Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၆

A+ A-

Unicode…….

စစ်ခွန်း…..

‘မင်း’ တဲ့လား ကျွန်တော့်တို့ ပတ်သက်မှုက ဒီလောက်တောင် ဖြစ်သွားပြီလား
မျက်နှာတစ်ချက်မပျက်ဘဲ နေနိုင်တဲ့ ခင်များကို သိပ်လေးစားပါတယ်.
ဟက်….ကျွန်တော်ကသာရူးနေခဲ့တာ
ခင်များနဲ့တွေ့ဖို့ ဘယ်လောက်ပြင်ဆင်ခဲ့တယ် ဘယ်လောက်ထိ ကြိုးစားခဲ့ရတယ်ဆိုတာ ခင်များကတော့သိမှာမဟုတ်ဘူး.

အေးလေ…ခင်များတောင်နေနိုင်တာ ကျွန်တော့ကဘာကိစ္စနဲ့ မနေနိုင်ရမှာလည်း.ကျွန်တော်ကခင်များထင်ထားသလိုလူညံ့တစ်ယောက်မဟုတ်ဘူးဆိုတာ ခင်များသိသင့်တယ်.တချို့ကိစ္စတွေမှာ သနားညှာတာတတ်ပေမဲ့ တစ်ချို့အရာတွေ မှာ သိပ်ပြီးရက်စက်သွေးအေးတတ်တာ ခင်များသိရင်ကောင်းမယ်……👿

Hotel အစည်းဝေးမှာ

ရှယ်ယာရှင်များ…” ဒါဆိုရင် လုပ်ပိုင်ခွင့်ကို 50%: 50% ထားပြီး ကျွန်တော်တို့ဘက်က အမြတ်ကိုတော့ 40% ထားမှအဆင်ပြေမယ် မဟုတ်ရင်တော့ အဆင်ပြေမှာမဟုတ်ဘူး”

“ဟုတ်တယ် ဒါတော့ ထောက်ခံတယ် အမြတ် ကို 40% မှ အဆင်ပြေမယ်”

စစ်..”ကောင်းပြီ ဒီသဘောထားတိုင်း
စာချုပ်ချုပ်ဖို့ ညှိ့လိုက်ပါ့မယ်.
ဒါဆို ဒီနေ့တော့ ဒီလောက်ပဲ “

ရုံးခန်းထဲရောက်တော့

စစ်…” ကျော်မိုး မင်းက မနက်ဖြန် မနက် JR ကုမ္ပဏီ ကိုသွားပြီး စာချုပ်ကြောင်းပြောဆိုပြီး သူတို့ဘက်က လက်ခံမခံ ငါ့ကို အကြောင်းပြန် “

“ဟုတ်ကဲ့ပါ.. ကိုစစ်”

Hotel တစ်ခုလုံးက အစပိုင်းတော့ သူဋေး သူဋေး ခေါ်နေလို့ ကျွန်တော်မကြိုက်တာနဲ့ ကိုစစ် လို့ပဲ အဆင်ပြေသလိုခေါ်ခိုင်းလိုက်တယ် အခုတော့ တစ်ရုံးလုံးက ကျွန်တော့်ကို ကိုစစ်လို့ပဲခေါ်တာများတယ်.

အတွင်းရေးမှူး ထွက်သွားတော့ ကျွန်တော်လည်း လုပ်စရာရှိတာဆက်လုပ်နေလိုက်တယ်.နေ့လည်စာစားတော့ ဘာမဆိုင်ညာမဆိုင် ဟိုကလေးလေး မျက်နှာ မြင်ယောင်မိတော့ ကိုယ်တိုင်တောင် မသိပဲပြုံးလိုက်မိတယ် တစ်ဆက်တည်း ရင်လည်းနာမိတယ် ကျွန်တာ့ကလေးလေးသာ အသက်ရှင်သေးလို့ရှိရင် အဲ့ကလေးအရွယ်ပဲ . ဘာလိုလိုနဲ့ ကလေးလေးဆုံးတာ ၁၀ နှစ်ပြည့်တော့မယ်. ကောင်းရာမွန်ရာ ရောက်နေပြီလားခလေးရယ်.ဖေဖေကတော့ ကလေးကို အခုချိန်ထိ တစ်ရက်လေးမှမေ့လို့မရပါဘူး. သားလေးလား မီးလေးလားတောင်မသိလိုက်ရပဲ မွေးပြီးချင်းဆုံးသွားရတဲ့ ဖေဖေ ကလေးလေးရေ အဆင်ပြေပါစေလို့ဖေဖေဆုတောင်းနေပါတယ်.ဖေဖေ ကလေးလေး.

” ကိုစစ်….. စာချုပ်ချုပ်ဖို့သဘောတူလိုက်ပါပြီ (—)ရက်မှာ စာချုပ်ချုပ်ဖို့ ချိန်ထားပါတယ် “

“OK’ “

စာချုပ် ချုပ်ပြီး ကုန်ပစ္စည်းတွေတင်သွင်းတာလည်းအဆင်ပြေသွားပြီ
အရာအားလုံးက အရင်တိုင်းပြန်ဖြစ်သွားပြီ.

ဂျပန်ကတည်းက ခင်ခဲ့တဲ့ သူငယ်ချင်းက ရန်ကုန်ရောက်နေတယ်ဆိုပြီး ချိန်းလို့(—)စားသောက်ဆိုင်မှာ ညစာတူတူစားဖြစ်ကြတယ်.

“ဟေ့ bro…အဆင်​ပြေတယ်မလား
အော် မင်းကအဆင်မပြေစရာအကြောင်းမှ မရှိတာ ဟက်….
အခုထိ ကောင်မလေးမရသေးဘူးလို့တော့မပြောနဲ့နော်
အဲ့ဆို ငါမင်းကို gay လို့ထင်တော့မှာနော်”

“စိတ်ချ ငါ gay ဖြစ်လို့ရှိရင်လည်း မင်းလိုကောင်မျိုးကိုတော့လုံးဝမကြိုက်ဘူး
ဟားဟားးးးး”

” စစ်..မင်းကွာ နည်းနည်းလေးမှမပြောင်းလဲဘူး ငချေကောင် ဟားးးးး”

သူငယ်ချင်း နှစ်ယောက် စကားပြောစနောက်ကြရင်း ဆိုင်ဝင်ပေါက် ကိုကြည့်မိတော့ ဟိုတစ်ခေါက်တွေ့တဲ့ ကလေးလေး ပျော်မလို့ ရှိသေး သူ့လက်ကို ဆွဲထားတဲ့ လူကြီးကိုကြည့်လိုက်တော့ ဦးရှိုင်းခေတ်…..သေချာပါတယ် ပြုံးရယ်နေတာမှ တစ်ကမ္ဘာလုံး မှာ သူအပျော်ရွှင်ဆုံးများလား ထင်ရတယ်.
ကျွန်တော်တို့ဝိုင်းကတော့ ထောင့်မှာဆိုတော့ သူတို့ ကျွန်တော့ကိုမမြင်ရဘူး.

Girl A. “ဟဲ့ ဟိုမှာ JR Group က CEO မလား”

Girl B. ” ဟယ်..ကြည့်ပါဦး အခုချိန်ထိ ကလေးအဖေ ဖြစ်နေတာတောင်ကြည့်ကောင်းနေတုန်းပဲ အဟီး…..”

ဟိုဘက် ဝိုင်းက ကောင်မလေးတွေပြောတာ နားထောင်ကြည့်တော့
ကလေးအဖေ ဘယ်တုန်းက ကလေးအဖေ ဖြစ်သွားတာလဲ.

Girl.A” အမလေး ကလေးအဖေသာပြောတာနော် အခုထိ သူ့မိန်းမ ကဘယ်သူလဲဘယ်သူမှမသိကြဘူး ငါကြားတာတော့ ကလေးအမေက အဲ့ကလေး မွေးပြီးပြီးချင်းဆုံးသွားတယ်ဆိုပဲ ဒါပေမဲ့နော် ဦးရှိုင်းခေတ် က အဲ့ကလေးကို သေမလောက်ချစ်တာနော် အဲ့ ကလေးမျက်နှာတစ်ချက်မပျက်စေရာဘူး”

Girl B.”အေးလေ အမေမရှိပဲ အဖေတစ်ယောက်ထဲဆိုတော့ ပိုဂရုစိုက်တာလည်းပါမှာပေါ့ “

ဟက်….သေမလောက်ချစ်တယ်…ဘယ်လိုမိန်းကလေးနဲ့ ရတဲ့ကလေးမလို့ ဒီလောက်ချစ်ရတာလဲ.
အခုမြင်နေတာနဲ့တင် ခင်များအဲ့ကလေးကိုဘယ်လောက်ချစ်မှန်း သိသာနေပါပြီ.စားပြီးလို့ ပေနေတဲ့ ပါးစပ်လေးကိုလည်းဂရုတစိုက်သုပ်ပေး.တစ်ခါတစ်ခါ ပါးလေးကို လှမ်းနမ်းလိုက်.တကယ်ကို ပျော်ရွှင်နေပါလား ဦးရှိုင်းခေတ်. ကျွန်တော့ကလေး ဆုံးတုန်းက မျက်ရည် တစ်စက်တောင် မကျတဲ့ ခင်များက အခု ဒီကလေးကျတော့ ငုံထားမတတ်ချစ်နေလိုက်တာ.ကျွန်တော့်ရင်တွေနာလိုက်တာဗျာ ဘာလို့လဲ သာမန်မဟုတ်ပဲ ယောက်ကျားလေးကမွေးတဲ့ကလေးမလို့လား.

” စစ် ငါ့ကောင်မလေးဖုန်းဆက်ခေါ်နေပြီ ငါသွားတော့မယ်…………………… မင်းမျက်နှာက ဘာဖြစ်နေတာလဲ တစ်ခုခုဖြစ်လို့လား”

ကျွန်တော်ပြုံးပြလိုက်ပြီး

“ဘာမှမဖြစ်ပါဘူးကွာ
မင်းသွားစရာရှိတာသာသွားပါ”

“အေး..အဆို ငါသွားပြီနော်

တစ်ခုခုဆို ဖုန်းဆက်လိုက်
ငါချက်ချင်းအရောက်လာခဲ့မယ်”

“အေးပါကွာ အပိုတွေပြောမနေပါနဲ့
သွားစရာရှိတာသာ သွားစမ်းပါ”

” အေး သွားပြီ “.
.
.
.
.
.
.
.
.

ကျွန်တော်သန့်စင်ခန်းထဲဝင်ပြီ အားရပါးရငိုလိုက်မိတယ်
ရက်စက်လိုက်တာ တခြားသူနဲ့ ရတဲ့ကလေးကိုကျ ချစ်ပြနေလိုက်တာ ကျွန်တော့ ကလေးကိုကျ ဟက်…😭

.
အချိန်ကြာငိုလို့ဝမှ အိမ်သာထဲကထွက်လာတော့ဟိုကလေး ကျွန်တော့်ကို သေချာကြည့်နေတယ်.
.
.
.
.
.
.
.

“ဖေဖေကြီး သားသားအိမ်သာသွားချင်တယ်”

“အင်းသွားမယ် ထ”

“ဟင့်အင်.. သားသား ကလေးမဟုတ်တော့ဘူး ကိုယ်ပါကို သွားတတ်တယ်”

လူကြီးလုပ်ချင်နေတဲ့ ဒီကလေးဆိုး​လေး ကို အချစ်ပိုရပြန်ပြီ

‘” ကောင်းပါပြီဗျာ
ဟော့ဒိက လူကြီးလေး တစ်ယောက်ထဲ သွားပါ ဂရုစိုက်ဦး “

“ဟုတ်ကဲ့ “

သန့်စင်ခန်းထဲ ရောက်တော့ လူတစ်ယောက်ငိုသံကြားတယ် အသံကြားရာ အခန်းရှေ့ရောက်တော့ ငိုသံကပိုကြားလာတယ် ကိုကို တစ်ယောက်ထင်တယ်.ဘာလို့လဲသိဘူး အဲ့ကိုကိုငိုသံက သားသားပါငိုချင်တယ်😟.ခနကြာတော့ အခန်းတံခါးဖွင့်ပြီး ထွက်လာတယ်.
(ဟင်….ကိုကိုချောချော)

ကလေးက ကျွန်တော့်လက်ကို သူ့လက်သေးသေးလေးနှစ်ဖက်နဲ့ လာကိုင်တယ်

” ကိုကိုချောချော ကိုကိုမငိုပါနဲ့နော်”

အရင်ပုံဆို သူ့ပုံလေးက ချစ်ဖို့ကောင်းနေမှာအမှန်ပဲ.အခုတော့ မျက်နှာကိုမမြင် ချင်တော့ဘူး.

ဒုန်းးးးးးးးးးးးးးးးး

ကျွန်တော့်လက်ရုန်းလိုက်တာ အရှိန်ပါပြီး တွန်းလိုက်သလိုဖြစ်သွားတယ်.အောက်ကိုထိုင်ရက် လဲကျသွားတယ်.

အ. ……..

ကလေးကထဖို့ကြိုးစားတာမရဘူးထင်တယ်.

“ကလေး…..ဘာ…..ဘာဖြစ်တာလဲ🙁 “

စဥ်းစားကြည့်တော့လည်း ဒီကလေးက အပစ်မှမရှိတာ.

” သားသား ခြေထောက်နာတယ်
ထလို့မရဘူး…. “

မျက်နှာငယ်လေးနဲ့ မော့ကြည့်ပြီးပြောနေတဲ့ကလေး.တော်ရုံ နာတာလောက်နဲ့ ဒီလိုပြောမှာမဟုတ်မှန်း ကျွန်တော် သိတယ်.

“ထ…..”

ကလေးတွေချီသလို ရင်ခွင်ထဲထည့်ချီပြီး သူ့အဖေရှိရာဝိုင်း ထွက်လာလိုက်တယ်.

“သားသား…..ဘာဖြစ်တာလဲ”

အပြာသလဲ မေးလာတဲ့မေးခွန်းကို ကျွန်တော်ဖြေမလို့ရှိသေး

” သားသား ချောလဲတာ….
အဒါ ကိုကိုချောချော က သားကို
ခေါ်လာပေးတာ….ဟီးးးးး”

ဒီကလေး ဘာလို့အမှန်တိုင်းမပြောပဲ ကျွန်တော့်ကိုကာကွယ်ပေးနေတာလဲ….

သူ့အဖေကို ကလေးပေးလိုက်တယ် .

” ကျေးဇူးပါ ခွန်း… “

“ရပါတယ်….. ပင်းပန်းတာလဲမဟုတ်ဘူး..”

” ဖေဖေကြီးနဲ့ကိုကိုနဲ့က သိနေတာလားဟင်”

စစ်…( ဟက်.. သိတာထက်ကို ပိုတာပေါ့)

” အင်း ဖေဖေကြီး နဲ့ ကိုကို က အလုပ်အတူတွဲလုပ်နေတာ “

” ဒါဆို ကျွန်တော့ကို ခွင့်ပြုပါဦး
သားသား ကိုကိုသွားတော့မယ်နော်”

လက်သေးသေးလေးတွေနဲ့ ကျွန်တော့်အိကျီ ကိုဆွဲပြီး

” ကိုကို သားသား တို့နဲ့တူတူပြန်ပါလားဟင်”

ဒီနေ့မှ ဟိုကောင် ဟယ်ရီ( စစ်ခွန်းသူငယ်ချင်း) အိမ်ထိလာခေါ်လို့ သူ့ကားနဲ့လိုက်လာမိတာ မှားပြီထင်တယ်.ပြန်ရင် Taxi နဲ့ပြန်မလို့ပါဆို ငါစိတ်ညစ်တယ် ဟူးးးးး

“မင်းမှာ ကားမပါရင် ကိုယ်လိုက်ပို့ပါ့မယ်…”

“အာ..ရပါတယ် Taxi နဲ့ပဲပြန်လိုက်ပါ့မယ် “

” ကိုကိုကလည်း လိုက်ခဲ့ပါ သားသားတို့နဲ့ လိုက်ခဲ့ပါ နော်..ကိုကို….
ဖေဖေကြီး ကိုကို ကိုရအောင်ပြောပေးလေ”

“လိုက်ခဲ့လိုက်ပါ….ခွန်းရယ်.”

ဆက်ပြီးညင်းရင်လည်း ရိုင်းရာကျတော့မယ်.

” လိုက်ခဲ့ပါ့မယ်”

“ရေးးးးးးဒါမှတို့ ကိုကိုကွ ဟီးးးး”

ကားပေါ် ကျွန်တော်က ဘေးခုံမှာထိုင်ပြီး ကလေးက နောက်ခုံမှာထိုင်တယ်.

” ကိုကိုလည်း ညစာလာစားတာလားဟင်.
သားသားတို့က သားသား ထမင်းကြော်စားချင်လို့ အပြင်မှာစားရအောင်ဆိုပြီး ဖေဖေကြီး ကိုပူဆာလိုက်တာ ဟီးးး”

ကျွန်တော် ကားနောက်ခန်းကိုလှည့် ကြည့်ပြီးမေးတော့

“သားသားက ထမင်းကြော်ကြိုက်တာလား”

“ဟုတ်… အာ့ကြောင့် ကြီးကြီးက ခနခနပြော တယ် အိမ်မှာလည်းထမင်းစားရတာကို ဘာလို့အပြင်သွားရင်လည်းထမင်းကြော်ပဲစားတာလဲတဲ့ သားသားကလည်း​​​ပြန်ပြောလိုက်တယ် သားသားက ထမင်းကြော် ကြိုက်တာကိုလို့
ဟီးးးး”

” ဟင်..ဟုတ်လား..ကိုကိုလည်းထမင်းကြော်အရမ်းကြိုက်တာ “

” သားသားနဲ့ တူတူပဲ😁”

မေ့နေတာ အခုထိကလေးနာမည်မသိရသေးဘူး.

“သားသား..”

“ဗျာ.. “

“ကိုကိုမေးဖို့မေ့နေလို့ သားသားနာမည် ဘယ်လိုခေါ်လဲ “

“ရှိုင်းစစ် ပါကိုကို”

# အစထဲက သေချာဖတ်တဲ့သူတွေဆို
စစ်ခွန်းက တစွတ်ထိုး ကောင်လေး
အခုဆိုအခု စိတ်မြန်လက်မြန်ကောင်လေးဆိုတာသိကြမှာပါ.အငယ်ဆုံး အဆိုးဆုံးလေးနော်.သူ့အကျင့်တိုင်းဆို
ရှိုင်းခေတ်ရဲ့ သားလေးအပေါ် ဘယ်လို စိတ်တွေမြန် ဘယ်လိုပြောင်းလဲ​​ပြီး ဘယ်လိုလုပ်လုပ်ရပ်တွေလုပ်မိဦးမလဲ ဆိုတာ စောင့်ကြည့်ရမှာပေါ့နော်………🤔🤔🤔

Up ဖို့ ကြာမကြာ ဒါဒါလေးတို့ ပရိုမိုးရှင်းအပေါ် မူတည်တယ်နော်😏

Zawgyi…….

စစ်ခွန်း…..



Hotel အစည်းဝေးမှာ




ရုံးခန်းထဲရောက်တော့


“ဟုတ်ကဲ့ပါ.. ကိုစစ်”




“OK’ “




ဟားဟားးးးး”











“ဘာမှမဖြစ်ပါဘူးကွာ




” အေး သွားပြီ “.
.
.
.
.
.
.
.
.


.
.
.
.
.
.
.
.


“အင်းသွားမယ် ထ”



‘” ကောင်းပါပြီဗျာ

“ဟုတ်ကဲ့ “

(ဟင်….ကိုကိုချောချော)






အ. ……..


“ကလေး…..ဘာ…..ဘာဖြစ်တာလဲ🙁 “


” သားသား ခြေထောက်နာတယ်
ထလို့မရဘူး…. “


“ထ…..”


“သားသား…..ဘာဖြစ်တာလဲ”


” သားသား ချောလဲတာ….
ခေါ်လာပေးတာ….ဟီးးးးး”



” ကျေးဇူးပါ ခွန်း… “














” လိုက်ခဲ့ပါ့မယ်”






ဟီးးးး”

” ဟင်….ဟုတ်လား..ကိုကိုလည်း ထမင်းကြော်အရမ်းကျြိုက်တာ “

” သားသားနဲတူတူပဲ 😁”


“သားသား..”

“ဗျာ.. “


“ရှိုင်းစစ် ပါကိုကို”



Tags: read novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၆, novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၆, read Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၆ online, Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၆ chapter, Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၆ high quality, Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၆ light novel, ,

Comment

Leave a Reply

Chapter 17