Wrong Time Right Person(Completed) part10(unicode )

A+ A-

wrong time right person

အပိုင်း(အပိုင်း၁၀)

တကယ်တမ်း သွေးပူတုန်း စိတ်လိုက်မာန်ပါ ထွက်သွားဖို့ဆိုပေမယ့် နန်းဦး မှာ ကျွန်းလှ ကလွှဲလျှင်သွားစရာနေရာမရှိ။
ခုမိဘနှစ်ပါးနှင့် တစ်ဦးတည်းသော အစ်မကပါ မြို့တော်ကို ပြောင်းရွှေ့သွားပြီမို့ နန်းဦး မှာ လမ်းပျောက်ကာ နေ့ချင်းညချင်း တစ်ကောင်ကြွက်တစ်မျက်နှာလိုခံစားလိုက်ရသည်။
ယောကျာ်းနဲ့မိန်းမတွဲတွေ့လျှင်ပင် တစ်မြို့လုံး ပြောမဆုံးသော ကျွန်းလှ လိုနယ်မြို့သေးသေးလေးမှာ
နန်းဦး နာမည်သည်လည်း တံတွေးခွက်ထဲပက်လက်မျောနေလောက်ပြီ။
အစ်မ၏ ခင်ပွန်းလောင်းအား လုယူသည့်အပြင် ယောကျာ်း ချင်းချင်းဖြစ်တော့ ပို၍စကားလုပ်ပြော၍ကောင်းသွားတော့မည်။
မိသားစု လိုက် ကိုယ့်ဇာတိမြို့လေးကနေ ပြောင်းပြေးရသည်အထိ ဖေကြီးမေကြီးတို့လည်း တော်တော်အရှက်ရခဲ့ပေလိမ့်မည်။
နန်းဦး အကြောင်းအကုန်သိသော
ပြည့်စုံမှာလည်း နန်းဦး သည် အစ်မ၏ ချစ်သူအား လုယူရလောက်သည်အထိ မွှန်နေသူလို့ ထင်နေလောက်တော့မည်။
ဘယ်သူတွေဘယ်လိုထင်ထင် နန်းဦးသူငယ်ချင်းတွေတော့ နန်းဦး ဘက်ရှိစေချင်သည်။

“ဖိတ်စာ”

နန်းဦး က ကုတင်ပေါ်တွင်
ခြေဆွဲထိုင်နေကာ ကုတင်ပေါ် ဘုတ်ကနဲပစ်တင်လိုက်သော ကြည်ပြာရောင်ဖိတ်စာအား ယူမကြည့်။
ခြေထောက်တွေကိုသာ အဓိပ္ပါယ်မဲ့လိုက်ကြည့်နေ၏။

“မသိရင် ငါကပဲ အတင်းအဓမ္မလက်ထပ်ချင်နေတာ ကျလို့ မင်းမျက်နှာကိုပြင်လိုက်ရဝေနန်းဦး”
“ကျတော့ မျက်နှာက ဘာဖြစ်နေလို့လဲ”

ခေါင်းငုံထားလျက်မှ ရပ်နေသော ကြည်သူအားမော်ကြည့်ကာဆိုလိုက်ခြင်း။
နဂိုကြည်လင်သော နန်းဦး ၏ မီးခိုရောင်မျက်လုံးများမှာ စိတ်ခံစားချက်ကိုလိုက်၍
မှုန်မှိုင်းနေလျက်။
မျက်လုံးဖွဲ့စည်းပုံမျက်ရစ်အထိ နွယ်နဲ့တစ်ပုံစံတည်းဖြစ်ကာ ကြီးမား၍ နက်မှောင်သော မျက်ဆံနှင့် မျက်လုံးထဲမှ မီးခိုးရောင်မှည့်များဟာ
နွယ့်တွင်မရှိသော
ဒီကောင်လေး၏ထူးခြားချက်ပင်။
သံလိုက်ဓာတ်များပါသလို
တဒင်္ဂအကြာအကြည့်မလွှဲနိုင်ဖြစ်သွားရလျှင်

“အဟမ်း! မင်း မကြည့်တာသေချာပြီလား ဘယ်သူမှမဖိတ်ဘူးပေါ့”
“ကျတော့ မှာ ဘာမှမကျန်တော့တာ ခင်ဗျားလည်းသိနေတာပဲ
ဘယ်သူ့ကိုဖိတ်နေရဦးမှာလဲ “
“မင်းသူငယ်ချင်းတွေများဖိတ်ချင်မလားလို့ သြော် မင်းသူငယ်ချင်းဆိုမှ
ဟိုတစ်ယောက်ဆို တော်တော်ဝမ်းနည်းနေမလားပဲ”

ဘယ်တစ်ယောက်ကို ရည်ရွယ်တယ်ဆိုတာ နန်းဦး သဘောပေါက်လိုက်လျှင် ဖြူသော မျက်နှာက ချက်ချင်းနီရဲလာ၏။

“သြော် ငါမေ့သွားပြီး အစဖော်မိတယ် မင်းလည်း ဝမ်းနည်းနေမှာပေါ့
အတွင်းကျကျ ဆက်ဆံရေး ​ရှိခဲ့တာဆိုတော့”
“ခင်ဗျား ကျတော့ကို ထေ့လို့ငေါ့လို့ဝရင်ပြန်တော့ တစ်ယောက်တည်းနေချင်တယ်”
“မင်းကောင်ထိလို့ နာတယ်ပေါ့
အဲကောင်က မင်းအတွက် ဒီလိုအဓိပ္ပါယ်ရှိနေရင် ဘာလို့ ငါ့ကို ထောင်ဖမ်းသေးလဲ”
“ကျတော်ထောင်ဖမ်းတယ်လို့ထင်ရင်
ဘာလို့ကျတော့ကို လက်ထပ်ဖို့လုပ်နေသေးလဲ ခုဖျက်လိုက်လေ”
“မင်း ဒီလို အထိမခံဖြစ်နေတာကို စောက်မြင်ကတ်လို့လေ
မင်းကြောင့်ငါမပျော်ရသလို မင်းကိုလည်း မပျော်ရဘူး ရဝေနန်းဦး
တောက်!”

သူ့ဘာသာ ပြောချင်ရာပြော
သူ့ဘာသာဒေါသထွက်ကာ အခန်းတံခါးအား ဗြန်းကနဲနေအောင်ပိတ်ကာ
ထွက်သွားသူ၏ ကျောပြင်ကျယ်ကြီးအား နန်းဦး ဝမ်းနည်းစွာလိုက်ကြည့်နေမိသည်။
ကျတော်တို့တွေ ဘယ်ကစလွှဲပြီး
ဘာကစမှား ခဲ့လဲကိုကို။ ကိုကိုက
ကျတော်ချစ်တဲ့သူ အချစ်ဦးပေမယ့် ဒီလိုအခြေအနေက ရင်နာရတယ်လေ။
ခုတော့ ကိုကို အခန်းက နန်းဦး အခန်းဖြစ်ကာ ကိုကိုက မမနွယ်နေခဲ့သော အခန်းသို့ပြောင်းသွားတာဖြစ်သည်။
နန်းဦး စိတ်မကြည်သည်မို့
ကိုကို့ အခန်းထဲမှ သီးသန့်လုပ်ထားသော စာကြည့်ခန်းထဲဝင်လာလိုက်သည်။
အိပ်ခန်းတွင် သာ အိပ်ဖို့ကုတင်ကလွှဲရင်ဘာမှမထားတာ စာကြည့်ခန်းသည်
ကိုကို့အလုပ်ခန်းလည်းဖြစ်ပုံရကာ
အလုပ်စားပွဲနှင့်
ဆိုဖာဆက်တီတစ်စုံလည်းရှိသည်။
နံရံကိုကပ်၍ အကန့်ပေါင်းများစွာဖြင့် ပုံဖော်ထားသော စာအုပ်စင်တွင် စာအုပ်များထောင်ချီလိမ့်မည်။
အခန်းထောင့်တွင် ဝိုင်ပုလင်းရာချီ ထည့်ထားသော နံရံကပ် ဗီရိုကြီးရှိကာ မှန်စားပွဲနှင့် ဆုံလည်ခုံ လှလှလေး နှစ်လုံးရှိပြန်သည်။
တီဗွီအကြီးကြီးနှင့် ကာရာအိုကေစက်
တစ်ဆက်စာလုံးရှိကာ
အမွှေးပွကော်ဇောကြီးများအပြည့်ခင်းထား၏။
လိုက်ကာ အရှည်ကြီးအား ဖယ်လိုက်တော့ မှန်ပြတင်းမှတစ်ဆင့်
အလင်းရောင်လုံလုံလောက်လောက်ဝင်လာသည်မို့ အခန်းတစ်ခုလုံး ရှင်းလင်းသွားလေသည်။
မှန်ပြတင်းမှတစ်ဆင့် တစ်ဖက်မှ အိမ်အလွတ်အား ရှင်းရှင်းလင်းလင်း မြင်နေရကာ အိမ်ကြီးဘေးဘက် ခြံအနောက်ဘက်မှ အုတ်ဂူများအထိ မြင်နေရပြန်သည်။
တချို့ အုတ်ဂူများမှာ ခြုံနွယ်ပိတ်ပေါင်းတက်လျက် အုတ်ဂူအဖြူရောင်လေးသုံးခုမှာ ယှဥ်၍ချထားသလို သစ်သစ်လွင်လွင်ရှိနေသေးသည်။
နန်းဦး က ကိုကို နဲ့လက်ထပ်ပြီးရင် ဒီမိသားစုဝင်ဖြစ်မှာဆိုတော့ ဒီထဲက အုတ်ဂူတစ်ခုဟာ လည်း တစ်ချိန်ချိန်
နန်းဦးအပိုင်ဖြစ်လာလိမ့် မည်။
ကိုယ့်အတွေးနှင့်ကို ကြက်သီးများ ထလာလျှင် နန်းဦး လိုက်ကာအားဆွဲပိတ်ရန်အလုပ်
ခုဏအုတ်ဂူအသစ် သုံးခုအကြား
နန်းဦး ဘက်ကြောခိုင်းထားသော
ပုံရိပ်အားသဲသဲကွဲကွဲမြင်လိုက်ရလေသည်။ နန်းဦး နှင့်တော်တော်အလှမ်းဝေးသော်လည်း
အဖြူရောင်ဝတ်ရုံရှည်ကြီးနှင့် ဆံပင်ရှည်များ လေထဲတလွင့်လွင့်ဖြစ်နေပုံကို သဲသဲကွဲကွဲမြင်နေရ၏။
ရုတ်တရက် ကြီး နန်းဦး ရှိရာဘက် မျက်နှာလှည့်ချလာလျှင်
နန်းဦး မှာ မျက်လုံးအားချက်ချင်းမှိတ်ချကာ
လိုက်ကာစအား အသာလွှတ်ချလျက် အောက်ထပ်တန်းပြေးတော့သည်။

“ဒုန်း…ဒုန်း……”

နန်းဦး လှေကားကနေ အသားကုန်ဆင်းပြေးလာလျက် အိမ်ထဲ ဘယ်သူ့မှ မတွေ့လျှင် ပို၍သွေးပျက်သွားရသည်။
မီးဖိုချောင်တွင်ဒေါ်ဒေါ်ဥနှင့် စန်းစန်းရှိနေလောက်သည်မို့ မီးဖိုချောင်ဘက်အပြေး

“အင့်”
“အမ် အစ်ကိုလေး ကန်တော့”

နန်းဦးကအဝင် စန်းစန်းကအထွက် အရှိန်နှင့် တိုက်မိသည်ဖြစ်ကာ နှစ်ယောက်သား အရှိန်မထိန်းနိုင်ပဲ ယိမ်းထိုးကုန်၏။

“စန်းစန်း နင်တို့သခင်လေးရော”
“သခင်လေး ခုဏကအပြင်ပြန်ထွက်သွားတယ် “
“ဒေါ်ဒေါ်ဥ ရော”
“ဘာဖြစ်တာလဲ နန်းဦး လေး”
“အုတ်ဂူ အုတ်ဂူနားမှာ လူတွေ့လိုက်တယ်”
“မောင်တူးသန့်ရှင်းရေးသွားလုပ်တာနေမှာပေါ့ နန်းဦးလေးရဲ့ အသက်ရှူလိုက်ဦး
စန်းစန်း ရေအေးအေးတစ်ခွက်သွားယူချည်”
“ဟုတ်ကဲ့ ဒေါ်ဒေါ်”
“ကျတော်တကယ်တွေ့လိုက်တာ ဒေါ်ဒေါ်ဥရဲ့ ဝတ်ရုံရှည်ကြီးနဲ့ ဆံပင်လည်းအရှည်ကြီးပဲ”
“မဟုတ်တာ နန်းဦး လေးရယ် ဒေါ်ဥတို့ဒီမှာ နေလာတာ အနှစ်နှစ်ဆယ်လောက်ရှိ ဒါမျိုး တစ်ခါမှမတွေးဖူးပါဘူး နန်းဦး ညဘက်တွေအိပ်ရဲ့လား အိပ်ရေးပျက်ပြီးထင်ယောင်ထင်မှားဖြစ်တာလား”
“ဟင်အင်း တစ်ခုခုပဲ ကျတော်အတည်ပြုရမှဖြစ်မယ်”

ဆိုက္ကားဆရာကြီးပြောသလို ကိုကို့အမေများမကျွတ်မလွတ်ဖြစ်နေတာလား။
နန်းဦး နဲ့ကိုကို လက်ထပ်မှာကို သဘောမတူလို့ နန်းဦး ကို ကိုယ်ထင်ပြပြီးခြောက်လှန့်တာလား။

“ကဲပါ နန်းဦး ရယ် မယုံဘူးဆိုရင်
မောင်တူးကို ခေါ်ပြီး သွားကြည့်ချေ”
“ဟုတ်ကဲ့ စန်းစန်းလိုက်ခဲ့ပေးပါလား”

နန်းဦး က စန်းစန်း ယူလာသော ရေခွက်အား ယူသောက်ကာပြောလိုက်ခြင်း။
အသည်းငယ်တဲ့သူမဟုတ်သော်လည်း
ဒီလိုအကောင်လိုက်ကြီးတွေ့တော့
နန်းဦး လည်းမကြောက်ရအောင်
သောတာပန်မှမဟုတ်တာ။
နန်းဦး နဲ့စန်းစန်းမှာ ဦးတူးအားသစ်ခွရုံတွင်မတွေ့၍ ဦးတူးနေသော
တန်းလျားဆီ လိုက်လာလိုက်သည်။

“ဗျို့ ဦးလေးတူး”
“ဘာအလိုရှိလို့လဲ အစ်ကိုလေး”
“ဟိုလေ ခုဏက အပေါ်ထပ်ကိုကို့ စာကြည့်ခန်းကနေကျတော် အုတ်ဂူဘက်မှာ လူတွေ့လိုက်တယ် သွားကြည့်ချင်လို့ အဲဒါဦးတူးကိုလာခေါ်တာ”
“ကျုပ်ခုဏကပဲ အဲဒီဘက်ကနေလာတာ ဘာမှမတွေ့ပါဘူး”
“ဦးလေးတူး မလိုက်ရင် ကျတော့ဘာသာ သွားမယ်
လာစန်းစန်း”

နန်းဦး က စန်းစန်းကိုခေါ်ပြီးထွက်လာလိုက်လျှင် ဦးတူးမှာ သက်ပြင်းရှည်ကြီးအား မသိမသာ ချလျက် နောက်မှလိုက်လာလေသည်။
အိမ်အလွှတ်ဘက်အားကြည့်လိုက်လျှင်
အပေါ်ထပ်အခန်းတစ်နေရာမှ လှုပ်ခတ်သွားသော အဖြူရောင်အရိပ်အား လျှပ်တပြက်မြင်လိုက်တော့မှ
ဦးတူးက စိတ်အေးကာ
နန်းဦး အားအုတ်ဂူဆီ ခေါ်သွားလိုက်သည်။

“တွေ့လားသခင်လေး ဘာမှမရှိဘူး ကျေနပ်ပြီလား”
“မကျေနပ်ဘူး ကျတော်သေချာတွေ့လိုက်တာ “
“နေပူလာပြီ အစ်ကိုလေးရယ်
တော်ကြာမင်္ဂလာဆောင်ခါနီး နေလောင်ပြီးမဲသွားလို့မလှပဲနေဦးမယ်”

နန်းဦး က စန်းစန်းအား တုန့်ပြန်စကားမဆို သေဆုံးသည့်ရက်တစ်ရက်တည်း
ဖြစ်နေသည့် အဖြူရောင် အုတ်ဂူသုံးလုံးကိုသာ စိတ်ဝင်တစားကြည့်နေ၏။
ဦးကြည်သာမောင်
အသက်၃၉နှစ်
၁၉၉၀ကြာသပတေးနေ့တွင်ကွယ်လွန်အနိစ္စရောက်သည်။
ဦးမင်းမောင်မောင်
အသက်၃၈နှစ်
၁၉၉၀ကြာသပတေးနေ့တွင် ကွယ်လွန်အနိစ္စရောက်သည်။
ဒေါ်စွေသောမိုး
အသက်၃၅ကြာသပတေးနေ့တွင်ကွယ်လွန်အနိစ္စရောက်သည်။

“ထူးဆန်းလိုက်တာ”
“အုတ်ဂူက ဘာထူးဆန်းနေလို့လဲအစ်ကိုလေးရဲ့ သေရင်အားလုံး မြေကြီးထဲရောက်ရတာပဲကို”
“ဒါတော့ငါလည်းသိပါတယ်ဟ
ဒီမှာ လူသုံးယောက်တစ်ရက်တည်း
ကွယ်လွန်တာကို ပြောနေတာ
ခေမာမြိုင်မှာ ဘာတွေဖြစ်ခဲ့တာလဲ
နင်သိလားစန်းစန်း”
“မသိဘူး စန်းစန်းက ခေမာမြိုင်ရောက်တာ ငါးနှစ်ပဲရှိသေးတာ ဦးတူးကိုမေးကြည့်ပေါ့ ဦးတူး အသက်နှစ်ဆယ်လောက်တည်းကဒီမှာနေတာတဲ့”

နန်းဦး က ဦးတူးဘက်ကြည့်လိုက်လျှင် သူနှင့်မဆိုင်သလို အိမ်အလွတ်ဘက်ကိုပဲကြည့်နေ၏။

“အစ်ကိုလေးက ရုပ်ရင့်ခံပြီး ရှည်ရှည်ဝေးဝေးလိုက်တွေးနေတာ
သိချင်တာရှိရင် သခင်လေးကိုညကျမှမေးပေါ့”

စန်းစန်း စကားက ဘာလိုလိုမို့
နန်းဦး စွေကြည့်ပေးလိုက်သည်။
ဒါတောင် မိစန်းစန်းတို့က မျက်နှာပိုးမသေပဲ လာရယ်ပြနေသေးသည်။

“အဟီး”

အရှေသွားနှစ်ချောင်းကြီးကာ ဆံပင်အားနှစ်ဖက်ခွဲ၍ စုစည်းထားသော
စန်းစန်းမှာ ယုန်နှင့်တူ၏။
ကိုကို့အခန်းမှာ နန်းဦး နေတာ​ကြောင့် ကိုကိုနဲ့တူတူအိပ်တယ်လို့ အိမ်ကလူတွေထင်နေကြတာဖြစ်သည်။

“ပြန်ရအောင်”

နန်းဦး က ကိုကို့ကိုပဲမေးတော့မည်ဟု ဆုံးဖြတ်ကာ အိမ်ပြန်လာလိုက်တော့သည်။
တစ်ခုခုမှ သေသေချာချာမသိရလျှင် နန်းဦး သိချင်စိတ်ကြောင့်
ရူးတော့မည်။
သရဲခြောက်တယ်ဆိုရအောင်လည်း နေ့ခင်းဘက်ကြီး။

“တီတီ…တီတီ”

ဦးတူးက ခြံထိပ်မှ ကားဟွန်းသံကြားသည်နှင့် နန်းဦး တို့ကို ထားခဲ့ကာ ထထွက်သွားလေသည်။
မကြာပါ ကိုကို စီးနေကျနက်စွေးစွေး ကားလေးမှာ ပေါ်တီအောက်ထိုးရပ်လာ၏။
ကားမောင်းသူဘက်မှ ကိုကို ဆင်းလာကာ တစ်ဖက်ခြမ်းမှ သုံးဆယ်ကျာ်အရွယ်အမျိုးသားတစ်ဦးဆင်းလာ၏။
စန်းစန်းကသွက်သွက် လက်လက်နှင့် ဧည့်သည်ဆီမှ အဝတ်အိတ်အားပြေးဆွဲလေသည်။

“မင်းက ရဝေနန်းဦး
မြေ့ရဲ့ ခင်ပွန်းလောင်း ပေါ့”

ရုတ်တရက်ကြီး နန်းဦး ဆီမေးလာတာကြောင့် ကိုကို့မျက်နှာအားကြည့်လိုက်လျှင် နန်းဦး အားတစ်ချက်မှမကြည့်ပဲအိမ်ထဲတန်းဝင်သွားလေသည်။

“ဟုတ်ကဲ့ ဦး”
“ချောသားပဲ ဦးလေးက မြေ့ရဲ့ဦးလေး
မြေ့အဖေဘက်က မြေ့အဖေရဲ့ညီပေါ့”
“ဟုတ်ကဲ့”
“ကျွန်းလှကဆို ဦးလေးလည်းကျွန်းလှကပဲ သိမလားမသိဘူး
တောင်တော်ဦးဘုရားမှာ ဓာတ်ပုံဆိုင်ဖွင့်ဖူးတယ်”
“အာ လွန်ခဲ့တဲ့ငါးနှစ်က ရုတ်တရက်ကြီးပြောင်းသွားတာ ဦးလား”
“အင်း သိသားပဲ ရုတ်တရက်ကြီးတော့ မဟုတ်ဘူး ဓာတ်ပုံပညာကို ထဲထဲဝင်ဝင် လေ့လာချင်လို့ ဟိုကောင်နဲ့တူတူ
နိုင်ငံခြားထွက်သွားတာ”
ကိုကို့ ဘက်ကြည့်လိုက်တော့ ဒီဘက်ကို ရုပ်တည်ကြီးနှင့် ကြည့်နေ၏ ။

“အပေါ်က ဘေးဆုံးအခန်းထဲ သွားထည့်လိုက်”

အဝတ်အိတ်ကြီးအားသယ်လျက် ရပ်နေသော စန်းစန်းအား
လှမ်းပြောတာဖြစ်သော်လည်း
အဝတ်အိတ်ကကြီးနေကာ မနိုင်မနင်းဖြစ်နေသော စန်းစန်းကြောင့် နန်းဦးက ကူဆွဲလိုက်သည်။

“သွားနှင့် ဧည့်သည်ကို သံပုရာရည် သွားယူပေးလိုက်”

စန်းစန်း အားပြောကာ အဝတ်အိတ်ကြီးအား ဒရွတ်ဆွဲလျက်ကျွန်းလှေကားအတိုင်းတက်လာလိုက်သည်။

“ပေး ဒီကို”

ကိုကိုက နန်းဦး ဘေးမှ လိုက်တက်လာကာ အဝတ်အိတ်အားလှမ်းဆွဲတာမို့
လွှတ်ပေးလိုက်သည်။

“လက်ဆွဲအိတ်ပေး ကျတော့ကို”

အဝတ်အိတ်အားကိုကို ပြောင်းသယ်လိုက်တာမို့ ကိုကို့လက်ထဲမှလက်ဆွဲအိတ်အား နန်းဦး လှမ်းယူလိုက်သည်။
နန်းဦး က ရှေ့မှ တက်သွားသော ကိုကို့နောက်အမှီလိုက်ကာ

“ကိုကို”
“ကိုကို”
“အ့”

အရှေ့မှ သွားနေသူမှာ ရုတ်တရက်ကြီးရပ်သွားတာကြောင့် နောက်ကမပြေးရုံတမယ်လိုက်နေသော နန်းဦး မှာ နောက်ကျောပြင်အားပြေးတိုက်မိလေသည်။

“အိန္ဒြေကို မရဘူး”

နန်းဦး မှာ
နာသွားသော နှာခေါင်းလုံးလုံးလေးအားပွတ်ကာ ရန်မတွေ့အား။
“ဘာပြောချင်လို့လဲ”
“လူတွေ့လိုက်တယ် “
“ဘာလူလဲ”
“အုတ်ဂူနားမှာ ဆံပင်ရှည်ကြီးနဲ့”
“လူဆိုလို့ ဒီအိမ်မှာ ဘွားဘွားရယ် မင်းရယ်ငါရယ် ဒေါ်ဥတို့တူဝရီးရယ်
ဦးတူးရယ်ပဲရှိတာ မဟုတ်တာတွေ”
“ကျတော်မညာဘူး စာကြည့်ခန်းကနေတွေ့လိုက်တာဆို
လူမဟုတ်ရင်သရဲလား”
“ဟုတ်ချင်ဟုတ်မှာပေါ့”

ကြည်သူက လွယ်လင့်တကူ ပြောချင်ရာပြောပြီး အောက်ဆင်းသွားသော်လည်း နန်းဦး မှ နေရာ၌ ကြက်သေသေ၍ကျန်ခဲ့သည်။
ခေမာမြိုင် ဟာပတ်ဝန်းကျင်မှာ နာမည်ကြီးသလို သရဲခြောက်တာလား။
ဟိုအုတ်ဂူသုံးလုံးကရော ဘာသဘောလဲ။သရဲကို
ဒေါ်ဒေါ်ဥတို့ မတွေ့ဖူးဘူးဆိုတော့
နန်းဦး တစ်ယောက်တည်းရွေးခြောက်တာပေါ့။

“ကိုကို ကျတော့ကို စောင့်ဦးလို့”

ရှေ့မှဆင်းသွားသူနောက် အပြေးလိုက်ရာ လှေကား အလယ်လောက်တွင်ဆုံ၏။
ကြည်သူအားမှီသည်နှင့် ရှေ့မှ အပြေးလေးဆင်းသွားလိုက်သည်။

“နေဦး ခဏ​နေအ
ပြင်သွားမယ် “
“ဘယ်လဲ”
“ရောက်ရင်သိမှာပေါ့”
“မလိုက်လို့မရဘူးလား”
“မရဘူး”

နန်းဦး က ကိုယ့်ကိုယ်ကို သတိမထားမိဘဲ ကလေးငယ်တစ်​ယောက်လို ကြည်သူရှေ့မှခြေဆောင့်၍ထွက်လာလိုက်သည်။

“ကလေး လိုလိုခွေးလိုလိုနဲ့ ကျက်သရေကိုမရှိဘူး”

ကြည်သူက သူ့ဘာသာရေရွတ်သလိုပြောကာ ဒေါ်ဥဆီထွက်လာလိုက်သည်။

“သခင်လေး”
“ဟိုကောင်လေးတွေ့သွားလား”

အဆုံးအစမရှိသော မေးခွန်းမှာ ဘာကိုဆိုလိုမှန်း သိသည်ကိုဒေါ်ဥက ချက်ချင်းသဘောပေါက်လေသည်။

“ဟုတ်တယ်သခင်လေး ဟို အကြာကြီးတော့ ဖုံးထားလို့ရမှာ မဟုတ်ဘူးထင်တယ် ဒေါ်ဥ ကြည့်ပြောထားပေမယ့်
နန်းဦး လေးခမျာ ပြာယာခတ်နေတာ
သူတော်တော်ကြောက်နေလောက်တယ်”
“ထားလိုက်ဒေါ်ဥ ကြည့်ကောင်းအောင်ပဲဆက်ပြောထား
ကျုပ်ကြည့်စီစဥ်မယ်”

ကြည်သူထွက်လာတော့ ဧည့်ခန်းတွင် ဦးလေးဖြစ်သူနဲ့ လေပေးဖြောင့်နေသော သကောင့်သားလေးအားတွေ့ရသည်။
အိမ်နေရင်း အဖြူရောင်ချည်သား အင်္ကျီပွပွအား ကွာတားဘောင်းဘီပွပွနှင့် တွဲဝတ်ထားကာ နှုတ်ခမ်းဘေးမှအချိုင့်လေးပေါ်သည်အထိပြုံးရယ်နေ၏။
သူ့ရှေ့တွင် အမြဲမှုန်မှိုင်းနေသော မီးခိုးရောင်မျက်ဝန်းများမှာ ရယ်မြူးရိပ်ကြောင့်အရည်လဲ့နေပြန်သည်။

“ဦး စတူဒီယို မှာ နန်းဦး ကိုအလုပ်ပေးမှာနော် တကယ်”
“အင်း မင်းယောကျာ်းက ခွင့်ပြုရင်ပေါ့
ဟော ဟိုမှာလာပြီတစ်ခါတည်းခွင့်ပြုချက်တောင်းလိုက်လေ”

ကြည်သာဘုန်းမှာ
ဝါရှင်တန်မှ အပြီးပြန်လာပြီဖြစ်ကာ
ရွှေဆောင်တွင် မရှိသေးသော ဓာတ်ပုံနှင့် ဗွီဒီယို သီးသန့် စတူဒီယို ဖွင့်မည်ဖြစ်သည်။
ဟိုရောက်ပြီး ငါးနှစ်အတွင်း ကျွန်း လှမှာ မိခင် ဆုံးလို့ တစ်ခါပဲပြန်လာကာ ဒီအတောအတွင်း ဝါရှင်တန်တွင်အခြေစိုက်ကာ ကင်မရာတစ်လုံးနှင့် နိုင်ငံတကာ သွားလာနေခဲ့သည်။ ယခုတွင်
အသက်အရွယ်တစ်ခုရပြီဖြစ်ကာ
နေရာအတည်တကျတစ်ခုရှိရန်လိုလာပြီမို့ ရွှေဆောင်တွင် အဆောက်အဦး တစ်ခုဝယ်ကာ စတူဒီယို ဖွင့်မည်ဖြစ်သည်။ ပထမဆုံး အဖွင့်အနေဖြင့်တူဖြစ်သူ၏ ပွဲအတွက်ရိုက်ကူးရေးလုပ်ရမည်မို့ ပို၍အားတက်ရသည်။
တူဖြစ်သူ၏လက်တွဲဖော်မှာ ယောကျာ်းလေးတစ်ယောက်ဖြစ်နေတာ ကြည်သာဘုန်းမှာ ထူးပြီးမအံ့သြမိ။
အနောက်နိုင်ငံတစ်ခွင် ခြေဆန့်ခဲ့ပြီး လိင်တူချစ်သူ တော်တော်များများလည်းသူတွေ့ခဲ့ဖူးတာပဲ။
တချို့ဆို နည်းပညာအကူအညီနဲ့ ကလေးပါယူကာ မိသားစု အတည်တကျ။
တူဖြစ်သူရွေးလိုက်တဲ့သူဟာ ရုပ်ရည်လေးချောမောရုံသာ မဟုတ်ပဲ စိတ်သဘောထားနူးညံ့သည့်အပြင်
အမျှော်အမြင်လည်းရှိသေးသည်။
“သွားမယ်”
အဆက်အစပ်မရှိ တုံးတိတိကြီးပြောလာသူကြောင့် ကြည်သာဘုန်းအတွေးများရပ်တန့်သွားရသည်။
သူ့ထက်ဆယ်နှစ်သာ ငယ်သည့်
သူ့တူ လူ့ဂွစာကြီးမှာ သူ့ကို အားနာပါးနာပင်မကြည့်။

“မလိုက်ချင်ဘူး”
“ရဝေနန်းဦး စကားကိုနှစ်ခါမပြောဘူးနော်”
“လိုက်သွားလိုက်နန်းဦး ဦးတို့နောက်မှ ထပ်ပြောတာပေါ့”

ကြည်သာဘုန်းမှာ သဘောရိုးဖြင့် ပင်ပြောလိုက်တာဖြစ်သော်လည်း
အံကြိတ်လိုက်သဖြင့် မေးရိုးမှာ သိသိသာသာတင်းသွားသူမှာ နန်းဦး အား ခပ်စူးစူး တစ်ချက်ကြည့်လျက်
ကားဆီထွက်သွားလေသည်။
နန်းဦး က ဘယ်သွားမယ်လည်းမသိရပဲ လိုက်မသွားပဲဆက်ထိုင်နေရင် မိုးပြိုတော့မည်အခြေအနေမို့
အိမ်နေရင်း အဝတ်အစားဖြင့်ပင်ထလိုက်ရသည်။
ရွှေဆောင်ရောက်ပြီးတည်းက ကားနှစ်ခါပဲစီးဖူးသေးကာ ကားနဲ့အသားမကျသေးသူနန်းဦးမှာ ကားစီးရင်မူးတတ်ဆဲ။
ကားနောက်ခန်းတခါးအားဖွင့်ကာ ဝင်ထိုင်ဖို့လုပ်လျှင်

“ငါ ဒါရိုင်ဘာမဟုတ်ဘူး ရှေ့လာထိုင်”

ပြောလည်းပြောကာ ခြေရှည်ကြီးဖြင့် တံခါးအား ကန်ဖွင့်ပေးသည်မို့ နန်းဦး စိတ်မသက်သာစွာဝင်ထိုင်ရသည်။
မျက်နှာထားမှာ သူမခေါ်ချင်တာကို
နန်းဦးကပဲ လိုက်ချင်လွန်းလို့ အတင်းမရမက လိုက်လာသလို။

“ကားမှန်ချပေး”
“……”
“ကားမှန်ချပေးလို့”
“ကားကို မှန်ချပြီးစီးတာ ဘယ်သူကတောသားလို့ မပြောမှာစိုးလို့လဲ”
“……”
“ငါမသိလို့မေးပါဦးမယ်
ငါ့ကျ စကားကို ပြောချင်သလိုလို မပြောချင်သလိုနဲ့ တခြားယောကျာ်းတွေကျ ခုမှသိလည်း ဖော်ရွေတာပဲလား”
“…..”
“ရဝေနန်းဦး “
“ခင်ဗျားနဲ့ စကားမများချင်လို့ပြန်မပြောတာ ကားသာကြည့်မောင်းစမ်းပါ”
“တောက်!”
“ကျွီတီ တီ”
“လမ်းလည်ကောင်ကြီး ကားကိုဘယ်လိုမောင်းနေတာလဲ”
“မင်းအမေပိုင် လမ်းမဟုတ်ဘူးကွ”

ကားဘရိတ်နင်းသံ ကတ္တရာလမ်းနှင့် ကာဘီးပွတ်သံ ဆူဆူညံညံအပြင်
တစ်ယောက်တစ်ပေါက်ဆဲသံများဟာ တစ်ပြိုင်တည်းထွက်လာ၏။
နန်းဦး မှာ ရှေ့ကို နဖူးနှင့်ပြေးတိုက်မည့်အစား အကြောပြိုင်းပြိုင်းနှင့် လက်မာမာကြီးသာ တိုက်မိတာမို့ သက်သာသွားတာဖြစ်သည်။
နန်းဦး ကနဖူးရှေ့မှလက်အားဆွဲဖယ်ပြီး ကားမှန်ပြူတင်းပေါက်မှ ခေါင်းလေးထုတ်လိုက်ကာ

“ဟို မတော်လို့ပါ ကျတော်ကပဲတောင်းပန်ပါတယ်”
“အရေးမပါတာ”

တောင်းပန်စကားမပြောသည့်အပြင်
ကားအားအတင်းတိုးတိုက်မောင်းဖို့လုပ်နေသူအား စိတ်ပျက်စွာကြည့်လိုက်၏။

” မင်းအကြည့်ကိုပြင်လိုက် တိုက်မိသွားတာလည်းမဟုတ်ဘူး “
“တိုက်မိမသွားပေမယ့် ခင်ဗျားကြောင့်ရုန်းရင်းဆန်ခတ်တွေဖြစ်ကုန်တယ်လေ
ခင်ဗျားတို့ သူဌေးတွေက တောင်းပန်စကားပြောရမှာ ဒီလောက်ထိခဲယဥ်းတာလား”
“ကျွီ”

ဒီတစ်ခါ တမင်သက်သက်အကျင့်ယုတ်ကာ ဘရိတ်ဆွဲလိုက်ခြင်းဖြစ်ကာ
အရှေ့ကို ဝင်မတိုက်မိသော်လည်း နန်းဦး ကိုယ်မှာ သိသိသာသာ ယိမ်းထိုးသွား၏။

“ဆင်း”

ကြည့်လိုက်တော့ ခေတ်မီလှပသော အဖြူရောင်နှစ်ထပ် အဆောက်အဦးကြီးဖြစ်နေကာ နန်းဦး ပုံ စုတ်စုတ်ပြတ်ပြတ်နှင့် အထဲဝင်ရမှတောင်သိမ်ငယ်သွားသလို။
စတိုင်ပင်ကျကျနနနှင့် ရှပ်အင်္ကျီအားခါးထဲထည့်ဝတ်ကာ လည်သာ ခါးပတ်အကောင်းစားကြီးမှာ စီးထားသော ရှူးဖိနပ်နှင့်အပြိုင် တောက်ပြောင်နေသူမှာ ကားထဲမှဟန်ပါပါဆင်းလာ၏။
သူ့လည်သာ လက်ဆွဲအိတ်အား နန်းဦး ဆီလှမ်းပေးလျှင် နန်းဦး ကအလိုလိုလှမ်းယူမိသွား၏။
မသိရင် နန်းဦး က သူ့နောက်အထုပ်ဆွဲရန်လိုက်လာသည့်အခိုင်းအစေလေးလို။
ကြည်သူမှာ ရှေ့မှဦးဆောင်၍
အရင်ထွက်သွားလျှင် နန်းဦး မှာ အမှီလိုက်ရသည်။
ဧည့်ကြိုကောင်မလေး က ခရီးဦးကြိုလျက် နန်းဦး တို့ရှေ့မှ ဦးဆောင်ကာ ခေါ်သွားလေသည်။
အပြင်တွင်မကပဲ အထဲဘက်အပြင်အဆင်မှာ ပို၍ တောက်ပြောင်နေကာ ကြမ်းခင်းသည်လည်းနင်းရက်စရာမရှိအောင် ကိုယ့်အရိပ်ကိုယ် ကြမ်းခင်းတွင်ပြန်မြင်နေရတာမို​ နန်းဦး မှာကတ္တီပါဖိနပ်အနွမ်းလေးသာ စီးထားသော ခြေထောက်နှင့် ချနင်းရန် အားနာလာရသည်အထိ။

“ရောက်ပါပြီ ဆရာ”

ဧည့်ကြိုကောင်မလေးက
နန်းဦး တို့ကို အခန်းတစ်ခုဆီပို့ပေးပြီး သူ့နေရာပြန်သွားလေသည်။

“မိုးမြေ့”
“အင်း ယသော် သူ့ကိုအရင်လုပ်ပေးလိုက်”

နန်းဦးဘက်မေးဆတ်ပြကာ ဆိုလိုက်ခြင်း။

“အိတ်ပေး သူ့နောက်လိုက်သွားလိုက်”
နန်းဦး က ခုချိန်ထိ အခြေအနေကိုနားမလည်သေး။
​ကြည်သူ့ဘက်ပြန်ကြည်ကြည့်လိုက်လျှင် လိုက်သွားရန် မေးဆတ်ပြသည်မို့
ယသော်ဆိုသော အမျိုးသားနောက်သာ ကုပ်ကုပ်လေး လိုက်သွားရသည်။

“ညီလေး အဝတ်တွေချွတ်လိုက်နော်”
“ဗျာ”
ရွှေဆောင်မြို့ရဲ့ နာမည်ကြီး stylistယသော်မင်းညီမှာ နန်းဦး ၏အူကြောင်ကြောင်းပုံစံလေးကြောင့် ခပ်ဟဟရယ်လိုက်ရင်း

“မင်း ခင်ပွန်းလောင်း ကဘာမှပြောမထားဘူးလား ဒီနေ့ ukဒီဇိုင်နာဆီ
တိုက်ရိုက်​ အော်ဒါအပ်
ထားတဲ့ အဝတ်အစားစမ်းဝတ်ကြည့်မလို့လေ
ကိုယ် တို့မှာ တစ်ပတ်အတွင်းအပြီးဆိုလို့ ဘယ်လောက်တောင် ခေါင်းမီးတောက်သွားရလိုက်လဲ
ဟိုဘက်ကို သာမန်ထက်ကြေးလည်းပိုပေးလိုက်ရတယ်လေ ဒါတွေက
ဒီမနက်ပဲလေယဥ်စီးပြီးရောက်လာတာ”

နို့နှစ်ရောင် အနောက်အတိုင်းဝတ်စုံအား ကိုင်ပြကာပြောလိုက်ခြင်း။
အင်္ကျီ အား ဘယ်လိုကနေ ဘယ်လိုဝတ်ဟု ဆိုကာ ပြပေးကာ အဝိုင်းပုံလိုက်ကာ အကြီးကြီးအား ဆွဲချပေးလိုက်သည်မို့ နန်းဦး ဝတ်လာသော ချည်သားအင်္ကျီလေးအား ဆွဲချွတ်ကာ ခုဏကပေးသော အနောက်တိုင်းဝတ်စုံအားယူဝတ်လိုက်သည်။
ဘောင်းဘီအား နောက်ကျောမလုံစွာ အလျင်အမြန်ဆွဲချွတ်ကာ
နို့နှစ်ရောင်စတိုင်ပင်နှင့် အမြန်လဲဝတ်လိုက်သည်။
ဝတ်စုံမှာ နန်းဦး ကိုယ်နှင့် တိုင်းချုပ်ထားသလို ကွက်တိ ကျနေ၏။
ယသော်က နန်းဦးအားကြည့်ကာ

“ဝိုး ကွက်တိပဲ”

အလျင်အမြန်ဝတ်ထား၍ အနည်းငယ်ရွဲ့စောင်းနေသော ဝတ်စုံအားပြင်ပေးလိုက်ကာ နို့နှစ်ရောင် နက်ခ်တိုင်အား ချည်ပေးခြင်းဖြင့်အဆုံးသတ်လိုက်လေသည်။
နန်းဦး မှာ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှမဝတ်ဖူးသော ဝတ်စုံအား ဝတ်ထားရသလို ကိုကို့ရှေ့ထွက်ပြရမှာ ဖြစ်သည့်အတွက် လက်ဖျားခြေဖျားများပါအေးစက်လာ၏။
နန်းဦး နေရာတွင် မမဖြစ်နေရမည်ကို တွေးမိလျှင် ဝမ်းနည်းစိတ်က ဝင်လာကာ နှာသီးဖျားလေးပါနီရဲလာ၏။

“တအားစိတ်မလှုပ်ရှားနဲ့လေ သတို့သားလောင်းရယ် ကဲလာ”

ယသော်မှာ နန်းဦး အားရှေ့မှဦးဆောင်လျှက်ခေါ်သွားကာ နန်းဦးက နောက်မှကုပ်ကုပ်လေးလိုက်လာ၏။
စိတ်လှုပ်ရှားတာနှင့် ရှက်တာရောပေါင်းကာ နန်းဦး ပါးမို့မို့မှာ ဆေးမကူပဲ နီရဲနေတော့သည်။
ကြည်သူမှာ ယသော် နောက်မှ လိုက်ထွက်လာသော နို့နှစ်ရောင်အရိပ်လေးအား တစ်ခဏမျှငြိမ်သက်၍စိုက်ကြည့်မိလေသည်။
မီးခိုရောင်မျက်ဝန်းများဟာ စိတ်လှုပ်ရှားမှာကြောင့် မသိမသာ အရည်လဲ့နေကာ နှာသီးထိပ်ရဲရဲ ပါးအို့ ရဲရဲလေးဖြင့် ယောကျာ်းလေးဆိုသော ဖြစ်တည်မှုကို မေ့လောက်အောင် ဒီကောင်လေးဟာလှပါသည်။
နှုတ်ခမ်းဖူးဖူးလေးမှာ မသိမသာတုန်ယင်နေကာ သူ့ဆီမရဲတရဲ မျက်လွှာပင့်ကြည့်နေသေးသည်။
ပိန်၍သွယ်သော ခန္ဓာကိုယ် သည်
ဒီဇိုင်နာဝတ်စုံကြောင့် ပို၍ အချိုးစားကျကာ ပေါ်လွင်နေ၏။

“အဟမ်း!”
ကဲကဲ ကြည့်လို့ဝရင် အမှတ်ပေးတော့”

ကြည်သူမှာ သူခိုးလူမိသလို ဖြစ်ကာ ညာဘက်မျက်ခုံးအား ဘယ်ဘက်လက်မဖြင့်အသာ ခြစ်လျက် မျက်နှာ လွှဲလေသည်။

“ရပြီ ပြန်လဲလိုက်တော့”

ကြည်သူ့ဆီမှ ခွင့်ပြုချက်ရသည်နှင့်နန်းဦးက အဝတ်လှဲခန်းထဲ လှစ်ကနဲပြန်ပြေးလေသည်။
ယသော်က နန်းဦး တို့အကြောင်း အသေးစိတ်မသိသူပီပီ နန်းဦး ကိုအားကျကြောင်း ကံကောင်းကြောင်း ယတဖွဖွဆိုနေပြန်သည်။
နန်းဦး မှာ ကိုယ့်အကြောင်းနှင့်ကိုယ်မို့
မချိသွားဖြဲကာ တဟဲဟဲနှင့် ထောက်ခံခဲ့ရသေးသည်။

“ပြန်မယ်”
“မိုးမြေ့မင်းဝတ်ရဦးမယ်လေ”
“ငါ့ကိုယ်တိုင်းက ချုပ်နေကျပဲကို မလိုဘူး သွားပြီ “

တစ်ချက်ပင်နှုတ်မဆက်ပဲ
​ခြေလှမ်းကြဲကြီးနှင့်ထွက်သွား
သောကျောင်းနေဖက် သူငယ်ချင်းအား
မနိုင်ဘူးဆိုသည့်ပုံနှင့် ယသော်မှာ ခေါင်းတခါခါကျန်ခဲ့၏။
တလောက စေ့စပ်ပွဲသတင်းကြားပေမယ့် ခုလိုမျိုးယောကျာ်းလေးတစ်ယောက်ဖြစ်မယ်မထင်ခဲ့။
ဝတ်စုံလာအပ်မှ သိရခြင်းဖြစ်ကာ
မိုးမြေ့ကို ကြည့်လိုက်တော့ဘယ်လိုမှမနေ။ ယောကျာ်းလေးလို့သာ ဆိုတာ
ကောင်လေးကလည်း ချစ်စရာလေး။
နန်းဦး ကမျက်နှာကြီးတည်ကာ လိုတာရပြီးသည် နှုတ်ပင်မဆက်ပဲ လှည့်ထွက်လာသူကြောင့် သူ
ကပင်ကသောကမြောလေး ကျေးဇူးတင်စကားဆိုကာနှု
တ်ဆက်ရင်း သူ့နောက်အမှီပြေးလိုက်ရလေသည်။ အပြန်တွင်
စားသောက်ဆိုင်တစ်ခုတွင် နေ့လယ်စာဝင်စားကာ အထည်ဆိုင်တွေလည်းဝင်သေးသည်မို့ အထုပ်အပိုးတစ်ပုံတစ်ပင်နှင့် ညနေအတော်စောင်းမှပင် အိမ်ပြန်ရောက်လေသည်။
အတွေးကိုယ်စီနှင့်မို့ စကားတော့ မဆိုဖြစ်ကြ။
*******
ည…

ဒီနေ့မှ ညကပိုမှောင်နေသလို။
သံရှည်ဆွဲ၍ အူနေသော ခွေးသံတို့မှာ
အဆုံးမရှိသည့်နှယ်။
လေတိုးသံ သစ်ရွက်ချင်းပွတ်တိုက်သံ
တဖျောက်ဖျောက်တို့မှာ
စိတ်ကိုပို၍ ချောက်ခြားစေသည်။
ဒီကြားထဲ ငှက်ဆိုးထိုးသံ
တဂစ် ဂစ်က နန်းဦး ကြောက်စိတ်အား
ပို၍ အားဖြည့်ပေးနေ၏။
တံခါးများ သေချာပိတ်ထားသည့်တိုင်
လိုက်ကာစ အရှည်ကြီး တလွင့်လွင့်နှင့် တဖျတ်ဖျတ်ခတ်နေသည့် အသံမှာ လည်း ကြောက်ဖို့ကောင်းလေသည်။
အပေါ်ထပ်တွင် ကိုကိုရယ် ဦးလေး ကြည်သာဘုန်းရယ် နန်းဦး ရယ်သာရှိကာ ဦးက အစွန်ဆုံးအခန်း ကိုကိုက
နန်းဦး ၏မျက်နှာချင်းဆိုင်မမနေသော အခန်းတွင် ရှိလိမ့်မည်။
ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် မီးပျက်ရတယ်လို့။
ညဦးပိုင်းတုန်းက မီးဖွင့်ပြီး အိပ်သော်လည်း ခွေးအူသံကြောင့်တရေးနိုးလာတော့ မီးပျက်နေ၏။
စောင်အား ခေါင်းထိ ဆွဲ ခြုံကာ စောင်ထဲတွင် တင်ပျင်ခွေထိုင်ရင်း
ချွေးသီးချွေးပေါက်များမှာ နားထင်မှစီးကျနေပြီဖြစ်သည်။
သမ္ဗုဒ္ဓေ အား အဆီအငေါ်မတည့်စွာ ရွတ်ကာ ခြုံစောင်ထဲ အသက်ရှူမဝသည်မို့ ခေါင်းလေးပြူကာ အသက်ရှူရသေးသည်။
သရဲခြောက်တဲ့အိမ်ကြီးမှာ တစ်သက်လုံးဘယ်လိုနေရမှာလဲ။
သရဲကနန်းဦးတစ်ယောက်တည်းငြိုးခြောက်နေပုံရသည်။
ဘွား နားသွားအိပ်ရမလား။
ကလေးလည်းမဟုတ်တာမို့မဖြစ်သေး။
ဒီအရွယ်ကြီး သရဲကြောက်တယ်လို့ပြောရင် ပို၍ ရှက်စရာကောင်းတော့မည်။
ဒေါ်ဥတို့စန်းစန်းတို့နားသွားအိပ်လို့လည်းမဖြစ်။ ဘယ်လိုပဲဖြူစင်တယ်ပြောဦးတော့ နန်းဦးကအရွယ်ရောက်ပြီးသားယောကျာ်းလေးဖြစ်သလို အပျိုဖြန်းလေးစန်းစန်းနဲ့မသင့်တော်ပြန်။
ဒါဆို အပေါ်ထပ်မှာ ဦးနဲ့ ကိုကိုသာ ရှိတော့သည်။
ဦးကလည်းမနေ့တစ်နေ့မှတွေးဖူးတာ
လောလောဆယ် ဒီအိမ်ကဧည့်သည်ဆိုတော့နှောင့်ယှက်၍မဖြစ်။
ခုချိန်အသင့်တော်ဆုံးက ကိုကိုက လွဲရင်ရှိမနေ။
နောက်တစ်ရက်နေရင် နန်းဦး နဲ့လက်ထပ်တော့မည့်သူ။
သို့သော်လည်း သူတောင်သူ့အခန်းလာမအိပ်ပဲ တခြားအခန်းသွားအိပ်တဲ့သူနား သွားရမှာ မာနထိခိုက်သလိုခံစားရသည်။
“ဂီးးးဂစ် ဂစ်”
“အူ ဝူးးးးးးဝူးးး”
ငှက်ဆိုးထိုးသံနှင့် ခွေးအူသံများပိုဆိုးလာလျှင် နန်းဦး အတွေးများပြတ်တောက်သွားရကာ ရှိစုမဲ့စု မာနလေးလည်းအသုံးမဝင်တော့။
စောင် ခေါင်းမြီးခြုံလျက် အခန်းပြင်စွေ့ကနဲရောက်လေသည်။
အခန်းပြင် ရောက်သည်နှင့် စောင်အစအားနင်းမိကာချေချိတ်လဲတော့သည်။
“ဒုန်း”
ခေါင်းက မျက်နှာချင်းဆိုင်မှ ကိုကို အိပ်နေသော အခန်းအား ပြေးတိုက်မိသည်မို့ မူးဝေသွားကာ ချက်ချင်းမထနိုင်။
“ကလစ်”
ကြည်သူအခန်းရှေ့မှ ဒုန်းကနဲ့အသံကြောင့် အိပ်မပျော်သေးပဲ မှေးမှိတ်ထားသော မျက်လုံးများမှာ ချက်ချင်းပွင့်လာကာ
အခန်းပြင်ထွက်ကြည့်လိုက်သည်။
“အ့”
“ဘယ် ဘယ်သူလဲ
ကျ တော့ ခြေထောက် တက်နင်းထားတယ် အ့”
“…..”
နန်းဦး က စောင်ခေါင်းကြီးခြုံထားသည်မို့ အပြင်မှာဘယ်သူလဲမသိရ။
နင်းထားသော ခြေထောက်အားဖယ်ပေးလိုက်သော်လည်း
အသံပြန်မပေးသဖြင့် တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်းထကာ ခေါင်းနပန်းကြီးသွားလေသည်။

“သမ္ဗုဓ္ဒေ… အဌာဝီ သစ်… “

ကြည်သူမှာ ဘုရားစာ ရွတ်သံအသံတုန်တုန်လေးအား ရှေ့မှ တုံးလုံးလဲနေသော မဲမဲလုံးလုံးဆီမှ ထွက်လာလျှင်
မှတ်လောက်သားလောက်အောင်
ပစ်ထားမည်ဆိုသော
စိတ်က အခြေမခိုင်တော့။

“ရဝေနန်းဦး “
“ကို.. ကိုကို လား”
“အင်း”

နန်းဦး က စောင်အားဖယ်ကာ အသံလာရာဖက်ကိုမှန်း၍ထရပ်လိုက်ကာ
မှောင်မှောမဲမဲစမ်းတဝါးဝါးဖြင့်
လက်အားစမ်းမိသည်နှင့် ချက်ချင်းခုန်ဖက်လေသည်။
ထို့နောက် ကြည်သူ့ကိုယ်အား လက်လှမ်းမီသလောက်တဗုန်းဗုန်းထုတော့သည်။

“ဘုန်းဘုန်း!
ခင်ဗျား တမင်သက်သက် အကျင့်ယုတ်ပြီးအသံမပေးတာ…
မနက်ရောက်ရင် ဒီအိမ်မှာ လုံးဝမနေတော့ဘူး
အီးးးးးးး”

ကြည်သူက သူ့ကိုကားယားခွ၍ဖက်ထားသော နန်းဦး အား ချီမကာ
သူ့အခန်းထဲပြန်ဝင်လာလိုက်သည်။

“အောက်ခဏဆင်း
စာကြည့်ခန်းမှာ ဖယောင်းတိုင်သွားယူမလို့”
“ကျတော်လည်းလိုက်မယ်”

နန်းဦး က ကြည်သူ့ကိုယ်ပေါ်မှဆင်းလိုက်သော်လည်း လက်မောင်းတစ်ခုလုံးထည့်ဖက်ကာ စာကြည့်ခန်းထဲထိပါလာ၏။
အမှောင်ထဲ စမ်းတဝါးဝါး
ပင်ဖြစ်သော်လည်း ကိုယ့်အိမ်ကဘယ်နေရာတွင်ဘာရှိလဲသိသည်မို့ မခက်ခဲ။
မှန်ဗီရိုထဲ မှ ဖယောင်းတိုင်ခွက်တစ်ခွက်
လှမ်းယူကာ မီးထွန်းလိုက်သည်။
ဖယောင်းတိုင်မီးရောင်နှင့် အတူ ဖယောင်းသားအား မီးလောင်ကျွမ်းရာမှ လာဗင်ဒါအမွှေးနံ့လေးပါထွက်လာ၏။
ခေါင်းစုပ်ဖွားနှင့် ချွေးနှင့်မျက်ရည် အလိမ်းလိမ်းဖြစ်နေသော နန်းဦး မျက်နှာမှာ သနားစရာထက်ရယ်စရာကောင်းနေ၏။
မျက်လုံးဝိုင်းဝိုင်းမှာ ဟိုဟို ဒီဒီ လျှောက်ကြည့်နေကာ ဂနာမငြိမ်သေး။
ရှပ်အင်္ကျီအစင်းလက်ရှည်မှာ ထိပ်ဆုံးမှ ကြယ်သီးပြုတ်ကာ ရွဲ့စောင်းနေသဖြင့် ညှပ်ရိုးများအားအတိုင်းသာမြင်နေရ၏။
ရှပ်အင်္ကျီအဆုံး ပေါင်တံဆီအကြည့်ရောက်သွားလျှင်

“ဘာ ဘာကြည့်တာလဲ”

နန်းဦး က ထိုလူကြည့်နေသူမိမိ အောက်ပိုင်းဆီအကြည့်ရောက်သွားလျှင်

“ပုဆိုး ကျတော့ပုဆိုးရော “

ပေါင်လယ်မရောက်တစ်ရောက်ရှပ်အင်္ကျီပွပွအား ဆွဲဖုံးရင်း
ခြေလေးနှစ်ဖက်လိမ်ကာ
မျက်နှာရဲရဲမှာ နီတစ်လှည့်ဖြူတစ်လှည့်။ ကြည်သူမှာ ဆင်စွယ်နှစ်ရောင်ပေါင်တံဖွေးဖွေးအား အကြည့်မလွှဲသေးလျှင်

“ခင်ဗျား မကြည့်နဲ့
ပုဆိုးယူပေး”

နန်းဦး ကနောက်မနံရံတွင် ကျောကပ်ရင်းက ခြေချင်းယှက်လိမ်ထားတာကိုမဖယ်သေး။

“နဂိုကတည်း ကဝတ်မထားတာမှလား”
“ပုဆိုးမဝတ်ရအောင် ကျတော်က အရူးလား အထဲမှာ အတွင်းခံပါတယ် “
“ဘယ်သူကမေးနေလို့လဲ”
“အာ ခင်ဗျား”
“အဲ ညက ဒီလိုပဲမြူဆွယ်လိုက်တာလား”
“ဘာဗျ”

ကြည်သူမှာ နန်းဦးမှီနေသော နံရံအားလက်ထောက်လျက် ရှေ့တိုးလာလျှင်

“ဘာ ဘာလဲ”
“ယောကျာ်းတစ်ယောက်နဲ့နေရတာ
ဘယ်လိုလဲ ထပ်စမ်းကြည့်ချင်လို့ ကိုယ်အဲဒီညက
တကယ်ဘာမှန်းမသိလိုက်ဘူးလေ”
“မရဘူး အွမ်း !”

ကျန်လက်တစ်ဖက်ဖြင့်
ခါးအားဆွဲဖက်လာကာ
နှုတ်ခမ်းအားစုပ်ယူသွားတာချက်ချင်း။
တင်းတင်းစေ့ထားသော နှုတ်ခမ်းအားဖွင့်ရန်ကြိုးစားနေသူအား လက်နှစ်ဖက်ဖြင့် အစွမ်းကုန်တွန်းဖယ်သော်လည်း
နံရံကြီးအားတွန်းနေရသလို အချည်းနှီး။
အသက်ရှူကြပ်လာသည်မို့ နှုတ်ခမ်းလေးဟလိုက်သော အခါလျှာဖျားမှာ
ပါးစပ်ထဲသို့ ချက်ချင်းကျူးကျော်လာလျက် နန်းဦး လျှာအားအလွှတ်မပေးပဲ ဆွဲစုပ်ထားပြန်သည်။
တစ်ကိုယ်လုံး အင်းအင်ကုန်ခမ်းကာ
ရပ်နေသော ခြေထောက်များက တုန်ရီ၍ပျော့ခွေလာလျှင် နံရံတွင်ထောက်ထားသော ကြည်သူ၏ လက်တစ်ဖက်က ဒူးကောက်ကွေးမှ ပွေ့ချီကာ နန်းဦး အားအိပ်ရာဆီသယ်လာလိုက်သည်။
ရှပ်အင်္ကျီမှာ အပေါ်သို့တက်ကာ
ဗိုက်သားချပ်ချပ်လေးအောက်မှ အတွင်းခံအဖြူရောင်လေးပေါ်လာ၏။
အတွင်းခံအောက်မှ ဖုဖောင်းနေသော အရာလေးအား အုပ်ကိုင်တာ ခံလိုက်ရစဥ်

“တံခါးပိတ်ပြီးလုပ် ကြပါလား”

တံခါးဝမှအသံကြောင့် အနမ်းလည်းရပ်တန့်သွားသလို
နန်းဦး သည်လည်း အရှက် ဗြန်းဗြန်းကွဲလေပြီ။

“ဆောရီး ခုဏက တစ်ခုခုပြုတ်ကျသလိုအသံကြားလို့မီးလာတာနဲ့ ထလာတာ မင်းတို့အခန်းရှေ့ဒါတွေတွေ့လို့”

ဦးလေး ကြည်သာဘုန်းပြလိုက်သောအရာမှာ ပုဆိုးတစ်ကွင်းနှင့် စောင်တစ်ထည်ဖြစ်နေကာ ခုဏအခန်းဝမှာ နန်းဦးကျန်ခဲ့တာတွေ။
မီးက ဘယ်တုန်းကလာသွားလဲပင်မသိလိုက်။

“အဟွန်း ဆက်လုပ်ကြ တံခါးပိတ်ပေးခဲ့မယ်”

ဦးလေးက ပြောချင်ရာပြောပြီး
ပုဆိုးနှင့်စောင်အား အခန်းဝတွင်ထားကာ
တံခါးအား ပိတ်လျက် ပြန်ထွက်သွားလေသည်။

“ခင်ဗျား ဖယ်
အင့် အီးးးးဟီး”
“ဟာ ဟေ့ ဘာဖြစ်တာလဲ”
“”ခင်ဗျား အရှက်မရှိဘူးလား
ဟိုမှာ ဦးတွေ့သွားတယ်လေ”
“တွေ့တော့ဘာဖြစ်လဲ သြော်
ငါ့ဦးလေးရှေ့မှာ မင်းရဲ အဲလိုပုံကိုပြလိုက်ရလို့ဝမ်းနည်းသွားတာလား”
“ထွက်သွား ခင်ဗျား “
“မင်းနှင်တိုင်းသွားစရာလား
ဒါငါ့အခန်းပဲ ငါ့သဘော”

ပြောရင်းကုတင်ပေါ်ဘုန်းကနဲလဲချကာ စန့်စန့်ကြီးအိပ်နေ၏။
နန်းဦး က ကုတင်ပေါ်မှာ ကျန်နေသေးသော စောင်အပါးလေးတစ်ထည် ဆွဲပတ်ကာ ခုဏ ဦးထားခဲ့သော
ပုဆိုးနှင့် စောင်အားသွားယူလိုက်သည်။ ဘယ်လိုတောင် အရှက်ကွဲမှုကြီးလဲ။ မနက်ဖြန် ဦးကို ဘယ်လိုမျက်နှာ ချင်းဆိုင်ရမလဲ။

“ခင်ဗျား ဒီမှာပဲ အိပ်မှာလား”
“မီးပိတ်မှာနော် အိပ်မယ်ဆို မြန်မြန်လာအိပ်”
“ခင်ဗျား တမင်အကျင့်ပုပ်တာ”
“မူမနေနဲ့ မင်းငါ့မိန်းမဖြစ်ပြီးရင် ဒီလိုပဲအိပ်ရမှ လေ့ကျင့်တယ်သဘောထားလိုက်”
“ချောက်”

မီးခလုပ်အားလှမ်း ပိတ်လိုက်တာမို့ ချက်ချင်းမှောင်မဲသွားလျှင် နန်းဦး ကုတင်ပေါ် ချက်ချင်းခုန်တက်လိုက်သည်။
ဖယောင်းတိုင်အလင်းရောင်လေးသာကျန်ကာ ဖယောင်းတိုင် မှ အမွှေးနံ့လေးသည် အိပ်ချင်စိတ်ကို တွန်းအားပေးနေတာမို့ နန်းဦး ကုတင် တစ်ဖက်စွန်းတွင်ဝင်လှဲလိုက်သည်။
စောင်အားခေါင်းထိဆွဲခြုံကား ပုဆိုးအား ပေါင်ကြားတွင် တင်းတင်းထည့်ညှပ်လျက် အိပ်ပျော်ရန်ကြိုးစားလိုက်သည်။….
မိနစ်အနည်းငယ်ကြာသောအခါ
ကုတင်စွန်းတွင် ပြုတ်ကျလုနီးပါးတိုးအိပ်နေသော
ခန္ဓာကိုယ်လေးအား လက်တံရှည်ကြီးဖြင့်သိုင်းဖက်ခြင်းခံလိုက်ရလေသည်။
အသိစိတ်က
မဖြစ်သင့်ဘူး
မဖြစ်နိုင်ဘူးလို့ တစ်ချိန်လုံးအချက်ပေးနေတာတောင်
ဒီကောင်လေးကိုမြင်လိုက်ရရင်
သမာဓိတွေအကုန်ယိမ်းယိုင်ရသည်။
တကယ်ဆို စိတ်ဆိုးမုန်းတီးပြီးနာကျည်းနေသင့်တာမဟုတ်ဘူးလား။
ဟိုနေ့ညက ကိစ္စဖြစ်ပြီး
အဖျားကြီးသတိလစ်နေတဲ့ ဒီကောင်လေးကြောင့် သူဘယ်လောက်တောင်ပျာယာခတ်လိုက်ရလဲ။
ဒီလိုအခြေအနေမျိုးမမျှော်လင့်ပေမယ့်
နွယ်နဲ့ လက်ထပ်ဖြစ်ရင်တောင်
ဒီကောင်လေးကို
ဘယ်လိုပဲဖြစ်ဖြစ်
ကျွန်းလှကို ပြန်မပို့ဖို့ဆုံးဖြတ်ထားပြီသား။
နွယ့်အခန်းတွင် နွယ့်အားလွမ်း၍သွားအိပ်တာပေမယ့် တကယ်တမ်းအိပ်မပျော်သည့်ကိစ္စမှာ လွမ်းတာကြောင့်မဟုတ်ပဲ အဲဒီနေ့ည ပြီးကတည်းက
ရင်ခွင်ထဲ တစ်ခုခု လိုအပ်နေသလို လှစ်ဟာနေသည့်အနွေးဓာတ်ကြောင့်။
နွယ်ဟာ သူ့အတွက် လွန်ခဲ့တဲ့ငါးနှစ်တည်းက မေ့မရခဲ့သည့် အချစ်ဦး ဖြစ်ကာ ဒီကောင်လေးဟာ
သူ့အတွက် သူတစ်ဦးတည်း ပိုင်ချင်သည့်ဖြစ်တည်မှုပင်။
အချစ် ဟာ နွယ်ဖြစ်ခဲ့ရင်
ရဝေနန်းဦး ဟာ သူသဘောကျသည့်ပစ္စည်းလေးတစ်ခု။

မိုချီ (ခတ္တလူ့ပြည်)

စာလုံးရေ(စာလုံးရေ6648)

ဖတ်ပြီးတစ်ခုခုပြောသွားပေးကြပါဦး
စာရေးတာထက်စာစစ်တာပိုကြာနေလို့ updateကတစ်ရက်ခြားတစ်ခါဗျာ
ဖတ်ပြီးဝန်းရံပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါဗျ

Tags: read novel Wrong Time Right Person(Completed) part10(unicode ), novel Wrong Time Right Person(Completed) part10(unicode ), read Wrong Time Right Person(Completed) part10(unicode ) online, Wrong Time Right Person(Completed) part10(unicode ) chapter, Wrong Time Right Person(Completed) part10(unicode ) high quality, Wrong Time Right Person(Completed) part10(unicode ) light novel, ,

Comment

Leave a Reply

Chapter 20