System 286 (On Going) Arc 1.9(မင္႐ွီး)

All chapters are in System 286 (On Going)
A+ A-

Zawgyi

“မင္႐ွီး ငါဒီမွာ….”
ဆိုင္ေ႐ွ႕ကားလမ္းတြင္ရပ္ထားေသာ ၿပိဳင္ကားအနီေလးထဲမွ သာလိကာေကာင္က်န္းခ်န္..။

ကယ္ရီလည္းကားဆီသို့ေလ်ွာက္သြားရင္း ” မင္းက ၿပိဳင္ကားေတြဘာေတြနဲ႔ပါလား..”

“အထင္ႀကီးမေနနဲ႔..ငါ့ေကာင္ေရ ဒီကားကို ငါ့အကိုဆီကေန ပတ္လည္ခ်င္လို႔ပါလို႔ေျပာပီး ေတာင္းေတာင္းပန္ပန္နဲ႔ငွါးလာခဲ့ရတာ “

“မင္းအကိုက ဘယ္ဆိုးလို႔လဲကြ”

“ဒါေပါ့…. ငါ့အကိုကငါ့ကိုအရမ္းခ်စ္တာ..ကဲ..သားႀကီး… ငါတို႔ဒိုးမယ္ “

ကယ္ရီတို႔ႏွစ္ေယာက္ ေဟာ့ေပါ့သြားစားၾကသည္..။ ပီးေနာက္ ျမိဳ ႔ထဲတြင္ကားပတ္ေမာင္းသည္…။ က်န္းခ်န္ တစ္ေယာက္သူ႔အကိုျပိဳင္ကားကိုေမာင္းရတာေတာ္ေတာ္ေပ်ာ္ေနပံုရသည္..။

“မင္႐ွီး…ငါတို႔သြားေသာက္ၾကမလား..”

“ဘာ..မင္းကေသာက္တတ္လို႔လား.”
ဒီကေလးသာသာ႐ုပ္ကေလးနဲ႔ သြားေသာက္မလားလို႔ေမးေတာ့ ကယ္ရီအံ့ျသသြားသည္..။

“တစ္ခါတစ္ေလ မွပါကြ..ငါ့အကိုနဲ႔ေသာက္တာ…မင္းေရာ ေသာက္တတ္လား..”

“တစ္ခါမွကိုမေသာက္ဖူးတာ “

“ဒါဆို..အေတာ္ပဲ..သူငယ္ခ်င္းေကာင္းတစ္ေယာက္အေနနဲ႔ မင္းကိုသင္ေပးဖို႔ ငါ့မွာတာဝန္အျပည့္႐ွိတယ္ “

“ေအာ္….”

ကယ္ရီ က်န္းခ်န္အား ျငင္းေနရင္းနဲ႔ ဆိုင္ထဲသို႔ပင္ေရာက္လာခဲ့သည္..။ ေခ်ာင္က်ေသာေထာင့္နားေလးတြင္ကယ္ရီတို႔ဝင္ထိုင္လိုက္သည္..။

က်န္းခ်န္ ကယ္ရီအားတစ္ခြက္ငွဲ႔ေပးလိုက္သည္..
“ေရာ့…ေသာက္ၾကည့္..”

“ဘယ္လိုေသာက္ရမွာလဲ”ကယ္ရီအူလည္လည္ျဖင့္ျပန္ေမးလိုက္သည္..

“စိတ္ညစ္တယ္….ပါးစပ္နဲ႔ေသာက္ေပါ့ကြ.. ဒီလို…ဒီလို..႐ွင္းလား ” က်န္းခ်န္ တစ္ခြက္ေမာ့ေသာက္ျပလိုက္သည္..။

ကယ္ရီ ခြက္ထဲသို႔လ်ွာေလးနဲ႔အရင္တို႔ၾကည့္လိုက္သည္…(႐ွင္ကေခြးမလို႔လား)
“ဖြီး….မင္းဟာႀကီးကခါးလိုက္တာ”

“ပထမတစ္ခြက္ပဲခါးတာ…ေနာက္တစ္ခြက္ဆိုမခါးေတာ့ဘူး..”

“အဲတာဆို..ဒီတစ္ခြက္ငါမေသာက္ေတာ့ဘူး…ေနာက္တစ္ခြက္ထပ္ေပး “

System: [Hostဆိုသည္မွာလည္း]

က်န္းခ်န္: ………

“ေဟ့ေကာင္..မင္မေသာက္ရေသးဘဲနဲ႔လာရစ္ေနတာလား…အဲ့ခြက္ျမန္ျမန္ေသာက္လိုက္ေတာ့ “

ကယ္ရီေဆးအတင္းတိုက္ခံရေသာကေလးလို႔မ်က္ႏွာငယ္ေလးႏွင့္ ႏွာေခါင္းႀကီးကိုလက္ျဖင့္ပိတ္ကာ ေသာက္လိုက္သည္..။

“အဟြတ္…အဟြတ္.. အားပူလိုက္တာ..” ကယ္ရီေရခဲခြက္ထဲမွ ေရခဲတံုးမ်ားအျမန္ေကာက္ဝါးလိုက္သည္..

“လာ..ေနာက္တစ္ခြက္ “

“ေတာ္ပီကြာ.. မေသာက္ခ်င္ေတာ့ဘူး…ပူလည္းပူတယ္..ခါးလည္းခါးတယ္ “

“မရဘူး…ေနာက္တစ္ခြက္ထပ္ေသာက္..ငါက သူငယ္ခ်င္းေကာင္းပီသစြာနဲ႔ မင္းကိုအရက္ေသာက္နည္းသင္ေပးေနတာေနာ္..”

ထိုခ်ိန္ကယ္ရီတို႔ဝိုင္းေဘးသို႔ လူတစ္ေယာက္ဝင္ထိုင္လိုက္သည္…

“ဟာ..အကိုခ်င္းခ်ိဳး…တစ္ေယာက္တည္းလား ” က်န္းခ်န္ႏႈတ္ဆက္လိုက္သည္..။ ကယ္ရီကေတာ့ေခါင္းႀကီးငံု႔ထားသည္..။

“ကံမ်ားေကာင္းပံုကေတာ့ ဒီေလာက္ေ႐ွာင္ေနတဲ့ဗီလိန္ေကာင္နဲ႔လာတိုးေနတယ္..သူကဒီကိုဘယ္လိုလုပ္ေရာက္လာတာတုန္း”

System: “Host ကြၽန္ေတာ္လည္းဘယ္သိမလဲ..”

“ဟုတ္တယ္..တစ္ေယာက္တည္း.. ” တကယ္ေတာ့ခ်င္းခ်ိဳးလူတစ္ေယာက္ႏွင့္ခ်ိန္းထားျခင္းျဖစ္သည္..။ တစ္ဖက္ကမအားသျဖင့္ တစ္ေယာက္တည္းေသာက္မည္ဟုၾကံေနျခင္းျဖစ္သည္..။

“ကိုယ္မင္းတို႔ဝိုင္းကိုလာလို႔ရတယ္မလား..”

“ရတာေပါ့… လာ..လာလို႔ရပါတယ္..
ဒီဝိုင္းမွာ ကြၽန္ေတာ္နဲ႔ မင္႐ွီးပဲ႐ွိတယ္”

ခ်င္းခ်ိဳး အစကအစီစဥ္မ႐ွိေပမဲ့ မိမိကိုမျမင္ခ်င္ေယာင္ေဆာင္၍ ေခါင္းႀကီးငံု့ထားေတာ့ မင္႐ွီးကို စိတ္ဝင္စားေသာေၾကာင့္ျဖစ္သည္..။ အခုတေလာ မင္႐ွီးဆိုတဲ့ေကာင္ေလးသည္ မိမိကိုေတြ႔သည္ႏွင့္ ေခါင္းႀကီးငံု႔ကာေ႐ွာင္သြားေလ့႐ွိသည္..။

“ဒီသာလိကာေကာင္ကေတာ့ဘာကိစၥ ဗီလိန္ေကာင္ကိုအတူထိုင္ဖို႔ေခၚရတာလဲ…စိတ္ညစ္လိုက္တာ…”

System: “Host ကလည္း စိတ္ညစ္မေနပါနဲ႔..။ Host သာရန္မ႐ွာရင္ျဖစ္ပါတယ္..”

“ရန္႐ွာရေအာင္ ငါကလူမိုက္မွမဟုတ္တာ”

System:”မူလမင္႐ွီးတုန္းက ဇာတ္လိုက္မေ႐ွ႕ကာစီးကာစီနဲ႔ရန္ေထာင္လို႔ ျဖစ္တာေလ..Hostက အခုလိမၼာေနတာမလား…ဘာမွမျဖစ္ေလာက္ပါဘူး “

ကယ္ရီလည္း ေယာင္ေယာင္ရမ္းရမ္းနဲ႔ က်န္း႐ွန္းငွဲ႔ေပးထားေသာခြက္ကိုေမာ့ေသာက္လိုက္သည္..။

“ဖြီး….အဟြတ္..အဟြတ္..”

“ေဟ့ေကာင္ မင္႐ွီး ရလား..
ေရာ့..ေရာ..ေရေသာက္” က်န္းခ်န္ ေရတစ္ခြက္လွမ္းေပးလိုက္သည္..။

“ကယ္….ဒုတိယခြက္လည္းဝင္သြားပီဆိုေတာ့…တတိယခြက္..”

ကယ္ရီ: 🙂

☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode

1.9

“မင်ရှီး ငါဒီမှာ….”
ဆိုင်ရှေ့ကားလမ်းတွင်ရပ်ထားသော ပြိုင်ကားအနီလေးထဲမှ သာလိကာကောင်ကျန်းချန်..။

ကယ်ရီလည်းကားဆီသို့လျှောက်သွားရင်း ” မင်းက ပြိုင်ကားတွေဘာတွေနဲ့ပါလား..”

“အထင်ကြီးမနေနဲ့..ငါ့ကောင်ရေ ဒီကားကို ငါ့အကိုဆီကနေ ပတ်လည်ချင်လို့ပါလို့ပြောပီး တောင်းတောင်းပန်ပန်နဲ့ငှါးလာခဲ့ရတာ “

“မင်းအကိုက ဘယ်ဆိုးလို့လဲကွ”

“ဒါပေါ့…. ငါ့အကိုကငါ့ကိုအရမ်းချစ်တာ..ကဲ..သားကြီး… ငါတို့ဒိုးမယ် “

ကယ်ရီတို့နှစ်ယောက် ဟော့ပေါ့သွားစားကြသည်..။ ပီးနောက် မြို့ထဲတွင်ကားပတ်မောင်းသည်…။ ကျန်းချန် တစ်ယောက်သူ့အကိုပြိုင်ကားကိုမောင်းရတာတော်တော်ပျော်နေပုံရသည်..။

“မင်ရှီး…ငါတို့သွားသောက်ကြမလား..”

“ဘာ..မင်းကသောက်တတ်လို့လား.”
ဒီကလေးသာသာရုပ်ကလေးနဲ့ သွားသောက်မလားလို့မေးတော့ ကယ်ရီအံ့သြသွားသည်..။

“တစ်ခါတစ်လေ မှပါကွ..ငါ့အကိုနဲ့သောက်တာ…မင်းရော သောက်တတ်လား..”

“တစ်ခါမှကိုမသောက်ဖူးတာ “

“ဒါဆို..အတော်ပဲ..သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ မင်းကိုသင်ပေးဖို့ ငါ့မှာတာဝန်အပြည့်ရှိတယ် “

“အော်….”

ကယ်ရီ ကျန်းချန်အား ငြင်းနေရင်းနဲ့ ဆိုင်ထဲသို့ပင်ရောက်လာခဲ့သည်..။ ချောင်ကျသောထောင့်နားလေးတွင်ကယ်ရီတို့ဝင်ထိုင်လိုက်သည်..။

ကျန်းချန် ကယ်ရီအားတစ်ခွက်ငှဲ့ပေးလိုက်ကာ..
“ရော့…သောက်ကြည့်..”

“ဘယ်လိုသောက်ရမှာလဲ”ကယ်ရီအူလည်လည်ဖြင့်ပြန်မေးလိုက်သည်..

“စိတ်ညစ်တယ်….ပါးစပ်နဲ့သောက်ပေါ့ကွ.. ဒီလို…ဒီလို..ရှင်းလား ” ကျန်းချန် တစ်ခွက်မော့သောက်ပြလိုက်သည်..။

ကယ်ရီ ခွက်ထဲသို့လျှာလေးနဲ့အရင်တို့ကြည့်လိုက်သည်…
“ဖွီး….မင်းဟာကြီးကခါးလိုက်တာ”

“ပထမတစ်ခွက်ပဲခါးတာ…နောက်တစ်ခွက်ဆိုမခါးတော့ဘူး..”

“အဲတာဆို..ဒီတစ်ခွက်ငါမသောက်တော့ဘူး…နောက်တစ်ခွက်ထပ်ပေး “

System: [Hostဆိုသည်မှာလည်း]

ကျန်းချန်: ………

“ဟေ့ကောင်..မင်မသောက်ရသေးဘဲနဲ့လာရစ်နေတာလား…အဲ့ခွက်မြန်မြန်သောက်လိုက်တော့ “

ကယ်ရီဆေးအတင်းတိုက်ခံရသောကလေးလို့မျက်နှာငယ်လေးနှင့် နှာခေါင်းကြီးကိုလက်ဖြင့်ပိတ်ကာ သောက်လိုက်သည်..။

“အဟွတ်…အဟွတ်.. အားပူလိုက်တာ..” ကယ်ရီရေခဲခွက်ထဲမှ ရေခဲတုံးများအမြန်ကောက်ဝါးလိုက်သည်..

“လာ..နောက်တစ်ခွက် “

“တော်ပီကွာ.. မသောက်ချင်တော့ဘူး…ပူလည်းပူတယ်..ခါးလည်းခါးတယ် “

“မရဘူး…နောက်တစ်ခွက်ထပ်သောက်..ငါက သူငယ်ချင်းကောင်းပီသစွာနဲ့ မင်းကိုအရက်သောက်နည်းသင်ပေးနေတာနော်..”

ထိုချိန်ကယ်ရီတို့ဝိုင်းဘေးသို့ လူတစ်ယောက်ဝင်ထိုင်လိုက်သည်…

“ဟာ..အကိုချင်းချိုး…တစ်ယောက်တည်းလား ” ကျန်းချန်နှုတ်ဆက်လိုက်သည်..။ ကယ်ရီကတော့ခေါင်းကြီးငုံ့ထားသည်..။

“ကံများကောင်းပုံကတော့ ဒီလောက်ရှောင်နေတဲ့ဗီလိန်ကောင်နဲ့လာတိုးနေတယ်..သူကဒီကိုဘယ်လိုလုပ်ရောက်လာတာတုန်း”

System: “Host ကျွန်တော်လည်းဘယ်သိမလဲ..”

“ဟုတ်တယ်..တစ်ယောက်တည်း.. ” တကယ်တော့ချင်းချိုးလူတစ်ယောက်နှင့်ချိန်းထားခြင်းဖြစ်သည်..။ တစ်ဖက်ကမအားသဖြင့် တစ်ယောက်တည်းသောက်မည်ဟုကြံနေခြင်းဖြစ်သည်..။

“ကိုယ်မင်းတို့ဝိုင်းကိုလာလို့ရတယ်မလား..”

“ရတာပေါ့… လာ..လာလို့ရပါတယ်..
ဒီဝိုင်းမှာ ကျွန်တော်နဲ့ မင်ရှီးပဲရှိတယ်”

ချင်းချိုး အစကအစီစဉ်မရှိပေမဲ့ မိမိကိုမမြင်ချင်ယောင်ဆောင်၍ ခေါင်းကြီးငုံ့ထားတော့ မင်ရှီးကို စိတ်ဝင်စားသောကြောင့်ဖြစ်သည်..။ အခုတလော မင်ရှီးဆိုတဲ့ကောင်လေးသည် မိမိကိုတွေ့သည်နှင့် ခေါင်းကြီးငုံ့ကာရှောင်သွားလေ့ရှိသည်..။

“ဒီသာလိကာကောင်ကတော့ဘာကိစ္စ ဗီလိန်ကောင်ကိုအတူထိုင်ဖို့ခေါ်ရတာလဲ…စိတ်ညစ်လိုက်တာ…”

System: “Host ကလည်း စိတ်ညစ်မနေပါနဲ့..။ Host သာရန်မရှာရင်ဖြစ်ပါတယ်..”

“ရန်ရှာရအောင် ငါကလူမိုက်မှမဟုတ်တာ”

System:”မူလမင်ရှီးတုန်းက ဇာတ်လိုက်မရှေ့ကာစီးကာစီနဲ့ရန်ထောင်လို့ ဖြစ်တာလေ..Hostက အခုလိမ္မာနေတာမလား…ဘာမှမဖြစ်လောက်ပါဘူး “

ကယ်ရီလည်း ယောင်ယောင်ရမ်းရမ်းနဲ့ ကျန်းရှန်းငှဲ့ပေးထားသောခွက်ကိုမော့သောက်လိုက်သည်..။

“ဖွီး….အဟွတ်..အဟွတ်..”

“ဟေ့ကောင် မင်ရှီး ရလား..
ရော့..ရော..ရေသောက်” ကျန်းချန် ရေတစ်ခွက်လှမ်းပေးလိုက်သည်..။

“ကယ်….ဒုတိယခွက်လည်းဝင်သွားပီဆိုတော့…တတိယခွက်..”

ကယ်ရီ: 🙂

☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 1.9(မင္႐ွီး), novel System 286 (On Going) Arc 1.9(မင္႐ွီး), read System 286 (On Going) Arc 1.9(မင္႐ွီး) online, System 286 (On Going) Arc 1.9(မင္႐ွီး) chapter, System 286 (On Going) Arc 1.9(မင္႐ွီး) high quality, System 286 (On Going) Arc 1.9(မင္႐ွီး) light novel, ,

Comment

Leave a Reply

Chapter 11