System 286 (On Going) In Space(ကယ္ရီ)

All chapters are in System 286 (On Going)
A+ A-

Zawgyi ~

အျဖဴေရာင္ဟင္းလင္းျပင္ႀကီးထဲတြင္ ေခြေခြေလးအိပ္ေနေသာကယ္ရီ
System ဘယ္လိုႏႈိးေနပါေစ မၾကားခ်င္ေယာင္ေဆာင္ကာ အိပ္ေနေလသည္

System: ” Host ထအံုးလို႔ အခုHostေရာက္ေနတဲ့ေနရာကဘယ္ေနရာလဲဆိုတာထၾကည္႔အံုး”

ေနာက္ဆံုးတြင္ ကယ္ရီမ်က္လံုးအားေျဖးညႇင္းစြာဖြင့္ကာထလာခဲ့သည္

“ေအာ္….. ဒီေနရာလား”

System: “ဘယ္လိုျပန္ေရာက္လာလဲဆိုတာ Hostမမွတ္မိဘူးလား”

“မွတ္မိဖို႔ လိုအပ္လို႔လား
မင္းေျပာခ်င္တဲ့စိတ္႐ွိရင္ေျပာ မေျပာခ်င္လည္းမေျပာနဲ႔”

System: “Hostက အသတ္ခံရတာပါ”

“ထူးဆန္းလို႔လား ဟို လူလိမ္ေကာင္သတ္ခိုင္းတာေနမွာေပါ့ ေတာ္ၿပီအေရးမပါတာေတြဆက္မေျပာနဲ႔ အဲ့ညကဘာေတြျဖစ္ခဲ့လဲဆိုတာငါမွတ္မိတယ္ အခုေတာ့ခဏအိပ္လိုက္အံုးမယ္ ဆက္ေျပာခ်င္ရင္ငါႏိုးတဲ့အထိေစာင့္ မေစာင့္ႏိုင္ရင္လည္းတစ္ခါတည္းဖုန္မႈန္႔အျဖစ္ေျပာင္းလိုက္”

ကယ္ရီျပန္အိပ္ရင္ အဲ့ညကအေၾကာင္းျပန္စဥ္းစားေနမိသည္ ထိုေန႔ညက ကယ္ရီေဆာင္ၾကာၿမိဳင္ကအျပန္ လူတစ္ေယာက္ သူ႔ေနာက္သို႔ေနာက္ေယာင္ခံလိုက္လာခဲ့ျပီး လူ႐ွင္းေသာေနရာသို႔အေရာက္တြင္ ကယ္ရီအားလုပ္ၾကံတိုက္ခိုက္ခဲ့ျခင္းျဖစ္သည္ မည္သည့္အတြက္ေၾကာင့္တိုက္ခိုက္ခံရသည္ကိုလည္းကယ္ရီမသိ မူလယူခ်င္းတြင္လည္းရန္သူသိပ္မ႐ွိ ကယ္ရီေသဆံုးခါနီးတြင္ ထိုလူကကယ္ရီအားစကားတစ္ခြန္းေျပာခဲ့သည္

‘မင္းကိုသတ္လိုက္လို႔ ငါ့ကိုအျပစ္မတင္နဲ႔ မွားယြင္းစြာေမြးဖြားလာတဲ့ မင္းကိုမင္းပဲအျပစ္တင္လိုက္ပါ ‘

……………..

ေနာက္ဆံုးတြင္ တစ္ပတ္တိတိအိပ္ေနေသာ ကယ္ရီ ႏိုးလာခဲ့သည္

System: “ျပန္လည္ႀကိဳဆိုပါတယ္ Host
ေနာက္ကမာၻသြားဖို႔အဆင္သင့္ျဖစ္ပါၿပီလား Host”

“အင္း”

အမည္ – ကယ္ရီ
Level – 1
point – 700
တတ္ေျမာက္ေသာပညာရပ္ – ဂီတစြမ္းရည္
တာဝန္ထမ္းေဆာင္ၿပီးေသာကမာၻအေရအတြက္ – 2

System: ” Host ကမစ္႐ွင္႐ႈံးနိမ္ခဲ့တဲ့အတြက္ Level လည္းမတိုးသလို pointလည္းမရပါဘူး ကြၽန္ေတာ္အရင္ကေျပာခဲ့သလိုပဲ Level 3ေရာက္မွတာဝန္ထမ္းေဆာင္ၿပီးခဲ့တဲ့ကမာၻေတြရဲ႕ပံုရိပ္အစဆံုးကိုၾကည့္ခြင့္ရမွာပါ ေနာက္ကမာၻမသြားခင္ ႏွစ္သက္ရာပညာရပ္တစ္ခုကိုသင္ယူခြင့္႐ွိပါတယ္ သင္ယူႏိုင္တဲ့ပညာရပ္ေတြကေတာ့…”

System ေျပာလို႔မဆံုးခင္

“အတိုက္အခိုက္”

System : “အတိုက္အခိုက္ စြမ္းရည္ထည့္သြင္းေနပါသည္…
15% 23% 52% 76% 99% 100%
ေအာင္ျမင္စြာထည့္သြင္းၿပီးပါျပီ “

“သြားလို႔ရၿပီလား”

System: ” ဒီတစ္ေခါက္မစ္႐ွင္႐ႈံးလို႔မျဖစ္ဘူးေနာ္ Host ၿပီးခဲ့တဲ့ကမာၻမွာမစ္႐ွင္႐ႈံးခဲ့လို႔ဝိဥာဥ္ဖန္လံုးက အေရာင္နည္းနည္းေဖ်ာ့သြားၿပီ ဒီတစ္ခါထပ္႐ႈံးရင္ Hostအတြက္စိုးရိမ္ရတယ္”

“အင္း ငါသိၿပီ”

System: “ကူးေျပာင္းမႈစတင္သည္……
5..4..3..2..1.”

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode ~

အဖြူရောင်ဟင်းလင်းပြင်ကြီးထဲတွင် ခွေခွေလေးအိပ်နေသောကယ်ရီ
System ဘယ်လိုနှိုးနေပါစေ မကြားချင်ယောင်ဆောင်ကာ အိပ်နေလေသည်

System: ” Host ထအုံးလို့ အခုHostရောက်နေတဲ့နေရာကဘယ်နေရာလဲဆိုတာထကြည့်အုံး”

နောက်ဆုံးတွင် ကယ်ရီမျက်လုံးအားဖြေးညှင်းစွာဖွင့်ကာထလာခဲ့သည်

“အော်….. ဒီနေရာလား”

System: “ဘယ်လိုပြန်ရောက်လာလဲဆိုတာ Hostမမှတ်မိဘူးလား”

“မှတ်မိဖို့ လိုအပ်လို့လား
မင်းပြောချင်တဲ့စိတ်ရှိရင်ပြော မပြောချင်လည်းမပြောနဲ့”

System: “Hostက အသတ်ခံရတာပါ”

“ထူးဆန်းလို့လား ဟို လူလိမ်ကောင်သတ်ခိုင်းတာနေမှာပေါ့ တော်ပြီအရေးမပါတာတွေဆက်မပြောနဲ့ အဲ့ညကဘာတွေဖြစ်ခဲ့လဲဆိုတာငါမှတ်မိတယ် အခုတော့ခဏအိပ်လိုက်အုံးမယ် ဆက်ပြောချင်ရင်ငါနိုးတဲ့အထိစောင့် မစောင့်နိုင်ရင်လည်းတစ်ခါတည်းဖုန်မှုန့်အဖြစ်ပြောင်းလိုက်”

ကယ်ရီပြန်အိပ်ရင် အဲ့ညကအကြောင်းပြန်စဉ်းစားနေမိသည် ထိုနေ့ညက ကယ်ရီဆောင်ကြာမြိုင်ကအပြန် လူတစ်ယောက် သူ့နောက်သို့နောက်ယောင်ခံလိုက်လာခဲ့ပြီး လူရှင်းသောနေရာသို့အရောက်တွင် ကယ်ရီအားလုပ်ကြံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည် မည်သည့်အတွက်ကြောင့်တိုက်ခိုက်ခံရသည်ကိုလည်းကယ်ရီမသိ မူလယူချင်းတွင်လည်းရန်သူသိပ်မရှိ ကယ်ရီသေဆုံးခါနီးတွင် ထိုလူကကယ်ရီအားစကားတစ်ခွန်းပြောခဲ့သည်

‘မင်းကိုသတ်လိုက်လို့ ငါ့ကိုအပြစ်မတင်နဲ့ မှားယွင်းစွာမွေးဖွားလာတဲ့ မင်းကိုမင်းပဲအပြစ်တင်လိုက်ပါ ‘

……………..

နောက်ဆုံးတွင် တစ်ပတ်တိတိအိပ်နေသော ကယ်ရီ နိုးလာခဲ့သည်

System: “ပြန်လည်ကြိုဆိုပါတယ် Host
နောက်ကမ္ဘာသွားဖို့အဆင်သင့်ဖြစ်ပါပြီလား Host”

“အင်း”

အမည် – ကယ်ရီ
Level – 1
point – 700
တတ်မြောက်သောပညာရပ် – ဂီတစွမ်းရည်
တာဝန်ထမ်းဆောင်ပြီးသောကမ္ဘာအရေအတွက် – 2

System: ” Host ကမစ်ရှင်ရှုံးနိမ်ခဲ့တဲ့အတွက် Level လည်းမတိုးသလို pointလည်းမရပါဘူး ကျွန်တော်အရင်ကပြောခဲ့သလိုပဲ Level 3ရောက်မှတာဝန်ထမ်းဆောင်ပြီးခဲ့တဲ့ကမ္ဘာတွေရဲ့ပုံရိပ်အစဆုံးကိုကြည့်ခွင့်ရမှာပါ နောက်ကမ္ဘာမသွားခင် နှစ်သက်ရာပညာရပ်တစ်ခုကိုသင်ယူခွင့်ရှိပါတယ် သင်ယူနိုင်တဲ့ပညာရပ်တွေကတော့…”

System ပြောလို့မဆုံးခင်

“အတိုက်အခိုက်”

System : “အတိုက်အခိုက် စွမ်းရည်ထည့်သွင်းနေပါသည်…
15% 23% 52% 76% 99% 100%
အောင်မြင်စွာထည့်သွင်းပြီးပါပြီ “

“သွားလို့ရပြီလား”

System: ” ဒီတစ်ခေါက်မစ်ရှင်ရှုံးလို့မဖြစ်ဘူးနော် Host ပြီးခဲ့တဲ့ကမ္ဘာမှာမစ်ရှင်ရှုံးခဲ့လို့ဝိဉာဉ်ဖန်လုံးက အရောင်နည်းနည်းဖျော့သွားပြီ ဒီတစ်ခါထပ်ရှုံးရင် Hostအတွက်စိုးရိမ်ရတယ်”

“အင်း ငါသိပြီ”

System: “ကူးပြောင်းမှုစတင်သည်……
5..4..3..2..1.”

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) In Space(ကယ္ရီ), novel System 286 (On Going) In Space(ကယ္ရီ), read System 286 (On Going) In Space(ကယ္ရီ) online, System 286 (On Going) In Space(ကယ္ရီ) chapter, System 286 (On Going) In Space(ကယ္ရီ) high quality, System 286 (On Going) In Space(ကယ္ရီ) light novel, ,

Comment

Leave a Reply

Chapter 35