System 286 (On Going) Arc 3.7(ဇန်)

All chapters are in System 286 (On Going)
A+ A-

Zawgyi ~









ကျေးဇူးပါ “







“ရှူး…ရှူး…ရှူး

“Grrrrrrrrrrrr “






“ကိုယ်….ကိုယ်”


“………..”
ခွင့်ပြုပါအုံး”












“ဟားဟားဟားဟား



အမှောင်ထဲမှလက်တစ်စုံက ကယ်ရီအားချုပ်ကာနံရံထက်သို့ကပ်ထားလိုက်သည် ထို့နောက်တွင် ကယ်ရီ၏နှုတ်ခမ်းပါးထံသို့အနမ်းများကြရောက်လာခဲ့သည် ကယ်ရီအစွမ်းကုန်ရုန်းသော်လည်း တစ်ဖက်လူနှင့်အင်အားချင်းမမျှသောကြောင့်မလွတ်မြောက်ပေ

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode ~

ကယ်ရီမှတ်တမ်းတင်ထားသည်အားကြည့်ပြီးသည့်နောက်တွင်
“အယ်လ်မီနဲ့ဟိုလူကြီးနဲ့ကဘယ်လိုလုပ်သိနေကြတာလဲ”

System: “ကုတင်ပေါ်မှာဆုံဖူးကြတာပါ”

“အဟမ်း….အဲ့ဒီလူနောက်ကိုပါသွားတယ်ဆိုတော့ ငါpointထပ်မရတော့ဘူးပေါ့
point300ပဲယူရသေးတယ်လေ 1000လောက်ရအောင်ယူဖို့စဉ်းစားထားတာကို”

System: “Host ကံကောင်းရင်
အဓိကမစ်ရှင်မပီးခင်ဇာတ်လိုက်မကိုထပ်တွေ့ရင်တွေ့မှာပေါ့”

“မတွေ့ခင်သူက ​သေသွားရင်ဘယ်လိုလုပ်မလဲ”

System: “အယ်လ်မီကဒီကမ္ဘာရဲ့ဇာတ်လိုက်မ မလို့တော်ရုံမသေနိုင်ပါဘူး အကယ်၍သူနဲ့ထပ်ဆုံခဲ့ရင် pointထပ်ရနိုင်ပါသေးတယ် ဖိုက်တင်း “

Baseကိုပြန်ရောက်သောအခါ ကယ်ရီစကားတစ်ခွန်းမှမဆိုဘဲနှင့်တန်းထွက်သွားခါနီးတွင် သူ၏လက်ကိုဟေးမက်စ်ကဆွဲထားခဲ့သည်
“ခေါင်းဆောင် ဒါဘာလုပ်တာလဲ”

“မင်းညာလက်ကဒဏ်ရာရထားတာ တစ်ယောက်တည်းအဆင်ပြေမှာမဟုတ်ဘူး “

“မလိုပါဘူး အဆင်ပြေပါတယ်
ကျေးဇူးပါ “

“မင်းအဆင်ပြေလည်း ကိုယ်အဆင်မပြေဘူး” ဟုဆိုကာ ကယ်ရီအားဆွဲခေါ်သွားသည်

နောက်တွင်ရှိနေသော အဖွဲ့ဝင်များက ကယ်ရီတို့အားကြည့်ကာ
“ခေါင်းဆောင်က ဇန်ကိုတော်တော်သဘောကျတယ်ထင်တယ် ကြည့်ပါအုံးဂရုစိုက်နေလိုက်တာ”

“ခေါင်းဆောင်က တစ်ဦးတည်းသောသားမလို့နေမယ် ညီလေးအရမ်းလိုချင်နေတဲ့ပုံပဲ ဇန်လေးကလည်းချစ်စရာလေးမလား”

“ဟုတ်တယ် အဲ့ကောင်လေးကအေးစက်စက်နေပေမယ့် ချစ်စရာလေး “

“လာပါ သွားနားကြရအောင် ဒီရက်ပိုင်းဟိုမိန်းမကြောင့်ငါတို့တွေပင်ပန်းထားတယ်မလား”

အဖွဲ့ဝင်များအသီးသီး သူတို့၏နေရာစီသို့ထွက်သွားကြသည် မိုချီလည်း ဂျိတ်ခ်နောက်သို့လိုက်ကာ
“ဂျိတ်ခ်….ကျွန်တော့်ကိုရောညီမတော်ချင်ဘူးလား “

“ရှူး…ရှူး…ရှူး
ငါရုပ်ဆိုးဆိုးညီ မလိုချင်ဘူး”

“Grrrrrrrrrrrr “

ဟေးမက်စ်သည် ကယ်ရီအားသူနေသည့်နေရာသို့ခေါ်သွားခဲ့သည် အထဲသို့ရောက်သောအခါ ကယ်ရီသူ့အားဆွဲထားသည့်လက်ကိုခါချလိုက်သည်

“ကိုယ့်အခန်းကိုယ်ပဲပြန်နေပါ့မယ်
ခေါင်းဆောင်ဒီလိုလုပ်ပေးဖို့မလိုပါဘူး”

“ဒါငါ့Base ငါကခေါင်းဆောင်
ငါ့Baseမှာနေရင်ငါ့အမိန့်ကိုနာခံ ဒီမှာနေဆိုနေ”
ဟေးမက်စ် ကောင်လေးအားလေသံနည်းနည်းမာကာပြောလိုက်သည်

ကယ်ရီဒေါသထွက်သွားသော်လည်း ပြုံးကာဟေးမက်စ်နားသို့တဖြေးဖြေးကပ်လာခဲ့သည် ဟေးမက်စ်လည်းရုတ်တရက်ကြောင်သွားကာ ကယ်ရီတစ်လှမ်းတိုးလိုက်တိုင်း တစ်လှမ်းနောက်ဆုတ်သွားသည် ထို့နောက် ​ခုံဖြင့်တိုက်မိကာခုံပေါ်သို့ထိုင်လျှက်သားလဲကျသွားသည် ကယ်ရီလည်းကိုယ်ကိုကိုင်း၍ ဟေးမက်စ်၏မျက်လုံးအားကြည့်ပြီးတစ်ချက်ပြုံးကာ

“အဟက်….​ခေါင်းဆောင်မဟုတ်မှလွဲရော ကျွန်တော့ကိုကြိုက်နေတာလား”

“ကိုယ်….ကိုယ်”

“ကြိုက်နေတယ်ဆိုရင်လည်း ခင်ဗျားရဲ့ခံစားချက်တွေကိုအမြန်ဖျောက်လိုက် ကျွန်တော်ကယောက်ျားတွေကိုမကြိုက်တတ်ဘူး နောက်ပီး”

ကယ်ရီလက်မှာစည်းထားသော ပတ်တီးများကိုဆွဲဖြည်ကာ ဟေးမက်စ်၏ရှေ့တွင်လက်အားခါရမ်းပြလိုက်သည်
“တွေ့လား ကျွန်တော့လက်အကောင်းတိုင်းပြန်ဖြစ်သွားပြီ”
“………..”
“ဒါဆိုမနှောက်ယှက်တော့ဘူးနော်
ခွင့်ပြုပါအုံး”
ကယ်ရီကြောင်အနေသောဟေးမက်စ်အားအခန်းထဲတွင်ချန်ထားခဲ့ကာထွက်သွားသည်

System: “ဆေးဖိုးpoint50ဖြတ်လိုက်ပါပြီ”

“မင်းဟာကဈေးကြီးလိုက်တာ”

System: “ဒါတောင်လျှော့ဈေးနဲ့ပေးထားတာနော်”

နောက်ပိုင်းရက်များတွင် ကယ်ရီ စားလိုက် အိပ်လိုက် ကင်းစောင့်လိုက်နှင့်ငြိမ်းချမ်းနေခဲ့သည် ဟေးမက်စ်သည်လည်း သူ၏ရှေ့သို့ပေါ်မလာခဲ့ပေ တစ်ညတွင် Baseထဲရှိလူငယ်များစုကာ မီးပုံပွဲကျင်းပကြသည် အရင်ချိန်များကဲ့သို့အစားသောက်အစုံလင်ပါသောမီးပုံပွဲမျိုးတော့မဟုတ်ခဲ့ပေ ဂျိတ်ခ်မှ
“အခုလိုခက်ခဲတဲ့အခြေနေမျိုးမှာ အားလုံးစိတ်ရောလူရောပင်ပန်းနေကြမယ်ဆိုတာသိပါတယ် ဒီတစ်ညဖြစ်ဖြစ်ငါတို့ညီကိုတွေအားလုံးကိုမေ့ပြီးပျော်လိုက်ကြရအောင်”

ထိုအခါမိုချီက ကယ်ရီအားအသံတိုးတိုးလေးဖြင့်
“ကော်ဖီလေးတစ်ခွက်ပေးပြီး ဘီယာပုလင်းလိုက်မော့ရတဲ့မုသွင်းခိုင်းနေတာ”

ကယ်ရီလည်းရီကာ မိုချီအား
“အသက်လည်းမပြည့်သေးဘဲနဲ့ ပေးထားတဲ့ကော်ဖီသာကုန်အောင်သောက်ပါ အစားသောက်တွေရှားနေတာ မဖြုန်းတီးနဲ့”

“မင်းသာအသက်မပြည့်သေးတာ ငါက၁၈ပြည့်ပြီကွ”

“ဟားဟား ဟုတ်ပါပီ ဟုတ်ပါပီ “

ကယ်ရီနှင့်မိုချီစကားပြောနေသည်ကို မျက်နှာချင်းဆိုင်တွင်ထိုင်၍ မျက်နှာကြီးမဲမှောင်ကာကြည့်နေသောလူတစ်ယောက်လည်းရှိနေခဲ့သည်
ကယ်ရီအဖွဲ့ဝင်တစ်ယောက်လက်ထဲမှဂစ်တာအားတွေ့လိုက်သောအခါ ရုတ်တရက်အကြံတစ်ခုရလာခဲ့သည် သူ၏စွမ်းရည်များထဲမှတစ်မျိုးဖြစ်သော ဂီတစွမ်းရည်အားစမ်းကြည့်လိုသောကြောင့် ဂစ်တာ အားခဏငှါးယူကာ သူအရမ်းကြိုက်သောသီချင်းတစ်ပုဒ်အားတီးခတ်လိုက်သည်
ဂစ်တာသံချိုချိုလေးထွက်လာသောကြောင့်အားလုံးရဲ့အာရုံများက ကယ်ရီထံသို့ရောက်ရှိလာကာ ငြိမ်သက်စွာနားထောင်လိုက်ကြသည် သီချင်းပြီးဆုံးသောအခါအားလုံးလက်ခုပ်တီးကာ ကယ်ရီအားချီးကျူးကြသည်

“ဇန် မင်းကအရမ်းတော်တာပဲ
မင်းကတိုက်ခိုက်တာတင်တော်တာမဟုတ်ဘဲ ဒီလိုအနုအယွလေးတွေလည်းတတ်တယ်ပေါ့”
ဂျိတ်ခ်ကချီးကျူးလိုက်သည်

“ဇန် မင်းတီးတာကိုနားထောင်ပြီးငါငိုတောင်ငိုချင်လာပြီ…… ရွှတ်”

တခြားတစ်ယောက်က ထိုကောင်လေးအားစလိုက်သည်
“ဟားဟားဟားဟား
မင်းကိုကအသဲနုနေတာပါကွာ”

“နောက်ထပ်တီးပြပါအုံးဗျို့”

အားလုံးကတောင်းဆိုနေသောကြောင့် ကယ်ရီနောက်ထပ်သီချင်းနှစ်ပုဒ်ခန့်ထပ်တီးပြလိုက်ရသည်
ညနက်လာသောအခါမီးများငြိမ်းသတ်ပြီးနောက်မိမိတို့၏ကိုယ်ပိုင်နေရာများထံသို့အသီးသီးပြန်သွားကြသည် ကယ်ရီလည်းသူ့၏အခန်းသို့ပြန်သွားလိုက်သည် အခန်းထဲသို့ရောက်သောအခါ မီးဖွင့်ခါနီးတွင်
System: “Host လူရှိတယ် သတိထား”

အမှောင်ထဲမှလက်တစ်စုံက ကယ်ရီအားချုပ်ကာနံရံထက်သို့ကပ်ထားလိုက်သည် ထို့နောက်တွင် ကယ်ရီ၏နုှတ်ခမ်းပါးထံသို့အနမ်းများကြရောက်လာခဲ့သည် ကယ်ရီအစွမ်းကုန်ရုန်းသော်လည်း တစ်ဖက်လူနှင့်အင်အားချင်းမမျှသောကြောင့်မလွတ်မြောက်ပေ
“အွန့်….ဘယ်သူလဲ လွှတ်စမ်း…အု”
ကယ်ရီစကားပြောလိုက်သောကြောင့် တစ်ဖက်လူအားအခွင့်ရေးပေးမိသလိုဖြစ်သွားခဲ့သည် သူ၏နှုတ်ခမ်းတွင်း၌ချယ်လှယ်နေသောလျှာကြောင့် ကယ်ရီအသက်ရှူမဝတော့ပေ ဒူးများကလည်းခွေယိုင်လာခဲ့သည် ကယ်ရီလည်းသူ့နှုတ်ခမ်းထဲသို့ဝင်ရောက်နေသောလျှာအားကိုက်ဆွဲက အဲ့လူ၏လျှို့ဝှက်နေရာအားပိတ်ကန်ပစ်လိုက်သည် (AN-မျိုးတော့ကန်းတော့မှာပဲ🙃) ထို့နောက်မီးအလျှင်မြန်ဖွင့်လိုက်သောအခါမမြင်အပ်သောနေရာအားလက်ဖြင်အုပ်ကာ ကြမ်းပြင်တွင်မျက်နှာကြီးရဲ၍လှဲနေသော ဟေးမက်စ်ကိုတွေ့လိုက်ရသည်

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 3.7(ဇန်), novel System 286 (On Going) Arc 3.7(ဇန်), read System 286 (On Going) Arc 3.7(ဇန်) online, System 286 (On Going) Arc 3.7(ဇန်) chapter, System 286 (On Going) Arc 3.7(ဇန်) high quality, System 286 (On Going) Arc 3.7(ဇန်) light novel, ,

Comment

Leave a Reply

Chapter 43