Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၇

A+ A-

“ငယ်ငယ် နေမကောင်းဘူးလား”

“ကောင်းတယ်ကိုကို”

ထမင်းပန်းကန်ကို စိတ်မပါစွာမွှေရင်းဖြေလာသံကတိုးရှရှ။မော့မကြည့်လာဘဲအတွေးတွေထဲနစ်နေသူလေးကို သူ့ပေါင်ပေါ်ဆွဲပွေ့ပစ်လိုက်သည်။

“ထမင်းမစားချင်ဘူးလား”

ခေါင်းခါပြလာပြီးသူ့ပုခုံးထက်မေးတင်ကာလည်ပင်းကိုသိုင်းဖက်ထားလေသည်။

“ညကဘာဖြစ်လို့လဲ ကိုကို့ကိုပြော”

“ဟင့်အင်း”

“အဲ့လိုမနေပါနဲ့ကလေးရဲ့ ငယ်ငယ်ဖြစ်တာကိုပြောပြမှ ကိုယ်ကကူညီပေးလို့ရမှာပေါ့ ငယ်သိတယ်မလား ကိုကိုကငယ်ဖြစ်ချင်တာတွေအကုန်လိုက်လျောပေးမှာ”

ကျောပြင်လေးသပ်ပေးကာ ခေါင်းလုံးလုံးလေးထက်နှုတ်ခမ်းတွေဖိကပ်ထားမိသည်။သူ့ကလေးမျက်နှာညိုရင် သူ့ကိုယ်ပိုင်ကမ္ဘာထဲမုန်တိုင်းဝင်လာသလိုမျိုး။

“……………”

“မနေ့ညကလူတွေကိုမကြိုက်ဘူးမလား”

“ဟုတ်”

“ဟုတ်ပြီနော် နောက်ဆိုရင်ငယ်သူတို့နဲ့မတွေ့စေရဘူး ကိုကိုကတိပေးတယ် ငယ်ကအခုလိုမနေရဘူးလေကိုယ့်ကိုပြုံးပြပါအုံး”

မျက်နှာလေးရှေ့ကိုဆွဲယူကာမေးတော့ မယုံသလိုလေးကြည့်လာလေသည်။

“ဘာလို့မတွေ့ချင်တာလဲလို့ မမေးတော့ဘူးလား”

“ငယ်ကမတွေ့ချင်လို့ဆိုမတွေ့ချင်လို့ပေါ့ ကိုယ့်ကိုအကြောင်းပြချက်တွေပေးဖို့မလိုပါဘူး ငယ့်စိတ်ဆန္ဒကသာအဓိက အကယ်၍ရုပ်ဆိုးလို့မကြည့်ချင်တာလို့ပြောလာရင်တောင် ကိုယ်ကလက်ခံပေးအုံးမှာ “

“ဟွန့်.. လျှောက်ပြောနေတယ်”

အခုမှစိတ်ကြည်လင်လာပုံပေါက်တာမို့ သက်ပြင်းတစ်ချက်ခိုးချရသည်။အိပ်ယာနိုးကတည်းက မျက်နှာလေးနွမ်းနေတာမို့သူ့မှာစိတ်မချမ်းသာ။

မျက်နှာသစ်သွားတိုက်ကအစ သူလုပ်ပေးသမျှငြိမ်ခံနေသူကခါတိုင်းလိုအတွန့်တက်မလာ။စိတ်မကြည်လင်စရာတွေကိုပြန်တွေးခိုင်းရအောင်အထိလည်း သူကခွင့်မပြုနိုင်။ဒါကြောင့်သူလေးစိတ်အေးချမ်းဖို့ သူစကားတွေပြောပေးနေရတာ။

“ကိုကို့”

“ဗျာ”

“ညက… “

“အွန်း”

“ငယ်ငယ်ဘာတွေထူးထူးခြားခြားပြောသေးလဲဟင်”

“ဘာမှမပြောပါဘူး ကလေးရဲ့”

ညကစိတ်လှုပ်ရှားလွန်းကာအသိစိတ်မကပ်ဘဲစိတ်ထဲရှိရာတွေထုတ်ပြောမိတာကိုသူလေးသတိမရ။ဒီအခြေနေလေးကြောင့်သူစိတ်သက်သာရာရသည်။စိတ်ညစ်စရာတွေရဲ့အဝေး လေပြည်အေးတွေရှိတဲ့အရပ်မှာ သူ့ပိုင်ဆိုင်မှုလေးကိုသိမ်းထားချင်ပါသည်။

“တကယ်လား”

“အွန်း မပြောဘူး အိပ်ပျော်သွားတာ”

“တိမ်ငွေ့နေတဲ့ပြည်နယ်ကိုအလည်သွားချင်တယ်ကိုကို”

“မနက်ဖြန်ကိုယ်လိုက်ပို့မယ်”

“တကယ်လိုက်ပို့မှာလား”

“ကိုယ်ကညာစရာလား”

“ဟီးဟီး…ကိုကိုကချစ်ဖို့ကောင်းလိုက်တာ မွမွ “

လည်ပင်းကိုသိုင်းဖက်ပြီး ပါးပြင်အနှံ့လိုက်နမ်းနေတာက ကလေးတွေလို။စိတ်ချမ်းသာဖို့ဆို လကမ္ဘာထိပို့ရလည်းကိစ္စမရှိပါဘူး ငယ်။

ဆိုင်ကယ်နှင့်သွားချင်တာလို့ဆိုလာတာမို့ သူ့မှာခေါင်းစခြေဆုံးအလုံထုတ်ပေးရသေးသည်။လေတိုးလို့များညိုသွားမလား၊ပင်ပန်းလို့ပဲဖျားသွားမလားစိတ်ပူရပေမယ့် သူ့တောင်းဆိုမှုလေးတွေကိုလည်းမငြင်းဆန်နိုင်ပြန်ဘူး။

လောဘသိပ်နည်းတဲ့ကလေးက များများစားစားတောင်းဆိုခဲ့ဖူးတာမရှိလို့ သူ့တောင်းဆိုချက်သေးသေးလေးတွေကိုအကုန်ဖြည့်ဆည်းပေးချင်မိသည်။

သူပြည့်ပြည့်စုံစုံထားနိုင်လို့ လိုအပ်တာတွေမရှိတာလို့စိတ်ဖြေနေရတာပါပဲ။လိုချင်တာတွေပြောမထွက်မှာစိုးလို့ အရိပ်တကြည့်ကြည့်နဲ့ အကြည့်တွေကိုဖတ်တတ်အောင်သင်ယူထားရသည်။နှစ်ခါပြန်ကြည့်မိတဲ့အရာတိုင်း သူလေးအပိုင်ဖြစ်ဖို့သူဆုံးဖြတ်ပြီးသား။

​ဖြေးဖြေးချင်းသာခရီးနှင်တာမို့ ခရီးလမ်းတွေဟာသိပ်ရှည်ပါသည်။သဘောကျစရာတွေ့တိုင်း သူ့ကျောကိုပုတ်ကာလက်ညှိိုးညွှန်ပြနေကျမို့ သူ့မှာသဘောကျကြောင်းခေါင်းညိတ်ပြရသေးသည်။ခါးထက်ဖက်တွယ်ထားတဲ့လက်တွေကိုသူ့လက်တစ်ဖက်နဲ့အုပ်ကိုင်ထားနိုင်ခြင်းဟာ ဘဝရဲ့ပြီးပြည့်စုံဆုံးလိုအပ်ချက်တစ်ခုလို။

သက်တော်စောင့်တွေကကားနှင့်မို့ တစ်နေရာရပ်တိုင်းလိုချင်တာလက်ဖြန့်လိုက်ရုံသာ။သူတို့နှင့်အတူGeoနှင့်စိုင်းတိမ်ငွေ့ပါပါလာလေသည်။ယခုတစ်လောအဆင်ပြေနေပုံရတဲ့ထိုနှစ်ယောက်က ဘယ်နေရာမဆိုတပူးတွဲတွဲ။

အိမ်ကကလေးက အစကစိုးရိမ်နေပုံပေါ်သော်လည်း မြင်ပါများလို့ရိုးသွားသည်ထင်။ယခုတော့ပုံမှန်လိုပါပဲ။အိမ်ထောင်သက်နှစ်ဝက်ကျိုးနေပြီမို့ သူလေးမျက်နှာတစ်ချက်ကြည့်ရုံနှင့်အရာရာခန့်မှန်းတတ်နေပြီ။

ထမင်းစားနားတော့လည်း သူပိုင်သည့်စားသောက်ဆိုင်မို့ စိတ်ချလက်ချသာ။ကြိုအကြောင်းကြားထားတာမို့ သူတို့ရောက်လာတော့အခြားဧည့်သည်တွေမရှိ။

ပြာပြာသလဲဆီးကြိုသူတွေက သူ့လက်မောင်းထဲဆွဲသွင်းခံထားရသူလေးကို မသိမသာစပ်စုနေကြတာမို့ မသိချင်ယောင်သာဆောင်ပစ်လိုက်သည်။အချစ်ခံလေးကမြင်သမျှလူတိုင်းရဲ့အာရုံစိုက်မှုကိုလည်းရရှိထားသေးသည်။

“ဘာစားမလဲ ငယ်”

“ပင်လယ်စာလေးစားချင်တယ်”

Menusထဲကဟင်းပွဲတွေကြည့်ရင်း သူသဘောကျသမျှကိုသာမှာဖို့ပြင်ရသည်။

“Ok စတော်ဘယ်ရီ juiceပဲသောက်မှာလား”

“Orangeသောက်မှာ ချဥ်ချဥ်လေး”

“နောက်ထပ်ဘာစားချင်သေးလဲ”

“အွန်….မရှိတော့ဘူး”

“Ok ပင်လယ်စာမှန်သမျှအကုန်ချပေးပါ ပြီးတောOrange juiceချဥ်ချဥ်လေး”

Menusစာအုပ်ကိုဆိုင်မန်​နေဂျာဆီပြန်ထိုးပေးကာ ကလေးလက်လေးတွေကိုဆုပ်ကိုင်ပေးမိသည်။Menusစာအုပ်ကသူ့အမျိုးသားလက်ကလေးလောက်မှကိုင်လို့မကောင်းတာကို။

“ဟုတ်ကဲ့ ကိုသမုဒ္ဒရာကရော”

“သူနဲ့အတူတူစားမှာ Geoမင်းတို့စိတ်ကြိုက်မှာ”

“ဟုတ်ကဲ့ကိုCean… ငွေ့ဘာစားမလဲ”

Menuစာအုပ်တစ်ခုထဲစိုက်နေတဲ့ခေါင်းနှစ်ခုကိုကြည့်ရင်း သူ့ကလေးဆီပဲအကြည့်ပို့လိုက်သည်။သူလေးကဟိုနှစ်ယောက်ကိုစိတ်ဝင်တစားကြည့်နေတာမို့ သူ့နှုတ်ခမ်းစွန်းတွေကွေးခနဲ။စဥ်းစားကြည့်မှ သူလေးနဲ့ပတ်သပ်သူမှန်သမျှက ကိုယ့်တစ်မိသားစုထဲစုနေတော့မှာ ရေစက်တွေကဆန်းကြယ်လိုက်တာ။

ဟင်းပွဲတွေရောက်လာတော့ သူ့မျက်ဝန်းဝိုင်းလေးတွေကကိုယ့်ဆီမော့ကြည့်လာလေသည်။ပင်လယ်စာကြိုက်ပြီးဂဏာန်းမခွာတတ်၊ပုဇွန်မခွာချင်သူက သူရှိမှသာစားဖြစ်တာ။

အင်္ကျီလက်ကိုပင့်တင်လို့အလိုက်တသိ လက်အိတ်စွပ်လိုက်သည်။သူ့ပန်းကန်ထဲခွာထည့်ပေးသမျှ သူတစ်ခုစားလျှင်ကိုယ့်ကိုတစ်ခုခွံ့နေတာမို့ သူ့မျက်နှာကနေ့အလင်းရောင်ကိုစိန်ခေါ်နေသလိုတောက်ပနေတာ။

ဘေးကနှစ်ယောက်ကမသိချင်ယောင်ဆောင်နေကာ ဘေးဝိုင်းကသက်တော်စောင့်တွေကတော့ရိုးနေပြီဆိုတဲ့အထာတွေနှင့်အာရုံတွေအကုန်စားသောက်ခြင်းဆီမှာ။ခပ်လှမ်းလှမ်းမှာရပ်နေပြီးလိုအပ်တာလုပ်ပေးဖို့စောင့်နေသည့်ဆိုင်ဝန်ထမ်းတွေမှာသာ အားကျသလိုသွားရည်ကျမတတ်။

စားသောက်ပြီးအချိုတည်းတော့လည်းသူတို့နှစ်ယောက်အပြင်ဘယ်သူမှရှိမနေသလို ပိုပိုကဲကဲ။အအေးခွက်ပါပိုက်တစ်ချောင်းတည်းနှင့်သောက်နေသူတွေက မသိလျှင်ပိုက်ဆံမရှိလို့ဝယ်မသောက်နိုင်ပုံနှင့်။ဝတ်စားထားတာနှင့် ရုပ်ခံလေးတွေကြောင့်သာတင့်တယ်နေတာ။

ပုံမှန်ထက်ပိုကြာတဲ့ခရီးမှာ အမှတ်ရစရာတွေအပြည့်။လမ်းတစ်လျှောက်စိုက်ပျိုးခဲ့တဲ့ပျော်ရွှင်ခြင်းတွေဟာ လေပြည်တွေသယ်ဆောင်သွားတာမို့ နေရာအနှံ့အပြုံးတွေပဲ့တင်ထပ်နေမှာ။

ညနေမှောင်ရီပျိုးချိန်မှရောက်ပေမယ့် နွေနေအလင်းကမကွယ်ပျောက်သေး။ခဏအနားယူကာရေမိုးချိုးပြီးညစာစားသည်။ခရီးပန်းလာသည့်ကလေးက အိပ်ယာထဲတန်းခွေတာပဲ။

“ငယ် ပင်ပန်းနေတာလား”

“ခါးနာတယ်”

“ကိုကိုနှိပ်ပေးမယ်”

မှောက်ချလိုက်သူရဲ့ကိုယ်ထက်ကစောင်လေးအသာဆွဲချကာ ခပ်ဖွဖွလေးနှိပ်ပေးမိသည်။ခရီးဝေးကိုသိပ်မသွားဖူးသူမို့ သူလေးပင်ပန်းနေမှာ။

“ကိုကိုကမညောင်းဘူးလား ငယ်ငယ်ပြန်နှိပ်ပေးမယ်လေ”

“ပြွတ်စ် အတတ်ကလေး ကိုကိုကဒီခရီးလောက်ကိုစာတောင်မဖွဲ့ပါဘူးဗျာ”

“ငယ်ငယ်ကတကယ်ပြောနေတာ”

“မလိုပါဘူးကွာ ငယ့်လက်သေးသေးလေးတွေကကိုကိုနမ်းဖို့”

“ကိုကိုက အပိုတွေတအားပြောတာ”

“အပိုမဟုတ်မှန်းငယ်အသိဆုံးပါ နှစ်ဝက်တောင်ကျော်နေပြီငယ်ကမယုံသေးဘူးလား”

နှုတ်ဆိတ်သွားသူကခေါင်းအုံးလေးထက်မျက်နှာအပ်သွားသည်။ပြီးမှထွက်လာတဲ့အသံတိုးတိုးလေးက ယုံတယ်တဲ့။သူ့ကိုယ်သူချစ်ခွင့်မရှိပါဘူးဆိုပြီးတရားသေသတ်မှတ်ထားသူက သူ့ဆီကထိုစကားကိုဘယ်တော့မှလက်မခံ။

ယခုလည်းထိုအကြောင်းကိုစဥ်းစားမိသွားတာဖြစ်မည်။ဝမ်းနည်းခြင်းအငွေ့အသက်တွေ သူ့အနားလွှမ်းခြုံလို့။အတွေးများနေတဲ့ကလေးကိုဒီအတိုင်းလွှတ်ထားပေးတော့ အသက်ရှုသံလေးတွေတိုးဖွစွာ အိပ်ပျော်သွားလေသည်။

ပင်ပန်းနေမှန်းသိတာမို့ စကားတွေအများကြီးမပြောဖြစ်တာ။ခါးမှလက်တွေကိုဖယ်ကာ ပက်လက်လှန်ပေးလိုက်သည်။သူ့ညင်သာမှုတွေကြား အိပ်ပုပ်လေးနိုးမသွားခဲ့။ခြေထောက်တွေထိပါဆက်နှိပ်ပေးတော့ အိပ်နေတဲ့ကလေးကယောင်ယောင်လေးပြုံးသည်။အိမ်မက်တွေလှနေသည်ထင်။

ခြေကျင်းဝတ်လေးက Footchaingဆီအကြည့်ရောက်တော့သူသိသိသာသာပြုံးမိသွားသည်။

“ဒီတစ်သက်စာအတွက် ကိုယ့်အနားကပြေးမလွတ်တော့ဘူးငယ်”

နာရီဝက်လောက်ဆက်နှိပ်ပေးပြီးမှ စောင်ခြုံပေးလိုက်ကာလက်သွားဆေးမိသည်။ပြန်လာတော့ခြေထောက်လေးနှစ်ဖက်ကစောင်အပြင်ဘက်မှာ။အဲ့ကလေးရဲ့အကျင့်ကိုက ညအချိန်ဘယ်လောက်အေးအေး ခြေထောက်တွေအပြင်ထုတ်အိပ်တတ်တာပဲ။

သူ့မှာတစ်ရေးနိုးတိုင်းစောင်ထခြုံပေးရမြဲ။အနွေးပေးစက်ဖွင့်ထားတတ်ပေမယ့် မတော်လို့များအအေးမိသွားရင်ဘယ်လိုလုပ်မလဲလေ။
ခြေထောက်အောက်စောင်လေးဖိလို့သူ့ခြေထောက်တွေနှင့်ခွထားလိုက်သည်။ခြေတံရှည်တွေအသုံးဝင်ပုံကသူလေးနှင့်ဆိုပိုသိသာသည်။

မနက်ဖြန် သူလေးကိုအလိုလိုက်ဖို့အကြောင်းတွေတွေးရင်း သူအိပ်စက်ပစ်လိုက်သည်။ငယ်ရှိရာအရပ်ဟာ အမြဲနေသာနေသည်အထိ သူ့ဘဝဟာတောက်ပပါသည်။

စိုင်းတိမ်ငွေ့ပျိုးပင်တွေကြား သူ့ငယ်ငယ်ဟာတလှုပ်လှုပ်။အသစ်အဆန်းလေးမြင်ရင်အဲ့နားကမထတော့ဘူး။တော်ကြာအနံ့လေးကြိုက်လို့ဆိုပြီးသွားရှူလိုက် တော်ကြာအရောင်လေးကြိုက်လို့ဆိုပြီးပြေးကြည့်လိုက်နှင့် တစ်ယောက်တည်းအလုပ်ရှူပ်နေတာ။

ကိုယ်ပါရင်မလွတ်လပ်မှာစိုးလို့ ခပ်လှမ်းလှမ်းကနေသာဂရုစိုက်ရသည်။အနားမှာရပ်နေတဲ့Geoက ငယ်ငယ့်ကိုကြည့်ကာခေါင်းရမ်းရင်း

“ကြာရင် ကိုCeanခြံကပန်းဥယျာဥ်၊အသီးဥယျာဥ်ဖြစ်တော့မယ်”

သူ့ကလေးသဘောကျသမျှခြံထဲစိုက်ထားတာမို့ ယခုဆိုသူ့ခြံဝန်းကအရောင်အသွေးစုံနှင့်နေချင့်စဖွယ်။

“သူပျော်ဖို့ပဲလိုတာ”

“လုပ်နိုင်တဲ့သူတွေဆိုတော့လည်းလုပ်ပေါ့ဗျာ”

“မင်းငါ့ဆီကတောင်းတဲ့မြေကွက်မှာ..”

သူ့စကားမဆုံးခင်ဇွတ်ဖြတ်ပြောလာတဲ့ Geoက အဲ့မြေကွက်အကြောင်းကိုစကားစမခံ။နံဘေးမှာရပ်နေတဲ့သူ့လူလေးကိုSuprise တိုက်ချင်နေတာ။

“ဟုတ်တယ် ကိုCeanမှန်တာပေါ့ အိမ်သားလေးကိုအလိုလိုက်သင့်တယ်လေ သူကြိုက်တဲ့ပန်းပင်မှန်သမျှစိုက်ပေးရမှာပေါ့ စားချင်တဲ့အသီးမှန်သမျှကိုယ်တိုင်စိုက်ပေးရမယ်လေ စျေးကွက်ထဲကအသီးတွေက ဆေးထိုးထားမှန်းမသိဘာမှန်းမသိလေနော် မှန်တယ်”

“အဟွန်း”

“ဘာပင်တွေစိုက်လို့လဲ”

ဘေးနားကစိုင်းတိမ်ငွေ့က လခြမ်းနှင့်ပတ်သပ်၍သာစကားစပ်မိကြတာမို့ ယခုလည်းသူငယ်ချင်းလေးအတွက်သိချင်နေတာ။သူ့အစားGeoကသာဝင်ဖြေပေးလေသည်။

“အာ…ခြံထဲမှာအစုံစိုက်ထားတာ ပန်းဆိုမျိုးစုံလေ စတော်ဘယ်ရီခြံ ၊စပျစ်ခြံ၊သရက်ခြံ၊ပန်းသီးခြံ၊လိမ္မော်ခြံ လခြမ်းပူဆာသမျှအကုန်စိုက်ထားတာ မှတ်တောင်မမှတ်မိတော့ဘူး”

“အဲ့လောက်ကြီးကျတော့ Overဖြစ်လွန်းတာပေါ့”

“ငါ့မှာလုပ်နိုင်စွမ်းရှိ​တယ်လေ ပိုက်ဆံတွေသုံးမကုန်အောင်ပေါတော့ ငယ်ပျော်ဖို့အတွက်အကုန်ဖြုန်းပစ်လိုက်တာ ငယ်အမြဲပြုံးနေရင်ဘယ်လောက်ကုန်ကုန် တန်ပါတယ်”

“ဟွန့်”

နှာတစ်ချက်မှုတ်ကာထွက်သွားသူက အရှူပ်ထုပ်လေးဆီ။သူ့သူငယ်ချင်းလေးကို ဖူးဖူးမှုတ်ချစ်ပေးနေတာကိုသဘောကျနေရက်နဲ့ ဟန်ဆောင်နေတာ။အရင်ထက်ပျော့ပျောင်းလာတဲ့ဆက်ဆံရေးတွေကိုကြည့်ရင် သူသဘောတူနေပြီဆိုတာအရှင်းသား။

မနီးမဝေးဆီမှ တိမ်ငွေ့ရဲ့ခပ်ဆတ်ဆတ်ဆူငေါက်သံတွေကြားရပြီး လခြမ်းရဲ့ကြည်လင်သည့်ရယ်သံတစ်ချို့ပါတွဲရက်ပါလာသည်။အရောင်ကင်းမဲ့တဲ့သံယောဇဥ်တွေက အရောင်စုံတဲ့ပန်းတွေကြားမှာတခမ်းတနား။

ညနေဘက်လမ်းလျှောက်ထွက်ဖြစ်တာက ထင်းရှူးပင်တွေကြားကလမ်းသွယ်လေး။မြေသားလမ်းကိုမှမြေနီတွေမို့ သူလေးသိပ်သဘောကျနေတာ။

နေကြာရိုင်းတွေပွင့်နေတာမို့ သဘောတကျခူးလာသူအတွက် ပန်းစည်းလုပ်ကာသူပွေ့ထားပေးရသည်။နောက်ပြန်ဖြည်းဖြည်းလေးလျှောက်နေတဲ့ကလေးက သူ့မျက်နှာကိုငေးရင်း နွေးနွေးထွေးထွေးပြုံးပြနေတာမို့ ရင်ထဲမှာစမ်းရေအေးလေးစီးဆင်းနေသလို။

“ကိုကို့”

“ဗျ”

“အရင်တစ်ခါတွေ့တဲ့ဘဘကြီးကိုတွေ့ချင်တယ်”

“ရုတ်တရတ်ကြီးဘာလို့လဲကလေးရဲ့”

“သိချင်တာလေးတွေရှိလို့”

“အရင်တစ်ခါပြောသွားတယ်မလား ကလေးတွေ့ချင်ရင်စိတ်ထဲကတောင့်တလိုက် လာတွေ့ပေးမယ်တဲ့”

“တကယ်လာမှာလားဟင်”

“တကယ်ပေါ့ ကိုကို့ရဲ့ငယ်ဖြစ်ချင်တာမှန်သမျှဖြစ်လာမယ်ဆိုတာကိုယ်သိတယ်”

“ဟုတ်”

“ပြောပါအုံး ကလေးကဘာတွေသိချင်နေတာလဲ”

“ပြောပြလို့မရဘူး”

“ဘာလို့လဲ”

“ငယ်ငယ့်လျှို့ဝှက်ချက်လေးမို့လို့ပေါ့”

“ဟုတ်ပါပြီဗျာ”

“ကိုကိုတကယ်မမေးတော့ဘူးပေါ့”

“ကလေးလေးရဲ့လျှို့ဝှက်ချက်မို့ကိုယ်ကအတင်းမမေးပါဘူး လူတိုင်းမှာလျှို့ဝှက်ချက်တွေရှိကြတာပဲဟာ လူတိုင်းကကိုယ်ံ့ခံစားချက်ကိုကိုယ်ပိုင်တယ်လေ ငယ့်ခံစားချက်တွေကိုငယ်ပဲပိုင်တာပေါ့”

“ကိုကို့မှာရောရှိလား”

“ရှိတာပေါ့”

“ငယ်ငယ့်ကိုပြောပြလို့မရဘူးလား”

“လူလည်လေးကတော့ကွာ”

“ကိုကိုကမသိချင်ပေမယ့် ငယ်ငယ်ကသိချင်တယ်လေ”

“လျှို့ဝှက်ချက်ကအများကြီးရှိတယ်”

“တစ်ခုလောက်ပြောပြလေ”

“နောက်မှ”

“ကိုကိုကလည်း”

“နောက်ကျရင်အတည်ပြောပြမယ် အခုကအချိန်မတန်သေးဘူး”

“ဟွန့်…..နေပေါ့”

စိတ်ကောက်သွားသူက ဘောက်ဆတ်ဘောက်ဆတ်နဲ့ရှေ့မှထွက်သွားတော့ သူသဘောတကျရယ်ရင်းသာ နောက်မှဖြည်းဖြည်းချင်းလိုက်သည်။ခြေတံရှည်ကြီးတွေနဲ့မို့သူလေးနောက်ထပ်ကြပ်မကွာ။

လက်ထဲကနေကြာရိုင်းတွေကို လေပြည်ညှင်းကအလစ်သုတ်တော့ ရနံ့တစ်ချို့ထွက်ပြေးကုန်သည်။ညနေဆည်းဆာရယ် ပန်းရနံ့တွေရယ် မြတ်နိုးရသူရယ် ပြည့်စုံခြင်းရဲ့အဓိပ္ပါယ်ဆိုတာ ဒါပဲဖြစ်လိမ့်မယ်။

စိုင်းတိမ်ငွေ့ပိုင်တဲ့တောထဲကအိမ်လေးကိုသူသဘောကျနေတာမလို့ လိုက်ပို့ဖြစ်သည်။လျှိုမြောင်တို့ကြား တောင်တန်းတွေအလယ် သစ်ပင်တို့ခြံရံထားတာမို့ တော်ရုံရောက်ဖို့မလွယ်တဲ့ထိုနေရာက ပုန်းခိုဖို့အကောင်းဆုံးနေရာလေး။

အစ်အောက်မေးကြည့်ရင်းသိခဲ့ရတဲ့ သူ့ဆီကထွက်ပြေးပုံကဩချလောက်ဖွယ်။စုံထောက်ကားတွေအကြည့်များသလားမပြောတတ်။သူငယ်ချင်းနှစ်ယောက်ပေါင်းပြီးသူ့ကလေးကိုဖွက်ထားပုံက မသိရင်သူဟာအကြီးစားအန္တရာယ်ကြီးလို။

ရောက်ရောက်ချင်းခဏနားပြီးတာနှင့် သူ့လက်ကိုဆွဲကာနေရာအနှံ့လိုက်ပြသူက အရမ်းတွေပျော်နေမှန်းသိသာစေသည်။နွေမှာပွင့်သည့်ငုဝါတွေကတစ်တောလုံးအပြည့်။သူတက်ဖူးသမျှအပင်လက်ညှိုးထိုးပြတော့ ဘယ်အပင်မှမလွတ်။

အိမ်ကအပင်တွေထပ်မတက်ရတော့တဲ့သူကအပင်တွေတက်ချင်နေတာမို့ သူ့မှာဇွတ်ငြင်းထားရသည်။ဘာများဝင်စားလာသည်မသိ အပင်မြင်ရင်ကိုတက်ချင်နေတော့တာ။

ရေအိုင်ဆီရောက်တော့လည်း ရေစိမ်ချင်ပါသတဲ့။နေကျချိန်လည်းဖြစ် ပူတဲ့ရာသီလည်းဖြစ်တာမို့သူခေါင်းညိတ်လိုက်ရသည်။နှစ်ယောက်အတူရေစိမ်ရင်း သဘာဝအလှကိုခံစားသည်။

အိမ်လေးဆီပြန်ရောက်တော့စောင့်ကြိုနေသူကြောင့် သူပါတအံ့တဩ။ပြုံးပြနေသူက ငယ်တွေ့ချင်နေပါသည်ဆိုသည့် ပုဂ္ဂိုလ်။ဒီလိုနေရာကိုဘယ်လိုရောက်လာသလဲသူမတွေးအား။သက်တော်စောင့်တွေရှိပါရင်နှင့်အတားမခံရခြင်းကသာထူးဆန်းပါသည်။

ပုံမှန်လိုဆိုသူ့ဆီလာအကြောင်းကြားပြီးမှ သူရှိရာဆီရောက်လာရမည်မဟုတ်လား။

“ဘဘ”

“တွေ့ချင်နေတာမလားကလေး”

“ဟုတ်”

ပြန်ဖြေရင်းသူ့ကိုမော့ကြည့်လာတာမို့ အလိုက်တသိထွက်သွားဖို့ပြင်ရသည်။

“ကိုကို ငယ့်အတွက်ညနေစာစားဖို့သွားပြင်ပေးမယ်နော်”

ပြုံးပြကာထွက်သွားသူကို မြင်ကွင်းမှကွယ်သည်အထိငေးမိသည်။ပြီးမှရှေ့ကိုပြန်လှည့်ကာဘယ်ကနေစကားစရမည်မသိ။

“ဘဘတို့လမ်းလျှောက်ရအောင်”

“ဟုတ်”

သစ်ခွတွေပျိုးထားတာမို့ ရနံ့တို့ကစီရရီ။မေးစရာတွေထွက်မလာခြင်းဟာ သူထင်သလိုဖြစ်နေမှာစိုးလို့။

“ကလေးဘဝအမှန်ကို ဘဘသိတယ်”

“ဗျာ”

ခြေစုံရပ်မိတဲ့အခိုက် မျက်နှာချင်းဆိုင်လှည့်ကြည့်လာလေသည်။

“ဘာကိုမှတွေးမပူပါနဲ့ ဘာကိုမှလည်းမ​ကြောက်နဲ့ ဖြစ်ကိုဖြစ်ရမယ်ဆိုပြီးသတ်မှတ်ထားတဲ့ကံကြမ္မာကိုတောင်ပြောင်းပြန်လှန်နိုင်ရင် ဘာတွေကိုတွေးကြောက်နေရအုံးမှာလဲ”

“ဒါပေမယ့်ငယ်ငယ်မှာချစ်ခွင့်မရှိတာအမှန်ပဲမဟုတ်လား”

“ချစ်ခွင့်မရှိတာမဟုတ်ဘူး ချစ်တတ်ခွင့်မရှိခဲ့တာ ချစ်ခွင့်မရှိတဲ့လူတွေကိုချစ်ဖို့ခွင့်မပြုထားရင် ဘယ်တော့မှချစ်တတ်လာမှာမဟုတ်ပေမယ့် ချစ်ခွင့်ရှိတဲ့လူကိုလည်းမချစ်အောင်ထိန်းထားလို့ရမှာမဟုတ်ဘူး”

“ငယ်ငယ်သိပ်နားမလည်ဘူး”

“နောက်တစ်ခါဆုံရင် ပုံပြင်တစ်ပုဒ်ပြောပြမယ် ကံကြမ္မာနတ်သမီးကိုယ်တိုင်ပါဝင်ပြောင်းလဲပေးလိုက်ရတဲ့ မကောင်းမှုနတ်ဆိုးနဲ့ပန်းနတ်ဘုရားမလေးအကြောင်း”

“ခုနားထောင်ချင်တယ်”

“အချိန်မရလောက်ဘူးကလေးရဲ့”

“ဘာလို့လဲဟင်”

“ပြီးရင်သိလိမ့်မယ် အခုလောလောဆယ်မှတ်ထားရမှာက ချစ်ခွင့်မရှိတဲ့လူဆိုတာမရှိဘူး ကလေးချစ်မိနေရင်လက်ခံလိုက် ဘဝကပိုကောင်းလာလိမ့်မယ် သူတစ်ပါးရေးဆွဲထားတဲ့ကံကြမ္မာရဲ့ထိန်းချုပ်မခံနဲ့ ကလေးကံကြမ္မာကိုကလေးမှာရေးဆွဲခွင့်ရှိတယ် ဘဘသွားပြီ နောက်တစ်ခါပြန်တွေ့မယ်နော်”

စကားအဆုံးထွက်ခွာသွားတာမို့ မတားလိုက်မိတော့။ပေါ့ပါးသွားတဲ့စိတ်အစဥ်ဟာ လေနှင်ရာလွင့်ထွက်ကုန်တဲ့ရွက်ကြွေတွေလို၊နေရောင်အောက်လွင့်ပျောက်သွားတဲ့မြူနှင်းတွေလို သူ့စိတ်တွေရှင်းလင်းကုန်သည်။

ဟုတ်သည်သူ့ကံကြမ္မာကိုသူပိုင်သည်။ကိုကို့အချစ်တွေကိုလိပ်ပြာသန့်သန့်နဲ့လက်ခံခွင့်ရှိသလို သူ့အချစ်တွေကိုလည်းထုတ်ဖော်ပြသခွင့်ရှိသည်။စာရွက်ပေါ်ကစကားလုံးတစ်ချို့ရဲ့ထိန်းချုပ်ခြင်းကိုခံနေစရာမလို။

စိတ်တွေပေါ့ပါးခြင်းမှာ ရုပ်ခန္ဓာပါကပ်ပါလာပုံရသည်။ကိုကိုရှိရာပြေးလာပုံက လိပ်ပြာလေးလေထဲဝဲနေသလိုပေါ့ပေါ့ပါးပါး။အိမ်ပေါ်တက်သွားမိမှ ဘာလို့အချိန်မရတာလဲသတိပြုမိသည်။

“ကိုကို”

ကြည့်လာတဲ့ကိုကို့မျက်ဝန်းတွေက သိပ်မူမမှန်ချင်။သွေးဆာနေတဲ့ဝံပုလွေတစ်ကောင် သားကောင်ကိုတွေ့လိုက်ရသလိုမျိုး။

“ကို…ကိုကိုRutဝင်နေတာလား”

နောက်ခြေတစ်လှမ်းဆုတ်ရင်းမေးတော့မှ အသိကပ်လာပုံနှင့်သူ့ဆီလှမ်းလာလေသည်။

“ငယ်ငယ် ကိုယ့်ကိုကြောက်လား”

ပြန်မဖြေမိဘဲခေါင်းသာခါပြမိသည်။တစ်ခြားသူတွေကိုဒေါသထွက်နေရင်တောင် သူ့ကိုကြည့်တာနှင့်အကြည့်တွေနွေးထွေးသွားတာသူတွေ့နေကျမလို့။သူ့ကိုဘယ်လောက်ချစ်ကြောင်းသိနေတာမို့ သူမကြောက်မိ။အခုနက ရုတ်တရတ်မို့စိတ်လှုပ်ရှားသွားတာ။

“အကယ်၍ငယ်ငယ်ကြောက်ရင် Oneကိုခေါ်ပေးမယ် သူတို့နဲ့ပြန်လိုက်သွား”

“ကိုကိုကရော”

“​Rutပြီးသွားရင်လိုက်လာခဲ့မှာပေါ့”

“ဟင့်အင်း မပြန်ဘူးကိုကိုနဲ့ပဲနေမှာ”

ခါးကိုဇွတ်ဆွဲဖက်ကာမျက်နှာမှာရင်ဘတ်ဆီအပ်လာလေသည်။ပြုံးမိသွားတယ်ဆိုပေမယ့်ကိုယ့်အခြေနေကိုယ်သိတာမို့ မစွန့်စားချင်ဘူး။စိတ်လွတ်သွားတုန်း မတော်တဆနာကျင်အောင်လုပ်မိသွားရင်ဘယ်လိုလုပ်ရမလဲလေ။သူပဲနာကျင်ရမှာ။

“ကိုကိုပြောတာနားထောင်လေ”

“ဟင့်အင်းလို့”

“ကိုကို့စိတ်တွေအသိမဲ့နေရင်ဘယ်လိုလုပ်မလဲ ကလေးရယ်”

“ကိုကိုကငယ့်ကိုချစ်တယ် နာကျင်အောင်မလုပ်ဘူး”

စကားတစ်ခွန်းနှင့်ချုပ်နှောင်ပစ်တာ ရုန်းမရပြုမရ။

“ဒါပေမယ့်…”

“ကိုကိုငယ့်ကိုမပြန်ခိုင်းပါနဲ့နော် ကိုကိုနဲ့နေမှာ ငယ်ကကိုကို့အမျိုးသားလေးလေ အခုလိုအချိန်ကိုကို့နားပဲရှိနေရမှာပေါ့”

“ကလေးကကွာ”

မြတ်နိုးခြင်းအနမ်းတွေက သူလေးနားထင်စပ်တွေတစ်လျှောက် ကမ်းပျောက်တဲ့လှိုင်းတွေလိုဟိုရောက်ဒီရောက်။စကားလုံးတွေနှင့်ထိန်းချုပ်ခြင်းမှာ အရိုင်းဆန်ချင်စိတ်တွေယဥ်ပါးကုန်တာ သခင်ကိုတွေ့တဲ့တောဆင်ရိုင်းပမာဦးညွတ်ရတာပါပဲ။

“ဒါပေမယ့်လေငယ်ငယ်ကနည်းနည်းကြောက်တတ်တော့ ကိုကိုကညင်သာပေး မယ်မဟုတ်လား”

“ငယ်ငယ်ကချုပ်တတ်လိုက်တာ”

“တကယ်ပြောတာ ကိုကိုကအများကြီးညင်သာပေးလေနော် ငယ်ငယ်ကသေးသေးလေးဆိုတော့ကိုကို့အချစ်တွေကိုအကုန်လက်မခံနိုင်ဘူးရယ်”

“အွန်း ကိုကိုကအများကြီးညင်သာပေးမှာ”

ပြောရင်းကောက်ပွေ့ချီလို့အခန်းတွင်းသာဝင်ခဲ့သည်။ဘယ်လောက်ပဲညင်သာမယ်ပြောပြော ဒီကာလမှာအလိမ်ညာတစ်ခုလိုပါပဲ။

မြတ်နိုးခြင်းလေးကိုပွေ့ဖက်ကာ အတောမသတ်နိုင်ခြင်းတွေကိုခရီးဆက်သည်။ငြင်းဆန်ခြင်းကတောင် ဆွဲဆောင်ခြင်းလိုမြင်သည်အထိ သူဟာအရူးအမူး။ရလေလိုလေဖြည့်လေမပြည့်လေ သူ့ဆန္ဒတွေကြား ငယ်ဖြည့်ဆည်းခြင်းတွေဟာ မတင်းတိမ်နိုင်။

မုန်တိုင်းကြားကပန်းရိုင်းလေးလို ကြံ့ကြံ့ခံနေပေမယ့် ပွန်းပဲ့မှုတွေတော့ရှိခဲ့တာပါပဲ။တစ်လက်မလေးဝေးရင်တောင်စိတ်ထဲအလိုမကျသည်အထိ သူ့လက်မောင်းတွေကြားသာဖျစ်ညှစ်ထားပစ်သည်။

မိုးလင်းကမိုးချုပ် နေဝင်မှနေထွက်ခုနှစ်ရက်လုံးသူတက်ကြွနေတာ။အရာအားလုံးပြီးဆုံးချိန်ရင်ခွင်ထဲအပြည့်အဝဖက်လို့တစ်သက်တာအမှတ်သားပေးမိသည်။မတားဆီးနိုင်သူနှင့်မထိန်းချုပ်နိုင်သူကြား တစ်ဘဝလုံးစာချည်နှောင်မိသွားခြင်းမှာ နောင်တတွေမရှိခဲ့။

###################

ငြိမ်း🌞🌻

“ငယ္ငယ္ ေနမေကာင္းဘူးလား”

“ေကာင္းတယ္ကိုကို”

ထမင္းပန္းကန္ကို စိတ္မပါစြာေမႊရင္း ေျဖလာသံကတိုးရွရွ။ေမာ့မၾကည့္လာဘဲအေတြးေတြထဲနစ္ေနသူေလးကို သူ႕ေပါင္ေပၚဆြဲေပြ႕ပစ္လိုက္သည္။

“ထမင္းမစားခ်င္ဘူးလား”

ေခါင္းခါျပလာၿပီးသူ႕ပုခုံးထက္ေမးတင္ကာလည္ပင္းကိုသိုင္းဖက္ထားေလသည္။

“ညကဘာျဖစ္လို႔လဲ ကိုကို႔ကိုေျပာ”

“ဟင့္အင္း”

“အဲ့လိုမေနပါနဲ႕ကေလးရဲ႕ ငယ္ငယ္ျဖစ္တာကိုေျပာျပမွ ကိုယ္ကကူညီေပးလို႔ရမွာေပါ့ ငယ္သိတယ္မလား ကိုကိုကငယ္ျဖစ္ခ်င္တာေတြအကုန္လိုက္ေလ်ာေပးမွာ”

ေက်ာျပင္ေလးသပ္ေပးကာ ေခါင္းလုံးလုံးေလးထက္ႏႈတ္ခမ္းေတြဖိကပ္ထားမိသည္။သူ႕ကေလးမ်က္ႏွာညိုရင္ သူ႕ကိုယ္ပိုင္ကမၻာထဲမုန္တိုင္းဝင္လာသလိုမ်ိဳး။

“……………”

“မေန႕ညကလူေတြကိုမႀကိဳက္ဘူးမလား”

“ဟုတ္”

“ဟုတ္ၿပီေနာ္ ေနာက္ဆိုရင္ငယ္သူတို႔နဲ႕မေတြ႕ေစရဘူး ကိုကိုကတိေပးတယ္ ငယ္ကအခုလိုမေနရဘူးေလ ကိုယ့္ကိုၿပဳံးျပပါအုံး”

မ်က္ႏွာေလးေရွ႕ကိုဆြဲယူကာေမးေတာ့ မယုံသလိုေလးၾကည့္လာေလသည္။

“ဘာလို႔မေတြ႕ခ်င္တာလဲလို႔ မေမးေတာ့ဘူးလား”

“ငယ္ကမေတြ႕ခ်င္လို႔ဆိုမေတြ႕ခ်င္လို႔ေပါ့ ကိုယ့္ကိုအေၾကာင္းျပခ်က္ေတြေပးဖို႔မလိုပါဘူး ငယ့္စိတ္ဆႏၵကသာအဓိက အကယ္၍႐ုပ္ဆိုးလို႔မၾကည့္ခ်င္တာလို႔ေျပာလာရင္ေတာင္ ကိုယ္ကလက္ခံေပးအုံးမွာ “

“ဟြန့္.. ေလွ်ာက္ေျပာေနတယ္”

အခုမွစိတ္ၾကည္လင္လာပုံေပါက္တာမို႔ သက္ျပင္းတစ္ခ်က္ခိုးခ်ရသည္။အိပ္ယာနိုးကတည္းက မ်က္ႏွာေလးႏြမ္းေနတာမို႔ သူ႕မွာစိတ္မခ်မ္းသာ။

မ်က္ႏွာသစ္သြားတိုက္ကအစ သူလုပ္ေပးသမွ်ၿငိမ္ခံေနသူကခါတိုင္းလိုအတြန့္တက္မလာ။စိတ္မၾကည္လင္စရာေတြကိုျပန္ေတြးခိုင္းရေအာင္အထိလည္း သူကခြင့္မျပဳနိုင္။ဒါေၾကာင့္သူေလးစိတ္ေအးခ်မ္းဖို႔ သူစကားေတြေျပာေပးေနရတာ။

“ကိုကို႔”

“ဗ်ာ”

“ညက… “

“အြန္း”

“ငယ္ငယ္ဘာေတြထူးထူးျခားျခားေျပာေသးလဲဟင္”

“ဘာမွမေျပာပါဘူး ကေလးရဲ႕”

ညကစိတ္လႈပ္ရွားလြန္းကာအသိစိတ္မကပ္ဘဲစိတ္ထဲရွိရာေတြထုတ္ေျပာမိတာကိုသူေလးသတိမရ။ဒီအေျခေနေလးေၾကာင့္သူစိတ္သက္သာရာရသည္။စိတ္ညစ္စရာေတြရဲ႕အေဝး ေလျပည္ေအးေတြရွိတဲ့အရပ္မွာ သူ႕ပိုင္ဆိုင္မႈေလးကိုသိမ္းထားခ်င္ပါသည္။

“တကယ္လား”

“အြန္း မေျပာဘူး အိပ္ေပ်ာ္သြားတာ”

“တိမ္ေငြ႕ေနတဲ့ျပည္နယ္ကိုအလည္သြားခ်င္တယ္ကိုကို”

“မနက္ျဖန္ကိုယ္လိုက္ပို႔မယ္”

“တကယ္လိုက္ပို႔မွာလား”

“ကိုယ္ကညာစရာလား”

“ဟီးဟီး…ကိုကိုကခ်စ္ဖို႔ေကာင္းလိုက္တာ မြမြ “

လည္ပင္းကိုသိုင္းဖက္ၿပီး ပါးျပင္အႏွံ႕လိုက္နမ္းေနတာက ကေလးေတြလို။စိတ္ခ်မ္းသာဖို႔ဆို လကမၻာထိပို႔ရလည္းကိစၥမရွိပါဘူး ငယ္။

ဆိုင္ကယ္ႏွင့္သြားခ်င္တာလို႔ဆိုလာတာမို႔ သူ႕မွာေခါင္းစေျခဆုံးအလုံထုတ္ေပးရေသးသည္။ေလတိုးလို႔မ်ားညိုသြားမလား၊ပင္ပန္းလို႔ပဲဖ်ားသြားမလားစိတ္ပူရေပမယ့္ သူ႕ေတာင္းဆိုမႈေလးေတြကိုလည္းမျငင္းဆန္နိုင္ျပန္ဘူး။

ေလာဘသိပ္နည္းတဲ့ကေလးက မ်ားမ်ားစားစားေတာင္းဆိုခဲ့ဖူးတာမရွိလို႔ သူ႕ေတာင္းဆိုခ်က္ေသးေသးေလးေတြကိုအကုန္ျဖည့္ဆည္းေပးခ်င္မိသည္။

သူျပည့္ျပည့္စုံစုံထားနိုင္လို႔ လိုအပ္တာေတြမရွိတာလို႔စိတ္ေျဖေနရတာပါပဲ။လိုခ်င္တာေတြေျပာမထြက္မွာစိုးလို႔ အရိပ္တၾကည့္ၾကည့္နဲ႕ အၾကည့္ေတြကိုဖတ္တတ္ေအာင္သင္ယူထားရသည္။ႏွစ္ခါျပန္ၾကည့္မိတဲ့အရာတိုင္း သူေလးအပိုင္ျဖစ္ဖို႔သူဆုံးျဖတ္ၿပီးသား။

ေျဖးေျဖးခ်င္းသာခရီးႏွင္တာမို႔ ခရီးလမ္းေတြဟာသိပ္ရွည္ပါသည္။သေဘာက်စရာေတြ႕တိုင္း သူ႕ေက်ာကိုပုတ္ကာလက္ညွိိုးၫႊန္ျပေနက်မိဳ႕ သူ႕မွာသေဘာက်ေၾကာင္းေခါင္းညိတ္ျပရေသးသည္။ခါးထက္ဖက္တြယ္ထားတဲ့လက္ေတြကိုသူ႕လက္တစ္ဖက္နဲ႕အုပ္ကိုင္ထားနိုင္ျခင္းဟာ ဘဝရဲ႕ၿပီးျပည့္စုံဆုံးလိုအပ္ခ်က္တစ္ခုလို။

သက္ေတာ္ေစာင့္ေတြကကားႏွင့္မို႔ တစ္ေနရာရပ္တိုင္းလိုခ်င္တာလက္ျဖန့္လိုက္႐ုံသာ။သူတို႔ႏွင့္အတူGeoႏွင့္စိုင္းတိမ္ေငြ႕ပါပါလာေလသည္။ယခုတစ္ေလာအဆင္ေျပေနပုံရတဲ့ထိုႏွစ္ေယာက္က ဘယ္ေနရာမဆိုတပူးတြဲတြဲ။

အိမ္ကကေလးက အစကစိုးရိမ္ေနပုံေပၚေသာ္လည္း ျမင္ပါမ်ားလို႔ရိုးသြားသည္ထင္။ယခုေတာ့ပုံမွန္လိုပါပဲ။အိမ္ေထာင္သက္ႏွစ္ဝက္က်ိဳးေနၿပီမို႔ သူေလးမ်က္ႏွာတစ္ခ်က္ၾကည့္႐ုံႏွင့္ အရာရာခန့္မွန္းတတ္ေနၿပီ။

ထမင္းစားနားေတာ့လည္း သူပိုင္သည့္စားေသာက္ဆိုင္မို႔ စိတ္ခ်လက္ခ်သာ။ႀကိဳအေၾကာင္းၾကားထားတာမို႔ သူတို႔ေရာက္လာေတာ့အျခားဧည့္သည္ေတြမရွိ။

ျပာျပာသလဲဆီးႀကိဳသူေတြက သူ႕လက္ေမာင္းထဲဆြဲသြင္းခံထားရသူေလးကို မသိမသာစပ္စုေနၾကတာမို႔ မသိခ်င္ေယာင္သာေဆာင္ပစ္လိုက္သည္။အခ်စ္ခံေလးကျမင္သမွ်လူတိုင္းရဲ႕အာ႐ုံစိုက္မႈကိုလည္းရရွိထားေသးသည္။

“ဘာစားမလဲ ငယ္”

“ပင္လယ္စာေလးစားခ်င္တယ္”

Menusထဲကဟင္းပြဲေတြၾကည့္ရင္း သူသေဘာက်သမွ်ကိုသာမွာဖို႔ျပင္ရသည္။

“Ok စေတာ္ဘယ္ရီ juiceပဲေသာက္မွာလား”

“Orangeေသာက္မွာ ခ်ဥ္ခ်ဥ္ေလး”

“ေနာက္ထပ္ဘာစားခ်င္ေသးလဲ”

“အြန္….မရွိေတာ့ဘူး”

“Ok ပင္လယ္စာမွန္သမွ်အကုန္ခ်ေပးပါ ၿပီးေတာOrange juiceခ်ဥ္ခ်ဥ္ေလး”

Menusစာအုပ္ကိုဆိုင္မန္ေနဂ်ာဆီျပန္ထိုးေပးကာ ကေလးလက္ေလးေတြကိုဆုပ္ကိုင္ေပးမိသည္။Menusစာအုပ္ကသူ႕အမ်ိဳးသားလက္ကေလးေလာက္မွကိုင္လို႔မေကာင္းတာကို။

“ဟုတ္ကဲ့ ကိုသမုဒၵရာကေရာ”

“သူနဲ႕အတူတူစားမွာ Geoမင္းတို႔စိတ္ႀကိဳက္မွာ”

“ဟုတ္ကဲ့ကိုCean… ေငြ႕ဘာစားမလဲ”

Menuစာအုပ္တစ္ခုထဲစိုက္ေနတဲ့ေခါင္းႏွစ္ခုကိုၾကည့္ရင္း သူ႕ကေလးဆီပဲအၾကည့္ပို႔လိုက္သည္။သူေလးကဟိုႏွစ္ေယာက္ကိုစိတ္ဝင္တစားၾကည့္ေနတာမို႔ သူ႕ႏႈတ္ခမ္းစြန္းေတြေကြးခနဲ။စဥ္းစားၾကည့္မွ သူေလးနဲ႕ပတ္သပ္သူမွန္သမွ်က ကိုယ့္တစ္မိသားစုထဲစုေနေတာ့မွာ ေရစက္ေတြကဆန္းၾကယ္လိုက္တာ။

ဟင္းပြဲေတြေရာက္လာေတာ့ သူ႕မ်က္ဝန္းဝိုင္းေလးေတြကကိုယ့္ဆီေမာ့ၾကည့္လာေလသည္။ပင္လယ္စာႀကိဳက္ၿပီးဂဏာန္းမခြာတတ္၊ပုဇြန္မခြာခ်င္သူက သူရွိမွသာစားျဖစ္တာ။

အကၤ်ီလက္ကိုပင့္တင္လို႔အလိုက္တသိ လက္အိပ္စြပ္လိုက္သည္။သူ႕ပန္းကန္ထဲခြာထည့္ေပးသမွ် သူတစ္ခုစားလွ်င္ကိုယ့္ကိုတစ္ခုခြံ႕ေနတာမို႔ သူ႕မ်က္ႏွာကေန႕အလင္းေရာင္ကိုစိန္ေခၚေနသလိုေတာက္ပေနတာ။

ေဘးကႏွစ္ေယာက္ကမသိခ်င္ေယာင္ေဆာင္ေနကာ ေဘးဝိုင္းကသက္ေတာ္ေစာင့္ေတြကေတာ့ရိုးေနၿပီဆိုတဲ့အထာေတြႏွင့္အာ႐ုံေတြအကုန္စားေသာက္ျခင္းဆီမွာ။ခပ္လွမ္းလွမ္းမွာရပ္ေနၿပီးလိုအပ္တာလုပ္ေပးဖို႔ေစာင့္ေနသည့္ဆိုင္ဝန္ထမ္းေတြမွာသာ အားက်သလိုသြားရည္က်မတတ္။

စားေသာက္ၿပီးအခ်ိဳတည္းေတာ့လည္းသူတို႔ႏွစ္ေယာက္အျပင္ဘယ္သူမွရွိမေနသလို ပိုပိုကဲကဲ။အေအးခြက္ပါပိုက္တစ္ေခ်ာင္းတည္းႏွင့္ေသာက္ေနသူေတြက မသိလွ်င္ပိုက္ဆံမရွိလို႔ဝယ္မေသာက္နိုင္ပုံႏွင့္။ဝတ္စားထားတာႏွင့္ ႐ုပ္ခံေလးေတြေၾကာင့္သာတင့္တယ္ေနတာ။

ပုံမွန္ထက္ပိုၾကာတဲ့ခရီးမွာ အမွတ္ရစရာေတြအျပည့္။လမ္းတစ္ေလွ်ာက္စိုက္ပ်ိဳးခဲ့တဲ့ေပ်ာ္႐ႊင္ျခင္းေတြဟာ ေလျပည္ေတြသယ္ေဆာင္သြားတာမို႔ ေနရာအႏွံ႕အၿပဳံးေတြပဲ့တင္ထပ္ေနမွာ။

ညေနေမွာင္ရီပ်ိဳးခ်ိန္မွေရာက္ေပမယ့္ ႏြေေနအလင္းကမကြယ္ေပ်ာက္ေသး။ခဏအနားယူကာေရမိုးခ်ိဳးၿပီးညစာစားသည္။ခရီးပန္းလာသည့္ကေလးက အိပ္ယာထဲတန္းေခြတာပဲ။

“ငယ္ ပင္ပန္းေနတာလား”

“ခါးနာတယ္”

“ကိုကိုႏွိပ္ေပးမယ္”

ေမွာက္ခ်လိဳက္သူရဲ႕ကိုယ္ထက္ကေစာင္ေလးအသာဆြဲခ်ကာ ခပ္ဖြဖြေလးႏွိပ္ေပးမိသည္။ခရီးေဝးကိုသိပ္မသြားဖူးသူမို႔ သူေလးပင္ပန္းေနမွာ။

“ကိုကိုကမေညာင္းဘူးလား ငယ္ငယ္ျပန္ႏွိပ္ေပးမယ္ေလ”

“ႁပြတ္စ္ အတတ္ကေလး ကိုကိုကဒီခရီးေလာက္ကိုစာေတာင္မဖြဲ႕ပါဘူးဗ်ာ”

“ငယ္ငယ္ကတကယ္ေျပာေနတာ”

“မလိုပါဘူးကြာ ငယ့္လက္ေသးေသးေလးေတြကကိုကိုနမ္းဖို႔”

“ကိုကိုက အပိုေတြတအားေျပာတာ”

“အပိုမဟုတ္မွန္းငယ္အသိဆုံးပါ ႏွစ္ဝက္ေတာင္ေက်ာ္ေနၿပီငယ္ကမယုံေသးဘူးလား”

ႏႈတ္ဆိတ္သြားသူကေခါင္းအုံးေလးထက္မ်က္ႏွာအပ္သြားသည္။ၿပီးမွထြက္လာတဲ့အသံတိုးတိုးေလးက ယုံတယ္တဲ့။သူ႕ကိုယ္သူခ်စ္ခြင့္မရွိပါဘူးဆိုၿပီးတရားေသသတ္မွတ္ထားသူက သူ႕ဆီကထိုစကားကိုဘယ္ေတာ့မွလက္မခံ။

ယခုလည္းထိုအေၾကာင္းကိုစဥ္းစားမိသြားတာျဖစ္မည္။ဝမ္းနည္းျခင္းအေငြ႕အသက္ေတြ သူ႕အနားလႊမ္းၿခဳံလို႔။အေတြးမ်ားေနတဲ့ကေလးကိုဒီအတိုင္းလႊတ္ထားေပးေတာ့ အသက္ရႈသံေလးေတြတိုးဖြစြာ အိပ္ေပ်ာ္သြားေလသည္။

ပင္ပန္းေနမွန္းသိတာမို႔ စကားေတြအမ်ားႀကီးမေျပာျဖစ္တာ။ခါးမွလက္ေတြကိုဖယ္ကာ ပက္လက္လွန္ေပးလိုက္သည္။သူ႕ညင္သာမႈေတြၾကား အိပ္ပုပ္ေလးနိုးမသြားခဲ့။ေျခေထာက္ေတြထိပါဆက္ႏွိပ္ေပးေတာ့ အိပ္ေနတဲ့ကေလးကေယာင္ေယာင္ေလးၿပဳံးသည္။အိမ္မက္ေတြလွေနသည္ထင္။

ေျခက်င္းဝတ္ေလးက Footchaing ဆီအၾကည့္ေရာက္ေတာ့သူသိသိသာသာၿပဳံးမိသြားသည္။

“ဒီတစ္သက္စာအတြက္ ကိုယ့္အနားကေျပးမလြတ္ေတာ့ဘူးငယ္”

နာရီဝက္ေလာက္ဆက္ႏွိပ္ေပးၿပီးမွ ေစာင္ၿခဳံေပးလိုက္ကာလက္သြားေဆးမိသည္။ျပန္လာေတာ့ေျခေထာက္ေလးႏွစ္ဖက္ကေစာင္အျပင္ဘက္မွာ။အဲ့ကေလးရဲ႕အက်င့္ကိုက ညအခ်ိန္ဘယ္ေလာက္ေအးေအး ေျခေထာက္ေတြအျပင္ထုတ္အိပ္တတ္တာပဲ။

သူ႕မွာတစ္ေရးနိုးတိုင္းေစာင္ထၿခဳံေပးရၿမဲ။အႏြေးေပးစက္ဖြင့္ထားတတ္ေပမယ့္ မေတာ္လို႔မ်ားအေအးမိသြားရင္ဘယ္လိုလုပ္မလဲေလ။
ေျခေထာက္ေအာက္ေစာင္ေလးဖိလို႔သူ႕ေျခေထာက္ေတြႏွင့္ခြထားလိုက္သည္။ေျခတံရွည္ေတြအသုံးဝင္ပုံကသူေလးႏွင့္ဆိုပိုသိသာသည္။

မနက္ျဖန္ သူေလးကိုအလိုလိုက္ဖို႔အေၾကာင္းေတြေတြးရင္း သူအိပ္စက္ပစ္လိုက္သည္။ငယ္ရွိရာအရပ္ဟာ အၿမဲေနသာေနသည္အထိ သူ႕ဘဝဟာေတာက္ပပါသည္။

စိုင္းတိမ္ေငြ႕ပ်ိဳးပင္ေတြၾကား သူ႕ငယ္ငယ္ဟာတလႈပ္လႈပ္။အသစ္အဆန္းေလးျမင္ရင္အဲ့နားကမထေတာ့ဘူး။ေတာ္ၾကာအနံ႕ေလးႀကိဳက္လို႔ဆိုၿပီးသြားရႉလိုက္ ေတာ္ၾကာအေရာင္ေလးႀကိဳက္လို႔ဆိုၿပီးေျပးၾကည့္လိုက္ႏွင့္ တစ္ေယာက္တည္းအလုပ္ရႉပ္ေနတာ။

ကိုယ္ပါရင္မလြတ္လပ္မွာစိုးလို႔ ခပ္လွမ္းလွမ္းကေနသာဂ႐ုစိုက္ရသည္။အနားမွာရပ္ေနတဲ့Geoက ငယ္ငယ့္ကိုၾကည့္ကာေခါင္းရမ္းရင္း

“ၾကာရင္ ကိုCeanၿခံကပန္းဥယ်ာဥ္၊အသီးဥယ်ာဥ္ျဖစ္ေတာ့မယ္”

သူ႕ကေလးသေဘာက်သမွ်ၿခံထဲစိုက္ထားတာမို႔ ယခုဆိုသူ႕ၿခံဝန္းကေနခ်င့္စဖြယ္။

“သူေပ်ာ္ဖို႔ပဲလိုတာ”

“လုပ္နိုင္တဲ့သူေတြဆိုေတာ့လည္းလုပ္ေပါ့ဗ်ာ”

“မင္းငါ့ဆီကေတာင္းတဲ့ေျမကြက္မွာ..”

သူ႕စကားမဆုံးခင္ဇြတ္ျဖတ္ေျပာလာတဲ့ Geoက နံေဘးမွာရပ္ေနတဲ့သူ႕လူေလးကိုSuprise တိုက္ခ်င္ေနတာ။

“ဟုတ္တယ္ ကိုCeanမွန္တာေပါ့ အိမ္သားေလးကိုအလိုလိုက္သင့္တယ္ေလ သူႀကိဳက္တဲ့ပန္းပင္မွန္သမွ်စိုက္ေပးရမွာေပါ့ စားခ်င္တဲ့အသီးမွန္သမွ်ကိုယ္တိုင္စိုက္ေပးရမယ္ေလ ေစ်းကြက္ထဲကအသီးေတြက ေဆးထိုးထားမွန္းမသိဘာမွန္းမသိေလေနာ္ မွန္တယ္”

“အဟြန္း”

“ဘာပင္ေတြစိုက္လို႔လဲ”

ေဘးနားက စိုင္းတိမ္ေငြ႕က လျခမ္းႏွင့္ပတ္သပ္၍သာစကားစပ္မိၾကတာမို႔ ယခုလည္းသူငယ္ခ်င္းေလးအတြက္သိခ်င္ေနတာ။သူ႕အစားGeoကသာဝင္ေျဖေပးေလသည္။

“အာ…ၿခံထဲမွာအစုံစိုက္ထားတာ ပန္းဆိုမ်ိဳးစုံေလ စေတာ္ဘယ္ရီၿခံ ၊စပ်စ္ၿခံ၊သရက္ၿခံ၊ပန္းသီးၿခံ၊လိေမၼာ္ၿခံ လျခမ္းပူဆာသမွ်အကုန္စိုက္ထားတာ မွတ္ေတာင္မမွတ္မိေတာ့ဘူး”

“အဲ့ေလာက္ႀကီးက်ေတာ့ Over ျဖစ္လြန္းတာေပါ့”

“ငါ့မွာလုပ္နိုင္စြမ္းရွိတယ္ေလ ပိုက္ဆံေတြသုံးမကုန္ေအာင္ေပါေတာ့ ငယ္ေပ်ာ္ဖို႔အတြက္အကုန္ျဖဳန္းပစ္လိုက္တာ ငယ္အၿမဲၿပဳံးေနရင္ဘယ္ေလာက္ကုန္ကုန္ တန္ပါတယ္”

“ဟြန့္”

ႏွာတစ္ခ်က္မႈတ္ကာထြက္သြားသူက အရႉပ္ထုပ္ေလးဆီ။သူ႕သူငယ္ခ်င္းေလးကို ဖူးဖူးမႈတ္ခ်စ္ေပးေနတာကိုသေဘာက်ေနရက္နဲ႕ ဟန္ေဆာင္ေနတာ။အရင္ထက္ေပ်ာ့ေပ်ာင္းလာတဲ့ဆက္ဆံေရးေတြကိုၾကည့္ရင္ သူသေဘာတူေနၿပီဆိုတာအရွင္းသား။

မနီးမေဝးဆီမွ တိမ္ေငြ႕ရဲ႕ခပ္ဆတ္ဆတ္ဆူေငါက္သံေတြၾကားရၿပီး လျခမ္းရဲ႕ၾကည္လင္သည့္ရယ္သံတစ္ခ်ိဳ႕ပါတြဲရက္ပါလာသည္။အေရာင္ကင္းမဲ့တဲ့သံေယာဇဥ္ေတြက အေရာင္စုံတဲ့ပန္းေတြၾကားမွာ တစ္ခမ္းတစ္နား။

ညေနဘက္လမ္းေလွ်ာက္ထြက္ျဖစ္တာက ထင္းရႉးပင္ေတြၾကားကလမ္းသြယ္ေလး။ေျမသားလမ္းကိုမွေျမနီေတြမို႔ သူေလးသိပ္သေဘာက်ေနတာ။

ေနၾကာရိုင္းေတြပြင့္ေနတာမို႔ သေဘာတက်ခဴးလာသူအတြက္ ပန္းစည္းလုပ္ကာသူေပြ႕ထားေပးရသည္။ေနာက္ျပန္ျဖည္းျဖည္းေလးေလွ်ာက္ေနတဲ့ကေလးက သူ႕မ်က္ႏွာကိုေငးရင္း ႏြေးႏြေးေထြးေထြးၿပဳံးျပေနတာမို႔ ရင္ထဲမွာစမ္းေရေအးေလးစီးဆင္းေနသလို။

“ကိုကို႔”

“ဗ်”

“အရင္တစ္ခါေတြ႕တဲ့ဘဘႀကီးကိုေတြ႕ခ်င္တယ္”

“႐ုတ္တရတ္ႀကီးဘာလို႔လဲကေလးရဲ႕”

“သိခ်င္တာေလးေတြရွိလို႔”

“အရင္တစ္ခါေျပာသြားတယ္မလား ကေလးေတြ႕ခ်င္ရင္စိတ္ထဲကေတာင့္တလိုက္ လာေတြ႕ေပးမယ္တဲ့”

“တကယ္လာမွာလားဟင္”

“တကယ္ေပါ့ ကိုကို႔ရဲ႕ငယ္ျဖစ္ခ်င္တာမွန္သမွ်ျဖစ္လာမယ္ဆိုတာကိုယ္သိတယ္”

“ဟုတ္”

“ေျပာပါအုံး ကေလးကဘာေတြသိခ်င္ေနတာလဲ”

“ေျပာျပလို႔မရဘူး”

“ဘာလို႔လဲ”

“ငယ္ငယ့္လွ်ို႔ဝွက္ခ်က္ေလးမို႔လို႔ေပါ့”

“ဟုတ္ပါၿပီဗ်ာ”

“ကိုကိုတကယ္မေမးေတာ့ဘူးေပါ့”

“ကေလးေလးရဲ႕လွ်ို႔ဝွက္ခ်က္မို႔ကိုယ္ကအတင္းမေမးပါဘူး လူတိုင္းမွာလွ်ို႔ဝွက္ခ်က္ေတြရွိၾကတာပဲဟာ လူတိုင္းကကိုယ္ံ့ခံစားခ်က္ကိုကိုယ္ပိုင္တယ္ေလ ငယ့္ခံစားခ်က္ေတြကိုငယ္ပဲပိုင္တာေပါ့”

“ကိုကို႔မွာေရာရွိလား”

“ရွိတာေပါ့”

“ငယ္ငယ့္ကိုေျပာျပလို႔မရဘူးလား”

“လူလည္ေလးကေတာ့ကြာ”

“ကိုကိုကမသိခ်င္ေပမယ့္ ငယ္ငယ္ကသိခ်င္တယ္ေလ”

“လွ်ို႔ဝွက္ခ်က္ကအမ်ားႀကီးရွိတယ္”

“တစ္ခုေလာက္ေျပာျပေလ”

“ေနာက္မွ”

“ကိုကိုကလည္း”

“ေနာက္က်ရင္အတည္ေျပာျပမယ္ အခုကအခ်ိန္မတန္ေသးဘူး “

“ဟြန့္…..ေနေပါ့”

စိတ္ေကာက္သြားသူက ေဘာက္ဆတ္ေဘာက္ဆတ္နဲ႕ေရွ႕မွထြက္သြားေတာ့ သူသေဘာတက်ရယ္ရင္းသာ ေနာက္မွျဖည္းျဖည္းခ်င္းလိုက္သည္။ေျခတံရွည္ႀကီးေတြနဲ႕မို႔သူေလးေနာက္ထပ္ၾကပ္မကြာ။

လက္ထဲကေနၾကာရိုင္းေတြကို ေလျပည္ညွင္းကအလစ္သုတ္ေတာ့ ရနံ႕တစ္ခ်ိဳ႕ထြက္ေျပးကုန္သည္။ညေနဆည္းဆာရယ္ ပန္းရနံ႕ေတြရယ္ ျမတ္နိုးရသူရယ္ ပြည့်စုံခြင်းရဲ့အဓိပ္ပါယ်ဆိုတာ ဒါပဲျဖစ္လိမ့္မယ္။

စိုင္းတိမ္ေငြ႕ပိုင္တဲ့ေတာထဲကအိမ္ေလးကိုသူသေဘာက်ေနတာမလို႔ လိုက္ပို႔ျဖစ္သည္။လွ်ိုေျမာင္တို႔ၾကား ေတာင္တန္းေတြအလယ္ သစ္ပင္တို႔ၿခံရံထားတာမို႔ ေတာ္႐ုံေရာက္ဖို႔မလြယ္တဲ့ထိုေနရာက ပုန္းခိုဖို႔အေကာင္းဆုံးေနရာေလး။

အစ္ေအာက္ေမးၾကည့္ရင္းသိခဲ့ရတဲ့ သူ႕ဆီကထြက္ေျပးပုံက ဩခ်ေလာက္ဖြယ္။စုံေထာက္ကားေတြအၾကည့္မ်ားသလားမေျပာတတ္။သူငယ္ခ်င္းႏွစ္ေယာက္ေပါင္းၿပီးသူ႕ကေလးကိုဖြက္ထားပုံက မသိရင္သူဟာအႀကီးစားအႏၱရာယ္ႀကီးလို။

ေရာက္ေရာက္ခ်င္းခဏနားၿပီးတာႏွင့္ သူ႕လက္ကိုဆြဲကာေနရာအႏွံ႕လိုက္ျပသူက အရမ္းေတြေပ်ာ္ေနမွန္းသိသာေစသည္။ႏြေမွာပြင့္သည့္ငုဝါေတြကတစ္ေတာလုံးအျပည့္။သူတက္ဖူးသမွ်အပင္လက္ညွိုးထိုးျပေတာ့ ဘယ္အပင္မွမလြတ္။

အိမ္ကအပင္ေတြထပ္မတက္ရေတာ့တဲ့သူကအပင္ေတြတက္ခ်င္ေနတာမို႔ သူ႕မွာဇြတ္ျငင္းထားရသည္။ဘာမ်ားဝင္စားလာသည္မသိ အပင္ျမင္ရင္ကိုတက္ခ်င္ေနေတာ့တာ။

ေရအိုင္ဆီေရာက္ေတာ့လည္း ေရစိမ္ခ်င္ပါသတဲ့။ေနက်ခ်ိန္လည္းျဖစ္ ပူတဲ့ရာသီလည္းျဖစ္တာမို႔သူေခါင္းညိတ္လိုက္ရသည္။ႏွစ္ေယာက္အတူေရစိမ္ရင္း သဘာဝအလွကိုခံစားသည္။

အိမ္ေလးဆီျပန္ေရာက္ေတာ့ေစာင့္ႀကိဳေနသူေၾကာင့္ သူပါအံ့တဩ။ၿပဳံးျပေနသူက ငယ္ေတြ႕ခ်င္ေနပါသည္ဆိုသည့္ ပုဂၢိုလ္။ဒီလိုေနရာကိုဘယ္လိုေရာက္လာသလဲသူမေတြးအား။သက္ေတာ္ေစာင့္ေတြရွိပါရင္ႏွင့္အတားမခံရျခင္းကသာထူးဆန္းပါသည္။ပုံမွန္လိုဆိုသူ႕ဆီလာအေၾကာင္းၾကားၿပီးမွ သူရွိရာဆီေရာက္လာရမည္မဟုတ္လား။

“ဘဘ”

“ေတြ႕ခ်င္ေနတာမလားကေလး”

“ဟုတ္”

ျပန္ေျဖရင္းသူ႕ကိုေမာ့ၾကည့္လာတာမို႔ အလိုက္တသိထြက္သြားဖို႔ျပင္ရသည္။

“ကိုကို ငယ့္အတြက္ညေနစာစားဖို႔သြားျပင္ေပးမယ္ေနာ္”

ၿပဳံးျပကာထြက္သြားသူကို ျမင္ကြင္းမွကြယ္သည္အထိေငးမိသည္။ၿပီးမွေရွ႕ကိုျပန္လွည့္ကာဘယ္ကေနစကားစရမည္မသိ။

“ဘဘတို႔လမ္းေလွ်ာက္ရေအာင္”

“ဟုတ္”

သစ္ခြေတြပ်ိဳးထားတာမို႔ ရနံ႕တို႔ကစီရရီ။ေမးစရာေတြထြက္မလာျခင္းဟာ သူထင္သလိုျဖစ္ေနမွာစိုးလို႔။

“ကေလးဘဝအမွန္ကို ဘဘသိတယ္”

“ဗ်ာ”

ေျခစုံရပ္မိတဲ့အခိုက္ မ်က္ႏွာခ်င္းဆိုင္လွည့္ၾကည့္လာေလသည္။

“ဘာကိုမွေတြးမပူပါနဲ႕ ဘာကိုမွလည္းမေၾကာက္နဲ႕ ျဖစ္ကိုျဖစ္ရမယ္ဆိုၿပီးသတ္မွတ္ထားတဲ့ကံၾကမၼာကိုေတာင္ေျပာင္းျပန္လွန္နိုင္ရင္ ဘာေတြကိုေတြးေၾကာက္ေနရအုံးမွာလဲ”

“ဒါေပမယ့္ငယ္ငယ္မွာခ်စ္ခြင့္မရွိတာအမွန္ပဲမဟုတ္လား”

“ခ်စ္ခြင့္မရွိတာမဟုတ္ဘူး ခ်စ္တတ္ခြင့္မရွိခဲ့တာ ခ်စ္ခြင့္မရွိတဲ့လူေတြကိုခ်စ္ဖို႔ခြင့္မျပဳထားရင္ ဘယ္ေတာ့မွခ်စ္တတ္လာမွာမဟုတ္ေပမယ့္ ခ်စ္ခြင့္ရွိတဲ့လူကိုလည္း မခ်စ္ေအာင္ထိန္းထားလို႔ရမွာမဟုတ္ဘူး”

“ငယ္ငယ္သိပ္နားမလည္ဘူး”

“ေနာက္တစ္ခါဆုံရင္ ပုံျပင္တစ္ပုဒ္ေျပာျပမယ္ ကံၾကမၼာနတ္သမီးကိုယ္တိုင္ပါဝင္ေျပာင္းလဲေပးလိုက္ရတဲ့ မေကာင္းမႈနတ္ဆိုးနဲ႕ပန္းနတ္ဘုရားမေလးအေၾကာင္း”

“ခုနားေထာင္ခ်င္တယ္”

“အခ်ိန္မရေလာက္ဘူးကေလးရဲ႕”

“ဘာလို႔လဲဟင္”

“ၿပီးရင္သိလိမ့္မယ္ အခုေလာေလာဆယ္မွတ္ထားရမွာက ခ်စ္ခြင့္မရွိတဲ့လူဆိုတာမရွိဘူး ကေလးခ်စ္မိေနရင္လက္ခံလိုက္ ဘဝကပိုေကာင္းလာလိမ့္မယ္ သူတစ္ပါးေရးဆြဲထားတဲ့ကံၾကမၼာရဲ႕ထိန္းခ်ဳပ္မခံနဲ႕ ကေလးကံၾကမၼာကိုကေလးမွာေရးဆြဲခြင့္ရွိတယ္ ဘဘသြားၿပီ ေနာက္တစ္ခါျပန္ေတြ႕မယ္ေနာ္”

စကားအဆုံးထြက္ခြာသြားတာမို႔ မတားလိုက္မိေတာ့။ေပါ့ပါးသြားတဲ့စိတ္အစဥ္ဟာ ေလႏွင္ရာလြင့္ထြင္ကုန္တဲ့႐ြက္ေႂကြေတြလို၊ေနေရာင္ေအာက္လြင့္ေပ်ာက္သြားတဲ့ျမဴႏွင္းေတြလို သူ႕စိတ္ေတြရွင္းလင္းကုန္သည္။

ဟုတ္သည္သူ႕ကံၾကမၼာကိုသူပိုင္သည္။ကိုကို႔အခ်စ္ေတြကိုလိပ္ျပာသန့္သန့္နဲ႕လက္ခံခြင့္ရွိသလို သူ႕အခ်စ္ေတြကိုလည္းထုတ္ေဖာ္ျပသခြင့္ရွိသည္။စာ႐ြက္ေပၚကစကားလုံးတစ္ခ်ိဳ႕ရဲ႕ထိန္းခ်ဳပ္ျခင္းကိုခံေနစရာမလို။

စိတ္ေတြေပါ့ပါးျခင္းမွာ ႐ုပ္ခႏၶာပါကပ္ပါလာပုံရသည္။ကိုကိုရွိရာေျပးလာပုံက လိပ္ျပာေလးေလထဲဝဲေနသလို ေပါ့ေပါ့ပါးပါး။အိမ္ေပၚတက္သြားမိမွ ဘာလို႔အခ်ိန္မရတာလဲသတိျပဳမိသည္။

“ကိုကို”

ၾကည့္လာတဲ့ကိုကို႔မ်က္ဝန္းေတြက သိပ္မူမမွန္ခ်င္။ေသြးဆာေနတဲ့ဝံပုေလြတစ္ေကာင္ သားေကာင္ကိုေတြ႕လိုက္ရသလိုမ်ိဳး။

“ကို…ကိုကိုRutဝင္ေနတာလား”

ေနာက္ေျခတစ္လွမ္းဆုတ္ရင္းေမးေတာ့မွ အသိကပ္လာပုံႏွင့္သူ႕ဆီလွမ္းလာေလသည္။

“ငယ္ငယ္ ကိုယ့္ကိုေၾကာက္လား”

ျပန္မေျဖမိဘဲေခါင္းသာခါျပမိသည္။တစ္ျခားသူေတြကိုေဒါသထြက္ေနရင္ေတာင္ သူ႕ကိုၾကည့္တာႏွင့္အၾကည့္ေတြႏြေးေထြးသြားတာသူေတြ႕ေနက်မလို႔။သူ႕ကိုဘယ္ေလာက္ခ်စ္ေၾကာင္းသိေနတာမို႔ သူမေၾကာက္မိ။အခုနက ႐ုတ္တရတ္မို႔စိတ္လႈပ္ရွားသြားတာ။

“အကယ္၍ငယ္ငယ္ေၾကာက္ရင္ Oneကိုေခၚေပးမယ္ သူတို႔နဲ႕ျပန္လိုက္သြား”

“ကိုကိုကေရာ”

“Rutၿပီးသြားရင္လိုက္လာခဲ့မွာေပါ့”

“ဟင့္အင္း မျပန္ဘူးကိုကိုနဲ႕ပဲေနမွာ”

ခါးကိုဇြတ္ဆြဲဖက္ကာမ်က္ႏွာမွာရင္ဘတ္ဆီအပ္လာေလသည္။ၿပဳံးမိသြားတယ္ဆိုေပမယ့္ကိုယ့္အေျခေနကိုယ္သိတာမို႔ မစြန့္စားခ်င္ဘူး။စိတ္လြတ္သြားတုန္း မေတာ္တဆနာက်င္ေအာင္လုပ္မိသြားရင္ဘယ္လိုလုပ္ရမလဲေလ။သူပဲနာက်င္ရမွာ။

“ကိုကိုေျပာတာနားေထာင္ေလ”

“ဟင့္အင္းလို႔”

“ကိုကို႔စိတ္ေတြအသိမဲ့ေနရင္ဘယ္လိုလုပ္မလဲ ကေလးရယ္”

“ကိုကိုကငယ့္ကိုခ်စ္တယ္ နာက်င္ေအာင္မလုပ္ဘူး”

စကားတစ္ခြန္းႏွင့္ခ်ဳပ္ႏွောင္ပစ္တာ ႐ုန္းမရျပဳမရ။

“ဒါေပမယ့္…”

“ကိုကိုငယ့္ကိုမျပန္ခိုင္းပါနဲ႕ေနာ္ ကိုကိုနဲ႕ေနမွာ ငယ္ကကိုကို႔အမ်ိဳးသားေလးေလ အခုလိုအခ်ိန္ကိုကို႔နားပဲရွိေနရမွာေပါ့”

“ကေလးကကြာ”

ျမတ္နိုးျခင္းအနမ္းေတြက သူေလးနားထင္စပ္ေတြတစ္ေလွ်ာက္ ကမ္းေပ်ာက္တဲ့လွိုင္းေတြလိုဟိုေရာက္ဒီေရာက္။စကားလုံးေတြႏွင့္ထိန္းခ်ဳပ္ျခင္းမွာ အရိုင္းဆန္ခ်င္စိတ္ေတြယဥ္ပါးကုန္တာ သခင္ကိုေတြ႕တဲ့ေတာဆင္ရိုင္းပမာ ဦးၫြတ္ရတာပါပဲ။

“ဒါေပမယ့္ေလငယ္ငယ္ကနည္းနည္းေၾကာက္တတ္ေတာ့ ကိုကိုကညင္သာေပး မယ္မဟုတ္လား”

“ငယ္ငယ္ကခ်ဳပ္တတ္လိုက္တာ”

“တကယ္ေျပာတာ ကိုကိုကအမ်ားႀကီးညင္သာေပးေလေနာ္ ငယ္ငယ္ကေသးေသးေလးဆိုေတာ့ကိုကို႔အခ်စ္ေတြကိုမနိုင္ဘူးရယ္”

“အြန္း ကိုကိုကအမ်ားႀကီးျငင္သာေပးမွာ”

ေျပာရင္းေကာက္ေပြ႕ခ်ီလို႔အခန္းတြင္းသာဝင္ခဲ့သည္။ဘယ္ေလာက္ပဲညင္သာတယ္ေျပာေျပာ ဒီကာလမွာ အလိမ္ညာတစ္ခုလိုပါပဲ။

ျမတ္နိုးျခင္းေလးကိုေပြ႕ဖက္ကာ အေတာမသတ္နိုင္ျခင္းေတြကိုခရီးဆက္သည္။ျငင္းဆန္ျခင္းကေတာင္ ဆြဲေဆာင္ျခင္းလိုျမင္သည္အထိ သူဟာအ႐ူးအမူး။ရေလလိုေလ ျဖည့္ေလမျပည့္ေလ သူ႕ဆႏၵေတြၾကား ငယ္ျဖည့္ဆည္းျခင္းေတြဟာ မတင္းတိမ္နိုင္။

မုန္တိုင္းၾကားကပန္းရိုင္းေလးလို ႀကံ့ႀကံ့ခံေနေပမယ့္ ပြန္းပဲ့မႈေတြေတာ့ရွိခဲ့တာပါပဲ။တစ္လက္မေလးေဝးရင္ေတာင္စိတ္ထဲအလိုမက်သည္အထိ သူ႕လက္ေမာင္းေတြၾကားသာဖ်စ္ညွစ္ထားပစ္သည္။

မိုးလင္းကမိုးခ်ဳပ္ ေနဝင္မွေနထြက္ခုႏွစ္ရက္လုံးသူတက္ႂကြေနတာ။အရာအားလုံးၿပီးဆုံးခ်ိန္ရင္ခြင္ထဲအျပည့္အဝဖက္လို႔တစ္သက္တာအမွတ္သားေပးမိသည္။မတားဆီးနိုင္သူႏွင့္မထိန္းခ်ဳပ္နိုင္သူၾကား တစ္ဘဝလုံးစာခ်ည္ႏွောင္မိသြားျခင္းမွာ ေနာင္တေတြမရွိခဲ့။

###################

ၿငိမ္း🌞🌻

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၇, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၇, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၇ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၇ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၇ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၇ light novel, ,

Comment

Leave a Reply

Chapter 38