System 286 (On Going) Arc 4.6(ပိုင်ရှီရှန်း)

All chapters are in System 286 (On Going)
A+ A-

Unicode ~

မဟူရာဂိုဏ်းရှိ ဂိုဏ်းချုပ်နေထိုင်သည့်စံအိမ်တွင် ဂိုဏ်းချုပ်ပိုင်တစ်ယောက် ပြိုင်ပွဲကိစ္စနှင့်ပတ်သတ်သောစာရင်းများအား စစ်ဆေးလျက်ရှိသည်…ထိုကဲ့သို့စစ်ဆေးနေစဥ် အခန်းတံခါးခေါက်သံအားကြားလိုက်သောကြောင့် သူ၏ဇနီးဟုထင်ကာ တံခါးထဖွင့်ခါနီးတွင် ဝင်ရောက်လာသောကယ်ရီ…
ကယ်ရီလည်းမျက်နှာချိုသွေးရင်း
“အဖေ ကျွန်တော်ပြန်ရောက်ပါပြီ… ဟီး”

ဂိုဏ်းချုပ်ပိုင်လည်း စကားပြန်မဆိုဘဲ ကယ်ရီအားသူ၏လက်စွဲတော်ဓားရိုးဖြင့်လိုက်ရိုက်လေသည်
“ခွေးကောင်လေး ဘာမပြောညာမပြောနဲ့ စာတစ်စောင်ထားပြီးပျောက်သွားရအောင် ငါ့ကိုမင်းအမေလင်မှတ်နေလား… ရပ်စမ်း မိလို့ရတော့ မင်းနာပြီသာမှတ်”

ကယ်ရီလည်းခြံဝိုင်းထဲတွင်ပတ် ပြေးရင်း
“အဖေမှားမယ်နော်… ပြိုင်ပွဲရက်နီးနေပြီ ကျွန်တော်ဒဏ်ရာရလို့မဖြစ်ဘူးနော်… မဟုတ်ရင် မဟူရာဂိုဏ်းပဲအရှက်ကွဲမှာနော်”

“ခွေးသားလေး… ငါတို့မဟူရာဂိုဏ်းကမင်းလုပ်လို့ကွဲစရာအရှက်ကိုမကျန်တော့တာ အဲ့တာကြောင့်ပြေးမနေဘဲအခုရပ်လိုက်စမ်း”

ကယ်ရီလည်းဆက်မပြေးချင်တော့တာကြောင့် ရပ်ကာ
“အဖေကဒေါသထွက်ဖို့ကြီးပဲ ကျွန်တော်ဘာတွေပြောင်းလဲသွားလဲနည်းနည်းမှစိတ်မဝင်စားဘူး”ထိုအခါမှ ဂိုဏ်းချုပ်ပိုင်တစ်ယောက် သူ့သားအားအကဲခတ်ကြည့်လိုက်သည်
“မင်း…မင်း…အဆင့်၇ ရောက်သွားပြီလား”

ကယ်ရီလည်းဂုဏ်ယူစွာဖြင့်
“ဟုတ်တယ်…ကျွန်တော်အဆင့်၇ ရောက်ပြီ”

သို့သော် ဂိုဏ်ချုပ်ပိုင်၏တုန့်ပြန်မှုသည် သူတွေးထားသည်နှင့်တခြားစီဖြစ်နေခဲ့သည်
“မင်း မိစ္ဆာအတတ်တွေလေ့ကျင့်နေတာလား”

“ဟာ…မဟုတ်ပါဘူး
ကျွန်တော် အမွေနှစ်တစ်ချို့ ကံကောင်းပြီးရခဲ့တာပါ “
[ဟား ဟား ဟား တကယ်လို့ host သာအဆင့်၉ရောက်နေကြောင်းအမှန်တိုင်း ပြောလိုက်ရင် ဘယ်လိုများနေမလဲမသိဘူး ]
‘ဖြစ်နိုင်တာကတော့ မိစ္ဆာအတတ်တွေတစ်ဖက်ကမ်းတတ်နေတယ်ထင်ပြီး  ငါ့ကိုအခန်းထဲမှာပိတ်ရင်ပိတ်ထားလောက်တယ် ‘

“ပိုင်ရှီရှန်း မင်းငါ့ကိုမလိမ်နဲ့နော်”

“တကယ်ပါကျွန်တော်မလိမ်ပါဘူး အဖေကျွန်တော်ကိုမယုံဘူးလား”

“ဟမ့်…ခွေးကောင်လေး
သွား…မင်းအမေ မင်းကိုလွမ်းနေတယ်
မြန်မြန်သွားတွေ့လိုက်အုံး”

“ဒါဆိုကျွန်တော်သွားလိုက်ပါအုံးမယ် ဂိုဏ်းချုပ်ပိုင်ခင်ဗျ”

“ဒီကောင်စုတ်လေးကတော့”
ဂိုဏ်းချုပ်ပိုင် ထွက်ပြေးသွားသော သားဖြစ်သူကျောပြင်အားကြည့်ကာပီတိဖြာနေခဲ့သည်
‘နောက်ဆုံးတော့ ငါ့အိမ်ကခွေးပေါက်လေးအရွယ်ရောက်လာပြီပဲ ‘

ကယ်ရီ သခင်မပိုင်နှင့်စကားတွေအကြာကြီးပြောခဲ့ကာ ညနက်မှသူ၏အခန်းသို့ပြန်လာခဲ့သည် အခန်းထဲသို့ရောက်သောအခါတွင် သူ့အားစောင့်နေသောမြေခွေးလေးအားဖက်ကာ ကုတင်ပေါ်လှဲအိပ်လိုက်သည်
“ရှောင်ပိုင်ရေ ဒီညတော့ မင်းအစ်ကိုကြီးမင်းနဲ့မကစားနိုင်တော့ဘူး အရမ်းအိပ်ချင်နေလို့ အိပ်တော့မယ်” ဟုဆိုတာ မြေခွေးလေးအားဖက်ရင်းအိပ်ပျော်သွားခဲ့သည်
ကယ်ရီနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည့်အချိန်တွင် ကယ်ရီ၏ရင်ခွင်ထဲရှိမြေခွေးလေးမှာ ဆံနွယ်အဖြူရောင်ရှိသောလူတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့သည် ။ထို့နောက်ကယ်ရီအား ရင်ခွင်ထဲသို့ပွေ့ထားကာ ဆံပင်လေးအားဆော့ကစားနေခဲ့သည်။
“ကိုယ့်ရဲ့ကလေးလေးက အရမ်းပင်ပန်းနေတယ်ထင်တယ်
ခဏလေးနဲ့တန်းအိပ်ပျော်သွားတာပဲ”
ကယ်ရီ ရှောင်ပိုင်ဟုအမည်ပေးထားသောမြေခွေးလေးမှာတခြားသူမဟုတ်ပေ။ သိုင်းလောကတွင်နာမည်ကြီးသော နတ်ဆိုးဘုရင် ယဲ့ဝမ်ဖြစ်သည် ။ယဲ့ဝမ်မှာလူသားတစ်ယောက်မဟုတ်ဘဲ လူပုံစံပြောင်းနိုင်သော နှစ်တစ်ထောင်သက်တမ်းရှိသည် မြေခွေးသားရဲမှန်း လူနည်းစုသာသိထားကြသည်။တစ်နေ့ ယဲ့ဝမ် ကောင်းကင်ဘုံအဆင့်သိုတက်ရန်ပြင်နေစဥ် ချောင်းမြောင်းတိုက်ခိုက်ခံရသောကြောင့် အတွင်းဒဏ်ရာရခဲ့ပြီး ကျင့်ကြံဆင့်များကျဆင်းကာ ထွက်ပြေးခဲ့ရသည်။ထို့နောက် မဟူရာတောအုပ်ထဲရှိဂူတစ်ဂူတွင် ပုန်းခိုကာ မိမိကိုယ်ကိုယ်ကိုပြန်လည်ကုစားနေခဲ့သည်… ထိုအချိန်တွင်ဂူထဲသို့ကျူးကျော်လာသူကြောင့် ရန်သူဟုထင်မှတ်ကာ အတွင်းဒဏ်ရာရှိလျက်နှင့်ပင် ကမ္ဘာမြေကြီးအဆင့်၏ဖိနှိမ့်စွမ်းအားကိုအသုံးပြုခဲ့သည်။ ဒဏ်ရာရှိလျက်နှင့်အတွင်းအား အားအသုံးပြုခဲ့သောကြောင့် ယဲ့ဝမ် သူ၏မူလပုံစံဖြစ်သောမြေခွေးပုံစံသို့ပြန်ပြောင်းသွားခဲ့သည်။ထို့နောက်တွင် ဂူအတွင်းပိုင်းထဲမှတိတ်တဆိတ်ထွက်လာသည့်အခါတွင် လဲကျနေသောလူတစ်ယောက်အားတွေလိုက်ရသည်… ထိုလူ၏အနားသိုကပ်သွားကာအကဲခတ်လိုက်သောအခါတွင် ထူးထူးဆန်းဆန်း သူ၏ရင်ဖက်ထဲသို့အမျိုးအမည်မသိလှိုင်းတစ်ခုဖြတ်သွားခဲ့သည် သူ၏မသိစိတ်ကလည်းသူအား ထိုလူ၏အနားတွင်သာနေသင့်ကြောင်း တိုက်တွန်းပြောဆိုနေခဲ့သည် ယဲ့ဝမ်လည်းဒဏ်ရာရထားသည့်အတွက်ကြောင့် ပုန်းခိုကာအားပြန်ဖြည့်ရန်နေရာလိုသဖြင့် ထိုသူအားအသုံးချရန်ကြံလိုက်သည်… ယဲ့ဝမ်သူ၏ကျင့်ကြံဆင့်အား ချီစုဆောင်းမှုအဆင့် ၁ သို့ဖိနှိပ်လိုက်ကာ ထိုလူသားလေး၏ရင်ခွင်ထဲသို့တိုးကာဝင်ခွေနေလိုက်သည်။ ယဲ့ဝမ်အကြာကြီးစောင့်နေခဲ့သော်လဲ ထိုလူသားလေးကနိုးမလာသောကြောင့် သူ၏နှင်းစက်ကဲ့သို့ကြည်လင်ဖြူဖွေးနေသောပါးပြင်အား လျှာဖြင့်လျှက်ကာ နှိုးလိုက်သည်… ခဏကြာသော် ထိုလူသားလေးနိုးလာခဲ့သည် ထို့နောက်မိမိအားသူ၏သားရဲအဖြစ်မွေးစားခဲ့ပြီး ရှောင်ပိုင်ဟူသောအမည်ပင်ပေးခဲ့သည် … နောက်တွင် ထိုလူသားလေးအမည်မှာ ပိုင်ရှီရှန်းဟုသိရပြီး မဟူရာဂိုဏ်းရှိ သခင်လေးတစ်ယောက်ဟုသိခဲ့ရသည် အထူးသဖြင့် မိဘများအလိုလိုက်ထားသောကြောင့်ဆိုးသွမ်းနေသောအမှိုက်သခင်လေး….တစ်နေ့အခန်းထဲတွင် ပိုင်ရှီရှန်း တရားထိုင်နေရင်း ရုတ်တရက်သွေးအန်လိုက်သောကြောင့် ယဲ့ဝမ်လန့်သွားခဲ့သည် အမှိုက်ဟုနာမည်ကြီးသောသခင်ငယ်လေးက ထိုကဲ့သို့အရူးအမူးကျင့်ကြံနေသည်မှာထူးဆန်းသောကိစ္စရပ်ဖြစ်သည်… ယဲ့ဝမ်တစ်ယောက် ပိုင်ရှီရှန်းဆိုသောကောင်စုတ်လေးမှာ လက်သည်းဝှက်ထားသောကြောင်ဆိုးလေးဟုတွေးမိလိုက်သည်… သွေးအန်ကာဒဏ်ရာရသွားပုံရသဖြင့် ရပ်လိုက်မည်ဟုထင်မှတ်ထားသော်လည်း ဇွဲကောင်းသောထိုကောင်လေးမှာသုံးရက်တိတိကျင့်ကြံနေခဲ့သည် ပို၍ထူးဆန်းသည်က ချီစုဆောင်းမှုအဆင့်၅တက်ထားတာမကြာသေးသည့်ပိုင်ရှီရှန်းမှာ သုံးရက်နှင့်ပင်အဆင့်၇အားရောက်သွားသောကြောင့်ဖြစ်သည် ယဲ့ဝမ်စိတ်ထဲတွင် ထိုကောင်လေးမှာ သူကဲ့သို့ပင် မိစ္ဆာအတတ်ကျင့်ကြံသူဟုထင်မှတ်လိုက်သည် ထို့ကြောင့်ပင် ပိုင်ရှီရှန်း အသက်ဆုံးရှုံးခါနီးအခိုက်အတန့်တွင်သူကယ်တင်လိုက်သည် သူ၏နှလုံးသားက ထိုကောင်လေးအားကယ်တင်သင့်ကြောင်းအပြင်းအထန်တောင်းဆိုနေသောကြောင့်လည်းပါသည် … အခြားမြေခွေးသားရဲများအတွက် အမြုတေမှာအလွန်အရေးကြီးပြီး အမြုတေအထုတ်ခံရသောမြေခွေးသည် လူပုံစံပြောင်းလဲနိုင်စွမ်းမရှိတော့ရုံသာမက ကျင့်ကြံဆင့်များပါအောက်သို့ထိုးကျနိုင်သော်လည်း ယဲ့ဝမ်မှာမူထိုသို့မဟုတ်ပေ ။ သူ၏အမြုတေနှင့်နီးနီးကပ်ကပ်ရှိနေကာ သင့်တော်သည့်အချိန်ရောက်လျှင်ပြန်ယူရန်သာလိုအပ်သည်…ပိုင်ရှီရှန်းနှင့်သုံးနှစ်ကြာအတူရှိပြီးသည့်နောက်တွင် ထိုကောင်လေးမှာအလွန်ချစ်ဖို့ကောင်းသောအမူအကျင့်များရှိနေကြောင်း ယဲ့ဝမ်သိခဲ့ရသည်…ကျင့်ကြံသူများသည် ညတိုင်းနီးပါးအိပ်စက်ရန်မလိုသော်လည်း ညဖက်ရောက်လျှင်အိပ်ရမှကျေနပ်သည့်ထိုကောင်လေးအား အိပ်မောကျနေချိန်တွင်ရင်ခွင်ထဲပွေ့ထားတတ်သည့်အမူအကျင့်မှာလည်းဘယ်အချိန်ကတည်းကစတင်ခဲ့မှန်း ယဲ့ဝမ်မသိတော့ပေ။ ယဲ့ဝမ် သူ၏သရုပ်မှန်အား ကောင်လေးရှေ့တွင်ဖော်ပြချင်သော်လည်း ထိုကောင်လေးအား အန္တရာယ်များပေးမိသလိုဖြစ်မည်ဆိုးသောကြောင့် မြေခွေးပုံစံဖြင့်သာနံဘေးတွင်နေထိုင်ခဲ့သည် ။ ယဲ့ဝမ် ကောင်လေး၏နှဖူးပြင်အား အနမ်းလေးပေးရင်း အတူတူအိပ်စက်လိုက်သည်

“ကောင်းသောညပါ ကိုယ့်ရဲ့ကလေးလေး”

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Zawgyi ~

မဟူရာဂိုဏ္းရွိ ဂိုဏ္းခ်ဳပ္ေနထိုင္သည့္စံအိမ္တြင္ ဂိုဏ္းခ်ဳပ္ပိုင္တစ္ေယာက္ ၿပိဳင္ပြဲကိစၥႏွင့္ပတ္သတ္ေသာစာရင္းမ်ားအား စစ္ေဆးလ်က္ရွိသည္…ထိုကဲ့သို႔စစ္ေဆးေနစဥ္ အခန္းတံခါးေခါက္သံအားၾကားလိုက္ေသာေၾကာင့္ သူ၏ဇနီးဟုထင္ကာ တံခါးထဖြင့္ခါနီးတြင္ ဝင္ေရာက္လာေသာကယ္ရီ…
ကယ္ရီလည္းမ်က္ႏွာခ်ိဳေသြးရင္း
“အေဖ ကြၽန္ေတာ္ျပန္ေရာက္ပါၿပီ… ဟီး”

ဂိုဏ္းခ်ဳပ္ပိုင္လည္း စကားျပန္မဆိုဘဲ ကယ္ရီအားသူ၏လက္စြဲေတာ္ဓားရိုးျဖင့္လိုက္ရိုက္ေလသည္
“ေခြးေကာင္ေလး ဘာမေျပာညာမေျပာနဲ႕ စာတစ္ေစာင္ထားၿပီးေပ်ာက္သြားရေအာင္ ငါ့ကိုမင္းအေမလင္မွတ္ေနလား… ရပ္စမ္း မိလို႔ရေတာ့ မင္းနာၿပီသာမွတ္”

ကယ္ရီလည္းၿခံဝိုင္းထဲတြင္ပတ္ ေျပးရင္း
“အေဖမွားမယ္ေနာ္… ၿပိဳင္ပြဲရက္နီးေနၿပီ ကြၽန္ေတာ္ဒဏ္ရာရလို႔မျဖစ္ဘူးေနာ္… မဟုတ္ရင္ မဟူရာဂိုဏ္းပဲအရွက္ကြဲမွာေနာ္”

“ေခြးသားေလး… ငါတို႔မဟူရာဂိုဏ္းကမင္းလုပ္လို႔ကြဲစရာအရွက္ကိုမက်န္ေတာ့တာ အဲ့တာေၾကာင့္ေျပးမေနဘဲအခုရပ္လိုက္စမ္း”

ကယ္ရီလည္းဆက္မေျပးခ်င္ေတာ့တာေၾကာင့္ ရပ္ကာ
“အေဖကေဒါသထြက္ဖို႔ႀကီးပဲ ကြၽန္ေတာ္ဘာေတြေျပာင္းလဲသြားလဲနည္းနည္းမွစိတ္မဝင္စားဘူး”ထိုအခါမွ ဂိုဏ္းခ်ဳပ္ပိုင္တစ္ေယာက္ သူ႕သားအားအကဲခတ္ၾကည့္လိုက္သည္
“မင္း…မင္း…အဆင့္၇ ေရာက္သြားၿပီလား”

ကယ္ရီလည္းဂုဏ္ယူစြာျဖင့္
“ဟုတ္တယ္…ကြၽန္ေတာ္အဆင့္၇ ေရာက္ၿပီ”

သို႔ေသာ္ ဂိုဏ္ခ်ဳပ္ပိုင္၏တုန့္ျပန္မႈသည္ သူေတြးထားသည္ႏွင့္တျခားစီျဖစ္ေနခဲ့သည္
“မင္း မိစ္ဆာအတတ္ေတြေလ့က်င့္ေနတာလား”

“ဟာ…မဟုတ္ပါဘူး
ကြၽန္ေတာ္ အေမြႏွစ္တစ္ခ်ိဳ႕ ကံေကာင္းၿပီးရခဲ့တာပါ “
[ဟား ဟား ဟား တကယ္လို႔ host သာအဆင့္၉ေရာက္ေနေၾကာင္းအမွန္တိုင္း ေျပာလိုက္ရင္ ဘယ္လိုမ်ားေနမလဲမသိဘူး ]
‘ျဖစ္နိုင္တာကေတာ့ မိစ္ဆာအတတ္ေတြတစ္ဖက္ကမ္းတတ္ေနတယ္ထင္ၿပီး  ငါ့ကိုအခန္းထဲမွာပိတ္ရင္ပိတ္ထားေလာက္တယ္ ‘

“ပိုင္ရွီရွန္း မင္းငါ့ကိုမလိမ္နဲ႕ေနာ္”

“တကယ္ပါကြၽန္ေတာ္မလိမ္ပါဘူး အေဖကြၽန္ေတာ္ကိုမယုံဘူးလား”

“ဟမ့္…ေခြးေကာင္ေလး
သြား…မင္းအေမ မင္းကိုလြမ္းေနတယ္
ျမန္ျမန္သြားေတြ႕လိုက္အုံး”

“ဒါဆိုကြၽန္ေတာ္သြားလိုက္ပါအုံးမယ္ ဂိုဏ္းခ်ဳပ္ပိုင္ခင္ဗ်”

“ဒီေကာင္စုတ္ေလးကေတာ့”
ဂိုဏ္းခ်ဳပ္ပိုင္ ထြက္ေျပးသြားေသာ သားျဖစ္သူေက်ာျပင္အားၾကည့္ကာပီတိျဖာေနခဲ့သည္
‘ေနာက္ဆုံးေတာ့ ငါ့အိမ္ကေခြးေပါက္ေလးအ႐ြယ္ေရာက္လာၿပီပဲ ‘

ကယ္ရီ သခင္မပိုင္ႏွင့္စကားေတြအၾကာႀကီးေျပာခဲ့ကာ ညနက္မွသူ၏အခန္းသို႔ျပန္လာခဲ့သည္ အခန္းထဲသို႔ေရာက္ေသာအခါတြင္ သူ႕အားေစာင့္ေနေသာေျမေခြးေလးအားဖက္ကာ ကုတင္ေပၚလွဲအိပ္လိုက္သည္
“ေရွာင္ပိုင္ေရ ဒီညေတာ့ မင္းအစ္ကိုႀကီးမင္းနဲ႕မကစားနိုင္ေတာ့ဘူး အရမ္းအိပ္ခ်င္ေနလို႔ အိပ္ေတာ့မယ္” ဟုဆိုတာ ေျမေခြးေလးအားဖက္ရင္းအိပ္ေပ်ာ္သြားခဲ့သည္
ကယ္ရီႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားသည့္အခ်ိန္တြင္ ကယ္ရီ၏ရင္ခြင္ထဲရွိေျမေခြးေလးမွာ ဆံႏြယ္အျဖဴေရာင္ရွိေသာလူတစ္ေယာက္အျဖစ္ေျပာင္းလဲသြားခဲ့သည္ ။ထို႔ေနာက္ကယ္ရီအား ရင္ခြင္ထဲသို႔ေပြ႕ထားကာ ဆံပင္ေလးအားေဆာ့ကစားေနခဲ့သည္။
“ကိုယ့္ရဲ႕ကေလးေလးက အရမ္းပင္ပန္းေနတယ္ထင္တယ္
ခဏေလးနဲ႕တန္းအိပ္ေပ်ာ္သြားတာပဲ”
ကယ္ရီ ေရွာင္ပိုင္ဟုအမည္ေပးထားေသာေျမေခြးေလးမွာတျခားသူမဟုတ္ေပ။ သိုင္းေလာကတြင္နာမည္ႀကီးေသာ နတ္ဆိုးဘုရင္ ယဲ့ဝမ္ျဖစ္သည္ ။ယဲ့ဝမ္မွာလူသားတစ္ေယာက္မဟုတ္ဘဲ လူပုံစံေျပာင္းနိုင္ေသာ ႏွစ္တစ္ေထာင္သက္တမ္းရွိသည္ ေျမေခြးသားရဲမွန္း လူနည္းစုသာသိထားၾကသည္။တစ္ေန႕ ယဲ့ဝမ္ ေကာင္းကင္ဘုံအဆင့္သိုတက္ရန္ျပင္ေနစဥ္ ေခ်ာင္းေျမာင္းတိုက္ခိုက္ခံရေသာေၾကာင့္ အတြင္းဒဏ္ရာရခဲ့ၿပီး က်င့္ႀကံဆင့္မ်ားက်ဆင္းကာ ထြက္ေျပးခဲ့ရသည္။ထို႔ေနာက္ မဟူရာေတာအုပ္ထဲရွိဂူတစ္ဂူတြင္ ပုန္းခိုကာ မိမိကိုယ္ကိုယ္ကိုျပန္လည္ကုစားေနခဲ့သည္… ထိုအခ်ိန္တြင္ဂူထဲသို႔က်ဴးေက်ာ္လာသူေၾကာင့္ ရန္သူဟုထင္မွတ္ကာ အတြင္းဒဏ္ရာရွိလ်က္ႏွင့္ပင္ ကမၻာေျမႀကီးအဆင့္၏ဖိႏွိမ့္စြမ္းအားကိုအသုံးျပဳခဲ့သည္။ ဒဏ္ရာရွိလ်က္ႏွင့္အတြင္းအား အားအသုံးျပဳခဲ့ေသာေၾကာင့္ ယဲ့ဝမ္ သူ၏မူလပုံစံျဖစ္ေသာေျမေခြးပုံစံသို႔ျပန္ေျပာင္းသြားခဲ့သည္။ထို႔ေနာက္တြင္ ဂူအတြင္းပိုင္းထဲမွတိတ္တဆိတ္ထြက္လာသည့္အခါတြင္ လဲက်ေနေသာလူတစ္ေယာက္အားေတြလိုက္ရသည္… ထိုလူ၏အနားသိုကပ္သြားကာအကဲခတ္လိုက္ေသာအခါတြင္ ထူးထူးဆန္းဆန္း သူ၏ရင္ဖက္ထဲသို႔အမ်ိဳးအမည္မသိလွိုင္းတစ္ခုျဖတ္သြားခဲ့သည္ သူ၏မသိစိတ္ကလည္းသူအား ထိုလူ၏အနားတြင္သာေနသင့္ေၾကာင္း တိုက္တြန္းေျပာဆိုေနခဲ့သည္ ယဲ့ဝမ္လည္းဒဏ္ရာရထားသည့္အတြက္ေၾကာင့္ ပုန္းခိုကာအားျပန္ျဖည့္ရန္ေနရာလိုသျဖင့္ ထိုသူအားအသုံးခ်ရန္ႀကံလိုက္သည္… ယဲ့ဝမ္သူ၏က်င့္ႀကံဆင့္အား ခ်ီစုေဆာင္းမႈအဆင့္ ၁ သို႔ဖိႏွိပ္လိုက္ကာ ထိုလူသားေလး၏ရင္ခြင္ထဲသို႔တိုးကာဝင္ေခြေနလိုက္သည္။ ယဲ့ဝမ္အၾကာႀကီးေစာင့္ေနခဲ့ေသာ္လဲ ထိုလူသားေလးကနိုးမလာေသာေၾကာင့္ သူ၏ႏွင္းစက္ကဲ့သို႔ၾကည္လင္ျဖဴေဖြးေနေသာပါးျပင္အား လွ်ာျဖင့္လွ်က္ကာ ႏွိုးလိုက္သည္… ခဏၾကာေသာ္ ထိုလူသားေလးနိုးလာခဲ့သည္ ထို႔ေနာက္မိမိအားသူ၏သားရဲအျဖစ္ေမြးစားခဲ့ၿပီး ေရွာင္ပိုင္ဟူေသာအမည္ပင္ေပးခဲ့သည္ … ေနာက္တြင္ ထိုလူသားေလးအမည္မွာ ပိုင္ရွီရွန္းဟုသိရၿပီး မဟူရာဂိုဏ္းရွိ သခင္ေလးတစ္ေယာက္ဟုသိခဲ့ရသည္ အထူးသျဖင့္ မိဘမ်ားအလိုလိုက္ထားေသာေၾကာင့္ဆိုးသြမ္းေနေသာအမွိုက္သခင္ေလး….တစ္ေန႕အခန္းထဲတြင္ ပိုင္ရွီရွန္း တရားထိုင္ေနရင္း ႐ုတ္တရက္ေသြးအန္လိုက္ေသာေၾကာင့္ ယဲ့ဝမ္လန့္သြားခဲ့သည္ အမွိုက္ဟုနာမည္ႀကီးေသာသခင္ငယ္ေလးက ထိုကဲ့သို႔အ႐ူးအမူးက်င့္ႀကံေနသည္မွာထူးဆန္းေသာကိစၥရပ္ျဖစ္သည္… ယဲ့ဝမ္တစ္ေယာက္ ပိုင္ရွီရွန္းဆိုေသာေကာင္စုတ္ေလးမွာ လက္သည္းဝွက္ထားေသာေၾကာင္ဆိုးေလးဟုေတြးမိလိုက္သည္… ေသြးအန္ကာဒဏ္ရာရသြားပုံရသျဖင့္ ရပ္လိုက္မည္ဟုထင္မွတ္ထားေသာ္လည္း ဇြဲေကာင္းေသာထိုေကာင္ေလးမွာသုံးရက္တိတိက်င့္ႀကံေနခဲ့သည္ ပို၍ထူးဆန္းသည္က ခ်ီစုေဆာင္းမႈအဆင့္၅တက္ထားတာမၾကာေသးသည့္ပိုင္ရွီရွန္းမွာ သုံးရက္ႏွင့္ပင္အဆင့္၇အားေရာက္သြားေသာေၾကာင့္ျဖစ္သည္ ယဲ့ဝမ္စိတ္ထဲတြင္ ထိုေကာင္ေလးမွာ သူကဲ့သို႔ပင္ မိစ္ဆာအတတ္က်င့္ႀကံသူဟုထင္မွတ္လိုက္သည္ ထို႔ေၾကာင့္ပင္ ပိုင္ရွီရွန္း အသက္ဆုံးရႈံးခါနီးအခိုက္အတန့္တြင္သူကယ္တင္လိုက္သည္ သူ၏ႏွလုံးသားက ထိုေကာင္ေလးအားကယ္တင္သင့္ေၾကာင္းအျပင္းအထန္ေတာင္းဆိုေနေသာေၾကာင့္လည္းပါသည္ … အျခားေျမေခြးသားရဲမ်ားအတြက္ အျမဳေတမွာအလြန္အေရးႀကီးၿပီး အျမဳေတအထုတ္ခံရေသာေျမေခြးသည္ လူပုံစံေျပာင္းလဲနိုင္စြမ္းမရွိေတာ့႐ုံသာမက က်င့္ႀကံဆင့္မ်ားပါေအာက္သို႔ထိုးက်နိဳင္ေသာ္လည္း ယဲ့ဝမ္မွာမူထိုသို႔မဟုတ္ေပ ။ သူ၏အျမဳေတႏွင့္နီးနီးကပ္ကပ္ရွိေနကာ သင့္ေတာ္သည့္အခ်ိန္ေရာက္လွ်င္ျပန္ယူရန္သာလိုအပ္သည္…ပိုင္ရွီရွန္းႏွင့္သုံးႏွစ္ၾကာအတူရွိၿပီးသည္ေနာက္တြင္ ထိုေကာင္ေလးမွာအလြန္ခ်စ္ဖို႔ေကာင္းေသာအမူအက်င့္မ်ားရွိေနေၾကာင္း ယဲ့ဝမ္သိခဲ့ရသည္…က်င့္ႀကံသူမ်ားသည္ ညတိုင္းနီးပါးအိပ္စက္ရန္မလိုေသာ္လည္း ညဖက္ေရာက္လွ်င္အိပ္ရမွေက်နပ္သည္ထိုေကာင္ေလးအား အိပ္ေမာက်ေနခ်ိန္တြင္ရင္ခြင္ထဲေပြ႕ထားတတ္သည့္အမူအက်င့္မွာလည္းဘယ္အခ်ိန္ကတည္းကစတင္ခဲ့မွန္း ယဲ့ဝမ္မသိေတာ့ေပ။ ယဲ့ဝမ္ သူ၏သ႐ုပ္မွန္အား ေကာင္ေလးေရွ႕တြင္ေဖာ္ျပခ်င္ေသာ္လည္း ထိုေကာင္ေလးအား အႏၱရာယ္မ်ားေပးမိသလိုျဖစ္မည္ဆိုးေသာေၾကာင့္ ေျမေခြးပုံစံျဖင့္သာနံေဘးတြင္ေနထိုင္ခဲ့သည္ ။ ယဲ့ဝမ္ ေကာင္ေလး၏ႏွဖူးျပင္အား အနမ္းေလးေပးရင္း အတူတူအိပ္စက္လိုက္သည္
“ေကာင္းေသာညပါ ကိုယ့္ရဲ႕ကေလးေလး”

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 4.6(ပိုင်ရှီရှန်း), novel System 286 (On Going) Arc 4.6(ပိုင်ရှီရှန်း), read System 286 (On Going) Arc 4.6(ပိုင်ရှီရှန်း) online, System 286 (On Going) Arc 4.6(ပိုင်ရှီရှန်း) chapter, System 286 (On Going) Arc 4.6(ပိုင်ရှီရှန်း) high quality, System 286 (On Going) Arc 4.6(ပိုင်ရှီရှန်း) light novel, ,

Comment

Leave a Reply

Chapter 53