System 286 (On Going) Arc 1.5(မင်ရှီး)
All chapters are in System 286 (On Going)
A+ A-
Zawgyi
“တောက်!”
ကျွန်တော်တကယ်တောင်းပန်ပါတယ်..ကျွန်တော်ပြန်သုတ်ပေးပါ့မယ် “
ထိုစဉ်……
“သခင်လေး ဟန်…
“အော်….ဟုတ်လား “
[အလိုက်တဲ့ Hostရယ် 😑]
“ဟုတ်ကဲ့ အဲတာဆို ကျွန်တော့ကိုခွင်ပြုပါအုံး ” ဟုပြောပီ ကယ်ရီထိုနေရာမှလစ်ထွက်လာခဲ့သည်။
“ဟုတ်သားပဲ ”
ကယ်ရီပြန်လှည့်လာက ဇာတ်လိုက်နားသွားပီး
မင်းပြေးပြန်ပီ..”
System ရေ Good night ပါ”
☄☄☄☄☄☄☄☄☄☄☄☄☄☄☄
ဆာယားငယ်ယော် 🙆🙆🙆
☄☄☄☄☄☄☄☄☄☄☄☄☄☄☄
Unicode
Zawgyi
“System ငါဒီအချိန်ပိုင်းအလုပ်ကြီးမသွားချင်ဘူး.. ။ ငါလူများတဲ့နေရာကိုမကြိုက်ဘူး”
System: “Host  ဒီနေ့တစ်ရက်သွားကြည့်လိုက်ပါလား.. ။ အဆင်မပြေရင်တစ်ခါတည်းထွက်ခဲ့လို့ရတယ်လေ.. “
“ကောင်းပီ…  ငါသွားကြည့်မယ် ” ကယ်ရီ တစ်ယောက် မင်ရှီး အချိန်ပိုင်းအလုပ်လုပ်တဲ့ ကလပ်ရှေ့သို့ရောက်လာခဲ့သည်..။
“ဟေ့ကောင် မင်ရှီး…. မင်းဘာရပ်လုပ်နေတာလဲ.။ လာလေ အထဲသွားမယ် ” ဟုဆိုကာ ကယ်ရီအားဆွဲခေါ်သွားလေသည်။
ကယ်ရီအားဆွဲခေါ်သွားတဲ့ကောင်လေးနာမည်က ဂျိုး..။ မင်ရှီးအချိန်ပိုင်းလုပ်ရင်း အလုပ်မှာဆုံတဲ့သူငယ်ချင်း ။ မင်ရှီးရဲ့အဒေါ်ကြောင့် မင်ရှီးအကြွေးပင်လယ်ထဲနစ်နေချိန်တုန်း မှောင်ခိုအလုပ်နဲ့မိတ်ဆက်ပေးခဲ့တဲ့သူဆိုလည်းမမှား..။
ကလပ်ထဲတွင် ရောင်စုံမီးများတလက်လက်တောက်ပကာ တီးလုံးသံများကလည်းဆူညံလှသည်..။ ကယ်ရီလိုလူမျိုးအတွက်ကတော့ ဒီနေရာဟာ ငရဲနှင်ခပ်ဆင်ဆင်..။ ဖြစ်နိုင်ရင် ကယ်ရီ အခုပင်ထွက်သွားချင်စိတ်ပေါက်မိသည်..။
“မင်ရှီး ဟိုထောင့်စွန်းကဝိုင်းကို ဘီယာ သွားပို့လိုက်..”
“ဟုတ်ကဲ့” ကယ်ရီ ထိုဝိုင်းကိုလှမ်းကြည့်လိုက်တော့ တွေ့လိုက်ရသည်က ချင်းချိုး.. ။ ချင်းချိုး ဘေးတွင် ချမ်းသာသည့်မိသားစုမှ သခင်လေးများဖြစ်ဟန်တူသည့်သူနှစ်ယောက်.. ။ တစ်ဖက်တစ်ချက်စီတွင် မိန်ခလေး များအားခေါ်ထားက ကလူးကျီစယ်နေကြသည်..။
“သေစမ်း… ဒီဗီလိန်ကောင်နဲ့လာတိုးနေတယ် ” ကယ်ရီ စိတ်လှုပ်ရှားတာကိုထိန်းရင်း ဗန်းကိုင်ပီးထိုဝိုင်းသို့သွားလိုက်သည်.. ။ ရောက်ခါနီးတွင် ကယ်ရီ ခလုတ်တိုက်မိကာ ရေခဲခွက်ထဲမှ ရေခဲတုံးသည် ချင်ချိုး၏အဖော်တစ်ယောက်ဖိနပ်သို့သွားစင်၏..။
“တောက်!”
“မင်းစောက်လုံးမမြင်ဘူးလား…”
ကယ်ရီတော်တော်လန့်သွားသည် “တောင်းပန်ပါတယ် အကို..
ကျွန်တော်တကယ်တောင်းပန်ပါတယ်..ကျွန်တော်ပြန်သုပ်ပေးပါ့မယ် “
“မင်းတောင်းပန်ရုံနဲ့ပီးမလား ဆိုင်တာဝန်ခံဘယ်မှာလဲ..။ ဘယ်လိုလူမျိုးကိုအလုပ်ခန့်ထားတာလဲ..”
ချင်းချိုး မိမိရှေ့မှကြောက်လန့်နေသောကောင်လေးကို စိုက်ကြည့်နေမိသည်..။ မိမိဝင်ပြောလိုက်လျှင်ပြေလည်မည့်ကိစ္စဖြစ်သော်လည်း ဝင်ပြောချင်စိတ်မရှိ..။ ယူရီအနားကပ်နေတဲ့ထိုကောင်လေးကို ကူညီလိုစိတ်လုံးဝမရှိ..။
ထိုစဉ်……
“ဖိနပ်ကိုရေခဲတုံးလေးစင်မိသွားရုံနဲ့ ဒီလောက်ဒေါသထွက်နေရင် ကုမ္မဏီသာဒေဝါလီခံလိုက်ရလို့ကတော့ ဘယ်လောက်တောင်ဒေါသထွက်မလဲသိချင်မိတယ်..”
ချင်းချိုး တို့အသံလာရာဘက်ကြည့်လိုက်တော့ဟန်ယွင်..
ထိုအခါမှ ကယ်ရီအားအော်ဟစ်နေသောသခင်လေးသည် ထိတ်ထိတ်ပျာပျာ ဖြင့်
“သခင်လေး ဟန်…
ကျွန်တော်က အဲ့သဘောပြောတာမဟုတ်ပါဘူး..သူ့ကိုသတိထားစေချင်လို့ပါ..။ ကျွန်တော့နေရာမှာ သာတခြားသူဆိုရင် သူပြသာနာတတ်နိုင်လို့ပါ..”
“အော်….ဟုတ်လား “
“ဟုတ်ပါတယ် သခင်လေးဟန် ဟုတ်ပါတယ်…..
အာ.. ဒီကညီလေးလဲသတိထားနော်..အကိုမလို့ပေါ့ တခြားသူဆိုညီလေးမလွယ်ဘူး”
ကယ်ရီ ခဏလေးအတွင်း စိတ်ထား 360 ဒီဂရီ ပြောင်းလဲသွားသော မိမိရှေ့ကလူကိုကြောင်ကြည့်နေမိသည်။
“System ဒီကောင်စိတ်ရောမှန်သေးလား”
System:” ကျွန်တော်လည်းမသိဘူး Host”
“ဟုတ်ကဲ့ အဲတာဆို ကျွန်တော့ကိုခွင့်ပြုပါအုံး ” ဟုပြောပီ ကယ်ရီထိုနေရာမှလစ်ထွက်လာခဲ့သည်။
System: “Host ဇာတ်လိုက်ကိုကျေးဇူးတင်စကားမပြောတော့ဘူးလား..။မနက်ကတစ်ခါ အခုတစ်ခါ နှစ်ခါရှိပီနော်.. မစ်ရှင်ထဲမှာ ဇာတ်လိုက်နှင့်သူငယ်ချင်းဖြစ်ရန်ဆိုတာပါတယ်နော်..။ ဇာတ်လိုက်စိတ်ကွက်သွားရင် host ဘယ်လိုလုပ်မလဲ”
[လူမှုရေးခေါင်းပါးလိုက်တဲ့ Host]
“ဟုတ်သားပဲ ”
ကယ်ရီပြန်လှည့်လာက ဇာတ်လိုက်အနားသွားပီး
“အခုလိုကူညီတဲ့အတွက် စီနီယာကိုကျေးဇူးတင်ပါတယ် ” ဟုဆိုကာလှည့်ထွက်လာခဲ့သည်။
ဟန်ယွင် မိမိအားကျေးဇူးတင်စကားတစ်ခွန်းတည်းပြောပီး မိမိပြန်ပြောတာပင်မစောင့်ဘဲ အမြန်ထွက်သွားသောကောင်လေးအားကြည့်နေမိသည်..။ ဒီနေ့သူငယ်ချင်များအတင်းခေါ်သောကြောင့်ကလပ်သို့ရောက်လာဖြစ်သည်..။ တိုက်တိုက်ဆိုင်ဆိုင် မနက်ကတွေ့တဲ့မင်ရှီးဆိုသည့်မှန်ကြောင်လေးအားသွားနှုတ်ဆက်မယ်လုပ်တော့ မှန်ကြောင်လေးပြသာနာတတ်နေပုံရသည်..။ လက်ကလေးကတုန်နေပီး တခြားသူအားတောင်းပန်နေသည်မှာ ကြောင်ပေါက်ကလေးနှင့်ပင်တူလှသည်..။ မိမိပြန်ပြောတာပင်မစောင့်ဘဲ ထွက်သွားသောကောင်လေးအားအံသြမိသည်..။တခြားသူများဆို မိမိနှင့်ရင်းနှီးချင်သဖြင့် နည်းလမ်းပေါင်းစုံနှင့် ချဉ်းကပ်နေကြသည်မဟုတ်ပါလား ။
“မှန်ကြောင်လေး.. မှန်ကြောင်လေး.
မင်းပြေးပြန်ပီ..”
ကယ်ရီ စောနကကိစ္စကြောင့် ဆိုင်တာဝန်ခံဆီမှတော်တော်အဆူခံလိုက်ရသည်..။ ထိုအခွင့်အရေးကိုအသုံးချပီး ကယ်ရီလည်း အလုပ်မှထွက်မည်ဖြစ်ကြောင်းပြောလိုက်တော့ ဆိုင်တာဝန်ခံက ဒေါသကြီးစွာဖြင့်
“ဟေ့ကောင်.. မင်းကိုငါက နောက်တစ်ခါဒါမျိုးမဖြစ်အောင်ဆုံးမနေတာလေ..ဒါကိုမင်းကမခန့်လေးစားနဲ့ အလုပ်ထွက်မယ်လေးဘာလေးပြောလိုက်သေးတယ်..။ မလုပ်ချင်ထွက်သွား…အလုပ်သမားမရှားဘူး “
ကယ်ရီ ကလပ်ထဲမှတစ်ခါတည်းထွက်လာလိုက်သည် …
“ဟူးးး တော်ပါသေးတယ်.. ထွက်မဲ့အကြောင်းဘယ်လိုပြောရမလဲမသိဘူးဖြစ်နေတာ..အကိုက်ဖြစ်သွားတယ် “
ကယ်ရီ အိမ်ပြန်ရောက်တော့ရေချိုးပီးအိပ်ရာဝင်လိုက်သည်
“မနက်ဖြန် ငါအလုပ်ရှာရအုံးမှာပဲ..
မသိဘူးကွာ.. အိပ်တော့မယ်
System ရေ Good night ပါ”
System: “Good night ပါ host “
☄☄☄☄☄☄☄☄☄☄☄☄☄☄☄
သာသာကအခုမှစရေးတော့ ဖတ်မဲ့သူမရှိဘူးထင်ထားတာ 😭
Voteပေးတဲ့သူတွေရော reading list ထဲထည့်ပေးတဲ့သူတွေရောတကယ်ကျေးဇူးတင်ပါတယ် 😭💛
သာသာဘေမရှိလို့Wpထဲမဝင်ဖြစ်တာဒီနေ့ဝင်လိုက်တာ notiတွေတက်တော့ အရမ်းကိုပျော်မိတယ် 😭😭
ကျေးဇူးအများကြီးတင်ပါတယ်
ဆာယားငယ်ယော် 🙆🙆🙆
Tags: read novel System 286 (On Going) Arc 1.5(မင်ရှီး), novel System 286 (On Going) Arc 1.5(မင်ရှီး), read System 286 (On Going) Arc 1.5(မင်ရှီး) online, System 286 (On Going) Arc 1.5(မင်ရှီး) chapter, System 286 (On Going) Arc 1.5(မင်ရှီး) high quality, System 286 (On Going) Arc 1.5(မင်ရှီး) light novel, ,
Comment
Leave a Reply
Chapter 7