System 286 (On Going) Arc 2.6(ယူခ်င္း)

All chapters are in System 286 (On Going)
A+ A-

Zawgyi

ကယ္ရီ ဘုတ္ျပားေရွ႕တြင္ ပန္းသီးႀကီးေခါင္းေပၚတင္ကာ တုန္ရီစြာရပ္ေနသည္

“စစ္သူႀကီးကမလာေသးဘူးလား ဟိုမွာမင္းအေမေလးကပစ္ေတာ့မယ္”

System: “ကြၽန္ေတာ္က ေဆာ့ဝဲတစ္ခုျဖစ္တဲ့အတြက္ေၾကာင့္ အေမမ႐ွိပါဘူး “

“လာေနာက္မေနနဲ႔ ငါတကယ္ေၾကာက္ေနတာ”

System:”စိတ္ခ်လက္ခ်သာရပ္ေန တကယ္လို႔ျမားကတည့္တည့္ႀကီးဝင္လာရင္ မေသေအာင္လမ္းေၾကာင္းလႊဲေပးမယ္ pointေပးစရာမလိုဘူးေနာ္ ေစတနာလို႔ပဲသေဘာထားလိုက္”

“ေသခ်ာေပါက္ မင္းလုပ္ေပးသင့္တာပဲေလ”

“ဟိုတစ္ေယာက္ ၿငိမ္ၿငိမ္ေန
ေမာင္မင္းအၿငိမ္မေနလို႔ ထိသြားရင္ ဒီမင္းသမီးက တာဝန္ယူေပးမွာမဟုတ္ဘူး “

ထိုစဥ္ အေနာက္ဘက္မွာ
“ဘာျဖစ္ေနၾကတာလဲ “

“အာ စစ္သူႀကီးျပန္လာပီ” ထ်န္းယြီ ေလးတင္ထားရင္နဲ႔ေနာက္လွည့္ၾကည့္လိုက္သည္ သို႔ေသာ္သတိမထားမိဘဲ လက္မွျမားက လြတ္ထြက္သြားသည္
အားလံုးရဲ႕စိုးရိမ္ေနေသာအၾကည့္မ်ားကကယ္ရီဆီ….
အဲ့ဒီခ်ိန္တြင္ လက္တစ္ဖက္ကကယ္ရီအားဆြဲကာရင္ခြင္ထဲထည့္လိုက္သည္…

“ထ်န္းခယ္….”

“ယူခ်င္း အဆင္ေျပလား
အာ နားကိုထိသြားတာပဲ” ထ်န္းခယ္ ယူခ်င္း၏ဒဏ္ရာအား စိုးရိမ္တႀကီးၾကည့္ေနသည္

‘နား ဟုတ္လား
သူ႕လက္မွာလဲေသြးေတြ ငါ့နားျပတ္သြားပီလား’

System:”ေသးေသးေလး ပဲ႐ွသြားတာပါ
အဲ့ေလာက္ႀကီးျဖစ္မေနပါနဲ႔”

‘ဘယ္မွာျဖစ္ေနလို႔လဲ ေမးယံုေလးေမးတာေလး ငါကေနာ္ ကားလည္းအတိုက္ခံဖူးတယ္ လူဝိုင္း႐ိုက္တာလည္းခံဖူးတယ္ ေသနတ္လည္းမွန္ဖူးတယ္ ဒီေလာက္ကေတာ့အသာေလး’

System: “ေအာ္ ဂုဏ္ယူစရာႀကီးေတြပါလား”

ကယ္ရီSystemႏွင့္ေျပာေနသျဖင့္ ခဏၿငိမ္ေနသည္ကို ထ်န္းခယ္က အေၾကာက္လြန္ကာသတိလြတ္ေနသည္ဟုအထင္လြဲပီး ေနာက္ေက်ာသို႔ဖြဖြေလးပုတ္ကာ အလန္႔ေျပေအာင္လုပ္ေပးေနသည္
ဝူက်န္႔လည္း ကယ္ရီဆီသို႔​ေျပးလာျပီးေနာက္မ်က္ႏွာႀကီးမဲေမွာင္ကာ ကယ္ရီအားထ်န္းခယ္ရင္ခြင္ထဲမွဆြဲထုတ္ကာ ေပြ႔ခ်ီသြားသည္

‘တစ္ဆိတ္ေလာက္ ငါနားေလးပဲ ​ေသးေသးေလး႐ွသြားတာေလ ဘာကိစၥေပြ႔သြားတာလဲ’

“စစ္သူႀကီး …….စစ္သူႀကီး ……
ဒီဘာမဟုတ္တဲ့ကိုယ္ရံေတာ္က ေစ့စပ္ထားတဲ့ဒီမင္းသမီးထက္အေရးႀကီးေနလို႔လား ”

ဝူက်န္႔ လံုးဝမလွည့္ၾကည့္ဘဲ သူ႔အခန္းထဲသို႕ဝင္သြားသည္

“အမေတာ္ဘယ္လိုလုပ္လိုက္တာလည္း အမေတာ္က အခုမွျမားပစ္သင္ေနတုန္းေလ ယူခ်င္းတစ္ခုခုျဖစ္သြားရင္ဘယ္လိုလုပ္မလဲ”

“ဒီဘာမဟုတ္တဲ့လူအတြက္ေၾကာင့္ ဒီမင္းသမီးကိုအျပစ္ဝိုင္းတင္ေနၾကတာလား ”

အမွန္ေတာ့ ထ်န္းယြီကမင္းသမီးတစ္ပါးရဲ႕အရည္အခ်င္းေတြနဲ႔အညီျမႇားအားကြၽမ္းက်င္စြာပစ္တတ္ပါသည္ စစ္သူႀကီးႏွင့္နီးစပ္ခ်င္ေသာေၾကာင့္ လိမ္လည္ကာ သင္ယူေနျခင္းျဖစ္သည္ အခုလည္းမိမိ၏စြမ္းရည္အားျပခ်င္သျဖင့္ယခုလိုလုပ္လိုက္မိသည္ကို အားလံုးကမိမိအားအျပစ္သားသဖြယ္ၾကည့္ေနျကသည္
၎အၾကည့္မ်ားအား ေဒါသထြက္ကာ ထ်န္းယြီ ထိုေနရာမွထြက္ေျပးထြက္သည္

အခန္းထဲတြင္

“စစ္သူႀကီး ကြၽန္ေတာ္ဘာမွမျဖစ္ဘူး နည္းနည္းေလးပဲ႐ွသြားတာသိလား ေဆးထည့္စရာေတာင္မလိုဘူး “

“မင္းကဘာလို႔သူခိုင္းတဲ့အတိုင္းလိုက္လုပ္ရတာလဲ မင္းေသသြားရင္ဘယ္လိုလုပ္မလဲ ကိုယ့္ကိုကိုယ္ေတာင္ဂ႐ုမစိုက္ႏိုင္ဘဲနဲ႔ ငါ့ကိုဘယ္လိုကာကြယ္မွာလဲ”

“ဟို…. မင္းသမီးကစစ္သူႀကီးနဲ႔ေစ့စပ္ထားတဲ့သူမလား အဲ႔ေတာ႔စစ္သူျကီးရဲ႔အနာဂတ္ျကင္ယာေတာ္အမိန္႕ကိုလည္းကြၽန္ေတာ္လြန္ဆန္ရဲတဲ့သတၱိမ႐ွိပါဘူး ျပီးေတာ့ကြၽန္ေတာ္က သာမန္ကိုယ္ရံေတာ္ပဲမလား”

“အနာဂတ္ကိုႀကိဳမေတြးနဲ႔ အနာဂတ္ဆိုတာေျပာင္းလဲခ်င္သလိုေျပာင္းလဲလို႔ရတယ္ ေနာက္ဆိုရင္ ငါ့အမိန္႔ကလြဲပီး ဘယ္သူ႔စကားမွနားမေထာင္ရဘူး “

ကယ္ရီျပန္မေျဖ

“ငါေျပာတာ ၾကားလား”

“ဟုတ္…ဟို ဟို ဟို”

“ဘာလဲ”

“ကြၽန္ေတာ့ကိုေအာက္ခ်မေပးေတာ့ဘူးလား” ကယ္ရီေမးလိုက္မွ ဝူက်န္႔ေခ်ာင္းတစ္ခ်က္ဟန္႔ပီးခ်ေပးလိုက္သည္ ထိုစဥ္အခန္းထဲသို႔ထ်န္းခယ္ဝင္လာသည္

“ယူခ်င္း ဘယ္နားနာေနေသးလဲ
အမေတာ္အစား ကိုယ္ေတာင္းပန္ပါတယ္ ေရာ့ဒီမွာ ကိုယ္အထိန္းေတာ္ကိုေဆးျပန္ယူခိုင္းထားတာ လိမ္းလိုက္အံုး ေန ေန ေန ကိုယ္လိမ္းေပးမယ္”

“အာ ရတယ္ ကြၽန္ေတာ္ ကိုယ့္ဟာကိုယ္လိမ္းလိုက္ပါ့မယ္ ေနာက္ပီးမင္းသားကိုေက်းဇူးတင္ပါတယ္ မင္သားလွမ္းဆြဲလိုက္လို႔ ဒီေလာက္ေလးျဖစ္သြားတာ”

ကယ္ရီႏွင့္ ထ်န္းခယ္ ေဘးမွဝူက်န္႔အားေမ့ကာ စကားမ်ားေျပာေနၾကသည္ ႐ုတ္တရက္ ေအးစိမ့္လာသလို႔ခံစားရမွ ေဘးတြင္႐ွိေသာ ဝူက်န္႔အားသတိထားမိၾကသည္

“ေဝ့ ဝူက်န္႔
မင္းအမေတာ္နဲ႔ စကားသြားေျပာသင့္တယ္ထင္တယ္ ေစာနဒီမင္းသားျမင္တာကေတာ့ သူေတာ္ေတာ္စိတ္ဆိုးသြားတယ္ “
“ကြၽန္ေတာ္မ်ိဳး ေနာက္မွသြားေျပာလိုက္ပါ့မယ္ မင္းသား ေနာက္ပီးမင္းသားလည္းနန္း​ေဆာင္ျပန္သင့္ပီလို႔ထင္ပါတယ္ ယူခ်င္းကိုေဆးလိမ္းပီးအနားယူခိုင္းလိုက္ပါမယ္”

‘ငါျဖစ္သြားတာ႐ွရာေသးေသးေလးတင္လို႔ အိမ္မွာၾကက္သြန္လွီးရင္း႐ွမိသေလာက္ပဲ႐ွိတာကို အကိုတို႔က ေသေလာက္တဲ့ဒဏ္ရာရသလိုလုပ္ေနၾကတာလဲ’

“ဟား ဟား ဟား စစ္သူႀကီးကႏွင္ေနမွေတာ့ ဒီမင္းသားျပန္လိုက္ပါအံုးမယ္ ယူခ်င္းဂ႐ုစိုက္ေနာ္”

“ဟုတ္ကဲ့”

ထ်န္းခယ္ထြက္သြားေတာ့ ဝူက်န္႔အိပ္ယာနားကေသတၱာထဲမွတစ္ခုခုကို႐ွာေနသည္ ခဏၾကာေတာ့မွ ကယ္ရီေ႐ွ႕သိုဗူးတစ္ဗူးခ်ေပးလိုက္သည္ ကယ္ရီကဘာလဲဆိုတဲ့အၾကည့္ျဖင့္ၾကည့္ေနေတာ့

“မင္းဒဏ္ရာအတြက္”

“ထ်န္းခယ္ေပးသြားတာ႐ွိတယ္ေလ”

“ဒီေဆးက ပိုေကာင္းတယ္ “

……………..

တိမ္လႊာနန္းေဆာင္တြင္ ပန္းအိုးမ်ား႐ိုက္ခြဲကာ ႐ွိသမ်ွလူေတြအေပၚေဒါသပံုခ်ေနေသာထ်န္းယြီ

“ရာရာစစ အေစခံလိုေကာင္ေၾကာင့္ စစ္သူႀကီးကငါ့ကိုလ်စ္လ်ဴ႐ႈတယ္ နန္းေတာ္ရဲ႕အမိႈက္လိုမင္းသားကေတာင္ ငါ့ကိုအျပစ္တင္တယ္ ” တစ္ခြန္းေျပာတိုင္းအေစခံမ်ားကိုၾကာပြတ္တစ္ခ်က္ ထ်န္းယြီ႐ိုက္ေနသည္

“ေ႐ွာင္ခ်ီ” ထ်န္းယြီသူ၏ကိုယ္ရံေတာ္အားေခၚလိုက္သည္

“အဲ့မ်ိဳးမစစ္အေၾကာင္းစံုစမ္းလာခဲ့ “

“ဟုတ္ကဲ့ မင္းသမီး “

ေန႔တစ္ဝက္ၾကာၿပီးေနာက္ ေ႐ွာင္ခ်ီျပန္ေရာက္လာခဲ့သည္

“သူ႔နာမည္က ယူခ်င္းလို႔ေခၚပါတယ္ စစ္သူႀကီးရဲ႕အိမ္ေတာ္မွာျကီးျပင္းလာတာပာ မိဘေတြကေတာ့မသိပါဘူးစစ္သူႀကီးအိမ္​ေတာ္က အေစခံကေကာက္ယူေမြးစားထားတာပါ ငယ္စဥ္ကတည္းက အျပင္းအထန္ေလ့က်င့္ပီး စစ္သူႀကီးရဲ႕ႏွက္သက္မႈကိုရယူကာ စစ္သူႀကီးရဲ႕ေနာက္လိုက္ျဖစ္ခဲ့ပါတယ္ စစ္သူႀကီးနန္းတြင္းဝင္ေတာ့သူပါတပ္မႉးရာထူးနဲ႔အတူ နန္းေတာ္ထံဝင္လာပါတယ္”

“ငါေျပာတဲ့အတိုင္း သူကတကယ္ကိုမ်ိဳးမစစ္ေလးပဲ “

“ၿပီးေတာ့ တပ္သားမ်ားရဲ႕ေျပာစကားအရ စစ္သူႀကီးကယူခ်င္းကိုအထူးအေလးေပးတယ္လို႔ေျပာပါတယ္ ေနာက္ပီး မင္းသား ၃ကိုလည္း နာမည္တပ္ေခၚခြင့္႐ွိတဲ့တစ္ဦးတည္းေသာသူလို႔ေျပာပါတယ္ “

“သူ႔ကိုေစာင့္ၾကည့္ထားလိုက္”

“ဟုတ္ကဲ့မင္းသမီး”

“မ်ိဳးမစစ္ေလး ငါ့လမ္းမွာလာရွုပ္ေနတဲ့နင့္ကိုဘယ္လိုကိုင္တြယ္မလဲ ေစာင့္ၾကည့္ေနေပေတာ့”

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode

ကယ်ရီ ဘုတ်ပြားရှေ့တွင် ပန်းသီးကြီးခေါင်းပေါ်တင်ကာ တုန်ရီစွာရပ်နေသည်

“စစ်သူကြီးကမလာသေးဘူးလား ဟိုမှာမင်းအမေလေးကပစ်တော့မယ်”

System: “ကျွန်တော်က ဆော့ဝဲတစ်ခုဖြစ်တဲ့အတွက်ကြောင့် အမေမရှိပါဘူး “

“လာနောက်မနေနဲ့ ငါတကယ်ကြောက်နေတာ”

System:”စိတ်ချလက်ချသာရပ်နေ တကယ်လို့မြားကတည့်တည့်ကြီးဝင်လာရင် မသေအောင်လမ်းကြောင်းလွှဲပေးမယ် pointပေးစရာမလိုဘူးနော် စေတနာလို့ပဲသဘောထားလိုက်”

“သေချာပေါက် မင်းလုပ်ပေးသင့်တာပဲလေ”

“ဟိုတစ်ယောက် ငြိမ်ငြိမ်နေ
မောင်မင်းအငြိမ်မနေလို့ ထိသွားရင် ဒီမင်းသမီးက တာဝန်ယူပေးမှာမဟုတ်ဘူး “

ထိုစဉ် အနောက်ဘက်မှာ
“ဘာဖြစ်နေကြတာလဲ “

“အာ စစ်သူကြီးပြန်လာပီ” ထျန်းယွီ လေးတင်ထားရင်နဲ့နောက်လှည့်ကြည့်လိုက်သည် သို့သော်သတိမထားမိဘဲ လက်မှမြားက လွတ်ထွက်သွားသည်
အားလုံးရဲ့စိုးရိမ်နေသောအကြည့်များကကယ်ရီဆီ….
အဲ့ဒီချိန်တွင် လက်တစ်ဖက်ကကယ်ရီအားဆွဲကာရင်ခွင်ထဲထည့်လိုက်သည်…

“ထျန်းခယ်….”

“ယူချင်း အဆင်ပြေလား
အာ နားကိုထိသွားတာပဲ” ထျန်းခယ် ယူချင်း၏ဒဏ်ရာအား စိုးရိမ်တကြီးကြည့်နေသည်

‘နား ဟုတ်လား
သူ့လက်မှာလဲသွေးတွေ ငါ့နားပြတ်သွားပီလား’

System:”သေးသေးလေး ပဲရှသွားတာပါ
အဲ့လောက်ကြီးဖြစ်မနေပါနဲ့”

‘ဘယ်မှာဖြစ်နေလို့လဲ မေးယုံလေးမေးတာလေး ငါကနော် ကားလည်းအတိုက်ခံဖူးတယ် လူဝိုင်းရိုက်တာလည်းခံဖူးတယ် သေနတ်လည်းမှန်ဖူးတယ် ဒီလောက်ကတော့အသာလေး’

System: “အော် ဂုဏ်ယူစရာကြီးတွေပါလား”

ကယ်ရီSystemနှင့်ပြောနေသဖြင့် ခဏငြိမ်နေသည်ကို ထျန်းခယ်က အကြောက်လွန်ကာသတိလွတ်နေသည်ဟုအထင်လွဲပီး နောက်ကျောသို့ဖွဖွလေးပုတ်ကာ အလန့်ပြေအောင်လုပ်ပေးနေသည်
ဝူကျန့်လည်း ကယ်ရီဆီသို့​ပြေးလာပြီးနောက်မျက်နှာကြီးမဲမှောင်ကာ ကယ်ရီအားထျန်းခယ်ရင်ခွင်ထဲမှဆွဲထုတ်ကာ ပွေ့ချီသွားသည်

‘တစ်ဆိတ်လောက် ငါနားလေးပဲ ​သေးသေးလေးရှသွားတာလေ ဘာကိစ္စပွေ့သွားတာလဲ’

“စစ်သူကြီး …….စစ်သူကြီး ……
ဒီဘာမဟုတ်တဲ့ကိုယ်ရံတော်က စေ့စပ်ထားတဲ့ဒီမင်းသမီးထက်အရေးကြီးနေလို့လား ”

ဝူကျန့် လုံးဝမလှည့်ကြည့်ဘဲ သူ့အခန်းထဲသို့ဝင်သွားသည်

“အမတော်ဘယ်လိုလုပ်လိုက်တာလည်း အမတော်က အခုမှမြားပစ်သင်နေတုန်းလေ ယူချင်းတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ”

“ဒီဘာမဟုတ်တဲ့လူအတွက်ကြောင့် ဒီမင်းသမီးကိုအပြစ်ဝိုင်းတင်နေကြတာလား ”

အမှန်တော့ ထျန်းယွီကမင်းသမီးတစ်ပါးရဲ့အရည်အချင်းတွေနဲ့အညီမြှားအားကျွမ်းကျင်စွာပစ်တတ်ပါသည် စစ်သူကြီးနှင့်နီးစပ်ချင်သောကြောင့် လိမ်လည်ကာ သင်ယူနေခြင်းဖြစ်သည် အခုလည်းမိမိ၏စွမ်းရည်အားပြချင်သဖြင့်ယခုလိုလုပ်လိုက်မိသည်ကို အားလုံးကမိမိအားအပြစ်သားသဖွယ်ကြည့်နေကြသည်
၎င်းအကြည့်များအား ဒေါသထွက်ကာ ထျန်းယွီ ထိုနေရာမှထွက်ပြေးထွက်သည်

အခန်းထဲတွင်

“စစ်သူကြီး ကျွန်တော်ဘာမှမဖြစ်ဘူး နည်းနည်းလေးပဲရှသွားတာသိလား ဆေးထည့်စရာတောင်မလိုဘူး “

“မင်းကဘာလို့သူခိုင်းတဲ့အတိုင်းလိုက်လုပ်ရတာလဲ မင်းသေသွားရင်ဘယ်လိုလုပ်မလဲ ကိုယ့်ကိုကိုယ်တောင်ဂရုမစိုက်နိုင်ဘဲနဲ့ ငါ့ကိုဘယ်လိုကာကွယ်မှာလဲ”

“ဟို…. မင်းသမီးကစစ်သူကြီးနဲ့စေ့စပ်ထားတဲ့သူမလား အဲ့တော့စစ်သူကြီးရဲ့အနာဂတ်ကြင်ယာတော်အမိန့်ကိုလည်းကျွန်တော်လွန်ဆန်ရဲတဲ့သတ္တိမရှိပါဘူး ပြီးတော့ကျွန်တော်က သာမန်ကိုယ်ရံတော်ပဲမလား”

“အနာဂတ်ကိုကြိုမတွေးနဲ့ အနာဂတ်ဆိုတာပြောင်းလဲချင်သလိုပြောင်းလဲလို့ရတယ် နောက်ဆိုရင် ငါ့အမိန့်ကလွဲပီး ဘယ်သူ့စကားမှနားမထောင်ရဘူး “

ကယ်ရီပြန်မဖြေ

“ငါပြောတာ ကြားလား”

“ဟုတ်…ဟို ဟို ဟို”

“ဘာလဲ”

“ကျွန်တော့ကိုအောက်ချမပေးတော့ဘူးလား” ကယ်ရီမေးလိုက်မှ ဝူကျန့်ချောင်းတစ်ချက်ဟန့်ပီးချပေးလိုက်သည် ထိုစဉ်အခန်းထဲသို့ထျန်းခယ်ဝင်လာသည်

“ယူချင်း ဘယ်နားနာနေသေးလဲ
အမတော်အစား ကိုယ်တောင်းပန်ပါတယ် ရော့ဒီမှာ ကိုယ်အထိန်းတော်ကိုဆေးပြန်ယူခိုင်းထားတာ လိမ်းလိုက်အုံး နေ နေ နေ ကိုယ်လိမ်းပေးမယ်”

“အာ ရတယ် ကျွန်တော် ကိုယ့်ဟာကိုယ်လိမ်းလိုက်ပါ့မယ် နောက်ပီးမင်းသားကိုကျေးဇူးတင်ပါတယ် မင်သားလှမ်းဆွဲလိုက်လို့ ဒီလောက်လေးဖြစ်သွားတာ”

ကယ်ရီနှင့် ထျန်းခယ် ဘေးမှဝူကျန့်အားမေ့ကာ စကားများပြောနေကြသည် ရုတ်တရက် အေးစိမ့်လာသလို့ခံစားရမှ ဘေးတွင်ရှိသော ဝူကျန့်အားသတိထားမိကြသည်

“ဝေ့ ဝူကျန့်
မင်းအမတော်နဲ့ စကားသွားပြောသင့်တယ်ထင်တယ် စောနဒီမင်းသားမြင်တာကတော့ သူတော်တော်စိတ်ဆိုးသွားတယ် “
“ကျွန်တော်မျိုး နောက်မှသွားပြောလိုက်ပါ့မယ် မင်းသား နောက်ပီးမင်းသားလည်းနန်း​ဆောင်ပြန်သင့်ပီလို့ထင်ပါတယ် ယူချင်းကိုဆေးလိမ်းပီးအနားယူခိုင်းလိုက်ပါမယ်”

‘ငါဖြစ်သွားတာရှရာသေးသေးလေးတင်လို့ အိမ်မှာကြက်သွန်လှီးရင်းရှမိသလောက်ပဲရှိတာကို အကိုတို့က သေလောက်တဲ့ဒဏ်ရာရသလိုလုပ်နေကြတာလဲ’

“ဟား ဟား ဟား စစ်သူကြီးကနှင်နေမှတော့ ဒီမင်းသားပြန်လိုက်ပါအုံးမယ် ယူချင်းဂရုစိုက်နော်”

“ဟုတ်ကဲ့”

ထျန်းခယ်ထွက်သွားတော့ ဝူကျန့်အိပ်ယာနားကသေတ္တာထဲမှတစ်ခုခုကိုရှာနေသည် ခဏကြာတော့မှ ကယ်ရီရှေ့သိုဗူးတစ်ဗူးချပေးလိုက်သည် ကယ်ရီကဘာလဲဆိုတဲ့အကြည့်ဖြင့်ကြည့်နေတော့

“မင်းဒဏ်ရာအတွက်”

“ထျန်းခယ်ပေးသွားတာရှိတယ်လေ”

“ဒီဆေးက ပိုကောင်းတယ် “

……………..

တိမ်လွှာနန်းဆောင်တွင် ပန်းအိုးများရိုက်ခွဲကာ ရှိသမျှလူတွေအပေါ်ဒေါသပုံချနေသောထျန်းယွီ

“ရာရာစစ အစေခံလိုကောင်ကြောင့် စစ်သူကြီးကငါ့ကိုလျစ်လျူရှုတယ် နန်းတော်ရဲ့အမှိုက်လိုမင်းသားကတောင် ငါ့ကိုအပြစ်တင်တယ် ” တစ်ခွန်းပြောတိုင်းအစေခံများကိုကြာပွတ်တစ်ချက် ထျန်းယွီရိုက်နေသည်

“ရှောင်ချီ” ထျန်းယွီသူ၏ကိုယ်ရံတော်အားခေါ်လိုက်သည်

“အဲ့မျိုးမစစ်အကြောင်းစုံစမ်းလာခဲ့ “

“ဟုတ်ကဲ့ မင်းသမီး “

နေ့တစ်ဝက်ကြာပြီးနောက် ရှောင်ချီပြန်ရောက်လာခဲ့သည်

“သူ့နာမည်က ယူချင်းလို့ခေါ်ပါတယ် စစ်သူကြီးရဲ့အိမ်တော်မှာကြီးပြင်းလာတာပာ မိဘတွေကတော့မသိပါဘူးစစ်သူကြီးအိမ်​တော်က အစေခံကကောက်ယူမွေးစားထားတာပါ ငယ်စဉ်ကတည်းက အပြင်းအထန်လေ့ကျင့်ပီး စစ်သူကြီးရဲ့နှစ်သက်မှုကိုရပြီး စစ်သူကြီးရဲ့နောက်လိုက်ဖြစ်ခဲ့ပါတယ် စစ်သူကြီးနန်းတွင်းဝင်တော့သူပါတပ်မှူးရာထူးနဲ့အတူ နန်းတော်ထံဝင်လာပါတယ်”

“ငါပြောတဲ့အတိုင်း သူကတကယ်ကိုမျိုးမစစ်လေးပဲ “

“ပြီးတော့ တပ်သားများရဲ့ပြောစကားအရ စစ်သူကြီးကယူချင်းကိုအထူးအလေးပေးတယ်လို့ပြောပါတယ် နောက်ပီး မင်းသား ၃ကိုလည်း နာမည်တပ်ခေါ်ခွင့်ရှိတဲ့တစ်ဦးတည်းသောသူလို့ပြောပါတယ် “

“သူ့ကိုစောင့်ကြည့်ထားလိုက်”

“ဟုတ်ကဲ့မင်းသမီး”

“မျိုးမစစ်လေး ငါ့လမ်းမှာလာရှုပ်နေတဲ့နင့်ကိုဘယ်လိုကိုင်တြယ်မလဲ စောင့်ကြည့်နေပေတော့”

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 2.6(ယူခ်င္း), novel System 286 (On Going) Arc 2.6(ယူခ်င္း), read System 286 (On Going) Arc 2.6(ယူခ်င္း) online, System 286 (On Going) Arc 2.6(ယူခ်င္း) chapter, System 286 (On Going) Arc 2.6(ယူခ်င္း) high quality, System 286 (On Going) Arc 2.6(ယူခ်င္း) light novel, ,

Comment

Leave a Reply

Chapter 29