Wrong Time Right Person(Completed) part (29)unicode

A+ A-

Wrong time right person

အပိုင်း( ၂၉)

“ဝေ….ဝေ…”
“အင်း…ဝါး”

ပခုံးအား လှုပ်နိုးခံရခြင်းနှင့် အတူ
ခန္ဓာကိုယ် အား အညောင်းဆန့်ကာ တစ်ချက်သမ်းဝေလိုက်သည်။
လေယာဥ်မယ်လေး၏ လမ်းညွှန်ချက် စကားသံအဆုံး လေယာဥ်မှာ တဖြည်းဖြည်း နိမ့်၍ဆင်းလာကာ
လေယာဥ်ပြတင်းပေါက်မှတစ်ဆင့်
ရွှေဆောင်နှင့် မတူသော ခေတ်မှီ သစ်ဆန်းသည့် အထပ်မြင့်အဆောက်အဦးများနှင့် မြင်ကွင်းက ဆီးကြိုနေ၏။ လေယာဥ်ဘီးနှင့် ပြေးလမ်းထိတွေ့ချိန်
အနည်းငယ် ယိမ်းခါသွားသော
လေယာဥ်ကိုယ်ထည်ကြောင့်
နန်းဦး က ခေါင်းကို ကိုကို့ ရင်ခွင်ထဲပစ်ဝင်ကာ နားအားပိတ်ထားလိုက်သည်။

ကိုကို ကလည်ကုပ်မှနေ၍ သိုင်းဖက်ထားကာ လေယာဥ်လုံးဝ ဆိုက်သွားပြီ ဆို မှ နန်းဦး မျက်နှာအား ဆွဲခွာ လိုက်သည်။

“အိပ်ပုပ် အိပ်နေတုန်းက ကြောက်ရမှန်းမသိဘူးမှလား”
“အိပ်နေတုန်းတော့ ဘယ်သိမလဲ ကိုကိုရ ပေးကျတော့ကို အိတ်တစ်လုံး”

ခရီးဆောင်အိတ်တစ်လုံးနှင့်
ကျောပိုးအိတ်တစ်လုံးပဲ ဖြစ်ကာ
ကျောပိုး အိတ်ကို နန်းဦး က လှမ်းယူလိုက်သည်။
ညဘက်ဖြစ်သော်လည်း မီးရောင်စုံများမှာ နေ့ဘက်လို လင်းချင်းနေ၏။
မျက်နှာစိမ်း လူမျိုးခြားများသာ ဖြစ်ကာ ကိုယ်မသိသည့် မျက်နှာ များကြားအနည်းငယ်မူးနောက်လာ၏။
ကိုကို က ခရီးသည် လာကြိုကြသူများ ဘက် ကျီး ကန်းတောင်းမှောက်ကြည့်နေပြန်သည်။

“လာကြိုတဲ့သူရှိလား ကိုကို”
“အင်း ကိုယ်ကျောင်းတုန်းက သူငယ်ချင်း”
” welcome -Kyi Thu Moe Myae”
ဟူသော ဘုတ်ပြားလေးကိုင်လျက်
ခရီးသည် မျှော်နေသူမှာ
ယောကျာ်းလေးတစ်ယောက်မဟုတ်ပဲ အမျိုးသမီး တစ်ယောက်ဖြစ်နေလျှင်
နန်းဦး နှုတ်ခမ်းက မသိမသာစူသွားလေသည်။
ကြည်သူကိုယ်တိုင်လည်း မိုက်ခ် အစား
ပိုလီ ကိုတွေ့လိုက်ရတာမို့
မျက်ခုံးတစ်ချင့် ပင့်သွားရသည်။
နန်းဦး ဘက်ကြည့်လိုက်တော့
နှုတ်ခမ်းလေးစူကာ
သူ့လက်မောင်းအား ပိုပိုသာသာ ခိုစီးလာလျက် ပိုလီဘက်

“တွေ့လား ငါ့အပိုင်”

ဆိုသည့်သဘောဖြင့် ကြည့်နေ၏။
ပိုလီမှာ အရပ် က နန်းဦး နှင့် မတိမ်းမယိမ်းဖြစ်ကာ ငွေရောင်ဆံပင် ခွေလိပ်လိပ်များက ပခုံးတစ်ဝှိုက်ဝဲနေ၏။
မျက်အိမ်ကျယ်ကျယ် နှာခေါင်းချွန်ချွန် နှုတ်ခမ်းပါးပါးနှင့် ဖြစ်ကာ
ကြည့်ကောင်း၍ ချောမောသူဖြစ်သည်။ ကိုကို နှင့် အပြန်အလှန် နှုတ်ဆက်ပြီး ကိုကို၏ အားနေသော
လက်တစ်ဖက်ဖြင့် လက်ဆွဲနှုတ်ဆက်နေပြန်သည်။
နန်းဦး သာ မပါလျှင် ပွေ့ဖက်နှုတ်ဆက်ပြီး ပြင်သစ်အနမ်းတွေပါ နမ်းဦးမလား မသိပါ။
နန်းဦး က ပိုလီသည် ကြည်သူ့သူငယ်ချင်း မိုက်ခ် ၏ ချစ်သူ ဖြစ်သည်ကိုမသိပါ။
တစ်ကိုယ်တည်း အတွေးကမ္ဘာထဲ ကိုယ့် လူကိုသာ အူတိုနေ၏။
ပိုလီက ကြည်သူနှင့်
စကားအနည်းငယ် ပြောပြီးသော အခါ နန်းဦး ဘက် လက်ထိုးပေးလာ၏။

“နှုတ်ဆက်လိုက်ဝေ”

ကိုကို ကပါ ပြောလာသည်မို့ မကောင်းတတ်သဖြင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။
ပိုလီက သွားတန်း ညီညီများ ပေါ်သည်အထိ အားရပါးရ ရယ် ကာ ရှေ့မှဦးဆောက်လျက် ကားဆီထွက်သွားလေသည်။

“မျက်နှာကိုလည်း ပြင်ပါဦး ဝေရဲ့
ပိုလီ က ကိုယ့် သူငယ်ချင်းရဲ့ပါတနာပါ ခုလည်း ကိုယ့်သူငယ်ချင်းက အရေးပေါ် အစည်းအဝေးရှိလို့
သူ့ကောင်မလေးကို လွှတ်လိုက်တာ “
“ကျတော်မှ မသိတာ ကိုကိုတို့ကဘာတွေပြောနေမှန်းလဲမသိဘူး”

တစ်လုံးတစ်လေတော့ နန်းဦး နားလည်ပေမယ့် အင်္ဂလိပ်လိုကို မြန်မြန်ဆန်ဆန်ကြီး ပြောနေတာထိဆိုနန်းဦးနားမလည်ပါ။ ကျောင်းတုန်း ကအင်္ဂလိပ်စာကို
စာမေးပွဲအတွက်သာ
ကြက်တူရွေးနှုတ်တိုက် ကျက်ခဲ့တာ နောင်တရမိသည်။
ကားဆီရောက်တော့ ပိုလီက
ကားကို ဟန်ပါပါမှီ၍ရပ်နေကာ
ကိုကို့ ဆီ ကားသော့ ပစ်ပေးလေသည်။
ခရီးဆောင်အိတ်များအား
ကားနောက်ခန်းထဲသို့ ထည့်ကာ
မောင်းသူနေရာတွင် ကိုကိုက နေရာယူလိုက်သည်။
ပိုလီက အလိုက်တသိ ကားနောက်ခန်းတံခါးဖွင့် ၍ ဝင်ထိုင်နေကာ
လက်ကိုင်ဖုန်းတစ်လုံးနှင့် ဖုန်းပြောနေလေရာ ကိုကို့ ဘေးမှနေရာသည်
နန်းဦး အတွက် အော်တိုဖြစ်သွားလေသည်။
ဒီလိုဆိုပြန်တော့ လည်း ပိုလီကို ကျေးဇူးတင်ကာ အားနာရပြန်သည်။
နန်းဦး ကသာ တစ်ဖက်သတ် အူတိုနေကာ သဘောထားသေးသလိုဖြစ်သွားသည် မဟုတ်ပါလား။
နေရာအသစ်သည် ကြက်ပျံမကျ စည်ကား လျက် လူများ ကား များမှာ ပျားပန်းခတ်မျှလှုပ်ရှားနေကြသည်။
လမ်းများမှာ ညီညာချောမွတ်နေကာ
အမှိုက်တစ်စပင်ရှိမနေ။

“”ကြိုက်လား ဝေ ဒါကိုယ်ကျောင်းတက်ခဲ့တဲ့ မြို့လေ ကျွန်းလှမှာ ဝေနဲ့တွေ့ပြီး နောက်ရက် ဒီရောက်လာခဲ့တာ
Usကလမ်းမတွေက
ကိုယ်တို့ ဆီကလို မမှောင်ဘူးလေ
ဟုတ်တယ်မှလား”
“အင်း”

ကားပြတင်းပေါ်မှေးတင်လျက်
ညအချိန်ထိ မအိပ်မစက်ပဲ
စည်ကားနေသည့် လမ်းမများပေါ် လိုက်ကြည့်နေမိသည်။
ကားစီးလာတာ တစ်နာရီကျော်သည်အထိ လိုရာခရီးမရောက်သေး
ကိုကို အင်္ဂလိပ်သီချင်းတစ်ပုဒ်အား
ဖွင့်ကာ လိုက်ညည်းရင်း နန်းဦး လက်အား လာရောက်ဆုပ်ကိုင်လေသည်။

“ရောက်တော့မယ်ဝေ”

မကြာပါ ကားလေးမှာ အထပ်မြင့်အဆောက်အအုံတစ်ခုရှေ့ထိုးရပ်သွားလေသည်။
ပိုလီက သူတို့အား ပို့ပေးပြီးသည်နှင့်
မနက်ဖြန်အတွက် အချိန်းအချက်လုပ်ကာ
ချက်ချင်းပြန်သွားလေသည်။

************

ဝါရှင်တန်ရဲ့ ညရှုခင်း
သည် မီးရောင်များအောက်တွင် လှုပ်ရှားသက်ဝင်နေ၏။
တစ်ချက်တစ်ချက် သီချင်းသံသဲ့သဲ့ ပျံ့လွှင့် လာလျှင် ညလုံးပေါက် ဖွင့်သော
ဘားများ ကလပ်များ ဖြစ်မည်ဟု မှတ်လိုက်သည်။
အထုပ်အပိုးများနေရာချပြီးလျှင်
မနက်သုံးနာရီခန့်သာ ရှိသေးသော်လည်း အိပ်ချက်စိတ်မရှိသဖြင့်
ဝရံတာဆီထွက်လာလိုက်သည်။
ကိုကိုက ကော်ဖီတစ်ခွက်အား
နန်းဦး ဆီလှမ်းပေးကာ
ခြုံစောင်တစ်ခု အား ပခုံးမှ လွှားခြုံပေးလိုက်သည်။
ထို့နောက် သူ့အရပ်ကလန်ကလားအား
ကုန်းကွကာ
နန်းဦး ပခုံးပေါ် မှေးတင်လျက်
လည်ပင်းဆီ နှုတ်ခေါင်းချွန်ချွန်များက
ကျီစယ်၏။
လက်တစ်ဖက်က ခါးသိမ်သိမ်လေးအား သိုင်းဖက်ကာ

“ကိုယ် နဲ့ လိုက်လာတာ ပျော်လားဝေ”

“အိပ်မက်လိုပဲ ကျတော်က ကိုကို့ ဆီတစ်ချိန်လုံး မျှော်ကြည့်ခဲ့သူမို့လားမသိဘူး တကယ်တမ်းကိုကို့ ကို
ပိုင်ဆိုင်ခွင့်ရပြီး ကိုကိုနဲ့ လေထုကို နီးနီးကပ်ကပ်ရှူနေရတာ မယုံနိုင်သေးဘူး”

“အိပ်မက်ဟုတ်မဟုတ် သိရအောင်
ဒီဘက်လှည့်လိုက်ဝေ ကိုယ်တို့ အောက်ဆီဂျင်ကို မျှသုံးရအောင်”

“ပြွတ်စ်”

ကျောခိုင်းနေရာမှ ဝိုင်နီရောင် နှုတ်ခမ်းများအား စနမ်းလာသူမှာ နန်းဦးဖြစ်ကာ
မသေမသပ်ပရမ်းပတာ အနမ်းများအား ကြည်သူက အသည်းယားစွာခံယူ၏။
ထို့နောက် အားမလိုအားမရဖြစ်လာကာ
လျှာဖျားဖြင့် ပါးစပ်အား ဖွင့်စေကာ
တစ်ဖက်မှ လျှာဖျားနီနီလေးအား စုပ်လုံးလိုငုံစုပ်လိုက်ရာ
လောလောလတ်လတ်သောက်ထားသော ကောဖီရနံ့များမှာ ရောထွေးသွားလေသည်။
ကိုကိုပြောသလို အောက်ဆီဂျင်အား မျှရှူရင်း ပြတ်လပ်လာသောအခါ ရင်ဘတ်မှာနိမ့်ချည်မြှင့်ချည်။

“တော်..ပြီ “
“အိပ်မက်ဆို”
“သိပြီလို့”
“ဟား….ကိုယ်ကမရတော့ဘူး”
“အင့်!”

ပြောရင်း လှစ်ဟာနေသော ဖြူနုစိုဝင်းနေသည့် ပခုံးသားလေးအား ငုံကိုက်လိုက်ပြန်သည်။
ထို့နောက်နန်းဦးအား ခါးမှ ချီမကာ
မှန်စားပွဲရှည်ပေါ် ကောက်တင်တော့
ကျောပြင်မှာ အေးကနဲ။

“နေဦး ဒီမှာလား”
“အင်းဘာမှမဖြစ်ဘူး မှန်က တူနဲ့ထုရင်တောင်မကွဲဘူး”

နန်းဦး မှာ စားပွဲပေါ်ပက်လက်လေးဖြစ်သွားကာ ကြည်သူက မတ်တပ်အနေအထားဖြင့် ခါးကိုင်းကာ
နန်းဦး ကိုယ်ပေါ်ပြန်လည်အုပ်မိုးလာ၏။
နန်းဦး ကိုယ်ပေါ်မှ အဝတ်အစားများလစ်ဟာသွားခြင်းနှင့်အတူ
ခေါင်မိုးစွန်းမှ ညငှက်ကလေးမှာ
ဂစ်ကနဲတစ်ချက်အော်ကာထပြန်သွားလေသည်။…

********
“ဟပ် ဟပ်ချိုး”
“နိုးပြီလား”
“ကျတော် အိပ်ပျော်သွားတာလား”
“အင်း တန်းလန်းကြီး”
“ကိုကို ဆိုးလို့လေ ဟပ် ချိုး”
“အအေးတွေပတ်ကုန်ပြီ ထ ကိုယ်ရေနွေးနဲ့ ရေချိုးဖို့ ရေစပ်ပေးထားတယ်”

ကလေးပိစိလေးလို လုံးထုပ်၍ ခြုံထားသော စောင်အား ဆွဲခွာလိုက်လျှင်
နန်းဦး က အတင်းပြန်ဆွဲလေသည်။

“ပုဆိုးတစ်ထည်အရင်ပေး”
“ဒီမှာ ဘာပုဆိုးရှိမှာလဲဝေရဲ့
လာပါ ကိုယ် အကုန်မြင်ဖူးပြီးသားကို”
“အကုန်မြင်ဖူးပြီးသား ဆိုပြီး ကျတော့က ကိုကိုရှေ့မှာ ဖင်တုံးလုံးကြီး အမြဲနေရမှလား ဖယ် ဗျာ ကိုယ့် ဘာသာကိုယ် ထမယ်”

အတင်းချီမရန်ပြင်နေသော ကြည်သူအား တွန်းဖယ်ကာ နန်းဦး က ကိုယ်ကို စောင်ပတ်လျက်ထရပ်လိုက်သည်။

“ကိုယ်ကပဲ အပြင်ထွက်ပေးပါ့မယ်ကွာ ဒီစောင်ကြီးပတ်ပြီး တာဇံကျနေတာပဲ”
“ကိုကိုနော် ဘယ်သူလုပ်ထားလို့ ဒီလိုဖြစ်နေတာလဲ စားပြီးနားမလည်တာ
ကိုကို မဟုတ်ဘူးလား အိပ်ပျော်သွားတယ် ဆိုရင်လည်း အဝတ်လေးတော့ ပြန်ဝတ်ထားပေးလေဗျာ”

“အေးပါ ကိုယ့်အပြစ်ပါ
လုပ်လုပ် အပြင်မှာ မိုက်ခ် တို့ ရောက်နေတာကြာပြီ”

ဘယ်အချိန်တည်းက ထပြီး မင်းသားရှုံးအောင်ပြင်ထားတယ် မသိသော သူမှာ အခန်းပြင်ထွက်သွားမှ နန်းဦးက စောင်ကို ခွာချကာ ရေချိုးခန်းဆီထပြေးရသည်။
တစ်ကိုယ်လုံး ညစ်ပတ်ပေရေမနေပုံ ထောက်ရင်
သန့်ရှင်းရေးတော့ လုပ်ပေးထားပုံရကာ
အဝတ်က ဘာလို့ဝတ်မပေးတာလဲ။
ရေနွေးအား စိမ်ပြေနေပြေစိမ်ကာ ချိုးလိုက်တော့ ညောင်းညာကိုက်ခဲနေသည်များမှာ ပြေလျော့သွားသော်လည်း
တစ်ကိုယ်လုံး စုန်းစုပ်ထားသလို အနီကွက်များမှာ ရေချိုးထားသဖြင့်
ဖြူကြည်နေသော အသားအရေတွင် ပို၍ထင်းနေတော့သည်။

“အလကား စုန်းထီး အခွင့်အရေးရရင် ခင်ဗျားကို အဲလိုပြန်စုပ်ဦးမယ်”

bathrobeအဖြူရောင်တစ်ထည်ယူဝတ်ကာ ရေချိုးခန်းအပြင်ထွက်လာလိုက်သည်။
စွပ်ကျယ် အဖြူတစ်ထည်ကောက်စွပ်လျက် အပေါ်က လည်ပိတ်ဆွယ်တာ တစ်ထည် ကောက်စွပ်လိုက်ရာ မမြင်အပ်သော အရာများမှာ
အင်္ကျီ အောက် ကွယ်ပျောက်သွားတော့သည်။ ထို့နောက်
စတိုင်ဘောင်းဘီ အဖြူတစ်ထည် ဝတ်ကာ ဧည့်ခန်းထဲ ထွက်လာလိုက်သည်။
ပိုလီအား မြင်ဖူးပြီးပြီမို့
ခေါင်းအဖြူရောင်နှင့် သူစိမ်းတစ်ယောက်မှာ ကိုကို့ သူငယ်ချင်း မိုက်ခ်ဆိုသူဖြစ်ပုံရကာ
နန်းဦး က ပြုံးပြလိုက်လေသည်။

“morning မြေ့ရဲ့ အသက်လေး”
“ဗျာ”

လူဖြူထက်တောင် ဖြူသော လူဖြူဆီမှ မြန်မာစကားသံပီပီသသကြီးနဲ့ နှုတ်ဆက်လိုက်တော့ နန်းဦး မှာ တအံ့တသြ။

“မအံ့သြနဲ့ဝေ ဒီမျိုးမစစ်ကောင်ရဲ့ ဒယ်ဒီက မြန်မာသံရုံးမှာ တာဝန်ကျနေတဲ့ မြန်မာ စစ်စစ် သံအမတ်လေ”

ကြည်သူ၏ အပြောကြောင့် မိုက်ခ်က
ကြည်သူအား လက်ခလယ်ထောင်ပြလေသည်။
ပိုလီမှာ မြန်မာစကားအား လည်လည် ဝယ်ဝယ်မပြောတတ်ပေမယ့် အပြည့်အဝနားလည်သူဖြစ်သည်။

“ငါတို့ ဗိုက်ကိစ္စကို အရင်ဖြေရှင်းပြီးမှ လုပ်စရာရှိတာ ဆက်လုပ်ကြရအောင်လား “
“အင်း ဒီအနီးနားက ဆိုင်တစ်ဆိုင်ကို အရင်သွားကြတာပေါ့
swallowလေ ဒီဆိုင်ရှိသေးလား မင်းနဲ့ငါ ကျောင်းတုန်းက ထိုင်နေကျဆိုင်”
“ရှိပ ဆိုင်ခွဲတွေတောင် ထပ်ချဲ့ ပြီးတော်တော်အောင်မြင်နေပြီ”
“အေး အဲဒီကိုပဲ သွားကြတာပေါ့”
“ရော့ ဒီမှာ မင်းကားသော့”

ကြည်သူ က မိုက်ခ်ကမ်းပေးသော
ကားသော့ကို ယူကာ လက်ထဲတွင် ဝှေ့ယမ်းလိုက်သည်။
swallowဆိုသော ဆိုင်လေးမှာ
တစ်ဆိုင်လုံးအနက်ရောင်ဖြစ်ကာ
ကြည်သူတို့ ရောက်သည်နှင့်
လူမဲကောင်လေး တစ်ယောက်မှာ
welcome ဟုဆိုကာ မှန်တံခါးအား ဆွဲဖွင့်ပေးလေသည်။
ကောင်တာမှ ဝန်ထမ်းမှအစ ဝိတ်တာတွေအထိ လူမဲများပင်ဖြစ်ကာ
ဆိုင်ပိုင်ရှင်သည် အမဲရောင်တော်တော်ကြိုက်ပုံရလေသည်။

ကြည်သူက ကြက်မဲ ဖြင့် လုပ်ထားသော သီးစုံ စွပ်ပြုတ်တစ်ပွဲအား
မှာလိုက်လျှင် အမဲကမ္ဘာမှာ ပို၍ ပြီးပြည့်စုံသွားရသည်။

ပါစတာတစ်ပွဲစီအားမှာကာ မနက်စာအား ပေါ့ပေါ့ပါးပါး စားရင်း
ကိုကိုနှင့် မိုက်ခ်က ရှေးဟောင်းနှောင်းဖြစ်များအားပြောကာ ပွဲကျနေ၏။

“ဗိုက်ဝအောင် စားထားကြနော် ဒီကနေထွက်ရင် ကားကို သုံးနာရီဆက်တိုက်စီးရမှာ “

“ဒီလောက်တောင်လား”

“မင်းပဲ ကျေးလက် ဘက် အေးအေးချမ်းချမ်း နေရာမျိုးလေးလိုချင်တာဆို
ဒါကြောင့်
ငါ့မာမီ အမျိုးတွေဘက်စုံစမ်းထားပေးတာ “

“အေးပါကွာ ဝေ အသီးဖျော်ရည်လေးတစ်ခုခု သောက်ဦးမလား”

ကြက်မဲစွပ်ပြုတ်အား ဇွတ်တိုက်ထားပြီး အသီးဖျော်ရည်ပါ သောက်စေချင်သေးတာလား။
စေတနာတွေ ရေစီးကမ်းပြိုနေတာများ မသိရင်အနုနည်းနဲ့ သတ်နေသလို။

“မင်းကောင်လေး ပုံကိုလည်း ပြန်ကြည့်ဦး အင်္ဂုလိမာလ လိုမျိုးဖြစ်နေပြီ”

“ဟမ် ဘာဆိုင်လို့လဲဟ”
“မြန်မာဇာတ်တော်တွေမှာ ရှိတယ်လေ
အစားကျူးပြီးသေသွားတာ”

“fuc.k အစားကျူးတာက ဇူဇကာပါဟ အင်္ဂုလိမာလက မင်းဘောကိုဖြတ်မှာ
ပြောချင်ရင်လည်း မြန်မာသမိုင်းကိုကျေညက်အောင်လုပ်ဦး”

“သြော် ငါအမှတ်မှား လို့
ဘောဖြတ်တဲ့ကောင်ကိုး ဒါနဲ့ ထူးဆန်းနေသလားလို့ ဘောဖြတ်ပြီး သူကဘာလုပ်တာတဲ့လဲ”

“ဟားးးးဟားးးး”

နန်းဦး က အတည်ပေါက်နှင့်ပြောနေသော မိုက်ခ်အပြောကြောင့်မအောင့်နိုင်စွာ တဟားဟားအော်ရယ်လေသည်။

ပိုလီ မှာတော့ ထမင်းစားရေသောက် နားလည်ပေမယ့် မြန်မာရာဇဝင်များထဲမှ ဇာတ်ကောင်ကို မသိသည်မို့ အူတူတူလေးပြူးကြည့်နေ၏။
ကြည်သူက မှင်သေသေ ဖြင့် ဆက်၍ဖိန့်လေသည်။

“ဘောဖြတ်ပြီး လည်ပင်းမှာ ကြိုးနဲ့ သီပြီးတွဲထားတာကွာ”

“ဘောကျိန်းတာကွာ ငါ့ဒယ်ဒီက ဒါမျိုးကျ ပြောပြမထားဘူးကွ”

“သားအဖချင်း မျက်နှာ ပူလို့နေမှာပေါ့ မင်းဘာသာစာအုပ်ရှာဖတ်လေ”

“အေး ရှာကိုဖတ်ဦးမယ် “

“တော်ပြီ ဟိုကို နေ့လည်စာ အမှီရောက်အောင်သွားကြစို့”

ကြည်သူက ဝိတ်တာကောင်လေးအား
ခေါ်ကာ ဘေလ်ရှင်းလိုက်သည်။
ပိုလီက အလုပ်သွားရမှာမို့
ကားတစ်စီးယူကာ ထွက်သွားလေသည်။
မိုက်ခ်နှင့် သူတို့စုံတွဲက ကားတစ်စီးနှင့် ဝါရှင်တန်အနောက်မြှောက်ဘက်သို့ဦးတည်လိုက်သည်။
မြှားတစ်စင်းပမာ ပြေးနေသော ကားလေးသည် တဖြည်းဖြည်းနှင့်
မြို့တော်နှင့် ဝေးဝေးလာကာ
နန်းဦး သည်လည်း ကိုကို့ရင်ခွင်တွင်
အိပ်ပျော်လျက် လိုက်ပါလာရာ
အချိန်မည်မျှ ကြာသွားသည်မသိ။
မျက်လုံးဖွင့် လိုက်တော့
အစိမ်းရောင် လွင်ပြင်ကြီးနှင့်
ဟိုတစ်စုဒီတစ်စုသော
ဆေးအဖြူသုတ်ထားသည့် အိမ်ကလေးများအားတွေ့ရသည်။
ပုံစံတူအရောင်တူ အိမ်လေးများသည်
အစိမ်းရောင် သစ်တောကြီး နောက်ခံလျက် မျက်စိပသာ ဒရှိလှသည်။
တဘဲဘဲ အော်ကာ ဆိတ်တအုပ် ကားရှေ့မှနေ ဖြတ်ပြေးတော့
နွားခြံ ကိုသတိရမိသည်။
ကားလေးမှာ ဆေးဖြူသုတ်ထားသော သစ်သားခြံဝင်းထဲ ချိုးကွေ့ဝင်လိုက်သည်။
အိမ်အဖြူရောင်လေးရှေ့တွင် တုန့်ကနဲထိုးရပ်လိုက်ရာ အိမ်ထဲမှ ဗိုက်ရွှဲရွှဲနှင့် သက်ကြီး ပိုင်း လူဖြူအမျိုးသားကြီးတစ်ဦးထွက်လာ၏။
မိုက်ခ်နှင့် စကားပြောကာ အိမ်သော့အား မိုက်ခ် လက်ထဲထည့်လျက် ထွက်သွားလေသည်။

“အိမ်ကို ကြည့်ပြီး မင်းသဘောကျရင် ချက်ချင်းစာချုပ်ချုပ်လို့ရတယ် မြေ့
အိမ်အနောက်ဘက်မှာ ဥစားကြက်တစ်ခြံ ဆိတ်ခြံတစ်ခြံရှိတယ်
ဂျွန်က အသက်ကြီးပြီမို့ ဆက်မလုပ်ချင်တော့ ဘူး မင်းတို့ တစ်ခါတည်းယူရင် အများကြီး လျှော့ပေးမှာတဲ့ “

ကြည်သူက အိမ်အပြင်အဆင်အား လှည့်ပတ်ကြည့်ရင်း နန်းဦး အား အကြံတောင်းသလို ကြည့်လာ၏။
နန်းဦး က အိမ်ဖြူဖြူလေးအား
မြင်သည်နှင့် သဘောကျနေသည်ပင်။
အိမ်ရှေ့မှ ဘာပင်မှန်းမသိသော သစ်ပင်အုပ်အုပ်လေးအောက်တွင် စားပွဲအဖြူနှင့် ခေါက်ကုလားထိုင် အဖြူလေး နှစ်လုံးချထားလျှင်
မလုပ်ဖြစ်တာကြာပြီ ဖြစ်သော
စာရေးခြင်းအလုပ်ကို လုပ်လို့ကောင်းမည်ဟုတွေးမိသည်။
နန်းဦး က မျက်လုံးလေးမှိတ်ကာ ကုလားထိုင်တွင် စိတ်ကူးယဥ်နေခိုက်

“သဘောကျလားဝေ”

“ကောင်းလိုက်တာ usမှာလည်း ဒီလိုနေရာကောင်းလေးတွေရှိတာပဲ စိတ်ချမ်းသာလိုက်တာ”

“ရော့”

လက်ထဲထည့်လာပေးသော
သော့တွဲလေးအားကြည့်လျက်
နန်းဦး က နားမလည်သလို ဇဝေဇဝါ။

“ဘာလဲ ကိုကို”
“မင်းအတွက် ကိုယ့် မင်္ဂလာဦးလက်ဆောင်”
“တကယ်လားကိုကို ဒီအိမ်ကို ကိုကို ဝယ်မှာလားဟင်
ပိုက်ဆံတွေအများကြီး ကုန်မှာပေါ့”
“ကိုကို့မှာ ပိုက်ဆံက ပေါပါတယ် ဝေ
ဝေစိတ်ချမ်းသာဖို့ပဲ”
“ကျတော် ဒီမှာ ထိုင်ပြီး ဘာတွေးနေလဲ သိလား ဒီအိမ်လေးမှာ ကျတော်ချက်တဲ့ မနက်စာကို ကိုကိုနေ့တိုင်းစားပြီး မနက်ကျ အလုပ်သွား ကိုကို အလုပ်သွားတုန်း
ကျတော် က ကဗျာရေးချင် ရေးနေမယ် ဝတ္ထုတစ်ပုဒ်လည်း ရေးရင်ရေးဖြစ်မယ် …ညနေကျရင် ဒီအပင်အောက်မှလေညှင်းခံရင်း ကျတော် က ကိုကို့ကို ဘယ်လောက်ချစ်ကြောင်း ပြောပြမယ်
တစ်ချိန်ချိန်ကျရင်
ကလေးလေး နှစ်ယောက်သုံးယောက်လောက်က
အိမ်ရှေ့ မြက်ခင်းပြင်မှာ ဆော့ကစားနေမယ် “
“ကိုယ်တို့တွေ တစ်ခုချင်းကို ဖြည်းဖြည်း ချင်းလုပ်ကြတာပေါ့ဝေ…”

“ကျေးဇူးတင်ပါတယ်ကိုကို
ကျတော်ခု သိပ်ပျော်နေတယ်”

နန်းဦး က ကိုကို့ ရင်ခွင်ထဲ တိုးဝင်ကာ ဖက်တွယ်လိုက်၏။
ဒီတစ်ခါ ကြည်သူ့ရင်ဘတ်မှာ စိုရွှဲသွားသော မျက်ရည်များသည် ပျော်လွန်း၍ဖြစ်သည်။

မိုချီ (ခတ္တလူ့ပြည်)

ပြီးတော့မယ် ပြီးတော့မယ်နဲ့ ဇာတ်သိမ်းခါနီးမှ moodတွေ အရမ်းဝင်နေလို့ ဒီတစ်ပိုင်းလည်း မပြီးသေးပါဘူးဗျာ

Tags: read novel Wrong Time Right Person(Completed) part (29)unicode, novel Wrong Time Right Person(Completed) part (29)unicode, read Wrong Time Right Person(Completed) part (29)unicode online, Wrong Time Right Person(Completed) part (29)unicode chapter, Wrong Time Right Person(Completed) part (29)unicode high quality, Wrong Time Right Person(Completed) part (29)unicode light novel, ,

Comment

Leave a Reply

Chapter 59