Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Chapter ( 15 ) uni & zg

A+ A-

Unicode

Lin Nyoh : ၇နာရီကျရင် လာခေါ်မယ် dinner အတူစားရအောင် …..

ဝင်လာတဲ့ စာလေးကိုကြည့်ပြီး ဆွေးမြေ့အံ့ဩရပြန်သည်။  လူတစ်ယောက်က ရုတ်တရက်ကြီး အဲလိုပြောင်းလဲနိုင်လို့လား။ ဆွေးမြေ့ ဆက်မတွေးချင်တော့ပေ။ သူပြောတဲ့အတိုင်းသာ လုပ်ရုံပဲ စဉ်းစားထားလိုက်၏။ တစ်နေ့တာကလဲ အားရတယ်မရှိ အလုပ်တွေ ရှုပ်ရင်း ညနေ ရုံး
ဆင်းသွားပြန်သည်။ အဆောင်ပြန်ရောက်တော့ ၅နာရီခွဲလေပြီ။ သူလဲ ခနနားပြီးမှ ရေချိုးရန် တွေးထားလိုက်၏။ ကုတင်ပေါ်တွင်လှဲကာ ဖုန်းသုံးနေတုန်း ကိုခန့်ဆီမှ ဖုန်းဝင်လာ၏။

” ဟယ်လို ကိုခန့် “

” ဆွေး အဆင်ပြေရဲ့လား “

” ဘာကိုလဲ ကိုခန့် “

” အော် မနေ့က သောက်တာများသွားတဲ့ပုံမို့လေ ဒီနေ့ နေရထိုင်ရအဆင်ပြေလားလို့ပါ “

” ပြေပါတယ် ကိုခန့်ရဲ့ ခုနကပဲ ရုံးက ပြန်ရောက် တယ်လေ “

” အလုပ်တွေ ပန်းနေပြီလား “

” ပန်းတယ်လဲ မဟုတ်ပါဘူးဗျာ ဒီလိုပါပဲ “

” အင်းပါ .. ဒါဆို ကိုယ်တို့ မနက်ဖြန် တွေ့ကြမလား “

” အာ မနက်ဖြန်က .. “

” ကိုယ် ဆွေးနဲ့စကားအေးဆေးပြောချင်တယ် မနေ့က အလျင်စလို ဖြစ်သွားလို့လဲ တောင်းပန် ချင်လို့ “

” တောင်းပန်စရာမလိုပါဘူး ကိုခန့်ရာ ”

” ကိုယ် ဆွေးကို ညစာ လိုက်ကျွေးပါရစေ”

” ဟုတ်ကဲ့ပါကိုခန့် အချိန်နဲ့ နေရာလေး ပို့ထားပေးလေ ကျွန်တော်လာခဲ့ပါမယ် “

” ကိုယ်လာခေါ်ပါရစေ ”

” အာနေပါစေ ကျွန်တော့်ဘာသာပဲလာပါ့မယ် “

” ကိုယ့်ကို အားမနာပါနဲ့ ဆွေးရာ လာခေါ်မယ် နော် အချိန်ကိုလဲ ပြန်ပြောမယ် “

” ဟုတ်ကဲ့ပါ ကိုခန့် “

” ကျေးဇူးပါဆွေး ဒါဆို နားတော့လေ ကိုယ်ဖုန်းချလိုက်တော့မယ် “

” ဟုတ်ကဲ့ “

ဆွေးမြေ့ ဖုန်းလေးချပြီးတာနဲ့တွေးတောရပြန်သည်။ ကိုခန့် ဖွင့်ပြောလာတာကို သူဘယ်လို တုန့်ပြန်ရပမလဲ ။ ရင်ခုန်သလား သူ့ကိုယ်သူ ပြန်စမ်းစစ်ကြည့်တော့ အမှန်တိုင်းဝန်ခံရရင် အရင်ကလိုတော့မဟုတ်ပေ။ အရင်ကဆိုတာ သူ့တို့စတွေ့တုန်းကအချိန်ကပင်။ ခုက ကိုခန့်ကို စဉ်းစားပေးခွင့်တောင် ရှိရဲ့လား သူ့မှာက ceo ရှိနေပြီလေ ။ ဘယ်ချိန်ထိရှိနေမလဲ ဆိုတာ သေချာမသိပေမဲ့ လက်ရှိသူ့မှာ တွဲနေတဲ့သူရှိတယ်မို့လား။
ဒီကိစ္စကို မိရွှန်းနဲ့ နေသူကို ပြောပြတိုင်ပင်ဖို့တော့ လိုနေလေပြီ။ နေသူကလဲ သူ့အိမ်ပြန်အိပ်တဲ့နေ့က များတာမို့ အဆောင်မှာ ဆွေးမြေ့ တစ်ယောက်ထဲဖြစ်နေသည်။ ဒါလဲတစ်ခုကောင်းတယ် ပြောရရမည်။ မဟုတ်ရင် သူခြေလှမ်းပျက်တာတွေ အတွက် စောစောမိသွားနိုင်သည်။

တွေးရင်းငေးရင်းနဲ့ ၆နာရီကျော်နေပြီမို့ရေချိုးခန်းဝင်ရတော့သည်။ သူရဲ့ ceo က စောင့်ရတာတွေ စိတ်မရှည်ဘူးလေ ။ သူအဆင်သင့်ပြင်ပြီး လမ်းထိပ်မှာ သွားစောင့်နေရမည်။ လာခေါ်တဲ့အချိန်တိုင်း ဒီလိုပဲ လိမ်းထိပ်ကစောင့်ခိုင်းနေကျပင်။ သူများတွေ ရိပ်မိလို့မဖြစ်ဘူးလေ။

…………………<<<<ညှို့အိမ်>>>>………………

” ဘယ်ဆိုင်မှာစားချင်လဲ “

ကားပေါ်ရောက်တာနဲ့ အရင်ဆုံးမေးလာသည်။

” ceo အဆင်ပြေတဲ့ဆိုင်ပဲသွားပါ “

” မင်းစားချင်တာ တစ်ခုခုမရှိဘူးလား “

ကားကို မမောင်းသေးပဲ သူ့ဘက်လှည့်ကာ ထပ်မေးလာပြန်သည်။

” အဲလိုတော့လဲ မရှိပါဘူး ceo အဆင်ပြေတာသာ ရွေးလိုက်ပါ ”

” ကောင်းပြီ ”

ထိုအခါမှ ကားလေးဟာ ဖြည်းညင်းစွာထွက်ခွါသွားတော့သည်။ ဘေးကနေ တိတ်ဆိတ်စွာ လိုက်ပါလာသူကို လင်းညှို့တစ်ချက်ကြည့်မိ၏။
ပုံမှန်နေ့တွေနဲ့မတူစွာ ဝတ်စားထားသည်မှာ ချစ်စရာကောင်းသည်ဟုသော ဘက်ကိုရောက်နေလေသည်။ style plant တွေနဲ့ လူကြီးပေါက်စပုံစံထက်စာရင် ဒီနေ့ဝတ်ထားတဲ့ဒူးတိပေါင် တိုနဲ့ shirt အဖြူက ကလေးနဲ့ပင်တူနေသေး
သည်။ အမြဲတမ်း လင်းညှို့စိတ်တိုင်းကျလုပ်နေကျမို့ ဒီကောင်လေး စားချင်တာမေးတဲ့လဲမပြော ပေ။ ဆွေးမြေ့အိမ်ဟာ တစ်ခါတစ်လေကျတော့လဲ သူ့အပေါ် စွာတေးလန်နေတတ်သလို တစ်ခါတစ်လေကျတော့လဲ ceo ဟုခေါ်ကာ တိတ်ဆိတ် နေတတ်ပြန်သည်။ တကယ်ကို နားလည်ရခက် ပါပေသည်။

သူတို့ ပတ်သတ်ခဲ့သူ့အတောအတွင်းမှာလဲ တွဲသည်ဟုသော ခေါင်းစဉ်အောက်မှာရှိခဲ့ပေမဲ့ ရည်းစားတွေလို ချစ်ခင်ကြင်နာဂရုစိုက်ခဲ့ကြတာမဟုတ်၊ အိပ်ယာပေါ်လောက်သာ ရင်းနှီးခဲ့တာကြပင်။ ကိုယ်ခန္ဓာကိုယ်ခြင်း အကြိမ်ကြိမ် ရင်းနှီးခဲ့ကြပေမဲ့လေ စိတ်ခြင်းတော့ မရင်းနှီးတဲ့အတွက် သူတို့ကြားမှာ အမြဲတိတ်ဆိတ်နေကြသည်။ စကားများများပြောဖူးတာတောင် မူးတဲ့ညကမှဖြစ်သည်။ အမှန်တိုင်းဝန်ခံရရင် သူတွဲခဲ့သမျှတွေထဲတွင် ဆွေးမြေ့အိမ်နဲ့ အဆင်ပြေဆုံးဖြစ် ပြီး မြဲတယ်ပြောရမည်။ ၂လဆိုတဲ့ ကာလအပိုင်းအခြားက သူ့လိုလူအတွက်တော့ အတော်ကြာပြီဖြစ်တဲ့ ဆက်ဆံရေးတစ်ခုပင်။

ဆွေးမြေ့အိမ်နဲ့ စတင်တွဲပြီး ကတည်းက အခြား ဘယ်သူနဲ့မှမအိပ်ဖြစ်ခဲ့ပေ။ စိတ်မပါတာဟု ပြောလျှင်ပိုမှန်လိမ့်မည်။ မြူဆိုတဲ့ ကောင်လေး နဲ့ တစ်ခါ ရောက်ခဲ့ပေမဲ့ သူစိတ်မပါခဲ့။ ဒါကြောင့် ထိုညက ပြန်လွတ်ခဲ့ပြီး နောက်ကို မလာရန် အပြတ်ပြောခဲ့မိ၏။ ထိုနေ့က ရုံးမှာ ဆွေးမြေ့အိမ် ရှိနေပေမဲ့ သူ့ကို ဘာတစ်ခွန်းမှမမေးခဲ့ပေ။ အခြားသူတွေသာဆို သူ့ကို အာရုံနောက်အောင် ပြသာနာလုပ်ကြမှာလေ။ ဆွေးမြေ့အိမ်ကတော့ ထိုသို့မဟုတ် တိတ်ဆိတ်စွာပင် အေးဆေးနေသည်။ ဒါကြောင့်လဲ ဒီ relationship ကို မပျက်ချင်တာပင်။

မောင်းလာလိုက်တစားသောက်ဆိုင် ရှေ့ကိုပင် ရောက်လို့လာနေပြီ။ သူ့အတွေးတွေအတော် ကို များသွားခဲ့တာပဲ။ အတွေးတွေကို ရပ်တန့်ကာ
စားသောက်ဆိုင်ဝန်းထဲ ကားလေးထိုးလိုက်တော့သည်။

” ရောက်ပြီ ဆင်းတော့ “

ဆွေးမြေ့က ခေါင်းတစ်ချက်သာညိတ်ပြ၏။ သူတို့အတူ ဆင်းခဲ့ကြပြီး ဆိုင်အတွင်းထဲသို့ဝင်ခဲ့လိုက်၏။ ဆိုင်ထဲရောက်တာနဲ့ မန်နေဂျာက ချက်ခြင်းရောက်လာတော့သည်။

” ကိုလင်းညှို့ လာမှာများကြိုတော့ မဆက်ဘူးဗျာ ပြင်ဆင်ထားရတာပေါ့ “

လင်းညှို့မှိုင်း၏ ပေါက်ရောက်မှုက နယ်ပယ်တိုင်းလိုလိုပင်။ သူ့ကိုဆိုလျှင် မည်သူမျှမော်လို့ပင် မကြည့်ရဲပေ။ ခုလဲ မန်နေဂျာက ပြာပြာသလဲကြိုဆိုနေပြန်သည်။

” ကိုယ်လဲ ကြိုမတွေးထားလို့ပါ .. အေးဆေးဖြစ်မဲ့နေရာလေး စီစဉ်ပေးပါအုံး ဧည့်သည်ပါလာလို့ “

မန်နေဂျာဆိုတဲ့ သူက လင်းညှို့နောက်မှာ ကပ်ရပ်နေတဲ့ ဆွေးမြေ့ကိုတစ်ချက်ကြည့်၍ ပြုံးပြလာသဖြင့် ဆွေးမြေ့လဲ ပြန်ပြုံးပြလိုက်ရသည်။

” VVIP room ကို စီစဉ်ပေးပါမယ် ကိုလင်းညှို့ ကြွပါခဗျ “

မန်နေဂျာက လက်နှစ်ဖက်ဖြင့် ညွှန်ပြကာ ရှေ့မှဦးဆောင်သွားသဖြင့် သူတို့လဲ နောက်မှလိုက်ခဲ့ကြသည်။ စားသောက်ဆိုင်ရဲ့ VVIP room ဟာ ဆွေးမြေ့ နေနေတဲ့ အခန်း ၃ခန်းစာလောက်တောင် ရှိနိုင်လောက်မည်။ အတော်ကို ကျယ်ဝန်းခန်းနားလှသည်။ မန်နေဂျာဆိုတဲ့လူက အခန်းလိုက်ပြပေးကာ ဝန်ထမ်းတွေကို သေချာဧည့်ခံရန်မှာခဲ့ပြီးမှထွက်သွားတော့၏။ သူတို့လဲ စုံလည်စားပွဲဝိုင်းတွင် မျက်နှာခြင်းဆိုင် ဝင်ထိုင်လိုက်ကြတော့သည်။

” ဘာစားချင်လဲ ကြိုက်တာမှာနော် ဒီဆိုင်က အစားအသောက်ကောင်းတယ် “

” ဟုတ်ကဲ့ဗျ “

ကြီးမားလှသော menus စာအုပ်ကြီးကို ဝန်ထမ်းကောင်မလေးက သူ့ရှေ့သို့တိုးပေးလာ၏။ သူလဲ တစ်ရွက်ခြင်းလှန်ကာ များပြားလှသော အစားအသောက်တွေထဲကနေ ၃ခုလောက်ရွေး ချယ်
လိုက်၏။

” ဒါပါပဲဗျ “

ဘေးက ကောင်မလေးကို ယှဉ်ကျေးစွာပြောရင်း စာအုပ်ကို ပြန်ပေးလိုက်သည်။ လင်းညှို့ဘက် ကို ကြည့်လိုက်မိတော့ စကားပေါ်တွင် မေးထောက် ကာ သူ့ကို စိုက်ကြည့်နေတာနဲ့ ဆုံ၏။ ရုတ်တရက်မို့ ရင်ထဲ ထိတ်ခနဲတောင်ဖြစ်သွားရသည်။

” ဘာဖြစ်လို့လဲ ကျွန်တော့်မျက်နှာမှာတစ်ခုခုပေနေလို့လား “

ဆွေးမြေ့က သူ့မျက်နှာကို ဟိုထိဒီထိလုပ်ရင်း မေးလိုက်မိသည်။

” ဘာမှပေမနေပါဘူး ဒီတိုင်းကြည့်ချင်စရာကောင်းနေလို့ ”

” အာ .. “

ဆွေးမြေ့လည်ပင်းကို ပွတ်သပ်လိုက်မိသည်။

” ခုထိ အသားမကျသေးပဲ ရှက်နေတုန်းလား “

” မ.. မရှက်ပါဘူး “

” ဟက်… မင်းက ချစ်ဖို့ကောင်းလိုက်တာ အဲတာက ကိုယ့်ကို ဆွဲဆောင်တဲ့ နည်းလမ်းအသစ်လား”

” ခဗျားနော် ထထဖောက်မလာနဲ့ “

” ဟားဟား ခုမှပဲ စွာတဲ့အသံလေးကြားရတော့တယ် .. မင်းက တိတ်ဆိတ်နေတာနဲ့ မလိုက်ဖူး “

” ကျွန်တော်က အမြဲစွာနေတာမဟုတ်ပါဘူးနော်”

” ကိုယ်သိပါတယ် ဒါပေမဲ့ မင်းစွာနေတဲ့ အချိန် လေးက ပိုချစ်ဖို့ကောင်းတယ် “

ပြောလာပြန်ပြီချစ်ဖို့ကောင်းတယ်လို့ ဒီလူရဲ့ စကားတွေက အလွန်နူးညံ့နေတယ်။ ခုစကားတွေပြောနေရတာက အရင်ကနဲ့မတူပဲ လွတ်လပ်ပြီး စိတ်သက်သာရာ ရစေတယ်လို့လဲ ခံစားလိုက်ရသည်။ အရင်ကဆို ခုလိုမျိုး ဟိုဟိုဒီဒီစကားတွေ မပြောဖြစ်ဖူးလေ ။ ဒီလိုနဲ့ပဲ သူတို့ ၂ယောက်သား တောင်ရောက်မြောက်ရောက်တဲ့ စကားတွေဆက်ပြီးပြောမိတော့တယ်။ ဝန်ထမ်းကောင်မလေးတွေဟင်းပွဲတွေလာမချခင်ချိန်ထိပဲ။

ဟင်းတွေက အလွန်စကားချင်စရာကောင်းပေမဲ့ စိတ်ညစ်စရာလဲကောင်းနေသည်။ အဲတာကတော့ နံနံပင်တွေပဲ။ နံနံပင်တွေက မုန်းစရာကောင်းတယ်လေ ။ ဆွေးမြေ့က မစားခင် တစ်ချက် ကြည့်ပြီး နံနံပင်တွေကို ဖယ်ရမဖယ်ရတွေးကာ စိတ်ရှုပ် ထွေးနေမိ၏။

ဟင်းတွေကိုထည့်မစားပဲ ရှုံ့မဲ့နေသော မျက်နှာပိုင်ရှင်ကို လင်းညှို့ သတိထားမိသွားရသည်။

” ဘာအဆင်မပြေတာရှိလို့လဲ “

” ဟို .. နံနံပင်တွေကို ကျွန်တော်မကြိုက်ဖူး “

” ဪ .. ဒါဆို ခနလေး “

လင်းညှို့က ဆုံလည်စားပွဲအား လှည့်ကာ
ဆွေးမြေ့ဘက်က ဟင်းပွဲတွေကို သူ့ရှေ့ရောက်
စေ၍။ ပြီးတာနဲ့ နံနံပင်တွေကို စတင်ဖယ်ထုတ် တော့သည်။

” အာ .. ကျွန်တော့်ဘာသာ လုပ်လိုက်ပါ့မယ် “

” ကိုယ်လုပ်ပေးချင်လို့ “

လင်းညှို့က တစ်ခွန်းထဲပြောကာ စိတ်ရှည်လက်ရှည်နဲ့ ဖယ်ထုတ်ပေးနေလေသည်။ ဆွေးမြေ့ဟင်းပွဲတွေသာမက သူမှာထားသော ဟင်းပွဲထဲမှ ပါလာသော နံနံပင်တွေကိုပါ ဖယ်ထုတ်ပစ်နေ၏။ ဆွေးမြေ့ရင်ထဲ နွေးထွေးသော အပူလှိုင်းလေး စီးဆင်းသွားရသည်။ ခုလို ဂရုတစိုက်လုပ် နေပုံက အရမ်းကို ခန့်ညားနေလွန်းလို့ သူ့နှလုံးသားလေးက လှုပ်ရှားသွားရ၏။ မသိလျှင် တကယ့်ချစ်သူတွေကျနေတာပဲလေ။

” ကဲ .. အကုန်ဖယ်ပြီးပြီ စားတော့ “

” ကျေးဇူးတင်ပါတယ် “

” မလိုပါဘူး “

ထိုညက ညစာစားဝိုင်းလေးဟာ အလွန်ကိုမှ နွေးထွေးနေခဲ့သည်။ သူတို့နှစ်ဦးသား စကားတွေလဲ အများကြီးပြောခဲ့မိ၏။ ရင်းနှီးခြင်းဆိုတဲ့ အစစ်အမှန်ကိုလဲ ခံစားမိခဲ့၏။ ထိုညက တကယ် ကို စိတ်သက်သာရာ ရစေခဲ့ပါသည်။

……………….<<<<ညှို့အိမ်>>>………….

Meeting room ထဲတွင် လစဉ် တင်ပြချက် အစည်းအဝေးပြုလုပ်နေကြသည်။ ဌာန ပေါင်းစုံက power point တင်ပြချက်တွေကိုလဲ စီမံခန့်ခွဲရင်း project အသစ်တွေကိုလဲ ခွဲဝေပေးနေလေသည်။

” ဒီတစ်ခေါက် project အသစ်တစ်ခုကို ကမ်းခြံဘက်မှာဖြစ်တဲ့အတွက် ခရီးကို လိုက်ဖို့ လိုအပ်တဲ့ သူတွေက ကြိုတင်ပြင်ဆင်ထားဖို့
လိုတယ် “

လင်းညှို့ရဲ့ ကမ်းခြံဟုသော အသံကို ကြားလိုက် ရသော အခါ ဆွေးမြေ့ မျက်ဝန်းတွေက တောက် ပသွားရသည်။ ကမ်းခြံဆိုတာ သူအသွားချင်ဆုံးနေရာပင် ။ တစ်ခါမှ မရောက်ဖူးတာမို့ ရောက်ဖူးချင်သောနေရာဖြစ်သည်။ လိုက်ဖို့ လိုအပ်တဲ့သူတွေကိုပဲ ခေါ်မှာဆိုတော့ သူမျှော်လင့်လို့မရတော့ပေ။ ဒီကိစ္စက သူ့လို လက်အောက်
ငယ် သားနဲ့ မဆိုင်သလိုပဲမို့လား။ ဆွေးမြေ့ မျက်နှာလေးဟာ ပြန်လည်ညိုးငယ်သွားတော့၏။ ဌာနက လူတွေဆီကတော့ တီးတိုးစကားပြောသံတွေ ထွက်ပေါ်နေတော့၏။

” လိုအပ်တဲ့ သူတွေ စရင်းကို ယံပိုင်က ဌာန
ချုပ်ဆီပို့ပေးလိမ့်မယ် .. ခရီးကနောက်အပတ်ထဲမှာမို့ စရင်းရတဲ့လူတွေက အားလုံးပြင်ဆင်ထားကြပါ ကျန်တာကို ယံပိုင်ကပဲ ဆက်စီစဉ်လိမ့်
မယ်”

” ဟုတ်ကဲ့ပါ boss ” ( all )

အားလုံးရဲ့အသံက လွှမ်းခြုံသွားတော့၏။

” ကောင်းပြီ ဒီနေ့တော့ ဒီလောက်ပါပဲ “

အစည်းအဝေးပြီးတော့ ကိုယ့်ဌာနဆီကိုယ်ပြန်ခဲ့တော့၏။ ဆွေးမြေ့မျက်နှာကတော့ ဘူနေဆဲဖြစ်သည်။

” ဆွေးမြေ့ရယ် အလုပ်ခရီးပဲ မလိုက်ရလဲ ဘာဖြစ်လဲ ငါတို့ဘာသာ သက်သက်သွားကြတာပေါ့”

” အေးလေ မင်းကလဲ အလုပ်နဲ့ဆိုတော့ သွားရလဲ လည်ပတ်ချိန်တောင်ရှိလိုက်မှာမဟုတ်ဘူး “

ထက်နေသူနဲ့ ရွှန်းလဲ့ကတော့ သူ့အကြောင်းကို သိတဲ့အတွက် ပြောလာကြတော့၏။

” အလုပ်နဲ့ဆိုတော့ ပိုက်ဆံမကုန်ဘူးလေ နင်တို့ကလဲ .. ဌာန အကြီးက လူတွေဆို ပျော်နေကြတာ လိုက်ရမဲ့ သူတွေက သူတို့ပဲလေ ”

” အမလေး ဆွေးမြေ့ရယ် အဲလောက်လိုက်ချင် နေရင် boss ကိုသွားပြောပါလား ”

” ဟ .. ရူးနေလို့ ပြောလို့ရမှာလား “

” ရွဲ့ပြောတာလေ ”

တင် ..

ရွှန်းလဲ့နဲ့စကားပြောနေတုန်း ဖုန်းထဲသို့ စာဝင်လာသည်။ စားပွဲပေါ်တင်ထားသော ဖုန်းမျက်နှာပြင် ကို တစ်ချက်လှမ်းကြည့်တော့ ceo ဆီကဖြစ်နေသဖြင့် ဖုန်းကို ချက်ခြင်းဆွဲဖုံးလိုက်ရ၏။ ရွှန်းလဲ့မြင်သွားလျှင် မရမက စပ်စုတော့မှာမို့လား။ ဖုန်းကို စားပွဲအောက်မသိမသာချ၍ ဖွင့်ဖတ်
လိုက်သည်။

Lin Nyoh : ကိုယ့်ဆီလာခဲ့ …

တင် ..

Lin Nyoh : အခုနော် …

အမိန့်တော်က ရောက်ရှိနေပြီမို့ ဆွေးမြေ့မှာသွားရန်ပြင်ရတော့သည်။ toilet ဟုပြောကာ မြန်မြန် ထွက်ခဲ့ရတော့သည်။ အပေါ်ရောက်တော့ ဌာနကြီးကလူတွေ ရှုပ်နေလေသည်။ ယံပိုင်၏ အခန်းဆီကို ဝင်ထွက်နေကြ၏။ အလုပ်ခရီးအတွက် ပြောဆိုနေကြတာဖြစ်မည်။ ဆွေးမြေ့မှာလဲ မယောင်မလည်လုပ်ကာ လင်းညှို့အခန်းထဲ ဝင်ခဲ့ရတော့သည်။ သူတို့အာရုံနဲ့သူတို့မို့ သတိမထားမိတာ တော်သေးသည်။

အခန်းထဲရောက်တော့ လင်းညှို့က ဆိုဖာတွင်
ထိုင်နေလေသည်။

” ဘာပြောမလို့ခေါ်တာလဲ “

” အရင်ထိုင်အုံး “

ဒီတစ်ခါတော့ ဆွေးမြေ့က အလွဲမခံတော့ပေ။
မျက်နှာခြင်းဆိုင်ခုံတွင် ဝင်ထိုင်လိုက်၏။

” ဘယ်သူက အဲမှာ ထိုင်ခိုင်းလို့လဲ “

” ဟမ် .. “

” ကိုယ့်ပေါင်ပေါ်လာထိုင် “

” …. “

” လာလေ “

ထိုင်ဆိုတော့လဲ ထိုင်ရုံပေါ့။ ဆွေးမြေ့လဲ ဆိုဖာပေါ်မှ ထကာ လင်းညှို့ပေါင်ပေါ်သို့ထိုင်လိုက်ရတော့သည်။ လင်းညှို့က ချက်ခြင်းပင် သူ့ခါးကို ဖက်တွယ်လာတော့၏။ အကြည့်ခြင်းဆုံနေမိသည်မှာ ဘယ်သူမှမျက်နှာမလွဲမိကြ။

ရွတ်…

ရုတ်တရက်ဆိုသလိုပါးကို နမ်းလာသူကြောင့် ဆွေးမြေ့ မျက်နှာလေး ဟာ ရဲတက်သွားတော့သည်။ သူတို့တွေ အိပ်ယာပေါ်က ကိစ္စမလလုပ်ဖြစ် ကြသည်မှာ နဲနဲတောင်ကြာနေလေပြီ။ လင်းညှို့ကလဲ မတောင်းဆိုသဖြင့် ခုလို အထိအတွေ့တောင်မရှိဖြစ်ပေ။

” ဒီအနံ့လေးတောင် မရတာကြာနေပြီ ”

” …… “

ရွတ် ….

သူ့လည်ပင်းကို ထပ်မံ၍ နမ်းလာပြန်သည်။

” ဟိုလေ ကျွန်တော့်ကို ပြောစရာရှိတယ်ဆို “

” ကိုယ့်ကို နမ်း “

” ဟမ် .. “

” နမ်းပြီးမှ ပြောပြမယ် ခုတော့ ကိုယ့်ကိုနမ်း “

အလွန်တရာမှ နူးညံ့နေသောကြောင့် ဆွေးမြေ့ နှလုံးသားလေးဟာ ခုန်ပေါက်လာတော့သည်။ မသိလျှင် ခုမှ ရည်းစားစဖြစ်သလိုလိုနဲ့ပင်။ မျက်လုံးများ မှိတ်ထားကာ အနမ်းကို ခံယူဖို့ ပြင်နေသော မျက်နှာပြင်က အလွန်ချောမောလွန်းလှသည်။ ခါးပေါ်က လက်တွေကလဲ ခုထိ ဖယ်ခွါမသွားပေ။ ဆွေးမြေ့လဲ မျက်နှာပြင် ချောချောကို လက်ဝါးဖြင့် အုပ်ကိုင်လိုက်ပြီး နှုတ်ခမ်းခြင်းထိစပ်လိုက်တော့သည်။ သူ့နှုတ်ခမ်းထိကပ်လိုက်တာနဲ့ တစ်ဖက်က ချက်ခြင်းတုန့်ပြန် လာတော့၏။

နူးညံ့သိမ်မွှေ့လွန်းစွာ အနမ်းတွေက စည်းဝင်လာသည်။ အကြိမ်ကြိမ် နမ်းခဲ့ဖူးသမျှထဲတွင် ဒီအနမ်းတွေက အလွန်နူးညံ့နေခဲ့သည်။ သူ့နှုတ်ခမ်းသားတွေကို တစ်လှည့်ဆီ စုပ်ယူနေသည်မှာ ရင်ခုန်စရာအတိပင်။ လျှာဖျားတွေဟာလဲ ရစ်ပတ်ချည်နှောင်လာသည်။  ရုံးခန်းအတွင်းထဲတွင် အနမ်းဖလှယ်သံတွေက ဆူညံလို့နေ၏။ ဒီအနမ်းတွေထံကနေ သူမလွတ်မြှောက်ချင်တော့၊ စွဲလမ်းပြီးရင်းစွဲလမ်းကာ ဒီနွံထဲမှာ သိသိရဲ့နဲ့ နစ်မြှပ် နေမိလေပြီ။အနမ်းတွေကြာရှည်လာတာနဲ့ အမျှ ဆွေးမြေ့မှာ မောပန်းလာတော့သည်။ ခုထိ မမောပန်းနိုင်သော လင်းညှို့ရဲ့ ရင်ဘက်ကို လက်ဖြင့် ထုကာ ရပ်တန့်ရန်သတိပေးရတော့၏။ ထိုအခါမှပဲ သူ့နှုတ်ခမ်းတွေကို လွတ်ပေးတော့သည်။

” ဟင်း .. ခဗျားက တော်တော်သက်လုံကောင်းတာပဲ “

ဆွေးမြေ့မှာတော့ အလွန့်ကို မောဟိုက်နေရသည်။

” မင်းလဲ သက်လုံကောင်းလာအောင်ကိုယ်လေ့ကျင့်ပေးမှာပေါ့ “

” မလိုပါဘူး “

” ဆွေးမြေ့အိမ် “

” အင်း “

” မာနေပြီ “

” ဗျာ “

” မင်းကြောင့် ကိုယ့်ကောင်က မာလာပြီ “

” ဟင် ”

ဆွေးမြေ့အကြည့်က ချက်ခြင်းပင် လင်းညှို့ ဂွကြားထံ ရောက်သွားတော့သည်။ ဘောင်းဘီထဲကနေ ဖုဖောင်းထွက်နေသည်မှာ အလွန်တရာမှကြောက်စရာကောင်းလှသည်။

” ဟင့်အင်း မဖြစ်ဘူးနော် ဒါက ရုံးခန်းထဲမှာ ”

” ဟိုဘက်မှာ ကိုယ့်နားနေခန်းရှိတယ်လေ “

” ဟာ .. မရပါဘူး company မှာလေ “

” အသစ်အဆန်းဖြစ်ပြီး ရင်ခုန်စရာကောင်းတာပေါ့ “

” တော် … တော်ပြီ “

” ကိုယ်အရမ်းတင်းနေပြီ ”

” ဟို .. လက် … လက်နဲ့ လုပ်ပေးမယ်လေ ”

” ကောင်းပြီ ဒါဆို သွားကြမယ် “

လင်းညှို့က ဆွေးမြေ့ကို ထခွင့်မပေးတော့ပဲ ပွေ့ချီကာ ရုံးခန်းထဲနဲ့ သူ့နားနေခန်းကို ချိတ်ထားတဲ့ တံခါးကပဲ ဝင်ခဲ့လိုက်တော့၏။ ကောက်ကျစ်တဲ့ မြေခွေးရဲ့ အကြံကို မသိပဲ ယုန်သူငယ်လေး ဆွေးမြေ့အိမ်ကတော့ ပါသွားခဲ့ရလေပြီ။

…………….<<<<ညှို့အိမ်>>>>>…………..

2.8.2024

ကြာသပတေးနေ့ကျ ပြန်တွေ့ကြမယ်နော် ❤️

ချစ်တဲ့ emma

Zawgyi

Lin Nyoh : ၇နာရီက်ရင္ လာေခၚမယ္ dinner အတူစားရေအာင္ …..

ဝင္လာတဲ့ စာေလးကိုၾကည့္ၿပီး ေဆြးေျမ့အံ့ဩရျပန္သည္။ လူတစ္ေယာက္က ႐ုတ္တရက္ႀကီး အဲလိုေျပာင္းလဲႏိုင္လို႔လား။ ေဆြးေျမ့ ဆက္မေတြးခ်င္ေတာ့ေပ။ သူေျပာတဲ့အတိုင္းသာ လုပ္႐ုံပဲ စဥ္းစားထားလိုက္၏။ တစ္ေန႔တာကလဲ အားရတယ္မရွိ အလုပ္ေတြ ရႈပ္ရင္း ညေန ႐ုံး
ဆင္းသြားျပန္သည္။ အေဆာင္ျပန္ေရာက္ေတာ့ ၅နာရီခြဲေလၿပီ။ သူလဲ ခနနားၿပီးမွ ေရခ်ိဳးရန္ ေတြးထားလိုက္၏။ ကုတင္ေပၚတြင္လွဲကာ ဖုန္းသုံးေနတုန္း ကိုခန္႔ဆီမွ ဖုန္းဝင္လာ၏။

” ဟယ္လို ကိုခန္႔ “

” ေဆြး အဆင္ေျပရဲ႕လား “

” ဘာကိုလဲ ကိုခန္႔ “

” ေအာ္ မေန႔က ေသာက္တာမ်ားသြားတဲ့ပုံမို႔ေလ ဒီေန႔ ေနရထိုင္ရအဆင္ေျပလားလို႔ပါ “

” ေျပပါတယ္ ကိုခန္႔ရဲ႕ ခုနကပဲ ႐ုံးက ျပန္ေရာက္ တယ္ေလ “

” အလုပ္ေတြ ပန္းေနၿပီလား “

” ပန္းတယ္လဲ မဟုတ္ပါဘူးဗ်ာ ဒီလိုပါပဲ “

” အင္းပါ .. ဒါဆို ကိုယ္တို႔ မနက္ျဖန္ ေတြ႕ၾကမလား “

” အာ မနက္ျဖန္က .. “

” ကိုယ္ ေဆြးနဲ႔စကားေအးေဆးေျပာခ်င္တယ္ မေန႔က အလ်င္စလို ျဖစ္သြားလို႔လဲ ေတာင္းပန္ ခ်င္လို႔ “

” ေတာင္းပန္စရာမလိုပါဘူး ကိုခန္႔ရာ ”

” ကိုယ္ ေဆြးကို ညစာ လိုက္ေကြၽးပါရေစ”

” ဟုတ္ကဲ့ပါကိုခန္႔ အခ်ိန္နဲ႔ ေနရာေလး ပို႔ထားေပးေလ ကြၽန္ေတာ္လာခဲ့ပါမယ္ “

” ကိုယ္လာေခၚပါရေစ ”

” အာေနပါေစ ကြၽန္ေတာ့္ဘာသာပဲလာပါ့မယ္ “

” ကိုယ့္ကို အားမနာပါနဲ႔ ေဆြးရာ လာေခၚမယ္ ေနာ္ အခ်ိန္ကိုလဲ ျပန္ေျပာမယ္ “

” ဟုတ္ကဲ့ပါ ကိုခန္႔ “

” ေက်းဇူးပါေဆြး ဒါဆို နားေတာ့ေလ ကိုယ္ဖုန္းခ်လိုက္ေတာ့မယ္ “

” ဟုတ္ကဲ့ “

ေဆြးေျမ့ ဖုန္းေလးခ်ၿပီးတာနဲ႔ေတြးေတာရျပန္သည္။ ကိုခန္႔ ဖြင့္ေျပာလာတာကို သူဘယ္လို တုန္႔ျပန္ရပမလဲ ။ ရင္ခုန္သလား သူ႔ကိုယ္သူ ျပန္စမ္းစစ္ၾကည့္ေတာ့ အမွန္တိုင္းဝန္ခံရရင္ အရင္ကလိုေတာ့မဟုတ္ေပ။ အရင္ကဆိုတာ သူ႔တို႔စေတြ႕တုန္းကအခ်ိန္ကပင္။ ခုက ကိုခန္႔ကို စဥ္းစားေပးခြင့္ေတာင္ ရွိရဲ႕လား သူ႔မွာက ceo ရွိေနၿပီေလ ။ ဘယ္ခ်ိန္ထိရွိေနမလဲ ဆိုတာ ေသခ်ာမသိေပမဲ့ လက္ရွိသူ႔မွာ တြဲေနတဲ့သူရွိတယ္မို႔လား။
ဒီကိစၥကို မိ႐ႊန္းနဲ႔ ေနသူကို ေျပာျပတိုင္ပင္ဖို႔ေတာ့ လိုေနေလၿပီ။ ေနသူကလဲ သူ႔အိမ္ျပန္အိပ္တဲ့ေန႔က မ်ားတာမို႔ အေဆာင္မွာ ေဆြးေျမ့ တစ္ေယာက္ထဲျဖစ္ေနသည္။ ဒါလဲတစ္ခုေကာင္းတယ္ ေျပာရရမည္။ မဟုတ္ရင္ သူေျခလွမ္းပ်က္တာေတြ အတြက္ ေစာေစာမိသြားႏိုင္သည္။

ေတြးရင္းေငးရင္းနဲ႔ ၆နာရီေက်ာ္ေနၿပီမို႔ေရခ်ိဳးခန္းဝင္ရေတာ့သည္။ သူရဲ႕ ceo က ေစာင့္ရတာေတြ စိတ္မရွည္ဘူးေလ ။ သူအဆင္သင့္ျပင္ၿပီး လမ္းထိပ္မွာ သြားေစာင့္ေနရမည္။ လာေခၚတဲ့အခ်ိန္တိုင္း ဒီလိုပဲ လိမ္းထိပ္ကေစာင့္ခိုင္းေနက်ပင္။ သူမ်ားေတြ ရိပ္မိလို႔မျဖစ္ဘူးေလ။

…………………<<<<ညႇိဳ႕အိမ္>>>>………………

” ဘယ္ဆိုင္မွာစားခ်င္လဲ “

ကားေပၚေရာက္တာနဲ႔ အရင္ဆုံးေမးလာသည္။

” ceo အဆင္ေျပတဲ့ဆိုင္ပဲသြားပါ “

” မင္းစားခ်င္တာ တစ္ခုခုမရွိဘူးလား “

ကားကို မေမာင္းေသးပဲ သူ႔ဘက္လွည့္ကာ ထပ္ေမးလာျပန္သည္။

” အဲလိုေတာ့လဲ မရွိပါဘူး ceo အဆင္ေျပတာသာ ေ႐ြးလိုက္ပါ ”

” ေကာင္းၿပီ ”

ထိုအခါမွ ကားေလးဟာ ျဖည္းညင္းစြာထြက္ခြါသြားေတာ့သည္။ ေဘးကေန တိတ္ဆိတ္စြာ လိုက္ပါလာသူကို လင္းညႇိဳ႕တစ္ခ်က္ၾကည့္မိ၏။
ပုံမွန္ေန႔ေတြနဲ႔မတူစြာ ဝတ္စားထားသည္မွာ ခ်စ္စရာေကာင္းသည္ဟုေသာ ဘက္ကိုေရာက္ေနေလသည္။ style plant ေတြနဲ႔ လူႀကီးေပါက္စပုံစံထက္စာရင္ ဒီေန႔ဝတ္ထားတဲ့ဒူးတိေပါင္ တိုနဲ႔ shirt အျဖဴက ကေလးနဲ႔ပင္တူေနေသး
သည္။ အၿမဲတမ္း လင္းညႇိဳ႕စိတ္တိုင္းက်လုပ္ေနက်မို႔ ဒီေကာင္ေလး စားခ်င္တာေမးတဲ့လဲမေျပာ ေပ။ ေဆြးေျမ့အိမ္ဟာ တစ္ခါတစ္ေလက်ေတာ့လဲ သူ႔အေပၚ စြာေတးလန္ေနတတ္သလို တစ္ခါတစ္ေလက်ေတာ့လဲ ceo ဟုေခၚကာ တိတ္ဆိတ္ ေနတတ္ျပန္သည္။ တကယ္ကို နားလည္ရခက္ ပါေပသည္။

သူတို႔ ပတ္သတ္ခဲ့သူ႔အေတာအတြင္းမွာလဲ တြဲသည္ဟုေသာ ေခါင္းစဥ္ေအာက္မွာရွိခဲ့ေပမဲ့ ရည္းစားေတြလို ခ်စ္ခင္ၾကင္နာဂ႐ုစိုက္ခဲ့ၾကတာမဟုတ္၊ အိပ္ယာေပၚေလာက္သာ ရင္းႏွီးခဲ့တာၾကပင္။ ကိုယ္ခႏၶာကိုယ္ျခင္း အႀကိမ္ႀကိမ္ ရင္းႏွီးခဲ့ၾကေပမဲ့ေလ စိတ္ျခင္းေတာ့ မရင္းႏွီးတဲ့အတြက္ သူတို႔ၾကားမွာ အၿမဲတိတ္ဆိတ္ေနၾကသည္။ စကားမ်ားမ်ားေျပာဖူးတာေတာင္ မူးတဲ့ညကမွျဖစ္သည္။ အမွန္တိုင္းဝန္ခံရရင္ သူတြဲခဲ့သမွ်ေတြထဲတြင္ ေဆြးေျမ့အိမ္နဲ႔ အဆင္ေျပဆုံးျဖစ္ ၿပီး ၿမဲတယ္ေျပာရမည္။ ၂လဆိုတဲ့ ကာလအပိုင္းအျခားက သူ႔လိုလူအတြက္ေတာ့ အေတာ္ၾကာၿပီျဖစ္တဲ့ ဆက္ဆံေရးတစ္ခုပင္။

ေဆြးေျမ့အိမ္နဲ႔ စတင္တြဲၿပီး ကတည္းက အျခား ဘယ္သူနဲ႔မွမအိပ္ျဖစ္ခဲ့ေပ။ စိတ္မပါတာဟု ေျပာလွ်င္ပိုမွန္လိမ့္မည္။ ျမဴဆိုတဲ့ ေကာင္ေလး နဲ႔ တစ္ခါ ေရာက္ခဲ့ေပမဲ့ သူစိတ္မပါခဲ့။ ဒါေၾကာင့္ ထိုညက ျပန္လြတ္ခဲ့ၿပီး ေနာက္ကို မလာရန္ အျပတ္ေျပာခဲ့မိ၏။ ထိုေန႔က ႐ုံးမွာ ေဆြးေျမ့အိမ္ ရွိေနေပမဲ့ သူ႔ကို ဘာတစ္ခြန္းမွမေမးခဲ့ေပ။ အျခားသူေတြသာဆို သူ႔ကို အာ႐ုံေနာက္ေအာင္ ျပသာနာလုပ္ၾကမွာေလ။ ေဆြးေျမ့အိမ္ကေတာ့ ထိုသို႔မဟုတ္ တိတ္ဆိတ္စြာပင္ ေအးေဆးေနသည္။ ဒါေၾကာင့္လဲ ဒီ relationship ကို မပ်က္ခ်င္တာပင္။

ေမာင္းလာလိုက္တစားေသာက္ဆိုင္ ေရွ႕ကိုပင္ ေရာက္လို႔လာေနၿပီ။ သူ႔အေတြးေတြအေတာ္ ကို မ်ားသြားခဲ့တာပဲ။ အေတြးေတြကို ရပ္တန္႔ကာ
စားေသာက္ဆိုင္ဝန္းထဲ ကားေလးထိုးလိုက္ေတာ့သည္။

” ေရာက္ၿပီ ဆင္းေတာ့ “

ေဆြးေျမ့က ေခါင္းတစ္ခ်က္သာညိတ္ျပ၏။ သူတို႔အတူ ဆင္းခဲ့ၾကၿပီး ဆိုင္အတြင္းထဲသို႔ဝင္ခဲ့လိုက္၏။ ဆိုင္ထဲေရာက္တာနဲ႔ မန္ေနဂ်ာက ခ်က္ျခင္းေရာက္လာေတာ့သည္။

” ကိုလင္းညႇိဳ႕ လာမွာမ်ားႀကိဳေတာ့ မဆက္ဘူးဗ်ာ ျပင္ဆင္ထားရတာေပါ့ “

လင္းညႇိဳ႕မႈိင္း၏ ေပါက္ေရာက္မႈက နယ္ပယ္တိုင္းလိုလိုပင္။ သူ႔ကိုဆိုလွ်င္ မည္သူမွ်ေမာ္လို႔ပင္ မၾကည့္ရဲေပ။ ခုလဲ မန္ေနဂ်ာက ျပာျပာသလဲႀကိဳဆိုေနျပန္သည္။

” ကိုယ္လဲ ႀကိဳမေတြးထားလို႔ပါ .. ေအးေဆးျဖစ္မဲ့ေနရာေလး စီစဥ္ေပးပါအုံး ဧည့္သည္ပါလာလို႔ “

မန္ေနဂ်ာဆိုတဲ့ သူက လင္းညႇိဳ႕ေနာက္မွာ ကပ္ရပ္ေနတဲ့ ေဆြးေျမ့ကိုတစ္ခ်က္ၾကည့္၍ ၿပဳံးျပလာသျဖင့္ ေဆြးေျမ့လဲ ျပန္ၿပဳံးျပလိုက္ရသည္။

” VVIP room ကို စီစဥ္ေပးပါမယ္ ကိုလင္းညႇိဳ႕ ႂကြပါခဗ် “

မန္ေနဂ်ာက လက္ႏွစ္ဖက္ျဖင့္ ၫႊန္ျပကာ ေရွ႕မွဦးေဆာင္သြားသျဖင့္ သူတို႔လဲ ေနာက္မွလိုက္ခဲ့ၾကသည္။ စားေသာက္ဆိုင္ရဲ႕ VVIP room ဟာ ေဆြးေျမ့ ေနေနတဲ့ အခန္း ၃ခန္းစာေလာက္ေတာင္ ရွိႏိုင္ေလာက္မည္။ အေတာ္ကို က်ယ္ဝန္းခန္းနားလွသည္။ မန္ေနဂ်ာဆိုတဲ့လူက အခန္းလိုက္ျပေပးကာ ဝန္ထမ္းေတြကို ေသခ်ာဧည့္ခံရန္မွာခဲ့ၿပီးမွထြက္သြားေတာ့၏။ သူတို႔လဲ စုံလည္စားပြဲဝိုင္းတြင္ မ်က္ႏွာျခင္းဆိုင္ ဝင္ထိုင္လိုက္ၾကေတာ့သည္။

” ဘာစားခ်င္လဲ ႀကိဳက္တာမွာေနာ္ ဒီဆိုင္က အစားအေသာက္ေကာင္းတယ္ “

” ဟုတ္ကဲ့ဗ် “

ႀကီးမားလွေသာ menus စာအုပ္ႀကီးကို ဝန္ထမ္းေကာင္မေလးက သူ႔ေရွ႕သို႔တိုးေပးလာ၏။ သူလဲ တစ္႐ြက္ျခင္းလွန္ကာ မ်ားျပားလွေသာ အစားအေသာက္ေတြထဲကေန ၃ခုေလာက္ေ႐ြး ခ်ယ္
လိုက္၏။

” ဒါပါပဲဗ် “

ေဘးက ေကာင္မေလးကို ယွဥ္ေက်းစြာေျပာရင္း စာအုပ္ကို ျပန္ေပးလိုက္သည္။ လင္းညႇိဳ႕ဘက္ ကို ၾကည့္လိုက္မိေတာ့ စကားေပၚတြင္ ေမးေထာက္ ကာ သူ႔ကို စိုက္ၾကည့္ေနတာနဲ႔ ဆုံ၏။ ႐ုတ္တရက္မို႔ ရင္ထဲ ထိတ္ခနဲေတာင္ျဖစ္သြားရသည္။

” ဘာျဖစ္လို႔လဲ ကြၽန္ေတာ့္မ်က္ႏွာမွာတစ္ခုခုေပေနလို႔လား “

ေဆြးေျမ့က သူ႔မ်က္ႏွာကို ဟိုထိဒီထိလုပ္ရင္း ေမးလိုက္မိသည္။

” ဘာမွေပမေနပါဘူး ဒီတိုင္းၾကည့္ခ်င္စရာေကာင္းေနလို႔ ”

” အာ .. “

ေဆြးေျမ့လည္ပင္းကို ပြတ္သပ္လိုက္မိသည္။

” ခုထိ အသားမက်ေသးပဲ ရွက္ေနတုန္းလား “

” မ.. မရွက္ပါဘူး “

” ဟက္… မင္းက ခ်စ္ဖို႔ေကာင္းလိုက္တာ အဲတာက ကိုယ့္ကို ဆြဲေဆာင္တဲ့ နည္းလမ္းအသစ္လား”

” ခဗ်ားေနာ္ ထထေဖာက္မလာနဲ႔ “

” ဟားဟား ခုမွပဲ စြာတဲ့အသံေလးၾကားရေတာ့တယ္ .. မင္းက တိတ္ဆိတ္ေနတာနဲ႔ မလိုက္ဖူး “

” ကြၽန္ေတာ္က အၿမဲစြာေနတာမဟုတ္ပါဘူးေနာ္”

” ကိုယ္သိပါတယ္ ဒါေပမဲ့ မင္းစြာေနတဲ့ အခ်ိန္ ေလးက ပိုခ်စ္ဖို႔ေကာင္းတယ္ “

ေျပာလာျပန္ၿပီခ်စ္ဖို႔ေကာင္းတယ္လို႔ ဒီလူရဲ႕ စကားေတြက အလြန္ႏူးညံ့ေနတယ္။ ခုစကားေတြေျပာေနရတာက အရင္ကနဲ႔မတူပဲ လြတ္လပ္ၿပီး စိတ္သက္သာရာ ရေစတယ္လို႔လဲ ခံစားလိုက္ရသည္။ အရင္ကဆို ခုလိုမ်ိဳး ဟိုဟိုဒီဒီစကားေတြ မေျပာျဖစ္ဖူးေလ ။ ဒီလိုနဲ႔ပဲ သူတို႔ ၂ေယာက္သား ေတာင္ေရာက္ေျမာက္ေရာက္တဲ့ စကားေတြဆက္ၿပီးေျပာမိေတာ့တယ္။ ဝန္ထမ္းေကာင္မေလးေတြဟင္းပြဲေတြလာမခ်ခင္ခ်ိန္ထိပဲ။

ဟင္းေတြက အလြန္စကားခ်င္စရာေကာင္းေပမဲ့ စိတ္ညစ္စရာလဲေကာင္းေနသည္။ အဲတာကေတာ့ နံနံပင္ေတြပဲ။ နံနံပင္ေတြက မုန္းစရာေကာင္းတယ္ေလ ။ ေဆြးေျမ့က မစားခင္ တစ္ခ်က္ ၾကည့္ၿပီး နံနံပင္ေတြကို ဖယ္ရမဖယ္ရေတြးကာ စိတ္ရႈပ္ ေထြးေနမိ၏။

ဟင္းေတြကိုထည့္မစားပဲ ရႈံ႕မဲ့ေနေသာ မ်က္ႏွာပိုင္ရွင္ကို လင္းညႇိဳ႕ သတိထားမိသြားရသည္။

” ဘာအဆင္မေျပတာရွိလို႔လဲ “

” ဟို .. နံနံပင္ေတြကို ကြၽန္ေတာ္မႀကိဳက္ဖူး “

” ဪ .. ဒါဆို ခနေလး “

လင္းညႇိဳ႕က ဆုံလည္စားပြဲအား လွည့္ကာ
ေဆြးေျမ့ဘက္က ဟင္းပြဲေတြကို သူ႔ေရွ႕ေရာက္
ေစ၍။ ၿပီးတာနဲ႔ နံနံပင္ေတြကို စတင္ဖယ္ထုတ္ ေတာ့သည္။

” အာ .. ကြၽန္ေတာ့္ဘာသာ လုပ္လိုက္ပါ့မယ္ “

” ကိုယ္လုပ္ေပးခ်င္လို႔ “

လင္းညႇိဳ႕က တစ္ခြန္းထဲေျပာကာ စိတ္ရွည္လက္ရွည္နဲ႔ ဖယ္ထုတ္ေပးေနေလသည္။ ေဆြးေျမ့ဟင္းပြဲေတြသာမက သူမွာထားေသာ ဟင္းပြဲထဲမွ ပါလာေသာ နံနံပင္ေတြကိုပါ ဖယ္ထုတ္ပစ္ေန၏။ ေဆြးေျမ့ရင္ထဲ ေႏြးေထြးေသာ အပူလႈိင္းေလး စီးဆင္းသြားရသည္။ ခုလို ဂ႐ုတစိုက္လုပ္ ေနပုံက အရမ္းကို ခန္႔ညားေနလြန္းလို႔ သူ႔ႏွလုံးသားေလးက လႈပ္ရွားသြားရ၏။ မသိလွ်င္ တကယ့္ခ်စ္သူေတြက်ေနတာပဲေလ။

” ကဲ .. အကုန္ဖယ္ၿပီးၿပီ စားေတာ့ “

” ေက်းဇူးတင္ပါတယ္ “

” မလိုပါဘူး “

ထိုညက ညစာစားဝိုင္းေလးဟာ အလြန္ကိုမွ ေႏြးေထြးေနခဲ့သည္။ သူတို႔ႏွစ္ဦးသား စကားေတြလဲ အမ်ားႀကီးေျပာခဲ့မိ၏။ ရင္းႏွီးျခင္းဆိုတဲ့ အစစ္အမွန္ကိုလဲ ခံစားမိခဲ့၏။ ထိုညက တကယ္ ကို စိတ္သက္သာရာ ရေစခဲ့ပါသည္။

……………….<<<<ညႇိဳ႕အိမ္>>>………….

Meeting room ထဲတြင္ လစဥ္ တင္ျပခ်က္ အစည္းအေဝးျပဳလုပ္ေနၾကသည္။ ဌာန ေပါင္းစုံက power point တင္ျပခ်က္ေတြကိုလဲ စီမံခန္႔ခြဲရင္း project အသစ္ေတြကိုလဲ ခြဲေဝေပးေနေလသည္။

” ဒီတစ္ေခါက္ project အသစ္တစ္ခုကို ကမ္းၿခံဘက္မွာျဖစ္တဲ့အတြက္ ခရီးကို လိုက္ဖို႔ လိုအပ္တဲ့ သူေတြက ႀကိဳတင္ျပင္ဆင္ထားဖို႔
လိုတယ္ “

လင္းညႇိဳ႕ရဲ႕ ကမ္းၿခံဟုေသာ အသံကို ၾကားလိုက္ ရေသာ အခါ ေဆြးေျမ့ မ်က္ဝန္းေတြက ေတာက္ ပသြားရသည္။ ကမ္းၿခံဆိုတာ သူအသြားခ်င္ဆုံးေနရာပင္ ။ တစ္ခါမွ မေရာက္ဖူးတာမို႔ ေရာက္ဖူးခ်င္ေသာေနရာျဖစ္သည္။ လိုက္ဖို႔ လိုအပ္တဲ့သူေတြကိုပဲ ေခၚမွာဆိုေတာ့ သူေမွ်ာ္လင့္လို႔မရေတာ့ေပ။ ဒီကိစၥက သူ႔လို လက္ေအာက္
ငယ္ သားနဲ႔ မဆိုင္သလိုပဲမို႔လား။ ေဆြးေျမ့ မ်က္ႏွာေလးဟာ ျပန္လည္ညိဳးငယ္သြားေတာ့၏။ ဌာနက လူေတြဆီကေတာ့ တီးတိုးစကားေျပာသံေတြ ထြက္ေပၚေနေတာ့၏။

” လိုအပ္တဲ့ သူေတြ စရင္းကို ယံပိုင္က ဌာန
ခ်ဳပ္ဆီပို႔ေပးလိမ့္မယ္ .. ခရီးကေနာက္အပတ္ထဲမွာမို႔ စရင္းရတဲ့လူေတြက အားလုံးျပင္ဆင္ထားၾကပါ က်န္တာကို ယံပိုင္ကပဲ ဆက္စီစဥ္လိမ့္
မယ္”

” ဟုတ္ကဲ့ပါ boss ” ( all )

အားလုံးရဲ႕အသံက လႊမ္းၿခဳံသြားေတာ့၏။

” ေကာင္းၿပီ ဒီေန႔ေတာ့ ဒီေလာက္ပါပဲ “

အစည္းအေဝးၿပီးေတာ့ ကိုယ့္ဌာနဆီကိုယ္ျပန္ခဲ့ေတာ့၏။ ေဆြးေျမ့မ်က္ႏွာကေတာ့ ဘူေနဆဲျဖစ္သည္။

” ေဆြးေျမ့ရယ္ အလုပ္ခရီးပဲ မလိုက္ရလဲ ဘာျဖစ္လဲ ငါတို႔ဘာသာ သက္သက္သြားၾကတာေပါ့”

” ေအးေလ မင္းကလဲ အလုပ္နဲ႔ဆိုေတာ့ သြားရလဲ လည္ပတ္ခ်ိန္ေတာင္ရွိလိုက္မွာမဟုတ္ဘူး “

ထက္ေနသူနဲ႔ ႐ႊန္းလဲ့ကေတာ့ သူ႔အေၾကာင္းကို သိတဲ့အတြက္ ေျပာလာၾကေတာ့၏။

” အလုပ္နဲ႔ဆိုေတာ့ ပိုက္ဆံမကုန္ဘူးေလ နင္တို႔ကလဲ .. ဌာန အႀကီးက လူေတြဆို ေပ်ာ္ေနၾကတာ လိုက္ရမဲ့ သူေတြက သူတို႔ပဲေလ ”

” အမေလး ေဆြးေျမ့ရယ္ အဲေလာက္လိုက္ခ်င္ ေနရင္ boss ကိုသြားေျပာပါလား ”

” ဟ .. ႐ူးေနလို႔ ေျပာလို႔ရမွာလား “

” ႐ြဲ႕ေျပာတာေလ ”

တင္ ..

႐ႊန္းလဲ့နဲ႔စကားေျပာေနတုန္း ဖုန္းထဲသို႔ စာဝင္လာသည္။ စားပြဲေပၚတင္ထားေသာ ဖုန္းမ်က္ႏွာျပင္ ကို တစ္ခ်က္လွမ္းၾကည့္ေတာ့ ceo ဆီကျဖစ္ေနသျဖင့္ ဖုန္းကို ခ်က္ျခင္းဆြဲဖုံးလိုက္ရ၏။ ႐ႊန္းလဲ့ျမင္သြားလွ်င္ မရမက စပ္စုေတာ့မွာမို႔လား။ ဖုန္းကို စားပြဲေအာက္မသိမသာခ်၍ ဖြင့္ဖတ္
လိုက္သည္။

Lin Nyoh : ကိုယ့္ဆီလာခဲ့ …

တင္ ..

Lin Nyoh : အခုေနာ္ …

အမိန္႔ေတာ္က ေရာက္ရွိေနၿပီမို႔ ေဆြးေျမ့မွာသြားရန္ျပင္ရေတာ့သည္။ toilet ဟုေျပာကာ ျမန္ျမန္ ထြက္ခဲ့ရေတာ့သည္။ အေပၚေရာက္ေတာ့ ဌာနႀကီးကလူေတြ ရႈပ္ေနေလသည္။ ယံပိုင္၏ အခန္းဆီကို ဝင္ထြက္ေနၾက၏။ အလုပ္ခရီးအတြက္ ေျပာဆိုေနၾကတာျဖစ္မည္။ ေဆြးေျမ့မွာလဲ မေယာင္မလည္လုပ္ကာ လင္းညႇိဳ႕အခန္းထဲ ဝင္ခဲ့ရေတာ့သည္။ သူတို႔အာ႐ုံနဲ႔သူတို႔မို႔ သတိမထားမိတာ ေတာ္ေသးသည္။

အခန္းထဲေရာက္ေတာ့ လင္းညႇိဳ႕က ဆိုဖာတြင္
ထိုင္ေနေလသည္။

” ဘာေျပာမလို႔ေခၚတာလဲ “

” အရင္ထိုင္အုံး “

ဒီတစ္ခါေတာ့ ေဆြးေျမ့က အလြဲမခံေတာ့ေပ။
မ်က္ႏွာျခင္းဆိုင္ခုံတြင္ ဝင္ထိုင္လိုက္၏။

” ဘယ္သူက အဲမွာ ထိုင္ခိုင္းလို႔လဲ “

” ဟမ္ .. “

” ကိုယ့္ေပါင္ေပၚလာထိုင္ “

” …. “

” လာေလ “

ထိုင္ဆိုေတာ့လဲ ထိုင္႐ုံေပါ့။ ေဆြးေျမ့လဲ ဆိုဖာေပၚမွ ထကာ လင္းညႇိဳ႕ေပါင္ေပၚသို႔ထိုင္လိုက္ရေတာ့သည္။ လင္းညႇိဳ႕က ခ်က္ျခင္းပင္ သူ႔ခါးကို ဖက္တြယ္လာေတာ့၏။ အၾကည့္ျခင္းဆုံေနမိသည္မွာ ဘယ္သူမွမ်က္ႏွာမလြဲမိၾက။

႐ြတ္…

႐ုတ္တရက္ဆိုသလိုပါးကို နမ္းလာသူေၾကာင့္ ေဆြးေျမ့ မ်က္ႏွာေလး ဟာ ရဲတက္သြားေတာ့သည္။ သူတို႔ေတြ အိပ္ယာေပၚက ကိစၥမလလုပ္ျဖစ္ ၾကသည္မွာ နဲနဲေတာင္ၾကာေနေလၿပီ။ လင္းညႇိဳ႕ကလဲ မေတာင္းဆိုသျဖင့္ ခုလို အထိအေတြ႕ေတာင္မရွိျဖစ္ေပ။

” ဒီအနံ႔ေလးေတာင္ မရတာၾကာေနၿပီ ”

” …… “

႐ြတ္ ….

သူ႔လည္ပင္းကို ထပ္မံ၍ နမ္းလာျပန္သည္။

” ဟိုေလ ကြၽန္ေတာ့္ကို ေျပာစရာရွိတယ္ဆို “

” ကိုယ့္ကို နမ္း “

” ဟမ္ .. “

” နမ္းၿပီးမွ ေျပာျပမယ္ ခုေတာ့ ကိုယ့္ကိုနမ္း “

အလြန္တရာမွ ႏူးညံ့ေနေသာေၾကာင့္ ေဆြးေျမ့ ႏွလုံးသားေလးဟာ ခုန္ေပါက္လာေတာ့သည္။ မသိလွ်င္ ခုမွ ရည္းစားစျဖစ္သလိုလိုနဲ႔ပင္။ မ်က္လုံးမ်ား မွိတ္ထားကာ အနမ္းကို ခံယူဖို႔ ျပင္ေနေသာ မ်က္ႏွာျပင္က အလြန္ေခ်ာေမာလြန္းလွသည္။ ခါးေပၚက လက္ေတြကလဲ ခုထိ ဖယ္ခြါမသြားေပ။ ေဆြးေျမ့လဲ မ်က္ႏွာျပင္ ေခ်ာေခ်ာကို လက္ဝါးျဖင့္ အုပ္ကိုင္လိုက္ၿပီး ႏႈတ္ခမ္းျခင္းထိစပ္လိုက္ေတာ့သည္။ သူ႔ႏႈတ္ခမ္းထိကပ္လိုက္တာနဲ႔ တစ္ဖက္က ခ်က္ျခင္းတုန္႔ျပန္ လာေတာ့၏။

ႏူးညံ့သိမ္ေမႊ႕လြန္းစြာ အနမ္းေတြက စည္းဝင္လာသည္။ အႀကိမ္ႀကိမ္ နမ္းခဲ့ဖူးသမွ်ထဲတြင္ ဒီအနမ္းေတြက အလြန္ႏူးညံ့ေနခဲ့သည္။ သူ႔ႏႈတ္ခမ္းသားေတြကို တစ္လွည့္ဆီ စုပ္ယူေနသည္မွာ ရင္ခုန္စရာအတိပင္။ လွ်ာဖ်ားေတြဟာလဲ ရစ္ပတ္ခ်ည္ေႏွာင္လာသည္။ ႐ုံးခန္းအတြင္းထဲတြင္ အနမ္းဖလွယ္သံေတြက ဆူညံလို႔ေန၏။ ဒီအနမ္းေတြထံကေန သူမလြတ္ေျမႇာက္ခ်င္ေတာ့၊ စြဲလမ္းၿပီးရင္းစြဲလမ္းကာ ဒီႏြံထဲမွာ သိသိရဲ႕နဲ႔ နစ္ျမႇပ္ ေနမိေလၿပီ။အနမ္းေတြၾကာရွည္လာတာနဲ႔ အမွ် ေဆြးေျမ့မွာ ေမာပန္းလာေတာ့သည္။ ခုထိ မေမာပန္းႏိုင္ေသာ လင္းညႇိဳ႕ရဲ႕ ရင္ဘက္ကို လက္ျဖင့္ ထုကာ ရပ္တန္႔ရန္သတိေပးရေတာ့၏။ ထိုအခါမွပဲ သူ႔ႏႈတ္ခမ္းေတြကို လြတ္ေပးေတာ့သည္။

” ဟင္း .. ခဗ်ားက ေတာ္ေတာ္သက္လုံေကာင္းတာပဲ “

ေဆြးေျမ့မွာေတာ့ အလြန္႔ကို ေမာဟိုက္ေနရသည္။

” မင္းလဲ သက္လုံေကာင္းလာေအာင္ကိုယ္ေလ့က်င့္ေပးမွာေပါ့ “

” မလိုပါဘူး “

” ေဆြးေျမ့အိမ္ “

” အင္း “

” မာေနၿပီ “

” ဗ်ာ “

” မင္းေၾကာင့္ ကိုယ့္ေကာင္က မာလာၿပီ “

” ဟင္ ”

ေဆြးေျမ့အၾကည့္က ခ်က္ျခင္းပင္ လင္းညႇိဳ႕ ဂြၾကားထံ ေရာက္သြားေတာ့သည္။ ေဘာင္းဘီထဲကေန ဖုေဖာင္းထြက္ေနသည္မွာ အလြန္တရာမွေၾကာက္စရာေကာင္းလွသည္။

” ဟင့္အင္း မျဖစ္ဘူးေနာ္ ဒါက ႐ုံးခန္းထဲမွာ ”

” ဟိုဘက္မွာ ကိုယ့္နားေနခန္းရွိတယ္ေလ “

” ဟာ .. မရပါဘူး company မွာေလ “

” အသစ္အဆန္းျဖစ္ၿပီး ရင္ခုန္စရာေကာင္းတာေပါ့ “

” ေတာ္ … ေတာ္ၿပီ “

” ကိုယ္အရမ္းတင္းေနၿပီ ”

” ဟို .. လက္ … လက္နဲ႔ လုပ္ေပးမယ္ေလ ”

” ေကာင္းၿပီ ဒါဆို သြားၾကမယ္ “

လင္းညႇိဳ႕က ေဆြးေျမ့ကို ထခြင့္မေပးေတာ့ပဲ ေပြ႕ခ်ီကာ ႐ုံးခန္းထဲနဲ႔ သူ႔နားေနခန္းကို ခ်ိတ္ထားတဲ့ တံခါးကပဲ ဝင္ခဲ့လိုက္ေတာ့၏။ ေကာက္က်စ္တဲ့ ေျမေခြးရဲ႕ အႀကံကို မသိပဲ ယုန္သူငယ္ေလး ေဆြးေျမ့အိမ္ကေတာ့ ပါသြားခဲ့ရေလၿပီ။

…………….<<<<ညႇိဳ႕အိမ္>>>>>…………..

2.8.2024

ၾကာသပေတးေန႔က် ျပန္ေတြ႕ၾကမယ္ေနာ္ ❤️

ခ်စ္တဲ့ emma

Tags: read novel Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Chapter ( 15 ) uni & zg, novel Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Chapter ( 15 ) uni & zg, read Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Chapter ( 15 ) uni & zg online, Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Chapter ( 15 ) uni & zg chapter, Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Chapter ( 15 ) uni & zg high quality, Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Chapter ( 15 ) uni & zg light novel, ,

Comment

Leave a Reply

Chapter 18