System 286 (On Going) Arc 2.10(ယူခ်င္း)

All chapters are in System 286 (On Going)
A+ A-

Zawgyi ~

ဧည့္ေဆာင္တြင္

“ကြၽန္မက စစ္သူႀကီးကို အျပစ္တစ္စံုတစ္ရာမ်ားလုပ္ခဲ့မိလား ေက်းဇူးျပဳၿပီး အမွန္တိုင္းေျဖေပးပါ”

“မလုပ္ခဲ့ပါဘူးမင္းသမီး”

“အဲ့တာဆို ဘာေၾကာင့္ေစ့စပ္ေၾကာင္းလမ္းထားတာကို ဖ်က္သိမ္းခ်င္ရတာလဲစစ္သူႀကီး ကြၽန္မကမလွလို႔လား ဒါမွမဟုတ္ မင္းသမီးတစ္ပါးျဖစ္တဲ့အတြက္ေျကာင့္ ကြၽန္မမွာစစ္သူျကီးကိုေထာက္ပံေပးနိုင္မဲ့အင္အားမ႐ွိလို႔လား”

“အဲ့လို႔မဟုတ္ပါဘူး မင္းသမီး
မင္းသမီးအျပစ္မဟုတ္ပါဘူး ကြၽန္ေတာ္မ်ိဳးက ကြၽန္ေတာ္မ်ိဳးခ်စ္ရတဲ့သူကိုသာလက္ထပ္လိုတဲ့အတြက္ေၾကာင့္ ေစ့စပ္တာကိုဖ်က္သိမ္းေပးဖို႔ေတာင္းဆိုခဲ့တာပါ”

စစ္သူႀကီး၏ပါးစပ္မွ ခ်စ္ရေသာသူဟုၾကားေသာအခါ ထ်န္းယြီ ထိုမိန္းမအားၾကာပြတ္ျဖင့္အေသ႐ိုက္သတ္လိုစိတ္ေပၚလာေသာ္လည္း ဟန္ေဆာင္ကာ
“႐ွင့္မွာခ်စ္ရတဲ့သူေတာင္႐ွိေနပီေပါ့
ဝူက်န္႔ ႐ွင္သိရဲ႕လား ကြၽန္မကေလ႐ွင့္ကိုဟိုးအရင္ကတည္းကခ်စ္ေနခဲ့ရတာပါ ကြၽန္မအရမ္းေနာင္တရတယ္ ခမည္းေတာ္လက္ထပ္ပြဲစီစဥ္ေပးမယ္လို႔ေျပာခဲ့တဲ့အခ်ိန္တုန္းက လက္မခံခဲ့မိတာကို အခ်ိန္တန္ရင္ ႐ွင့္ကိုကြၽန္မပိုင္ရမွာပဲလို႔ထင္ခဲ့မိၿပီး အေလးမထားခဲ့မိတဲ့ကြၽန္မကိုယ္ကြၽန္မလည္းမုန္းတယ္”

“ကြၽန္ေတာ္မ်ိဳးေတာင္းပန္ပါတယ္ မင္းသမီး”

“ရပါတယ္ ႐ွင့္မွာခ်စ္ရတဲ့သူ႐ွိလာတဲ့အတြက္လည္း ကြၽန္မဝမ္းသာပါတယ္ ခ်စ္သူေတြမျဖစ္ႏိုင္ေပမယ့္ ကြၽန္မတို႔မိတ္ေဆြေတြေတာ့ျဖစ္ႏိုင္ေသးတယ္မလား”

“ဒီလိုစကားၾကားရတဲ့အတြက္ ဝမ္းသာပါတယ္ မင္းသမီး”

“ဒါဆိုကြၽန္မကိုတစ္ခုေလာက္ကူညီႏိုင္မလား ေစ့စပ္ထားတဲ့ကိစၥကို ေလာေလာဆယ္မွာမဖ်က္သိမ္းေပးလို႔ရမလား အခ်ိန္တန္ရင္ ကြၽန္မဖက္ကဖ်က္သိမ္းေပးပါ့မယ္”

“ေကာင္းပါၿပီ မင္းသမီး”

ကယ္ရီ ဧည့္ေဆာင္မွထြက္လာေသာသူႏွစ္ေယာက္အားအေဝးမွလွမ္းျမင္ၿပီး

“ႏွစ္ေယာက္သား ဘာေတြမ်ားဒီေလာက္ေတာင္ေျပာေနလို႔ၾကာေနရတာလဲ ထြက္လာေတာ့လည္းျပံဳးၿဖီးေနတာပဲ အျမင္ကတ္စရာေကာင္းလိုက္တာ”

System: “Host အခ်ိဳနည္းနည္းစားမလား”

“ငါကဘာကိစၥ အခ်ိဳစားရမွာလဲ”

System: “႐ွာလကာရည္ေသာက္တာေတာ္ေတာ္မ်ားေနလို႔ ေစတနာနဲ႔ေမးတာေလ”

“အဲ့မင္းသမီး ဝူက်န္႔နဲ႔ရသြားလား”

System: “ဟမ္….. ဘယ္လို ဘယ္လို”

“အရင္ကမာၻတုန္းကလို ဇာတ္လိုက္ကဘာျဖစ္တယ္ ဇာတ္လိုက္မကဘာျဖစ္တယ္ ဗီလိန္ကဘယ္လို အဲ့လိုမ်ိဳးေတြေလ”

System : “ေအာ္….hostကဇာတ္ေၾကာင္းကိုေမးေနတာလား “

“ဟုတ္တယ္”

System: “ဒီကမာၻကဇာတ္ေၾကာင္းကေလာ့က်ေနလို႔ဖတ္လို႔မရပါဘူး အဲ့တာေၾကာင့္ hostဒီကိုေရာက္ေတာ့ မူလယူခ်င္းသိခဲ့သမ်ွမွတ္ဥာဏ္ေတြပဲလႊဲေျပာင္းေပးခဲ့တာပါ”

“ေအာ္ မသိပါဘူး ေမ့မ်ားေမ့ေနတာလားလို႔”

System: “ဒီမွာhost ကြၽန္ေတာ္က ေစ့စပ္ေသခ်ာျမန္ဆန္တိက်တဲ့systemပါဗ် ေမ့စရာလား”

“အဲ့တာဆို ေလာ့က်ေနလို႔ဇာတ္ေၾကာင္းဖတ္မရဘူးဆိုတဲ့ကိစၥ ဘာလို႔ေရာက္ကတည္းကမေျပာခဲ့လဲ”

System: “အဲ့တာက…..အဲ့တာက
hostေနာ္ ဝူက်န္႔ကိုမၾကည္တိုင္းကြၽန္ေတာ့ကိုလာမမဲနဲ႔”

“ဟြန္႔”

ကယ္ရီစိတ္တိုေနစဥ္ အနားသို႔ေရာက္လာေသာဝူက်န္႔
“ခ်င္းအာ ဘာျဖစ္ေနတာလဲ
ဘာလို႔မ်က္ႏွာႀကီးကဆူပုတ္ေနတာလဲ”

ကယ္ရီဝူက်န္႔ေမးသည္ကိုျပန္မေျဖဘဲ ဝူက်န္႔​ေျခေထာက္အားေဆာင့္နင္းကာထြက္သြားျပန္သည္။

ဝူက်န္႔: “……….”

…………………………..

“မင္းသမီး ကြၽန္ေတာ္ပါ”

“ငါစံုစမ္းခိုင္းထားတာေတြသိရပီလား ငါ့ဆီကေန စစ္သူႀကီးကိုလုသြားတဲ့မိန္းမကဘယ္သူလဲ”

“ကြၽန္ေတာ္သိခဲ့ရတာေတာ့ စစ္သူႀကီးမွာရင္းႏွီးကြၽမ္းဝင္တဲ့မိန္းကေလးမ႐ွိပါဘူး ဒါေပမယ့္ သူနဲ႕သူရဲ႕ကိုယ္ရံေတာ္ဆက္ဆံေရးကေတာ့ သံသယဝင္စရာေကာင္းပါတယ္ မင္းသမီး”

“ဘာ…..ဟိုအေစခံေကာင္လား
မျဖစ္ႏိုင္တာ စစ္သူႀကီးလိုေယာက္်ားမ်ိဳးက တစ္ျခားေယာက္်ားတစ္ေယာက္ကိုစိတ္ဝင္စားေနတယ္ဆိုတာ ျဖစ္ႏိုင္ပါ့မလား
သြား…..သူတို႔ႏွစ္ေယာက္ကိုေစာင့္ၾကည့္ေန ပိုၿပီးတိက်တဲ့အေျဖကိုငါလိုခ်င္တယ္”

“ဟုတ္ကဲ့”

ထ်န္းယြီ အမတ္ကေကာ္မ်ားလာဆက္သထားေသာ လက္ဖက္ရည္အားအရသာခံေသာက္ရင္း
‘ဝူက်န္႔ ဝူက်န္႔ ကြၽန္မက႐ွင္နဲ႔လံုးဝမိတ္ေဆြအျဖစ္မေနႏိုင္ဘူး ကြၽန္မက႐ွင့္ရဲ႕ဇနီးလုပ္မွာကိုေရာသိရဲ႕လား ႐ွင့္မွာခ်စ္သူ႐ွိေနခဲ့ရင္လည္းကြၽန္မက႐ွင့္ကိုျပန္ရေအာင္ယူျပမယ္ ႐ွင္ေစာင့္ေနလိုက္ပါ’

……………………..

ေဒါက္~ေဒါက္~ေဒါက္

“ခ်င္းအာ ကိုယ္ဝင္ခဲ့မယ္ေနာ္”

ကယ္ရီေရစည္ထဲတြင္စိမ္ေနတုန္းၾကားလိုက္ရသည့္အသံေၾကာင့္ ႐ုတ္တရက္ လန္႔သြားသည္

“ခဏေလး..ခဏေလး မဝင္ေသးနဲ႔အံုး”

ကယ္ရီေရအျမန္သုတ္ အဝတ္စားေကာက္ဝတ္ရင္း တံခါးဆီသို႔သြားလိုက္သည္
‘အေရးထဲမွာ ဒီအဝတ္ေတြကဝတ္ရတာခက္လိုက္တာေနာ္’

“ခ်င္းအာ….. ဘာလို႔ၾကာေနတာလဲ”

“​ေရခ်ိဳးေနလို႔ေပါ့ဗ် ခင္ဗ်ားကေရာညႀကီးအခ်ိန္မေတာ္ဘာလာလုပ္တာလဲ”

ဝူက်န္႔ျပန္မေျဖအား အဘယ္ေၾကာင့္ဆိုေသာ္ ေရမေျခာက္ေသးေသာဆံပင္၊ ကိုယ္အားေရေသခ်ာမသုတ္ဘဲေကာက္ဝတ္လာပံုရတဲ့ စိုကပ္ေနေသာအဝတ္ပါးမ်ား၊ ေသခ်ာလံုေအာင္မဖံုးထားခဲ့သျဖင့္ တစ္စြန္းတစ္စျမင္ေနရေသာခ်ယ္ရီပြင့္ခ်ပ္မ်ား ေၾကာင့္ျဖစ္သည္ ။

အဟမ္း~အဟမ္း
“အထဲမဝင္ဘူးလား”

ကယ္ရီစကားေျပာမွ သတိျပန္ဝင္လာကာ

“ခ်င္းအာ….ညျကီးေခါင္းကိုဘာျဖစ္လို႔ေလ်ွာ္တာလဲ ဖ်ားသြားရင္ဘယ္လိုလုပ္မလဲ
လာ..လာ..ထိုင္
ကိုယ္သုတ္ေပးမယ္”

“ရတယ္ကိုယ့္ဟာကိုယ္လုပ္မယ္”

“ကိုယ့္ကိုစိတ္ဆိုးေနတာလား”

“စိတ္မဆိုးဝံ့ပါဘူး စစ္သူႀကီးခင္ဗ်”

“ခ်င္းအာကေျပာျပမွ ကိုယ္ကဘာမွားလဲသိမွာေပါ့ ကိုယ္ဘာအမွားလုပ္ထားလဲဆိုတာ ကိုယ့္ကိုေျပာျပေနာ္ “

ထိုအခ်ိန္မွ ကယ္ရီစိတ္ဆိုးမာန္ဆိုးျဖင့္

“ခင္ဗ်ားက အခန္းထဲမွာအၾကာႀကီး ဟိုမင္းသမီးနဲ႔ဘာေတြေျပာေနလို႔ အျပင္ျပန္ထြက္လာေတာ့ မ်က္ႏွာကအပိုးမက်ိဳးတာလဲ ၿပီးေတာ့ အဲ့မင္းသမီးကကြၽန္ေတာ့ကိုအက်ဥ္းခ်ခိုင္းေတာ့လဲ လာမကူဘူး ကြၽန္ေတာ့ဟာကြၽန္ေတာ္ ေဟာက္ၿပီးလြတ္ေအာင္လုပ္လာရတယ္ ခင္ဗ်ားကိုမေက်နပ္ဘူး ကြၽန္ေတာ့ကိုခ်စ္တယ္လဲေျပာေသးတယ္ ဂ႐ုလည္းမစိုက္ဘူး”

“ခ်င္းအာေလးက အဲ့တာေၾကာင့္ကိုယ့္ကိုစိတ္ဆိုးေနတာလား တကယ္ေတာ့မင္းသမီးကို ကိုယ္ကေစ့စပ္ပြဲဖ်က္သိမ္းေပးဖို႔ေျပာေနတာပါ ကြၽန္ေတာ္မ်ိဳးမွာခ်စ္ရတဲ့သူ႐ွိေနပါတယ္လို႔ အဲ့ဒီသူကိုပဲကြၽန္ေတာ္မ်ိဳးလက္ထပ္ႏိုင္ပါ့မယ္လို႔ ေျပာလိုက္ေတာ့ မင္းသမီးကေစ့စပ္ထားတာကိုသူ႔ဖက္ကေနဖ်က္ေပးမယ္တဲ့ေလ အဲ့တာေၾကာင့္ကိုယ္ကဝမ္းသာသြားၿပီး မ်က္ႏွာထိန္းမရျဖစ္သြားတာေပါ့ခ်င္းအာေလးရဲ႕ ေနာက္ၿပီးခ်င္းအာကိုခ်ဳပ္ထားတဲ့သူေတြေလာက္ကေတာ့ ခ်င္းအာကိုယ္တိုင္ေကာင္းေကာင္းေျဖ႐ွင္းႏိုင္မယ္လို႔ယံုၿပီးကိုယ္ကထားခဲ့တာေလ “

“ၿပီးေရာ” ကယ္ရီမေက်မခ်မ္းေလသံျဖင့္ျပန္ေျဖလိုက္သည္။

“ကယ္….အခုကိုယ္ေမးရမယ္အလွည့္”
ဝူက်န္႔ ကယ္ရီအားဆြဲေပြ႔ကာေပါင္ေပၚတင္လိုက္ၿပီး လက္ႏွစ္ဖက္ခ်ဳပ္ထားလိုက္သည္

“အခုေျဖေတာ့ ကိုယ့္ကိုခ်စ္လား”

ကယ္ရီ ႐ုတ္တရက္အသားယူခံလိုက္ရမႈေၾကာင့္ မ်က္ႏွာမ်ားရဲကာ အသံတုန္တုန္ျဖင့္

“လႊတ္…လႊတ္ၿပီးမွေမးေလဗ်ာ
ဒီတိုင္းႀကီးကတစ္မ်ိဳးႀကီးပဲ”

“မရဘူး ဒီတိုင္းပဲေမးမွာ
မေျဖရင္ဖက္နမ္းမွာေနာ္ ကိုယ့္ကိုခ်စ္လား ခ်စ္လားေျဖ”

“ဟမ္…ေမးခြန္းႀကီးက ဘယ္လိုႀကီးတုန္း”

ဝူက်န္႔စိတ္မ႐ွည္ေတာ့ပဲ ပါးလံုးလံုးေလးအားဆြဲကိုက္လိုက္သည္

“အား…ခ်စ္တယ္လို႔ ခ်စ္တယ္
ခင္ဗ်ားေခြးလား ကိုက္ေနတာ”

“အဟက္…အဲ့တာဆိုမကိုက္ေတာ့ဘူး နမ္းပဲနမ္းေတာ့မယ္”

“ခင္ဗ်ား…..အြန္႔…..”

“ကိုယ္လည္းမင္းကိုအရမ္းခ်စ္တယ္ ခ်င္းအာ”

ထိုညတြင္ေတာ့ ကယ္ရီတစ္ေယာက္ သံမဏိစစ္သူႀကီးထံမွ ႏႈတ္ခမ္းမ်ားေယာင္သည္အထိအနမ္းခံလိုက္ရေတာ့သည္…

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode~

ဧည့်ဆောင်တွင်

“ကျွန်မက စစ်သူကြီးကို အပြစ်တစ်စုံတစ်ရာများလုပ်ခဲ့မိလား ကျေးဇူးပြုပြီး အမှန်တိုင်းဖြေပေးပါ”

“မလုပ်ခဲ့ပါဘူးမင်းသမီး”

“အဲ့တာဆို ဘာကြောင့်စေ့စပ်ကြောင်းလမ်းထားတာကို ဖျက်သိမ်းချင်ရတာလဲစစ်သူကြီး ကျွန်မကမလှလို့လား ဒါမှမဟုတ် မင်းသမီးတစ်ပါးဖြစ်တဲ့အတွက်ကြောင့် ကျွန်မမှာစစ်သူကြီးကိုထောက်ပံ့ပေးနိုင်မဲ့အင်အားမရှိလို့လား”

“အဲ့လို့မဟုတ်ပါဘူး မင်းသမီး
မင်းသမီးအပြစ်မဟုတ်ပါဘူး ကျွန်တော်မျိုးက ကျွန်တော်မျိုးချစ်ရတဲ့သူကိုသာလက်ထပ်လိုတဲ့အတွက်ကြောင့် စေ့စပ်တာကိုဖျက်သိမ်းပေးဖို့တောင်းဆိုခဲ့တာပါ”

စစ်သူကြီး၏ပါးစပ်မှ ချစ်ရသောသူဟုကြားသောအခါ ထျန်းယွီ ထိုမိန်းမအားကြာပွတ်ဖြင့်အသေရိုက်သတ်လိုစိတ်ပေါ်လာသော်လည်း ဟန်ဆောင်ကာ
“ရှင့်မှာချစ်ရတဲ့သူတောင်ရှိနေပီပေါ့
ဝူကျန့် ရှင်သိရဲ့လား ကျွန်မကလေရှင့်ကိုဟိုးအရင်ကတည်းကချစ်နေခဲ့ရတာပါ ကျွန်မအရမ်းနောင်တရတယ် ခမည်းတော်လက်ထပ်ပွဲစီစဉ်ပေးမယ်လို့ပြောခဲ့တဲ့အချိန်တုန်းက လက်မခံခဲ့မိတာကို အချိန်တန်ရင် ရှင့်ကိုကျွန်မပိုင်ရမှာပဲလို့ထင်ခဲ့မိပြီး အလေးမထားခဲ့မိတဲ့ကျွန်မကိုယ်ကျွန်မလည်းမုန်းတယ်”

“ကျွန်တော်မျိုးတောင်းပန်ပါတယ် မင်းသမီး”

“ရပါတယ် ရှင့်မှာချစ်ရတဲ့သူရှိလာတဲ့အတွက်လည်း ကျွန်မဝမ်းသာပါတယ် ချစ်သူတွေမဖြစ်နိုင်ပေမယ့် ကျွန်မတို့မိတ်ဆွေတွေတော့ဖြစ်နိုင်သေးတယ်မလား”

“ဒီလိုစကားကြားရတဲ့အတွက် ဝမ်းသာပါတယ် မင်းသမီး”

“ဒါဆိုကျွန်မကိုတစ်ခုလောက်ကူညီနိုင်မလား စေ့စပ်ထားတဲ့ကိစ္စကို လောလောဆယ်မှာမဖျက်သိမ်းပေးလို့ရမလား အချိန်တန်ရင် ကျွန်မဖက်ကဖျက်သိမ်းပေးပါ့မယ်”

“ကောင်းပါပြီ မင်းသမီး”

ကယ်ရီ ဧည့်ဆောင်မှထွက်လာသောသူနှစ်ယောက်အားအဝေးမှလှမ်းမြင်ပြီး

“နှစ်ယောက်သား ဘာတွေများဒီလောက်တောင်ပြောနေလို့ကြာနေရတာလဲ ထွက်လာတော့လည်းပြုံးဖြီးနေတာပဲ အမြင်ကတ်စရာကောင်းလိုက်တာ”

System: “Host အချိုနည်းနည်းစားမလား”

“ငါကဘာကိစ္စ အချိုစားရမှာလဲ”

System: “ရှာလကာရည်သောက်တာတော်တော်များနေလို့ စေတနာနဲ့မေးတာလေ”

“အဲ့မင်းသမီး ဝူကျန့်နဲ့ရသွားလား”

System: “ဟမ်….. ဘယ်လို ဘယ်လို”

“အရင်ကမ္ဘာတုန်းကလို ဇာတ်လိုက်ကဘာဖြစ်တယ် ဇာတ်လိုက်မကဘာဖြစ်တယ် ဗီလိန်ကဘယ်လို အဲ့လိုမျိုးတွေလေ”

System : “အော်….hostကဇာတ်ကြောင်းကိုမေးနေတာလား “

“ဟုတ်တယ်”

System: “ဒီကမ္ဘာကဇာတ်ကြောင်းကလော့ကျနေလို့ဖတ်လို့မရပါဘူး အဲ့တာကြောင့် hostဒီကိုရောက်တော့ မူလယူချင်းသိခဲ့သမျှမှတ်ဉာဏ်တွေပဲလွှဲပြောင်းပေးခဲ့တာပါ”

“အော် မသိပါဘူး မေ့များမေ့နေတာလားလို့”

System: “ဒီမှာhost ကျွန်တော်က စေ့စပ်သေချာမြန်ဆန်တိကျတဲ့systemပါဗျ မေ့စရာလား”

“အဲ့တာဆို လော့ကျနေလို့ဇာတ်ကြောင်းဖတ်မရဘူးဆိုတဲ့ကိစ္စ ဘာလို့ရောက်ကတည်းကမပြောခဲ့လဲ”

System: “အဲ့တာက…..အဲ့တာက
hostနော် ဝူကျန့်ကိုမကြည်တိုင်းကျွန်တော့ကိုလာမမဲနဲ့”

“ဟွန့်”

ကယ်ရီစိတ်တိုနေစဉ် အနားသို့ရောက်လာသောဝူကျန့်
“ချင်းအာ ဘာဖြစ်နေတာလဲ
ဘာလို့မျက်နှာကြီးကဆူပုတ်နေတာလဲ”

ကယ်ရီဝူကျန့်မေးသည်ကိုပြန်မဖြေဘဲ ဝူကျန့်​ခြေထောက်အားဆောင့်နင်းကာထွက်သွားပြန်သည်။

ဝူကျန့်: “……….”

…………………………..

“မင်းသမီး ကျွန်တော်ပါ”

“ငါစုံစမ်းခိုင်းထားတာတွေသိရပီလား ငါ့ဆီကနေ စစ်သူကြီးကိုလုသွားတဲ့မိန်းမကဘယ်သူလဲ”

“ကျွန်တော်သိခဲ့ရတာတော့ စစ်သူကြီးမှာရင်းနှီးကျွမ်းဝင်တဲ့မိန်းကလေးမရှိပါဘူး ဒါပေမယ့် သူနဲ့သူရဲ့ကိုယ်ရံတော်ဆက်ဆံရေးကတော့ သံသယဝင်စရာကောင်းပါတယ် မင်းသမီး”

“ဘာ…..ဟိုအစေခံကောင်လား
မဖြစ်နိုင်တာ စစ်သူကြီးလိုယောက်ျားမျိုးက တစ်ခြားယောက်ျားတစ်ယောက်ကိုစိတ်ဝင်စားနေတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား
သွား…..သူတို့နှစ်ယောက်ကိုစောင့်ကြည့်နေ ပိုပြီးတိကျတဲ့အဖြေကိုငါလိုချင်တယ်”

“ဟုတ်ကဲ့”

ထျန်းယွီ အမတ်ကကော်များလာဆက်သထားသော လက်ဖက်ရည်အားအရသာခံသောက်ရင်း
‘ဝူကျန့် ဝူကျန့် ကျွန်မကရှင်နဲ့လုံးဝမိတ်ဆွေအဖြစ်မနေနိုင်ဘူး ကျွန်မကရှင့်ရဲ့ဇနီးလုပ်မှာကိုရောသိရဲ့လား ရှင့်မှာချစ်သူရှိနေခဲ့ရင်လည်းကျွန်မကရှင့်ကိုပြန်ရအောင်ယူပြမယ် ရှင်စောင့်နေလိုက်ပါ’

……………………..

ဒေါက်~ဒေါက်~ဒေါက်

“ချင်းအာ ကိုယ်ဝင်ခဲ့မယ်နော်”

ကယ်ရီရေစည်ထဲတွင်စိမ်နေတုန်းကြားလိုက်ရသည့်အသံကြောင့် ရုတ်တရက် လန့်သွားသည်

“ခဏလေး..ခဏလေး မဝင်သေးနဲ့အုံး”

ကယ်ရီရေအမြန်သုတ် အဝတ်စားကောက်ဝတ်ရင်း တံခါးဆီသို့သွားလိုက်သည်
‘အရေးထဲမှာ ဒီအဝတ်တွေကဝတ်ရတာခက်လိုက်တာနော်’

“ချင်းအာ….. ဘာလို့ကြာနေတာလဲ”

“​ရေချိုးနေလို့ပေါ့ဗျ ခင်ဗျားကရောညကြီးအချိန်မတော်ဘာလာလုပ်တာလဲ”

ဝူကျန့်ပြန်မဖြေအား အဘယ်ကြောင့်ဆိုသော် ရေမခြောက်သေးသောဆံပင်၊ ကိုယ်အားရေသေချာမသုတ်ဘဲကောက်ဝတ်လာပုံရတဲ့ စိုကပ်နေသောအဝတ်ပါးများ၊ သေချာလုံအောင်မဖုံးထားခဲ့သဖြင့် တစ်စွန်းတစ်စမြင်နေရသောချယ်ရီပွင့်ချပ်များ ကြောင့်ဖြစ်သည် ။

အဟမ်း~အဟမ်း
“အထဲမဝင်ဘူးလား”

ကယ်ရီစကားပြောမှ သတိပြန်ဝင်လာကာ

“ချင်းအာ….ညကြီးခေါင်းကိုဘာဖြစ်လို့လျှော်တာလဲ ဖျားသွားရင်ဘယ်လိုလုပ်မလဲ
လာ..လာ..ထိုင်
ကိုယ်သုတ်ပေးမယ်”

“ရတယ်ကိုယ့်ဟာကိုယ်လုပ်မယ်”

“ကိုယ့်ကိုစိတ်ဆိုးနေတာလား”

“စိတ်မဆိုးဝံ့ပါဘူး စစ်သူကြီးခင်ဗျ”

“ချင်းအာကပြောပြမှ ကိုယ်ကဘာမှားလဲသိမှာပေါ့ ကိုယ်ဘာအမှားလုပ်ထားလဲဆိုတာ ကိုယ့်ကိုပြောပြနော် “

ထိုအချိန်မှ ကယ်ရီစိတ်ဆိုးမာန်ဆိုးဖြင့်

“ခင်ဗျားက အခန်းထဲမှာအကြာကြီး ဟိုမင်းသမီးနဲ့ဘာတွေပြောနေလို့ အပြင်ပြန်ထွက်လာတော့ မျက်နှာကအပိုးမကျိုးတာလဲ ပြီးတော့ အဲ့မင်းသမီးကကျွန်တော့ကိုအကျဉ်းချခိုင်းတော့လဲ လာမကူဘူး ကျွန်တော့ဟာကျွန်တော် ဟောက်ပြီးလွတ်အောင်လုပ်လာရတယ် ခင်ဗျားကိုမကျေနပ်ဘူး ကျွန်တော့ကိုချစ်တယ်လဲပြောသေးတယ် ဂရုလည်းမစိုက်ဘူး”

“ချင်းအာလေးက အဲ့တာကြောင့်ကိုယ့်ကိုစိတ်ဆိုးနေတာလား တကယ်တော့မင်းသမီးကို ကိုယ်ကစေ့စပ်ပွဲဖျက်သိမ်းပေးဖို့ပြောနေတာပါ ကျွန်တော်မျိုးမှာချစ်ရတဲ့သူရှိနေပါတယ်လို့ အဲ့ဒီသူကိုပဲကျွန်တော်မျိုးလက်ထပ်နိုင်ပါ့မယ်လို့ ပြောလိုက်တော့ မင်းသမီးကစေ့စပ်ထားတာကိုသူ့ဖက်ကနေဖျက်ပေးမယ်တဲ့လေ အဲ့တာကြောင့်ကိုယ်ကဝမ်းသာသွားပြီး မျက်နှာထိန်းမရဖြစ်သွားတာပေါ့ချင်းအာလေးရဲ့ နောက်ပြီးချင်းအာကိုချုပ်ထားတဲ့သူတွေလောက်ကတော့ ချင်းအာကိုယ်တိုင်ကောင်းကောင်းဖြေရှင်းနိုင်မယ်လို့ယုံပြီးကိုယ်ကထားခဲ့တာလေ “

“ပြီးရော” ကယ်ရီမကျေမချမ်းလေသံဖြင့်ပြန်ဖြေလိုက်သည်။

“ကယ်….အခုကိုယ်မေးရမယ်အလှည့်”
ဝူကျန့် ကယ်ရီအားဆွဲပွေ့ကာပေါင်ပေါ်တင်လိုက်ပြီး လက်နှစ်ဖက်ချုပ်ထားလိုက်သည်

“အခုဖြေတော့ ကိုယ့်ကိုချစ်လား”

ကယ်ရီ ရုတ်တရက်အသားယူခံလိုက်ရမှုကြောင့် မျက်နှာများရဲကာ အသံတုန်တုန်ဖြင့်

“လွှတ်…လွှတ်ပြီးမှမေးလေဗျာ
ဒီတိုင်းကြီးကတစ်မျိုးကြီးပဲ”

“မရဘူး ဒီတိုင်းပဲမေးမှာ
မဖြေရင်ဖက်နမ်းမှာနော် ကိုယ့်ကိုချစ်လား ချစ်လားဖြေ”

“ဟမ်…မေးခွန်းကြီးက ဘယ်လိုကြီးတုန်း”

ဝူကျန့်စိတ်မရှည်တော့ပဲ ပါးလုံးလုံးလေးအားဆွဲကိုက်လိုက်သည် (ပါးနော် ပါး ပါး)

“အား…ချစ်တယ်လို့ ချစ်တယ်
ခင်ဗျားခွေးလား ကိုက်နေတာ”

“အဟက်…အဲ့တာဆိုမကိုက်တော့ဘူး နမ်းပဲနမ်းတော့မယ်”

“ခင်ဗျား…..အွန့်…..”

“ကိုယ်လည်းမင်းကိုအရမ်းချစ်တယ် ချင်းအာ”

ထိုညတွင်တော့ ကယ်ရီတစ်ယောက် သံမဏိစစ်သူကြီးထံမှ နှုတ်ခမ်းများယောင်သည်အထိအနမ်းခံလိုက်ရတော့သည်…

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 2.10(ယူခ်င္း), novel System 286 (On Going) Arc 2.10(ယူခ်င္း), read System 286 (On Going) Arc 2.10(ယူခ်င္း) online, System 286 (On Going) Arc 2.10(ယူခ်င္း) chapter, System 286 (On Going) Arc 2.10(ယူခ်င္း) high quality, System 286 (On Going) Arc 2.10(ယူခ်င္း) light novel, ,

Comment

Leave a Reply

Chapter 33