”Á€¡Á€Œá€­Á€™Á€¹Á€™Á€¬Á€›Á€„Á€ºá€™Á€¾Á€¬Á€›Á€¾Á€­” အပိုင်း(၁၇)

A+ A-

”🎶🎶🎶တစ်နွေတစ်မိုးရယ်ပြောင်း….တစ်ဆောင်းရောင်လေတိုင်း ပျော်တယ်မောင်ရယ်….

နှင်းတွေဝေရင်တော့ကွယ် မောင်နဲ့မေလမ်းလျှောက်ရတာ စိတ်ဝယ်ပျော်မဆုံးတယ်…

အဲသလို နှင်းမှုန်ကြားဝယ် ချစ်စကားအလှအပတွေကြွယ်….

သူ့ဘဝကို ပန်းတော်ဝင်သဇင်နှယ်…
ကိုယ့်ဘဝကို နှင်းနဲ့နှိုင်းလို့ရယ်….

နှင်းမဝေ သဇင်ညှိုး…မုန်းမိုးရွာမှားစိုးသတဲ့…

ပူပန်တတ်သောသူ့အပြောလေးချစ်စရာကွယ်…ယနေ့တိုင်ကြားယောင်နေပါတယ်….🎶🎶🎶´´

”အဟီး…မောင်နော်ထွက်ခဲ့ကွာ…ကျီစယ်မနေနဲ့….´´

မြစ်ကြည့်ကုန်းရဲ့ သစ်ပင်ရိပ်မြုံကြားမှာ အချစ်ငှက်လေးတွေပျော်မြူးနေကြသည်။နွေရင်ခတ် မိန်းမချောလေးကို ထပ်မ,စတော့ဘဲ သစ်ပင်နောက်ကွယ်မှထွက်လာလိုက်သည်။

”မောင်!´´

”ဗျ´´

”ပျော်နေလား?´´

”ဘာလို့များမေးတာပါလိမ့်..အဝေ?´´

”သီချင်းတွေဘာတွေညည်းလို့လေ…အရင်ကဆို သီချင်းဆိုပြခိုင်းတာတောင်မဆိုပေးဘဲနဲ့…ထူးတော့ထူးခြားနေပါတယ်နော´´

”အဝေ့အနားမှာရှိတိုင်း မောင်ပျော်ပါတယ်ဗျာ´´

”ဟွန်း…သူအပြောကောင်းပြီ´´

လုပ်နေကျအတိုင်း လက်ကိုဆုပ်ကိုင်လိုက်သည်။

”မောင်´´

”ဗျ!´´

”အဝေ့ကိုချစ်လား ဟင်?´´

”ဟောဗျာ မေးပြန်ပြီ´´

”သူကပြောတယ် မောင်ကအဝေ့ကို ချစ်မှာမဟုတ်ဘူးတဲ့´´

အလိမ္မာသွေးရှင်….မင်းက အခုထိ ငါ့ဘဝကို ဝင်ရောက်စွက်ဖက်နေတုန်းပဲ….ကျစ်…မျက်မှောင်ကြုတ်လိုက်မိသည်။

သူတို့နှစ်ယောက် သမီးရည်းစား ဖြစ်ကတည်းကနေအခုထိ အဝေ့ထံမှ ထိုမေးခွန်းကို အကြိမ်ပေါင်းမြောက်များစွာ အမေးခံရသည်။

ဘာကြောင့်များ ထိုသူက သူတစ်ပါးစိတ်ကို အပိုင်တွက်ကာ ယုံယုံကြည်ကြည်ပြောခဲ့သည်မသိ။

အဝေ့စိတ်ထဲမှာ ခြောက်လှန့်နေတဲ့ ထိုသူ့စကားတွေကို သူချေဖျက်ပေးချင်သည်။ထိုသူဟာ သူ့အကြောင်းကို လုံးဝမသိကြောင်း သက်သေပြချင်သည်။

”သူ့စကားတွေကိုယုံမှားလား?မောင့်စကားတွေကိုယုံမှာလား?´´

”ဒါဆို မောင်က အဝေ့ကို ဘာကြောင့်ချစ်တာလဲ?´´

”အဝေက မိန်းမကောင်းလေးတစ်ယောက်မို့ပေါ့´´

ဒါဟာ တူညီသောဇာတ်ကွက်တစ်ခုကို ထပ်ခါတလဲလဲပြန်ကြည့်နေရသလိုပင်။ဘယ်အချိန်ဘယ်နေရာမှာဖြစ်ဖြစ် တူညီနေသည်။ဒါ့ကြောင့်လည်း သဒ္ဒါရွှန်းဝေစိတ်ထဲ ထိုအပြောတွေက နေရာယူနေခြင်းဖြစ်သည်။

မောင့်မှာသူ့အပေါ်လိုချင်တတ်မတ်မှုကင်းတယ်။တစ်ခါတစ်ရံ ပွေ့ဖက်မှုတွေကိုပင် တွန့်ဆုတ်နေတတ်သည်။မောင့်ရဲ့စိတ်က သူမှသူဖြစ်နေရင်တောင် မောင့်ရဲ့ကိုယ်ခန္ဓာကတော့ လိမ်ညာမရပေ။

”မိသဒ္ဒါ´´

”ဟင် မေမေ…´´

သဒ္ဒါရွှန်းဝေက ထိတ်လန့်တကြားနဲ့ နွေရင်ခတ်အနောက်မှာ ပုန်းကွယ်လိုက်သည်။

”သာသာကြည်ကြည်လိုက်ခဲ့စမ်း….မိသဒ္ဒါ´´

”နေပါ့ဦး…ဒေါ်ဒေါ်´´နွေရင်ခတ် ခတ်ထန်နေသောအခြေအနေကို ဝင်တားလိုက်သည်။

”သြော်….မင်းလိုအဆင့်အတန်းနဲ့ ငါ့သမီးကိုမျှော်မှန်းရဲသေးတယ်….အလိမ္မာသွေးရှင်ရဲ့ ခြေဖျားလောက်အဆင့်အတန်းရှိအောင်ကြိုးစားလိုက်ဦး….အလိုတော်…ရာရာစစ….´´

နွေရင်ခတ် ရပ်တန့်လိုက်သည်။အဝေတို့သားအမိ သူ့မြင်ကွင်းကနေပျောက်ကွယ်သွားသည်အထိ သူဟာ ကျောက်ရုပ်တစ်ရုပ်လိုရပ်နေမိသည်။

သူ့နှလုံးသားရဲ့သွေးကြောမျှင်တိုင်းက အမုန်းမီးစတွေကို တောက်လောင်စပြုနေပြီ။ထိုသူက သူ့ဘဝကိုသိမ်ငယ်အောင် ချိုးနှိမ်တတ်သည်။

ထိုသူ့ရဲ့ဖြစ်တည်မှုက သူ့အတွက်အရာရာကို ရှုံးနိမ့်စေသည်။

လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း သူ့ဒေါသတွေကို​မြိုသိပ်လိုက်သည်။

ထိုဒေါသမီးတောင်ဟာ တစ်ချိန်မှာပေါက်ကွဲမလာဖို့ဘဲ မျှော်လင့်မိသည်။

အချိန်ကား ညနေဆည်းဆာချိန်ဖြစ်သည်။ရွာလမ်းတစ်လျှောက်ဖြတ်သွားစဥ် တွေ့ရသော ကလေးများက ဘာလီချိုချဥ်လုံးများကို အပေါ်က အကြည်အိတ်ခွံခွာကာ ပါးစပ်ထဲအားပါးတရထည့်ရင်း အိပ်အခွံများကိုပင် အရည်ရွှန်းနေသောမျက်လုံးများဖြင့်ကြည့်ကာ သိမ်းဆည်းထားရန်ပြောဆိုနေကြသည်။

နွေရင်ခတ် ထိတ်ခနဲ အတွေးတစ်ခုပေါ်လာသည်။အတွေးတွေဖြစ်မလာဖို့ သူတောင်းဆုပြုရုံသာရှိသည်။အချိန်အကြာကြီး ပျောက်ကွယ်သွားခဲ့ပြီးပြီပဲ။ဘာကြောင့်များ ပြန်ပေါ်လာသေးသည်လဲ?ထွက်သွားလက်စနဲ့ ထာဝရပျောက်ကွယ်သွားပါတော့လား….

ဒီအတွေးတွေက တစ်စုံတစ်ယောက်အပေါ်  နာကျင်စေမှန်း သိခဲ့ရင် မြူတစ်မှုန်မျှတောင် မတွေးခဲ့ပါဘူးလို့ အနာဂတ်ကို ကျိန်ဆိုပြလိုက်ချင်သည်။

ကံကြမ္မာဆိုတာ မြင်နိုင်တဲ့အရာတစ်ခုမှမဟုတ်တာ။ငါတို့ဘယ်အချိန်ပျော်ရွှင်ရမယ်၊ဘယ်အချိန်နာကျင်ရမယ်လို့ ကြိုမသိခဲ့ကြဘူးလေ။ဘာအရာတွေကနာကျင်စေပြီး ဘယ်အရာတွေကကြင်နာစေလဲဆိုတာ မခွဲခြားနိုင်ခဲ့ဘူး။

အားလုံးပြီးဆုံးသွားမှ ငါတို့တွေ တုံးအစွာနောင်တရတတ်ကြတယ်။အဲဒီအချိန် ငါတို့နှလုံးသားတွေက ဝန်ရိုးစွန်းတစ်ဖက်ဆီမှာ ကျိုးပဲ့ပျက်ဆီးနေပြီဆိုတာ သတိထားမိကြမယ်။

သံသရာကြီးမှာ သတိလက်လွတ်ရုန်းကန်နေခဲ့တယ်။

တစ်ယောက်လောက် ငါတို့နှလုံးသားတံခါးကို သတိရဖို့ စာတစ်စောင်လောက်ပါးပေးပါ…အမုန်းနွံထဲ အရာအားလုံးမနစ်မြှုပ်ခင်လေးမှာပေါ့….

ဒီတလော အဝေနဲ့မတွေ့ရသည်မှာလည်း အတော်ကြာနေပြီ။သူ့အိမ်က တင်းကြပ်ထားခြင်းဖြစ်မည်။ဘာကြောင့်များ အချစ်မှာ လိုအပ်ချက်တွေများရတာလဲ?

ညက စာနဲ့အတူပါးလိုက်သော အဝေရဲ့ပြောစကားအရ သူတို့ရွာအနောက်ဘက်က မန်ကျည်းတန်းမှာ တွေ့ရန်သဘောတူထားပြီးဖြစ်သည်။

”မောင် စောင့်နေတာကြာပြီလား?´´

”ဟက်!´´

”အလိမ္မာ နင်ဒီကိုဘယ်လိုရောက်နေတာလဲ?´´ထိုသူဟာ မထင်မှတ်ထားသည့်သူ ဖြစ်တာကြောင့် သဒ္ဒါရွှန်းဝေ ထိတ်လန့်တကြားမေးလိုက်သည်။

”နင်…နင်ဘာလိုချင်လို့လဲ?´´စကားသံအဆုံး တစ်ဖက်လူက လှောင်ရယ်လာသည်။သဒ္ဒါရွှန်းဝေ နှုတ်ခမ်းထောင့်ကိုသွားဖြင့်ဖိချေကာ အံကြိတ်လိုက်သည်။

”ငါ့ကိုအကြာကြီးပိတ်လှောင်နိုင်ခဲ့ရအောင်အထိ မင်းကအတ္တကြီးလွန်းတယ်….ငါ့ကိုခုတုံးလုပ်ပြီး ကြင်နာမှုတွေကို မယူဖို့ နောက်ဆုံးအကြိမ်သတိပေးခြင်းပဲ သဒ္ဒါရွှန်းဝေ´´

အလိမ္မာသွေးရှင်က သူ့လက်ကောင်ဝတ်ကို သွေးကြောပြတ်တောက်သွားသည်ထင်ရအောင်ဆုပ်ကိုင်ကာပြောလာသည်။

”ဟားးးဟားးးဟားးး….အလိမ္မာသွေးရှင် နင်ရူးနေပြီ….ငါကသာသက်ဆိုင်သူ….သူ့နှလုံးသားရဲ့ပိုင်ရှင်….နင့်မှာ ဘယ်အခွင့်နဲ့ ငါ့ကိုလာအမိန့်ပေးနေတာလဲ?´´

”မင်းက အချစ်တွေနဲ့ မထိုက်တန်ဘူး´´

”ခွပ်~~~´´ပါးပြင်ပေါ်မှာ စပ်ဖျင်းဖျင်းနာကျင်မှုက သူဆုပ်ကိုင်ထားသော သဒ္ဒါရွှန်းဝေလက်ကောက်ဝတ်ကို လွတ်ထွက်သွားစေသည်။

”နာနေလား?´´

နူးညံ့နွေးထွေးတဲ့အသံက သူ့အနားမှခလုတ်တိုက်သွားသည်။စိုးရိမ်စိတ်တွေက သူ့အတွက်တော့ မဟုတ်ခဲ့ဘူးပေါ့။နွေရင်ခတ်က သဒ္ဒါရွှန်းဝေလက်ကောက်ဝတ်ကို အသာပွတ်ပေးကာပြောလာသည်။

အလိမ္မာသွေးရှင် ပါးပြင်ကို လက်ဖဝါးဖြင့်ဖိချေကာ နာကျင်မှုကိုသက်သာအောင်လုပ်လိုက်သည်။

နွေရင်ခတ်က လူကို အကြည့်စူးစူးဖြင့်စိုက်ကြည့်လိုက်သည်။

”အလိမ္မာသွေးရှင် မင်းဘာကြောင့်မျက်နှာပြောင်လာတိုက်နေတာလဲ?….မင်းကိုမချစ်တော့တဲ့သူတစ်ယောက်ကို ဘယ်လိုစကားတွေသုံးပြီး ခြိမ်းခြောက်နေဦးမှာလဲ?ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ…နောက်တစ်ဆိုရင် ငါမင်းကိုညှာမှာမဟုတ်တော့ဘူး…´´အလိမ္မာသွေးရှင်မျက်နှာကို တည့်တည့်ကြည့်ကာပြောလိုက်သည်။

”အဝေ လာသွားကြမယ်´´နွေရင်ခတ်ပြောချင်ရာပြောပြီး အဝေလက်ကိုဆွဲကာ အလိမ္မာသွေးရှင်အနားမှ ထွက်လာခဲ့သည်။

ပြန်လည်တွေ့ဆုံခြင်းတွေက ဒီလောက်အတ္တဆန်မယ်လို့ မထင်ထားခဲ့ဘူး။သူစိမ်းတွေဆိုရင်တော်ရောပေါ့….ရန်သူတွေဖြစ်မှ ကျေနပ်မှာလား….

သူ့နားထဲမှာ”မထိုက်တန်ဘူး´´ဆိုတဲ့စကားကပဲ့တင်ထပ်နေသည်။သူမန်ကျည်းတန်းကိုရောက်ရောက်ချင်းမှာပဲ ထိုစကားတွေက ခပ်ပြင်းပြင်းရိုက်နှက်ခံလိုက်ရသလို ဒေါသတို့ကို တရှိန်ထိုးပေါက်ကွဲထွက်စေသည်။ဘာကြောင့်များ သဒ္ဒါရွှန်းဝေအပေါ်လက်မလျှော့နိုင်ရသေးတာလဲ?

သူမြင်ခဲ့ရသော ထိုမျက်ဝန်းတွေကို စဥ်းစားမိတိုင်း သတိစကားတွေကမလုံလောက်သေးဘူးဟု ခံစားရသည်။

”အဝေပြန်နှင့်နော်´´

သူထိုနေရာကို အပြေးသွားကာ အလိမ္မာသွေးရှင်ဆီ တည့်တည့်လျှောက်သွားလိုက်သည်။အလိမ္မာသွေးရှင်က ပြန်သေးမည့် ပုံမပေါ်ပေ။မန်ကျည်းပင်ကိုကျောမှီကာပင်ထိုင်နေသေးသည်။ကျောပေးထားသည်ကြောင့် သူ့ကိုတော့မြင်ပုံမရ။

”ဘာလဲ?မကျေနပ်သေးဘူးလား?´´လှည့်မကြည့်ပဲ ထွက်လာသောစကားတို့ကြောင့် နွေရင်ခတ် ရပ်တန့်လိုက်သည်။

လှည့်ကြည့်လာသော မျက်နှာက အပြုံးတစ်ခုကိုဆင်မြန်းထားသည်။လှိုက်လှိုက်မောမောကိုပြုံးပြနေသည်။ထိုသူရူးသွားပြီထင်တယ်။ထို့နောက် ဆက်ကာပြောလာသည်။

”ကိုယ့်သူငယ်ချင်းကြိုက်တဲ့ကောင်မလေးကို ချစ်ခွင့်ပန်တုန်းက လိပ်ပြာလုံရဲ့လား?ငါ့အပေါ်အားနာစိတ်လေး နည်းနည်းလောက်ဖြစ်မိရဲ့လား?´´

”မင်းနဲ့ငါ ဘယ်တုန်းကမှ သူငယ်ချင်းမဟုတ်ခဲ့ဘူး အလိမ္မာသွေးရှင်´´

”ခစ်…ခစ်´´ခနဲ့တဲ့ရယ်သံက မတိုးမကျယ်ထွက်ပေါ်လာပြီး”ငါ့နောက်ကျောကိုဓားနဲ့ထိုးရင်တော်ရောပေါ့….ဘာကြောင့်ရင်ဝကိုပါဆောင့်ကန်ချင်နေရတာလဲ နွေရင်ခတ်!´´

”နောက်ကျောဓားနဲ့ထိုးခဲ့တာဘယ်သူလဲ?ကိုယ့်ကိုယ်ကိုယ်ပြန်ပြောနေတာလား?အဝေကမင်းကို ငြင်းခဲ့တုန်း ဘာ့ကြောင့်ငါ့ကိုလိမ်ခဲ့တာလဲ?မင်းငါ့အပေါ်ယုံကြည်ခဲ့လို့လား?အဲဒီညကအဖြစ်အပျက်တွေအားလုံး အဝေငါ့ကိုပြောပြထားပြီပြီ….မင်းငါ့ကို ဘယ်တုန်းကမှ မယုံကြည်…´´

”တော်လိုက်တော့…နွေရင်ခတ်´´

သူ့စကားပင်မဆုံးသေ အလိမ္မာသွေးရှင်က ဒေါသဖြင့်ဖြတ်ပြောလာသည်။အတော်လေးဒေါသထွက်သွားပုံရသည်။

”ငါချစ်တဲ့သူကိုမပိုင်ဆိုင်ရဘူးဆိုရင် တခြားသူပိုင်ဆိုင်သွားမှာကို ငါမလိုလားဘူး…ငါ့နှလုံးသားကိုစတေးပြီးတောင်မှ အရာအားလုံးကိုဖျက်စီးနိုင်တယ်´´အလိမ္မာသွေးရှင် စကားတို့က ဆုံးဖြတ်ချက်ချထားပြီးသည့်ပုံပင်။အသေအချာကို အဆုံးထိသွားဖို့ တွေးထားပြီးသားထင်သည်။

ထိုသူက တခြားတစ်ယောက်အဖြစ်ပြောင်းလဲသွားသလို။အရင်က မမြင်ဖူးတဲ့ တစ်ဖက်ခြမ်းကိုလှစ်ဟပြလာသည်။အလိမ္မာသွေးရှင်က ဒီနှစ်တွေအတွင်းအတော်ကြီးပြောင်းလဲသွားသည်။

”အဝေနဲ့ပတ်သတ်လာရင် ငါကငြိမ်ခံနေမယ်မထင်နဲ့…´´

”မင်းပါးစပ်က အဲဒီနားမည်မထွက်စမ်းနဲ့´´

အလိမ္မာသွေးရှင်က နွေရင်ခတ်မေးကို အားဖြင့်ကိုင်ကာပြောလာသည်။

နွေရင်ခတ်ရုန်းဖယ်ရင်း ထိုသူ့အပေါ် လက်သီးချက်များဖြင့် ဒေါသဖြေလိုက်သည်။ဘယ်နှချက်ထိုးမိလည်းတော့မသိ သူ့စိတ်တည်ငြိမ်လာပြီဆိုကာမှ လွှတ်ပေးလိုက်သည်။

”တောက်´´

ထွက်သွားရန်ပြင်လိုက်တော့…
အရူးတစ်ယောက်လို ထိုသူက လှောင်ရယ်နေသည်။မျက်ရည်ကျလောက်သည်အထိ ရယ်နေသော ထိုသူ့ကိုလျစ်လျှူရှုလိုက်သည်။

မျက်နှာတစ်လျှောက်ရောင်ကိုင်းကာ အထိုးခံရသည်ကပင်နာကျင်ပုံမရပေ။နှုတ်ခမ်းထောင့်မှပေါက်ပြဲနေသော ဒဏ်ရာကို လက်ဖြင့်ဖိကာနေသည်။

ထိုသူက လမ်းဆုံးနေပြီ….

နွေရင်ခတ် ခေါင်းခါကာ လှည့်ထွက်လာလိုက်သည်။

…….

ငါတို့အဆင်သင့်ဖြစ်ပြီ…အမုန်းတံခါးတွေဖွင့်ဖို့…

Tags: read novel ”Á€¡Á€Œá€­Á€™Á€¹Á€™Á€¬Á€›Á€„Á€ºá€™Á€¾Á€¬Á€›Á€¾Á€­” အပိုင်း(၁၇), novel ”Á€¡Á€Œá€­Á€™Á€¹Á€™Á€¬Á€›Á€„Á€ºá€™Á€¾Á€¬Á€›Á€¾Á€­” အပိုင်း(၁၇), read ”Á€¡Á€Œá€­Á€™Á€¹Á€™Á€¬Á€›Á€„Á€ºá€™Á€¾Á€¬Á€›Á€¾Á€­” အပိုင်း(၁၇) online, ”Á€¡Á€Œá€­Á€™Á€¹Á€™Á€¬Á€›Á€„Á€ºá€™Á€¾Á€¬Á€›Á€¾Á€­” အပိုင်း(၁၇) chapter, ”Á€¡Á€Œá€­Á€™Á€¹Á€™Á€¬Á€›Á€„Á€ºá€™Á€¾Á€¬Á€›Á€¾Á€­” အပိုင်း(၁၇) high quality, ”Á€¡Á€Œá€­Á€™Á€¹Á€™Á€¬Á€›Á€„Á€ºá€™Á€¾Á€¬Á€›Á€¾Á€­” အပိုင်း(၁၇) light novel, ,

Comment

Leave a Reply

Chapter 19