Royal Husband 6

All chapters are in Royal Husband
A+ A-

“ရတု.. Royal နောက်တစ်ခါဒီဆိုင်ထဲခြေချတာနဲ့
ငါ့ကိုဖုန်းဆက်နော်”

“ငါဖုန်းဆက်လို့ မင်းမအားတာနဲ့ညားရင်
ဘယ်လိုလုပ်မလဲ”

“မင်းအတွက်ဆို ငါအမြဲတမ်းအားတယ်”

စေရာမျိုးမြင့်နဲ့နွေရတုဆိုတာ တက္ကသိုလ်အတူတူ
တက်ခဲ့တဲ့သူငယ်ချင်းတွေပင်။ငယ်ပေါင်းတွေမဟုတ်ပေမယ့်
နွေရတုအတွက်တော့ စေရာကအစ်ကိုကြီးလိုခင်မင်ရတဲ့
သူငယ်ချင်းပင်။

စပြီးခင်မင်လာခဲ့ကတည်းက စေရာကနွေ့ကို
ကလေးတစ်ယောက်လိုသာဆက်ဆံသည်။
ဘာဖြစ်ဖြစ် နွေ့အလိုကျအတိုင်းပင်။
စေရာကစကားပြောပြေပြစ်၍အပေါင်းအသင်းများသော်လည်း နွေ့လိုတစ်သီးတစ်သန့်နေတတ်တဲ့သူကတော့ လက်ချိုးရေလို့ရသည်အထိ
အပေါင်းအသင်းရှားသည်။

“ဒါနဲ့ မင်းဒီကိုဘာလာလုပ်တာလဲ”

မျက်လုံးဝိုင်းဝိုင်းလေးတွေက သိလိုစိတ်ပြင်းပြစွာ
သူ့ကိုကြည့်နေပြီး နှုတ်ခမ်းလေးကလှုပ်စိစိနဲ့ပင်။
သူနဲ့ရတုက အသက်ရွယ်တူဆိုတာ
တစ်ခြားသူတွေသွားပြောရင် ယုံနိုင်ဖွယ်မရှိပေ။
ရတုက တကယ်ကိုကလေးလေးတစ်ယောက်လိုပင်။

“ဒီတိုင်း အလုပ်ကိစ္စနဲ့ဒီဘက်လာရင်းလမ်းကြုံလို့”

“သြော်”

တသြော်သြော်လုပ်ရင်း
ခေါင်းကလည်းတဆတ်ဆတ်နှင့်ပင်။

Royalနဲ့သူက ဖအေပါမအေပါလို့သူပြောလိုက်တာကို
နွေရတုက တစ်ခြားမေးခွန်းတွေမေးမြန်းလာခြင်းမရှိပေ။
သူ့အနေနဲ့ တစ်ခြားသူမကောင်းကြောင်းမပြောချင်ပေမယ့်
Royalကခပ်ဆိုးဆိုးကောင်လေးတစ်ယောက်မို့
ရတုကိုဒုက္ခပေးလာမှာကိုမလိုလားသဖြင့်
သတိထားဖို့ ရတုကိုမှာထားရသည်။

“အယ်…ကလေးတွေနှိုးလာပြီ”

“ဘယ်က ကလေးတွေလဲ”

ဆိုင်တွင်းကနွေရတုရဲ့သီးသန့်ခန်းထဲမှာလည်း
ကုတင်တစ်လုံးနဲ့စားပွဲတစ်လုံးထားရှိသည်ပင်။
နွေရတုက ကုတင်ပေါ်မှာထိုင်နေပြီး
စေရာမျိုးမြင့်က ခုံမှာထိုင်နေသဖြင့်
နွေရတုရဲ့နောက်မှာတစ်ကောင်နဲ့တစ်ကောင်ဖက်အိပ်နေကြတဲ့
ကြောင်လေးတွေကို မမြင်ပေ။

“ကြောင်လေးတွေကို ဘယ်ကတောင်းထားတာလဲရတု”

“ဘယ်ကသာ၊သူတို့လေးတွေကို ငါအမှိုက်ပုံဆီက
ကောက်ရခဲ့တာ”

နွေရတုကသူ့ကိုပြောရင်းပင်လက်ထဲမှာပွေ့ထားတဲ့တစ်ကောင်ကို နမ်းရှုံ့လေသည်။

“အမွေးတွေ နှာခေါင်းထဲဝင်မယ်”

နှစ်ကောင်လုံးကိုနမ်းရှုံ့ပြီးမှနွေရတုက စေရာ့ကို
အကျိုးအကြောင်းပြောလေသည်။ကြောင်လေးတွေကတော့
နွေရတုကိုယ်ပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေကြ၏။

“ဒါဆို ဒါလေးတွေနဲ့မင်းအလုပ်ရှုပ်နေမှာပေါ့”

“မရှုပ်ပါဘူး၊ပြီးတော့ ကလေးတွေကလိမ်မာတယ်သိလား၊
ငယ်ငယ်လေးတွေဆိုပေမယ့် အပေါ့အလေးကို အိမ်ထဲမှာမစွန့်ဘူး၊
အိမ်နောက်ဖေးက မြက်ခင်းမှာစွန့်ကျတာ၊
ခုလည်း မင်းကြည့်ပါလား၊ဘာနံ့မှမရဘူး”

“အင်းပါ၊မင်းအဆင်ပြေတယ်ဆိုရင် ပြီးတာပါပဲ”

ပြောပြောဆိုဆိုပင်စေရာကနှစ်နှစ်ခြိုက်ခြိုက်ပြုံးကာ
နွေရတုရဲ့ခေါင်းကဆံပင်ကို လာဖွလေသည်။
ပြုလုပ်နေကျအပြုအမူဖြစ်သဖြင့် နွေရတုအနေနဲ့
ဘာမှပြောဆိုလာခြင်းမရှိပေ။

…………………………..

“ကိုနွေရတုက အဖေအမေမရှိတော့ဘူး၊
သူ့အဖေက ရှေ့နေလေ၊စုံစမ်းရသလောက်ကတော့
အမှုတစ်ခုမှာ ကိုနွေရတုအဖေကတရားခံဘက်ကရှေ့နေတဲ့၊
သိတဲ့အတိုင်း ထောင်မကျအောင်လုပ်ပေးရတာပေါ့၊
အဲ့မှာ တရားလိုတွေဘက်ကအမှုရှုံးသွားပြီး
မကျေနပ်တာနဲ့ တရားလိုကသတ်လိုက်တာ၊
ဖြစ်ချင်တော့ ကိုနွေရတုအမေကမြင်သွားပြီး
သူမပါ သတ်ခံလိုက်ရတယ်”

နွေရတုရဲ့အကြောင်းစုံစမ်းတာ အချိန်အကြာကြီး
စောင့်စရာပင်မလို။နေရောင်ခြည်က သူစုံစမ်းရသလောက်
အကြောင်းတွေကို ကရားရေလွှတ်ပြောနေသော်ငြား
Royalကတော့ ဆေးလိပ်ဖွာရင်း
အေးအေးလူလူနားထောင်နေလေသည်။သူရထက်နိုင်ကတော့ အိမ်ခနပြန်ဦးမည်ဟုဆိုကာထွက်သွားတာကြာလေပြီ။

“မိဘတွေမရှိတဲ့ ကိုနွေရတုရဲ့အဒေါ်ကသူ့တူကိုလာခေါ်သွား
တာ၊အဲ့တုန်းက သူရှစ်တန်းပဲရှိသေးတယ်တဲ့၊
ဆယ်တန်းကို သူ့အဒေါ်ရဲ့ရွာမှာပဲတက်ပြီး
တက္ကသိုလ်တက်မှ မြို့ပြန်ခဲ့တာ၊
ဒီနေ့ဆိုင်မှာ တွေ့ခဲ့တဲ့မိန်းကလေးက သူ့ညီမဝမ်းကွဲ၊
ကိုနွေရတုအသက်က 29နှစ်ပြည့်ပြီး 30ထဲဝင်နေပြီ”

“စေရာမျိုးမြင့်နဲ့က ဘယ်လိုပတ်သက်တာလဲ”

တစ်လျှောက်လုံးငြိမ်သက်စွာနားထောင်နေရာမှ
ထိုစကားတစ်ခွန်းသာဝင်မေးလာသည်။
စုံစမ်းခိုင်းကတည်းက ဒီအကြောင်းသိရဖို့သာ
တာဆူနေသလိုပင်။

“စေရာမျိုးမြင့်နဲ့ကတက္ကသိုလ်မှာသိကျွမ်းတဲ့သူငယ်ချင်းတွေ၊သိရသလောက်တော့ စေရာမျိုးမြင့်က
ကိုနွေရတုကို တိတ်တခိုးချစ်နေတယ်တဲ့”

နေရောင်ခြည့်စကားအဆုံး Royalကလက်ထဲကဆေးလိပ်ကိုအောက်သို့ပစ်ချကာ
ဖိနပ်ဖြင့်ခပ်ကြမ်းကြမ်းဖိချေလေသည်။
ဘာတွေကများ Royalကိုဒေါသထွက်စေပါလိမ့်…။

“အလှလေးကရော စေရာမျိုးမြင့်သူ့အပေါ်
အဲ့လိုစိတ်ရှိနေတာ သိလား”

“မသိဘူး”

ထိုအခါမှRoyalကသဘောကျသလိုခေါင်းညိတ်လေသည်။
လက်ထဲမှာလည်း ဆေးလိပ်တစ်လိပ်ကအသင့်ရောက်နေလေပြီ။

“ဒါနဲ့ မင်း ကိုနွေရတုအကြောင်းဘာလို့စုံစမ်းခိုင်းတာလဲ
Royal၊ဘာလဲ စိတ်ဝင်စားလို့လား”

နေရောင့်အမေးကို Royalကမျက်ခုံးတစ်ဖက်ပင့်ကာ
တုံ့ပြန်ရင်း

“မင်းဘယ်လိုထင်လို့လဲ”

နေရောင်ကဘာကိုသဘောကျသွားသည်မသိ။
တသောသောထရယ်လာကာ

“ရှေ့လျှောက် မင်းနဲ့ငါ ဒီ့ထက်ပိုတွဲမိတော့မှာပဲ”

နေရောင်ခြည်ထိုသို့ပြောရခြင်းမှာ Royalက
ကိုနွေရတုအပေါ်အနည်းငယ်ပျော်ဝင်နေပြီကိုသိလိုက်ရလို့ပင်။သူက ကောင်လေး(ကောင်းထက်ဟိန်းစံ)ကိုပိုး၊
Royalက ကိုနွေရတုကိုပိုးနဲ့
သူတို့နှစ်ယောက်ရဲ့ခြေရာတွေကတော့
Nway”Cafeဆိုင်မှာထပ်နေတော့မှာပဲ။

“အာဟုတ်သား၊အရေးကြီးတာ ငါမေ့နေတာ”

Royalက ဘာကိစ္စလဲဟူသောသဘောဖြင့်
မျက်ခုံးပင့်ကြည့်လာပြန်သည်။

“ကိုနွေရတုအိမ်က အငှားတင်တယ်သိလား၊
ကြားရတာကတော့ ကိုနွေရတုရဲ့အဒေါ်က
သူ့တူတစ်ယောက်ထဲ အထီးကျန်နေမှာစိုးလို့တဲ့၊
မင်းအခု အပြင်မှာနေချင်တာနဲ့ကွက်တိပဲ၊
ကြည့်ရတာ ဘုရားသခင်ကကို
မင်းတို့ကို နီးစပ်စေချင်တယ်ထင်ပ”

နေရောင်ခြည်ရဲ့အပြောကိုသဘောကျစွာ
Royalက သူ့ရဲ့မူပိုင်သွားတက်လေးပေါ်အောင်ပင်
ရယ်လာလေသည်။

………………………………..

“ကိုကို ညီမလေးပြန်တော့မယ်”

ညနေစောင်းနေပြီဖြစ်သဖြင့်အဆောင်မပိတ်ခင်
သော်တာပြန်ရမည်ဖြစ်ရာ နွေရတုကိုနှုတ်ဆက်နေခြင်းပင်။

“တစ်ယောက်ထဲဖြစ်ရဲ့လား”

“သြော် ကိုကိုကတော့ပူပန်စရာမရှိပူပန်နေပြန်ပါပြီ၊
ခါတိုင်းလည်းတစ်ယောက်ထဲပြန်နေကျကို၊
Taxiခေါ်ထားပြီးပြီ”

“အင်းပါ”

သိပ်မကြာလိုက်ပေ၊ဆိုင်ရှေ့သို့ Taxiထိုးရပ်လာသည်။

“အောဟော် taxiရောက်ပြီ၊ကိုကို
ပုံကူးထားပြီးပြီနော်၊ညီမလေးပြန်တော့မယ်”

“ဂရုစိုက်ပြန်”

ဆိုင်ထောင့်နားကခုံမှာထိုင်နေသော နွေရတုကို
သော်တာကနှုတ်ဆက်လေသည်။ကောင်တာမှာ
ထိုင်နေသော ကိုနိုင်နဲ့ကောင်းထက်ကိုလည်း
တာ့တာပြကာ ထွက်သွားသည်။

“ကိုနွေ ဒီနေ့ရောနောက်ကျမှပြန်မှာလား”

ကောင်းထက်ကအနားလာရပ်ပြီးမေးမှလက်ကနာရီကိုကြည့်လိုက်တော့ ဆိုင်ပိတ်ဖို့သိပ်မလိုတော့ပေ။သူ့ဆိုင်က
ည၇နာရီမှာပိတ်သည်။

“ဒီနေ့စောပြန်မလို့၊ကလေးတွေလည်း အစာကျွေးရဦးမယ်”

ထိုစကားပြောပြီး မျက်လုံးထဲကြောင်ပေါက်လေးတွေပုံရိပ်
မြင်လာသဖြင့် နွေရတုကနူးနူးညံ့ညံ့ပြုံးလေသည်။

ဆိုင်ပိတ်ချိန်ကျတော့ တံခါးတွေကိုသေချာစစ်၊
မီးတွေဂရုတစိုက်ပိတ်ကာ အားလုံးပြီးတော့
ကိုနိုင်နဲ့ကောင်းထက်က သူ့ကိုနှုတ်ဆက်ကာပြန်သွားကြလေပြီ။သူလည်းပဲ
အခန်းထဲက ကြောင်လေးတွေကိုပွေ့ကာ
ဆိုင်ဘေးထောင့်က စက်ဘီးခြင်းထဲထည့်လိုက်သည်။
ခြင်းက အပိတ်ပါသဖြင့်အပြင်ဘက်ကိုခုန်ထွက်သွား
မှာလည်း မစိုးရိမ်ရပေ။ဆိုင်သော့ခတ်ပြီး
စက်ဘီးနင်းပြန်လာလိုက်သည်။

စက်ဘီးနင်းနေတုန်း တစ်စုံတစ်ယောက်ကသူ့ကို
စိုက်ကြည့်နေသလိုခံစားလာရပြီး ကျောချမ်းလာသလိုပင်။
နောက်လှည့်ကြည့်ဖို့လည်း သူမရဲတင်းပေ။
ဒါကြောင့် ခပ်မြန်မြန်သာစက်ဘီးနင်းထွက်လိုက်သည်။

အမှောင်ရိပ်ကျတဲ့အပင်အောက်မှာဆိုင်ကယ်ရပ်ပြီးကြည့်နေတဲ့Royalကတော့ ကြောက်ကာစက်ဘီးမြန်မြန်နင်းသွား
တဲ့အလှလေးကိုကြည့်ကာ သူ့နှုတ်ခမ်းတွေက
အပေါ်သို့ကွေးတက်သွားသည်။

ဆိုင်ကယ်ရောလူရောကအနက်တွေချည်းဖြစ်သဖြင့်
အလှလေးသူ့ကို မမြင်တာမထူးဆန်းပေ။

“ဟက်….ချစ်စရာလေး”

……………………………………

(အားလုံးပဲ ဂရုစိုက်ကြပါဗျ🤗)

Zawgyi

“ရတု Royal ေနာက္တစ္ခါဒီဆိုင္ထဲေျခခ်တာနဲ႕
ငါ့ကိုဖုန္းဆက္ေနာ္”

“ငါဖုန္းဆက္လို႔ မင္းမအားတာနဲ႕ညားရင္
ဘယ္လိုလုပ္မလဲ”

“မင္းအတြက္ဆို ငါအၿမဲတမ္းအားတယ္”

ေစရာမ်ိဳးျမင့္နဲ႕ႏြေရတုဆိုတာ တက္ကသိုလ္အတူတူ
တက္ခဲ့တဲ့သူငယ္ခ်င္းေတြပင္။ငယ္ေပါင္းေတြမဟုတ္ေပမယ့္
ႏြေရတုအတြက္ေတာ့ ေစရာကအစ္ကိုႀကီးလိုခင္မင္ရတဲ့
သူငယ္ခ်င္းပင္။

စၿပီးခင္မင္လာခဲ့ကတည္းက ေစရာကႏြေ့ကို
ကေလးတစ္ေယာက္လိုသာဆက္ဆံသည္။
ဘာျဖစ္ျဖစ္ ႏြေ့အလိုက်အတိုင္းပင္။
ေစရာကစကားေျပာေျပျပစ္၍အေပါင္းအသင္းမ်ားေသာ္လည္း ႏြေ့လိုတစ္သီးတစ္သန့္ေနတတ္တဲ့သူကေတာ့ လက္ခ်ိဳးေရလို႔ရသည္အထိ
အေပါင္းအသင္းရွားသည္။

“ဒါနဲ႕ မင္းဒီကိုဘာလာလုပ္တာလဲ”

မ်က္လုံးဝိုင္းဝိုင္းေလးေတြက သိလိုစိတ္ျပင္းျပစြာ
သူ႕ကိုၾကည့္ေနၿပီး ႏႈတ္ခမ္းေလးကလႈပ္စိစိနဲ႕ပင္။
သူနဲ႕ရတုက အသက္႐ြယ္တူဆိုတာ
တစ္ျခားသူေတြသြားေျပာရင္ ယုံနိုင္ဖြယ္မရွိေပ။
ရတုက တကယ္ကိုကေလးေလးတစ္ေယာက္လိုပင္။

“ဒီတိုင္း အလုပ္ကိစနဲ႕ဒီဘက္လာရင္းလမ္းႀကဳံလို႔”

“ေၾသာ္”

တေၾသာ္ေၾသာ္လုပ္ရင္း
ေခါင္းကလည္းတဆတ္ဆတ္ႏွင့္ပင္။

Royalနဲ႕သူက ဖေအပါမေအပါလို႔သူေျပာလိုက္တာကို
ႏြေရတုက တစ္ျခားေမးခြန္းေတြေမးျမန္းလာျခင္းမရွိေပ။
သူ႕အေနနဲ႕ တစ္ျခားသူမေကာင္းေၾကာင္းမေျပာခ်င္ေပမယ့္
Royalကခပ္ဆိုးဆိုးေကာင္ေလးတစ္ေယာက္မို႔
ရတုကိုဒုက္ခေပးလာမွာကိုမလိုလားသျဖင့္
သတိထားဖို႔ ရတုကိုမွာထားရသည္။

“အယ္…ကေလးေတြႏွိုးလာၿပီ”

“ဘယ္က ကေလးေတြလဲ”

ဆိုင္တြင္းကႏြေရတုရဲ႕သီးသန့္ခန္းထဲမွာလည္း
ကုတင္တစ္လုံးနဲ႕စားပြဲတစ္လုံးထားရွိသည္ပင္။
ႏြေရတုက ကုတင္ေပၚမွာထိုင္ေနၿပီး
ေစရာမ်ိဳးျမင့္က ခုံမွာထိုင္ေနသျဖင့္
ႏြေရတုရဲ႕ေနာက္မွာတစ္ေကာင္နဲ႕တစ္ေကာင္ဖက္အိပ္ေနၾကတဲ့
ေၾကာင္ေလးေတြကို မျမင္ေပ။

“ေၾကာင္ေလးေတြကို ဘယ္ကေတာင္းထားတာလဲရတု”

“ဘယ္ကသာ၊သူတို႔ေလးေတြကို ငါအမွိုက္ပုံဆီက
ေကာက္ရခဲ့တာ”

ႏြေရတုကသူ႕ကိုေျပာရင္းပင္လက္ထဲမွာေပြ႕ထားတဲ့တစ္ေကာင္ကို နမ္းရႈံ႕ေလသည္။

“အေမြးေတြ ႏွာေခါင္းထဲဝင္မယ္”

ႏွစ္ေကာင္လုံးကိုနမ္းရႈံ႕ၿပီးမွႏြေရတုက ေစရာ့ကို
အက်ိဳးအေၾကာင္းေျပာေလသည္။ေၾကာင္ေလးေတြကေတာ့
ႏြေရတုကိုယ္ေပၚမွာ ၿငိမ္ၿငိမ္ေလးထိုင္ေနၾက၏။

“ဒါဆို ဒါေလးေတြနဲ႕မင္းအလုပ္ရႈပ္ေနမွာေပါ့”

“မရႈပ္ပါဘူး၊ၿပီးေတာ့ ကေလးေတြကလိမ္မာတယ္သိလား၊
ငယ္ငယ္ေလးေတြဆိုေပမယ့္ အေပါ့အေလးကို အိမ္ထဲမွာမစြန့္ဘူး၊
အိမ္ေနာက္ေဖးက ျမက္ခင္းမွာစြန့္က်တာ၊
ခုလည္း မင္းၾကည့္ပါလား၊ဘာနံ႕မွမရဘူး”

“အင္းပါ၊မင္းအဆင္ေျပတယ္ဆိုရင္ ၿပီးတာပါပဲ”

ေျပာေျပာဆိုဆိုပင္ေစရာကႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၿပဳံးကာ
ႏြေရတုရဲ႕ေခါင္းကဆံပင္ကို လာဖြေလသည္။
ျပဳလုပ္ေနက်အျပဳအမူျဖစ္သျဖင့္ ႏြေရတုအေနနဲ႕
ဘာမွေျပာဆိုလာျခင္းမရွိေပ။

…………………………..

“ကိုႏြေရတုက အေဖအေမမရွိေတာ့ဘူး၊
သူ႕အေဖက ေရွ႕ေနေလ၊စုံစမ္းရသေလာက္ကေတာ့
အမႈတစ္ခုမွာ ကိုႏြေရတုအေဖကတရားခံဘက္ကေရွ႕ေနတဲ့၊
သိတဲ့အတိုင္း ေထာင္မက်ေအာင္လုပ္ေပးရတာေပါ့၊
အဲ့မွာ တရားလိုေတြဘက္ကအမႈရႈံးသြားၿပီး
မေက်နပ္တာနဲ႕ တရားလိုကသတ္လိုက္တာ၊
ျဖစ္ခ်င္ေတာ့ ကိုႏြေရတုအေမကျမင္သြားၿပီး
သူမပါ သတ္ခံလိုက္ရတယ္”

ႏြေရတုရဲ႕အေၾကာင္းစုံစမ္းတာ အခ်ိန္အၾကာႀကီး
ေစာင့္စရာပင္မလို။ေနေရာင္ျခည္က သူစုံစမ္းရသေလာက္
အေၾကာင္းေတြကို ကရားေရလႊတ္ေျပာေနေသာ္ျငား
Royalကေတာ့ ေဆးလိပ္ဖြာရင္း
ေအးေအးလူလူနားေထာင္ေနေလသည္။သူရထက္နိုင္ကေတာ့ အိမ္ခနျပန္ဦးမည္ဟုဆိုကာထြက္သြားတာၾကာေလၿပီ။

“မိဘေတြမရွိတဲ့ ကိုႏြေရတုရဲ႕အေဒၚကသူ႕တူကိုလာေခၚသြား
တာ၊အဲ့တုန္းက သူရွစ္တန္းပဲရွိေသးတယ္တဲ့၊
ဆယ္တန္းကို သူ႕အေဒၚရဲ႕႐ြာမွာပဲတက္ၿပီး
တက္ကသိုလ္တက္မွ ၿမိဳ႕ျပန္ခဲ့တာ၊
ဒီေန႕ဆိုင္မွာ ေတြ႕ခဲ့တဲ့မိန္းကေလးက သူ႕ညီမဝမ္းကြဲ၊အသက္က 29ႏွစ္ျပည့္ၿပီး 30ထဲဝင္ေနၿပီ”

“ေစရာမ်ိဳးျမင့္နဲ႕က ဘယ္လိုပတ္သက္တာလဲ”

တစ္ေလွ်ာက္လုံးၿငိမ္သက္စြာနားေထာင္ေနရာမွ
ထိုစကားတစ္ခြန္းသာဝင္ေမးလာသည္။
စုံစမ္းခိုင္းကတည္းက ဒီအေၾကာင္းသိရဖို႔သာ
တာဆူေနသလိုပင္။

“ေစရာမ်ိဳးျမင့္နဲ႕ကတက္ကသိုလ္မွာသိကြၽမ္းတဲ့သူငယ္ခ်င္းေတြ၊သိရသေလာက္ေတာ့ ေစရာမ်ိဳးျမင့္က
ကိုႏြေရတုကို တိတ္တခိုးခ်စ္ေနတယ္တဲ့”

ေနေရာင္ျခည့္စကားအဆုံး Royalကလက္ထဲကေဆးလိပ္ကိုေအာက္သို႔ပစ္ခ်ကာ
ဖိနပ္ျဖင့္ခပ္ၾကမ္းၾကမ္းဖိေခ်ေလသည္။
ဘာေတြကမ်ား Royalကိုေဒါသထြက္ေစပါလိမ့္…။

“အလွေလးကေရာ ေစရာမ်ိဳးျမင့္သူ႕အေပၚ
အဲ့လိုစိတ္ရွိေနတာ သိလား”

“မသိဘူး”

ထိုအခါမွRoyalကသေဘာက်သလိုေခါင္းညိတ္ေလသည္။
လက္ထဲမွာလည္း ေဆးလိပ္တစ္လိပ္ကအသင့္ေရာက္ေနေလၿပီ။

“ဒါနဲ႕ မင္း ကိုႏြေရတုအေၾကာင္းဘာလို႔စုံစမ္းခိုင္းတာလဲ
Royal၊ဘာလဲ စိတ္ဝင္စားလို႔လား”

ေနေရာင့္အေမးကို Royalကမ်က္ခုံးတစ္ဖက္ပင့္ကာ
တုံ႕ျပန္ရင္း

“မင္းဘယ္လိုထင္လို႔လဲ”

ေနေရာင္ကဘာကိုသေဘာက်သြားသည္မသိ။
တေသာေသာထရယ္လာကာ

“ေရွ႕ေလွ်ာက္ မင္းနဲ႕ငါ ဒီ့ထက္ပိုတြဲမိေတာ့မွာပဲ”

ေနေရာင္ျခည္ထိုသို႔ေျပာရျခင္းမွာ Royalက
ကိုႏြေရတုအေပၚအနည္းငယ္ေပ်ာ္ဝင္ေနၿပီကိုသိလိုက္ရလို႔ပင္။သူက ေကာင္ေလး(ေကာင္းထက္ဟိန္းစံ)ကိုပိုး၊
Royalက ကိုႏြေရတုကိုပိုးနဲ႕
သူတို႔ႏွစ္ေယာက္ရဲ႕ေျခရာေတြကေတာ့
“Nway”Cafeဆိုင္မွာထပ္ေနေတာ့မွာပဲ။

“အာဟုတ္သား၊အေရးႀကီးတာ ငါေမ့ေနတာ”

Royalက ဘာကိစလဲဟူေသာသေဘာျဖင့္
မ်က္ခုံးပင့္ၾကည့္လာျပန္သည္။

“ကိုႏြေရတုအိမ္က အငွားတင္တယ္သိလား၊
ၾကားရတာကေတာ့ ကိုႏြေရတုရဲ႕အေဒၚက
သူ႕တူတစ္ေယာက္ထဲ အထီးက်န္ေနမွာစိုးလို႔တဲ့၊
မင္းအခု အျပင္မွာေနခ်င္တာနဲ႕ကြက္တိပဲ၊
ၾကည့္ရတာ ဘုရားသခင္ကကို
မင္းတို႔ကို နီးစပ္ေစခ်င္တယ္ထင္ပ”

ေနေရာင္ျခည္ရဲ႕အေျပာကိုသေဘာက်စြာ
Royalက သူ႕ရဲ႕မူပိုင္သြားတက္ေလးေပၚေအာင္ပင္
ရယ္လာေလသည္။

………………………………..

“ကိုကို ညီမေလးျပန္ေတာ့မယ္”

ညေနေစာင္းေနၿပီျဖစ္သျဖင့္အေဆာင္မပိတ္ခင္
ေသာ္တာျပန္ရမည္ျဖစ္ရာ ႏြေရတုကိုႏႈတ္ဆက္ေနျခင္းပင္။

“တစ္ေယာက္ထဲျဖစ္ရဲ႕လား”

“ေၾသာ္ ကိုကိုကေတာ့ပူပန္စရာမရွိပူပန္ေနျပန္ပါၿပီ၊
ခါတိုင္းလည္းတစ္ေယာက္ထဲျပန္ေနက်ကိဳ၊
Taxiေခၚထားၿပီးၿပီ”

“အင္းပါ”

သိပ္မၾကာလိုက္ေပ၊ဆိုင္ေရွ႕သို႔ Taxiထိုးရပ္လာသည္။

“ေအာေဟာ္ taxiေရာက္ၿပီ၊ကိုကို
ပုံကူးထားၿပီးၿပီေနာ္၊ညီမေလးျပန္ေတာ့မယ္”

“ဂ႐ုစိုက္ျပန္”

ဆိုင္ေထာင့္နားကခုံမွာထိုင္ေနေသာ ႏြေရတုကို
ေသာ်တာကနှုတ်ဆက်လေသည်။ကောင်တာမှာ
ထိုင္ေနေသာ ကိုနိုင္နဲ႕ေကာင္းထက္ကိုလည္း
တာ့တာျပကာ ထြက္သြားသည္။

“ကိုႏြေ ဒီေန႕ေရာေနာက္က်မွျပန္မွာလား”

ေကာင္းထက္ကအနားလာရပ္ၿပီးေမးမွလက္ကိုနာရီကိုၾကည့္လိုက္ေတာ့ ဆိုင္ပိတ္ဖို႔သိပ္မလိုေတာ့ေပ။သူ႕ဆိုင္က
ည၇နာရီမွာပိတ္သည္။

“ဒီေန႕ေစာျပန္မလို႔၊ကေလးေတြလည္း အစာေကြၽးရဦးမယ္”

ထိုစကားေျပာၿပီး မ်က္လုံးထဲေၾကာင္ေပါက္ေလးေတြပုံရိပ္
ျမင္လာသျဖင့္ ႏြေရတုကႏူးႏူးညံ့ညံ့ၿပဳံးေလသည္။

ဆိုင္ပိတ္ခ်ိန္က်ေတာ့ တံခါးေတြကိုေသခ်ာစစ္၊
မီးေတြဂ႐ုတစိုက္ပိတ္ကာ အားလုံးၿပီးေတာ့
ကိုနိုင္နဲ႕ေကာင္းထက္က သူ႕ကိုႏႈတ္ဆက္ကာျပန္သြားၾကေလၿပီ။သူလည္းပဲ
အခန္းထဲက ေၾကာင္ေလးေတြကိုေပြ႕ကာ
ဆိုင္ေဘးေထာင့္က စက္ဘီးျခင္းထဲထည့္လိုက္သည္။
ျခင္းက အပိတ္ပါသျဖင့္အျပင္ဘက္ကိုခုန္ထြက္သြား
မွာလည္း မစိုးရိမ္ရေပ။ဆိုင္ေသာ့ခတ္ၿပီး
စက္ဘီးနင္းျပန္လာလိုက္သည္။

စက္ဘီးနင္းေနတုန္း တစ္စုံတစ္ေယာက္ကသူ႕ကို
စိုက္ၾကည့္ေနသလိုခံစားလာရၿပီး ေက်ာခ်မ္းလာသလိုပင္။
ေနာက္လွည့္ၾကည့္ဖို႔လည္း သူမရဲတင္းေပ။
ဒါေၾကာင့္ ခပ္ျမန္ျမန္သာစက္ဘီးနင္းထြက္လိုက္သည္။

အေမွာင္ရိပ္က်တဲ့အပင္ေအာက္မွာဆိုင္ကယ္ရပ္ၿပီးၾကည့္ေနတဲ့Royalကေတာ့ ေၾကာက္ကာစက္ဘီးျမန္ျမန္နင္းသြား
တဲ့အလွေလးကိုၾကည့္ကာ သူ႕ႏႈတ္ခမ္းေတြက
အေပၚသို႔ေကြးတက္သြားသည္။

ဆိုင္ကယ္ေရာလူေရာကအနက္ေတြခ်ည္းျဖစ္သျဖင့္
အလွေလးသူ႕ကို မျမင္တာမထူးဆန္းေပ။

“ဟက္….ခ်စ္စရာေလး”

……………………………………

(အားလုံးပဲ ဂ႐ုစိုက္ၾကပါဗ်)

Tags: read novel Royal Husband 6, novel Royal Husband 6, read Royal Husband 6 online, Royal Husband 6 chapter, Royal Husband 6 high quality, Royal Husband 6 light novel, ,

Comment

Leave a Reply

Chapter 6