႐ွင္မ်ားေသေနလားလို႔ ခဏဝင္ၾကည့္လိုက္တာပါ”

“မင္း….”

အဲ့အခ်ိန္တြင္ ေနာက္တြင္႐ွိေနေသာ အယ္လ္မီသည္ ငိုယိုကာ တက္တူးမ်ားႏွင့္လူထံသို႔ေျပးဝင္သြားခဲ့သည္

“မစၥတာဝူ ကြၽန္မကိုကယ္ပါအံုး အဟင့္ အဟင့္”
အယ္လ္မီအားမွတ္မိရန္ တက္တူးမ်ားႏွင့္လူအခ်ိန္မယူလိုက္ရ

“အယ္လ္မီ….. မင္းေလးကဘာလို႔ဒီကိုေရာက္ေနတာလဲ ဒီလူေတြမင္းကိုဘာလုပ္ထားလဲ ကိုယ့္ကိုေျပာ ကိုယ္အကုန္ေျဖ႐ွင္းေပးမယ္”

“သူတို႔ကကြၽန္မကိုဖမ္းထားၿပီး ႐ွင့္ရဲ႕သို​ေလွာင္ခန္းအေၾကာင္းေမးတယ္ မေျဖရင္ ကြၽန္မကို….ကြၽန္မကို…..အဟင့္..အဟင့္”

“မိုက္႐ိုင္းလိုက္တဲ့ႂကြက္လိုေကာင္ေတြ အဲ့တာေၾကာင့္ငါ့စက္ရံုကိုေရာက္ေနၾကတာေပါ့”

မဟုတ္မခံသည့္မိုခ်ီက ေဒါသထြက္ကာ
“အေဒၚႀကီး ခင္ဗ်ားဘာစကားေျပာလိုက္တာလဲ ဒီေနရာကိုခင္ဗ်ားပဲေခၚလာတာေလ ဘာလို႔ရြံစရာေကာင္းေအာင္မ်က္ႏွာႏွစ္မ်ိဳးလုပ္ေနရတာလဲ”

“မင္း…”

ေဟးမက္စ္က ရင္ခြင္ထဲ႐ွိသူအားတစ္ခ်က္ငံု႔ၾကည့္ကာ
“အခု ခင္ဗ်ားဘာဆက္လုပ္မယ္စိတ္ကူးလဲ အကယ္၍ တိုက္ခိုက္ခ်င္တယ္ဆိုလည္းရတယ္ ဒါေပမယ့္ ဆူညံသံေတြေၾကာင့္ျဖစ္လာမဲ့အက်ိဳးဆက္ကိုေတာ့သိတယ္မလား “

ထိုအခါ တက္တူးမ်ားႏွင့္လူက တစ္ဖက္၏လူအင္အားကိုၾကည့္တာ
” မင္းတို႔ေနာက္တစ္ခါ ငါတို႔နဲ႔မဆံုေစနဲ႔ အဲ့အခ်ိန္က်ရင္ အခုလိုညႇာတာေပးမွာမဟုတ္ဘူး……သြားၾကမယ္”

“သြားမယ္ဆိုရင္ အဲ့အမႈိက္ထုပ္ပါေခၚသြား “ဟုဆိုကာ အယ္လ္မီအားၫႊန္ျပလိုက္သည္
အယ္လ္မီ အံႀကိတ္ကာ
“႐ွင္….႐ွင္”

ထိုလူမ်ားျပန္ဆုတ္သြားေသာအခါ ေဟးမက္စ္ ကယ္ရီ၏ဒဏ္ရာရထားေသာေခါင္းနွင့္လက္အားေဆးထည့္ေပးကာ ညင္သာစြာပက္တီးစည္းေပးၿပီးေနာက္ Baseသို႔ျပန္လွည့္လာခဲ့သည္

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode  ~

ကယ်ရီသတိရလာသောအခါ ကားပေါ်သို့ပြန်ရောက်နေခဲ့သည် ထို့အပြင်လူတစ်ယောက်၏ပုခုံးပေါ်၌ မှီလျှက်သားဖြစ်နေခဲ့သည်

“အား…ကျွတ် ကျွတ် ကျွတ်.
ငါ့လက်…”
ကယ်ရီ ညာဖက်လက်နာကျင်နေသောကြောင့်ညည်းလိုက်သည်

“အခုမှညည်းမနေနဲ့ ကျိုးသွားတာ”
ထိုအသံကား ကယ်ရီမှီထားသောသူထံမှဖြစ်သည် ကယ်ရီလည်းအမြန်မတ်မတ်ထိုင်ကာ
” ကျွန်တော်ကားပေါ်ဘယ်လိုလုပ်ပြန်ရောက်နေတာလဲ အယ်လ်မီရော”

ဒုတိယမေးခွန်းအားကြားသောအခါဟေးမက်စ်လည်းမျက်မှောင်ကုပ်ကာ
“ဇွန်ဘီစာကျွေးလိုက်ပြီ “

ထိုအခါကယ်ရီလည်းစိတ်ပူချင်ယောင်ဆောင်ကာ
“ခင်ဗျားဘယ်လိုပြောလိုက်တာလဲ
ကားရပ်လိုက် ကျွန်တော်အယ်လ်မီကိုသွားရှာမယ် အခုချက်ချင်းကားရပ်ပေး”

ဟေးမက်စ် ​ဒေါသအားထိန်းချုပ်ကာ
“အဲ့မိန်းမကြောင့်မင်းသေမလိုဖြစ်ထားတာမမှတ်သေးဘူးလား အခုချက်ချင်းပြန်ထိုင်နေစမ်း”

“ခင်ဗျားဘယ်လိုပြောလိုက်တာလဲ
ခင်ဗျားမှာအကြင်နာတရားနည်းနည်းလေးတောင်မရှိဘူးလား”

ကားပေါ်ရှိလူများကတော့ ကယ်ရီ၏စကားကြောင့်သူတို့၏ခေါင်းဆောင်ဒေါသထွက်သွားမည်ကို ​ကြောက်ရွံ့နေကြသည်

“အကြင်နာတရား…. ဟုတ်လား
ငါနဲ့ငါ့လူတွေကို ဒုက္ခရောက်အောင်လုပ်တဲ့မိန်းမတစ်ယောက်ကိုဘာအကြင်နာတရားမှမထားနိုင်ဘူး “

“ခင်ဗျား…..ခင်ဗျား”
ကယ်ရီလည်းတော်သင့်ရုံလောက်သရုပ်ဆောင်ပြီးသည့်နောက်တွင် စိတ်ထိခိုက်ကာဝမ်းနည်းနေသောလူငယ်လေးအသွင်ဆောင်ကာ ​ခေါင်းကိုငိုက်စိုက်ပြီး ငြိမ်သက်စွာထိုင်နေလိုက်သည်

“System ဘာတွေဖြစ်သွားတာလည်းပြန်ပြောပြအုံး တကယ်ဟိုလူကဇွန်ဘီစာကျွေးလိုက်တာလား မူရင်းဇာတ်ကြောင်းထဲမှာသူတို့နှစ်ယောက်က ချစ်သူတွေဖြစ်သွားတာမဟုတ်ဘူးလား “

System: “အဲ့အချိန်ကဖြစ်စဉ်အစုံကို မှတ်တမ်းတင်ထားပါတယ် Host….
ပြန်ကြည့်မလား”

“အင်း”

System မှတ်တမ်းကို ကယ်ရီအားဖွင့်ပြလိုက်သည် သူနဲ့အယ်လ်မီပြုတ်ကျသွားတော့ ဟေးမက်စ်ကလည်းနောက်ကနေလိုက်ခုန်ဆင်းလာခဲ့သည် အောက်ရောက်တော့အယ်လ်မီကိုဖက်ထားကာသတိလစ်နေတဲ့သူ့ကိုတွေ့တော့ အဲ့လူကချက်ချင်းသူ၏ရင်ခွင်ထဲကအယ်လ်မီကိုဆွဲဖယ်ပြီးသူ့အားပွေ့ထားခဲ့သည်
“ဘာလဲဟ….. ဒီလူက”
ထို့နောက်တခြားသူများကလည်းအောက်ထဲသို့ခုန်ဆင်းလာကြသည်
“ခေါင်းဆောင်အဆင်ပြေလား…
ဇန် ဘာဖြစ်သွားတာလဲ”

ဟေးမက်စ် တခြားသူများမေးသည်ကိုပြန်မဖြေဘဲအယ်လ်မီကိုသာစူးစူးရဲရဲကြည့်ပြီး
“မင်းပြောတော့ လျှို့ဝှက်ကုဒ်သိပါတယ်ဆို ဒါဘယ်လိုဖြစ်တာလဲ”

“သူတို့ပြောင်းလိုက်တာနေမှာ
ကျွန်မ…ကျွန်မသေချာမသိဘူး “

“ဒါဆို ဒီဒုတိယမြောက်တံခါးရဲ့ကုဒ်ကိုရော “
“တောင်းပန်ပါတယ်
ကျွန်မ….ကျွန်မ မသိဘူး”

ဟေးမက်စ် နောက်မှလူများကိုတံခါးအားဖျက်ဆီးရန်ညွှန်ကြားလိုက်သည် တံခါးပွင့်သွားသောအခါအထဲတွင်မြင်လိုက်ရသည်က လက်နက်၊ခဲ၊ယမ်းများမဟုတ်ဘဲ ပုပ်ပွနေသောအလောင်းများဖြစ်သည် မြေအောက်ဖြစ်သဖြင့်လေဝင်လေထွက်မကောင်းသောကြောင့် တံခါးဖွင့်လိုက်စဉ်ထွက်လာသည့်အနံ့များသည် ထိုအုပ်စုအတွက်အိမ်မက်ဆိုးအလားဖြစ်စေခဲ့သည် တစ်ချို့သူများဆိုလျှင် ထိုးအန်သည့်အခြေနေထိရောက်ခဲ့သည် ဟေးမက်စ်လည်းအပေါ်ကလူများကိုလှေကားချပေးရန်အမြန်ညွှန်ကြားခဲ့သည် အပေါ်သို့အားလုံးပြန်ရောက်သောအခါ

“မင်းဘာပြောစရာကျန်သေးလဲ”

“ကျွန်မ…ကျွန်မလည်းသူများဆီကတစ်ဆင့်ကြားခဲ့ရတာပါ အဟင့်…အဟင့်
ကျွန်မ မရည်ရွယ်ပါဘူး”

“မတိကျတဲ့သတင်းတွေနဲ့ ငါတို့ကိုဒုက္ခရောက်အောင်ဘာလို့လုပ်တာလဲ
baseကမထွက်လာခင်က မင်းကိုပြောခဲ့တဲ့စကားကို မှတ်မိမယ်လို့ထင်ပါတယ် ”

အယ်လ်မီထိုစကားကြားသောအခါ အလွန်ထိပ်လန့်သွားကာ
“ဟေးမက်စ် ရှင်အဲ့လိုလုပ်လို့မရဘူးလေ ကျွန်မကစေတနာနဲ့ရှင့်ကိုသတင်းပေးခဲ့တာပါ အခုလိုဖြစ်လိမ့်မယ်လို့ကျွန်မမထင်ထားခဲ့ပါဘူး ကျွန်မကိုယုံပါ ကျွန်မကိုမထားခဲ့ပါနဲ့ ကျွန်မကိုယုံပါနော်”

ထိုစဉ် အပြင်ဘက်တွင်စောင့်ကြည့်ရန်ကျန်ခဲ့သောလူနှစ်ယောက်ထံမှ အချက်ပေးသံအားကြားလိုက်ရသည် ဟေးမက်စ်တို့အပြင်ထွက်လာသောအခါ စက်ရုံဝန်းထဲသို့ဝင်လာသောကားသုံးစီးအားတွေ့လိုက်ရသည် တခြားသူများလည်းကားသုံးစီးအားမြင်သောအခါ သတိကပ်လျက်သေနတ်များဖြင့်ချိန်ထားကြသည် ထို့နောက်တွင်ကားပေါ်မှ လူအယောက်၂၀ခန့်ဆင်းလာကြသည် ခေါင်းဆောင်ဟုယူဆရသောတက်တူးအပြည့်နှင့်လူကစကားစပြောလာခဲ့သည်

“လမ်းကြုံဖြတ်သွားရင်းနှင့် ငါ့စက်ရုံဖက်ကိုဝင်ကြည့်မိလိုက်တာ ကြွက်တွေနဲ့တိုးနေပါလား ဘာလဲ စားကြွင်းစားကျန်တွေလာရှာတာလား”

ထိုစကားအားကြားသောအခါ ဟေးမက်စ်နောက်မှလူများသည် ဒေါသထွက်ကာ တရှူးရှူးတရှဲရှဲဖြစ်လာကြသည် ဟေးမက်စ်လည်း နောက်မှလူများအားထိန်းလိုက်ကာ

“ဒီစက်ရုံကခင်ဗျားပိုင်တာလား
ဒါဆိုလည်းသန့်ရှင်းရေးလေးဘာလေးလုပ်ဖို့အကြံပေးချင်တယ် လမ်းကြုံဖြတ်သွားရင်းနှင့်မသတီစရာအနံ့ရလို့ ပိုင်ရှင်များသေနေလားလို့ ခဏဝင်ကြည့်လိုက်တာပါ”

“မင်း….”

အဲ့အချိန်တွင် နောက်တွင်ရှိနေသော အယ်လ်မီသည် ငိုယိုကာ တက်တူးများနှင့်လူထံသို့ပြေးဝင်သွားခဲ့သည်

“မစ္စတာဝူ ကျွန်မကိုကယ်ပါအုံး အဟင့် အဟင့်”
အယ်လ်မီအားမှတ်မိရန် တက်တူးများနှင့်လူအချိန်မယူလိုက်ရ

“အယ်လ်မီ….. မင်းလေးကဘာလို့ဒီကိုရောက်နေတာလဲ ဒီလူတွေမင်းကိုဘာလုပ်ထားလဲ ကိုယ့်ကိုပြော ကိုယ်အကုန်ဖြေရှင်းပေးမယ်”

“သူတို့ကကျွန်မကိုဖမ်းထားပြီး ရှင့်ရဲ့သို​လှောင်ခန်းအကြောင်းမေးတယ် မဖြေရင် ကျွန်မကို….ကျွန်မကို…..အဟင့်..အဟင့်”

“မိုက်ရိုင်းလိုက်တဲ့ကြွက်လိုကောင်တွေ အဲ့တာကြောင့်ငါ့စက်ရုံကိုရောက်နေကြတာပေါ့”

မဟုတ်မခံသည့်မိုချီက ဒေါသထွက်ကာ
“အဒေါ်ကြီး ခင်ဗျားဘာစကားပြောလိုက်တာလဲ ဒီနေရာကိုခင်ဗျားပဲခေါ်လာတာလေ ဘာလို့ရွံစရာကောင်းအောင်မျက်နှာနှစ်မျိုးလုပ်နေရတာလဲ”

“မင်း…”

ဟေးမက်စ်က ရင်ခွင်ထဲရှိသူအားတစ်ချက်ငုံ့ကြည့်ကာ
“အခု ခင်ဗျားဘာဆက်လုပ်မယ်စိတ်ကူးလဲ အကယ်၍ တိုက်ခိုက်ချင်တယ်ဆိုလည်းရတယ် ဒါပေမယ့် ဆူညံသံတွေကြောင့်ဖြစ်လာမဲ့အကျိုးဆက်ကိုတော့သိတယ်မလား “

ထိုအခါ တက်တူးများနှင့်လူက တစ်ဖက်၏လူအင်အားကိုကြည့်တာ
” မင်းတို့နောက်တစ်ခါ ငါတို့နဲ့မဆုံစေနဲ့ အဲ့အချိန်ကျရင် အခုလိုညှာတာပေးမှာမဟုတ်ဘူး……သွားကြမယ်”

“သွားမယ်ဆိုရင် အဲ့အမှိုက်ထုပ်ပါခေါ်သွား “ဟုဆိုကာ အယ်လ်မီအားညွှန်ပြလိုက်သည်
အယ်လ်မီ အံကြိတ်ကာ
“ရှင်….ရှင်”

ထိုလူများပြန်ဆုတ်သွားသောအခါ ဟေးမက်စ် ကယ်ရီ၏ဒဏ်ရာရထားသောခေါင်းနှင့်လက်အားဆေးထည့်ပေးကာ ညင်သာစွာပက်တီးစည်းပေးပြီးနောက် Baseသို့ပြန်လှည့်လာခဲ့သည်

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 3.6(ဇန္), novel System 286 (On Going) Arc 3.6(ဇန္), read System 286 (On Going) Arc 3.6(ဇန္) online, System 286 (On Going) Arc 3.6(ဇန္) chapter, System 286 (On Going) Arc 3.6(ဇန္) high quality, System 286 (On Going) Arc 3.6(ဇန္) light novel, ,

Comment

Leave a Reply

Chapter 42