System 286 (On Going) Arc 4.7 (ပိုင်ရှီရှန်း)

All chapters are in System 286 (On Going)
A+ A-

Unicode

ခြံဝန်းထဲတွင်ကယ်ရီတစ်ယောက် ဂိုဏ်းချုပ်ပိုင်ပေးထားသော လက်ဝါးသိုင်းကျမ်းအားလေ့ကျင့်နေခဲ့သည်။ System မှ အတိုက်ခိုက်စွမ်းရည်အားထည့်သွင်းပေးထားသော်လည်း ထိုစွမ်းရည်မှာသာမန်ကိုယ်ခံပညာရပ်များသာဖြစ်သောကြောင့် ဤကမ္ဘာတွင်များစွာအထောက်ကူမပြုချေ။ ထို့ကြောင့် ချီစွမ်းအင်အသုံးချ၍ တိုက်ခိုက်ရသော ပညာများပိုမိုလိုအပ်သည်။

ကယ်ရီ ဖြည်းဖြည်းမာန်သွင်းပြီး လေထဲသို့ခုန်တက်ကာ လက်ဝါးနှစ်ဘက်ကိုဝေ့ရမ်းရင်း မြေကြီးအား အားဖြင့်ရိုက်ချလိုက်ရာ စွမ်းအင်များက ပတ်ဝန်းကျင်နေရာအနှံ့သို့ ပြန့်သွားပြီး လေပြင်းများဖြစ်ပေါ်လာစေခဲ့သည်။ ကယ်ရီဆက်လက်၍ လက်ဝါးသိုင်းကို မရပ်မနားလေ့ကျင့်နေခဲ့သည်
[Host တော်ပါတော့ ခြံဝန်းတစ်ခုလုံးလည်းရစရာမရှိတော့ဘူး ရပ်ပါတော့ ]
System ၏သတိပေးချက်ကြားမှသာ ကယ်ရီလေ့ကျင့်တာရပ်လိုက်ပြီး ပတ်ဝန်းကျင်သို့တစ်ချက်ကြည့်လိုက်သောအခါ ခါးလယ်မှကျိုးပဲ့ကာမီးကျွမ်းနေသောသစ်ပင်များ ၊ အစိတ်စိတ်အမွှာမွှာဖြစ်နေသော ကျောက်တုံးများ ၊ ခပ်ကြီးကြီးကျောက်တုံးတွင်လည်း ချိုင့်ဝင်နေသော လက်ဝါးရာများတွေ့လိုက်ရသည်။ ကယ်ရီလည်းကိုယ့်ကိုယ်ကိုမယုံနိုင်စွာဖြင့် သူ၏လက်အားငုံ့ကြည့်ကာ
“ဒါတွေက ငါလုပ်ထားတာလား”
[ Host ခြံဝန်းတစ်ခုလုံးကို မီးလောင်တိုက်သွင်းမိမလိုဖြစ်သွားတာရောသိလား]
“ငါကလက်ဝါးသိုင်းပဲကျင့်တာမဟုတ်ဘူးလား”
[ဒါပေမယ့် Host က မီးဝိညာဥ်သွေးကြောရှိတော့ အလိုလျောက် မီးစွမ်းအင်ထုတ်နိုင်တာပေါ့ ဒီသိုင်းကျမ်းကို ဇာတ်လိုက်မကျင့်လိုက်ရင် ရေခဲစွမ်းအင်ထုတ်နိုင်လိမ့်မယ်]
“အော်…ငါနားလည်ပြီ”

ခပ်လှမ်းလှမ်းတွင်ရှိနေသော ယဲ့ဝမ် တစ်ဖြစ်လည်း ရှောင်ပိုင်မှာတော့ သိပ်မအံ့သြသွားဘဲ တည်ငြိမ်သောအမူရာဖြင့် လှဲကာ ကယ်ရီအားကြည့်နေခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူ၏အမြုတေပိုင်ဆိုင်ထားသောသူတစ်ယောက်အနေဖြင့် ဒီလောက်အတိုင်းတာစွမ်းရည်ရှိနေသည်မှာ ပုံမှန်ပင်ဖြစ်သည်။ ကြည့်ရတာသူ့ကလေးလေးတွင် ပါရမီတော့ပါပုံရသည်။ ချီစုစောင်းမှုအဆင့်၉ဖြင့် ကမ္ဘာမြေကြီးအဆင့် စွမ်းအားထုတ်နိုင်သူများမှာ တစ်ရာတွင်သာတစ်ယောက်ရှိနိုင်သော ပါရမီရှင်များသာတတ်နိုင်သည့်အရာမျိုးဖြစ်သည်။
‘နတ်ဆိုးဘုရင်နေရာကို ကလေးလေးကိုပေးလိုက်ရင်ကောင်းမလား’

အချိန်များတစ်ရွေ့ရွေ့ကုန်ဆုံးကာ ပြိုင်ပွဲကျင်းပရန်အချိန်သို့နီးကပ်လာခဲ့သည်
“သိုင်းပြိုင်ပွဲလည်း မကြာခင်ရောက်လာတော့မှာပဲ” ကယ်ရီ ရေရွတ်ရင်းဖြင့် ခြံဝန်းအပြင်သို့ထွက်လာခဲ့သည် သေချာပေါက်သူ၏အချစ်တော် မြေခွေးလေးအားပွေ့လျှက်ဖြင့်…သူခြံထဲကနေထွက်လာတာနဲ့ ဂိုဏ်းတပည့်များ၏တီးတိုးပြောဆိုသံများအားကြားလိုက်ရသည် ။

“တိမ်ပြိုဂိုဏ်းကလူတွေရောက်လာတာမင်းသိပြီးပြီလား”

“ငါတော့သခင်လေးကိုစိတ်ပူလိုက်တာ ဒီနှစ်လည်းသေချာပေါက်အရိုက်ခံရတော့မယ်ထင်တယ်”

“ဘယ်တတ်နိုင်ပါ့မလဲ သူကကြောက်စရာကောင်းတဲ့ပါရမီရှင်ကိုမှ ရန်သွားစတာကို”

ကယ်ရီလာနေတာကိုမြင်သောအခါ ထိုတပည့်များကအသံတိတ်သွားကြသည်။ ကယ်ရီလည်းလစ်လျှူရှုကာကျော်သွားရင်း ဂိုဏ်းချုပ်ခြံဝန်းထဲသို့ ဦးတည်ကာသွားလိုက်သည်။ ခြံဝန်းထဲရောက်တော့ ပိုင်သခင်မအားဦးစွာတွေ့လိုက်ရသည်။

“အမေ” ကယ်ရီနှုတ်ဆက်လိုက်သည်
“သားလေး ရောက်လာပြီလား
လာ လာ အရင်ထိုင်ဦး “ထို့နောက်အိမ်ထဲသို့လှမ်းအော်လိုက်သည်
“ပိုင်ရှဲ့ အရေးမကြီးတာတွေထားခဲ့ သားလေးရောက်နေတယ် မြန်မြန်ထွက်ခဲ့”

ဂိုဏ်းချုပ်ပိုင်လည်း အိမ်ထဲမှထွက်လာကာ
“အချိန်ကသိပ်မလိုတော့ဘူး မင်းလေ့ကျင့်တာအခြေနေဘယ်လိုရှိလဲ”

ကယ်ရီလည်းသူ့ရင်ဖက်ကိုပုတ်ကာ
“စိတ်ချပါ ကျွန်တော် အဖေနဲ့အမေကို မျက်နှာမပျက်စေရပါဘူး”

“ငါ့မျက်နှာပျက်မပျက်ဂရုမစိုက်ဘူးကွ မင်းလုပ်ထားလို့ငါ့မှာဟိုးအစောကတည်းက ပျက်စရာမျက်နှာကိုမကျန်တော့တာ မင်းအရင်တစ်ခါကလိုမျိုး ခွေးလိုနွားလိုအရိုက်မခံရရင်တော်ပြီ”

“အဖေက ကျွန်တော့ကိုစိတ်ပူတာလား ” ကယ်ရီပြုံးရင်းမေးလိုက်သည်။

ဂိုဏ်းချုပ်ပိုင်လည်း အင်တင်တင်မျက်နှာဖြင့်
“တော်စမ်းပါ ငါက ကုသဆောင်ကဆေးတွေကိုနှမြောမိရုံတင်”

“ပိုင်….ရှဲ့”

“မိန်းမရော့ အကြမ်းရည်လေးသောက်”

…………

နောက်ဆုံးတွင် ပြိုင်ပွဲကျင်းပရန် စီစဥ်ထားသောနေ့သို့ ရောက်လာခဲ့သည်။ မဟူရာဂိုဏ်းရှိတပည့်များ အပင်ပန်းရဆုံးနေ့ဟုဆိုလျှင်လည်းမမှားနိုင်ပေ။ ပြိုင်ဖက်ဂိုဏ်းအချင်းချင်းစောင်းချိတ်ပြီးဖြစ်သည့် ရန်ပွဲအသေးစားလေးများ၏ နောက်ဆက်တွဲအမှိုက်များကိုလည်းရှင်းရ၊ ယစ်ထုပ်အကြီးကဲများကိုလည်းဧည့်ဝတ်မပျက်စေရ၊ ပြိုင်ပွဲကွင်းနဲ့ကြည့်စင်များကိုလည်းစီစဥ်ရနှင့် မကြာခင်ဂိုဏ်းချုပ်ပိုင်တစ်ယောက် ခေါင်းမွှေးများပြောင်လာတော့မည်ဟု ခံစားလာရသဖြင့် ဆုံးဖြတ်ချက်ကြီးတစ်ခုချလိုက်တော့သည်…
‘နောက်ဘယ်တော့မှ အာချောင်ပြီးအိမ်ရှင်မလုပ်တော့ဘူး’

မဟူရာဂိုဏ်းရှိ သိုင်းပြိုင်ပွဲကွင်းမှာ အလွန်ကြီးမားပြီး လူတစ်ထောင်ခန့်သက်သက်သာသာနေနိုင်လောက်သည်အထိ ကျယ်ဝန်းသည်။ အမြင့်ပိုင်းတွင် စင်များဆောက်လုပ်ထားကာ ထိုစင်ပေါ်တွင် ဂိုဏ်အသီးသီးမှအကြီးကဲများ အာဏာရှိသူများ အတွင်းစည်းတပည့်များနေရာယူထားကြသည်။ အနိမ့်ပိုင်းတွင်တော့ သာမန်အပြင်စည်းတပည့်များ အပြင်လူအနည်းငယ်နှင့် အစောင့်များ အစေခံများကနေရာယူထားကြသည်။ ဂိုဏ်းအသီးသီးမှလူများမှာ နေရာယူပြီးကုန်ကြသော်လည်း အားလုံးစောင့်မျှော်နေကြသော မဟူရာဂိုဏ်း၏ပြိုင်ဖက်ကင်းအမှိုက်သခင်လေးမှာ ရောက်မလာသေးပေ။ တိမ်ပြိုဂိုဏ်းကလူများစုဝေးနေသောနေရာတွင် တပည့်တစ်ယောက်မှ
“ဂိုဏ်းတူအကို ဟိုအမှိုက်ကောင်တော့ အကို့ကိုကြောက်လို့ပေါ်မလာရဲတော့ဘူးထင်တယ် ဟား ဟား ဟား ဟား “
ထိုအခါ ဟယ်စစ်ယွမ်မှ
“ငါတို့ကအခုသူတို့ဂိုဏ်းမှာ ဧည့်သည်အနေနဲ့ရောက်နေတာမလို့ မဆင်မခြင်မပြောသင့်ဘူး ဂိုဏ်းတူညီလေး”
“ဟုတ်ကဲ့ပါ ဂိုဏ်းတူအကို “
သူတို့ပြောစကားများကိုနားထောင်ရင်း ဘေးမှာရှိနေသောဟူလီနာမှာ သူမ၏ဂိုဏ်းတူအကိုအား ပိုမိုကာလေးစားချစ်ခင်လာသည့်မျက်နှာဖြင့်ကြည့်နေခဲ့သည်။ ထိုစကားဝိုင်း၏ဇာတ်ကောင်ပိုင်ရှီရှန်းမှာမူ အခန်းထဲတွင်အိပ်နေဆဲဖြစ်သည်။ ဂိုဏ်းချုပ်ပိုင် ဒေါသငယ်ထိပ်ရောက်ပြီး တပည့်တစ်ယောက်အားသွားခေါ်ခိုင်းမှသာ နိုးလာခဲ့သည်…
ကယ်ရီ အကြောဆန့်ကာသမ်းဝေရင်း
“လာခဲ့မယ်လို့ပြောလိုက် အရေးကြီးကိစ္စလုပ်နေလို့ကြာနေတာလို့ အဖေ့ကိုပြောလိုက်”
“ဟုတ်ကဲ့”
တပည့်လေး- သခင်လေး ခင်ဗျား ကျွန်တော်လာတဲ့အထိကိုအိပ်နေတာလေဗျာ

ထိုတပည့်လေးပြန်ထွက်သွားခါမှ ကယ်ရီဝရုန်းသုန်းကားဖြင့်
“286 ဘာလို့ငါ့ကိုမနှိုးတာလဲ ဟိုမှာလူစုံနေကြပြီလား”
[ကျွန်တော်နှိုးတယ်လေ Host မှမထတာ ဘာလို့အပြစ်လာတင်နေတာလဲ မြန်မြန်သွားရအောင် ဟိုမှာ Host ပဲကျန်တော့တယ်]
ကယ်ရီလည်း ရှောင်ပိုင်အားပွေ့ကာ ကွင်းသို့အမြန်ထွက်လာခဲ့လိုက်သည်။ ကယ်ရီကွင်းသို့ရောက်သောအခါ အားလုံး၏အကြည့်များက ကယ်ရီထံသို့စုပြုံလာခဲ့သည်…

အကြီးအကဲများ- ပိုင်ရှဲ့ ရဲ့သားက ငါတို့လူအိုကြီးတွေကို လေးစားမှုမရှိတော့ဘူးလား ဘာလို့အဲ့လောက်ထိနောက်ကျနေတာလဲ

အမျိုးသားတပည့်များ- မဟူရာဂိုဏ်းရဲ့အမှိုက်ကောင်တော့ရောက်လာပြီ သူ့ကိုစိန်ခေါ်ပြီး အမျိုးသမီးတပည့်တွေရှေ့မှာ ဘယ်လောက်အားကြီးကြောင်းပြရမယ်

အမျိုးသမီးတပည့်များ- ပိုင်သခင်လေးက ချောလိုက်တာ ဘာလို့သတင်းတွေထဲကနဲ့မတူရတာလည်း

ကယ်ရီ- ရှောင်ပိုင်မနက်စာမစားရသေးဘူး

ရှောင်ပိုင် – ဒီလူတွေအကုန်လုံး သူတို့မျက်လုံးတွေကို မလိုချင်ကြတော့ဘူးလား

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Zawgyi

ၿခံဝန္းထဲတြင္ကယ္ရီတစ္ေယာက္ ဂိုဏ္းခ်ဳပ္ပိုင္ေပးထားေသာ လက္ဝါးသိုင္းက်မ္းအားေလ့က်င့္ေနခဲ့သည္။ System မွ အတိုက္ခိုက္စြမ္းရည္အားထည့္သြင္းေပးထားေသာ္လည္း ထိုစြမ္းရည္မွာသာမန္ကိုယ္ခံပညာရပ္မ်ားသာျဖစ္ေသာေၾကာင့္ ဤကမၻာတြင္မ်ားစြာအေထာက္ကူမျပဳေခ်။ ထို႔ေၾကာင့္ ခ်ီစြမ္းအင္အသုံးခ်၍ တိုက္ခိုက္ရေသာ ပညာမ်ားပိုမိုလိုအပ္သည္။

ကယ္ရီ ျဖည္းျဖည္းမာန္သြင္းၿပီး ေလထဲသို႔ခုန္တက္ကာ လက္ဝါးႏွစ္ဘက္ကိုေဝ့ရမ္းရင္း ေျမႀကီးအား အားျဖင့္ရိုက္ခ်လိဳက္ရာ စြမ္းအင္မ်ားက ပတ္ဝန္းက်င္ေနရာအႏွံ႕သို႔ ျပန့္သြားၿပီး ေလျပင္းမ်ားျဖစ္ေပၚလာေစခဲ့သည္။ ကယ္ရီဆက္လက္၍ လက္ဝါးသိုင္းကို မရပ္မနားေလ့က်င့္ေနခဲ့သည္
[Host ေတာ္ပါေတာ့ ၿခံဝန္းတစ္ခုလုံးလည္းရစရာမရွိေတာ့ဘူး ရပ္ပါေတာ့ ]
System ၏သတိေပးခ်က္ၾကားမွသာ ကယ္ရီေလ့က်င့္တာရပ္လိုက္ၿပီး ပတ္ဝန္းက်င္သို႔တစ္ခ်က္ၾကည့္လိုက္ေသာအခါ ခါးလယ္မွက်ိဳးပဲ့ကာမီးကြၽမ္းေနေသာသစ္ပင္မ်ား ၊ အစိတ္စိတ္အမႊာမႊာျဖစ္ေနေသာ ေက်ာက္တုံးမ်ား ၊ ခပ္ႀကီးႀကီးေက်ာက္တုံးတြင္လည္း ခ်ိဳင့္ဝင္ေနေသာ လက္ဝါးရာမ်ားေတြ႕လိုက္ရသည္။ ကယ္ရီလည္းကိုယ့္ကိုယ္ကိုမယုံနိုင္စြာျဖင့္ သူ၏လက္အားငုံ႕ၾကည့္ကာ
“ဒါေတြက ငါလုပ္ထားတာလား”
[ Host ၿခံဝန္းတစ္ခုလုံးကို မီးေလာင္တိုက္သြင္းမိမလိုျဖစ္သြားတာေရာသိလား]
“ငါကလက္ဝါးသိုင္းပဲက်င့္တာမဟုတ္ဘူးလား”
[ဒါေပမယ့္ Host က မီးဝိညာဥ္ေသြးေၾကာရွိေတာ့ အလိုေလ်ာက္ မီးစြမ္းအင္ထုတ္နိုင္တာေပါ့ ဒီသိုင္းက်မ္းကို ဇာတ္လိုက္မက်င့္လိုက္ရင္ ေရခဲစြမ္းအင္ထုတ္နိုင္လိမ့္မယ္]
“ေအာ္…ငါနားလည္ၿပီ”

ခပ္လွမ္းလွမ္းတြင္ရွိေနေသာ ယဲ့ဝမ္ တစ္ျဖစ္လည္း ေရွာင္ပိုင္မွာေတာ့ သိပ္မအံ့ၾသသြားဘဲ တည္ၿငိမ္ေသာအမူရာျဖင့္ လွဲကာ ကယ္ရီအားၾကည့္ေနခဲ့သည္။ အဘယ့္ေၾကာင့္ဆိုေသာ္ သူ၏အျမဳေတပိုင္ဆိုင္ထားေသာသူတစ္ေယာက္အေနျဖင့္ ဒီေလာက္အတိုင္းတာစြမ္းရည္ရွိေနသည္မွာ ပုံမွန္ပင္ျဖစ္သည္။ ၾကည့္ရတာသူ႕ကေလးေလးတြင္ ပါရမီေတာ့ပါပုံရသည္။ ခ်ီစုေစာင္းမႈအဆင့္၉ျဖင့္ ကမၻာေျမႀကီးအဆင့္ စြမ္းအားထုတ္နိုင္သူမ်ားမွာ တစ္ရာတြင္သာတစ္ေယာက္ရွိနိုင္ေသာ ပါရမီရွင္မ်ားသာတတ္နိုင္သည့္အရာမ်ိဳးျဖစ္သည္။
‘နတ္ဆိုးဘုရင္ေနရာကို ကေလးေလးကိုေပးလိုက္ရင္ေကာင္းမလား’

အခ်ိန္မ်ားတစ္ေ႐ြ႕ေ႐ြ႕ကုန္ဆုံးကာ ၿပိဳင္ပြဲက်င္းပရန္အခ်ိန္သို႔နီးကပ္လာခဲ့သည္
“သိုင္းၿပိဳင္ပြဲလည္း မၾကာခင္ေရာက္လာေတာ့မွာပဲ” ကယ္ရီ ေရ႐ြတ္ရင္းျဖင့္ ၿခံဝန္းအျပင္သို႔ထြက္လာခဲ့သည္ ေသခ်ာေပါက္သူ၏အခ်စ္ေတာ္ ေျမေခြးေလးအားေပြ႕လွ်က္ျဖင့္…သူၿခံထဲကေနထြက္လာတာနဲ႕ ဂိုဏ္းတပည့္မ်ား၏တီးတိုးေျပာဆိုသံမ်ားအားၾကားလိုက္ရသည္ ။

“တိမ္ၿပိဳဂိုဏ္းကလူေတြေရာက္လာတာမင္းသိၿပီးၿပီလား”

“ငါေတာ့သခင္ေလးကိုစိတ္ပူလိုက္တာ ဒီႏွစ္လည္းေသခ်ာေပါက္အရိုက္ခံရေတာ့မယ္ထင္တယ္”

“ဘယ္တတ္နိုင္ပါ့မလဲ သူကေၾကာက္စရာေကာင္းတဲ့ပါရမီရွင္ကိုမွ ရန္သြားစတာကို”

ကယ္ရီလာေနတာကိုျမင္ေသာအခါ ထိုတပည့္မ်ားကအသံတိတ္သြားၾကသည္။ ကယ္ရီလည္းလစ္လ်ႉရႈကာေက်ာ္သြားရင္း ဂိုဏ္းခ်ဳပ္ၿခံဝန္းထဲသို႔ ဦးတည္ကာသြားလိုက္သည္။ ၿခံဝန္းထဲေရာက္ေတာ့ ပိုင္သခင္မအားဦးစြာေတြ႕လိုက္ရသည္။

“အေမ” ကယ္ရီႏႈတ္ဆက္လိုက္သည္
“သားေလး ေရာက္လာၿပီလား
လာ လာ အရင္ထိုင္ဦး “ထို႔ေနာက္အိမ္ထဲသို႔လွမ္းေအာ္လိုက္သည္
“ပိုင္ရွဲ႕ အေရးမႀကီးတာေတြထားခဲ့ သားေလးေရာက္ေနတယ္ ျမန္ျမန္ထြက္ခဲ့”

ဂိုဏ္းခ်ဳပ္ပိုင္လည္း အိမ္ထဲမွထြက္လာကာ
“အခ်ိန္ကသိပ္မလိုေတာ့ဘူး မင္းေလ့က်င့္တာအေျခေနဘယ္လိုရွိလဲ”

ကယ္ရီလည္းသူ႕ရင္ဖက္ကိုပုတ္ကာ
“စိတ္ခ်ပါ ကြၽန္ေတာ္ အေဖနဲ႕အေမကို မ်က္ႏွာမပ်က္ေစရပါဘူး”

“ငါ့မ်က္ႏွာပ်က္မပ်က္ဂ႐ုမစိုက္ဘူးကြ မင္းလုပ္ထားလို႔ငါ့မွာဟိုးအေစာကတည္းက ပ်က္စရာမ်က္ႏွာကိုမက်န္ေတာ့တာ မင္းအရင္တစ္ခါကလိုမ်ိဳး ေခြးလိုႏြားလိုအရိုက္မခံရရင္ေတာ္ၿပီ”

“အေဖက ကြၽန္ေတာ့ကိုစိတ္ပူတာလား ” ကယ္ရီၿပဳံးရင္းေမးလိုက္သည္။

ဂိုဏ္းခ်ဳပ္ပိုင္လည္း အင္တင္တင္မ်က္ႏွာျဖင့္
“ေတာ္စမ္းပါ ငါက ကုသေဆာင္ကေဆးေတြကိုႏွေျမာမိ႐ုံတင္”

“ပိုင္….ရွဲ႕”

“မိန္းမေရာ့ အၾကမ္းရည္ေလးေသာက္”

…………

ေနာက္ဆုံးတြင္ ၿပိဳင္ပြဲက်င္းပရန္ စီစဥ္ထားေသာေန႕သို႔ ေရာက္လာခဲ့သည္။ မဟူရာဂိုဏ္းရွိတပည့္မ်ား အပင္ပန္းရဆုံးေန႕ဟုဆိုလွ်င္လည္းမမွားနိုင္ေပ။ ၿပိဳင္ဖက္ဂိုဏ္းအခ်င္းခ်င္းေစာင္းခ်ိတ္ၿပီးျဖစ္သည့္ ရန္ပြဲအေသးစားေလးမ်ား၏ ေနာက္ဆက္တြဲအမွိုက္မ်ားကိုလည္းရွင္းရ၊ ယစ္ထုပ္အႀကီးကဲမ်ားကိုလည္းဧည့္ဝတ္မပ်က္ေစရ၊ ၿပိဳင္ပြဲကြင္းနဲ႕ၾကည့္စင္မ်ားကိုလည္းစီစဥ္ရႏွင့္ မၾကာခင္ဂိုဏ္းခ်ဳပ္ပိုင္တစ္ေယာက္ ေခါင္းေမႊးမ်ားေျပာင္လာေတာ့မည္ဟု ခံစားလာရသျဖင့္ ဆုံးျဖတ္ခ်က္ႀကီးတစ္ခုခ်လိဳက္ေတာ့သည္…
‘ေနာက္ဘယ္ေတာ့မွ အာေခ်ာင္ၿပီးအိမ္ရွင္မလုပ္ေတာ့ဘူး’

မဟူရာဂိုဏ္းရွိ သိုင္းၿပိဳင္ပြဲကြင္းမွာ အလြန္ႀကီးမားၿပီး လူတစ္ေထာင္ခန့္သက္သက္သာသာေနနိုင္ေလာက္သည္အထိ က်ယ္ဝန္းသည္။ အျမင့္ပိုင္းတြင္ စင္မ်ားေဆာက္လုပ္ထားကာ ထိုစင္ေပၚတြင္ ဂိုဏ္အသီးသီးမွအႀကီးကဲမ်ား အာဏာရွိသူမ်ား အတြင္းစည္းတပည့္မ်ားေနရာယူထားၾကသည္။ အနိမ့္ပိုင္းတြင္ေတာ့ သာမန္အျပင္စည္းတပည့္မ်ား အျပင္လူအနည္းငယ္ႏွင့္ အေစာင့္မ်ား အေစခံမ်ားကေနရာယူထားၾကသည္။ ဂိုဏ္းအသီးသီးမွလူမ်ားမွာ ေနရာယူၿပီးကုန္ၾကေသာ္လည္း အားလုံးေစာင့္ေမွ်ာ္ေနၾကေသာ မဟူရာဂိုဏ္း၏ၿပိဳင္ဖက္ကင္းအမွိုက္သခင္ေလးမွာ ေရာက္မလာေသးေပ။ တိမ္ၿပိဳဂိုဏ္းကလူမ်ားစုေဝးေနေသာေနရာတြင္ တပည့္တစ္ေယာက္မွ
“ဂိုဏ္းတူအကို ဟိုအမွိုက္ေကာင္ေတာ့ အကို႔ကိုေၾကာက္လို႔ေပၚမလာရဲေတာ့ဘူးထင္တယ္ ဟား ဟား ဟား ဟား “
ထိုအခါ ဟယ္စစ္ယြမ္မွ
“ငါတို႔ကအခုသူတို႔ဂိုဏ္းမွာ ဧည့္သည္အေနနဲ႕ေရာက္ေနတာမလို႔ မဆင္မျခင္မေျပာသင့္ဘူး ဂိုဏ္းတူညီေလး”
“ဟုတ္ကဲ့ပါ ဂိုဏ္းတူအကို “
သူတို႔ေျပာစကားမ်ားကိုနားေထာင္ရင္း ေဘးမွာရွိေနေသာဟူလီနာမွာ သူမ၏ဂိုဏ္းတူအကိုအား ပိုမိုကာေလးစားခ်စ္ခင္လာသည့္မ်က္ႏွာျဖင့္ၾကည့္ေနခဲ့သည္။ ထိုစကားဝိုင္း၏ဇာတ္ေကာင္ပိုင္ရွီရွန္းမွာမူ အခန္းထဲတြင္အိပ္ေနဆဲျဖစ္သည္။ ဂိုဏ္းခ်ဳပ္ပိုင္ ေဒါသငယ္ထိပ္ေရာက္ၿပီး တပည့္တစ္ေယာက္အားသြားေခၚခိုင္းမွသာ နိုးလာခဲ့သည္…
ကယ္ရီ အေၾကာဆန့္ကာသမ္းေဝရင္း
“လာခဲ့မယ္လို႔ေျပာလိုက္ အေရးႀကီးကိစၥလုပ္ေနလို႔ၾကာေနတာလို႔ အေဖ့ကိုေျပာလိုက္”
“ဟုတ္ကဲ့”
တပည့္ေလး- သခင္ေလး ခင္ဗ်ား ကြၽန္ေတာ္လာတဲ့အထိကိုအိပ္ေနတာေလဗ်ာ

ထိုတပည့္ေလးျပန္ထြက္သြားခါမွ ကယ္ရီဝ႐ုန္းသုန္းကားျဖင့္
“286 ဘာလို႔ငါ့ကိုမႏွိုးတာလဲ ဟိုမွာလူစုံေနၾကၿပီလား”
[ကြၽန္ေတာ္ႏွိုးတယ္ေလ Host မွမထတာ ဘာလို႔အျပစ္လာတင္ေနတာလဲ ျမန္ျမန္သြားရေအာင္ ဟိုမွာ Host ပဲက်န္ေတာ့တယ္]
ကယ္ရီလည္း ေရွာင္ပိုင္အားေပြ႕ကာ ကြင္းသို႔အျမန္ထြက္လာခဲ့လိုက္သည္။ ကယ္ရီကြင္းသို႔ေရာက္ေသာအခါ အားလုံး၏အၾကည့္မ်ားက ကယ္ရီထံသို႔စုၿပဳံလာခဲ့သည္…

အႀကီးအကဲမ်ား- ပိုင္ရွဲ႕ ရဲ႕သားက ငါတို႔လူအိုႀကီးေတြကို ေလးစားမႈမရွိေတာ့ဘူးလား ဘာလို႔အဲ့ေလာက္ထိေနာက္က်ေနတာလဲ

အမ်ိဳးသားတပည့္မ်ား- မဟူရာဂိုဏ္းရဲ႕အမွိုက္ေကာင္ေတာ့ေရာက္လာၿပီ သူ႕ကိုစိန္ေခၚၿပီး အမ်ိဳးသမီးတပည့္ေတြေရွ႕မွာ ဘယ္ေလာက္အားႀကီးေၾကာင္းျပရမယ္

အမ်ိဳးသမီးတပည့္မ်ား- ပိုင္သခင္ေလးက ေခ်ာလိုက္တာ ဘာလို႔သတင္းေတြထဲကနဲ႕မတူရတာလည္း

ကယ္ရီ- ေရွာင္ပိုင္မနက္စာမစားရေသးဘူး

ေရွာင္ပိုင္ – ဒီလူေတြအကုန္လုံး သူတို႔မ်က္လုံးေတြကို မလိုခ်င္ၾကေတာ့ဘူးလား

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 4.7 (ပိုင်ရှီရှန်း), novel System 286 (On Going) Arc 4.7 (ပိုင်ရှီရှန်း), read System 286 (On Going) Arc 4.7 (ပိုင်ရှီရှန်း) online, System 286 (On Going) Arc 4.7 (ပိုင်ရှီရှန်း) chapter, System 286 (On Going) Arc 4.7 (ပိုင်ရှီရှန်း) high quality, System 286 (On Going) Arc 4.7 (ပိုင်ရှီရှန်း) light novel, ,

Comment

Leave a Reply

Chapter 54