Forever Ðÿ’Š (Unicode And Zawgyi) Completed ၁

A+ A-

Unicode ……

At.2019.March.

“ဟဲ့ ဖြေနိုင်လား “

တစ်ကျောင်းလုံးလည်း အဲ့အသံတွေချည်းပဲ.ပြန်ပြောတဲ့သူတွေကလည်းအေးဖြေနိုင်တယ် ဆိုတာမရှိဘူး အဟင်း မဖြေနိုင်ဘူးဆိုတာပဲ.အဒါကို လေကုန်ခံ တစ်ယောက့်ပီး တစ်ယောက် လိုက်မေးနေကြသေးတယ်.တကယ် ဖြေနိုင်ရင်လည်း အေးဖြေနိုင်တယ်လို့ဘယ်သူမှပြောမှာမဟုတ်ဘူး.100 ဖိုးဖြေနိုင်ရင်တောင် ဖြေနိုင်တယ်ပြောကြမှာမဟုတ်ဘူး.ဒါပေမဲ့ ကျွန်တော်တို့ကျောင်းမှာ အလောက်တော်တဲ့သူလည်းမရှိပါဘူးဗျာ.ဟဲဟဲ……ကို့ကျောင်းကို ကို အလောက်အထင်ကြီးတာ..

“ဟဲ့ စစ်ခွန်းသာ ဖြေနိုင်လား”

ကျွန်တော့်သူငယ်ချင်းမ​​ပြည့်​​ပြည့်​​အောင်ကလှမ်းမေးတယ်.

“ငါ့ပါငါ ဖြေနိုင်နိုင် မဖြေနိုင်နိုင် နင့်အပူပါလို့လား”

ပြည့်ပြည့်..”ဟာ ငစစ်ကောင် စေတာနာနဲ့လည်းမေးရသေးတယ် ငါသွားပြီဟေ့”

သူ့သူငယ်ချင်း လှမ်းခေါ်လို့လိုက်သွားသည်.

(နင်စေတနာနဲ့ မေးတော့ ငါအောင်မှာကျနေတာပဲ)

ဒီနေ့က. ဆယ်တန်းစာမေးပွဲ ပြောရမယ်ဆိုရင်တော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမဆုံးပေါ့.မြန်မာစာ ဖြေပြီး ပထမဆုံးနေတည်းက မေးခွန်းက ဖြေနိုင်တာမဟုတ်ဘူး အောင်မှတ်ရအောင်တော့ သိသိမသိမသိ အကုန်တော့ ရမ်းသမ်း ဖြေခဲ့တာပဲ.အမှန်စစ်ရမှာကဆရာမတွေတာဝန်.အကုန်ဖြေရမှာက ကျောင်းသားတွေတာဝန်လေ.

ကျောင်းထဲကထွက်တော့ အရှေ့ တော်တော် အဝေးထိ လူများတော့စက်ဘီးက မောင်းမရတော့ဘူး.ကျွန်တော်တို့ကျောင်းက ကျောင်းကြီးဆိုတော့ နှစ်ကျ တွေကော ကိုယ်ပိုင်ကျောင်းတွေကကော လာဖြေကြတော့ လူကများတယ်. စက်ဘီးမောင်းလို့ရတဲ့နေရာမှာတော့ ကိုယ်ပိုင်ကားတွေကော taxi တွေကော မျိုးစုံပဲ.ကျွန်တော် စာမေးပွဲဖြေဖို့ လာတည်းက လမ်းထိပ်မှာ တွေတဲ့ ကား အခုလည်း တွေ့ပြန်ပြီ.လူက စက်ဘီးမောင်းနေတာဆိုတော့ ကားထဲကဘယ်သူဘယ်ဝါ ဆိုတာတော့ သေချာမကြည့်လိုက်ဘူး.တမင်မကြည့်တာဆိုရင် ပိုမှန်တာပေါ့ တော်ကြာ ကားနဲ့မလို့ သေချာကြည့်တဲ့ တောသားလို့တော့အထင်မခံနိုင်ဘူး.

(ဒီကားထဲမှာ ကောင်မလေးဆို ငါ့ကောင်မလေးဖြစ်ရင် သိပ်ကောင်းမှာပဲ အဟက်…)

ကြည့်တာမကြည့်တာ စိတ်ကူးကယဥ်လိုက်သေးတယ်

စာမေးပွဲ ဒုတိယနေ့ အဲ့ကားကိုတွေ့နေရတုန်းပဲ.စားမေးပွဲဖြေတာ လိုက်ပို့တာနေမှာပေါ့ အပျော်ရပ်စောင့်နေတာတော့ဟုတ်မလား.ငါလည်း အရမ်းစပ်စုတာပဲ.သူပါသူဘာဖြစ်ဖြစ် ငါနဲ့ဆိုင်တာကျလို့ ဟူးးးး
စာမေးပွဲဖြေနေတဲ့တစ်လျှောက်လုံး အဲ့ကားကို နေ့တိုင်းပဲ တွေ့နေရတယ်. သူလည်းစာမေးပွဲ ​လာဖြေတာနေမှာပေါ့မထူးဆန်းပါဘူး.ကျွန်တော်ကသာ ထူးဆန်းနေတာ ဘာဖြစ်မှန်းမသိဘူး.
စာမေးပွဲပြီးတော့ နေပြည်တော်မှာရှိတဲ့ ကျွန်တော့အမဆီ သူ့သား ကျွန်တော့တူ ကို ထိန်းပေးဖို့ လာပါဆိုလို့ ကျွန်​ေတာ်ကလည်းအလည်သွားချင်တာမို့သွားလိုက်တယ်.ဟိုရောက်တော့လည်း ကလေးထိန်းပေးရဟိုဟာလုပ်ပေးရ ဒီဟာလုပ်ပေးရနဲ့ အလုပ်ကိုရှုပ်နေတာပဲ. ကျွန်တော့်အမေတောင် ကျောင်းသားမို့ ဘာဆိုဘာမှမခိုင်းဘူး အငယ်ဆုံးလေးမို့ အကိုနှစ်ယောက်ကကော ဖူးဖူးမှုတ် ထားတာ.သူနဲ့ကျမှ အကုန်ကိုခိုင်းနေတော့တာပဲ. (မသာမ)မပြောလည်းမပြောချင်ပါဘူး.

ယောက်ဖအမျိုးတွေရန်ကုန်ကအလည်လာလို့ ညဘက်အကုန်စုပြီးနေပြည်တော် ဥပ္ပါတသန္တိ ဘုရားကိုသွားဖူးတယ်.ညဘက်ဆိုတော့ လေက တစ်ဖြူးဖြူးနဲ့ သာယာလိုက်တာဗျာ.နေပြည်တော် ဆိုတော့ သိတဲ့အတိုင်း နေ့နဲ့ည. မှားလောက်အောင်ကိုလင်းထိန်နေတာ.လှလိုက်တဲ့ မြို့မြင်ကွင်း. အမတို့ ဓာက်ပုံရိုက်နေလို့ ခုံမှာ ထိုင်ပြီးဖုန်းပဲ​​​​ကြည့်နေလိုက်တယ်.စိတ်ထဲမှာ တစ်မျိုးပဲ တစ်ယောက်ယောက်က ကိုယ့်ကို ကြည့်နေသလိုပဲ နှလုံးသားချင်းစကားပြောတယ်ဆိုရမလား
(အဟား …ငါတော့ korea ကားကြည့်တာများနေပြီထင်တယ် စောက်ရူး)

အောင်စာရင်းထွက်တော့ ကျွန်တော်ကတော့ အောင်ပါတယ်.ကျွန်တော့်သူငယ်ချင်း ရန်ပိုင်ကတော့ မအောင်ဘူးတဲ့.သေချာတယ်ကျွန်တော်လည်းအောင်မှတ်လောက်နဲ့ ကပ်အောင်တာ မော်ရေးရှင်း မထိုင်ရရင်တောင်ကံကောင်းလို့. ကို့အကြောင်းကိုယ်သိတယ်.

ကျွန်တော်တို့ မိသားစုကအဆင်မပြေတော့ ကျွန်တော့်အိမ်မက်က ဂျပန်သွားပြီး အလုပ်လုပ် ပိုက်ဆံရှာပြီး အမေတို့အတွက် ကိုယ်ပိုင်အိမ် ကိုယ်ပိုင်ခြံနဲ့ ထားချင်တာအခုခြံက အဒေါ်အပျိုကြီးခြံဆိုတော့ သူအဆောင်ဆောက်မယ်ဆို ဖယ်ပေးရမှာ ဘယ်ချိန်ဖယ်ပေးရမယ်​တော့မသေချာသေးဘူး .မိဘတွေကို အိမ်ပိုင် ဝိုင်းပိုင်ထားနိုင်ဖို့က ကျွန့်တော့ တစ်ခုတည်းသော အိမ်မက်ပါ.အဲ့တော့ ကျွန်တော် ရန်ကုန် ပြန်လာပြီး japan သင်တန်းတက်ခဲ့တယ်.ရန်ပိုင် ကပြန်မဖြေဘူးတဲ့ သူလည်းjapan သင်တန်းပဲ တက်ခဲ့ တယ်. အတူတူတော့မဟုတ်ဘူး သူကအမျိုးတွေနဲ့ မြို့ထဲမှာနေပြီတက်တော့ အတူမတက်ရဘူး.အလုပ်လုပ်ပြီးအဝေးသင်ပဲတက်မှာမို့သင်တန်းတက်ရတာလည်းအဆင်ပြေအောင် အချိန်အရမ်းမများတဲ့ အလုပ်လုပ်မယ်ဆိုပြီးစုံစမ်းကြည့်တော့ Market တစ်ခု ကုန်ပစ္စည်း တွေအရောင်းဝန်ထမ်းပေါ့.သူက ၂၄ နာရီဖွင့်တော့ နေ့ဆိုင်းလုပ်ရင် လည်းအချိန်ပိုတယ်.ညဆိုင်းလုပ်ရင်လည်းအချိန်ပိုတော့ ကုန်တိုက်မှာပဲလုပ်ဖို့ဆုံးဖြတ်လိုက်တယ်.

JR Market အလုပ်လျှောက်လွှာက ဆိုင်ခွဲမှာမဟုတ်ပဲ ကုမ္ပဏီ ရုံးချုပ်ထိသွားပြီးဖောင်တင်ရမယ် ဆိုတော့ ရန်ပိုင်နဲ့ အတူ JR Market ရုံးချုပ်ရှိတဲ့ လှည်းတန်းဘက်ကို အလုပ်ဖောင်တင် အတူသွားခဲ့ကြတယ်.ပြန်တော့ Myanmar Plaza ဝင်ပြီး pizza စားတော့နှစ်ယောက်သားပိုက်ဆံကသိပ်မပါတော့
“အမ ပင်လယ်စာpizza နော် အ့ဆို ဘယ်လောက်လဲ”
“cola ကကောဘယ်လောက်”

အကုန်စျေးမေးပြီးမှ စားရတဲ့ဘဝကလဲလွယ်ကူမနေဘူး.ရှက်ကလဲရှက် နှစ်ယောက်သား ပျော်လည်းပျော်စရာကောင်းတယ်..
နှစ်ယောက်ပေါင်းမှ pizza က တစ်ပွဲ cola ကလည်းတစ်ခွက်ပဲသောက်နိုင်တယ်တကယ့်ကိုငမွဲနှစ်ကောင်ပါဗျာ.

(-)အဒါနဲ့ ရေးထားတာကစိတ်ထဲကပြောခြင်းပါ

# ဇာတ်ကောင် နှစ်ယောက်က ဇာတ်လမ်းစတည်းက တွေ့နေပြီနော် 🤔

Zawgyi

At.2019.March

“ဟဲ့ ဖြေနိုင်လား “












စာမေးပွဲပြီးတော့ နေပြည်တော်မှာရှိတဲ့ ကျွန်တော့အမဆီ သူ့သား ကျွန်တော့တူ ကို ထိန်းပေးဖို့ လာပါဆိုလို့ ကျွန်​တော်ကလည်းအလည်သွားချင်တာမို့သွားလိုက်တယ်.ဟိုရောက်တော့လည်း ကလေးထိန်းပေးရဟိုဟာလုပ်ပေးရ ဒီဟာလုပ်ပေးရနဲ့ အလုပ်ကိုရှုပ်နေတာပဲ. ကျွန်တော့်အမေတောင် ကျောင်းသားမို့ ဘာဆိုဘာမှမခိုင်းဘူး အငယ်ဆုံးလေးမို့ အကိုနှစ်ယောက်ကကော ဖူးဖူးမှုတ် ထားတာ.သူနဲ့ကျမှ အကုန်ကိုခိုင်းနေတော့တာပဲ. (မသာမ)မပြောလည်းမပြောချင်ပါဘူး.

ရန်ကုန်က ယောက်ဖအမျိုးတွေ အလည်လာကြလို့
ညဘက်စုပြီး ဘုရားဖူးသွားဖြစ်ကြတယ်.နေပြည်တော် ဥပ္ပတသန္တိ ဘုရား.ညဘက်ဆိုတော့ လေလေးတဖြူးဖြူးနဲ့ အတော်နေလို့ကောင်း.နေပြည်တော် ဆိုတော့ သိတဲ့အတိုင်း နေ့နဲ့ည. မှားလောက်အောင်ကိုလင်းထိန်နေတာ.လှလိုက်တဲ့ မြို့မြင်ကွင်း. အမတို့ ဓာက်ပုံရိုက်နေလို့ ခုံမှာ ထိုင်ပြီးဖုန်းပဲ​​​​ကြည့်နေလိုက်တယ်.စိတ်ထဲမှာ တစ်မျိုးပဲ တစ်ယောက်ယောက်က ကိုယ့်ကို ကြည့်နေသလိုပဲ နှလုံးသားချင်းစကားပြောတယ်ဆိုရမလား.

.
.
.
.
.
.


“cola ကကောဘယ်လောက်”

အကုန်ဈေးမေးပြီးမှ စားရတဲ့ဘဝကလဲလွယ်ကူမနေဘူး.ရှက်ကလဲရှက် နှစ်ယောက်သား ပျော်လည်းပျော်စရာကောင်းတယ်..



Tags: read novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၁, novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၁, read Forever Ðÿ’Š (Unicode And Zawgyi) Completed ၁ online, Forever Ðÿ’Š (Unicode And Zawgyi) Completed ၁ chapter, Forever Ðÿ’Š (Unicode And Zawgyi) Completed ၁ high quality, Forever Ðÿ’Š (Unicode And Zawgyi) Completed ၁ light novel, ,

Comment

Leave a Reply

Chapter 2