System 286 (On Going) Arc 4.4(ပိုင်ရှီရှန်း)

All chapters are in System 286 (On Going)
A+ A-

Unicode ~

ကယ်ရီ ရှောင်ပိုင်အားပိုက်ကာဂိုဏ်းသို့ပြန်လာခဲ့သည် ကိုယ်ပိုင်ခြံဝန်းသို့သွားရာလမ်းတစ်လျှောက်တွင် ကယ်ရီတည်တည်ငြိမ်ငြိမ်ဖြင့်လျှောက်လာခဲ့သော်လည်း လမ်းမှာတွေ့ခဲ့သမျှဂိုဏ်းသားတိုင်းက သူ့အားသနားစဖွယ်ကြည့်နေသောကြောင့် စိတ်ကသိကအောက်အနည်းငယ်တော့ဖြစ်သွားခဲ့သည်
[ကြည့်ရတာ စေ့စပ်တာဖျက်သိမ်းခံလိုက်ရလို့
host ကိုဝိုင်းသနားနေကြတာဖြစ်မယ်]

“ငါလည်းအဲ့လိုပဲထင်တယ်” သို့သော်သူ၏အတွေးမှာတက်တက်စင်အောင်လွဲနေသည့်အကြောင်းကို အခန်းဝတွင်ကြာပွတ်ကိုင်ကာစောင့်နေသောဂိုဏ်းချုပ်ပိုင်ကအဖြေပေးခဲ့သည် ဂိုဏ်းချုပ်ပိုင် ကယ်ရီအနားသို့ရောက်လာကာနားရွက်အားဆွဲပြီး

“ကောင်စုတ်လေး မင်းပြောတော့ခဏပါဆို
အပြင်မှာပြသာနာရှာရတာ တော်တော်မှပျော်ခဲ့ရလား ဟမ်”

ကယ်ရီကြာပွတ်အားအသာဆွဲယူကာ
“ကျွန်တော်အပြင်မှာဘာပြသာနာမှမရှာခဲ့ပါဘူး တောထဲမှာသားရဲတွေနဲ့လေ့ကျင့်နေခဲ့တာပါ မယုံရင်စုံစမ်းကြည့်လို့ရပါတယ်”

“ငါ့ကိုလာမလိမ်နဲ့ မင်းသာအဲ့လောက်သိတတ်နေရင် ဒီချိန်မှာအမှိုက်ကောင်တောင်ဖြစ်မနေဘူး မင်းရထားတဲ့မီးဝိညာဥ်ကိုအားမနာဘူးလား ဟမ်”

ထိုစဥ် ခြံဝန်းထဲသို့သခင်မပိုင်အချိန်ကိုက်ရောက်ရှိလာခဲ့သည်
“ပိုင်ရှဲ့… ရှင်ကများရာရာစစကျွန်မသားကိုအမှိုက်ကောင်လို့ခေါ်ရဲတယ်ပေါ့ “

“မဟုတ်ပါဘူးမိန်းမရာ ကိုယ်ကသူ့အတွက်ပြောတာပါ သူအခုလိုပုံဖြစ်နေလို့ပဲ မိန်းကလေးဟူဖက်ကနေစေ့စပ်ထားကလာဖျက်သွားတယ်လေ ကိုယ်သူ့အစားကိုယ်ရှက်လွန်းလို့ပါ”

“အဲ့မြေခွေးမကစေ့စပ်ထားတာကိုလာဖျက်တာက ကျွန်မသားကြောင့်မဟုတ်ဘဲ သူကတခြားသူကိုကြိုက်နေလို့လေ ကျွန်မသားကဘာလို့ရှက်ရမှာလဲ သူရှက်သင့်တာလေ”

ကြာရင်ရန်ပွဲဒီထက်ဆိုးလာတော့မည်ဟုအာရုံကနေသောကယ်ရီကပဲကြားကဖျက်ကာ မသိနားမလည်လိုက်တဲ့ပုံစံဖြင့်
“အမေတို့ဆိုလိုတာက ဟူလီနာဖက်ကနေ စေ့စပ်ထားတာကို လာဖျက်သွားတယ်လို့ပြောချင်တာလား”

“ဟမ်…မင်းအခုထိမသိသေးဘူးလား
ပိုင်ရှဲ့….ရှင်ကအဓိကအကြောင်းကိုတောင်သေချာမပြောဘဲနဲ့ ကျွန်မသားကိုတန်းဆူပူနေခဲ့တာလား “

“မိန်းမ…. စိတ်လျော့ စိတ်လျော့
ကိုယ်ထပ်မဆူတော့ဘူးနော် စိတ်လျော့ “ထို့နောက်ကယ်ရီအား နဂါးမျက်စောင်းအကြည့်ဖြင့်လှည့်ကြည့်ကာ
“မင်း ချီစုဆောင်းမှုအဆင့်၆ မရောက်မချင်း ခြံဝန်းထဲကထွက်ရဲထွက်ကြည့် ငါနဲ့တွေ့မယ် ”

“စိတ်ချ ကျွန်တော်အဆင့်၈ရောက်မှထွက်ခဲ့မယ်”
ဂိုဏ်ချုပ်ပိုင် ကယ်ရီ၏စကားကြောင့်အံ့သြပျော်ရွှင်သွားသော်လည်း မျက်နှာတွင်မည်သည့်အမူရာမျှမပြဘဲ သခင်မပိုင်အားတွဲကာ ခြံဝန်းထဲမှထွက်သွားခဲ့သည်

ကယ်ရီလက်ထဲ၌ပွေ့ထားသော မြေခွေးလေးအားချော့မြူကာ “ရှောင်ပိုင်ရေ ရောက်ရောက်ချင်းဒီလိုမြင်ကွင်းကိုပြမိတဲ့အတွက် ငါတကယ်စိတ်မကောင်းပါဘူး”

ကယ်ရီရှောင်ပိုင်အားသူ၏ခြံဝန်းထဲတွင်လွတ်လပ်စွာသွားခွင့်ပေးထားသော်လည်း ရှောင်ပိုင်မှာမူအမြဲတစေသူ၏နားသို့သာကပ်နေတတ်သည် ထို့အပြင်ကယ်ရီ၏လက်ချောင်းလေးများကိုလည်းတစ်ချက်တစ်ချက်လျှက်တတ်သေးသည်

[host မြေခွေးကအမကြီးများလားပဲသေချာကြည့်ကြည့်အုံး host နားကိုအရမ်းကပ်တာပဲ]

“ပေါက်ကရတွေမပြောနဲ့ ငါ့ရှောင်ပိုင်လေးကအထီးကွအထီး
ငါ့ကိုသူ့သခင်မှန်းသိလို့ကပ်တာဘာဖြစ်လဲ
မဆိုင်တာတွေ မပြောတော့နဲ့ ငါမေးထားတဲ့ကိစ္စ ရလားမရဘူးလား “
[ အာ…. hostကလည်း ကျင့်ကြံဆင့်ကိုမြှင့်ချင်တိုင်းမြှင့်လို့မရဘူးလေ နှစ်ချီပြီးကျင့်ရတဲ့သူတွေကိုအားနာပါအုံး]

“ငါအများကြီးမမြှင့်ခိုင်းပါဘူး ဇာတ်လိုက်နဲ့အဆင့်တူတူလောက်ပဲမြှင့်ချင်တာပါ အဲ့တာမှနောက်သုံးနှစ်နေရင်ကျင်းပမဲ့ ဂိုဏ်းပေါင်းစုံပြိုင်ပွဲမှာသူနဲ့ပြိုင်လို့ရမှာလေ ဒါကမစ်ရှင်အတွက်သာမန်လိုအပ်ချက်လေးပါ မလုပ်ပေးနိုင်ဘူးလား “

[လုပ်ပေးလို့ကရတယ် ဒါပေမယ့်ဒီကမ္ဘာရဲ့သတ်မှတ်ချက်တွေကိုချိုးဖောက်ရမှာဆိုတော့ အနည်းနဲ့အများ host ထိခိုက်လိမ့်မယ်]

“ဒီကိုယ်ကိုလား မူလကိုယ်ကိုလား”

[ဒီခန္ဓာကိုယ်ကိုပါ]

“အဲ့တာများလုပ်သာလုပ် ငါကမစ်ရှင်ပြီးတာနဲ့ထွက်သွားမှာပဲလေ ဘယ်လိုထိခိုက်မှုမျိုးမဆိုခံနိုင်ရည်ရှိပါတယ် ဒါပေမယ့် တစ်ခုတော့ရှိတယ် point လုံးဝမပေးနိုင်ဘူးနော်”

[ မပေးလို့မရဘူးလေ host မညစ်နဲ့နော်]

“ဒါမစ်ရှင်အတွက်လိုအပ်တဲ့သာမန်လိုအပ်ချက်လို့ အစောကမပြောခဲ့ဘူးလား ငါ့ကိုကူညီရမှာမင်းတာဝန်လေ”

[ host သာမန်လိုအပ်ချက်ကြီးက အဆင့်၅ကနေအဆင့်၇ထိတိုးပေးရမှာကြီးလေ မလွန်လွန်းဘူးလား]

“လုပ်ပေးမှာလားမလုပ်ပေးဘူးလား”

[ဟွန့်…..လုပ်ပေးမယ်
point 100 တော့ပေး အထက်ကစစ်လို့ အလကားဆိုတာကြီးပေါ်နေရင်ကျွန်တော်အပြစ်ပေးခံရလိမ့်မယ် ]

“ကောင်းပြီလေ”

ကယ်ရီအိပ်ယာပေါ်တွင်ထိုင်ကာ ပတ်ဝန်းကျင်ရှိချီစွမ်းအင်များကိုစုပ်ယူလိုက်သည် System၏အထောက်အပံ့ကြောင့် ချီစွမ်းအင်များသည်ကယ်ရီ၏ကိုယ်ထဲသို့ သာမန်ထက်အဆ၁၀၀နီးပါးပိုမိုလျှင်မြန်စွာတိုးဝင်လာကြသည် ကယ်ရီအစပိုင်းတွင်အစွမ်းကုန်တောင့်ခံနိုင်သော်လည်း တစ်ရက်ခန့်ကြာပြီးသည့်နောက်တွင် ခန္ဓာကိုယ်ရှိသွေးကြောများပေါက်ကွဲကာ သွေးများယိုစိမ့်ထွက်လာကြသည်

[ Host တောင့်ခံနိုင်သေးလား
ကျွန်တော်ရပ်လိုက်ရတော့မလား]

ကယ်ရီပျို့တက်လာသောသွေးများကိုအပြင်သို့မကျလာစေရန်ထိန်းရင်း “ငါတောင့်ခံနိုင်သေးတယ် ကိစ္စမရှိဘူး ဆက်လုပ် “

System ကယ်ရီ၏စကားအတိုင်း ကျင့်ကြံနှုန်းကိုဆက်လက်မြှင့်တင်နေခဲ့သည် သုံးရက်ခန့်ကြာသောအခါ ကယ်ရီ ချီစုဆောင်းမှုအဆင့် ၇သို့ရောက်ရှိခဲ့သည် သို့သော်ကယ်ရီ၏အခြေနေမှာသာမန်လူသားတစ်ယောက်လာသတ်လိုပါက အားထုတ်စရာမလိုဘဲအလွယ်တကူသတ်နိုင်သည့် သေလုမြောပါးအခြေနေသို့ရောက်နေခဲ့သည် Systemလည်း ကယ်ရီအားအစွမ်းကုန်နှိုးနေပါသော်လည်းနိုးမလာခဲ့ပေ
[ဒုက္ခပါပဲ Host ကိုဘယ်လိုလုပ်ပေးရမလဲမသိတော့ဘူး
ဒီတစ်ခါမစ်ရှင်ရှုံးရင် Host အတွက်အန္တာရာယ်များတယ် ဘယ်လိုလုပ်ရင်ကောင်းမလဲ ]

System အကျပ်ရိုက်နေစဥ် ကုတင်ထောင့်ရှိရှောင်ပိုင်ထံမှအဖြူရောင်အလင်းတန်းများစူးရှစွာတောက်ပလာ ပြီး ဆံပင်အဖြူရောင်နှင့်လူငယ်လေးအဖြစ်သို့ပြောင်းလဲသွားသည် ထို့နောက်ကယ်ရီ၏နံဘေးသို့သွားကာ သူ၏နှုတ်ခမ်းများနှင့်ကယ်ရီ၏နှုတ်ခမ်းအားဖိကပ်လိုက်သည် ထိုအပြုမူအားမြင်လိုက်ရသောအခါSystemရုတ်တရက်လန့်သွားသော်လည်း နှုတ်ခမ်းနှစ်ခုကြားရှိပန်းရောင်အမြုတေကိုမြင်သောအခါ ထိုလူမှာမိမိ၏ Host အားကယ်တင်နေခြင်းဖြစ်ကြောင်း လျှင်မြန်စွာသဘောပေါက်လိုက်သည်….

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Zawgyi ~

Arc (4.4)

ကယ္ရီ ေရွာင္ပိုင္အားပိုက္ကာဂိုဏ္းသို႔ျပန္လာခဲ့သည္ ကိုယ္ပိုင္ၿခံဝန္းသို႔သြားရာလမ္းတစ္ေလွ်ာက္တြင္ ကယ္ရီတည္တည္ၿငိမ္ၿငိမ္ျဖင့္ေလွ်ာက္လာခဲ့ေသာ္လည္း လမ္းမွာေတြ႕ခဲ့သမွ်ဂိုဏ္းသားတိုင္းက သူ႕အားသနားစဖြယ္ၾကည့္ေနေသာေၾကာင့္ စိတ္ကသိကေအာက္အနည္းငယ္ေတာ့ျဖစ္သြားခဲ့သည္
[ၾကည့္ရတာ ေစ့စပ္တာဖ်က္သိမ္းခံလိုက္ရလို႔
host ကိုဝိုင္းသနားေနၾကတာျဖစ္မယ္]

“ငါလည္းအဲ့လိုပဲထင္တယ္” သို႔ေသာ္သူ၏အေတြးမွာတက္တက္စင္ေအာင္လြဲေနသည့္အေၾကာင္းကို အခန္းဝတြင္ၾကာပြတ္ကိုင္ကာေစာင့္ေနေသာဂိုဏ္းခ်ဳပ္ပိုင္ကအေျဖေပးခဲ့သည္ ဂိုဏ္ခ်ဳပ္ပိုင္ ကယ္ရီအနားသို႔ေရာက္လာကာနား႐ြက္အားဆြဲၿပီး

“ေကာင္စုတ္ေလး မင္းေျပာေတာ့ခဏပါဆို
အျပင္မွာျပသာနာရွာရတာ ေတာ္ေတာ္မွေပ်ာ္ခဲ့ရလား ဟမ္”

ကယ္ရီၾကာပြတ္အားအသာဆြဲယူကာ
“ကြၽန္ေတာ္အျပင္မွာဘာျပသာနာမွမရွာခဲ့ပါဘူး ေတာထဲမွာသားရဲေတြနဲ႕ေလ့က်င့္ေနခဲ့တာပါ မယုံရင္စုံစမ္းၾကည့္လို႔ရပါတယ္”

“ငါ့ကိုလာမလိမ္နဲ႕ မင္းသာအဲ့ေလာက္သိတတ္ေနရင္ ဒီခ်ိန္မွာအမွိုက္ေကာင္ေတာင္ျဖစ္မေနဘူး မင္းရထားတဲ့မီးဝိညာဥ္ကိုအားမနာဘူးလား ဟမ္”

ထိုစဥ္ ၿခံဝန္းထဲသို႔သခင္မပိုင္အခ်ိန္ကိုက္ေရာက္ရွိလာခဲ့သည္
“ပိုင္ရွဲ႕… ရွင္ကမ်ားရာရာစစကြၽန္မသားကိုအမွိုက္ေကာင္လို႔ေခၚရဲတယ္ေပါ့ “

“မဟုတ္ပါဘူးမိန္းမရာ ကိုယ္ကသူ႕အတြက္ေျပာတာပါ သူအခုလိုပုံျဖစ္ေနလို႔ပဲ မိန္းကေလးဟူဖက္ကေနေစ့စပ္ထားကလာဖ်က္သြားတယ္ေလ ကိုယ္သူ႕အစားကိုယ္ရွက္လြန္းလို႔ပါ”

“အဲ့ေျမေခြးမကေစ့စပ္ထားတာကိုလာဖ်က္တာက ကြၽန္မသားေၾကာင့္မဟုတ္ဘဲ သူကတျခားသူကိုႀကိဳက္ေနလို႔ေလ ကြၽန္မသားကဘာလို႔ရွက္ရမွာလဲ သူရွက္သင့္တာေလ”

ၾကာရင္ရန္ပြဲဒီထက္ဆိုးလာေတာ့မည္ဟုအာ႐ုံကေနေသာကယ္ရီကပဲၾကားကဖ်က္ကာ မသိနားမလည္လိုက္တဲ့ပုံစံျဖင့္
“အေမတို႔ဆိုလိုတာက ဟူလီနာဖက္ကေန ေစ့စပ္ထားတာကို လာဖ်က္သြားတယ္လို႔ေျပာခ်င္တာလား”

“ဟမ္…မင္းအခုထိမသိေသးဘူးလား
ပိုင္ရွဲ႕….ရွင္ကအဓိကအေၾကာင္းကိုေတာင္ေသခ်ာမေျပာဘဲနဲ႕ ကြၽန္မသားကိုတန္းဆူပူေနခဲ့တာလား “

“မိန္းမ…. စိတ္ေလ်ာ့ စိတ္ေလ်ာ့
ကိုယ္ထပ္မဆူေတာ့ဘူးေနာ္ စိတ္ေလ်ာ့ “ထို႔ေနာက္ကယ္ရီအား နဂါးမ်က္ေစာင္းအၾကည့္ျဖင့္လွည့္ၾကည့္ကာ
“မင္း ခ်ီစုေဆာင္းမႈအဆင့္၆ မေရာက္မခ်င္း ၿခံဝန္းထဲကထြက္ရဲထြက္ၾကည့္ ငါနဲ႕ေတြ႕မယ္ ”

“စိတ္ခ် ကြၽန္ေတာ္အဆင့္၈ေရာက္မွထြက္ခဲ့မယ္”
ဂိုဏ္ခ်ဳပ္ပိုင္ ကယ္ရီ၏စကားေၾကာင့္အံ့ၾသေပ်ာ္႐ႊင္သြားေသာ္လည္း မ်က္ႏွာတြင္မည္သည့္အမူရာမွ်မျပဘဲ သခင္မပိုင္အားတြဲကာ ၿခံဝန္းထဲမွထြက္သြားခဲ့သည္

ကယ္ရီလက္ထဲ၌ေပြ႕ထားေသာ ေျမေခြးေလးအားေခ်ာ့ျမဴကာ “ေရွာင္ပိုင္ေရ ေရာက္ေရာက္ခ်င္းဒီလိုျမင္ကြင္းကိုျပမိတဲ့အတြက္ ငါတကယ္စိတ္မေကာင္းပါဘူး”

ကယ္ရီေရွာင္ပိုင္အားသူ၏ၿခံဝန္းထဲတြင္လြတ္လပ္စြာသြားခြင့္ေပးထားေသာ္လည္း ေရွာင္ပိုင္မွာမူအၿမဲတေစသူ၏နားသို႔သာကပ္ေနတတ္သည္ ထို႔အျပင္ကယ္ရီ၏လက္ေခ်ာင္းေလးမ်ားကိုလည္းတစ္ခ်က္တစ္ခ်က္လွ်က္တတ္ေသးသည္

[host ေျမေခြးကအမႀကီးမ်ားလားပဲေသခ်ာၾကည့္ၾကည့္အုံး host နားကိုအရမ္းကပ္တာပဲ]

“ေပါက္ကရေတြမေျပာနဲ႕ ငါ့ေရွာင္ပိုင္ေလးကအထီးကြအထီး
ငါ့ကိုသူ႕သခင္မွန္းသိလို႔ကပ္တာဘာျဖစ္လဲ
မဆိုင္တာေတြ မေျပာေတာ့နဲ႕ ငါေမးထားတဲ့ကိစၥ ရလားမရဘူးလား “
[ အာ…. hostကလည္း က်င့္ႀကံဆင့္ကိုျမႇင့္ခ်င္တိုင္းျမႇင့္လို႔မရဘူးေလ ႏွစ္ခ်ီၿပီးက်င့္ရတဲ့သူေတြကိုအားနာပါအုံး]

“ငါအမ်ားႀကီးမျမႇင့္ခိုင္းပါဘူး ဇာတ္လိုက္နဲ႕အဆင့္တူတူေလာက္ပဲမွင့္ခ်င္တာပါ အဲ့တာမွေနာက္သုံးႏွစ္ေနရင္က်င္းပမဲ့ ဂိုဏ္းေပါင္းစုံၿပိဳင္ပြဲမွာသူနဲ႕ၿပိဳင္လို႔ရမွာေလ ဒါကမစ္ရွင္အတြက္သာမန္လိုအပ္ခ်က္ေလးပါ မလုပ္ေပးနိုင္ဘူးလား “

[လုပ္ေပးလို႔ကရတယ္ ဒါေပမယ့္ဒီကမၻာရဲ႕သတ္မွတ္ခ်က္ေတြကိုခ်ိဳးေဖာက္ရမွာဆိုေတာ့ အနည္းနဲ႕အမ်ား host ထိခိုက္လိမ့္မယ္]

“ဒီကိုယ္ကိုလား မူလကိုယ္ကိုလား”

[ဒီခႏၶာကိုယ္ကိုပါ]

“အဲ့တာမ်ားလုပ္သာလုပ္ ငါကမစ္ရွင္ၿပီးတာနဲ႕ထြက္သြားမွာပဲေလ ဘယ္လိုထိခိုက္မႈမ်ိဳးမဆိုခံနိုင္ရည္ရွိပါတယ္ ဒါေပမယ့္ တစ္ခုေတာ့ရွိတယ္ point လုံးဝမေပးနိုင္ဘူးေနာ္”

[ မေပးလို႔မရဘူးေလ host
မညစ္နဲ႕ေနာ္]

“ဒါမစ္ရွင္အတြက္လိုအပ္တဲ့သာမန္လိုအပ္ခ်က္လို႔ အေစာကမေျပာခဲ့ဘူးလား ငါ့ကိုကူညီရမွာမင္းတာဝန္ေလ”

[ host သာမန္လိုအပ္ခ်က္ႀကီးက အဆင့္၅ကေနအဆင့္၇ထိတိုးေပးရမွာႀကီးေလ မလြန္လြန္းဘူးလား]

“လုပ္ေပးမွာလားမလုပ္ေပးဘူးလား”

[ဟြန့္…..လုပ္ေပးမယ္
point 100 ေတာ့ေပး အထက္ကစစ္လို႔ အလကားဆိုတာႀကီးေပၚေနရင္ကြၽန္ေတာ္အျပစ္ေပးခံရလိမ့္မယ္ ]

“ေကာင္းၿပီေလ”

ကယ္ရီအိပ္ယာေပၚတြင္ထိုင္ကာ ပတ္ဝန္းက်င္ရွိခ်ီစြမ္းအင္မ်ားကိုစုပ္ယူလိုက္သည္ System၏အေထာက္အပံ့ေၾကာင့္ ခ်ီစြမ္းအင္မ်ားသည္ကယ္ရီ၏ကိုယ္ထဲသို႔ သာမန္ထက္အဆ၁၀၀နီးပါးပိုမိုလွ်င္ျမန္စြာတိုးဝင္လာၾကသည္ ကယ္ရီအစပိုင္းတြင္အစြမ္းကုန္ေတာင့္ခံနိုင္ေသာ္လည္း တစ္ရက္ခန့္ၾကာၿပီးသည့္ေနာက္တြင္ ခႏၶာကိုယ္ရွိေသြးေၾကာမ်ားေပါက္ကြဲကာ ေသြးမ်ားယိုစိမ့္ထြက္လာၾကသည္

[ Host ေတာင့္ခံနိုင္ေသးလား
ကြၽန္ေတာ္ရပ္လိုက္ရေတာ့မလား]

ကယ္ရီပ်ိဳ႕တက္လာေသာေသြးမ်ားကိုအျပင္သို႔မက်လာေစရန္ထိန္းရင္း “ငါေတာင့္ခံနိုင္ေသးတယ္ ကိစၥမရွိဘူး ဆက္လုပ္ “

System ကယ္ရီ၏စကားအတိုင္း က်င့္ၾကင့္ႏႈန္းကိုဆက္လက္ျမႇင့္တင္ေနခဲ့သည္ သုံးရက္ခန့္ၾကာေသာအခါ ကယ္ရီ ခ်ီစုေဆာင္းမႈအဆင့္ ၇သို႔ေရာက္ရွိခဲ့သည္ သို႔ေသာ္ကယ္ရီ၏အေျခေနမွာသာမန္လူသားတစ္ေယာက္လာသတ္လိုပါက အားထုတ္စရာမလိုဘဲအလြယ္တကူသတ္နိုင္သည့္ ေသလုေျမာပါးအေျခေနသို႔ေရာက္ေနခဲ့သည္ Systemလည္း ကယ္ရီအားအစြမ္းကုန္ႏွိုးေနပါေသာ္လည္းနိုးမလာခဲ့ေပ
[ဒုကၡပါပဲ Host ကိုဘယ္လိုလုပ္ေပးရမလဲမသိေတာ့ဘူး
ဒီတစ္ခါမစ္ရွင္ရႈံးရင္ Host အတြက္အႏၱာရာယ္မ်ားတယ္ ဘယ္လိုလုပ္ရင္ေကာင္းမလဲ ]

System အက်ပ္ရိုက္ေနစဥ္ ကုတင္ေထာင့္ရွိေရွာင္ပိုင္ထံမွအျဖဴေရာင္အလင္းတန္းမ်ားစူးရွစြာေတာက္ပလာ ၿပီး ဆံပင္အျဖဴေရာင္ႏွင့္လူငယ္ေလးအျဖစ္သို႔ေျပာင္းလဲသြားသည္ ထို႔ ေနာက္ကယ္ရီ၏နံေဘးသိုသြားကာ သူ၏ႏႈတ္ခမ္းမ်ားႏွင့္ကယ္ရီ၏ႏႈတ္ခမ္းအားဖိကပ္လိုက္သည္ ထိုအျပဳမူအားျမင္လိုက္ရေသာအခါSystem႐ုတ္တရက္လန့္သြားေသာ္လည္း ႏႈတ္ခမ္းႏွစ္ခုၾကားရွိပန္းေရာင္အျမဳေတကိုျမင္ေသာအခါ ထိုလူမွာမိမိ၏ Host အားကယ္တင္ေနျခင္းျဖစ္ေၾကာင္း လွ်င္ျမန္စြာသေဘာေပါက္လိုက္သည္….

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 4.4(ပိုင်ရှီရှန်း), novel System 286 (On Going) Arc 4.4(ပိုင်ရှီရှန်း), read System 286 (On Going) Arc 4.4(ပိုင်ရှီရှန်း) online, System 286 (On Going) Arc 4.4(ပိုင်ရှီရှန်း) chapter, System 286 (On Going) Arc 4.4(ပိုင်ရှီရှန်း) high quality, System 286 (On Going) Arc 4.4(ပိုင်ရှီရှန်း) light novel, ,

Comment

Leave a Reply

Chapter 50