System 286 (On Going) Arc 3.9(ဇန်)

All chapters are in System 286 (On Going)
A+ A-

Unicode

ကပ်ဆိုးကျရောက်မှုအချိန်ကြာလာသည်နှင့်အမျှ ဇွန်ဘီများသည်လည်း အသိဉာဏ်အနည်းငယ်ရရှိလာကြသည် သူတို့သည် မြေအောက်ရေဆိုးပိုက်လိုင်းများမှတဆင့် Baseဆီသို့ချဥ်းကပ်လာကြသည် အခန်းထဲတွင် ကယ်ရီနှင့်System မြေအောက်လမ်းကြောင်းအားသုံးသပ်နေကြသည်

System: “သူတို့ရဲ့အမြန်နှုန်းအရဆို Baseကိုရောက်ဖို့ ခန့်မှန်းခြေ ၃နာရီလောက်အချိန်ယူရမယ်”

ကယ်ရီအချိန်အားကြားလိုက်ရသောအခါ အနည်းငယ်စိုးရိမ်သွားသည်
“၃နာရီ …..ဟုတ်လား
ငါသူတို့တွေကို မြန်မြန်တားမှဖြစ်တော့မယ် အချိန်ကသိပ်မကျန်တော့ဘူး
လက်ရှိသူတို့ကဘယ်နားရောက်နေတာလဲ”

System:”သူတို့ ဇုံAအလယ်ကိုမ​ကြာခင်ရောက်တော့မယ်Host”

ကယ်ရီ ဇွန်ဘီအုပ်အားတားရန် Systemအား ဇုံAကိုအပိုင်း၈ပိုင်းသတ်မှတ်ခိုင်းလိုက်သည် ဤသိုပြုလုပ်ခြင်းအားဖြင့် ဇွန်ဘီများ၏တည်နေရာအားပိုမိုပေါ်လွင်စေသည် လက်ရှိဇွန်ဘီများ၏တည်နေရာမှာ နယ်မြေ၂တွင်ဖြစ်သည် ထို့နောက်တွင် ဂျိတ်ခ်တို့အဖွဲ့ရှိရာနေရာသို့အလျှင်အမြန်သွားကာ ဂျိတ်ခ်အားထောင့်တစ်ထောင့်သို့ခေါ်ထုတ်​ပြီး အကျိုးကြောင်းရှင်းပြလိုက်သည်

“ဇန်…မင်းကဒါတွေဘယ်လိုလုပ်သိနေတာလဲ”

ကယ်ရီလည်းမုသားတစ်ဝက် အမှန်တစ်ဝက်ပြန်ဖြေလိုက်သည်
“တကယ်တော့ ကျွန်တော်တို့ အရင်အပတ်ရိက္ခာထွက်ရှာတုန်းက အဲ့ကောင်တွေတော်တော်လေးရှင်းနေတာသတိထားမိခဲ့တယ် အဲ့တာကြောင့် မနေ့ကတစ်ယောက်တည်းတိတ်တိတ်လေးသွားကြည့်ခဲ့တာ “

ထိုစကားအားကြားသောအခါ ဂျိတ်ခ်သည် ဒေါသထွက်စွာဖြင့်
“ဘာ….တစ်ယောက်တည်းအပြင်ထွက်တယ် ဇန်….မင်းတော်တော်အတင့်ရဲနေပါ့လား တစ်ယောက်တည်းသွားတာဘယ်လောက်အန္တရာယ်များလဲမသိဘူးလား မင်းတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ”

“အသိမပေးဘဲထွက်သွားမိတဲ့အတွက်တောင်းပန်ပါတယ်ဂျိတ်ခ်
အဲ့ကောင်တွေအကုန်လုံးကပိုက်လိုင်းထဲရောက်နေတာ ပြီးတော့တစ်နေရာကိုသွားနေကြတဲ့ပုံပဲ ကျွန်တော်စိုးရိမ်တာက သူတို့ဦးတည်နေတာဒီBaseဖြစ်နေမှာကြောက်တာ “

“ဒါခေါင်းဆောင်ကိုတင်ပြသင့်တယ် ဇန်”

“ခေါင်းဆောင်က ဟိုလူတွေနဲ့အလုပ်များနေမှာ ကျွန်တော်တို့ပဲသွားကြရအောင်နော်”

“မဟုတ်ဘူးဇန်…. မင်းပြောတာသာအမှန်ဆိုရင်အဲ့တာကိုတားဖို့အတွက်လူအင်အားလိုတယ် အဲ့တာကြောင့်ခေါင်းဆောင်ကိုပြောမှဖြစ်မှာ”

ကယ်ရီလည်း ဟိုလူအားမခေါ်ချင်သဖြင့်
“လူအင်အားသိပ်မလိုပါဘူး ဂျိတ်ခ်ရာ ကျွန်တော်အဖွဲ့နဲ့ဆိုရတယ် အဓိကလိုတာကမိုင်းဗုံးတွေ သူတို့လာမဲ့လမ်းတစ်လျှောက်မှာ မိုင်းတွေသာဆင်ထားလိုက် ပွဲသိမ်းပဲ”
‘ဒီလိုအရစ်ရှည်မှန်းသိရင် တစ်ယောက်တည်းပဲသွားလိုက်ပါတယ် အခုတော့ရှင်းပြနေရတာတင် နာရီဝက်ရှိတော့မယ် အချိန်ကမရပါဘူးဆို’

ထိုစဥ်နောက်မှ “ကိုယ်မသိအောင် ဘာတွေလုပ်ဖို့ကြံနေတာလဲဇန်”

ကယ်ရီ အဲ့ဒီအသံအားကြားလိုက်သောအခါ တွေးမိသည်က’သွားပီ’

ဂျိတ်ခ်သည် ဟေးမက်စ်အား ဇန်ဆီမှကြားခဲ့ရသည်များကိုပြန်လည်ရှင်းပြခဲ့သည် ထိုသို့ပြန်လည်ရှင်းပြနေသည်များကိုအချိန်မလောက်မှာစိုးရိမ်နေသည်ကယ်ရီက စိတ်ကျဥ်းကျပ်မှုများစွာဖြင့်ကြည့်နေခဲ့သည် ဟေးမက်စ်ကထိုအကြောင်းရာများကို သူ့အားအရင်ဆုံးလာမပြောပြသဖြင့်စိတ်ဆိုးရန်ကြံနေခဲ့သော်လည်း ကယ်ရီ၏စိတ်တိုနေသည့်မျက်နှာအားကြည့်ကာပါးစပ်ပိတ်သွားခဲ့သည် ထို့နောက်တွင်လူဆယ်ယောက်ခန့်ပါသောကားတစ်စီးသည် Baseမှထွက်လာခဲ့သည်

ကားပေါ်တွင် ကယ်ရီကဇုံAအား အပိုင်း၈ပိုင်းခွဲခြားထားသောမြေပုံတစ်ခုအားပြလိုက်သည်

“သူတို့အခုရောက်နေတဲ့နေရာက နယ်မြေ၃မှာ ကျန်တဲ့နယ်မြေငါးခုမှာ ကျွန်တော်တို့ လူတွေခွဲပြီး ဗုံးသွားဆင်ကြမယ် ကားပေါ်မှာလူဆယ်ယောက်ရှိနေတဲ့အတွက် နယ်မြေတစ်ခုကိုလူနှစ်ယောက်တာဝန်ယူပေးပါ “

“ကောင်းပြီ မင်းပြောတဲ့အတိုင်းကိုယ်တို့လိုက်နာမယ်”
တခြားသူများကတော့ ဇန်ပြောသမျှတစ်ခွန်းမှဝင်မထောက်သောသူတို့၏ခေါင်းဆောင်အား ကွက်ကြည့်ကွက်ကြည့် ကြည့်နေကြသည် ခဏကြာသော်

“နယ်မြေ၈ရောက်ပြီ အဆင်ပြေတဲ့နှစ်ယောက်ဆင်းနေခဲ့ပေးပါ “
ထိုအသံအားကြားသောအခါ အဖွဲ့သားနှစ်ယောက်ကဆင်းနေခဲ့ကြသည် နယ်မြေ၇တွင်လည်း နောက်ထပ်နှစ်ယောက်သည် လိုအပ်သည့်ပစ္စည်းများကိုယူကာဆင်းနေခဲ့ကြသည် နယ်မြေ၇မှ ထွက်ခွာလာပြီးသည့်နောက်တွင် ကားပေါ်၌ ကယ်ရီ ဟေးမက်စ် ဂျိတ်ခ် မိုချီ နှင့် တခြားအဖွဲ့သားနှစ်ယောက်သာကျန်ရှိနေတော့သည်
မိုချီမှ
“နယ်မြေ၆ကို ကျွန်တော်နဲ့ဂျိတ်ခ်သွားလိုက်မယ် အဆင်ပြေတယ်မလား”
ဟေးမက်စ်လည်းဇန်ကိုမခေါ်သွားသ၍အဆင်ပြေသည့်ပုံစံဖြင့် ခေါင်းငြိမ့်ပြလိုက်သည် နယ်မြေ၆သို့ရောက်သောအခါ မိုချီနဲ့ဂျိတ်ခ်တို့ဆင်းသွားခဲ့သည် နယ်မြေ၅သို့ရောက်သောအခါ ကယ်ရီလည်း ဘေးနားရှိအဖွဲ့သားတစ်ယောက်အားခေါ်ကာဆင်းခါနီးတွင် ဟေးမက်စ်သည်အလျှင်အမြန်ဖြင့်

“ဇန်…ကိုယ်နဲ့အတူသွားမယ်လေ”

“နယ်မြေ၄က ဇွန်ဘီတွေနဲ့အနီးဆုံးမလို့ ခေါင်းဆောင်ကိုယ်တိုင်သွားတာ အသင့်တော်ဆုံးပါ ကျွန်တော်တို့ထဲမှာခေါင်းဆောင်ကအသန်မာဆုံးမလား “

“ဒါဆိုကိုယ်နဲ့နယ်မြေ၄သွားမယ်လေ ကိုယ်ကာကွယ်ပေးမယ်”

“စိတ်မရှိပါနဲ့ခေါင်းဆောင် ကျွန်တော်ကစုံဂဏန်းမကြိုက်ဘူး” ဟုဆိုကာ ကယ်ရီဆင်းသွားခဲ့သည်

‘အဟမ့်….တကယ်ကိုဖမ်းရခက်တဲ့ငမြွေထိုးလေးပဲ ပြန်ရောက်မှပညာကိုကောင်းကောင်းပေးရမယ်’

ကယ်ရီလည်း အဖွဲ့သားအားဦးဆောင်ကာ ပိုက်လိုင်းထဲသို့ခုန်ဆင်းသွားသည် ထို့နောက်တွင်ပါလာသောဓာတ်မီးအားဖွင့်ကာ မိုင်းဗုံးတပ်ရန်သင့်တော်မည့်နေရာအားရှာဖွေကာတပ်ဆင်လိုက်သည် အောက်ဖက်ရှိအနံ့များကိုကယ်ရီသည်းမခံနိုင်သဖြင့် အပေါ်သို့မြန်မြန်ပြန်တက်ခဲ့သည်

“System တခြားသူတွေအခြေနေဘယ်လိုရှိလည်း “

System: “Hostတို့အပါဝင် လေးဖွဲ့လုံးကတပ်ဆင်ပြီးသွားပါပြီ နယ်မြေ၄ပဲ ကျန်ပါတော့တယ်”

“ဇွန်ဘီတွေရော ဘယ်နားရောက်နေကြပြီလဲ “

System: “မကြာခင်နယ်မြေ၄ကိုရောက်ပါတော့မယ်”

“အဲ့လူကလည်း ဘာတွေအရစ်ရှည်နေလို့ဒီလောက်ကြာနေရလဲမသိဘူး” ကယ်ရီ သူတို့ဆင်းခဲ့သည့်နေရာတွင် ရပ်ကာဟေးမက်စ်အားစောင့်နေခဲ့သည် Systemကိုလည်းတစ်မိနစ်ခြားတစ်ခါ အခြေနေအားမေးမြန်းနေခဲ့သည်

“ဒီလိုမှန်းသိရင် အဲ့လူကိုလွှတ်မဲ့အစား ငါပဲသွားလိုက်ပါတယ်”

System: “Host စိတ်ပူနေတာလား”

“အနေသာကြီး ငါကမစ်ရှင်မအောင်မှာစိုးရိမ်နေတာ”

System: “Hostပြောတဲ့အတိုင်းပါပဲ”

အချိန်အနည်းငယ်မျှ​စောင့်ဆိုင်းပြီးသည့်နောက်တွင် ကယ်ရီတို့ထံသို့ကားတစ်စီးဆိုက်ရောက်လာခဲ့သည် ကယ်ရီကားတံခါးဖွင့်လိုက်သောအထဲကလူအားမြင်မှ
“ဘာလို့ဒီလောက်ကြာနေတာလဲ အရင်ကားကရော ဘယ်ရောက်သွားတာလဲ”

“စောင့်နေရတာကြာသွားလို့ စောတီး ကိုယ်မှားတာ ကိုယ်နောက်ကျသွားတယ် ကားကလမ်းမှာသံဆူးကြိုးတွေကိုနင်းမိသွားလို့ဘီးတွေသုံးမရဖြစ်သွားတာ ကားအသစ်ရှာနေရတာနဲ့ကြာသွားတယ်”

“ဇွန်ဘီတွေနဲ့တိုးသေးလား”

“အွန်း…အပြေးမြန်လို့မဟုတ်ရင်ကိုယ်အစားခံရတော့မှာသိလား” ဟေးမက်စ်သနားချင်စဖွယ်လေသံလေးဖြင့်ပြောလိုက်သည်

“ခင်ဗျားလား အစားခံရမှာ”

“ဟွန့်…အကြင်နာခေါင်းပါးလိုက်တာ”

ဘေးရှိနှစ်ယောက်-‘ဒါငါတို့ခေါင်းဆောင်ရောဟုတ်ရဲ့လား’

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Zawgyi ~

ကပ္ဆိုးက်ေရာက္မႈအခ်ိန္ၾကာလာသည္ႏွင့္အမွ် ဇြန္ဘီမ်ားသည္လည္း အသိဉာဏ္အနည္းငယ္ရရွိလာၾကသည္ သူတို႔သည္ ေျမေအာက္ေရဆိုးပိုက္လိုင္းမ်ားမွတဆင့္ Baseဆီသို႔ခ်ဥ္းကပ္လာၾကသည္ အခန္းထဲတြင္ ကယ္ရီႏွင့္System ေျမေအာက္လမ္းေၾကာင္းအားသုံးသပ္ေနၾကသည္

System: “သူတို႔ရဲ႕အျမန္ႏႈန္းအရဆို Baseကိုေရာက္ဖို႔ ခန့္မွန္းေျခ ၃နာရီေလာက္အခ်ိန္ယူရမယ္”

ကယ္ရီအခ်ိန္အားၾကားလိုက္ရေသာအခါ အနည္းငယ္စိုးရိမ္သြားသည္
“၃နာရီ …..ဟုတ္လား
ငါသူတို႔ေတြကို ျမန္ျမန္တားမွျဖစ္ေတာ့မယ္ အခ်ိန္ကသိပ္မက်န္ေတာ့ဘူး
လက္ရွိသူတို႔ကဘယ္နားေရာက္ေနတာလဲ”

System:”သူတို႔ ဇုံAအလယ္ကိုမ​ၾကာခင္ေရာက္ေတာ့မယ္Host”

ကယ္ရီ ဇြန္ဘီအုပ္အားတားရန္ Systemအား ဇုံAကိုအပိုင္း၈ပိုင္းသတ္မွတ္ခိုင္းလိုက္သည္ ဤသိုျပဳလုပ္ျခင္းအားျဖင့္ ဇြန္ဘီမ်ား၏တည္ေနရာအားပိုမိုေပၚလြင္ေစသည္ လက္ရွိဇြန္ဘီမ်ား၏တည္ေနရာမွာ နယ္ေျမ၂တြင္ျဖစ္သည္ ထို႔ေနာက္တြင္ ဂ်ိတ္ခ္တို႔အဖြဲ႕ရွိရာေနရာသို႔အလွ်င္အျမန္သြားကာ ဂ်ိတ္ခ္အားေထာင့္တစ္ေထာင့္သို႔ေခၚထုတ္​ၿပီး အက်ိဳးေၾကာင္းရွင္းျပလိုက္သည္

“ဇန္…မင္းကဒါေတြဘယ္လိုလုပ္သိေနတာလဲ”

ကယ္ရီလည္းမုသားတစ္ဝက္ အမွန္တစ္ဝက္ျပန္ေျဖလိုက္သည္
“တကယ္ေတာ့ ကြၽန္ေတာ္တို႔ အရင္အပတ္ရိကၡာထြက္ရွာတုန္းက အဲ့ေကာင္ေတြေတာ္ေတာ္ေလးရွင္းေနတာသတိထားမိခဲ့တယ္ အဲ့တာေၾကာင့္ မေန႕ကတစ္ေယာက္တည္းတိတ္တိတ္ေလးသြားၾကည့္ခဲ့တာ “

ထိုစကားအားၾကားေသာအခါ ဂ်ိတ္ခ္သည္ ေဒါသထြက္စြာျဖင့္
“ဘာ….တစ္ေယာက္တည္းအျပင္ထြက္တယ္ ဇန္….မင္းေတာ္ေတာ္အတင့္ရဲေနပါ့လား တစ္ေယာက္တည္းသြားတာဘယ္ေလာက္အႏၱရာယ္မ်ားလဲမသိဘူးလား မင္းတစ္ခုခုျဖစ္သြားရင္ဘယ္လိုလုပ္မလဲ”

“အသိမေပးဘဲထြက္သြားမိတဲ့အတြက္ေတာင္းပန္ပါတယ္ဂ်ိတ္ခ္
အဲ့ေကာင္ေတြအကုန္လုံးကပိုက္လိုင္းထဲေရာက္ေနတာ ၿပီးေတာ့တစ္ေနရာကိုသြားေနၾကတဲ့ပုံပဲ ကြၽန္ေတာ္စိုးရိမ္တာက သူတို႔ဦးတည္ေနတာဒီBaseျဖစ္ေနမွာေၾကာက္တာ “

“ဒါေခါင္းေဆာင္ကိုတင္ျပသင့္တယ္ ဇန္”

“ေခါင္းေဆာင္က ဟိုလူေတြနဲ႕အလုပ္မ်ားေနမွာ ကြၽန္ေတာ္တို႔ပဲသြားၾကရေအာင္ေနာ္”

“မဟုတ္ဘူးဇန္…. မင္းေျပာတာသာအမွန္ဆိုရင္အဲ့တာကိုတားဖို႔အတြက္လူအင္အားလိုတယ္ အဲ့တာေၾကာင့္ေခါင္းေဆာင္ကိုေျပာမွျဖစ္မွာ”

ကယ္ရီလည္း ဟိုလူအားမေခၚခ်င္သျဖင့္
“လူအင္အားသိပ္မလိုပါဘူး ဂ်ိတ္ခ္ရာ ကြၽန္ေတာ္အဖြဲ႕နဲ႕ဆိုရတယ္ အဓိကလိုတာကမိုင္းဗုံးေတြ သူတို႔လာမဲ့လမ္းတစ္ေလွ်ာက္မွာ မိုင္းေတြသာဆင္ထားလိုက္ ပြဲသိမ္းပဲ”
‘ဒီလိုအရစ္ရွည္မွန္းသိရင္ တစ္ေယာက္တည္းပဲသြားလိုက္ပါတယ္ အခုေတာ့ရွင္းျပေနရတာတင္ နာရီဝက္ရွိေတာ့မယ္ အခ်ိန္ကမရပါဘူးဆို’

ထိုစဥ္ေနာက္မွ “ကိုယ္မသိေအာင္ ဘာေတြလုပ္ဖို႔ႀကံေနတာလဲဇန္”

ကယ္ရီ အဲ့ဒီအသံအားၾကားလိုက္ေသာအခါ ေတြးမိသည္က’သြားပီ’

ဂ်ိတ္ခ္သည္ ေဟးမက္စ္အား ဇန္ဆီမွၾကားခဲ့ရသည္မ်ားကိုျပန္လည္ရွင္းျပခဲ့သည္ ထိုသို႔ျပန္လည္ရွင္းျပေနသည္မ်ားကိုအခ်ိန္မေလာက္မွာစိုးရိမ္ေနသည္ကယ္ရီက စိတ္က်ဥ္းက်ပ္မႈမ်ားစြာျဖင့္ၾကည့္ေနခဲ့သည္ ေဟးမက္စ္ကထိုအေၾကာင္းရာမ်ားကို သူ႕အားအရင္ဆုံးလာမေျပာျပသျဖင့္စိတ္ဆိုးရန္ႀကံေနခဲ့ေသာ္လည္း ကယ္ရီ၏စိတ္တိုေနသည့္မ်က္ႏွာအားၾကည့္ကာပါးစပ္ပိတ္သြားခဲ့သည္ ထို႔ေနာက္တြင္လူဆယ္ေယာက္ခန့္ပါေသာကားတစ္စီးသည္ Baseမွထြက္လာခဲ့သည္

ကားေပၚတြင္ ကယ္ရီကဇုံAအား အပိုင္း၈ပိုင္းခြဲျခားထားေသာေျမပုံတစ္ခုအားျပလိုက္သည္

“သူတို႔အခုေရာက္ေနတဲ့ေနရာက နယ္ေျမ၃မွာ က်န္တဲ့နယ္ေျမငါးခုမွာ ကြၽန္ေတာ္တို႔ လူေတြခြဲၿပီး ဗုံးသြားဆင္ၾကမယ္ ကားေပၚမွာလူဆယ္ေယာက္ရွိေနတဲ့အတြက္ နယ္ေျမတစ္ခုကိုလူႏွစ္ေယာက္တာဝန္ယူေပးပါ “

“ေကာင္းၿပီ မင္းေျပာတဲ့အတိုင္းကိုယ္တို႔လိုက္နာမယ္”
တျခားသူမ်ားကေတာ့ ဇန္ေျပာသမွ်တစ္ခြန္းမွဝင္မေထာက္ေသာသူတို႔၏ေခါင္းေဆာင္အား ကြက္ၾကည့္ကြက္ၾကည့္ ၾကည့္ေနၾကသည္ ခဏၾကာေသာ္

“နယ္ေျမ၈ေရာက္ၿပီ အဆင္ေျပတဲ့ႏွစ္ေယာက္ဆင္းေနခဲ့ေပးပါ “
ထိုအသံအားၾကားေသာအခါ အဖြဲ႕သားႏွစ္ေယာက္ကဆင္းေနခဲ့ၾကသည္ နယ္ေျမ၇တြင္လည္း ေနာက္ထပ္ႏွစ္ေယာက္သည္ လိုအပ္သည့္ပစၥည္းမ်ားကိုယူကာဆင္းေနခဲ့ၾကသည္ နယ္ေျမ၇မွ ထြက္ခြာလာၿပီးသည့္ေနာက္တြင္ ကားေပၚ၌ ကယ္ရီ ေဟးမက္စ္ ဂ်ိတ္ခ္ မိုခ်ီ ႏွင့္ တျခားအဖြဲ႕သားႏွစ္ေယာက္သာက်န္ရွိေနေတာ့သည္
မိုခ်ီမွ
“နယ္ေျမ၆ကို ကြၽန္ေတာ္နဲ႕ဂ်ိတ္ခ္သြားလိုက္မယ္ အဆင္ေျပတယ္မလား”
ေဟးမက္စ္လည္းဇန္ကိုမေခၚသြားသ၍အဆင္ေျပသည့္ပုံစံျဖင့္ ေခါင္းၿငိမ့္ျပလိုက္သည္ နယ္ေျမ၆သို႔ေရာက္ေသာအခါ မိုခ်ီနဲ႕ဂ်ိတ္ခ္တို႔ဆင္းသြားခဲ့သည္ နယ္ေျမ၅သို႔ေရာက္ေသာအခါ ကယ္ရီလည္း ေဘးနားရွိအဖြဲ႕သားတစ္ေယာက္အားေခၚကာဆင္းခါနီးတြင္ ေဟးမက္စ္သည္အလွ်င္အျမန္ျဖင့္

“ဇန္…ကိုယ္နဲ႕အတူသြားမယ္ေလ”

“နယ္ေျမ၄က ဇြန္ဘီေတြနဲ႕အနီးဆုံးမလို႔ ေခါင္းေဆာင္ကိုယ္တိုင္သြားတာ အသင့္ေတာ္ဆုံးပါ ကြၽန္ေတာ္တို႔ထဲမွာေခါင္းေဆာင္ကအသန္မာဆုံးမလား “

“ဒါဆိုကိုယ္နဲ႕နယ္ေျမ၄သြားမယ္ေလ ကိုယ္ကာကြယ္ေပးမယ္”

“စိတ္မရွိပါနဲ႕ေခါင္းေဆာင္ ကြၽန္ေတာ္ကစုံဂဏန္းမႀကိဳက္ဘူး” ဟုဆိုကာ ကယ္ရီဆင္းသြားခဲ့သည္

‘အဟမ့္….တကယ္ကိုဖမ္းရခက္တဲ့ငေႁမြထိုးေလးပဲ ျပန္ေရာက္မွပညာကိုေကာင္းေကာင္းေပးရမယ္’

ကယ္ရီလည္း အဖြဲ႕သားအားဦးေဆာင္ကာ ပိုက္လိုင္းထဲသို႔ခုန္ဆင္းသြားသည္ ထို႔ေနာက္တြင္ပါလာေသာဓာတ္မီးအားဖြင့္ကာ မိုင္းဗုံးတပ္ရန္သင့္ေတာ္မည့္ေနရာအားရွာေဖြကာတပ္ဆင္လိုက္သည္ ေအာက္ဖက္ရွိအနံ႕မ်ားကိုကယ္ရီသည္းမခံနိုင္သျဖင့္ အေပၚသို႔ျမန္ျမန္ျပန္တက္ခဲ့သည္

“System တျခားသူေတြအေျခေနဘယ္လိုရွိလည္း “

System: “Hostတို႔အပါဝင္ ေလးဖြဲ႕လုံးကတပ္ဆင္ၿပီးသြားပါၿပီ နယ္ေျမ၄ပဲ က်န္ပါေတာ့တယ္”

“ဇြန္ဘီေတြေရာ ဘယ္နားေရာက္ေနၾကၿပီလဲ “

System: “မၾကာခင္နယ္ေျမ၄ကိုေရာက္ပါေတာ့မယ္”

“အဲ့လူကလည္း ဘာေတြအရစ္ရွည္ေနလို႔ဒီေလာက္ၾကာေနရလဲမသိဘူး” ကယ္ရီ သူတို႔ဆင္းခဲ့သည့္ေနရာတြင္ ရပ္ကာေဟးမက္စ္အားေစာင့္ေနခဲ့သည္ Systemကိုလည္းတစ္မိနစ္ျခားတစ္ခါ အေျခေနအားေမးျမန္းေနခဲ့သည္

“ဒီလိုမွန္းသိရင္ အဲ့လူကိုလႊတ္မဲ့အစား ငါပဲသြားလိုက္ပါတယ္”

System: “Host စိတ္ပူေနတာလား”

“အေနသာႀကီး ငါကမစ္ရွင္မေအာင္မွာစိုးရိမ္ေနတာ”

System: “Hostေျပာတဲ့အတိုင္းပါပဲ”

အခ်ိန္အနည္းငယ္မွ်​ေစာင့္ဆိုင္းၿပီးသည့္ေနာက္တြင္ ကယ္ရီတို႔ထံသို႔ကားတစ္စီးဆိုက္ေရာက္လာခဲ့သည္ ကယ္ရီကားတံခါးဖြင့္လိုက္ေသာအထဲကလူအားျမင္မွ
“ဘာလို႔ဒီေလာက္ၾကာေနတာလဲ အရင္ကားကေရာ ဘယ္ေရာက္သြားတာလဲ”

“ေစာင့္ေနရတာၾကာသြားလို႔ ေစာတီး ကိုယ္မွားတာ ကိုယ္ေနာက္က်သြားတယ္ ကားကလမ္းမွာသံဆူးႀကိဳးေတြကိုနင္းမိသြားလို႔ဘီးေတြသုံးမရျဖစ္သြားတာ ကားအသစ္ရွာေနရတာနဲ႕ၾကာသြားတယ္”

“ဇြန္ဘီေတြနဲ႕တိုးေသးလား”

“အြန္း…အေျပးျမန္လို႔မဟုတ္ရင္ကိုယ္အစားခံရေတာ့မွာသိလား” ေဟးမက္စ္သနားခ်င္စဖြယ္ေလသံေလးျဖင့္ေျပာလိုက္သည္

“ခင္ဗ်ားလား အစားခံရမွာ”

“ဟြန့္…အၾကင္နာေခါင္းပါးလိုက္တာ”

ေဘးရွိႏွစ္ေယာက္-‘ဒါငါတို႔ေခါင္းေဆာင္ေရာဟုတ္ရဲ႕လား’

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 3.9(ဇန်), novel System 286 (On Going) Arc 3.9(ဇန်), read System 286 (On Going) Arc 3.9(ဇန်) online, System 286 (On Going) Arc 3.9(ဇန်) chapter, System 286 (On Going) Arc 3.9(ဇန်) high quality, System 286 (On Going) Arc 3.9(ဇန်) light novel, ,

Comment

Leave a Reply

Chapter 45