System 286 (On Going) Arc (4.2) ပိုင်ရှီရှန်း

All chapters are in System 286 (On Going)
A+ A-

Unicode ~

ကယ်ရီ ကျင့်ကြံရေးလောကဆိုတာမျိုးကို ကြားဖူးနားဝရှိခဲ့သော်လည်း လက်တွေ့ကြုံရသောအခါမယုံနိုင်အောင်ထူးဆန်းနေခဲ့သည် လက်နက်တွေကိုစိတ်ကြိုက် သေးနိုင်ကြီးနိုင်သလို အဲ့ဒီလက်နက်တွေကိုစီးတော်ယာဥ်အဖြစ်ပါအသုံးပြုလို့ရ သည် ထို့အပြင်ပစ္စည်းများသိုလှောင်လို့ရသည့် လက်စွပ်များ ခါးပတ်များ အိတ်များလည်းရှိသည် တစ်နေရာမှတစ်နေရာသို့ဖြတ်ခနဲရောက်သွားနိုင်သည့် အင်းစာရွက်များလည်းရှိသည် ကြောက်စရာကောင်းသည့်ဝိညာဥ်သားရဲကြီးများလည်းရှိသည် ဂိုဏ်ချုပ်ပိုင်တွင်လည်း အတောင်ပံပါသည့်ကျားတစ်ကောင်ရှိသည် ကယ်ရီမြင်တွေ့သမျှအကုန်အထူးအဆန်းဖြစ်နေတော့သည်

ကယ်ရီ မူလပိုင်ရှီရှန်း၏မှတ်ဉာဏ်အတိုင်း တရားထိုင်ကာသွေးကြောများကိုလှည့်ပတ်လိုက်သည် ထိုအခါကယ်ရီ၏ပတ်ပတ်လည်တွင် နူးညံ့ကာသန့်စင်ပုံရသည့်ရောင်စုံပိုးစုန်းကြူးပုံစံအလင်းစက်လေးများသည် အပြိုင်အဆိုင်လှည့်ပတ်နေကြသည် ထိုထဲမှအနီရောင်ပိုးစုန်းကြူးပုံစံအလင်းစက်လေးများသည် အမျှင်အတန်းလေးများအဖြစ်ပုံစံပြောင်းသွားတာ ကယ်ရီ၏သွေးကြောများထဲသို့အလုအယက်ဝင်လာကြသည် ကယ်ရီစစချင်းလန့်သွားသော်လည်းအချိန်မှီထိန်းချုပ်ကာ မှတ်ဉာဏ်ထဲမှနည်းလမ်းအတိုင်းစတင်ကျင့်ကြံတော့သည် အတော်ကြာကျင့်ကြံပြီးသောအခါ ကယ်ရီ၏ကိုယ်သည်ပြောင်းလဲလာခဲ့သည် သွေးကြောများကလည်းပိုမိုကျယ်ဝန်းလာသလို ခန္ဓာကိုယ်ကလည်းအားများပြည့်ဖြိုးကာလန်းဆန်းတက်ကြွနေသည် အသားရည်မှာ…
“ဟမ်…ငါ့ကိုယ်ပေါ်ကဒီမဲမဲအနှစ်ကြီးတွေကဘာကြီးတွေလဲ”

System: “အဲ့တာ Host ကိုယ်တွင်းမှာရှိနေတဲ့အညစ်အကြေးတွေပါ အဆင့်တစ်ခုကိုဖြတ်ကျော်ပြီးတိုင်း ခန္ဓာကိုယ်ကအလိုအ လျှောက်အသစ်ပြန်လည်သန့်စင်လေ့ရှိပါတယ် Hostက ချီစုဆောင်းမှုအဆင့်၅ ကိုရောက်ရှိသွားလို့ ခန္ဓာကိုယ်မှာအနှစ်နှစ်အလလကစုနေတဲ့အညစ်အကြေးတွေအပြင်ကိုကန်ထွက်လာတာပါ “

” မင်းဆိုလိုတာက ငါကချီစုဆောင်းမှုအဆင့်၅ကိုရောက်သွားပြီလိုပြောချင်တာလား “

System: “တစ်လလုံးလုံးမနားပဲကျင့်မှတော့ မရောက်ဘဲနေမလား ပြီးတော့မူလပိုင်ရှီရှန်းကဒီအဆင့်မှာတစ်နေတာ၃နှစ်လောက်ရှိပြီ အဆင့်တက်ဖို့သိပ်မလိုတာကိုအလေးမထားပဲ နေခဲ့တာ အခု Host ကတစ်လတည်းနဲ့အဆင့်တက်သွားပေမယ့် နောက်အဆင့်တွေမှာတော့လွယ်ကူမှာမဟုတ်တော့ဘူး ပုံမှန်နည်းအတိုင်းကျင့်ရင် တောင် အနည်းဆုံး၁နှစ်လောက်ကြာနိုင်တယ် အထောက်အပံ့ပေးနိုင်မဲ့ပစ္စည်းကောင်းတွေ့ရင်တော့ပုံမှန်ထက်မြန်မြန်အဆင့်တက်နိုင်ပါတယ် ဆေးလုံးတွေသုံးစွဲလို့တော့ရနိုင်ပေမယ့် ဆေးလုံးတွေက ကြာရင်ဆိုးကျိုးရှိလို့ ကျင့်ကြံသူအများစုကတော့အဲ့ဒီနည်းကိုရှောင်ကြတယ်”

ကယ်ရီ System ပြောသည့် တစ်လလုံးလုံးမနားဘဲကျင့်ကြံသည်ဟုပြောသံအားနားထောင်ရင်း စွံအနေမိသည်

“ငါ တစ်လလုံးမနားဘဲကျင့်ကြံနေခဲ့တာလား
ငါ့ထင်တာကအလွန်ဆုံးရှိမှတစ်ရက်လောက်ထင်ထားတာလေ ဘာလို့တစ်လတောင်ကြာသွားတာလဲ”

System: “ဒါမျိုးကဖြစ်တတ်ပါတယ် အားရုံစိုက် ပြီးကျင့်ကြံတဲ့အခါ အချိန်ကုန်လို့ကုန်သွားမှန်းမသိဖြစ်တတ်တယ် အချို့တွေဆို နှစ်နဲ့ချီပြီးတောင်ကြာတတ်ကြတယ် “

“မင်းကဘာလို့အဲ့ဒီလောက်တောင်သိနေရတာလဲ “

System: “အတွေ့အကြုံလေ…အတွေ့အကြုံ
ကျွန်တော်ပြောဖူးပါတယ် ကျွန်တော်တာဝန်ယူရတာ Host ပထမဆုံးမဟုတ်ပါဘူးလို့ တော်ပါပြီ ကျွန်တော့ကိုပဲမေးခွန်းတွေစွတ်မေးမနေပါနဲ့ ကိုယ့်ကိုယ်ကိုပဲအရင်ငုံ့ကြည့်လိုက်ပါအုံး ဘာပုံပေါက်နေလဲဆိုတာ ရေသာအမြန်သွားချိုးပါ Host ရယ် “

ကယ်ရီအပြင်ဖက်တွင်ရှိသော သူ၏အစေခံရှောင်ကုအားချိုးရေပြင်ခိုင်းလိုက်သည် ရှောင်ကုလည်းအခန်းပြင်တွင်စောင့်နေရသည်မှာတစ်လလောက်လောက်ရှိသွားပြီဖြစ်သည် ဂိုဏ်းချုပ်က သခင်လေးကျင့်ကြံနေသည်ကိုမနှောက်ယှက်ရန်မှာထားသောကြောင့် အပြင်ဖက်တွင်သာစောင့်နေခဲ့ရသည် ယခုသခင်လေး၏အသံကြားသောကြောင့်အလွန်ဝမ်းသာသွားကာ ချိုးရေပြင်ရန်အမြန်ထွက်ခွာသွားသည် ကယ်ရီရေချိုးပြီးသည့်နောက်တွင်အဝတ်စားလဲရန် အဝတ်များအားကြည့်လိုက်သောအခါ သူ၏မျက်စိများကျိန်းသွားပြီဟုတောင်ထင်သွားခဲ့သည် ပိုင်ရှီရှန်း၏အဝတ်စားကြိုက်သည့်ပုံမှာထူးဆန်းလှသည် အရောင်တောက်တောက်အဝတ်စားများဝတ်ဆင်ရသည်ကိုကြိုက်နှစ်သက်ရုံသာမက ရွှေရောင်ငွေရောင်ပြိုးပြိုးပျက်ပျက်မှော်တန်ဆာများဆင်ယင်ရသည်ကိုလည်းကြိုက်သေးသည် ကယ်ရီမတတ်သာသည့်အဆုံးအနီရောင်ဝတ်စုံအားယူဝတ်လိုက်ရသည် အခြားပန်းခရမ်းရောင်တောက်တောက် အစိမ်းတောက်တောက် လိမ္မော်တောက်တောက်များထက်စာရင် အနီကမဆိုးလှဟုသတ်မှတ်လိုက်ရသည် ကယ်ရီ အမြန်ဆုံးအပြင်ထွက်၍အဝတ်သစ်များဝယ်ရမယ်ဟုလည်းဆုံးဖြတ်လိုက်သည် မူလပိုရှီရှန်းကဲ့သို့ ကိုယ်တွင်မှော်လက်နက်များဖြင့်ရှုပ်ရှုပ်ယှက်ယှက်တန်ဆာဆင်မနေတော့ဘဲ ခါးတွင်အကာအကွယ်ကျောက်စိမ်းတံဆိပ်ပြားတစ်ခုသာချိတ်ဆွဲလိုက်သည် ဆံပင်ကိုတော့ရှောင်ကုကိုပဲအဆင်ပြေသလိုပြင်ခိုင်းလိုက်သည် သို့သော်ရှောင်ကုကလည်းအရင်ပိုင်ရှီရှန်းအကြိုက်အတိုင်းခေါင်းတွင်အချွန်အတက်များနှင့်ရှုပ်ယှက်ခက်နေသောပစ္စည်းများဆင်ပေးနေသဖြင့်ကယ်ရီအမြန်တားလိုက်ရသေးသည် အခန်းထဲတွင် အဝတ်အစားများနှင့်တိုက်ပွဲဝင်ပြီးသည့်နောက်တွင်တော့ မိဘများအားနှုတ်ဆက်ရန်အပြင်ထွက်လာခဲ့သည်

ဂိုဏ်းချုပ်ပိုင်၏ခြံဝန်းသို့ရောက်သောအခါ ဂိုဏ်းချုပ်ပိုင်နှင့်သခင်မပိုင်တို့သည် မက်မွန်ပင်ရောက်တွင်လက်ဖက်ရည်သောက်ကာစကားပြောနေကြသည် ကယ်ရီအားမြင်သောအခါ သခင်မပိုင်ကဝမ်းသာအားရဖြင့်နေရာမှအတင်းထလာသည် ထို့နောက်အံ့သြတကြီးဖြင့်

“ရှန်းအာ…မင်းအဆင့်၅ရောက်သွားပြီပေါ့ “

“ဟုတ်ကဲ့အမေ ကျွန်တော့ရောက်သွားပါပြီ “

ကယ်ရီ၏ပြန်ဖြေသံကြားသောအခါ သခင်မပိုင်က ဂိုဏ်းချုပ်ပိုင်ဖက်လှည့်ပြီး
“မြင်လား ကျွန်မသားကိုအမြဲအသုံးမကျဘူးဆိုပြီးအပြစ်တင်နေတဲ့ရှင် မြင်ရဲ့လား
ကျွန်မသားလေးသာစိတ်ပိုင်းဖြတ်လိုက်ရင်
မလုပ်နိုင်တဲ့အရာဆိုတာမရှိဘူး ချီစုဆောင်းမှုအဆင့်၅ကို တစ်လထဲနဲ့ရောက်သွားတဲ့သူရှိလား ကျွန်မသားပဲရှိတယ် “

“ဟုတ်ပါတယ်မိန်းမရယ် မင်းပြောတာမှန်ပါတယ်
ကိုယ်တို့သားကအရမ်းကိုတော်တဲ့ ပါရမီရှင်ပါ”
‘အဆင့်၄မှာသုံးနှစ်လောက်တစ်နေတာလဲ မင်းသားတစ်ယောက်ပဲရှိတယ် ‘ ထိုစကားကိုတော့ ဂိုဏ်းချုပ်ပိုင် ထုတ်မပြောရဲပေ

ကယ်ရီထိုလင်မယားနှစ်ယောက်အားကြည့်ပြီး တစ်ခါမှမရဖူးသည့် မိဘမေတ္တာအားခံစားမိလိုက်သည် ဂိုဏ်းချုပ်ပိုင်နှင့်သခင်မပိုင်မှာ သူ၏မိဘအရင်းများမဟုတ်သော်လည်း ပထမဆုံးသူ့အားသားလေးဟုကြင်ကြင်နာနာခေါ်သောသူများပင်ဖြစ်သည် ကယ်ရီစိတ်ထဲတွင်အလိုလိုပင်ထိုသူများကိုသူ၏မိဘများဟုသတ်မှတ်လိုက်သည် ထို့ကြောင့်ကယ်ရီ သူမထွက်သွားခင်ကာလတစ်လျှောက်လုံးသားတစ်ယောက်၏တာဝန်များကျေစေရမည် သူ့မိဘများကိုဂုဏ်တက်စေရမည် ဟုဆုံးဖြတ်ချက်ချလိုက်သည်

“အဖေ ကျွန်တော်အပြင်ခဏသွားလို့ရမလား”

“မင်းဟာလေ ချီးကျူးတုန်းပဲရှိသေးတယ်
အရင်လိုပြန်လမ်းသလားဖို့ကြံနေတာလား
အဆင့်တက်ပြီးကာစ အခြေတည်အောင်ကျင့်မယ်မရှိဘူး”

“မဟုတ်ပါဘူး ကျွန်တော်ဝယ်စရာနည်းနည်းရှိလို့ပါ
အဖေမယုံရင်ယွီကောကိုထည့်ပေးလိုက်လို့ရပါတယ်”

“မင်းအကိုကသူ့ဟာသူတောင်ဆေးပင်တွေနဲ့အလုပ်များနေတာ မင်းနဲ့အတူကစားပေးဖို့အချိန်မရှိဘူး ဝယ်စရာရှိတယ်ဆိုလဲမြန်မြန်သွားဝယ် အပြင်မှာပြသာနာဖြစ်သံကြားလို့ကတော့ ငါကိုယ်တိုင်ခြေထောက်လိုက်ချိုးမှာနော်”

ကယ်ရီလည်းအပြုံးလေးဖြင့်
“ဟုတ်ပါပြီ ကျွန်တော်လိုအပ်တာလေးတွေမြန်မြန်သွားဝယ်ပြီး ပြန်လာခဲ့ပါမယ် စိတ်မပူပါနဲ့ “

ဂိုဏ်းချုပ်ပိုင်လည်း ဟွန့် ဟုလေမှုတ်ကာ သခင်မပိုင်၏ခွက်ထဲသို့ လက်ဖက်ရည်များဖြည့်နေလိုက်သည်

မဟူရာဂိုဏ်းမှလူများသည်မြို့တော်သို့သွားလိုပါကကြားထဲရှိတောအုပ်အားဖြတ်သန်းရသည် ပုံမှန်အားဖြင့်ဂိုဏ်းမှလူများသည်လက်နက်များစီးကာကောင်းကင်မှဖြတ်သန်းလေ့ရှိကြသည် ကယ်ရီတစ်ရက်တိတိအစီးလေ့ကျင့်ခဲ့ရသောသူ၏မှော်ဓားပျံအားစီးကာ အောက်သို့ငုံ့ကြည့်လိုက်သည်
System: “ဒီတောအုပ်ထဲမှာ မှော်သားရဲတွေအများကြီးရှိတယ် Hostအစွမ်းကိုစိတ်ကြိုက်စမ်းသပ်လေ့ကျင့်လို့ရတယ် အဆင့် ၆ သားရဲနဲ့မတိုးမချင်း Host အန္တာရယ်ကင်းတယ် “

“အပြန်ကျရင်ဝင်ကြည့်ကြတာပေါ့ “

ကယ်ရီမြို့တော်သို့ရောက်သောအခါ မှော်ဝတ်စုံများရောင်းသည့်ဆိုင်သို့ဝင်ကာ သူ၏ကိုယ်မှမင်္ဂလာဝတ်စုံအလားဖြစ်နေသည့်အနီရောင်ဝတ်စုံကိုရိုးရိုးရှင်းရှင်းအနက်ရောင်တစ်စုံဖြင့်ပြောင်းလည်းဝတ်ဆင်လိုက်သည် ရိုးရှင်း သော်လည်းမှော်ဝတ်စုံဖြစ်သည့်အတွက်စျေးမှာမူမသေးပေ ထိုဝတ်စုံများ၏အားသာချက်မှာ ဝတ်ဆင်သည့်ကိုယ်နှင့်လိုက်ရောညီထွေဖြစ်ကာချုံ့နိုင်ချဲ့နိုင်သည် ကယ်ရီလည်းနောက်ထပ်အရောင်ခပ်မှိုင်းမှိုင်းများကိုထပ်မံဝယ်ယူလိုက်ကာ သိုလှောင်လက်စွပ်ထဲသို့ထည့်သိမ်းထားလိုက်သည် ကယ်ရီမြို့တော်တစ်လျှောက်ဖြေးဖြေးချင်းပတ်ကာ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ပတ်ကြည့်နေခဲ့သည် လက်နက်များရောင်းသည့်ဆိုင်သို့ရောက်သောအခါ ဓားမြှောင်တစ်လက်အားသဘောကျသွားခဲ့သည် ထိုဓားမြှောင်၏အားသာချက်မှာဓားမြှောင်၏လက်ကိုင်တွင်အံခွက်တစ်ခုပါပြီး ထိုအံခွက်ထဲသို့ မီးဝိညာဥ် ကျောက်တုံးထည့်လိုက်ပါက ဓားမြောင်သည်မီးဒြပ်စင်စွမ်းအားများကိုထုတ်ပေးနိုင်ပြီး ရေဝိညာဥ်ကျောက်တုံးထည့်လိုက်ပါက ရေ စွမ်းအားများကိုထုတ်ပေးနိုင်သည် ကယ်ရီထိုဓားမြောင်အားသဘောကျသွားသဖြင့်ဝယ်ယူခါနီးတွင်

“အဲ့ဓားမြောင်က ငါ့အပိုင်”

ကယ်ရီရင်းနှီးနေသောမျက်နှာအားမျက်မှောင်ကြုံ့လျှက်ကြည့်ပြီး
“ဒီဓားမြောင်ကိုငါအရင်တွေ့ခဲ့တာကို မင်းကဘာကိစ္စမင်းအပိုင်လို့ပြောရတာလဲ မင်းကဆိုင်ရှင်ကိုငါ့ထက်အရင်ငွေချေထားခဲ့လို့လား”

“ကျွန်မကအရင်နေ့ကတည်းကတွေ့ထားတာ “

“မင်းအရင်နေ့ကတည်းကတွေ့ထားရင် အရင်နေ့ကတည်းကဝယ်လေ ဘာလို့မဝယ်တာလဲ ပိုက်ဆံမရှိလို့လား “

“ရှင်…ရှင်…ရှင် ” ကျန်းယုယု သူမအားအလျော့မပေးသည့်အ ပြင် သူမအားပိုက်ဆံမရှိဟုစော်ကားနေသောကြောင့်ထိုလူအားလွန်စွာဒေါသထွက်သွားသည်
ကျန်းယုယုနောက်မှပါလာသောအစေခံက ကယ်ရီအား

“ဘယ်လိုရိုင်းစိုင်းလိုက်တဲ့လူလဲ ဒီပစ္စည်းက သခင်မလေးပစ္စည်းလို့ပြောရင် သခင်မလေးပစ္စည်းပေါ့ ငါတို့သခင်မလေးက ကျန်းမြို့စားရဲ့အချစ်ဆုံးသမီးတော်ပဲ အသက်မသေချင်ရင်အမြန်သခင်မလေးကိုတောင်ပန်စမ်း”

ကယ်ရီလည်းတစ်ချက်ရီကာ
“အဲ့ဒီတော့ မင်းကမင်းအဖေနာမည်သုံးပြီး လူတိုင်းကိုအထက်စီးကဆက်ဆံနေတာပေါ…ဟုတ်လား “

ကယ်ရီလည်း သူမအားအာရုံမစိုက်တော့ဘဲ ဆိုင်ရှင်အားကျသင့်ငွေရှင်းလိုက်သည် သမာသမတ်ကျသောဆိုင်ရှင်လည်း ပထမဆုံးရောက်သောကယ်ရီထံသို့မဆိုင်းမတွရောင်းပေးလိုက်သည် ထိုအချင်းအရာကိုကျန်းယုယုမြင်သောအခါ နောက်မှသက်တော်စောင့်နှစ်ရောက်အားအမိန့်ပေးလိုက်သည်
“သွားစမ်း အဲ့အကောင်ကိုတစ်စစီလုပ်ပြီးငါ့ဆီကိုဓားမြောင်ပြန်ယူလာပေးစမ်း”

သက်တော်စောင့်နှစ်ယောက်ရှေ့တိုးလာသောအခါကယ်ရီလည်းသူ၏ကျင့်ကြံဆင့်အားထုတ်ဖော်လိုက်သည် ထိုအခါဘေးနားကလူများ၏အံသြသံများတစ်စတစ်စထွက်လာသည်
“အသက်ငယ်ငယ်လေးနဲ့ ကမ္ဘာမြေကြီးအဆင့်တဲ့လား
ဘယ်ဂိုဏ်းကပါရမီရှင်ပါလိမ့်”
“ဒီလိုလူမျိုးကို ရန်သွားမစသင့်ဘူး”

ကျန်းယုယုလည်း ကြက်သေသေနေတော့သည် မြို့တော်တွင်ကျင့်ကြံသူများမရှားသော်လည်း နာမည်ကြီးဂိုဏ်းများကဲ့သို့ ကျင့်ကြံဆင့်မြင်သောသူများမရှိပေ သူမ၏ဖခင်ပင်လျှင် ချီစုဆောင်းမှုအဆင့်၈ထိသာရောက်သည် သူမ၏ဖခင်သည် သူမနောက်သို့ ချီစုဆောင်းမှုအဆင့်၅ရောက်နေသော သက်တော်စောင့်နှစ်ယောက်ထည့်ပေးလိုက်သောကြောင့် သူမရဲတင်းနေခြင်းဖြစ်သည် မထင်မှတ်ထားသည်ကသူမရှေ့ကရိုင်းစိုင်းသောလူက ကမ္ဘာမြေကြီးအဆင့်တဲ့လား

ကယ်ရီကျန်းယုယုအားစိုက်ကြည့်လိုက်ပြီး
“နောက်တစ်ခါငါ့ကိုမျက်စိနောက်အောင်လာမလုပ်နဲ့
ငါကမိန်းကလေးလည်းရိုက်တတ်တယ်”ဟုပြောကာထွက်လာခဲ့သည်
အဝေးတစ်နေရာသို့ရောက်သောအခါ
System: “ကျွန်တော်တော်တယ်မလား Hostကို ကမ္ဘာမြေကြီးအဆင့်လို့ထင်ပြီးဖြစ်သွားတဲ့ရုပ်တွေကရီချင်စရာကြီး “

“မင်းမှာ အဲ့လိုအရှိန်အဝါအတုထုတ်ပေးနိုင်တဲ့အစွမ်းလည်းရှိတယ်ပေါ့ “

System: “ဒါပေါ့ ကျွန်တော်ကဘယ်သူမလို့လဲ”
အကယ်၍ System၌ မျက်နှာသာရှိပါက မော်ချီနေသည့်ရုပ်ပေါက်ကောင်းပေါက်နေလောက်သည်….

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Zawgyi ~

ကယ္ရီ က်င့္ႀကံေရးေလာကဆိုတာမ်ိဳးကို ၾကားဖူးနားဝရွိခဲ့ေသာ္လည္း လက္ေတြ႕ႀကဳံရေသာအခါမယုံနိုင္ေအာင္ထူးဆန္းေနခဲ့သည္ လက္နက္ေတြကိုစိတ္ႀကိဳက္ ေသးနိုင္ႀကီးနိုင္သလို အဲ့ဒီလက္နက္ေတြကိုစီးေတာ္ယာဥ္အျဖစ္ပါအသုံးျပဳလို႔ရ သည္ ထို႔အျပင္ပစၥည္းမ်ားသိုေလွာင္လို႔ရသည့္ လက္စြပ္မ်ား ခါးပတ္မ်ား အိတ္မ်ားလည္းရွိသည္ တစ္ေနရာမွတစ္ေနရာသို႔ျဖတ္ခနဲေရာက္သြားနိုင္သည့္ အင္းစာ႐ြက္မ်ားလည္းရွိသည္ ေၾကာက္စရာေကာင္းသည့္ဝိညာဥ္သားရဲႀကီးမ်ားလည္းရွိသည္ ဂိုဏ္ခ်ဳပ္ပိုင္တြင္လည္း အေတာင္ပံပါသည့္က်ားတစ္ေကာင္ရွိသည္ ကယ္ရီျမင္ေတြ႕သမွ်အကုန္အထူးအဆန္းျဖစ္ေနေတာ့သည္

ကယ္ရီ မူလပိုင္ရွီရွန္း၏မွတ္ဉာဏ္အတိုင္း တရားထိုင္ကာေသြးေၾကာမ်ားကိုလွည့္ပတ္လိုက္သည္ ထိုအခါကယ္ရီ၏ပတ္ပတ္လည္တြင္ ႏူးညံ့ကာသန့္စင္ပုံရသည့္ေရာင္စုံပိုးစုန္းၾကဴးပုံစံအလင္းစက္ေလးမ်ားသည္ အၿပိဳင္အဆိုင္လွည့္ပတ္ေနၾကသည္ ထိုထဲမွအနီေရာင္ပိုးစုန္းၾကဴးပုံစံအလင္းစက္ေလးမ်ားသည္ အမွ်င္အတန္းေလးမ်ားအျဖစ္ပုံစံေျပာင္းသြားတာ ကယ္ရီ၏ေသြးေၾကာမ်ားထဲသို႔အလုအယက္ဝင္လာၾကသည္ ကယ္ရီစစခ်င္းလန့္သြားေသာ္လည္းအခ်ိန္မွီထိန္းခ်ဳပ္ကာ မွတ္ဉာဏ္ထဲမွနည္းလမ္းအတိုင္းစတင္က်င့္ႀကံေတာ့သည္ အေတာ္ၾကာက်င့္ႀကံၿပီးေသာအခါ ကယ္ရီ၏ကိုယ္သည္ေျပာင္းလဲလာခဲ့သည္ ေသြးေၾကာမ်ားကလည္းပိုမိုက်ယ္ဝန္းလာသလို ခႏၶာကိုယ္ကလည္းအားမ်ားျပည့္ၿဖိဳးကာလန္းဆန္းတက္ႂကြေနသည္ အသားရည္မွာ…
“ဟမ္…ငါ့ကိုယ္ေပၚကဒီမဲမဲအႏွစ္ႀကီးေတြကဘာႀကီးေတြလဲ”

System: “အဲ့တာ Host ကိုယ္တြင္းမွာရွိေနတဲ့အညစ္အေၾကးေတြပါ အဆင့္တစ္ခုကိုျဖတ္ေက်ာ္ၿပီးတိုင္း ခႏၶာကိုယ္ကအလိုအ ေလွ်ာက္အသစ္ျပန္လည္သန့္စင္ေလ့ရွိပါတယ္ Hostက ခ်ီစုေဆာင္းမႈအဆင့္၅ ကိုေရာက္ရွိသြားလို႔ ခႏၶာကိုယ္မွာအႏွစ္ႏွစ္အလလကစုေနတဲ့အညစ္အေၾကးေတြအျပင္ကိုကန္ထြက္လာတာပါ “

” မင္းဆိုလိုတာက ငါကခ်ီစုေဆာင္းမႈအဆင့္၅ကိုေရာက္သြားၿပီလိုေျပာခ်င္တာလား “

System: “တစ္လလုံးလုံးမနားပဲက်င့္မွေတာ့ မေရာက္ဘဲေနမလား ၿပီးေတာ့မူလပိုင္ရွီရွန္းကဒီအဆင့္မွာတစ္ေနတာ၃ႏွစ္ေလာက္ရွိၿပီ အဆင့္တက္ဖို႔သိပ္မလိုတာကိုအေလးမထားပဲ ေနခဲ့တာ အခု Host ကတစ္လတည္းနဲ႕အဆင့္တက္သြားေပမယ့္ ေနာက္အဆင့္ေတြမွာေတာ့လြယ္ကူမွာမဟုတ္ေတာ့ဘူး ပုံမွန္နည္းအတိုင္းက်င့္ရင္ ေတာင္ အနည္းဆုံး၁ႏွစ္ေလာက္ၾကာနိုင္တယ္ အေထာက္အပံ့ေပးနိုင္မဲ့ပစၥည္းေကာင္းေတြ႕ရင္ေတာ့ပုံမွန္ထက္ျမန္ျမန္အဆင့္တက္နိုင္ပါတယ္ ေဆးလုံးေတြသုံးစြဲလို႔ေတာ့ရနိုင္ေပမယ့္ ေဆးလုံးေတြက ၾကာရင္ဆိုးက်ိဳးရွိလို႔ က်င့္ႀကံသူအမ်ားစုကေတာ့အဲ့ဒီနည္းကိုေရွာင္ၾကတယ္”

ကယ္ရီ System ေျပာသည့္ တစ္လလုံးလုံးမနားဘဲက်င့္ႀကံသည္ဟုေျပာသံအားနားေထာင္ရင္း စြံအေနမိသည္

“ငါ တစ္လလုံးမနားဘဲက်င့္ႀကံေနခဲ့တာလား
ငါ့ထင္တာကအလြန္ဆုံးရွိမွတစ္ရက္ေလာက္ထင္ထားတာေလ ဘာလို႔တစ္လေတာင္ၾကာသြားတာလဲ”

System: “ဒါမ်ိဳးကျဖစ္တတ္ပါတယ္ အား႐ုံစိုက္ ၿပီးက်င့္ႀကံတဲ့အခါ အခ်ိန္ကုန္လို႔ကုန္သြားမွန္းမသိျဖစ္တတ္တယ္ အခ်ိဳ႕ေတြဆို ႏွစ္နဲ႕ခ်ီၿပီးေတာင္ၾကာတတ္ၾကတယ္ “

“မင္းကဘာလို႔အဲ့ဒီေလာက္ေတာင္သိေနရတာလဲ “

System: “အေတြ႕အႀကဳံေလ…အေတြ႕အႀကဳံ
ကြၽန္ေတာ္ေျပာဖူးပါတယ္ ကြၽန္ေတာ္တာဝန္ယူရတာ Host ပထမဆုံးမဟုတ္ပါဘူးလို႔ ေတာ္ပါၿပီ ကြၽန္ေတာ့ကိုပဲေမးခြန္းေတြစြတ္ေမးမေနပါနဲ႕ ကိုယ့္ကိုယ္ကိုပဲအရင္ငုံ႕ၾကည့္လိုက္ပါအုံး ဘာပုံေပါက္ေနလဲဆိုတာ ေရသာအျမန္သြားခ်ိဳးပါ Host ရယ္ “

ကယ္ရီအျပင္ဖက္တြင္ရွိေသာ သူ၏အေစခံေရွာင္ကုအားခ်ိဳးေရျပင္ခိုင္းလိုက္သည္ ေရွာင္ကုလည္းအခန္းျပင္တြင္ေစာင့္ေနရသည္မွာတစ္လေလာက္ေလာက္ရွိသြားၿပီျဖစ္သည္ ဂိုဏ္းခ်ဳပ္က သခင္ေလးက်င့္ႀကံေနသည္ကိုမႏွောက္ယွက္ရန္မွာထားေသာေၾကာင့္ အျပင္ဖက္တြင္သာေစာင့္ေနခဲ့ရသည္ ယခုသခင္ေလး၏အသံၾကားေသာေၾကာင့္အလြန္ဝမ္းသာသြားကာ ခ်ိဳးေရျပင္ရန္အျမန္ထြက္ခြာသြားသည္ ကယ္ရီေရခ်ိဳးၿပီးသည့္ေနာက္တြင္အဝတ္စားလဲရန္ အဝတ္မ်ားအားၾကည့္လိုက္ေသာအခါ သူ၏မ်က္စိမ်ားက်ိန္းသြားၿပီဟုေတာင္ထင္သြားခဲ့သည္ ပိုင္ရွီရွန္း၏အဝတ္စားႀကိဳက္သည့္ပုံမွာထူးဆန္းလွသည္ အေရာင္ေတာက္ေတာက္အဝတ္စားမ်ားဝတ္ဆင္ရသည္ကိုႀကိဳက္ႏွစ္သက္႐ုံသာမက ေ႐ႊေရာင္ေငြေရာင္ၿပိဳးၿပိဳးပ်က္ပ်က္ေမွာ္တန္ဆာမ်ားဆင္ယင္ရသည္ကိုလည္းႀကိဳက္ေသးသည္ ကယ္ရီမတတ္သာသည့္အဆုံးအနီေရာင္ဝတ္စုံအားယူဝတ္လိုက္ရသည္ အျခားပန္းခရမ္းေရာင္ေတာက္ေတာက္ အစိမ္းေတာက္ေတာက္ လိေမၼာ္ေတာက္ေတာက္မ်ားထက္စာရင္ အနီကမဆိုးလွဟုသတ္မွတ္လိုက္ရသည္ ကယ္ရီ အျမန္ဆုံးအျပင္ထြက္၍အဝတ္သစ္မ်ားဝယ္ရမယ္ဟုလည္းဆုံးျဖတ္လိုက္သည္ မူလပိုရွီရွန္းကဲ့သို႔ ကိုယ္တြင္ေမွာ္လက္နက္မ်ားျဖင့္ရႈပ္ရႈပ္ယွက္ယွက္တန္ဆာဆင္မေနေတာ့ဘဲ ခါးတြင္အကာအကြယ္ေက်ာက္စိမ္းတံဆိပ္ျပားတစ္ခုသာခ်ိတ္ဆြဲလိုက္သည္ ဆံပင္ကိုေတာ့ေရွာင္ကုကိုပဲအဆင္ေျပသလိုျပင္ခိုင္းလိုက္သည္ သို႔ေသာ္ေရွာင္ကုကလည္းအရင္ပိုင္ရွီရွန္းအႀကိဳက္အတိုင္းေခါင္းတြင္အခြၽန္အတက္မ်ားႏွင့္ရႈပ္ယွက္ခက္ေနေသာပစၥည္းမ်ားဆင္ေပးေနသျဖင့္ကယ္ရီအျမန္တားလိုက္ရေသးသည္ အခန္းထဲတြင္ အဝတ္အစားမ်ားႏွင့္တိုက္ပြဲဝင္ၿပီးသည့္ေနာက္တြင္ေတာ့ မိဘမ်ားအားႏႈတ္ဆက္ရန္အျပင္ထြက္လာခဲ့သည္

ဂိုဏ္းခ်ဳပ္ပိုင္၏ၿခံဝန္းသို႔ေရာက္ေသာအခါ ဂိုဏ္းခ်ဳပ္ပိုင္ႏွင့္သခင္မပိုင္တို႔သည္ မက္မြန္ပင္ေရာက္တြင္လက္ဖက္ရည္ေသာက္ကာစကားေျပာေနၾကသည္ ကယ္ရီအားျမင္ေသာအခါ သခင္မပိုင္ကဝမ္းသာအားရျဖင့္ေနရာမွအတင္းထလာသည္ ထို႔ေနာက္အံ့ၾသတႀကီးျဖင့္

“ရွန္းအာ…မင္းအဆင့္၅ေရာက္သြားၿပီေပါ့ “

“ဟုတ္ကဲ့အေမ ကြၽန္ေတာ့ေရာက္သြားပါၿပီ “

ကယ္ရီ၏ျပန္ေျဖသံၾကားေသာအခါ သခင္မပိုင္က ဂိုဏ္းခ်ဳပ္ပိုင္ဖက္လွည့္ၿပီး
“ျမင္လား ကြၽန္မသားကိုအၿမဲအသုံးမက်ဘဴးဆိုၿပီးအျပစ္တင္ေနတဲ့ရွင္ ျမင္ရဲ႕လား
ကြၽန္မသားေလးသာစိတ္ပိုင္းျဖတ္လိုက္ရင္
မလုပ္နိုင္တဲ့အရာဆိုတာမရွိဘူး ခ်ီစုေဆာင္းမႈအဆင့္၅ကို တစ္လထဲနဲ႕ေရာက္သြားတဲ့သူရွိလား ကြၽန္မသားပဲရွိတယ္ “

“ဟုတ္ပါတယ္မိန္းမရယ္ မင္းေျပာတာမွန္ပါတယ္
ကိုယ္တို႔သားကအရမ္းကိုေတာ္တဲ့ ပါရမီရွင္ပါ”
‘အဆင့္၄မွာသုံးႏွစ္ေလာက္တစ္ေနတာလဲ မင္းသားတစ္ေယာက္ပဲရွိတယ္ ‘ ထိုစကားကိုေတာ့ ဂိုဏ္းခ်ဳပ္ပိုင္ ထုတ္မေျပာရဲေပ

ကယ္ရီထိုလင္မယားႏွစ္ေယာက္အားၾကည့္ၿပီး တစ္ခါမွမရဖူးသည့္ မိဘေမတၱာအားခံစားမိလိုက္သည္ ဂိုဏ္းခ်ဳပ္ပိုင္ႏွင့္သခင္မပိုင္မွာ သူ၏မိဘအရင္းမ်ားမဟုတ္ေသာ္လည္း ပထမဆုံးသူ႕အားသားေလးဟုၾကင္ၾကင္နာနာေခၚေသာသူမ်ားပင္ျဖစ္သည္ ကယ္ရီစိတ္ထဲတြင္အလိုလိုပင္ထိုသူမ်ားကိုသူ၏မိဘမ်ားဟုသတ္မွတ္လိုက္သည္ ထို႔ေၾကာင့္ကယ္ရီ သူမထြက္သြားခင္ကာလတစ္ေလွ်ာက္လုံးသားတစ္ေယာက္၏တာဝန္မ်ားေက်ေစရမည္ သူ႕မိဘမ်ားကိုဂုဏ္တက္ေစရမည္ ဟုဆုံးျဖတ္ခ်က္ခ်လိဳက္သည္

“အေဖ ကြၽန္ေတာ္အျပင္ခဏသြားလို႔ရမလား”

“မင္းဟာေလ ခ်ီးက်ဴးတုန္းပဲရွိေသးတယ္
အရင္လိုျပန္လမ္းသလားဖို႔ႀကံေနတာလား
အဆင့္တက္ၿပီးကာစ အေျခတည္ေအာင္က်င့္မယ္မရွိဘူး”

“မဟုတ္ပါဘူး ကြၽန္ေတာ္ဝယ္စရာနည္းနည္းရွိလို႔ပါ
အေဖမယုံရင္ယြီေကာကိုထည့္ေပးလိုက္လို႔ရပါတယ္”

“မင္းအကိုကသူ႕ဟာသူေတာင္ေဆးပင္ေတြနဲ႕အလုပ္မ်ားေနတာ မင္းနဲ႕အတူကစားေပးဖို႔အခ်ိန္မရွိဘူး ဝယ္စရာရွိတယ္ဆိုလဲျမန္ျမန္သြားဝယ္ အျပင္မွာျပသာနာျဖစ္သံၾကားလို႔ကေတာ့ ငါကိုယ္တိုင္ေျခေထာက္လိုက္ခ်ိဳးမွာေနာ္”

ကယ္ရီလည္းအၿပဳံးေလးျဖင့္
“ဟုတ္ပါၿပီ ကြၽန္ေတာ္လိုအပ္တာေလးေတြျမန္ျမန္သြားဝယ္ၿပီး ျပန္လာခဲ့ပါမယ္ စိတ္မပူပါနဲ႕ “

ဂိုဏ္းခ်ဳပ္ပိုင္လည္း ဟြန့္ ဟုေလမႈတ္ကာ သခင္မပိုင္၏ခြက္ထဲသို႔ လက္ဖက္ရည္မ်ားျဖည့္ေနလိုက္သည္

မဟူရာဂိုဏ္းမွလူမ်ားသည္ၿမိဳ႕ေတာ္သို႔သြားလိုပါကၾကားထဲရွိေတာအုပ္အားျဖတ္သန္းရသည္ ပုံမွန္အားျဖင့္ဂိုဏ္းမွလူမ်ားသည္လက္နက္မ်ားစီးကာေကာင္းကင္မွျဖတ္သန္းေလ့ရွိၾကသည္ ကယ္ရီတစ္ရက္တိတိအစီးေလ့က်င့္ခဲ့ရေသာသူ၏ေမွာ္ဓားပ်ံအားစီးကာ ေအာက္သို႔ငုံ႕ၾကည့္လိုက္သည္
System: “ဒီေတာအုပ္ထဲမွာ ေမွာ္သားရဲေတြအမ်ားႀကီးရွိတယ္ Hostအစြမ္းကိုစိတ္ႀကိဳက္စမ္းသပ္ေလ့က်င့္လို႔ရတယ္ အဆင့္ ၆ သားရဲနဲ႕မတိုးမခ်င္း Host အႏၱာရယ္ကင္းတယ္ “

“အျပန္က်ရင္ဝင္ၾကည့္ၾကတာေပါ့ “

ကယ္ရီၿမိဳ႕ေတာ္သို႔ေရာက္ေသာအခါ ေမွာ္ဝတ္စုံမ်ားေရာင္းသည့္ဆိုင္သို႔ဝင္ကာ သူ၏ကိုယ္မွမဂၤလာဝတ္စုံအလားျဖစ္ေနသည့္အနီေရာင္ဝတ္စုံကိုရိုးရိုးရွင္းရွင္းအနက္ေရာင္တစ္စုံျဖင့္ေျပာင္းလည္းဝတ္ဆင္လိုက္သည္ ရိုးရွင္း ေသာ္လည္းေမွာ္ဝတ္စုံျဖစ္သည့္အတြက္ေစ်းမွာမူမေသးေပ ထိုဝတ္စုံမ်ား၏အားသာခ်က္မွာ ဝတ္ဆင္သည့္ကိုယ္ႏွင့္လိုက္ေရာညီေထြျဖစ္ကာခ်ဳံ႕နိုင္ခ်ဲ့နိုင္သည္ ကယ္ရီလည္းေနာက္ထပ္အေရာင္ခပ္မွိုင္းမွိုင္းမ်ားကိုထပ္မံဝယ္ယူလိုက္ကာ သိုေလွာင္လက္စြပ္ထဲသို႔ထည့္သိမ္းထားလိုက္သည္ ကယ္ရီၿမိဳ႕ေတာ္တစ္ေလွ်ာက္ေျဖးေျဖးခ်င္းပတ္ကာ တစ္ဆိုင္ဝင္တစ္ဆိုင္ထြက္ပတ္ၾကည့္ေနခဲ့သည္ လက္နက္မ်ားေရာင္းသည့္ဆိုင္သို႔ေရာက္ေသာအခါ ဓားျမႇောင္တစ္လက္အားသေဘာက်သြားခဲ့သည္ ထိုဓားျမႇောင္၏အားသာခ်က္မွာဓားျမႇောင္၏လက္ကိုင္တြင္အံခြက္တစ္ခုပါၿပီး ထိုအံခြက္ထဲသို႔ မီးဝိညာဥ္ ေက်ာက္တုံးထည့္လိုက္ပါက ဓားေျမာင္သည္မီးျဒပ္စင္စြမ္းအားမ်ားကိုထုတ္ေပးနိုင္ၿပီး ေရဝိညာဥ္ေက်ာက္တုံးထည့္လိုက္ပါက ေရ စြမ္းအားမ်ားကိုထုတ္ေပးနိုင္သည္ ကယ္ရီထိုဓားေျမာင္အားသေဘာက်သြားသျဖင့္ဝယ္ယူခါနီးတြင္

“အဲ့ဓားေျမာင္က ငါ့အပိုင္”

ကယ္ရီရင္းႏွီးေနေသာမ်က္ႏွာအားမ်က္ေမွာင္ႀကဳံ႕လွ်က္ၾကည့္ၿပီး
“ဒီဓားေျမာင္ကိုငါအရင္ေတြ႕ခဲ့တာကို မင္းကဘာကိစၥမင္းအပိုင္လို႔ေျပာရတာလဲ မင္းကဆိုင္ရွင္ကိုငါ့ထက္အရင္ေငြေခ်ထားခဲ့လို႔လား”

“ကြၽန္မကအရင္ေန႕ကတည္းကေတြ႕ထားတာ “

“မင္းအရင္ေန႕ကတည္းကေတြ႕ထားရင္ အရင္ေန႕ကတည္းကဝယ္ေလ ဘာလို႔မဝယ္တာလဲ ပိုက္ဆံမရွိလို႔လား “

“ရွင္…ရွင္…ရွင္ ” က်န္းယုယု သူမအားအေလ်ာ့မေပးသည့္အ ျပင္ သူမအားပိုက္ဆံမရွိဟုေစာ္ကားေနေသာေၾကာင့္ထိုလူအားလြန္စြာေဒါသထြက္သြားသည္
က်န္းယုယုေနာက္မွပါလာေသာအေစခံက ကယ္ရီအား

“ဘယ္လိုရိုင္းစိုင္းလိုက္တဲ့လူလဲ ဒီပစၥည္းက သခင္မေလးပစၥည္းလို႔ေျပာရင္ သခင္မေလးပစၥည္းေပါ့ ငါတို႔သခင္မေလးက က်န္းၿမိဳ႕စားရဲ႕အခ်စ္ဆုံးသမီးေတာ္ပဲ အသက္မေသခ်င္ရင္အျမန္သခင္မေလးကိုေတာင္ပန္စမ္း”

ကယ္ရီလည္းတစ္ခ်က္ရီကာ
“အဲ့ဒီေတာ့ မင္းကမင္းအေဖနာမည္သုံးၿပီး လူတိုင္းကိုအထက္စီးကဆက္ဆံေနတာေပါ…ဟုတ္လား “

ကယ္ရီလည္း သူမအားအာ႐ုံမစိုက္ေတာ့ဘဲ ဆိုင္ရွင္အားက်သင့္ေငြရွင္းလိုက္သည္ သမာသမတ္က်ေသာဆိုင္ရွင္လည္း ပထမဆုံးေရာက္ေသာကယ္ရီထံသို႔မဆိုင္းမတြေရာင္းေပးလိုက္သည္ ထိုအခ်င္းအရာကိုက်န္းယုယုျမင္ေသာအခါ ေနာက္မွသက္ေတာ္ေစာင့္ႏွစ္ေရာက္အားအမိန့္ေပးလိုက္သည္
“သြားစမ္း အဲ့အေကာင္ကိုတစ္စစီလုပ္ၿပီးငါ့ဆီကိုဓားေျမာင္ျပန္ယူလာေပးစမ္း”

သက္ေတာ္ေစာင့္ႏွစ္ေယာက္ေရွ႕တိုးလာေသာအခါကယ္ရီလည္းသူ၏က်င့္ႀကံဆင့္အားထုတ္ေဖာ္လိုက္သည္ ထိုအခါေဘးနားကလူမ်ား၏အံၾသသံမ်ားတစ္စတစ္စထြက္လာသည္
“အသက္ငယ္ငယ္ေလးနဲ႕ ကမၻာေျမႀကီးအဆင့္တဲ့လား
ဘယ္ဂိုဏ္းကပါရမီရွင္ပါလိမ့္”
“ဒီလိုလူမ်ိဳးကို ရန္သြားမစသင့္ဘူး”

က်န္းယုယုလည္း ၾကက္ေသေသေနေတာ့သည္ ၿမိဳ႕ေတာ္တြင္က်င့္ႀကံသူမ်ားမရွားေသာ္လည္း နာမည္ႀကီးဂိုဏ္းမ်ားကဲ့သို႔ က်င့္ႀကံဆင့္ျမင္ေသာသူမ်ားမရွိေပ သူမ၏ဖခင္ပင္လွ်င္ ခ်ီစုေဆာင္းမႈအဆင့္၈ထိသာေရာက္သည္ သူမ၏ဖခင္သည္ သူမေနာက္သို႔ ခ်ီစုေဆာင္းမႈအဆင့္၅ေရာက္ေနေသာ သက္ေတာ္ေစာင့္ႏွစ္ေယာက္ထည့္ေပးလိုက္ေသာေၾကာင့္ သူမရဲတင္းေနျခင္းျဖစ္သည္ မထင္မွတ္ထားသည္ကသူမေရွ႕ကရိုင္းစိုင္းေသာလူက ကမၻာေျမႀကီးအဆင့္တဲ့လား

ကယ္ရီက်န္းယုယုအားစိုက္ၾကည့္လိုက္ၿပီး
“ေနာက္တစ္ခါငါ့ကိုမ်က္စိေနာက္ေအာင္လာမလုပ္နဲ႕
ငါကမိန္းကေလးလည္းရိုက္တတ္တယ္”ဟုေျပာကာထြက္လာခဲ့သည္
အေဝးတစ္ေနရာသို႔ေရာက္ေသာအခါ
System: “ကြၽန္ေတာ္ေတာ္တယ္မလား Hostကို ကမၻာေျမႀကီးအဆင့္လို႔ထင္ၿပီးျဖစ္သြားတဲ့႐ုပ္ေတြကရီခ်င္စရာႀကီး “

“မင္းမွာ အဲ့လိုအရွိန္အဝါအတုထုတ္ေပးနိုင္တဲ့အစြမ္းလည္းရွိတယ္ေပါ့ “

System: “ဒါေပါ့ ကြၽန္ေတာ္ကဘယ္သူမလို႔လဲ”
အကယ္၍ System၌ မ်က္ႏွာသာရွိပါက ေမာ္ခ်ီေနသည့္႐ုပ္ေပါက္ေကာင္းေပါက္ေနေလာက္သည္….

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc (4.2) ပိုင်ရှီရှန်း, novel System 286 (On Going) Arc (4.2) ပိုင်ရှီရှန်း, read System 286 (On Going) Arc (4.2) ပိုင်ရှီရှန်း online, System 286 (On Going) Arc (4.2) ပိုင်ရှီရှန်း chapter, System 286 (On Going) Arc (4.2) ပိုင်ရှီရှန်း high quality, System 286 (On Going) Arc (4.2) ပိုင်ရှီရှန်း light novel, ,

Comment

Leave a Reply

Chapter 48