System 286 (On Going) Arc 1.7(မင္႐ွီး)

All chapters are in System 286 (On Going)
A+ A-

Zawgyi

ကယ္ရီ မနက္ေက်ာင္းေရာက္ေတာ့ အခန္းထဲတြင္စာအုပ္ဖတ္ေနစဥ္

” ေဟး.. မိုင္ ဘရားသား…ငါ့ရဲ႕အခ်စ္ကေလး မင္႐ွီး “

“က်န္းခ်န္.. မင္းဘာအ႐ူးထေနတာလဲ..အာျပဲႀကီးနဲ႔…”

“ဒီေန႔တစ္ရက္ေတာ့ပြစိပြစိမေျပာပါနဲ႔အခ်စ္ကေလးရယ္..ငါ့ေမြးေန႔ေလးမွာ စိတ္ေပ်ာ္ခ်င္လို႔ပါ..။ ဒါနဲ႔.. ဘယ္မလဲ ငါ့အတြက္လက္ေဆာင္ “

“ေရာ့..ေရာ့…
ေက်ာင္းေရာက္တာနဲ႔အတင္းဓားျပတိုက္သလိုေတာင္းမယ္မွန္းသိလို႔ျပင္ဆင္လာပါတယ္ “ကယ္ရီလြယ္အိတ္ထဲမွဗူးေလးအားထုတ္ေပးလိုက္သည္..။

“ဟီး..အဲတာေၾကာင့္ခ်စ္တာ …
ဒါနဲ႔ ညက်ရင္ ငါကလပ္ကိုလာေခၚရမွာလား”

“ဟမ္..ဘာကလပ္လဲ”

“ၾကည့္..မင္းေမ့သြားပီ..
မင္းေျပာေတာ့ ဒီညငါနဲ႔ ပတ္လည္မယ္ဆို “

“ေအာ္….ငါမေမ့ပါဘူးကြ
ငါကလပ္မွာမလုပ္ေတာ့ဘူး..ေကာ္ဖီဆိုင္တစ္ဆိုင္မွလုပ္ေနတာ..။အဲတာေၾကာင့္မင္းေမးေတာ့ေၾကာင္သြားတာ “

“ေကာင္းတယ္..အဲ့ကလပ္ကထြက္လိုက္တာ..။ငါ့မွာ ငါ့သူငယ္ခ်င္းေလးဘယ္ခ်ိန္ဆြဲစားခံရမလဲဆိုပီးစိတ္ပူေနရတာ “

“မင္းဘႀကီးပဲဆြဲစားခံရမွာ..ငါေန႔လည္စာၾကည့္တိုက္သြားမလို႔ လိုက္အံုးမွာလား”

“မလိုက္ေတာ့ဘူး… ငါ့ေကာင္မေလးနဲ႔ခ်ိန္းထားလို႔ “

“ပီးတာပဲ…..ငါတစ္ေယာက္တည္းပဲသြားလိုက္ေတာ့မယ္ “

ကယ္ရီ ေက်ာင္းစာၾကည့္တိုက္ေရာက္ေတာ့ စာအုပ္စဥ္သို႔သြား၍ စာအုပ္မ်ား႐ွာေဖြေနသည္..။

System: “Host အခုထိမစ္႐ွင္မလုပ္ရေသးဘူးေနာ္..တျခားHostေတြဆို မစ္႐ွင္ျမန္ျမန္လုပ္ပီးျမန္ျမန္တျခား ကမာၻကိုေျပာင္းၾကတာ..။ Host အလွည့္ၾကမွေအးေဆးႀကီး “

” ခ်င္းခ်ိဳး ရန္ကေ႐ွာင္ရမယ္ေျပာလို႔ ငါသူနဲ႔မေတြ႔ေအာင္ေ႐ွာင္ေနတယ္ေလ..။ Hidden mission ကမ႐ွာလဲရတယ္ေလ..ဘာကိစၥ လိုက္႐ွာေနရမွာလဲ သိရမဲ့ကံပါရင္သိလိမ့္မယ္..။ ငါေလာဘမႀကီးပါဘူး..point ေတြကိုျဖည္းျဖည္းပဲစုမယ္.. “

System: “ေလးစားပါတယ္ host ရယ္..အရမ္းကိုေလးစားပါတယ္ 🌚
အဲတာဆိုဇာတ္လိုက္နဲ႔သူငယ္ခ်င္းျဖစ္ရန္ဆိုတဲ့ မစ္႐ွင္ကေရာ ေျပာၾကည့္ပါအံုး “

“အဲတာက အခြင့္ေရးမရေသးလို႔ပါကြာ…ၿပီးေတာ့ဇာတ္လိုက္ကိုစကားေျပာရမွာေၾကာက္လို႔”

System: “ဘယ္လို!!!Host မွာအခြင့္အေရးႏွစ္ခါႀကီးမ်ားေတာင္ရခဲ့တယ္ေလ..။ ေဘာလံုးမွန္တုန္းကတစ္ခါ ကလပ္မွာတုန္းကတစ္ခါေလ..။ Host ပဲေ႐ွာင္ေျပးလာတာေလ “

“အဲ…အဲတာက…”

System :”ဂုဏ္ယူပါတယ္Host…
Hostရဲ႕ေနာက္မွာ တတိယအခြင့္ေရးေရာက္႐ွိေနပါတယ္
မစ္႐ွင္ကိုထမ္းေဆာင္လိုက္ပါ “

ဟမ္!!!
ကယ္ရီေနာက္လွည့္ၾကည့္လိုက္ေတာ့ ဇာတ္လိုက္…

“အာ…စီ..စီနီယာ မဂၤလာပါ “

“မင္႐ွီး ပါလား..စာအုပ္လာ႐ွာတာလား “

ကယ္ရီစိတ္ထဲတြင္ေတာ့ ဇာတ္လိုက္တစ္ေယာက္ သူနာမည္ကိုဘယ္လိုသိေနလဲဆိုတာ စဥ္းစားေနမိရင္း
“ဟုတ္..ဟုတ္ စီနီယာ “

“ကိုယ္လည္း စာအုပ္လာ႐ွာတာ..မင္းကိုေတြ႔လိုက္လို႔ ..”

“ဟုတ္..စီနီယာ
လိုခ်င္တဲ့စာအုပ္ေကာ ေတြ႔ပီလား”

“အင္း ကိုယ္႐ွာပီးသြားပီ
ဒါနဲ့ ကိုယ္တို႔တစ္ေနရာသြားပီးစကားေလးဘာေလးေျပာရေအာင္..မင္းကိုယ့္ကိုေ႐ွာင္ေျပးတာႏွစ္ခါေတာင္႐ွိပီေနာ္..”

“အဲ့တုန္းကစိတ္မ႐ွိပါနဲ႔ စီနီယာ .. ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ “

“အာ..မဟုတ္တာ..ကိုယ္ကဒီတိုင္းပဲေျပာလိုက္တာပါ…ေက်ာင္းေ႐ွ႕ကဆိုင္မွာ ေရခဲမုန္႔စားေကာင္းတယ္..ကိုယ္လိုက္ဝယ္ေကြၽးမယ္”

“ဗ်ာ..ေရခဲမုန္႔..”

ကယ္ရီေရခဲမုန္အသံၾကားေတာ့ မ်က္လံုးကအေရာင္ေတာက္လာသည္။ ကယ္ရီကေရခဲမုန္႔ဆိုအရမ္းႀကိဳက္သည္..။ ဒူးရင္းအရသာက ကယ္ရီ႕ အႀကိဳက္ဆံုးျဖစ္သည္.။

ဟန္ယြင္ ေရခဲမုန္႔သံၾကားေတာ့ ႐ုတ္တရက္ ေတာက္ပသြားတဲ့မ်က္လံုးေလးကိုဖမ္းမိလိုက္သည္..။ ခပ္စြာစြာေကာင္ေလးဟု သတင္းၾကားထားေသာ္လည္း မိမိျမင္ေနရသည္မွာ ေလာကျကီးကိုေၾကာက္ရြံေနေသာ အသိုက္ထဲမွငွက္ေပါက္ေလးႏွယ္။

System: “Host…ကြၽန္ေတာ္ update လုပ္စရာ႐ွိလို႔ နာရီဝက္ေလာက္ခ်ိတ္ဆက္မွာရပ္သြားပါလိမ့္မယ္..”

“အင္း..အင္း ..ကိစၥမ႐ွိပါဘူး “

ကယ္ရီတို႔ႏွစ္ေယာက္ ဆိုင္ရဲ႕ေထာင့္ ျပတင္းေပါက္ ေလး႐ွိေသာေနရာတြင္ထိုင္လိုက္သည္..။

“ဒါနဲ႔ ကိုယ္တို႔အခုထိ တရားဝင္မိတ္မဆက္ရေသးဘူးထင္တယ္..။ ပထမတစ္ခါတုန္းကလည္း ကိုယ္ျပန္မလာခင္ မင္းကထြက္သြားတယ္..။ ဒုတိယတစ္ခါက်ေတာ့လည္း ကိုယ္ျပန္ေျပာတာေတာင္မေစာင္ဘဲနဲ႔ ထြက္သြားတယ္.. “

“ကြၽန္ေတာ္..ကြၽန္ေတာ္ မရည္ရြယ္ပါဘူး… ေတာင္းပန္ပါတယ္ စီနီယာ “
ဒီဇာတ္လိုက္ကလည္း..ဒါပဲထပ္ခါထပ္ခါေျပာေနတယ္..။

“ဒါဆို….ကိုယ္တို႔အခုသူငယ္ခ်င္းေတြျဖစ္သြားပီေပါ့ေနာ္..”

“ဗ်ာ…သူငယ္ခ်င္း “

ေက်းဇူးတင္လိုက္တာဇာတ္လိုက္ရယ္..။ငါ့အစား မစ္႐ွင္လုပ္ေပးလို႔..ဘာမွမလုပ္ရဘဲနဲ႔ မစ္႐ွင္တစ္ခုႀကီးမ်ားေတာင္ပီးသြားပီကြ…ေယး…
ကယ္ရီစိတ္ထဲတြက္ေပ်ာ္ပြဲရႊင္ပြဲက်င္းပေနသည္။

ဟန္ယြင္ မိမိေ႐ွ႕တြင္ ေတြေဝေနေသာေကာင္ေလးအား ၾကည့္ကာ..သူကငါနဲ႔သူငယ္ခ်င္းမလုပ္ခ်င္တာမ်ားလား… ။

” ဘာလဲ….ကိုယ္နဲ႔သူငယ္ခ်င္းမျဖစ္ခ်င္ဘူးလား “

“ျဖစ္ခ်င္တာေပါ့.. ျဖစ္ခ်င္တယ္..ျဖစ္ခ်င္တယ္.. ဟီး…”
ဘယ္လိုေျပာလိုက္တာလဲဇာတ္လိုက္ရယ္ မင္းနဲ႔သူငယ္ခ်င္းျဖစ္ခ်င္လို႔ တစ္ပိုင္းေသေနတဲ့သူပါကြာ..

“ဒါဆို..စီနီယာ လို႔မေခၚေတာ့နဲ႔..
အကိုဟန္ယြင္ လို႔ေခၚ..”

“ဗ်ာ…ဟုတ္..ဟုတ္ အကိုဟန္ယြင္ “

☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode

ကယ်ရီ မနက်ကျောင်းရောက်တော့ အခန်းထဲတွင်စာအုပ်ဖတ်နေစဉ်

” ဟေး.. မိုင် ဘရားသား…ငါ့ရဲ့အချစ်ကလေး မင်ရှီး “

“ကျန်းချန်.. မင်းဘာအရူးထနေတာလဲ..အာပြဲကြီးနဲ့…”

“ဒီနေ့တစ်ရက်တော့ပွစိပွစိမပြောပါနဲ့အချစ်ကလေးရယ်..ငါ့မွေးနေ့လေးမှာ စိတ်ပျော်ချင်လို့ပါ..။ ဒါနဲ့.. ဘယ်မလဲ ငါ့အတွက်လက်ဆောင် “

“ရော့..ရော့…
ကျောင်းရောက်တာနဲ့အတင်းဓားပြတိုက်သလိုတောင်းမယ်မှန်းသိလို့ပြင်ဆင်လာပါတယ် “ကယ်ရီလွယ်အိတ်ထဲမှဗူးလေးအားထုတ်ပေးလိုက်သည်..။

“ဟီး..အဲတာကြောင့်ချစ်တာ …
ဒါနဲ့ ညကျရင် ငါကလပ်ကိုလာခေါ်ရမှာလား”

“ဟမ်..ဘာကလပ်လဲ”

“ကြည့်..မင်းမေ့သွားပီ..
မင်းပြောတော့ ဒီညငါနဲ့ ပတ်လည်မယ်ဆို “

“အော်….ငါမမေ့ပါဘူးကွ
ငါကလပ်မှာမလုပ်တော့ဘူး..ကော်ဖီဆိုင်တစ်ဆိုင်မှလုပ်နေတာ..။အဲတာကြောင့်မင်းမေးတော့ကြောင်သွားတာ “

“ကောင်းတယ်..အဲ့ကလပ်ကထွက်လိုက်တာ..။ငါ့မှာ ငါ့သူငယ်ချင်းလေးဘယ်ချိန်ဆွဲစားခံရမလဲဆိုပီးစိတ်ပူနေရတာ “

“မင်းဘကြီးပဲဆွဲစားခံရမှာ..ငါနေ့လည်စာကြည့်တိုက်သွားမလို့ လိုက်အုံးမှာလား”

“မလိုက်တော့ဘူး… ငါ့ကောင်မလေးနဲ့ချိန်းထားလို့ “

“ပီးတာပဲ…..ငါတစ်ယောက်တည်းပဲသွားလိုက်တော့မယ် “

ကယ်ရီ ကျောင်းစာကြည့်တိုက်ရောက်တော့ စာအုပ်စဉ်သို့သွား၍ စာအုပ်များရှာဖွေနေသည်..။

System: “Host အခုထိမစ်ရှင်မလုပ်ရသေးဘူးနော်..တခြားHostတွေဆို မစ်ရှင်မြန်မြန်လုပ်ပီးမြန်မြန်တခြား ကမ္ဘာကိုပြောင်းကြတာ..။ Host အလှည့်ကြမှအေးဆေးကြီး “

” ချင်းချိုး ရန်ကရှောင်ရမယ်ပြောလို့ ငါသူနဲ့မတွေ့အောင်ရှောင်နေတယ်လေ..။ Hidden mission ကမရှာလဲရတယ်လေ..ဘာကိစ္စ လိုက်ရှာနေရမှာလဲ သိရမဲ့ကံပါရင်သိလိမ့်မယ်..။ ငါလောဘမကြီးပါဘူး..point တွေကိုဖြည်းဖြည်းပဲစုမယ်.. “

System: “လေးစားပါတယ် host ရယ်..အရမ်းကိုလေးစားပါတယ် 🌚
အဲတာဆိုဇာတ်လိုက်နဲ့သူငယ်ချင်းဖြစ်ရန်ဆိုတဲ့ မစ်ရှင်ကရော ပြောကြည့်ပါအုံး “

“အဲတာက အခွင့်ရေးမရသေးလို့ပါကွာ…ပြီးတော့ဇာတ်လိုက်ကိုစကားပြောရမှာကြောက်လို့”

System: “ဘယ်လို!!!Host မှာအခွင့်အရေးနှစ်ခါကြီးများတောင်ရခဲ့တယ်လေ..။ ဘောလုံးမှန်တုန်းကတစ်ခါ ကလပ်မှာတုန်းကတစ်ခါလေ..။ Host ပဲရှောင်ပြေးလာတာလေ “

“အဲ…အဲတာက…”

System :”ဂုဏ်ယူပါတယ်Host…
Hostရဲ့နောက်မှာ တတိယအခွင့်ရေးရောက်ရှိနေပါတယ်
မစ်ရှင်ကိုထမ်းဆောင်လိုက်ပါ “

ဟမ်!!!
ကယ်ရီနောက်လှည့်ကြည့်လိုက်တော့ ဇာတ်လိုက်…

“အာ…စီ..စီနီယာ မင်္ဂလာပါ “

“မင်ရှီး ပါလား..စာအုပ်လာရှာတာလား “

ကယ်ရီစိတ်ထဲတွင်တော့ ဇာတ်လိုက်တစ်ယောက် သူနာမည်ကိုဘယ်လိုသိနေလဲဆိုတာ စဥ်းစားနေမိရင်း
“ဟုတ်..ဟုတ် စီနီယာ “

“ကိုယ်လည်း စာအုပ်လာရှာတာ..မင်းကိုတွေ့လိုက်လို့ ..”

“ဟုတ်..စီနီယာ
လိုချင်တဲ့စာအုပ်ကော တွေ့ပီလား”

“အင်း ကိုယ်ရှာပီးသွားပီ
ဒါနဲ့ ကိုယ်တို့တစ်နေရာသွားပီးစကားလေးဘာလေးပြောရအောင်..မင်းကိုယ့်ကိုရှောင်ပြေးတာနှစ်ခါတောင်ရှိပီနော်..”

“အဲ့တုန်းကစိတ်မရှိပါနဲ့ စီနီယာ .. ကျွန်တော် တောင်းပန်ပါတယ် “

“အာ..မဟုတ်တာ..ကိုယ်ကဒီတိုင်းပဲပြောလိုက်တာပါ…ကျောင်းရှေ့ကဆိုင်မှာ ရေခဲမုန့်စားကောင်းတယ်..ကိုယ်လိုက်ဝယ်ကျွေးမယ်”

“ဗျာ..ရေခဲမုန့်..”

ကယ်ရီရေခဲမုန်အသံကြားတော့ မျက်လုံးကအရောင်တောက်လာသည်။ ကယ်ရီကရေခဲမုန့်ဆိုအရမ်းကြိုက်သည်..။ ဒူးရင်းအရသာက ကယ်ရီ့ အကြိုက်ဆုံးဖြစ်သည်.။

ဟန်ယွင် ရေခဲမုန့်သံကြားတော့ ရုတ်တရက် တောက်ပသွားတဲ့မျက်လုံးလေးကိုဖမ်းမိလိုက်သည်..။ ခပ်စွာစွာကောင်လေးဟု သတင်းကြားထားသော်လည်း မိမိမြင်နေရသည်မှာ လောကကြီးကိုကြောက်ရွံနေသော အသိုက်ထဲမှငှက်ပေါက်လေးနှယ်။

System: “Host…ကျွန်တော် update လုပ်စရာရှိလို့ နာရီဝက်လောက်ချိတ်ဆက်မှာရပ်သွားပါလိမ့်မယ်..”

“အင်း..အင်း ..ကိစ္စမရှိပါဘူး “

ကယ်ရီတို့နှစ်ယောက် ဆိုင်ရဲ့ထောင့် ပြတင်းပေါက် လေးရှိသောနေရာတွင်ထိုင်လိုက်သည်..။

“ဒါနဲ့ ကိုယ်တို့အခုထိ တရားဝင်မိတ်မဆက်ရသေးဘူးထင်တယ်..။ ပထမတစ်ခါတုန်းကလည်း ကိုယ်ပြန်မလာခင် မင်းကထွက်သွားတယ်..။ ဒုတိယတစ်ခါကျတော့လည်း ကိုယ်ပြန်ပြောတာတောင်မစောင့်ဘဲနဲ့ ထွက်သွားတယ်.. “

“ကျွန်တော်..ကျွန်တော် မရည်ရွယ်ပါဘူး… တောင်းပန်ပါတယ် စီနီယာ “
ဒီဇာတ်လိုက်ကလည်း..ဒါပဲထပ်ခါထပ်ခါပြောနေတယ်..။

“ဒါဆို….ကိုယ်တို့အခုသူငယ်ချင်းတွေဖြစ်သွားပီပေါ့နော်..”

“ဗျာ…သူငယ်ချင်း “

ကျေးဇူးတင်လိုက်တာဇာတ်လိုက်ရယ်..။ငါ့အစား မစ်ရှင်လုပ်ပေးလို့..ဘာမှမလုပ်ရဘဲနဲ့ မစ်ရှင်တစ်ခုကြီးများတောင်ပီးသွားပီကွ…ယေး…
ကယ်ရီစိတ်ထဲတွက်ပျော်ပွဲရွှင်ပွဲကျင်းပနေသည်။

ဟန်ယွင် မိမိရှေ့တွင် တွေဝေနေသောကောင်လေးအား ကြည့်ကာ..သူကငါနဲ့သူငယ်ချင်းမလုပ်ချင်တာများလား… ။

” ဘာလဲ….ကိုယ်နဲ့သူငယ်ချင်းမဖြစ်ချင်ဘူးလား “

“ဖြစ်ချင်တာပေါ့.. ဖြစ်ချင်တယ်..ဖြစ်ချင်တယ်.. ဟီး…”
ဘယ်လိုပြောလိုက်တာလဲဇာတ်လိုက်ရယ် မင်းနဲ့သူငယ်ချင်းဖြစ်ချင်လို့ တစ်ပိုင်းသေနေတဲ့သူပါကွာ..

“ဒါဆို..စီနီယာ လို့မခေါ်တော့နဲ့..
အကိုဟန်ယွင် လို့ခေါ်..”

“ဗျာ…ဟုတ်..ဟုတ် အကိုဟန်ယွင် “

☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 1.7(မင္႐ွီး), novel System 286 (On Going) Arc 1.7(မင္႐ွီး), read System 286 (On Going) Arc 1.7(မင္႐ွီး) online, System 286 (On Going) Arc 1.7(မင္႐ွီး) chapter, System 286 (On Going) Arc 1.7(မင္႐ွီး) high quality, System 286 (On Going) Arc 1.7(မင္႐ွီး) light novel, ,

Comment

Leave a Reply

Chapter 9