System 286 (On Going) Arc 4.8(ပိုင်ရှီရှန်း)

All chapters are in System 286 (On Going)
A+ A-

Unicode

ပြိုင်ပွဲပုံစံမှာ ရှုံးထွက်ပြိုင်ရသည့်ပုံစံမျိုးဖြစ်ပြီး ပြိုင်ဖက်ရွေးချယ်ရသည့် ပုံစံမှာမူ မဲနှိုက်၍ရွေးချယ်ခြင်းဖြစ်သည် ။ အနိုင်ရရှိသူ ထွက်ပေါ်လာပါက တခြားသူများက ထိုသူအား စိန်ခေါ်ပြိုင်ပွဲပြိုင်ခွင့်ရှိသည် ။ စိန်ခေါ်သူအနိုင်ရရှိခဲ့ပါက ပထမနေရာအား ထိုစိန်ခေါ်သူပိုင်ဆိုင်ခွင့်ရှိသည်။ယခင်နှစ်က မူလကိုယ်မှာ ပြိုင်ပွဲတွင်အနိုင်ရရှိခဲ့သည့်ဟယ်စစ်ယွမ်အားစိန်ခေါ်ကာ ခွေးလိုနွားလိုအရိုက်ခံခဲ့ခြင်းဖြစ်သည်…

“ငါနိုင်မယ်ထင်လား”

[ Host မနိုင်လို့မရဘူးနော် မစ်ရှင်က ပထမရဖို့နော် မဟုတ်ရင် နောက်ပြိုင်ပွဲအတွက်နှစ်တွေအများကြီးထပ်စောင့်ရလိမ့်မယ်]

“ဇာတ်လိုက်ရော ဇာတ်လိုက်မရော ငါနဲ့မတိုးစေနဲ့ နှစ်ယောက်လုံးကို ဝက်ခေါင်းပုံထွက်အောင်ရိုက်ပစ်မယ်”

[မိန်းကလေးကိုရော ရိုက်မှာပေါ့ Host လူဆိုးကောင်]

ကယ်ရီ system နှင့်စကားပြောနေစဥ် ဇာတ်လိုက်မ ပြိုင်ရသည့်အလှည့်သို့ရောက်လာခဲ့သည်။ ရွှေလက်ချောင်းများပိုင်သည့် ရွှေပေါင်လုံးကြီးကိုဖက်ထားခွင့်ရတဲ့ဇာတ်လိုက်မမှာ ဇာတ်လိုက်ပေးထားသော မှော်လက်နက်များအကူအညီဖြင့် ပြိုင်ဖက်အား တစ်ချက်တည်းနှင့်ပင်အလွယ်တကူအနိုင်ရခဲ့ကာ သူ၏ရွှေပေါင်လုံးပိုင်ရှင်မှာလည်းထိုနည်းလည်းကောင်းပင်ဖြစ်သည်။ ထို့နောက် တခြားဂိုဏ်းအချင်းချင်းပြိုင်သည့်ပြိုင်ပွဲများလည်းပြီးသွားကာ အနိုင်ရသူအသီးသီးထွက်ပေါ်လာခဲ့သည်…

“နောက်ပွဲစဥ် မဟူရာဂိုဏ်းမှပိုင်ရှီရှန်းနှင့် ရွှေဖားပြုတ်ဂိုဏ်းမှရှောင်းရှောင်”

ကယ်ရီစင်ပေါ်ရောက်တော့ ပြိုင်ဖက်က သက်ပြင်းချကာ
“စင်ပေါ်မှာအကြာကြီးနေပြီး ငါ့ရဲ့အစွမ်းအစတွေကိုထုတ်ပြမလို့ပါဆို တစ်ချက်ရိုက်ရုံနဲ့လွင့်ထွက်သွားမဲ့ မင်းလိုအမှိုက်ကောင်နဲ့လာတိုးရတယ်လို့ ငါတော်တော်ကံဆိုးတာပဲ “

ကယ်ရီလည်းပြုံးကာ
“ငါတစ်ခုသိချင်လို့ မေးလို့ရမလား”

“မေး”

“မင်းတို့တစ်ဂိုဏ်းလုံးကမင်းလိုဖားပြုတ်ရုပ်တွေကြီးပဲလားဟင်”

“ဘာကွ…..သေပေတော့အမှိုက်ကောင်” ဟုဆိုကာ ကယ်ရီအားသူ၏လက်နက်ဖြင့်လွှဲရိုက်လိုက်သည်။ ရှောင်းရှောင်၏လက်နက်မှာ ထိပ်တွင်သံဆူးလုံးတပ်ထားသောကြာပွတ်ရှည်ဖြစ်သည်။ကယ်ရီလည်းကိုယ်ဖော့သိုင်းဖြင့်ရှောင်လိုက်ရင်း ရှောင်းရှောင်ထံသို့မီးလက်ဝါးတစ်ချက်ပစ်သွင်းလိုက်သည်။ ရှောင်းရှောင်လည်းအထိနာသွားကာ မျက်လုံးမျက်ဆံပြူးဖြင့်
“မင်း…မင်း…အဆင့်၇”
“ဘာလဲ ဖေဖေကြီးလို့ခေါ်ချင်သွားပြီမလား” ဟုဆိုကာ ရှောင်းရှောင်ထံသို့ မီးလုံးအများအပြားဆက်တိုက်ပစ်သွင်းလိုက်သည်။ ရှောင်းရှောင်လည်းအလျှင်အမြန်ရှောင်ကာ အဆိပ်မြူများစင်မြင့်အပြည့်လွှမ်းခြုံပစ်လိုက်သည်….
“ဟား ဟား ဟား မင်းဘာတတ်နိုင်သေးလဲ
ငါ့အဆိပ်ကနေ မင်းပြေးလို့လွတ်မှာလား”
ထိုအခိုက်တွင် အဆိပ်ငွေ့များအလယ်မှ ဧရာမမီးလေပွေကြီးတစ်ခုပေါ်လာကာ အဆိပ်မြူများအားတိုက်စားပစ်လိုက်သည်….
“မင်း…..”
ကယ်ရီ ထိုလူအံ့သြနေစဥ်မှာပဲ တာ့တာဟုဆိုကာ နောက်ခြေကန်ချက်ဖြင့်ကွင်းအပြင်သို့လွင့်သွားအောင်ကန်ထုတ်လိုက်သည်။

“အနိုင်ရရှိသူ မဟူရာဂိုဏ်း ပိုင်ရှီရှန်း”

သခင်မပိုင်လည်း ဟန်မဆောင်နိုင်အောင်ပြုံးကာ “ကျွန်မသားလေးအတော်ဆုံးပဲ ရှင်မြင်လား ကျွန်မသားလေးကို”

“ကိုယ်မြင်ပါတယ်ကွာ ကိုယ့်သားဘယ်လောက်တော်လဲ”

ပွဲကြည့်နေသည့်သူများကလည်း အုံးအုံးကျက်ကျက်ဖြစ်သွားသည်…
“ဒီအမှိုက်သခင်လေးကို ငါတစ်သက်လုံးအဆင့်မတက်တော့ဘူးထင်တာ အခုအဆင့်၇တောင်ရောက်သွားပြီ အံ့သြစရာပဲ အံ့သြစရာပဲ “

“သူစေ့စပ်ပွဲပျက်သွားတော့အသဲကွဲပြီးတော့များ မိစ္စာအတတ်တွေကျင့်လိုက်တာများလား”

“သူသာမိစ္စာကျင့်ကြံသူဆို ဟိုးထိပ်မှာထိုင်နေတဲ့မင်းဘိုးအေတွေကလာစစ်မှာပေါ့ အခုလိုငြိမ်နေစရာအကြောင်းမှမရှိတာ”

“ဟုတ်သားပဲ “

အမျိုးသမီးကျင့်ကြံသူများကလည်း
“သခင်လေးပိုင်ကဒီလောက်ချောတာ အမှိုက်ဖြစ်စရာလား လူတွေများမနာလိုဖြစ်ပြီးသတင်းအမှားတွေနဲ့ငါတို့ကိုအမှောင်ဖုံးအောင်လုပ်ထားကြတာ”

“ဟုတ်ပါ့ ဒီနေ့ကစပြီး ငါ့ရဲ့နတ်သားလေးက မဟူရာဂိုဏ်းကသခင်လေးပိုင်ဖြစ်သွားပြီ “

“ငါရောပဲ ငါရောပဲ “

ဆက်လက်၍ ကယ်ရီလေးပွဲဆက်တိုက်အနိုင်ရကာ ထိပ်ဆုံးဆယ်ယောက်စာရင်းထဲဝင်သွားခဲ့သည်

“ထိပ်ဆုံးဆယ်ယောက်ရဲ့အမည်စာရင်းကိုကြေငြာပါမယ်

တိမ်ပြိုဂိုဏ်းမှ ဟယ်စစ်ယွမ်
တိမ်ပြိုဂိုဏ်းမှ ဟူလီနာ
ရွှေဖားပြုတ်ဂိုဏ်းမှ ရှောင်သာ့
မဟူရာဂိုဏ်းမှ ပိုင်ရှီရှန်း
မဟူရာဂိုဏ်းမှ ကျန်းစစ်
မိုးပြာဂိုဏ်းမှ ယန်ဟယ်စန်း
မိုးပြာဂိုဏ်းမှ ယန်ဟယ်စစ်
မိုးပြာဂိုဏ်းမှ ယန်ဟယ်ဝူ
ကျားသစ်နက်ဂိုဏ်းမှ အားမောက်
ကျောက်စိမ်းဂိုဏ်းမှ ယွီယင်
(A/N- ငါလေး လျှာကိုရှည်တယ် ဒီတိုင်း၁၀ယောက်ဆို ပြီးနေတာကို)

ပွဲစဥ်တွေကို မနက်ဖြန်မှာဆက်လက်ကျင်းပသွားပါမယ် အားလုံးအနားယူနိုင်ဖို့ စီစဥ်ပေးထားပါတယ် စိတ်အေးလက်အေးအနားယူကြပါ

တစ်ဖက် တိမ်ပြိုဂိုဏ်းနေရာတွင်
“ဟွန့်…ထိပ်ဆုံးဆယ်ယောက်ထဲဝင်တာဘာလုပ်ရမှာလည်း အကိုစစ်ယွမ်က သူ့လိုအမှိုက်ရဲ့ပြိုင်ဖက်ကိုမဟုတ်တာ”

“အားလီ အကယ်၍သူနဲ့ပြိုင်ရမယ်ဆိုရင်သတိထားနော် မင်းတို့က ကျင့်ကြံဆင့်အတူတူပဲ ဒီလောက်အချိန်တိုတိုအတွင်းမှာ အဆင့်တွေအများကြီးတိုးလာတာ မရိုးသားဘူး နောက်ပြီးစေ့စပ်ပွဲကိစ္စနဲ့ပတ်သတ်ပြီးမင်းကိုအညှိုးထားနေမှာ အကိုစိတ်ပူတယ်”

“စိတ်ချပါ အားလီဂရုစိုက်မှာပါ”

အမှိုက်ကောင်အဖြစ်မှ ပါရမီရှင်သခင်လေးအဖြစ်ရာထူးတိုးသွားပါသော ကယ်ရီမှာမူ သူ၏ခြံထဲတွင်မြေခွေးလေးဖြင့်ဆော့ကစားနေလေသည်။ထိုစဥ် ခြံဝန်းထဲသို့ ဂိုဏ်းချုပ်ပိုင်နှင့်သခင်မပိုင်တို့ဝင်လာကာ
“နောက်ပြိုင်ပွဲအတွက်အသင့်ပြင်ထားမယ်မရှိဘူး ဒီမြေခွေးနဲ့ပဲဆော့နေလိုက်”

“ကျွန်တော့သားလေးကိုမြေခွေးလို့မခေါ်နဲ့ နာမည်ရှိတယ်ရှောင်ပိုင်လို့ခေါ် “
“ဒါကမင်းသားဆို ငါ့မြေးလား”
“ဟီးဟီး ဟုတ်တယ် အဖေ့မြေးလေး”
ရှောင်ပိုင် be like- တစ်ခုခုတော့လွဲနေတယ်နော်

“ကျွန်မသားလေး ဒီနေ့ပင်ပန်းထားတာ နားပါစေ ရှင်ဘယ်လိုဖြစ်နေတာလဲ ဒီနေ့သားလေးအနိုင်ရတိုင်း အာပြဲကြီးနဲ့ အဲ့တာငါ့သား အဲ့တာငါ့သားဆိုပြီး အော်ဟစ်ခဲ့တာသူမဟုတ်တဲ့အတိုင်းပဲ”

“အဟမ်း”ဂိုဏ်းချုပ်ပိုင်လည်း ရှက်ရမ်းရမ်းပြီး အသာချောင်းဟမ့်လိုက်သည်

ကယ်ရီလည်း အနားသို့သွားကာ
“ကျွန်တော့မှာလက်နက်ကောင်းကောင်းမရှိတာတောင်မှ ဒီလောက်ထိစွမ်းဆောင်နိုင်တာ လက်နက်လေးသာရှိခဲ့ရင်…”

“ရော့ ရော့ ရော့….
မင်းမပြောလည်း ငါပေးဖို့လာတာ “ဟုဆိုကာ သိုလှောင်အိတ်ထဲမှ ဓားတစ်ချောင်းထုတ်ကာပေးလာသည်…

“အဖေ့ဓားကြီးက အကြီးကြီးပဲလှလဲမလှဘူး တခြားဟာနဲ့ပြောင်းပေး”

ပါပါးပိုင်လည်း ဒေါသထွက်စွာ
“ဟိတ်ကောင် ပိုင်ရှီရှန်း
ဒါငါတောင်မကိုင်ရက်တဲ့ ဘိုးဘွားအမွေကွ မယူချင်ပြန်ပေး”

ကယ်ရီလည်း ဓားအားအမြန်သိမ်းလိုက်ကာ
“ယူမှာ…ယူမှာ
ယူမှာလို့”

“ဟမ့်… ခွေးကောင်လေး”

Zawgyi

ၿပိဳင္ပြဲပုံစံမွာ ရႈံးထြက္ၿပိဳင္ရသည့္ပုံစံမ်ိဳးျဖစ္သည္ ။ ၿပိဳင္ဖက္ေ႐ြးခ်ယ္ရသည့္ ပုံစံမွာမူ မဲႏွိုက္၍ေ႐ြးခ်ယ္ျခင္းျဖစ္သည္ ။ အနိုင္ရရွိသူ ထြက္ေပၚလာပါက တျခားသူမ်ားက ထိုသူအား စိန္ေခၚၿပိဳင္ပြဲၿပိဳင္ခြင့္ရွိသည္ ။ စိန္ေခၚသူအနိုင္ရရွိခဲ့ပါက ပထမေနရာအား ထိုစိန္ေခၚသူပိုင္ဆိုင္ခြင့္ရွိသည္။ယခင္ႏွစ္က မူလကိုယ္မွာ ၿပိဳင္ပြဲတြင္အနိုင္ရရွိခဲ့သည့္ဟယ္စစ္ယြမ္အားစိန္ေခၚကာ ေခြးလိုႏြားလိုအရိုက္ခံခဲ့ျခင္းျဖစ္သည္…

“ငါနိုင္မယ္ထင္လား”

[ Host မနိုင္လို႔မရဘူးေနာ္ မစ္ရွင္က ပထမရဖို႔ေနာ္ မဟုတ္ရင္ ေနာက္ၿပိဳင္ပြဲအတြက္ႏွစ္ေတြအမ်ားႀကီးထပ္ေစာင့္ရလိမ့္မယ္]

“ဇာတ္လိုက္ေရာ ဇာတ္လိုက္မေရာ ငါနဲ႕မတိုးေစနဲ႕ ႏွစ္ေယာက္လုံးကို ဝက္ေခါင္းပုံထြက္ေအာင္ရိုက္ပစ္မယ္”

[မိန္းကေလးကိုေရာ ရိုက္မွာေပါ့ Host လူဆိုးေကာင္]

ကယ္ရီ system ႏွင့္စကားေျပာေနစဥ္ ဇာတ္လိုက္မ ၿပိဳင္ရသည့္အလွည့္သို႔ေရာက္လာခဲ့သည္။ ေ႐ႊလက္ေခ်ာင္းမ်ားပိုင္သည့္ ေ႐ႊေပါင္လုံးႀကီးကိုဖက္ထားခြင့္ရတဲ့ဇာတ္လိုက္မမွာ ဇာတ္လိုက္ေပးထားေသာ ေမွာ္လက္နက္မ်ားအကူအညီျဖင့္ ၿပိဳင္ဖက္အား တစ္ခ်က္တည္းႏွင့္ပင္အလြယ္တကူအနိုင္ရခဲ့ကာ သူ၏ေ႐ႊေပါင္လုံးပိုင္ရွင္မွာလည္းထိုနည္းလည္းေကာင္းပင္ျဖစ္သည္။ ထို႔ေနာက္ တျခားဂိုဏ္းအခ်င္းခ်င္းၿပိဳင္သည့္ၿပိဳင္ပြဲမ်ားလည္းၿပီးသြားကာ အနိုင္ရသူအသီးသီးထြက္ေပၚလာခဲ့သည္…

“ေနာက္ပြဲစဥ္ မဟူရာဂိုဏ္းမွပိုင္ရွီရွန္းႏွင့္ ေ႐ႊဖားျပဳတ္ဂိုဏ္းမွေရွာင္းေရွာင္”

ကယ္ရီစင္ေပၚေရာက္ေတာ့ ၿပိဳင္ဖက္က သက္ျပင္းခ်ကာ
“စင္ေပၚမွာအၾကာႀကီးေနၿပီး ငါ့ရဲ႕အစြမ္းအစေတြကိုထုတ္ျပမလို႔ပါဆို တစ္ခ်က္ရိုက္႐ုံနဲ႕လြင့္ထြက္သြားမဲ့ မင္းလိုအမွိုက္ေကာင္နဲ႕လာတိုးရတယ္လို႔ ငါေတာ္ေတာ္ကံဆိုးတာပဲ “

ကယ္ရီလည္းၿပဳံးကာ
“ငါတစ္ခုသိခ်င္လို႔ ေမးလို႔ရမလား”

“ေမး”

“မင္းတို႔တစ္ဂိုဏ္းလုံးကမင္းလိုဖားျပဳတ္႐ုပ္ေတြႀကီးပဲလားဟင္”

“ဘာကြ…..ေသေပေတာ့အမွိုက္ေကာင္” ဟုဆိုကာ ကယ္ရီအားသူ၏လက္နက္ျဖင့္လႊဲရိုက္လိုက္သည္။ ေရွာင္းေရွာင္၏လက္နက္မွာ ထိပ္တြင္သံဆူးလုံးတပ္ထားေသာၾကာပြတ္ရွည္ျဖစ္သည္။ကယ္ရီလည္းကိုယ္ေဖာ့သိုင္းျဖင့္ေရွာင္လိုက္ရင္း ေရွာင္းေရွာင္ထံသို႔မီးလက္ဝါးတစ္ခ်က္ပစ္သြင္းလိုက္သည္။ ေရွာင္းေရွာင္လည္းအထိနာသြားကာ မ်က္လုံးမ်က္ဆံျပဴးျဖင့္
“မင္း…မင္း…အဆင့္၇”
“ဘာလဲ ေဖေဖႀကီးလို႔ေခၚခ်င္သြားၿပီမလား” ဟုဆိုကာ ေရွာင္းေရွာင္ထံသို႔ မီးလုံးအမ်ားအျပားဆက္တိုက္ပစ္သြင္းလိုက္သည္။ ေရွာင္းေရွာင္လည္းအလွ်င္အျမန္ေရွာင္ကာ အဆိပ္ျမဴမ်ားစင္ျမင့္အျပည့္လႊမ္းၿခဳံပစ္လိုက္သည္….
“ဟား ဟား ဟား မင္းဘာတတ္နိုင္ေသးလဲ
ငါ့အဆိပ္ကေန မင္းေျပးလို႔လြတ္မွာလား”
ထိုအခိုက္တြင္ အဆိပ္ေငြ႕မ်ားအလယ္မွ ဧရာမမီးေလေပြႀကီးတစ္ခုေပၚလာကာ အဆိပ္ျမဴမ်ားအားတိုက္စားပစ္လိုက္သည္….
“မင္း…..”
ကယ္ရီ ထိုလူအံ့ၾသေနစဥ္မွာပဲ တာ့တာဟုဆိုကာ ေနာက္ေျခကန္ခ်က္ျဖင့္ကြင္းအျပင္သို႔လြင့္သြားေအာင္ကန္ထုတ္လိုက္သည္။

“အနိုင္ရရွိသူ မဟူရာဂိုဏ္း ပိုင္ရွီရွန္း”

သခင္မပိုင္လည္း ဟန္မေဆာင္နိုင္ေအာင္ၿပဳံးကာ “ကြၽန္မသားေလးအေတာ္ဆုံးပဲ ရွင္ျမင္လား ကြၽန္မသားေလးကို”

“ကိုယ္ျမင္ပါတယ္ကြာ ကိုယ့္သားဘယ္ေလာက္ေတာ္လဲ”

ပြဲၾကည့္ေနသည့္သူမ်ားကလည္း အုံအုံက်က္က်က္ျဖစ္သြားသည္…
“ဒီအမွိုက္သခင္ေလးကို ငါတစ္သက္လုံးအဆင့္မတက္ေတာ့ဘူးထင္တာ အခုအဆင့္၇ေတာင္ေရာက္သြားၿပီ အံ့ၾသစရာပဲ အံ့ၾသစရာပဲ “

“သူေစ့စပ္ပြဲပ်က္သြားေတာ့အသဲကြဲၿပီးေတာ့မ်ား မိစၥာအတတ္ေတြက်င့္လိုက္တာမ်ားလား”

“သူသာမိစၥာက်င့္ႀကံသူဆို ဟိုးထိပ္မွာထိုင္ေနတဲ့မင္းဘိုးေအေတြကလာစစ္မွာေပါ့ အခုလိုၿငိမ္ေနစရာအေၾကာင္းမွမရွိတာ”

“ဟုတ္သားပဲ “

အမ်ိဳးသမီးက်င့္ႀကံသူမ်ားကလည္း
“သခင္ေလးပိုင္ကဒီေလာက္ေခ်ာတာ အမွိုက္ျဖစ္စရာလား လူေတြမ်ားမနာလိုျဖစ္ၿပီးသတင္းအမွားေတြနဲ႕ငါတို႔ကိုအေမွာင္ဖုံးေအာင္လုပ္ထားၾကတာ”

“ဟုတ္ပါ့ ဒီေန႕ကစၿပီး ငါ့ရဲ႕နတ္သားေလးက မဟူရာဂိုဏ္းကသခင္ေလးပိုင္ျဖစ္သြားၿပီ “

“ငါေရာပဲ ငါေရာပဲ “

ဆက္လက္၍ ကယ္ရီေလးပြဲဆက္တိုက္အနိုင္ရကာ ထိပ္ဆုံးဆယ္ေယာက္စာရင္းထဲဝင္သြားခဲ့သည္

“ထိပ္ဆုံးဆယ္ေယာက္ရဲ႕အမည္စာရင္းကိုေၾကျငာပါမယ္

တိမ္ၿပိဳဂိုဏ္းမွ ဟယ္စစ္ယြမ္
တိမ္ၿပိဳဂိုဏ္းမွ ဟူလီနာ
ေ႐ႊဖားျပဳတ္ဂိုဏ္းမွ ေရွာင္သာ့
မဟူရာဂိုဏ္းမွ ပိုင္ရွီရွန္း
မဟူရာဂိုဏ္းမွ က်န္းစစ္
မိုးျပာဂိုဏ္းမွ ယန္ဟယ္စန္း
မိုးျပာဂိုဏ္းမွ ယန္ဟယ္စစ္
မိုးျပာဂိုဏ္းမွ ယန္ဟယ္ဝူ
က်ားသစ္နက္ဂိုဏ္းမွ အားေမာက္
ေက်ာက္စိမ္းဂိုဏ္းမွ ယြီယင္
(A/N- ငါေလး လွ်ာကိုရွည္တယ္ ဒီတိုင္း၁၀ေယာက္ဆို ၿပီးေနတာကို)

ပြဲစဥ္ေတြကို မနက္ျဖန္မွာဆက္လက္က်င္းပသြားပါမယ္ အားလုံးအနားယူနိုင္ဖို႔ စီစဥ္ေပးထားပါတယ္ စိတ္ေအးလက္ေအးအနားယူၾကပါ

တစ္ဖက္ တိမ္ၿပိဳဂိုဏ္းေနရာတြင္
“ဟြန့္…ထိပ္ဆုံးဆယ္ေယာက္ထဲဝင္တာဘာလုပ္ရမွာလည္း အကိုစစ္ယြမ္က သူ႕လိုအမွိုက္ရဲ႕ၿပိဳင္ဖက္ကိုမဟုတ္တာ”

“အားလီ အကယ္၍သူနဲ႕ၿပိဳင္ရမယ္ဆိုရင္သတိထားေနာ္ မင္းတို႔က က်င့္ႀကံဆင့္အတူတူပဲ ဒီေလာက္အခ်ိန္တိုတိုအတြင္းမွာ အဆင့္ေတြအမ်ားႀကီးတိုးလာတာ မရိုးသားဘူး ေနာက္ၿပီးေစ့စပ္ပြဲကိစၥနဲ႕ပတ္သတ္ၿပီးမင္းကိုအညွိုးထားေနမွာ အကိုစိတ္ပူတယ္”

“စိတ္ခ်ပါ အားလီဂ႐ုစိုက္မွာပါ”

အမွိုက္ေကာင္အျဖစ္မွ ပါရမီရွင္သခင္ေလးအျဖစ္ရာထူးတိုးသြားပါေသာ ကယ္ရီမွာမူ သူ၏ၿခံထဲတြင္ေျမေခြးေလးျဖင့္ေဆာ့ကစားေနေလသည္။ထိုစဥ္ ၿခံဝန္းထဲသို႔ ဂိုဏ္းခ်ဳပ္ပိုင္ႏွင့္သခင္မပိုင္တို႔ဝင္လာကာ
“ေနာက္ၿပိဳင္ပြဲအတြက္အသင့္ျပင္ထားမယ္မရွိဘူး ဒီေျမေခြးနဲ႕ပဲေဆာ့ေနလိုက္”

“ကြၽန္ေတာ့သားေလးကိုေျမေခြးလို႔မေခၚနဲ႕ နာမည္ရွိတယ္ေရွာင္ပိုင္လို႔ေခၚ “
“ဒါကမင္းသားဆို ငါ့ေျမးလား”
“ဟီးဟီး ဟုတ္တယ္ အေဖ့ေျမးေလး”
ေရွာင္ပိုင္ be like- တစ္ခုခုေတာ့လြဲေနတယ္ေနာ္

“ကြၽန္မသားေလး ဒီေန႕ပင္ပန္းထားတာ နားပါေစ ရွင္ဘယ္လိုျဖစ္ေနတာလဲ ဒီေန႕သားေလးအနိုင္ရတိုင္း အာၿပဲႀကီးနဲ႕ အဲ့တာငါ့သား အဲ့တာငါ့သားဆိုၿပီး ေအာ္ဟစ္ခဲ့တာသူမဟုတ္တဲ့အတိုင္းပဲ”

“အဟမ္း”ဂိုဏ္းခ်ဳပ္ပိုင္လည္း ရွက္ရမ္းရမ္းၿပီး အသာေခ်ာင္းဟမ့္လိုက္သည္

ကယ္ရီလည္း အနားသို႔သြားကာ
“ကြၽန္ေတာ့မွာလက္နက္ေကာင္းေကာင္းမရွိတာေတာင္မွ ဒီေလာက္ထိစြမ္းေဆာင္နိုင္တာ လက္နက္ေလးသာရွိခဲ့ရင္…”

“ေရာ့ ေရာ့ ေရာ့….
မင္းမေျပာလည္း ငါေပးဖို႔လာတာ “ဟုဆိုကာ သိုေလွာင္အိတ္ထဲမွ ဓားတစ္ေခ်ာင္းထုတ္ကာေပးလာသည္…

“အေဖ့ဓားႀကီးက အႀကီးႀကီးပဲလွလဲမလွဘူး တျခားဟာနဲ႕ေျပာင္းေပး”

ပါပါးပိုင္လည္း ေဒါသထြက္စြာ
“ဟိတ္ေကာင္ ပိုင္ရွီရွန္း
ဒါငါေတာင္မကိုင္ရက္တဲ့ ဘိုးဘြားအေမြကြ မယူခ်င္ျပန္ေပး”

ကယ္ရီလည္း ဓားအားအျမန္သိမ္းလိုက္ကာ
“ယူမွာ…ယူမွာ
ယူမွာလို႔”

“ဟမ့္… ေခြးေကာင္ေလး”

Tags: read novel System 286 (On Going) Arc 4.8(ပိုင်ရှီရှန်း), novel System 286 (On Going) Arc 4.8(ပိုင်ရှီရှန်း), read System 286 (On Going) Arc 4.8(ပိုင်ရှီရှန်း) online, System 286 (On Going) Arc 4.8(ပိုင်ရှီရှန်း) chapter, System 286 (On Going) Arc 4.8(ပိုင်ရှီရှန်း) high quality, System 286 (On Going) Arc 4.8(ပိုင်ရှီရှန်း) light novel, ,

Comment

Leave a Reply

Chapter 55