Poison Chapter 10
All chapters are in Poison
A+ A-
Poison – 10
နိုးရာ စိတ်ငြိမ်သွားတာကိုစောင့်ကြည့်ပြီးမှ
မာန်  ကအနားကနေခွာ၏။
“ဒါဆို မျက်နှာသစ် ရေချိုးရအောင် ကိုယ် ရေနွေးနွေးလေးဖြည့်ပေးထားမယ် နိုးရာ ကခဏနေရင်ဝင်လာခဲ့နော်”
နိုးရာ ခေါင်းလေးငြိမ့်ပြသည့်အခါမှ မာန် ရေချိုးခန်းထဲဝင်ကာ အကုန်အဆင်သင့်ပြင်ပေး၏။ ရေဖြည့်နေရင်း ဘောင်ပေါ်မှာ ထိုင်စောင့်နေရင်း သူ့ခေါင်းကို ထုမိပြန်သည်။ဒီကလေး မှာကိုယ်ဝန်ရှိနေတာပဲကို.. ကိုယ်ဝန်နဲ့မို့ ကြောက်နေတာဖြစ်မည်။ ဘာပဲဖြစ်ဖြစ် အခုကပထမဆုံးအကြိမ်ပြန်ဖြစ်သွားပြီမို့ လန့်နေတာလည်းဖြစ်နိုင်တာပဲမို့ မာန် ကသာအလျင်လိုပြီး ဒီကလေးကို မြန်မြန်အသားယူလိုက်မိတာ။
ရေဖြည့်ပြီးသည်နှင့် သွားတိုက်တပေါ်ကို သွားတိုက်ဆေးတင်ပေးလိုက်သည်။ရေခွက်ထဲလည်း ရေဖြည့်လိုက်ပြီးနော် တဘက်ကိုလည်းထုတ်ပေးပြီးနောက် နိုးရာ ကိုသွားခေါ်၏။နိုးရာ အဝတ်အစားတွေချွတ်ဖို့ သူမရဲတော့ဘူး။ ပထမနေ့တွေကို ဒီအတိုင်းပဲ ချွတ်ပေးနေကျဆိုပေမဲ့…
“အငယ်… ရေချိုးလို့ရပြီ”
“ဟုတ် … ဟို…”
“ဝင်ချိုးတော့နော် ကိုကို အားလုံးပြင်ဆင်ပြီးပြီ”
နိုးရာ အနားမလာဘဲ ဝရံတာဘက်လျှောက်သွားသည်ကြောင့် နိုးရာ မျက်လုံးဝိုင်းဝိုင်းလေးဖြင့် ကိုကို့ကိုလှမ်းကြည့်နေမိသည်။ကိုကိုကအရင်ကဆို သူကိုယ်တိုင်ချီပြီးတောင်လိုက်ပို့တာ … နိုးရာ လည်း ဖိနပ်စီးပြီး ကိုယ့်ဘာသာပဲ ရေချိုးခန်းထဲဝင်လိုက်၏။ရေချိုးခန်းအတွင်း ကိုကိုက အစစအရာရာတော့ အားလုံးပြင်ဆင်ပေးသွား၏။
နိုးရာ ပြီးသွားတဲ့အခါ ထုတ်ပေးထားတဲ့အဝတ်တွေကိုဝတ်လိုက်ပါသည်။နိုးရာ
လည်း ကိုကို့ကို ရှာကြည့်တော့ ဝရံတာဘက်မှာမတ်တပ်ရပ်နေဆဲဖြစ်၏။
“ကိုကို… ရေမချိုးဘူးလား”
“ကိုယ်ချိုးမှာ အငယ် မနက်စာ အရင်စားထားနှင့်နော်”
“ဘာလို့လဲ အတူစားမယ်လေ ရေလည်းအတူလာမချိုးဘူး ဘာလို့လဲ “
“ဘာမှမဖြစ်ပါဘူး အငယ်ဗိုက်ဆာနေလိမ့်မယ် စားထားနှင့်နော် “
နိုးရာ ကို အပြင်ဘက်ထိအတင်းလိုက်ပို့နေ၏။တံခါးပြန်ပိတ်သွားသည့် မာန် ကြောင့်  နိုးရာ ငေါင်ငေါင်ကြီးရပ်နေမိသည်။ ကိုကို ဘာဖြစ်နေတာများလဲ…
မာန် ရေချိုးခန်းထဲသို့ရောက်သည်နှင့် သက်ပြင်းအရှည်ကြီးချလိုက်သည်။ ဘောင်းဘီကို ချွတ်လိုက်တဲ့အချိန် သူရဲ့ အရာကထောင်မတ်လို့နေသည်။မျက်စိစုံမှိတ်ထားရင်း သက်ပြင်းရှည်ကြီးချမိပြန်သည်။ဇော်ဝင်းမာန် ဘာဖြစ်နေလဲ ဆိုတာ ကိုယ်တိုင်တောင်မသိတော့ဘူး။
သူ့အရာကို လက်နဲ့ဆုပ်ကိုင်လိုက်သည့်အခါ အကြောတွေကထောင်ထလို့လာသည်။လက်ခုံပေါ်က အကြောစိမ်းစိမ်းတို့က ထင်းထွက်လို့လာ၏။
အရေပြားထူထူကို အောက်သို့ဆွဲချလိုက်သည့်အခါ နီရဲနေသည့် ထိပ်ဖူးကပေါ်ထွက်လာ၏။ ထိုထိပ်ဖူးကြီးအား လက်ဖဝါးဖြင့် ဖိလိုက်ပြီး အလည်ကို ဖိပွတ်ပြီးနောက်လက်တစ်ဖက်ကလည်း သူ့ရဲ့အရာကို အပေါ်အောက်ပွတ်ဆွဲနေဆဲပင်။ အရည်ကြည်များစိမ့်ထွက်လာတဲ့အခါ လည်ချောင်းမှ အသံတစ်ချို့က ထွက်ပေါ်လို့လာ၏။
“ဟာ့… အစ်…”
ဖက် ဖက် ဖက်
“ကိုယ့်အငယ်လေး ဟား..”
ဗြစ်….! ဗြစ်….!
အဆက်မပြတ် ပွတ်ဆွဲနေရင်းနောက်ဆုံးမှာတော့ အရည်တွေပန်းထွက်ပြီး နံရံပေါ်ကိုစိုကုန်၏။ ပျစ်ခဲနေပြီး များပြားလှသည့် အရည်များနှင့်အတူ လှိုက်ဖိုမောနေသည့် အသက်ရှူသံတွေ၊ နဖူးမှ ချွေးတွေနှင့်အတူ အရာအားလုံးကို ရေဖြင့်ဆေးချလိုက်ပြီး မာန် လည်း Bathtub ထဲကိုဝင်စိမ်‌နေ လိုက်၏။
“ဖူး….”
နိုးရာ ငိုတာကိုမြင်ပြီး ခံစားချက်မကောင်းသလိုဖြစ်နေတာကို သူက နိုးရာ မသိအောင် ဒါတွေ ခိုးလုပ်မိလိုက်ပြန်ပြီ။အဲ့ကလေးသိရင် လူကိုဘယ်လောက်တောင်စိတ်ဆိုးနေမလဲတောင်မသိတော့ဘူး။
ဒေါက် ဒေါက်
“ကိုကို… ရေချိုးတာ အရမ်းကြာနေပြီ”
“အာ.. ကိုယ်ပြီးပြီ အငယ် ခဏနေထွက်လာခဲ့မယ်”
“မရဘူး အခုထွက်ခဲ့”
မာန် ချက်ချင်းပဲ  bathrobe ဝတ်ပြီး အပြင်ထွက်လာရ၏။ အပြင်မှာ တဘတ်တစ်ထည်ကိုင်ပြီးစောင့်နေသည့် ချစ်စရာလေးကြောင့် ခေါင်းထိုးပေးလိုက်မိသည်။တဘက်ဖြင့် ခေါင်းကို သုတ်ပေးပြီးသည်အထိ ငြိမ်နေပြီးနောက် ခါးလေးကိုဖက်ပြီး ရင်ခွင်ထဲပြန်လည်တိုးဝင်မိသည်။ အရပ်ကွာခြားမှာကြောင့်ခါးကိုင်းထားရပေမဲ့ မာန် ကတော့ အရမ်းကိုမှစိတ်သက်သာယာ ရနေပါ၏။
“အငယ် ….. ကိုယ်မင်းကိုချစ်တယ်နော်”
“သိပါတယ်ဆိုနေ ကိုကို အဝတ်အစားဝတ်တော့ မနက်စာစားရအောင်”
“အငယ်မစားရသေးဘူးလား”
“ကိုကိုမှဆင်းမလာတာ”
မနက်စာ စားချိန်တွေကျော်နေပြီမို့ မာန် မှာ အမြန်အဝတ်အစားတွေလဲပြီး မနက်စာ စားဖို့လောရတော့သည်။နှစ်ယောက်သား မနက်စာ စားပြီးနောက် ခြံထဲမှာဆင်းထိုင်ကြသည်။ လမ်းလေးလျှောက်လိုက် စကားလေးနည်းနည်းပြောလိုက်နှင့်ပင် ကြင်စဦးမောင်နှံတွေဖြစ်နေကြပေမဲ့ မာန် ကတော့ အများကြီး ထိတွေ့တာမျိုးကိုရှောင်ရင်းစည်းတစ်ခုခြားလိုက်တော့သည်။ ဒီကလေး အနေရခက်စေတဲ့ အထိအတွေ့တွေကို ရှောင်ဖို့လိုပြီမှန်း မာန် ခံစားမိတာကြောင့်ပင်။
“ ကိုကို “
“ ဗျာ…. “
“ကျွန်တော် အပြင်သွားချင်တယ် နောက်ပြီး KFC စားချင်တယ် အာလူးချောင်းကြော်ရယ် ဟန်ဘာဂါလည်းစားချင်တယ် Cola လည်းသောက်ချင်နေပြီ”
နှုတ်ခမ်းချွန်ချွန်လေးနဲ့သူစားချင်တာတွေပြောနေပြန်သည်။မာန် လည်း နိုးရာ ရဲ့ အပြုအမူလေးတွေကိုကြည့်ရင်းအသည်းတယားယားဖြစ်နေမိ၏။
“ဒါဆို အခုသွားမလား ကားမောင်းမှာနဲ့ KFC ကိုရောက်မှာနဲ့ဆို ဗိုက်ပြန်ဆာလာတော့မှာဆိုတော့”
“ဟုတ် အဲ့တာဆို သွားမယ်”
“အငယ် အဝတ်အစားလဲချင်သေးလား “
“ဟင့်အင်း မလဲတော့ဘူး ဒါဆိုသွားကြမယ် “
“ခဏလေး ကိုယ်ကားသော့နဲ့ မန်းနီးသွားယူလိုက်ဦးမယ်”
မာန် အိမ်ထဲသို့ပြန်ဝင်သွားသည်။နိုးရာ ခြံထဲမှာပဲ ဟိုကြည့်ဒီကြည့်ဖြင့် ကြည့်နေရင်း ခြံတံခါးပေါက်ကို လှမ်းတွေ့လိုက်ရသည်။စိတ်ကအလိုအလျောက် ခြေချင်းဝတ်လေးအားပွတ်သပ်နေမိသည်။ ထိုတံခါးကိုကျော်ပြီး ထွက်ပြေးချင်စိတ်များကတဖွားဖွားပင်။ ဘာကြောင့်များ ဒီစိတ်ဖြစ်ပေါ်နေရသလဲဆိုတာကို နိုးရာ စဥ်းစားလို့မရပါ သို့သော် ထွက်ပြေးလိုက်ချင်သည့် စိတ်ကများနေပါ၏။
မတ်တပ်ထရပ်ရင်း ခြံတံခါးဆီသို့ဦးတည်နေမိသည်။ နိုးရာ မျက်ဝန်းထဲ၌ နိုးရာ ကိုယ်တိုင်ပြေးထွက်သွား ပုံရိပ်များကပေါ်ထွက်လာပြန်သည်။အလန့်တကြားနဲ့ပြေးနေတာပင် မျက်ရည်တွေရွှဲစိုနေသည့် မျက်ဝန်းတွေ တစ်ခုခုမြင်တွေ့မှာကိုကြောက်ရွဲ့နေသည့် ဟန်ဖြင့်
“အား……!!”
“အငယ်… အငယ် ဘာဖြစ်တာလဲ…”
နိုးရာ ခြေလှမ်းတွေတွန့်ဆုတ်နေရင်းမှ ခြေခေါက်လဲကျသွားတော့သည်။ ကိုကို နိုးရာ အနားရောက်လာသည့်အခါ မျက်နှာကိုအလန့်တကြား ငုံကြည့်ပြီး မျက်ရည်တွေအားပွတ်သုတ်ပေးလာလျှင်
“နိုးရာ…. ဘာလို့လဲ ဘာလို့လဲ အငယ်…”
“ဟင့် ….. အင့်…. ကိုကို ကျွန်တော့်ကို ကျွန်တော့်နောက်ကိုတစ်ယောက်ယောက်လိုက်နေတာထင်တယ် ဟင့်အင့်! တစ်ယောက် ယောက်က လိုက်နေလို့ ကျွန်တော် ကထွက်ပြေးနေတာတဲ့ အဟင့်! ကိုကို ကြောက်တယ် ကျွန်တော်ကြောက်တယ်”
“ကိုကို ရှိတယ် ကိုကိုမင်းအနားမှာရှိတယ်လေ အငယ်ရဲ့ မကြောက်နဲ့နော် ကိုကိုမင်းကို အဆုံးထိကာကွယ်ပေးပါ့မယ်”
နိုးရာ ကိုရင်ခွင်ထဲပွေ့ပိုက်ထားရမှာ ပွေ့ချီလိုက်၏။ ကားပေါ်ထိရောက်အောင် ချီပိုးလာပြီးနောက် နိုးရာ ကို Lover seat မှာ ထိုင်ခိုင်းလိုက်သည်။ မာန် ပါ ကားထဲသို့ဝင်လိုက်ပြီးနောက် ငိုနေသေးသည့်ကလေးကို ရေချော့တိုက်ရင်း မျက်ရည်များကို Tissue ဖြင့်ထပ်မံသုတ်ပေးလျက်
“ဘယ်သူလိုက်တာလဲ မှတ်မိလား အငယ်”
“ဟင့်အင်း ဒါပေမဲ့ ကျွန်တော်ကတော့အလန့်တကြားပြေးနေခဲ့တာ..”
“အငယ်ရယ် ကိုကို တောင်းပန်ပါတယ် အငယ့်ကို မကာကွယ်နိုင်ခဲ့လို့များလား…”
“ကိုကို ကျွန်တော့်အနားမှာ ရှိနေပေးပါနော် အကြာကြီးရှိနေပေးပါ”
နိုးရာ မျက်ဝန်း၌ ရစ်သီနေသည့် မျက်ရည်ဥကလေးများကိုဖယ်ရှားရင်း နဖူးထက် အနမ်းလေးပေးအပ်၏။မာန် ဖြစ်နိုင်ရင် ကြောက်စရာကောင်းတဲ့အတိတိတွေအစား ပျော်စရာကောင်းတဲ့အတိတ်တွေကိုပဲ မှတ်မိစေချင်ခဲ့တာ။ဒါပေမဲ့ ဒီမှတ်ဥာဏ်ဟာ ဘယ်လောက်ကြောက်စရာကောင်းနေလို့များ… ပေါ်ထွက်လာရတာပါလိမ့်
“ကိုယ့် မြတ်နိုးရာ လေး….. ကိုယ် မင်းကိုကာကွယ်ပေးပါ့မယ်”
                           ※※※※
နိုးရာ အိပ်ပျော်နေတုန်း အိပ်မက်ထဲ၌ လူတစ်ယောက်ပေါ်ထွက်လာပြန်သည်။ထိုက နိုးရာ ကို ဒေါသတကြီးအော်ဟစ်နေတာဖြစ်ပြီး ဆဲဆိုကျိန်းမောင်းနေတာဖြစ်သည်။ နိုးရာ ကိုရိုက်နှက်ပြီး ခြေထောက်ဖြင့် ဝမ်းဗိုက်ကိုဆက်တိုက်ကန်နေခဲ့သည်။ ကြောက်ရွံ့တကြားနဲ့ ငိုညည်းနေသည့် နိုးရာ က အသံတောင်မထွက်နိုင်တော့တဲ့အထိ နှိပ်စက်ခံနေရတာပင်။
နိုးရာ မျက်နှာတစ်ခုလုံး၌ ချွေးစေးတွေထွက်လာပြီး လက်ကလေးက အားကိုးတကြီးဖြင့် တစ်ခုခုကို ဖမ်း၍ဆုပ်ကိုင်ထားမိသည်။လက်မားပြီး နွေးထွေးလုံခြုံသည်ဟုခံစားရသည့် လက်ဖဝါးတစ်ဖက်ပင်ဖြစ်၏။
“ဟင်း အင်း… ကြောက်တယ်… အင့်….! ကြောက်တယ်… ဟင့်…!”
နိုးရာ ခေါင်းတွေ ဘယ်တပြန်ညာတပြန် ယိမ်းခါလို့နေ၏။ချွေးစေးများက စီးကျသည့်တိုင် များပြားလာလေသည်။
“အငယ်… အငယ် ထပါဦး… ဘာလို့လဲ ထပါဦး…”
“အဟင့်… အင့်… ကိုကို… ကိုကို…”
နိုးရာ ကိုကို့ကို တင်းကြပ်နေအောင်ဖက်လိုက်၏။ အဲ့လူမျက်နှာကို ဘာကြောင်မမြင်ရတာလဲ နိုးရာ မသိတော့ဘူး အဲ့လူကိုကြည့်ဖို့လုပ်တိုင်း ခြေထောက်ကန်ချက်တွေကပြင်းထန်လာတာမို့ မမြင်ရဘူး။ကြိုးစားအားယူကြည့်သည့်အခါ လန့်နိုးလာပြန်၏။
နိုးရာ ကိုကို့ကို ဖက်ထားလျှင် ကိုကိုက နိုးရာ ကျောလေးကိုပွတ်သပ်ပေးလာပြန်၏။
“ရေသောက်ဦး ကိုယ်ရေခပ်ပေးမယ်နော်”
နိုးရာ လက်တွေတုန်ယင်နေသည်။ နိုးရာ ကြောက်တယ် နာကျင်မှုကြီးက လက်လက်ဆက်ဆက်ကို မှတ်မိနေစေသည်။နိုးရာ မျက်လုံးတွေမပိတ်ရဲသည့်တိုင် ကြောက်ရွံ့စရာကောင်းသည့် အိပ်မက်တစ်ခုဖြစ်၏။
ရေခွက်အားဆုပ်ကိုင်ရင်း တုန်ရင်နေသည့်အခါ ကိုကိုက သူကိုယ်တိုင် တိုက်ပေးလာ၏။ နိုးရာ ကိုကို့ရင်ခွင်ထဲဝင်ပြီး ခေါင်းမှီချလိုက်မှ စိတ်သက်သာယာ ရသလိုပင်ခံစားလိုက်ရသည်။
“အငယ် ….”
“ကိုကို ဖက်ထားပေး ကျွန်တော်အိပ်ပျော်သွားရင်တောင် မလွှတ်လိုက်ပါနဲ့”
“ကိုကိုဖက်ပေးထားမယ်နော် စိတ်ချလက်ချအိပ် …”
မာန် အတွေးထဲ၌ မေးခွန်းများစွာရှိလာပြီ။ မာန် နဲ့ နိုးရာ မတိုင်ခင်မှာ နိုးရာ မှာ အတိတ်ဆိုးတွေရှိနေမျိုးဆိုပြီးတွေးမိသည်။ စိတ်ကူးယဥ်ဆန်ပေမဲ့ နိုးရာ အခုလိုလန့်ထိတ်နေတဲ့ပုံတွေက သေချာပေါက် နိုးရာ ရဲ့ စိတ်ဒဏ်ရာတွေပဲမဟုတ်လား… အဲ့ဒီအစား ပျော်စရာအမှတ်တရလေးတွေပဲ မှတ်မိလာစေချင်ပါသည်။
ဖြစ်နိုင်ပါလျှင် နိုးရာ နာကျင်မှုတွေကို သူသာစုပ်ယူပစ်လိုက်ချင်သည်။အကြောက်တရားတွေကိုသူကသာခံယူပစ်လိုက်ချင်ပါသည်။
ကျောပြင်လေးအား ခပ်ဖွဖွပုတ်ရင်း မာန် မျက်လုံးတွေကို မှိတ်လိုက်၏။
*ကိုကို… ညီမလေးဒီမှာလေ*
*အငယ်လေး ဘယ်တွေလျှောက်ပြေးနေတာလဲ ကိုကို့ဆီလာပါဦး*
*ကိုကို အဟင့် ညီမလေးကို ညီမလေးကို… ငနိုင်  အဓမ္မကျင့်ခဲ့တာ…*
*ကိုကို*
*အဟင့် ကယ်ပါဦး*
*ကိုကို……….*
11.11.2024(Mon)
Sky💙
Zawgyi
Poison – 10
မာန်  ကအနားကနေခွာ၏။
“အငယ်… ရေချိုးလို့ရပြီ”
“ဟုတ် … ဟို…”
“ဟာ့… အစ်…”
ဖက် ဖက် ဖက်
“ကိုယ့်အငယ်လေး ဟား..”
ဗြစ်….! ဗြစ်….!
“ဖူး….”
ဒေါက် ဒေါက်
“မရဘူး အခုထွက်ခဲ့”
“အငယ်မစားရသေးဘူးလား”
“ကိုကိုမှဆင်းမလာတာ”
“ ကိုကို “
“ ဗျာ…. “
“ဟုတ် အဲ့တာဆို သွားမယ်”
“အား……!!”
“အငယ်… အငယ် ဘာဖြစ်တာလဲ…”
                           ※※※※
“အငယ် ….”
*ကိုကို… ညီမလေးဒီမှာလေ*
*ကိုကို*
*အဟင့် ကယ်ပါဦး*
*ကိုကို……….*
11.11.2024(Mon)
SKY💙
Tags: read novel Poison Chapter 10, novel Poison Chapter 10, read Poison Chapter 10 online, Poison Chapter 10 chapter, Poison Chapter 10 high quality, Poison Chapter 10 light novel, ,
Comment
Leave a Reply
Chapter 13