System 286 (On Going) Arc 3.8(ဇန္)

All chapters are in System 286 (On Going)
A+ A-

Zawgyi ~

အခန္းထဲတြင္မ်က္ႏွာခ်င္းဆိုင္၍ လူႏွစ္ေယာက္ထိုင္ေနၾကသည္ တစ္ေယာက္မွာေဒါသမ်ားထြက္ေနေသာ္လည္း တစ္ေယာက္မွာမူျပံဳးရႊင္ေနေလသည္

“ခင္ဗ်ားဘာေစာက္႐ူးထၿပီး အခုလိုလုပ္တာလဲ”

“ေစာနကိစၥအတြက္ကိုယ္မေတာင္းပန္ႏိုင္ဘူး ဒါေပမယ့္ကိုယ္မွားတယ္ဆိုတာေတာ့ဝန္ခံပါတယ္ ကိုယ္ဒီရက္ပိုင္းကိုယ့္ကိုယ္ကိုဆန္းစစ္ၿပီးသြားၿပီ ကိုယ္မင္းကိုခ်စ္တယ္ဇန္”

“စိတ္မရွိပါနဲ႔ ​ေဟးမက္စ္
ကြၽန္ေတာ္ေယာက္်ားေတြကိုမႀကိဳက္ဘူး
အထူးသျဖင့္ ခင္ဗ်ားကိုမႀကိဳက္ဘူး
အခုကြၽန္ေတာ့အခန္းထဲကေနထြက္သြားပါ ေနာင္ကိုကြၽန္ေတာ့ခြင့္ျပဳခ်က္မ႐ွိဘဲဝင္လာမယ္ဆိုရင္ ဒီBaseကေနထြက္သြားရလိမ့္မယ္”

“ေကာင္းၿပီ ကိုယ္အခုထြက္သြားေပးမယ္
ဒါေပမယ့္ မင္းကိုတစ္ခုသတိေပးပါရေစ ဒီေန႔ကစၿပီးမင္းကိုကိုယ္စလိုက္ေတာ့မွာ မင္းရဲ႕အခ်စ္ကိုမရမခ်င္းမရပ္တန္႔ဘူး ေကာင္းေသာညပါ ကိုယ့္အခ်စ္ “
~ဒုန္း~
ေဟးမက္စ္ေျပာလို႔မဆံုးခင္တံခါးေစာင့္ပိတ္ခံလိုက္ရသည္
‘အဟက္ ခ်စ္စရာေလး ‘

အခန္းထဲတြင္…..
System: “Hostဘယ္လိုလုပ္မယ္စိတ္ကူးလည္း”

“ငါတူညီတဲ့အမွားကိုထပ္လုပ္မွာမဟုတ္ဘူး ငါထပ္မခ်စ္ေတာ့ဘူး မစ္႐ွင္ပီးတာနဲ႔ထြက္သြားေတာ့မယ္”

ကယ္ရီအိပ္မေပ်ာ္ေတာ့သျဖင့္အျပင္သို႔လမ္းေလ်ွာက္ထြက္လာခဲ့သည္ ေထာင္႕ခ်ိဳးတစ္ခုသို႔ေရာက္ေသာအခါ ဖုန္းေျပာသံတစ္ခ်ိဳ႕ၾကားလိုက္ရသည္ ထိုစကားထဲတြင္အယ္လ္မီဟုၾကားလိုက္သျဖင့္ System အားခိုးနားေထာင္ရန္ အသံဖမ္းခိုင္းလိုက္သည္

“အခ်ိန္က်တာနဲ႔ ႐ွင္ကဂိတ္ေပါက္ကိုဖြင့္ေပးပါ ကြၽန္မတို႔ဒီBaseကိုဝင္သိမ္းမယ္ ႐ွင္လည္းအက်ိဳးမနည္းေစရပါဘူး မစၥတာဝူက႐ွင့္ကိုေကာင္းေကာင္းၾကည့္႐ႈေပးမွာပါ”

“စိတ္ခ်ပါ မစၥအယ္လ္မီ ကြၽန္ေတာ့တာဝန္ေက်ေစရပါမယ္”

“ကြၽန္မ႐ွင့္ကို အားကိုးမယ္ေနာ္”

ကယ္ရီတိတ္တဆိတ္နားေထာင္ၿပီးသည့္ေနာက္တြင္
“System အခုဖုန္းေျပာေနတာဘယ္သူလဲ”

System: “ေဟးမက္စ္ရဲ႕ လက္ေထာက္ပါ”

“ၾကည့္ရတာ ငါ့ရဲ႕မစ္႐ွင္ပီးေတာ့မယ္ထင္တယ္”
…………………..

ေနာက္ရက္တြင္ကယ္ရီ Systemအား ထိုလက္ေထာက္ကိုေစာင့္ၾကည့္ေစခဲ့သည္ ရလာသည္အခ်က္လက္မ်ားအရ Baseအားလကြယ္ညတြင္ဝင္ေရာက္တိုက္ခိုက္မည္ျဖစ္သည္
‘ေနာက္ႏွစ္ရက္ေနရင္ လကြယ္ေတာ့မွာပဲ ငါဟိုလူကိုအသိေပးရင္ေကာင္းမလား’

ကယ္ရီစဥ္းစားေနစဥ္ ထိုလူကသူ၏ေ႐ွ႕သို႔ေရာက္လာခဲ့သည္

“ေဘဘီ ကိုယ္နဲ့ေန႔လည္စာသြားစားရေအာင္”

“ဘာကိစၥခင္ဗ်ားနဲ႔စားရမွာလဲ ေနာက္ၿပီးကြၽန္ေတာ့ကိုယ္အဲ့လိုမေခၚနဲ႔ ကြၽန္ေတာ္မႀကိဳက္ဘူး”

“ေဘဘီမႀကိဳက္ရင္ မေခၚေတာ့ပါဘူး
ကိုယ္က မင္းနဲ႔အတူေန႔လည္စာစားခ်င္လို႔ပါ”

“ေက်းဇူးပါ ကြၽန္ေတာ္ဗိုက္မဆာဘူး”
ကယ္ရီက ျငင္းလိုက္ေသာအခါ
ေဟးမက္စ္ မ်က္ႏွာမႈိင္က်သြားခဲ့သည္

“ကြၽန္ေတာ္ခင္ဗ်ားကိုေျပာစရာ႐ွိတယ္”
ထို႔အသံအားၾကားေသာအခါ ေဟးမက္စ္မ်က္ႏွာတစ္ဖန္ရႊင္လန္းလာခဲ့သည္

…………

လကြယ္ည
ထူးဆန္းစြာျဖင့္ Baseတစ္ခုလံုးမီးမ်ားမွိတ္ကာ အေမွာင္အတိက်ေနသည္ ထိုစဥ္ဂိတ္ဝ႐ွိထိန္းခ်ဳပ္ခန္းသို႔တိတ္တဆိတ္ခ်ဥ္းကပ္လာေသာသူတစ္ေယာက္ ထိုသူဂိတ္အားဖြင့္လိုက္ေသာအခါ Baseထဲသို႔လူအေယာက္၅၀ခန္႔လက္နက္မ်ားကိုင္ေဆာင္ကာဝင္လာၾကသည္ အဲ့ဒီအခ်ိန္တြင္႐ုတ္တရက္Baseတစ္ခုလံုးမီးမ်ားလင္းလာခဲ့သည္ မီးလင္းလာေသာအခါတြင္ျမင္လိုက္ရေသာျမင္ကြင္းမွာထိုလူမ်ားအားအံ့အားသင့္ေစရန္လံုေလာက္ခဲ့သည္

ေဟးမက္သည္ ေ႐ွ႕မွဦးေဆာင္လာကာ ေနာက္မွလူမ်ားသည္ ထိုလူစုအားေသနတ္ျဖင့္ဝိုင္းခ်ိန္ထားၾကတာ အျမင့္တြင္လည္းစႏိုက္ပါမ်ားေနရာယူထားၾကသည္

“ဒီေလာက္လူအင္အားေလးနဲ႔ အလစ္ဝင္တိုက္ရဲတဲ့သတၱိကိုေလးစားပါတယ္”

အလယ္တြင္ရပ္ေနေသာ မစၥတာဝူသည္ ေဘးတြင္႐ွိေသာအယ္လ္မီအား ပါးႏွစ္ခ်က္ဆင့္႐ိုက္လိုက္တာ

“ေခြးမ နင္ကငါ့ကိုလွည့္စားတာလား ဟမ္း”

“မဟုတ္ပါဘူး ကြၽန္မဘာမွမသိတာပါ
ကြၽန္မကိုယံုပါ အကိုဝူရယ္” ထို႔ေနာက္တြင္ထိန္းခ်ဳပ္ခန္းနား၌႐ွိေသာလက္ေထာက္အားလက္ညႇိဳးထိုးျပကာ
“သူသစၥာေဖာက္တာေနမွာအကိုဝူ
ကြၽန္မကအျပစ္ကင္းပါတယ္ အဟင့္ အဟင့္”

ေဟးမက္စ္က “တိတ္စမ္း အကုန္ဖမ္းလိုက္ ခုခံတဲ့သူကိုတစ္ခါတည္းပစ္သတ္”

ထိုညတြင္ Baseသို႔က်ဴးေက်ာ္လာေသာသူမ်ားေၾကာင့္ အလုပ္႐ႈပ္လ်က္႐ွိၾကသည္

“ၿပီးၿပီလား မစ္႐ွင္”

System: “ဟင့္အင္း Host
ၾကည့္ရတာ ဒီတစ္ခုဟုတ္ပံုမရဘူး
တျခားအေၾကာင္းေၾကာင့္ Baseကလူေတြဒုကၡေရာက္မယ္ထင္တယ္”

ၿပီးၿပီလို႔ထင္ထားၿပီးမွ လုပ္စရာ႐ွိတာကိုသိရတာေလာက္ စိတ္ပင္ပန္းတာမ႐ွိဘူး ဟူး….
“ဒါဆိုအခုလက္႐ွိBaseရဲ႕လံုျခံဳေရးမွာဘယ္နားကယိုယြင္းေနလဲဆိုတာရယ္ ဇံုAမွာ႐ွိတဲ့ဇြန္ဘီေတြရဲ႕အေျခေနကိုသိခ်င္တယ္ ရလား”

System: “ရပါတယ္ Host
Baseရဲ႕လံုုျခံဳေရးကဘာယိုယြင္းတာမွေတာ့မ႐ွိပါဘူး ဇြန္ဘီေတြရဲ႕အေျခေနကေတာ့ ဇံုAထဲမွာအေရတြက္ေတာ္ေတာ္ေလးနည္းေနတယ္ Host သံသယဝင္ဖို႔ေကာင္းတယ္”

“က်န္တဲ့ေကာင္ေတြက ဘယ္ေရာက္သြားတာလဲ “

System: “ေတြ႔ၿပီHost
ေျမေအာက္ပိုက္လိုင္းထဲမွာေရာက္ေနၾကတာ သူတို႔တစ္ေနရာကိုသြားေနၾကတဲ့ပံုပဲ”

“အဲ့ပိုက္လိုင္းကဘယ္မွာဆံုးတာလဲ”

System: “ဒီBaseမွာပါ”

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode ~

အခန်းထဲတွင်မျက်နှာချင်းဆိုင်၍ လူနှစ်ယောက်ထိုင်နေကြသည် တစ်ယောက်မှာဒေါသများထွက်နေသော်လည်း တစ်ယောက်မှာမူပြုံးရွှင်နေလေသည်

“ခင်ဗျားဘာစောက်ရူးထပြီး အခုလိုလုပ်တာလဲ”

“စောနကိစ္စအတွက်ကိုယ်မတောင်းပန်နိုင်ဘူး ဒါပေမယ့်ကိုယ်မှားတယ်ဆိုတာတော့ဝန်ခံပါတယ် ကိုယ်ဒီရက်ပိုင်းကိုယ့်ကိုယ်ကိုဆန်းစစ်ပြီးသွားပြီ ကိုယ်မင်းကိုချစ်တယ်ဇန်”

“စိတ်မရှိပါနဲ့ ​ဟေးမက်စ်
ကျွန်တော်ယောက်ျားတွေကိုမကြိုက်ဘူး
အထူးသဖြင့် ခင်ဗျားကိုမကြိုက်ဘူး
အခုကျွန်တော့အခန်းထဲကနေထွက်သွားပါ နောင်ကိုကျွန်တော့ခွင့်ပြုချက်မရှိဘဲဝင်လာမယ်ဆိုရင် ဒီBaseကနေထွက်သွားရလိမ့်မယ်”

“ကောင်းပြီ ကိုယ်အခုထွက်သွားပေးမယ်
ဒါပေမယ့် မင်းကိုတစ်ခုသတိပေးပါရစေ ဒီနေ့ကစပြီးမင်းကိုကိုယ်စလိုက်တော့မှာ မင်းရဲ့အချစ်ကိုမရမချင်းမရပ်တန့်ဘူး ကောင်းသောညပါ ကိုယ့်အချစ် “
~ဒုန်း~
ဟေးမက်စ်ပြောလို့မဆုံးခင်တံခါးစောင့်ပိတ်ခံလိုက်ရသည်
‘အဟက် ချစ်စရာလေး ‘

အခန်းထဲတွင်…..
System: “Hostဘယ်လိုလုပ်မယ်စိတ်ကူးလည်း”

“ငါတူညီတဲ့အမှားကိုထပ်လုပ်မှာမဟုတ်ဘူး ငါထပ်မချစ်တော့ဘူး မစ်ရှင်ပီးတာနဲ့ထွက်သွားတော့မယ်”

ကယ်ရီအိပ်မပျော်တော့သဖြင့်အပြင်သို့လမ်းလျှောက်ထွက်လာခဲ့သည် ထောင့်ချိုးတစ်ခုသို့ရောက်သောအခါ ဖုန်းပြောသံတစ်ချို့ကြားလိုက်ရသည် ထိုစကားထဲတွင်အယ်လ်မီဟုကြားလိုက်သဖြင့် System အားခိုးနားထောင်ရန် အသံဖမ်းခိုင်းလိုက်သည်

“အချိန်ကျတာနဲ့ ရှင်ကဂိတ်ပေါက်ကိုဖွင့်ပေးပါ ကျွန်မတို့ဒီBaseကိုဝင်သိမ်းမယ် ရှင်လည်းအကျိုးမနည်းစေရပါဘူး မစ္စတာဝူကရှင့်ကိုကောင်းကောင်းကြည့်ရှုပေးမှာပါ”

“စိတ်ချပါ မစ္စအယ်လ်မီ ကျွန်တော့တာဝန်ကျေစေရပါမယ်”

“ကျွန်မရှင့်ကို အားကိုးမယ်နော်”

ကယ်ရီတိတ်တဆိတ်နားထောင်ပြီးသည့်နောက်တွင်
“System အခုဖုန်းပြောနေတာဘယ်သူလဲ”

System: “ဟေးမက်စ်ရဲ့ လက်ထောက်ပါ”

“ကြည့်ရတာ ငါ့ရဲ့မစ်ရှင်ပီးတော့မယ်ထင်တယ်”
…………………..

နောက်ရက်တွင်ကယ်ရီ Systemအား ထိုလက်ထောက်ကိုစောင့်ကြည့်စေခဲ့သည် ရလာသည်အချက်လက်များအရ Baseအားလကွယ်ညတွင်ဝင်ရောက်တိုက်ခိုက်မည်ဖြစ်သည်
‘နောက်နှစ်ရက်နေရင် လကွယ်တော့မှာပဲ ငါဟိုလူကိုအသိပေးရင်ကောင်းမလား’

ကယ်ရီစဉ်းစားနေစဉ် ထိုလူကသူ၏ရှေ့သို့ရောက်လာခဲ့သည်

“ဘေဘီ ကိုယ်နဲ့နေ့လည်စာသွားစားရအောင်”

“ဘာကိစ္စခင်ဗျားနဲ့စားရမှာလဲ နောက်ပြီးကျွန်တော့ကိုယ်အဲ့လိုမခေါ်နဲ့ ကျွန်တော်မကြိုက်ဘူး”

“ဘေဘီမကြိုက်ရင် မခေါ်တော့ပါဘူး
ကိုယ်က မင်းနဲ့အတူနေ့လည်စာစားချင်လို့ပါ”

“ကျေးဇူးပါ ကျွန်တော်ဗိုက်မဆာဘူး”
ကယ်ရီက ငြင်းလိုက်သောအခါ
ဟေးမက်စ် မျက်နှာမှိုင်ကျသွားခဲ့သည်

“ကျွန်တော်ခင်ဗျားကိုပြောစရာရှိတယ်”
ထို့အသံအားကြားသောအခါ ဟေးမက်စ်မျက်နှာတစ်ဖန်ရွှင်လန်းလာခဲ့သည်

…………

လကွယ်ည
ထူးဆန်းစွာဖြင့် Baseတစ်ခုလုံးမီးများမှိတ်ကာ အမှောင်အတိကျနေသည် ထိုစဉ်ဂိတ်ဝရှိထိန်းချုပ်ခန်းသို့တိတ်တဆိတ်ချဉ်းကပ်လာသောသူတစ်ယောက် ထိုသူဂိတ်အားဖွင့်လိုက်သောအခါ Baseထဲသို့လူအယောက်၅၀ခန့်လက်နက်များကိုင်ဆောင်ကာဝင်လာကြသည် အဲ့ဒီအချိန်တွင်ရုတ်တရက်Baseတစ်ခုလုံးမီးများလင်းလာခဲ့သည် မီးလင်းလာသောအခါတွင်မြင်လိုက်ရသောမြင်ကွင်းမှာထိုလူများအားအံ့အားသင့်စေရန်လုံလောက်ခဲ့သည်

ဟေးမက်သည် ရှေ့မှဦးဆောင်လာကာ နောက်မှလူများသည် ထိုလူစုအားသေနတ်ဖြင့်ဝိုင်းချိန်ထားကြတာ အမြင့်တွင်လည်းစနိုက်ပါများနေရာယူထားကြသည်

“ဒီလောက်လူအင်အားလေးနဲ့ အလစ်ဝင်တိုက်ရဲတဲ့သတ္တိကိုလေးစားပါတယ်”

အလယ်တွင်ရပ်နေသော မစ္စတာဝူသည် ဘေးတွင်ရှိသောအယ်လ်မီအား ပါးနှစ်ချက်ဆင့်ရိုက်လိုက်တာ

“ခွေးမ နင်ကငါ့ကိုလှည့်စားတာလား ဟမ်း”

“မဟုတ်ပါဘူး ကျွန်မဘာမှမသိတာပါ
ကျွန်မကိုယုံပါ အကိုဝူရယ်” ထို့နောက်တွင်ထိန်းချုပ်ခန်းနား၌ရှိသောလက်ထောက်အားလက်ညှိုးထိုးပြကာ
“သူသစ္စာဖောက်တာနေမှာအကိုဝူ
ကျွန်မကအပြစ်ကင်းပါတယ် အဟင့် အဟင့်”

ဟေးမက်စ်က “တိတ်စမ်း အကုန်ဖမ်းလိုက် ခုခံတဲ့သူကိုတစ်ခါတည်းပစ်သတ်”

ထိုညတွင် Baseသို့ကျူးကျော်လာသောသူများကြောင့် အလုပ်ရှုပ်လျက်ရှိကြသည်

“ပြီးပြီလား မစ်ရှင်”

System: “ဟင့်အင်း Host
ကြည့်ရတာ ဒီတစ်ခုဟုတ်ပုံမရဘူး
တခြားအကြောင်းကြောင့် Baseကလူတွေဒုက္ခရောက်မယ်ထင်တယ်”

ပြီးပြီလို့ထင်ထားပြီးမှ လုပ်စရာရှိတာကိုသိရတာလောက် စိတ်ပင်ပန်းတာမရှိဘူး ဟူး….
“ဒါဆိုအခုလက်ရှိBaseရဲ့လုံခြုံရေးမှာဘယ်နားကယိုယွင်းနေလဲဆိုတာရယ် ဇုံAမှာရှိတဲ့ဇွန်ဘီတွေရဲ့အခြေနေကိုသိချင်တယ် ရလား”

System: “ရပါတယ် Host
Baseရဲ့လုံခြုံရေးကဘာယိုယွင်းတာမှတော့မရှိပါဘူး ဇွန်ဘီတွေရဲ့အခြေနေကတော့ ဇုံAထဲမှာအရေတွက်တော်တော်လေးနည်းနေတယ် Host သံသယဝင်ဖို့ကောင်းတယ်”

“ကျန်တဲ့ကောင်တွေက ဘယ်ရောက်သွားတာလဲ “

System: “တွေ့ပြီHost
မြေအောက်ပိုက်လိုင်းထဲမှာရောက်နေကြတာ သူတို့တစ်နေရာကိုသွားနေကြတဲ့ပုံပဲ”

“အဲ့ပိုက်လိုင်းကဘယ်မှာဆုံးတာလဲ”

System: “ဒီBaseမှာပါ”

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 3.8(ဇန္), novel System 286 (On Going) Arc 3.8(ဇန္), read System 286 (On Going) Arc 3.8(ဇန္) online, System 286 (On Going) Arc 3.8(ဇန္) chapter, System 286 (On Going) Arc 3.8(ဇန္) high quality, System 286 (On Going) Arc 3.8(ဇန္) light novel, ,

Comment

Leave a Reply

Chapter 44