System 286 (On Going) Arc 1.4(မင္႐ွီး)

All chapters are in System 286 (On Going)
A+ A-

Zawgyi

ကယ္ရီ ႏိုးလာေတာ့ ေက်ာင္းေဆးခန္းထဲတြင္ျဖစ္သည္.။

“အား…နာလိုက္တာ..”

က်န္းခ်န္ တစ္ေယာက္ပ်ာတီးပ်ာယာနဲ႔ သူ႔အား
“ေတာ္ေတာ္နာေနလား…ဘယ္နားနာေသးလဲ..အဆင္ေျပလား.. ” အစံုေမးေပေတာ့သည္။

“ရတယ္… ႏွာေခါင္းနည္းနည္းနာေနတာေလာက္ပဲ..။ ဒါနဲ႔ ဒီကိုမင္းေခၚလာတာလား..”

“မဟုတ္ဘူး.. စီနီယာ ဟန္ယြင္ ေခၚလာေပးတာ ”

“ဟမ္… စီနီယာ ဟန္ယြင္???” ေနပါအံုး..ဒါဇာတ္လိုက္မ ၾကံဳရမဲ့ဇာတ္ကြက္ႀကီးမလား..။ မူရင္း မင္႐ွီးက ဟန္ယြင္ နဲ႔ဆံုေတာင္မဆံုျဖစ္လိုက္ဘူးေလ..။

“System မင္းငါ့ကိုနည္းနည္းေတာ့႐ွင္းျပသင့္တယ္ထင္တယ္..။ ေဘာလံုးမွန္ရမဲ့သူက ဇာတ္လိုက္မေလ..။ ဘာလို႔ငါ့လာမွန္တာလဲ”

System: “အဲတာက Host ဇာတ္ေၾကာင္းေျပာင္းလိုက္လို႔ပါ..။ မူလ မင္႐ွီးက ခ်င္းခ်ိဳးနဲ႔ ရန္ျဖစ္ေနတုန္း ဇာတ္လိုက္မက ေ႐ွာင္ထြက္လာရင္း ေဘာလံုးကြင္းေရာက္သြားေတာ့ ဇာတ္လိုက္ကန္လိုက္တဲ့ေဘာလံုးမွန္တာပါ..။ အခု Hostကဇာတ္လိုက္မကို ခ်င္းခ်ိဳး နဲ႔ထားခဲ့ပီးေ႐ွာင္ထြက္လာေတာ့ ဇာတ္ေၾကာင္းေျပာင္းပီး ေဘာလံုးမွန္တဲ့သူက Host ျဖစ္သြားတာပါ “

“ငါ့ေဘးမွာ က်န္းခ်န္တစ္ေယာက္လံုး႐ွိတာေတာင္ သူ႔ကိုမမွန္ဘဲ ဘာလို႔ငါ့ကိုလာမွန္တာလဲ”

System: “အဲတာေတာ့ ကြၽန္ေတာ္လဲမသိပါဘူး..။ ၾကည့္ရတာ Host ကံေတြတက္ေနလို႔ထင္တယ္ “

ကယ္ရီ: [🌚🌚🌚]

“က်န္းခ်န္ …ျပန္ရေအာင္
ငါအလုပ္သြားရအံုးမယ္..ေနာက္က်လို႔မရဘူး “

“လာျပန္ပီလား..ဒီအလုပ္
မင္းဒီေန႔တစ္ရက္ေလးနားလို႔မရဘူးလား..မင္းအခုကေဆးခန္းေရာက္ေနတာေနာ္..။ မင္းအိပ္ေနေတာ့ ေဒါက္တာ ကေျပာေသးတယ္..မင္းေတာ္ေတာ္အားနည္းေနတယ္တဲ့။ ေကာင္းေကာင္းအနားယူသင့္တယ္တဲ့ “

“ေတာ္ပါေတာ့ က်န္းခ်န္ရယ္..
ေဘာလံုးေလးမွန္ပီး ေဆးခန္းေရာက္တာကို ငါေတာ္ေတာ္႐ွက္လို႔ပါကြာ..။ ဒီေနရာကေနအျမန္သြားရေအာင္..” ကယ္ရီ ေက်ာင္းေဆးခန္းမွ အျမန္သြားခ်င္ေနပီျဖစ္သည္။

“မင္း စီနီယာ ဟန္ယြင္ ကိုမေစာင့္ေတာ့ဘူးလား..။ သူကမင္းႏိုးလာရင္ စားဖို႔တဲ့ စြပ္ျပဳတ္သြားဝယ္တယ္..။ မင္းလည္း ယူရီေၾကာင့္ ေန႔လည္စာ ေကာင္းေကာင္း မစားလိုက္ရဘူးေလ”

“စြပ္ျပဳတ္ ေသာက္ရေအာင္ ငါကလူမမာမွမဟုတ္တာ… မင္းႀကိဳက္ရင္ မင္းပဲေနခဲ့…ငါေတာ့သြားပီ”

“ဟာ….ေဟ့ မင္႐ွီး ေစာင့္အံုးေလ…
ဒီေကာင္ေတာ့ကြာ..။ စီနီယာ ကိုအားနာစရာႀကီးကြာ..”

ကယ္ရီတို႔ထြက္သြားပီး ခဏအၾကာတြင္ ဟန္ယြင္ စြပ္ျပဳတ္ ပါဆယ္ထုပ္ေလးကိုင္ပီး ေရာက္လာခဲ့သည္။ သို႔ေသာ္ သူေတြ႔ခ်င္သည့္ေကာင္ေလးကားမ႐ွိေတာ့ေပ။ သူ႔ သူငယ္ခ်င္းေျပာပံုအရ ထိုေကာင္ေလးနာမည္မွာမင္႐ွီးျဖစ္ပီး မိမိေဘာလံုးကန္ေနစဥ္ ကြင္းနားသို႔မေယာင္မလည္ေရာက္လာေသာ ထိုေကာင္ေလးအား သတိထားမိခဲ့သည္။ ဆံပင္အညိဳေရာင္ခပ္အုပ္အုပ္ႏွင့္ ဝိုင္းစက္လွေသာမ်က္လံုးလွလွေလးမ်ားသည္ မ်က္မွန္ေအာက္တြင္ပုန္းကြယ္ေနသည္

မ်က္ဝန္းအစံုကမိမိဆီေရာက္ေနပီး ဘာေတြးလို႔ေတြးေနမွန္းမသိဘဲ အာရံုလြင့္ေနေသာေကာင္ေလးအားၾကည့္ပီး ခဏျပံဳးမိလိုက္သည္.. ။ ထိုစဥ္ မိမိဆီ ရုတ္တရက္ေပးလာေသာေဘာအား ကန္မိကန္ရာကန္လိုက္မိသည္။ ကန္ခ်က္ကေတာ့ အာရံုလြင့္ေနေသာ မွန္ေၾကာင္ေလးဆီသို႔…..

ႏွာေခါင္းမွာေသြးမ်ားထြက္ကာ လဲက်ေနေသာေကာင္ေလးကေပြ႔ပီး ေက်ာင္းေဆးခန္းသို႔ေျပးလာခဲ့သည္..။ေဘးနားမွသူမ်ား မိမိအားအထူးဆန္းသဖြယ္ ၾကည့္ေနသည္ကိုလည္းဂ႐ုစိုက္မအား..။ ေဒါက္တာက ထိုေကာင္ေလးအားနည္းေနသည္ ဟုေျပာသျဖင့္ သူႏိုးလာလ်ွင္စားရန္ စြပ္ျပဳတ္သြားဝယ္မည္ဟု သူ႔သူငယ္ခ်င္းကိုေျပာပီးထြက္လာလိုက္သည္။ သူျပန္ေရာက္ေတာ့ ထိုမွန္ေၾကာင္ေလးမွာ မ႐ွိေတာ့..။

ဟန္ယြင္ လက္ထဲမွစြပ္ျပဳတ္အားၾကည့္ရင္း “ကိုယ္ျပန္လာတဲ့အထိေတာင္ မေစာင့္ႏိုင္ေတာ့ဘူးလား”

☄☄☄☄☄☄☄☄☄☄☄☄☄☄☄
A/N – ဒီအပိုင္းကေတာ္ေတာ္ေလးတိုသြားတယ္ 😁😁
အဲ့ေတာ့ ဟန္ယြင္ နဲ႔အင္တာဗ်ဴးေလးလုပ္ရေအာင္

သာသာ – အကိုေဘာလံုးကြင္းထဲကေန မင္း႐ွီးအလွအပေတြကိုအေသးစိတ္ဘယ္လိုျမင္သြားလဲ႐ွင္းျပေပးပါအံုး..

ဟန္ယြင္ – အျမင္စူး႐ွမႈပဲလိုတယ္

သာသာ – အကို ဆံပင္ဘုတ္သိုက္နဲ႔မွန္ေၾကာင္ကို ဘယ္လိုခ်ီးမႊမ္းခန္းဖြင့္ခဲ့လဲဆိုတာ႐ွင္းျပေပးပါအံုး

ဟန္ယြင္ – မင္းရဲ႕ မ်က္မွန္ပါဝါထပ္တိုးလိုက္ပါအံုး

သာသာ – “🌚”

☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode

ကယ်ရီ နိုးလာတော့ ကျောင်းဆေးခန်းထဲတွင်ဖြစ်သည်.။

“အား…နာလိုက်တာ..”

ကျန်းချန် တစ်ယောက်ပျာတီးပျာယာနဲ့ သူ့အား
“တော်တော်နာနေလား…ဘယ်နားနာသေးလဲ..အဆင်ပြေလား.. ” အစုံမေးပေတော့သည်။

“ရတယ်… နှာခေါင်းနည်းနည်းနာနေတာလောက်ပဲ..။ ဒါနဲ့ ဒီကိုမင်းခေါ်လာတာလား..”

“မဟုတ်ဘူး.. စီနီယာ ဟန်ယွင် ခေါ်လာပေးတာ ”

“ဟမ်… စီနီယာ ဟန်ယွင်???” နေပါအုံး..ဒါဇာတ်လိုက်မ ကြုံရမဲ့ဇာတ်ကွက်ကြီးမလား..။ မူရင်း မင်ရှီးက ဟန်ယွင် နဲ့ဆုံတောင်မဆုံဖြစ်လိုက်ဘူးလေ..။

“System မင်းငါ့ကိုနည်းနည်းတော့ရှင်းပြသင့်တယ်ထင်တယ်..။ ဘောလုံးမှန်ရမဲ့သူက ဇာတ်လိုက်မလေ..။ ဘာလို့ငါ့လာမှန်တာလဲ”

System: “အဲတာက Host ဇာတ်ကြောင်းပြောင်းလိုက်လို့ပါ..။ မူလ မင်ရှီးက ချင်းချိုးနဲ့ ရန်ဖြစ်နေတုန်း ဇာတ်လိုက်မက ရှောင်ထွက်လာရင်း ဘောလုံးကွင်းရောက်သွားတော့ ဇာတ်လိုက်ကန်လိုက်တဲ့ဘောလုံးမှန်တာပါ..။ အခု Hostကဇာတ်လိုက်မကို ချင်းချိုး နဲ့ထားခဲ့ပီးရှောင်ထွက်လာတော့ ဇာတ်ကြောင်းပြောင်းပီး ဘောလုံးမှန်တဲ့သူက Host ဖြစ်သွားတာပါ “

“ငါ့ဘေးမှာ ကျန်းချန်တစ်ယောက်လုံးရှိတာတောင် သူ့ကိုမမှန်ဘဲ ဘာလို့ငါ့ကိုလာမှန်တာလဲ”

System: “အဲတာတော့ ကျွန်တော်လဲမသိပါဘူး..။ ကြည့်ရတာ Host ကံတွေတက်နေလို့ထင်တယ် “

ကယ်ရီ: [🌚🌚🌚]

“ကျန်းချန် …ပြန်ရအောင်
ငါအလုပ်သွားရအုံးမယ်..နောက်ကျလို့မရဘူး “

“လာပြန်ပီလား..ဒီအလုပ်
မင်းဒီနေ့တစ်ရက်လေးနားလို့မရဘူးလား..မင်းအခုကဆေးခန်းရောက်နေတာနော်..။ မင်းအိပ်နေတော့ ဒေါက်တာ ကပြောသေးတယ်..မင်းတော်တော်အားနည်းနေတယ်တဲ့။ ကောင်းကောင်းအနားယူသင့်တယ်တဲ့ “

“တော်ပါတော့ ကျန်းချန်ရယ်..
ဘောလုံးလေးမှန်ပီး ဆေးခန်းရောက်တာကို ငါတော်တော်ရှက်လို့ပါကွာ..။ ဒီနေရာကနေအမြန်သွားရအောင်..” ကယ်ရီ ကျောင်းဆေးခန်းမှ အမြန်သွားချင်နေပီဖြစ်သည်။

“မင်း စီနီယာ ဟန်ယွင် ကိုမစောင့်တော့ဘူးလား..။ သူကမင်းနိုးလာရင် စားဖို့တဲ့ စွပ်ပြုတ်သွားဝယ်တယ်..။ မင်းလည်း ယူရီကြောင့် နေ့လည်စာ ကောင်းကောင်း မစားလိုက်ရဘူးလေ”

“စွပ်ပြုတ် သောက်ရအောင် ငါကလူမမာမှမဟုတ်တာ… မင်းကြိုက်ရင် မင်းပဲနေခဲ့…ငါတော့သွားပီ”

“ဟာ….ဟေ့ မင်ရှီး စောင့်အုံးလေ…
ဒီကောင်တော့ကွာ..။ စီနီယာ ကိုအားနာစရာကြီးကွာ..”

ကယ်ရီတို့ထွက်သွားပီး ခဏအကြာတွင် ဟန်ယွင် စွပ်ပြုတ် ပါဆယ်ထုပ်လေးကိုင်ပီး ရောက်လာခဲ့သည်။ သို့သော် သူတွေ့ချင်သည့်ကောင်လေးကားမရှိတော့ပေ။ သူ့ သူငယ်ချင်းပြောပုံအရ ထိုကောင်လေးနာမည်မှာမင်ရှီးဖြစ်ပီး မိမိဘောလုံးကန်နေစဉ် ကွင်းနားသို့မယောင်မလည်ရောက်လာသော ထိုကောင်လေးအား သတိထားမိခဲ့သည်။ ဆံပင်အညိုရောင်ခပ်အုပ်အုပ်နှင့် ဝိုင်းစက်လှသောမျက်လုံးလှလှလေးများသည် မျက်မှန်အောက်တွင်ပုန်းကွယ်နေသည်

မျက်ဝန်းအစုံကမိမိဆီရောက်နေပီး ဘာတွေးလို့တွေးနေမှန်းမသိဘဲ အာရုံလွင့်နေသောကောင်လေးအားကြည့်ပီး ခဏပြုံးမိလိုက်သည်.. ။ ထိုစဉ် မိမိဆီ ရုတ်တရက်ပေးလာသောဘောအား ကန်မိကန်ရာကန်လိုက်မိသည်။ ကန်ချက်ကတော့ အာရုံလွင့်နေသော မှန်ကြောင်လေးဆီသို့…..

နှာခေါင်းမှာသွေးများထွက်ကာ လဲကျနေသောကောင်လေးကပွေ့ပီး ကျောင်းဆေးခန်းသို့ပြေးလာခဲ့သည်..။ဘေးနားမှသူများ မိမိအားအထူးဆန်းသဖွယ် ကြည့်နေသည်ကိုလည်းဂရုစိုက်မအား..။ ဒေါက်တာက ထိုကောင်လေးအားနည်းနေသည် ဟုပြောသဖြင့် သူနိုးလာလျှင်စားရန် စွပ်ပြုတ်သွားဝယ်မည်ဟု သူ့သူငယ်ချင်းကိုပြောပီးထွက်လာလိုက်သည်။ သူပြန်ရောက်တော့ ထိုမှန်ကြောင်လေးမှာ မရှိတော့..။

ဟန်ယွင် လက်ထဲမှစွပ်ပြုတ်အားကြည့်ရင်း “ကိုယ်ပြန်လာတဲ့အထိတောင် မစောင့်နိုင်တော့ဘူးလား”

☄☄☄☄☄☄☄☄☄☄☄☄☄☄☄
A/N – ဒီအပိုင်းကတော်တော်လေးတိုသွားတယ် 😁😁
အဲ့တော့ ဟန်ယွင် နဲ့အင်တာဗျူးလေးလုပ်ရအောင်

သာသာ – အကိုဘောလုံးကွင်းထဲကနေ မင်းရှီးအလှအပတွေကိုအသေးစိတ်ဘယ်လိုမြင်သွားလဲရှင်းပြပေးပါအုံး..

ဟန်ယွင် – အမြင်စူးရှမှုပဲလိုတယ်

သာသာ – အကို ဆံပင်ဘုတ်သိုက်နဲ့မှန်ကြောင်ကို ဘယ်လိုချီးမွှမ်းခန်းဖွင့်ခဲ့လဲဆိုတာရှင်းပြပေးပါအုံး

ဟန်ယွင် – မင်းရဲ့ မျက်မှန်ပါဝါထပ်တိုးလိုက်ပါအုံး

သာသာ – “🌚”

Tags: read novel System 286 (On Going) Arc 1.4(မင္႐ွီး), novel System 286 (On Going) Arc 1.4(မင္႐ွီး), read System 286 (On Going) Arc 1.4(မင္႐ွီး) online, System 286 (On Going) Arc 1.4(မင္႐ွီး) chapter, System 286 (On Going) Arc 1.4(မင္႐ွီး) high quality, System 286 (On Going) Arc 1.4(မင္႐ွီး) light novel, ,

Comment

Leave a Reply

Chapter 6