System 286 (On Going) Arc 1.14(မင္႐ွီး)

All chapters are in System 286 (On Going)
A+ A-

Zawgyi
“ဒါမင္းေနရမဲ့အခန္းပဲ…အဆင္မေျပတာရွိရင္ကိုယ့္ကိုေျပာေနာ္ “

“ဟုတ္…ေက်းဇူးတင္ပါတယ္ အကိုဟန္ယြင္ “

“ကိစၥမရွိပါဘူး… အိမ္အေနာက္ဖက္မွာ ဥယ်ာဥ္ရွိတယ္..အိမ္ထဲမွာေနရတာပ်င္းရင္ ဥယ်ာဥ္ထဲသြားလို႔ရတယ္…ကိုယ္အလုပ္ကိစၥေလးရွိလို႔ အျပင္သြားလိုက္အုံးမယ္ေနာ္..”

“ရပါတယ္ ကြၽန္ေတာ့္ကိုအားနာစရာမလိုပါဘူး အကိုသြားစရာရွိတာသာသြားပါ”

ဟန္ယြင္ ထြက္သြားေတာ့မွ ကယ္ရီအခန္းကိုပတ္ၾကည့္မိသည္…ဧည့္သည္ခန္းသာဆိုသည္ ျပင္ဆင္ထားသည္မွာလည္းစနစ္တက် ၾကည့္ရတာဇာတ္လိုက္က ဧည့္ဝတ္ေက် တဲ့အိမ္ရွင္ျဖစ္ပုံေပၚသည္..ေရခ်ိဳးခန္းကလည္း မိမိမူလဘဝကငွါးေနခဲ့ေသာအခန္းအက်ယ္ေလာက္ရွိသည္..။ S group ရဲ႕ဆက္ခံသူဆိုသည့္အတိုင္း ေတာ္ေတာ္ခ်မ္းသာပုံရသည္..။ ကယ္ရီေန႕လည္စာစားပီးသည္ထိလည္း ဟန္ယြင္ျပန္မေရာက္ေသး..။ ကယ္ရီလည္း ပ်င္းတာနဲ႕ အေနာက္ဖက္က ဥယ်ာဥ္သို႔သြားလိုက္သည္…။

“System… ၾကည့္ပါအုံး ေ႐ႊငါးေလးေတြအမ်ားႀကီးပဲ..လွလိုက္တာ “

System: “Hostေစာန ငါးေပါင္းနဲ႕ထမင္းစားလာတာေရာမွတ္မိလား “

“ရႉး….ငါးေလးေတြၾကားကုန္မယ္…..အယ္..ဟိုမွာအသီးေတြအမ်ားႀကီးပဲ “
ကယ္ရီသစ္သီးေတြစိုက္ထားတဲ့ေနရာသို႔အတင္းေျပးသြားသည္..

“System… ငါခူးစားလိုက္ရင္ ဇာတ္လိုက္ကစိတ္ဆိုးေလာက္လား”

System: “ဇာတ္လိုက္က Hostကို ေလွ်ာက္ၾကည့္လို႔ရတယ္လို႔ေျပာတာလား ေလွ်ာက္ခူးစားလို႔ရတယ္လို႔ေျပာတာလား..သူမ်ားအျမတ္တနိုးစိုက္ထားတာေတြကိုဖ်က္လိုဖ်က္ဆီးစိတ္ေတြမထားစမ္းပါနဲ႕Hostရယ္..”

ထိုစဥ္ ကယ္ရီနားသို႔ဦးေလးႀကီးတစ္ေယာက္ေရာက္လာသည္
“ဒီက သခင္ေလးရဲ႕ဧည့္သည္ထင္တယ္..”

“ဟုတ္ကဲ့…ကြၽန္ေတာ့နာမည္မင္ရွီးပါ
အကိုဟန္ယြင္ရဲ႕ဂ်ဴနီယာပါ
ေတြ႕ရတာဝမ္းသာပါတယ္ ” ကယ္ရီႏႈတ္ဆက္လိုက္သည္..

“ဦးေလးက ဒီအိမ္ရဲ႕အိမ္​ေတာ္ထိန္းပါ
သခင္ေလးက အိမ္ကိုဧည့္သည္ေခၚလာေလ့မရွိဘူးကြဲ႕..ငါ့တူကိုေတာ္ေတာ္ခင္ပုံရတယ္..”

ကယ္ရီထိုဦးေလးႀကီးအားအသီးေတြခူးစားလို႔ရလားေမးခ်င္ေသာ္လည္း မေမးရဲ..

System: “စားက်ေတာ့စားခ်င္တယ္ေျပာေတာ့မေျပာရဲဘူး “

ကယ္ရီဥယ်ာဥ္ထဲေလွ်ာက္ၾကည့္ပီးညေနေစာင္းေတာ့မွအိမ္ထဲျပန္လာခဲ့သည္..။ညေရာက္သည္အထိလည္းဇာတ္လိုက္ျပန္မလာေသး..

“ဇာတ္လိုက္ကအခုထိဘာလို႔ျပန္မလာေသးတာလဲ ေမွာင္ေနၿပီ… အိမ္မွာဧည့္သည္ရွိတာေရာသတိရေသးလားမသိဘူး “

System: “Hostကိုေၾကာက္လို႔ေနမွာေပါ့”

ကယ္ရီလည္းဘုကလန႔္ေျပာေနေသာSystemစုတ္အားျပန္ေျပာခ်င္စိတ္မရွိေတာ့သျဖင့္ေရခ်ိဳးပီးအိပ္ယာဝင္လိုက္သည္..

ဟန္ယြင္တစ္ေယာက္အိမ္သို႔ ေတာ္ေတာ္ေနာက္က်မွျပန္လာခဲ့သည္..။ မိမိအိမ္တြင္ေရာက္ေနသည့္ တစ္ေယာက္ေသာသူကိုအားနာမိေသာ္လည္း ခ်စ္ရေသာသူ အႏၱရာယ္ကင္းေစဖို႔ရွင္းလင္းသင့္တာမ်ားကို ရွင္းလင္းထားရမည္မဟုတ္ပါလား..

ဒီခ်ိန္ဆိုသူေလးအိပ္သြားေလာက္ပီထင္တယ္..အခန္းထဲဝင္ၾကည့္လိုက္ေတာ့ ေစာင္ေတြကိုကန္ထုတ္ထားကာေကြးေကြးေလးအိပ္ေနေသာမိမိ၏မွန္ေၾကာင္ေလး..။ေရခ်ိဳးထားေသာေၾကာင့္ဆပ္ျပာအနံ႕ေလးမ်ားသင္းေနသည္..။ အေအးမိမည္စိုးသျဖင့္ေစာင္ၿခဳံေပးကာ မ်က္ႏွာေလးအားအနီးကပ္ၾကည့္မိေတာ့ ရွည္ေကာ့ေနေသာမ်က္ေတာင္ေလးမ်ားသာျမင္ရသည္..မိမိသေဘာက်ရပါေသာမ်က္လုံးဝိုင္းဝိုင္းေလးမ်ားမေတြ႕ရ..ပါးေလးကိုထိမိေသာအခါ ခံစားလိုက္ရသည္က ႏူးညံ့ျခင္း…ေယာက္်ားတစ္ေယာက္မွာဒီလိုႏူးညံ့ေသာအသားရည္ရွိေနသည္မွာျဖစ္နိုင္ရဲ႕လား..မိမိကေရာဘာလို႔ေယာက္်ားတစ္ေယာက္ကိုမွခ်စ္မိခဲ့တာလဲ..အေတြးေတြ ရင္ခုန္သံေတြကို ထိန္းခ်ဳပ္ရင္းႏႈတ္ခမ္းပါးဆီသို႔အၾကည့္ေရာက္မိေတာ့ မိမိဆြဲငင္ေနသလို…ထိုဆြဲငင္မႈမွ႐ုန္းထြက္ရန္ႀကိဳးစားေသာ္လည္း က်ရႈံးကာ မိမိႏႈတ္ခမ္းမ်ားသည္ ထိုအနီေရာင္ႏႈတ္ခမ္းပါးမ်ားထံသို႔…………

မနက္မိုးလင္းေတာ့ ကယ္ရီမ်က္ႏွာသစ္ရင္း…

“အ့…..ငါ့ႏႈတ္ခမ္းကဘာလို႔ေပါက္နတာလဲ..”

System :”ညဖက္ႀကီးေရခ်ိဳးလိုက္လို႔ အပူကန္တာေနမယ္..”

ကယ္ရီႏႈတ္ခမ္းကဒဏ္ရာေၾကာင့္ မ်က္ႏွာျဖည္းျဖည္းသစ္ၿပီးေနာက္ မနက္စာစားရန္ေအာက္ထပ္သို႔ဆင္းလာခဲ့သည္…။ ေအာက္ထပ္ထမင္းစားပြဲတြင္ သူ႕ကိုသတင္းစာဖတ္ရင္းေစာင့္ေနပါေသာဟန္ယြင္

“ေမာနင္း..မင္ရွီး..ညကေကာင္းေကာင္းအိပ္ေပ်ာ္လား…ေစာတီးေနာ္မေန႕ကကိစၥေလးေတြရွိလို႔အိမ္ျပန္ေနာက္က်သြားတာ”

“ရပါတယ္အကိုရယ္..အားနာစရာမလိုပါဘူး…ကြၽန္ေတာ္ကသာျပန္အားနာရမွာပါ…အကိုကကြၽန္ေတာ့ကိုကူညီပီးေနစရာေပးထားတာေလ”

“ကယ္….မနက္စာျပင္ထားတယ္..စားရေအာင္..”

“ဟုတ္ အကိုဟန္ယြင္ ” ကယ္ရီေကာ္ဖီေသာက္ရင္း “အ့”

“မင္ရွီး ….ဘာျဖစ္တာလဲ… ေကာ္ဖီကပူလို႔လား…အရမ္းပူသြားလား”

“မဟုတ္ပါဘူး ကြၽန္ေတာ့ႏႈတ္ခမ္းအပူကန္ၿပီးအနာျဖစ္ေနလို..ေကာ္ဖီနဲ႕ထိေတာ့နဲနဲစပ္သြားတာ…”

ကယ္ရီ အေျဖကိုၾကားေတာ့ ဟန္ယြင္ ၿပဳံးစိစိ ျဖစ္သြားသည္…ညကမိမိလည္းအူယားလြန္းသျဖင့္ ကိုက္မိလိုက္သည္…ထို႔ေနာက္အမူရာျပန္ထိန္းရင္း႐ုပ္တည္ျဖင့္

“ဟုတ္လား ဂ႐ုစိုက္ေလကြာ…
ခဏေနရင္ကိုယ္ေဆးထည့္ေပးမယ္ေနာ္..”

“ဒါနဲ႕အေနာက္ဖက္က ဥယ်ာဥ္ ထဲမွာအသီးေတြေတာ္ေတာ္စုံတယ္ေနာ္..ဥယ်ာဥ္ဆိုလို႔ကြၽန္ေတာ္က ပန္းေတြနဲ႕ျပည့္ေနမယ္ထင္ထားတာ..”

“မင္းသေဘာမက်ဘဴးလား”

“ဟာအကိုကလည္း…သေဘာက်တာေပါ့…ပန္းေတြကအလွၾကည့္လို႔ပဲရတာ..အသီးေတြကစားလို႔ရတယ္ေလ”

“ဟုတ္လား…မင္းသေဘာက်လိဳ႕ေတာ္ပါေသးတယ္..ဥယ်ာဥ္ထဲကအသီးေတြမင္းစိတ္ႀကိဳက္စားလို႔ရတယ္ေနာ္..ကိုယ့္ကိုအားနာစရာမလိုဘူး ”

“ဗ်ာ..တကယ္လား..အမွန္ေတာ့မေန႕ကတည္းကကြၽန္ေတာ္ကခူးစားခ်င္ေနတာ..အကို႔ကိုအားနာလို႔..ဟီး..”

“စားပါဗ်ာ..စားပါ..
တစ္ၿခံလုံးစားလဲကိုယ္စိတ္မဆိုးဘူး “
အစားေသာက္နဲ႕ပတ္သတ္သည့္အသံၾကား၍ မ်က္လုံးေလးအေရာင္ေတာက္ေတာက္သြားသည့္ မိမိေရွ႕မွမွန္ေၾကာင္ေလးအား တစ္ေန႕ထက္တစ္ေန႕ ပိုပိုင္ဆိုင္ခ်င္လာမိသည္..

☄☄☄☄☄☄☄☄☄☄☄☄☄☄☄
A/N-ဒီေန႕ view 10Kျဖစ္သြားလို႔ကိုယ္အရမ္းေပ်ာ္တယ္ 💗💗
ကိုယ့္ရဲ႕မေကာင္းမကန္းficေလးကိုဖတ္ေပးတဲ့ဒါဒါတစ္ေယာက္စီတိုင္းကိုအရမ္းခ်စ္တယ္ေနာ္ 😘💗

☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode

“ဒါမင်းနေရမဲ့အခန်းပဲ…အဆင်မပြေတာရှိရင်ကိုယ့်ကိုပြောနော် “

“ဟုတ်…ကျေးဇူးတင်ပါတယ် အကိုဟန်ယွင် “

“ကိစ္စမရှိပါဘူး… အိမ်အနောက်ဖက်မှာ ဥယျာဉ်ရှိတယ်..အိမ်ထဲမှာနေရတာပျင်းရင် ဥယျာဉ်ထဲသွားလို့ရတယ်…ကိုယ်အလုပ်ကိစ္စလေးရှိလို့ အပြင်သွားလိုက်အုံးမယ်နော်..”

“ရပါတယ် ကျွန်တော့်ကိုအားနာစရာမလိုပါဘူး အကိုသွားစရာရှိတာသာသွားပါ”

ဟန်ယွင် ထွက်သွားတော့မှ ကယ်ရီအခန်းကိုပတ်ကြည့်မိသည်…ဧည့်သည်ခန်းသာဆိုသည် ပြင်ဆင်ထားသည်မှာလည်းစနစ်တကျ ကြည့်ရတာဇာတ်လိုက်က ဧည့်ဝတ်ကျေ တဲ့အိမ်ရှင်ဖြစ်ပုံပေါ်သည်..ရေချိုးခန်းကလည်း မိမိမူလဘဝကငှါးနေခဲ့သောအခန်းအကျယ်လောက်ရှိသည်..။ S group ရဲ့ဆက်ခံသူဆိုသည့်အတိုင်း တော်တော်ချမ်းသာပုံရသည်..။ ကယ်ရီနေ့လည်စာစားပီးသည်ထိလည်း ဟန်ယွင်ပြန်မရောက်သေး..။ ကယ်ရီလည်း ပျင်းတာနဲ့ အနောက်ဖက်က ဥယျာဉ်သို့သွားလိုက်သည်…။

“System… ကြည့်ပါအုံး ရွှေငါးလေးတွေအများကြီးပဲ..လှလိုက်တာ “

System: “Hostစောန ငါးပေါင်းနဲ့ထမင်းစားလာတာရောမှတ်မိလား “

“ရှူး….ငါးလေးတွေကြားကုန်မယ်…..အယ်..ဟိုမှာအသီးတွေအများကြီးပဲ “
ကယ်ရီသစ်သီးတွေစိုက်ထားတဲ့နေရာသို့အတင်းပြေးသွားသည်..

“System… ငါခူးစားလိုက်ရင် ဇာတ်လိုက်ကစိတ်ဆိုးလောက်လား”

System: “ဇာတ်လိုက်က Hostကို လျှောက်ကြည့်လို့ရတယ်လို့ပြောတာလား လျှောက်ခူးစားလို့ရတယ်လို့ပြောတာလား..သူများအမြတ်တနိုးစိုက်ထားတာတွေကိုဖျက်လိုဖျက်ဆီးစိတ်တွေမထားစမ်းပါနဲ့Hostရယ်..”

ထိုစဉ် ကယ်ရီနားသို့ဦးလေးကြီးတစ်ယောက်ရောက်လာသည်
“ဒီက သခင်လေးရဲ့ဧည့်သည်ထင်တယ်..”

“ဟုတ်ကဲ့…ကျွန်တော့နာမည်မင်ရှီးပါ
အကိုဟန်ယွင်ရဲ့ဂျူနီယာပါ
တွေ့ရတာဝမ်းသာပါတယ် ” ကယ်ရီနှုတ်ဆက်လိုက်သည်..

“ဦးလေးက ဒီအိမ်ရဲ့အိမ်​တော်ထိန်းပါ
သခင်လေးက အိမ်ကိုဧည့်သည်ခေါ်လာလေ့မရှိဘူးကွဲ့..ငါ့တူကိုတော်တော်ခင်ပုံရတယ်..”

ကယ်ရီထိုဦးလေးကြီးအားအသီးတွေခူးစားလို့ရလားမေးချင်သော်လည်း မမေးရဲ..

System: “စားကျတော့စားချင်တယ်ပြောတော့မပြောရဲဘူး “

ကယ်ရီဥယျာဉ်ထဲလျှောက်ကြည့်ပီးညနေစောင်းတော့မှအိမ်ထဲပြန်လာခဲ့သည်..။ညရောက်သည်အထိလည်းဇာတ်လိုက်ပြန်မလာသေး..

“ဇာတ်လိုက်ကအခုထိဘာလို့ပြန်မလာသေးတာလဲ မှောင်နေပြီ… အိမ်မှာဧည့်သည်ရှိတာရောသတိရသေးလားမသိဘူး “

System: “Hostကိုကြောက်လို့နေမှာပေါ့”

ကယ်ရီလည်းဘုကလန့်ပြောနေသောSystemစုတ်အားပြန်ပြောချင်စိတ်မရှိတော့သဖြင့်ရေချိုးပီးအိပ်ယာဝင်လိုက်သည်..

ဟန်ယွင်တစ်ယောက်အိမ်သို့ တော်တော်နောက်ကျမှပြန်လာခဲ့သည်..။ မိမိအိမ်တွင်ရောက်နေသည့် တစ်ယောက်သောသူကိုအားနာမိသော်လည်း ချစ်ရသောသူ အန္တရာယ်ကင်းစေဖို့ရှင်းလင်းသင့်တာများကို ရှင်းလင်းထားရမည်မဟုတ်ပါလား..

ဒီချိန်ဆိုသူလေးအိပ်သွားလောက်ပီထင်တယ်..အခန်းထဲဝင်ကြည့်လိုက်တော့ စောင်တွေကိုကန်ထုတ်ထားကာကွေးကွေးလေးအိပ်နေသောမိမိ၏မှန်ကြောင်လေး..။ရေချိုးထားသောကြောင့်ဆပ်ပြာအနံ့လေးများသင်းနေသည်..။ အအေးမိမည်စိုးသဖြင့်စောင်ခြုံပေးကာ မျက်နှာလေးအားအနီးကပ်ကြည့်မိတော့ ရှည်ကော့နေသောမျက်တောင်လေးများသာမြင်ရသည်..မိမိသဘောကျရပါသောမျက်လုံးဝိုင်းဝိုင်းလေးများမတွေ့ရ..ပါးလေးကိုထိမိသောအခါ ခံစားလိုက်ရသည်က နူးညံ့ခြင်း…ယောက်ျားတစ်ယောက်မှာဒီလိုနူးညံ့သောအသားရည်ရှိနေသည်မှာဖြစ်နိုင်ရဲ့လား..မိမိကရောဘာလို့ယောက်ျားတစ်ယောက်ကိုမှချစ်မိခဲ့တာလဲ..အတွေးတွေ ရင်ခုန်သံတွေကို ထိန်းချုပ်ရင်းနှုတ်ခမ်းပါးဆီသို့အကြည့်ရောက်မိတော့ မိမိဆွဲငင်နေသလို…ထိုဆွဲငင်မှုမှရုန်းထွက်ရန်ကြိုးစားသော်လည်း ကျရှုံးကာ မိမိနှုတ်ခမ်းများသည် ထိုအနီရောင်နှုတ်ခမ်းပါးများထံသို့…………

မနက်မိုးလင်းတော့ ကယ်ရီမျက်နှာသစ်ရင်း…

“အ့…..ငါ့နှုတ်ခမ်းကဘာလို့ပေါက်နတာလဲ..”

System :”ညဖက်ကြီးရေချိုးလိုက်လို့ အပူကန်တာနေမယ်..”

ကယ်ရီနှုတ်ခမ်းကဒဏ်ရာကြောင့် မျက်နှာဖြည်းဖြည်းသစ်ပြီးနောက် မနက်စာစားရန်အောက်ထပ်သို့ဆင်းလာခဲ့သည်…။ အောက်ထပ်ထမင်းစားပွဲတွင် သူ့ကိုသတင်းစာဖတ်ရင်းစောင့်နေပါသောဟန်ယွင်

“မောနင်း..မင်ရှီး..ညကကောင်းကောင်းအိပ်ပျော်လား…စောတီးနော်မနေ့ကကိစ္စလေးတွေရှိလို့အိမ်ပြန်နောက်ကျသွားတာ”

“ရပါတယ်အကိုရယ်..အားနာစရာမလိုပါဘူး…ကျွန်တော်ကသာပြန်အားနာရမှာပါ…အကိုကကျွန်တော့ကိုကူညီပီးနေစရာပေးထားတာလေ”

“ကယ်….မနက်စာပြင်ထားတယ်..စားရအောင်..”

“ဟုတ် အကိုဟန်ယွင် ” ကယ်ရီကော်ဖီသောက်ရင်း “အ့”

“မင်ရှီး ….ဘာဖြစ်တာလဲ… ကော်ဖီကပူလို့လား…အရမ်းပူသွားလား”

“မဟုတ်ပါဘူး ကျွန်တော့နှုတ်ခမ်းအပူကန်ပြီးအနာဖြစ်နေလို..ကော်ဖီနဲ့ထိတော့နဲနဲစပ်သွားတာ…”

ကယ်ရီ အဖြေကိုကြားတော့ ဟန်ယွင် ပြုံးစိစိ ဖြစ်သွားသည်…ညကမိမိလည်းအူယားလွန်းသဖြင့် ကိုက်မိလိုက်သည်…ထို့နောက်အမူရာပြန်ထိန်းရင်းရုပ်တည်ဖြင့်

“ဟုတ်လား ဂရုစိုက်လေကွာ…
ခဏနေရင်ကိုယ်ဆေးထည့်ပေးမယ်နော်..”

“ဒါနဲ့အနောက်ဖက်က ဥယျာဉ် ထဲမှာအသီးတွေတော်တော်စုံတယ်နော်..ဥယျာဉ်ဆိုလို့ကျွန်တော်က ပန်းတွေနဲ့ပြည့်နေမယ်ထင်ထားတာ..”

“မင်းသဘောမကျဘူးလား”

“ဟာအကိုကလည်း…သဘောကျတာပေါ့…ပန်းတွေကအလှကြည့်လို့ပဲရတာ..အသီးတွေကစားလို့ရတယ်လေ”

“ဟုတ်လား…မင်းသဘောကျလို့တော်ပါသေးတယ်..ဥယျာဉ်ထဲကအသီးတွေမင်းစိတ်ကြိုက်စားလို့ရတယ်နော်..ကိုယ့်ကိုအားနာစရာမလိုဘူး ”

“ဗျာ..တကယ်လား..အမှန်တော့မနေ့ကတည်းကကျွန်တော်ကခူးစားချင်နေတာ..အကို့ကိုအားနာလို့..ဟီး..”

“စားပါဗျာ..စားပါ..
တစ်ခြံလုံးစားလဲကိုယ်စိတ်မဆိုးဘူး “
အစားသောက်နဲ့ပတ်သတ်သည့်အသံကြား၍ မျက်လုံးလေးအရောင်တောက်တောက်သွားသည့် မိမိရှေ့မှမှန်ကြောင်လေးအား တစ်နေ့ထက်တစ်နေ့ ပိုပိုင်ဆိုင်ချင်လာမိသည်..

☄☄☄☄☄☄☄☄☄☄☄☄☄☄☄
A/N-ဒီနေ့ view 10Kဖြစ်သွားလို့ကိုယ်အရမ်းပျော်တယ် 💗💗
ကိုယ့်ရဲ့မကောင်းမကန်းficလေးကိုဖတ်ပေးတဲ့ဒါဒါတစ်ယောက်စီတိုင်းကိုအရမ်းချစ်တယ်နော် 😘💗

☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 1.14(မင္႐ွီး), novel System 286 (On Going) Arc 1.14(မင္႐ွီး), read System 286 (On Going) Arc 1.14(မင္႐ွီး) online, System 286 (On Going) Arc 1.14(မင္႐ွီး) chapter, System 286 (On Going) Arc 1.14(မင္႐ွီး) high quality, System 286 (On Going) Arc 1.14(မင္႐ွီး) light novel, ,

Comment

Leave a Reply

Chapter 16