System 286 (On Going) Arc (4.1) ပိုင်ရှီရှန်း

All chapters are in System 286 (On Going)
A+ A-

Unicode

ကယ်ရီကူးပြောင်းပြီးပြီးခြင်းတွင် တစ်ကိုယ်လုံးနာကျင်မှုခံစားလိုက်ရသည် System အားမှတ်ဉာဏ်လွှဲမည့်အကြောင်းမပြောရသေးခင်တွင် အခန်းထဲသို့လူတစ်ယောက် ရေဇလုံကိုင်ကာဝင်လာခဲ့သည် ကယ်ရီသတိရနေသည်ကိုမြင်သောအခါတွင် ဝမ်းသာအားရဖြင့်

“သခင်လေး သတိရလာပြီ
ဝမ်းသာလိုက်တာသခင်လေးရယ် ကျွန်တော့်မှာစိတ်ပူလို့သေတော့မှာပဲ ….အပြင်မှာဘယ်သူရှိလည်း ဂိုဏ်းချုပ်ကို သခင်လေးသတိရလာတဲ့အကြောင်း သွားအကြောင်းကြားကြစမ်း “

ကယ်ရီလည်းအခြေနေအား အကြမ်းဖျင်းခန့်မှန်းမိသဖြင့်
“ငါခေါင်းတွေအရမ်းကိုက်နေလို့ခဏနားအုံးမယ် မဆူညံစေနဲ့ “

“ဟုတ်ကဲ့သခင်လေး တစ်ခုခုလိုရင်လှမ်းခေါ်လိုက်ပါ ကျွန်တော်အပြင်မှာရှိပါတယ် “
ကယ်ရီပြန်မဖြေတော့ပဲ လက်သာရမ်းပြလိုက်သည်

System: “မှတ်ဉာဏ်လွှဲပြောင်းမှုစတင်ပါပြီ “

ဒီကမ္ဘာကတော့ ကျင့်ကြံရေးကမ္ဘာတစ်ခုဖြစ်တယ် ဒီကမ္ဘာရဲ့ဇာတ်လိုက်ကတော့ ဟယ်စစ်ယွမ်ဖြစ်ပြီး တိမ်ပြိုဂိုဏ်းမှအတွင်းစည်း တပည့်တစ်ယောက်ဖြစ်သည် ဇာတ်လိုက်သည်ငယ်စဥ်အခါက ကံကောင်း၍ရတနာသိုက်တစ်ခုကိုရှာတွေ့ခဲ့ပြီး သူ၏ကျင့်ကြံရေးလမ်းစဥ်၌အထောက်ပံ့ပေးနိုင်မည့်ပစ္စည်းများ ဆေးလုံးများ အမြုတေများကိုရှာတွေ့ခဲ့သည် ထို့ကြောင့်ဇာတ်လိုက်သည်တခြားရွယ်တူများထက်ခြေအလှမ်းတစ်ရာနီးပါးသာနေခဲ့သည် သာမန်အိမ်တော်များမှကလေးများသည် အသက်၁၆နှစ်အရွယ်တွင်ချီစုဆောင်းမှုအဆင့်၃တွင်သာရှိတတ်ကြပြီး ပါရမီရှင်များသာလျှင်အဆင့်၄သို့ရောက်တတ်ကြသည် ဇာတ်လိုက်မှာမူရတနာများ၏အထောက်အပံ့ကြောင့်အဆင့်၅သို့ စောစီးစွာရောက်ရှိခဲ့သည် ထို့ကြောင့်တိမ်ပြိုဂိုဏ်းချုပ်၏အထူးအလေးပေးမှုကိုရရှိခဲ့ပြီး ပါရမီရှင်အတွင်းစည်းတပည့်အဖြစ်ပါသတ်မှတ်ခံခဲ့ရသည် ဇာတ်လိုက်သည်ကိုယ်လုပ်တော်ဖွား တရားမဝင်သားတစ်ဦးဖြစ်သောကြောင့် ငယ်စဥ်အခါကအနိုင်ကျင့်နှိပ်စက်မှုများခံခဲ့ရသည် ထို့ကြောင့်ဇာတ်လိုက်အမုန်းဆုံးသူမှာ သူတစ်ပါးအားအနိုင်ကျင့်တတ်သူများဖြစ်သည်

ဇာတ်လိုက်မဟူလီနာသည် တိမ်ပြိုဂိုဏ်းချုပ်ရဲ့သမီးဖြစ်ပြီး မဟူရာဂိုဏ်းချုပ်ရဲ့သားဖြစ်သူပိုင်ရှီရှန်းနှင့်စေ့စပ်ထားသူတစ်ဦးလည်းဖြစ်သည် ပိုင်ရှီရှန်းသည် ဂိုဏ်းချုပ်၏သားဖြစ်သော်လည်း ကျင့်ကြံခြင်းကိုအလေးမထားဘဲ ဖခင်၏ဂုဏ်ဖြင့်ဆိုးသွမ်းရမ်းကားနေသောအမှိုက်တစ်စဖြစ်သည် ထို့ကြောင့်ဇာတ်လိုက်မသည် သူနှင့်စေ့စပ်ထားသောထိုအမှိုက်အားမျက်နှာသာမပေးဘဲအမြဲရှောင်ပုန်းနေတတ်သည် တစ်နေ့လေလံခန်းမတွင်ပိုင်ရှီရှန်းနှင့်ဆုံသဖြင့်စကားအခြေအတင်ဖြစ်ခဲ့သည် ပိုင်ရှီရှန်းကလည်းဟူလီနာမှာမိမိနှင့်စေ့စပ်ထားသောမိန်းကလေးဖြစ်သောကြောင့်သူနှင့်အတူသီးသန့်ခန်းထဲတွင်လိုက်ထိုင်စေလိုခဲ့သည် ဟူလီနာကလည်းခေါင်းမာစွာငြင်းပယ်သောကြောင့်ဆွဲလားရုန်းလားဖြစ်သွားခဲ့သည် ထို့အချိန်တွေဇာတ်လိုက်သည် ဂိုဏ်းတူညီမလေးအားလူယုတ်မာလက်ထဲမှ ဝင်ရောက်ကယ်ဆယ်ခြင်းဟူသော ဖန်တစ်ရာတေဇာတ်ကွက်အားကသွားခဲ့သည် ပိုင်ရှီရှန်းကလည်းဇာတ်လိုက်အားအညှိုးထားကာ ဂိုဏ်းပေါင်းစုံသိုင်းပြိုင်ပွဲတွင်စိန်ခေါ်ခဲ့သည် ပါရမီရှင်နှင့်အမှိုက်၏ကွာဟချက်မှာမိုးနှင့်မြေကဲ့သို့ဖြစ်နေသောကြောင့် ပိုင်ရှီရှန်းတစ်ယောက် အတွင်းဒဏ်ရာများရရှိခဲ့သည် ဟူလီနာလည်း မိမိဖက်မှကာကွယ်ပေးခဲ့သော ဟယ်စစ်ယွမ်အား  မေတ္တာသက်ဝင်သွားခဲ့သည် ထို့ကြောင့်ဖခင်အားစည်းရုံးကာ စေ့စပ်ထားခြင်းအားဖျက်သိမ်းပြစ်ခဲ့သည် ပိုင်ရှီရှန်းလည်းဇာတ်လိုက်အားအနိုင်ယူချင်စိတ်ပြင်းပျကာ လမ်းလွဲသွားပြီးမိစ္စာအတတ်များကျင့်ကြံမိကာ ကျင့်စဥ်ဖောက်ပြန်၍အသက်ဆုံးရှုံးသွားခဲ့သည် ဇာတ်လိုက်ကတော့ တိမ်ပြိုဂိုဏ်း၏ဂိုဏ်းချုပ်ရာထူးအားဆက်ခံကာ ဇာတ်လိုက်မနှင့်အတူပျော်ပျော်ရွှင်ရွှင်နေထိုင်သွားခဲ့သည်

“အဲ့တော့ ငါကပိုင်ရှီရှန်းပေါ့ “

System: ” ဟုတ်ပါတယ် Host
အခုကဂိုဏ်းပေါင်းစုံပြိုင်ပွဲကနေ အဆော်ခံပြီးကာစအချိန်ပါ”

“သူကမိုးကြိုဝိညာဥ်ကြောရှိတာလား ငါ့တစ်ကိုယ်လုံးဓာတ်လိုက်ခံထားရသလိုပဲ “

System: “ဟုတ်ပါတယ် ဇာတ်လိုက်က မိုးကြိုးဝိညာဥ်ကြောပိုင်ရှင်ပါ လက်ရှိအဆင့်ကတော့ ချီစုဆောင်းမှုအဆင့်၇မှာပါ  ဇာတ်လိုက်မကတော့ရေခဲဝိညာဥ်သွေးကြောပိုင်ရှင်ပါ ချီစုဆောင်းမှုအဆင့်၅မှာပါ “

“ငါကရော “

System: “Host ကတော့မီးဝိညာဥ်သွေးကြောပိုင်ရှင်ပါ အခုလက်ရှိ ချီစုဆောင်းမှုအဆင့်၄မှာပါ “

“ဘာ…..ငါကဇာတ်လိုက်ထက် ၃ဆင့်ကြီးများတောင်နိမ့်နေတာပေါ့ ဇာတ်လိုက်မထက်တောင်၁ဆင့်နိမ့်သေးတယ်”

System: “အဲ့တာဒီကိုယ်က သေချာမကျင့်ကြံဘဲနေ
လို့ပါ တကယ်ဆိုဒီကမ္ဘာမှာ မီးဝိညာဥ်သွေးကြောကလည်း ထိပ်တန်းဝိညာဥ်သွေးကြောတစ်ခုပါ “

“ကျင့်ကြံတာတောင်ကောင်းကောင်းမလုပ်ဘဲနဲ့ သူ့ထက်အဆင့် ၃ဆင့်မြင့်တဲ့သူကိုသွားစိန်ခေါ်ရဲတဲ့သတ္တိကိုတော့ တကယ်လေးစားတယ် ဒီကမ္ဘာရဲ့မစ်ရှင်တွေကဘာတွေလဲ”

system: “ဂိုဏ်းပေါင်းစုံပြိုင်ပွဲတွင် ပထမရရန် -point 1000
ဟူလီနာအား မိမိကိုငြင်းပယ်ခဲ့သည့်အပေါ်တွင်နောင်တရစေရန်-point 500
လူတကာလေးစားကြည်ညိုရသောဂိုဏ်းချုပ်တစ်ယောက်ဖြစ်လာရန်-point 1500″

System ထံမှမစ်ရှင်များလက်ခံပြီးခဏအကြာတွင်အခန်းထဲသို့ မူလကိုယ်၏မိဘများဖြစ်သော ဂိုဏ်းချုပ်ပိုင် သခင်မပိုင်နှင့် ဝမ်းကွဲတော်စပ်သူလည်းဖြစ်သမားတော်လည်းဖြစ်သူပိုင်ယွီတို့ဝင်လာခဲ့သည် ကယ်ရီ ပိုင်ယွီ၏မျက်နှာအားကြည့်ပြီးတစ်ချက်မျှပြုံးမိလိုက်သည်

“ရှန်းအာ…သားလေးဘယ်လိုနေသေးလဲဟင်
အမေ့မှာစိတ်ပူလိုက်ရတာသားရယ် သားတစ်ပတ်လုံးလုံးသတိမေ့နေတာသိရဲ့လား “

“ကျွန်တော်တောင်းပန်ပါတယ်အမေ”
အခန်းထဲရှိလူများအားလုံး ဆိုးသွမ်းနေသောသခင်လေးထံမှ တောင်းပန်စကားကြားရသောအခါ ခေတ္တငြိမ်သက်သွားကြသည် ဂိုဏ်းချုပ်ပိုင်ကလည်း ချောင်းဟမ့်ကာ

“အသိတရားရသေးရင်တော့ တော်သေးတာပေါ့
ဘယ့်နှယ့် ကိုယ့်ထက်အဆင့်သုံးဆင့်မြင့်တဲ့သူကိုသွားစိန်ခေါ်ရတယ်လို့ မင်းကိုငါအဲ့ဒီကိုလွှတ်လိုက်တာပညာရအောင်လွှတ်လိုက်တာလေ အခုတော့အရိုက်ခံရပြီးမသေရုံတမယ်ပြန်လာရတယ် မင်းဒဏ်ရာတွေပျောက်တာနဲ့ကိုယ့်ကိုယ်ကိုပြန်ဆင်ခြင်ရမယ် ချီစုဆောင်းမှုအဆင့်၅မရောက်မခြင်းဂိုဏ်းပြင်မထွက်ရဘူး “

ထိုအခါပိုင်သခင်မကြီးက
“ရှင်ကလည်း သားလေးကအခုမှပြန်သတိရလာကာစရှိသေးတယ် သားလေးကိုမဆူပါနဲ့ အဲ့တာတွေအကုန်လုံးဟိုမျက်နှာနှစ်ဖက်နဲ့မြေခွေးမကြောင့်ဖြစ်ရတာလေ ကျွန်မသားလေးမှာအပြစ်မရှိဘူး လာမဆူနဲ့ “

“ဟုတ်ကဲ့ပါ အဖေ”

ဂိုဏ်ချုပ်ပိုင် မိမိ၏သားဖြစ်သူကလန်ကဆန်စကားများပြန်ပြောလာပါက မည်သို့ပြန်တုန့်ပြန်သင့်သည်ကိုစဥ်းစားနေချိန် သားဖြစ်သူ၏နာခံမှုကြောင့်စကားလုံးများပြန်မြိုချလိုက်ရသည် ထို့နောက်ချောင်းထပ်ဟမ့်ကာ

“ရှောင်ယွီ မင်းညီကို မင်းလက်ထဲအပ်ခဲ့ပြီနော် “

“ဟုတ်ကဲ့ပါဦးလေး ကျွန်တော်သေချာဂရုစိုက်ထားလိုက်ပါ့မယ် “

ကယ်ရီလည်း ပိုင်သခင်မကြီးအား
“အမေလည်းပြန်နားလိုက်တော့လေ ကျွန်တော်တကယ်အဆင်ပြေပါတယ် “

“ဒါဆိုသားလေး အမေမနက်ဖြန်မှထပ်လာခဲ့မယ်နော် “

ဂိုဏ်ချုပ်ပိုင် နှင့် ပိုင်သခင်မ ထွက်သွားသည်အားကြည့်၍ ကယ်ရီတွေးမိသည်မှာ ‘ပိုင်ရှီရှန်း ဒီလောက်ဆိုးတာ မအံသြတော့ပါဘူး အိမ်မှာဖူးဖူးမှုတ်ခံထားရတာကိုး”

“မင်းအရိုက်ခံပြီးနောက် နည်းနည်းလိမ္မာလာမယ်ဆိုတာကြိုသိခဲ့ရင် အစောကတည်းကငါကိုယ်တိုင်ရိုက်ခဲ့ပါတယ် “

“သမားတော်ဆိုတာ မေတ္တာတရားထားပြီး လူအသက်တွေကိုကယ်တင်ပေးရတာ သူများတွေကိုလိုက်ရိုက်လို့မရဘူး”

“ကောင်စုတ်လေး မင်းကများငါ့ကိုပြန်သင်ပေးနေရသေးတယ် မင်းကိုတော့ပုံမှန်ထက်နှစ်ဆကြီးတဲ့အပ်နဲ့ကုပေးမှဖြစ်တော့မယ် “

System: “သုံးဆလောက်ပိုကြီးတဲ့အပ် သူ့အိတ်ထဲမှာရှိပါတယ် အဲ့တာကိုပိုပြီးသုံးသင့်တယ်”

‘အဆဲတောင်းနေတာလား 286’

…………………………….

ကျင့်ကြံအဆင့်ခွဲခြားသတ်မှတ်ပုံ

ချီစုဆောင်းမှုအဆင့် ၁
ချီစုဆောင်းမှုအဆင့် ၂
ချီစုဆောင်းမှုအဆင့် ၃
ချီစုဆောင်းမှုအဆင့် ၄
ချီစုဆောင်းမှုအဆင့် ၅
ချီစုဆောင်းမှုအဆင့် ၆
ချီစုဆောင်းမှုအဆင့် ၇
ချီစုဆောင်းမှုအဆင့် ၈
ချီစုဆောင်းမှုအဆင့် ၉
____
ကမ္ဘာမြေကြီးအဆင့် ၁
ကမ္ဘာမြေကြီးအဆင့် ၂
ကမ္ဘာမြေကြီးအဆင့် ၃
ကမ္ဘာမြေကြီးအဆင့် ၄
ကမ္ဘာမြေကြီးအဆင့် ၅
ကမ္ဘာမြေကြီးအဆင့် ၆
ကမ္ဘာမြေကြီးအဆင့် ၇
ကမ္ဘာမြေကြီးအဆင့် ၈
ကမ္ဘာမြေကြီးအဆင့် ၉
____
ကောင်းကင်ဘုံအဆင့်

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄
AN- ဒီရွှေဉာဏ်တော်ခေါင်းထဲကထွက်လာတဲ့ဂိုဏ်းနာမည်တွေကတော့ တိမ်ပြိုဂိုဏ်းနဲ့ မဟူရာဂိုဏ်းပါတဲ့ရှင် 🙂🙂
☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Arc (4.1)

ကယ္ရီကူးေျပာင္းၿပီးၿပီးျခင္းတြင္ တစ္ကိုယ္လုံးနာက်င္မႈခံစားလိုက္ရသည္ System အားမွတ္ဉာဏ္လႊဲမည့္အေၾကာင္းမေျပာရေသးခင္တြင္ အခန္းထဲသို႔လူတစ္ေယာက္ ေရဇလုံကိုင္ကာဝင္လာခဲ့သည္ ကယ္ရီသတိရေနသည္ကိုျမင္ေသာအခါတြင္ ဝမ္းသာအားရျဖင့္

“သခင္ေလး သတိရလာၿပီ
ဝမ္းသာလိုက္တာသခင္ေလးရယ္ ကြၽန္ေတာ့္မွာစိတ္ပူလို႔ေသေတာ့မွာပဲ ….အျပင္မွာဘယ္သူရွိလည္း ဂိုဏ္းခ်ဳပ္ကို သခင္ေလးသတိရလာတဲ့အေၾကာင္း သြားအေၾကာင္းၾကားၾကစမ္း “

ကယ္ရီလည္းအ ေျခေနအားအၾကမ္းဖ်င္းခန့္မွန္းမိသျဖင့္
“ငါေခါင္းေတြအရမ္းကိုက္ေနလို႔ခဏနားအုံးမယ္ မဆူညံေစနဲ႕ “

“ဟုတ္ကဲ့သခင္ေလး တစ္ခုခုလိုရင္လွမ္းေခၚလိုက္ပါ ကြၽန္ေတာ္အျပင္မွာရွိပါတယ္ “
ကယ္ရီျပန္မေျဖေတာ့ပဲ လက္သာရမ္းျပလိုက္သည္

System: “မွတ္ဉာဏ္လႊဲေျပာင္းမႈစတင္ပါၿပီ “

ဒီကမၻာကေတာ့ က်င့္ႀကံေရးကမၻာတစ္ခုျဖစ္တယ္ ဒီကမၻာရဲ႕ဇာတ္လိုက္ကေတာ့ ဟယ္စစ္ယြမ္ျဖစ္ၿပီး တိမ္ၿပိဳဂိုဏ္းမွအတြင္းစည္း တပည့္တစ္ေယာက္ျဖစ္သည္ ဇာတ္လိုက္သည္ငယ္စဥ္အခါက ကံေကာင္း၍ရတနာသိုက္တစ္ခုကိုရွာေတြ႕ခဲ့ၿပီး သူ၏က်င့္ႀကံေရးလမ္းစဥ္၌အေထာက္ပံ့ေပးနိုင္မည့္ပစၥည္းမ်ား ေဆးလုံးမ်ား အျမဳေတမ်ားကိုရွာေတြ႕ခဲ့သည္ ထို႔ေၾကာင့္ဇာတ္လိုက္သည္တျခား႐ြယ္တူမ်ားထက္ေျခအလွမ္းတစ္ရာနီးပါးသာေနခဲ့သည္ သာမန္အိမ္ေတာ္မ်ားမွကေလးမ်ားသည္ အသက္၁၆ႏွစ္အ႐ြယ္တြင္ခ်ီစုေဆာင္းမႈအဆင့္၃တြင္သာရွိတတ္ၾကၿပီး ပါရမီရွင္မ်ားသာလွ်င္အဆင့္၄သို႔ေရာက္တတ္ၾကသည္ ဇာတ္လိုက္မွာမူရတနာမ်ား၏အေထာက္အပံ့ေၾကာင့္အဆင့္၅သို႔ ေစာစီးစြာေရာက္ရွိခဲ့သည္ ထို႔ေၾကာင့္တိမ္ၿပိဳဂိုဏ္ခ်ဳပ္၏အထူးအေလးေပးမႈကိုရရွိခဲ့ၿပီး ပါရမီရွင္အတြင္းစည္းတပည့္အျဖစ္ပါသတ္မွတ္ခံခဲ့ရသည္ ဇာတ္လိုက္သည္ကိုယ္လုပ္ေတာ္ဖြား တရားမဝင္သားတစ္ဦးျဖစ္ေသာေၾကာင့္ ငယ္စဥ္အခါကအနိုင္က်င့္ႏွိပ္စက္မႈမ်ားခံခဲ့ရသည္ ထို႔ေၾကာင့္ဇာတ္လိုက္အမုန္းဆုံးသူမွာ သူတစ္ပါးအားအနိုင္က်င့္တတ္သူမ်ားျဖစ္သည္

ဇာတ္လိုက္မဟူလီနာသည္ တိမ္ၿပိဳဂိုဏ္းခ်ဳပ္ရဲ႕သမီးျဖစ္ၿပီး မဟူရာဂိုဏ္းခ်ဳပ္ရဲ႕သားျဖစ္သူပိုင္ရွီရွန္းႏွင့္ေစ့စပ္ထားသူတစ္ဦးလည္းျဖစ္သည္ ပိုင္ရွီရွန္းသည္ ဂိုဏ္းခ်ဳပ္၏သားျဖစ္ေသာ္လည္း က်င့္ႀကံျခင္းကိုအေလးမထားဘဲ ဖခင္၏ဂုဏ္ျဖင့္ဆိုးသြမ္းရမ္းကား ေနေသာအမွိုက္တစ္စျဖစ္သည္ ထို႔ေၾကာင့္ဇာတ္လိုက္မသည္သူႏွင့္ေစ့စပ္ထားေသာထိုအမွိုက္အားမ်က္ႏွာသာမေပးဘဲအၿမဲေရွာင္ပုန္းေနတတ္သည္ တစ္ေန႕ေလလံခန္းမတြင္ပိုင္ရွီရွန္းႏွင့္ဆုံသျဖင့္စကားအေျခအတင္ျဖစ္ခဲ့သည္ ပိုင္ရွီရွန္းကလည္းဟူလီနာမွာမိမိႏွင့္ေစ့စပ္ထားေသာမိန္းကေလးျဖစ္ေသာေၾကာင့္သူႏွင့္အတူသီးသန့္ခန္းထဲတြင္လိုက္ထိုင္ေစလိုခဲ့သည္ ဟူလီနာကလည္းေခါင္းမာစြာျငင္းပယ္ေသာေၾကာင့္ဆြဲလား႐ုန္းလားျဖစ္သြားခဲ့သည္ ထို႔အခ်ိန္ေတြဇာတ္လိုက္သည္ ဂိုဏ္းတူညီမေလးအားလူယုတ္မာလက္ထဲမွ ဝင္ေရာက္ကယ္ဆယ္ျခင္းဟူေသာ ဖန္တရာေတဇာတ္ကြက္အားကသြားခဲ့သည္ ပိုင္ရွီရွန္းကလည္းဇာတ္လိုက္အားအညွိုးထားကာ ဂိုဏ္းေပါင္းစုံသိုင္းၿပိဳင္ပြဲတြင္စိန္ေခၚခဲ့သည္ ပါရမီရွင္ႏွင့္အမွိုက္၏ကြာဟခ်က္မွာမိုးႏွင့္ေျမကဲ့သို႔ျဖစ္ေနေသာေၾကာင့္ ပိုင္ရွီရွန္းတစ္ေယာက္ အတြင္းဒဏ္ရာမ်ားရရွိခဲ့သည္ ဟူလီနာလည္း မိမိဖက္မွကာကြယ္ေပးခဲ့ေသာ ဟယ္စစ္ယြမ္အား  ေမတၱာသက္ဝင္သြားခဲ့သည္ ထို႔ေၾကာင့္ဖခင္အားစည္း႐ုံးကာ ေစ့စပ္ထားျခင္းအားဖ်က္သိမ္းျပစ္ခဲ့သည္ ပိုင္ရွီရွန္းလည္းဇာတ္လိုက္အားအနိုင္ယူခ်င္စိတ္ျပင္းပ်ကာ လမ္းလြဲသြားၿပီးမိစၥာအတတ္မ်ားက်င့္ႀကံမိကာ က်င့္ဆင္ေဖာက္ျပန္၍အသက္ဆုံးရႈံးသြားခဲ့သည္ ဇာတ္လိုက္ကေတာ့ တိမ္ၿပိဳဂိုဏ္း၏ဂိုဏ္းခ်ဳပ္ရာထူးအားဆက္ခံကာ ဇာတ္လိုက္မႏွင့္အတူေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနထိုင္သြားခဲ့သည္

“အဲ့ေတာ့ ငါကပိုင္ရွီရွန္းေပါ့ “

System: ” ဟုတ္ပါတယ္ Host
အခုကဂိုဏ္းေပါင္းစုံၿပိဳင္ပြဲကေန အေဆာ္ခံၿပီးကာစအခ်ိန္ပါ”

“သူကမိုးႀကိဳဝိညာဥ္ေက်ာရွိတာလား ငါ့တစ္ကိုယ္လုံးဓာတ္လိုက္ခံထားရသလိုပဲ “

System: “ဟုတ္ပါတယ္ ဇာတ္လိုက္က မိုးႀကိဳးဝိညာဥ္ေက်ာပိုင္ရွင္ပါ လက္ရွိအဆင့္ကေတာ့ ခ်ီစုေဆာင္းမႈအဆင့္၇မွာပါ ဇာတ္လိုက္မကေတာ့ ေရခဲဝိညာဥ္ေက်ာပိုင္ရွင္ပါ ခ်ီစုေဆာင္းမႈအဆင့္၅မွာပါ “

“ငါကေရာ “

System: “Host ကေတာ့မီးဝိညာဥ္ေက်ာပိုင္ရွင္ပါ အခုလက္ရွိ ခ်ီစုေဆာင္းမႈအဆင့္၄မွာပါ “

“ဘာ…..ငါကဇာတ္လိုက္ထက္ ၃ဆင့္ႀကီးမ်ားေတာင္နိမ့္ေနတာေပါ့ ဇာတ္လိုက္မထက္ေတာင္၁ဆင့္နိမ့္ေသးတယ္”

System: “အဲ့တာဒီကိုယ္က ေသခ်ာမက်င့္ႀကံဘဲေန
လို႔ပါ တကယ္ဆိုဒီကမၻာမွာ မီးဝိညာဥ္ေက်ာကလည္း ထိပ္တန္းဝိညာဥ္ေက်ာတစ္ခုပါ “

“က်င့္ႀကံတာေတာင္ေကာင္းေကာင္းမလုပ္ဘဲနဲ႕ သူ႕ထက္အဆင့္ ၃ဆင့္ျမင့္တဲ့သူကိုသြားစိန္ေခၚရဲတဲ့သတၱိကိုေတာ့ တကယ္ေလးစားတယ္ ဒီကမၻာရဲ႕မစ္ရွင္ေတြကဘာေတြလဲ”

system: “ဂိုဏ္းေပါင္းစုံၿပိဳင္ပြဲတြင္ ပထမရရန္ -point 1000
ဟူလီနာအား မိမိကိုျငင္းပယ္ခဲ့သည့္အေပၚတြင္ေနာင္တရေစရန္-point 500
လူတကာေလးစားၾကည္ညိုရေသာဂိုဏ္းခ်ဳပ္တစ္ေယာက္ျဖစ္လာရန္-point 1500″

System ထံမွမစ္ရွင္မ်ားလက္ခံၿပီးခဏအၾကာတြင္အခန္းထဲသို႔ မူလကိုယ္၏မိဘမ်ားျဖစ္ေသာ ဂိုဏ္းခ်ဳပ္ပိုင္ သခင္မပိုင္ႏွင့္ ဝမ္းကြဲေတာ္စပ္သူလည္းျဖစ္သမားေတာ္လည္းျဖစ္သူပိုင္ယြီတို႔ဝင္လာခဲ့သည္ ကယ္ရီ ပိုင္ယြီ၏မ်က္ႏွာအားၾကည့္ၿပီးတစ္ခ်က္မွ်ၿပဳံးမိလိုက္သည္

“ရွန္းအာ…သားေလးဘယ္လိုေနေသးလဲဟင္
အေမ့မွာစိတ္ပူလိုက္ရတာသားရယ္ သားတစ္ပတ္လုံးလုံးသတိေမ့ေနတာသိရဲ႕လား “

“ကြၽန္ေတာ္ေတာင္းပန္ပါတယ္အေမ”
အခန္းထဲရွိလူမ်ားအားလုံး ဆိုးသြမ္းေနေသာသခင္ေလးထံမွ ေတာင္းပန္စကားၾကားရေသာအခါ ေခတၱၿငိမ္သက္သြားၾကသည္ ဂိုဏ္ခ်ဳပ္ပိုင္ကလည္း ေခ်ာင္းဟမ့္ကာ

“အသိတရားရေသးရင္ေတာ့ ေတာ္ေသးတာေပါ့
ဘယ့္ႏွယ့္ ကိုယ့္ထက္အဆင့္သုံးဆင့္ျမင့္တဲ့သူကိုသြားစိန္ေခၚရတယ္လို႔ မင္းကိုငါအဲ့ဒီကိုလႊတ္လိုက္တာပညာရေအာင္လႊတ္လိုက္တာေလ အခုေတာ့အရိုက္ခံရၿပီးမေသ႐ုံတမယ္ျပန္လာရတယ္ မင္းဒဏ္ရာေတြေပ်ာက္တာနဲ႕ကိုယ့္ကိုယ္ကိုျပန္ဆင္ျခင္ရမယ္ ခ်ီစုေဆာင္းမႈအဆင့္၅မေရာက္မျခင္းဂိုဏ္းျပင္မထြက္ရဘူး “

ထိုအခါပိုင္သခင္မႀကီးက
“ရွင္ကလည္း သားေလးကအခုမွျပန္သတိရလာကာစရွိေသးတယ္ သားေလးကိုမဆူပါနဲ႕ အဲ့တာေတြအကုန္လုံးဟိုမ်က္ႏွာႏွစ္ဖက္နဲ႕ေျမေခြးမေၾကာင့္ျဖစ္ရတာေလ ကြၽန္မသားေလးမွာအျပစ္မရွိဘူး လာမဆူနဲ႕ “

“ဟုတ္ကဲ့ပါ အေဖ”

ဂိုဏ္ခ်ဳပ္ပိုင္ မိမိ၏သားျဖစ္သူကလန္ကဆန္စကားမ်ားျပန္ေျပာလာပါက မည္သို႔ျပန္တုန့္ျပန္သင့္သည္ကိုစဥ္းစားေနခ်ိန္ သားျဖစ္သူ၏နာခံမႈေၾကာင့္စကားလုံးမ်ားျပန္ၿမိဳခ်လိဳက္ရသည္ ထို႔ေနာက္ေခ်ာင္းထပ္ဟမ့္ကာ

“ေရွာင္ယြီ မင္းညီကို မင္းလက္ထဲအပ္ခဲ့ၿပီေနာ္ “

“ဟုတ္ကဲ့ပါဦးေလး ကြၽန္ေတာ္ေသခ်ာဂ႐ုစိုက္ထားလိုက္ပါ့မယ္ “

ကယ္ရီလည္း ပိုင္သခင္မႀကီးအား
“အေမလည္းျပန္နားလိုက္ေတာ့ေလ ကြၽန္ေတာ္တကယ္အဆင္ေျပပါတယ္ “

“ဒါဆိုသားေလး အေမမနက္ျဖန္မွထပ္လာခဲ့မယ္ေနာ္ “

ဂိုဏ္ခ်ဳပ္ပိုင္ ႏွင့္ ပိုင္သခင္မ ထြက္သြားသည္အားၾကည့္၍ ကယ္ရီေတြးမိသည္မွာ ‘ပိုင္ရွီရွန္း ဒီေလာက္ဆိုးတာ မအံၾသေတာ့ပါဘူး အိမ္မွာဖူးဖူးမႈတ္ခံထားရတာကိုး”

“မင္းအရိုက္ခံၿပီးေနာက္ နည္းနည္းလိမၼာလာမယ္ဆိုတာႀကိဳသိခဲ့ရင္ အေစာကတည္းကငါကိုယ္တိုင္ရိုက္ခဲ့ပါတယ္ “

“သမားေတာ္ဆိုတာ ေမတၱာတရားထားၿပီး လူအသက္ေတြကိုကယ္တင္ေပးရတာ သူမ်ားေတြကိုလိုက္ရိုက္လို႔မရဘူး”

“ေကာင္စုတ္ေလး မင္းကမ်ားငါ့ကိုျပန္သင္ေပးေနရေသးတယ္ မင္းကိုေတာ့ပုံမွန္ထက္ႏွစ္ဆႀကီးတဲ့အပ္နဲ႕ကုေပးမွျဖစ္ေတာ့မယ္ “

System: “သုံးဆေလာက္ပိုႀကီးတဲ့အပ္ သူ႕အိတ္ထဲမွာရွိပါတယ္ အဲ့တာကိုပိုၿပီးသုံးသင့္တယ္”

‘အဆဲေတာင္းေနတာလား 286’

…………………………….

က်င့္ႀကံအဆင့္ခြဲျခားသတ္မွတ္ပုံ

ခ်ီစုေဆာင္းမႈအဆင့္ ၁
ခ်ီစုေဆာင္းမႈအဆင့္ ၂
ခ်ီစုေဆာင္းမႈအဆင့္ ၃
ခ်ီစုေဆာင္းမႈအဆင့္ ၄
ခ်ီစုေဆာင္းမႈအဆင့္ ၅
ခ်ီစုေဆာင္းမႈအဆင့္ ၆
ခ်ီစုေဆာင္းမႈအဆင့္ ၇
ခ်ီစုေဆာင္းမႈအဆင့္ ၈
ခ်ီစုေဆာင္းမႈအဆင့္ ၉
____
ကမၻာေျမႀကီးအဆင့္ ၁
ကမၻာေျမႀကီးအဆင့္ ၂
ကမၻာေျမႀကီးအဆင့္ ၃
ကမၻာေျမႀကီးအဆင့္ ၄
ကမၻာေျမႀကီးအဆင့္ ၅
ကမၻာေျမႀကီးအဆင့္ ၆
ကမၻာေျမႀကီးအဆင့္ ၇
ကမၻာေျမႀကီးအဆင့္ ၈
ကမၻာေျမႀကီးအဆင့္ ၉
____
ေကာင္းကင္ဘုံအဆင့္

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄
AN- ဒီေ႐ႊဉာဏ္ေတာ္ေခါင္းထဲကထြက္လာတဲ့ဂိုဏ္းနာမည္ေတြကေတာ့ တိမ္ၿပိဳဂိုဏ္းနဲ႕ မဟူရာဂိုဏ္းပါတဲ့ရွင္ 🙂🙂
☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc (4.1) ပိုင်ရှီရှန်း, novel System 286 (On Going) Arc (4.1) ပိုင်ရှီရှန်း, read System 286 (On Going) Arc (4.1) ပိုင်ရှီရှန်း online, System 286 (On Going) Arc (4.1) ပိုင်ရှီရှန်း chapter, System 286 (On Going) Arc (4.1) ပိုင်ရှီရှန်း high quality, System 286 (On Going) Arc (4.1) ပိုင်ရှီရှန်း light novel, ,

Comment

Leave a Reply

Chapter 47