Royal Husband 11

All chapters are in Royal Husband
A+ A-

“ဆိုတော့ကား မင်းကအိမ်ငှားတဲ့သူပေါ့”

“အင်း”

လူဆိုးကောင်က သူ့မေးခွန်းကို
အင်းတစ်လုံးသာပြန်ဖြေလာသည်။
ခါတိုင်း သူဆိုင်ဖွင့်လျှင်နေ့တိုင်းရောက်လာတတ်သဖြင့်
သူ့အနေနဲ့လူဆိုးကောင်ကို စိမ်းသက်နေခြင်းတော့မရှိတော့ပေ။

ဘာပဲဖြစ်ဖြစ် တစ်ကြိမ်တစ်ခါမှမသိကျွမ်းဘူးတဲ့
လူကိုအိမ်ငှားတင်ရတာထက်စာရင်
ကိုယ်သိတဲ့သူဖြစ်တာလည်း တစ်မျိုးကောင်းတာပဲမဟုတ်လား။

“ကျုပ်ရေဆာတယ်”

“ဟမ်”

“ရေ”

“အာ…ခနနေခဲ့ဦး၊ငါသွားယူလိုက်ဦးမယ်”

ရေယူရန်ထွက်သွားသောအလှလေးက
အိမ်နေဝတ်ဖြစ်တဲ့ အင်္ကျီပွကြီးကိုဒူးခေါင်းအထက်
ဘောင်းဘီပွအနက်လေးနဲ့ဝတ်ထားသည်မှာ
သုံးထိပ်စီးပြောင်းတော့မယ်ဆိုတာကျိန်ပြောရင်တောင်
ယုံနိုင်စရာမရှိပေ။

သူလည်းထိုင်ခုံကထကာ အိမ်ပုလေးကို
လိုက်ပတ်ကြည့်တော့ အိပ်ခန်းသုံးခန်းရှိသည်ပင်။
ဘေးထောင့်ကအခန်းနှစ်ခန်းကြားမှာ ဘုရားခန်းလေးလုပ်ထားသည်။
ဧည့်ခန်းက နံရံမှာတော့ အလှလေးရဲ့မိဘပုံဖြစ်လောက်တဲ့
ဓာတ်ပုံချိတ်ထားသည်။

အလှလေးက အမေတူသားပဲ……

သူလိုက်ကြည့်နေတုန်း ခြေထောက်ကိုလာထိတဲ့
အထိအတွေ့ကြောင့် ငုံ့ကြည့်လိုက်တော့
သူ့လက်ဖဝါးတစ်ဖက်စာပင်မရှိတဲ့ ကြောင်လေး။
အောက်သို့ငုံ့ကာ အပေါ်သို့ကော့လန်နေသည့်
အမြီးကနေဆွဲမြောက်လိုက်သည်။

“ညောင်…ညောင်….ညောင် “

ကြောင်လေးကတော့ တညောင်ညောင်အော်ကာ
မမှီမကမ်းသူ့လက်တွေကိုကုတ်ဖို့လုပ်သည်။

“တော်ဝင်ယောက်ျား မင်းငါ့ကလေးကိုဘာလုပ်တာလဲ”

လက်တစ်ဖက်မှာရေထည့်ထားတဲ့ဖန်ခွက်ကိုကိုင်ထားပြီး
အလှလေးကသူ့ဆီအမြန်ရောက်လာကာ
လက်ထဲကကြောင်ကိုဆွဲယူသွားပြီး ပွေ့ယူကာပွတ်သပ်ပေးနေလေသည်။

“အမြီးကဆွဲရင် ခိုးစားတတ်တာမသိဘူးလား”

“မလေ့လာထားဘူး”

“ဘာ”

အလှလေးလက်ထဲကဖန်ခွက်ကိုယူကာ
ဧည့်ခန်းကျဥ်းလေးမှာ ပြန်ထိုင်နေလိုက်သည်။
ကြောင်လေးအမြီးဆွဲမိတာကို ကလေးလေးဆိုပြီး
သည်းပြနေသူအား အမြင်သိပ်မကြည်ချင်ပေ။

လက်ထဲကကြောင်လေးကို လူဆိုးကောင်တစ်ခုခုလုပ်မှာစိုး၍
အခန်းထဲသို့သွင်းရသည်။ကျန်တဲ့တစ်ကောင်ကတော့
ကုတင်ပေါ်အိပ်နေသည်ထင်ပ။အခန်းတံခါးသေချာပိတ်ပြီးမှသာ လူဆိုးကောင်ရဲ့
မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်သည်။

လူဆိုးကောင်ကသူ့အောက်ပိုင်းကိုကြည့်နေသဖြင့်
သူ့ကိုယ်သူငုံ့ကြည့်လိုက်တော့ ဝတ်ထားတဲ့ဘောင်းဘီပွက
ထိုင်လိုက်တော့ အပေါ်သို့လိပ်တက်ကာ
သူ့ပေါင်တံဖြူဖြူဖွေးဖွေးက အထင်းသားပင်။

“မင်း..မင်းဘယ်တွေကြည့်နေတာလဲ”

“ပေါ်နေလို့ကြည့်တာ”

ဘောင်းဘီကိုပြန်ဆွဲချရင်းရှေ့ကကြည့်နေသူကို
မကျေမချမ်းပြောမိတော့ ပြန်ပြောလိုက်တဲ့စကားကြောင့်
မူးမေ့လဲချင်စိတ်ပါပေါက်သည်။
သူသာဆွဲမဖုံးရင် ပေါ်နေတယ်မပြောဘဲ
ဆက်ကြည့်နေမယ့်ပုံစံပင်။
Dangerous boyကိုအိမ်ပေါ်ခေါ်တင်ထားမိတာတော့
မဟုတ်ဘူးမလား???

“မင်း အဲ့လိုကြီးမကြည့်နဲ့ တော်ဝင်ယောက်ျား”

လူဆိုးကောင်ရဲ့အကြည့်က စူးရဲလွန်းလှပြီး
သူ့ကိုကြည့်နေတဲ့အကြည့်တွေထဲမှာ လွှမ်းမိုးချင်စိတ်တွေကိုပါ သူမြင်နေရသည်။
ယောက်ျားလေးချင်းဆိုသော်ငြား
လူဆိုးကောင်ရဲ့အကြည့်တွေကြောင့် ရင်တုန်ရသည်။

“နာမည်အရှည်ကြီးခေါ်နေရတာ မမောဘူးလား”

“ဟမ် ဘာကိုပြော”

“ကျစ်”

သူရဲ့နားမလည်လို့မေးသံကြောင့် လူဆိုးကောင်က
စုတ်တစ်ချက်သတ်သွားသည်။
နားမလည်လို့ဟာကို..အဲ့ဒါဆိုမမေးရတော့ဘူးလား။

“စတွေ့ကတည်းက မပြောထားဘူးလား၊
ကျုပ်ကို ယောက်ျားလို့ခေါ်ဖို့ကို”

“ဘာလို့ခေါ်ရမှာလဲ၊မခေါ်ပါဘူး”

လူဆိုးကောင်က ထိုစကားကိုဘာမှမဖြစ်သလိုပြောလာပေမယ့်
သူကတော့ သူ့ရဲ့’ယောက်ျား’လို့ခေါ်သံကြီးကို
နားထဲကြားယောင်မိလိုက်ရင်ဖြင့်
ကြက်သီးတွေပင်ထလာရသည်။

“ဟက်…ခုမခေါ်လည်းနောင်တစ်ချိန်ခေါ်ရမှာပဲဟာ”

“ဘာာ”

“ကျုပ်နားချင်ပြီ၊ဘယ်အခန်းမှာနေရမှာလဲပြော”

ဧည့်ခန်းဘေးထောင့်ကအိပ်ခန်းလေးကို
သူလက်ညိုးထိုးပြလိုက်တော့လူဆိုးကောင်က
ကျောပိုးအိတ်နှင့်guitarကိုယူလိုက်ပြီး

“ယောက်ျားနားတော့မယ်နော်”

“မင်း..မင်း”

လူဆိုးကောင်နှင့်အတူ တစ်အိမ်ထဲနေရမှာကိုသူကြောက်လာပြီ။
လူဆိုးကောင်ကတော့ ဒီတိုင်းပြောပြီး
အခန်းထဲဝင်သွားပေမယ့် နွေရတုကတော့
လူဆိုးကောင်ရဲ့ရိသဲ့သဲ့အပြောတွေကြောင့်
တစ်ကိုယ်လုံးစတော်ဘယ်ရီသီးလေးလိုပင်
ဖြစ်နေပြီ။

ဟူးးးးလူဆိုးကောင်ကို သတိကြီးကြီးထားရမယ်

…………………………………….

ညနေစောင်းတော့ နွေရတုခြံရှေ့ကပန်းပင်တွေကို
ရေလိုက်ဖြန်းနေလိုက်သည်။ခါတိုင်းရက်တွေဆို
မနက်ခင်းဆိုင်မသွားခင် ဖြန်းပေမယ့်
ဒီနေ့ကပိတ်ရက်မို့ အချိန်ပြောင်းကာဖြန်းခြင်းပင်။

ကြောင်လေးတွေကလည်း မြက်ခင်းပေါ်မှာ
လုံးထွေးကာဆော့နေကြသည်။နေ့လည်နေ့ခင်း
မြက်ခင်းတွေထဲမှာ အပေါ့အလေးသွားတတ်ပေမယ့်
ညဆိုရင်တံခါးပိတ်ထားသဖြင့်ကြောင်လေးတွေက
အပြင်မထွက်နိုင်ပေ။

ဒါကြောင့် ဂျပ်ဖာတစ်ခုထဲသဲဖြည့်ကာ
အိမ်တံခါးဘေးထောင့်မှာ ချထားပေးသည်။
နားလည်အောင်လည်း ဖင်လေးတွေကိုသဲနှင့်ပွတ်ကာ
“ဒီမှာချီးပါ၊ဒီမှာသေးပေါက်”ဟုဆိုရသည်။
သူလည်း သော်တာပြောပြထားလို့
ထိုသို့လုပ်ရကြောင်းကို သိခြင်းပင်။

နေ့လည်ကတည်းကအခန်းထဲဝင်သွားတဲ့ လူဆိုးကောင်က တစ်ခါအပြင်ထွက်လာပြီး သူနဲ့
ညှိနှိုင်းပြီးတာနဲ့ အခန်းထဲသို့ပြန်ဝင်သွားသည်။
သူ့ကို ရိသဲ့သဲ့စကားတွေပြောဖို့ကိုလည်းမမေ့ပင်။

ဘာတွေညှိနှိုင်းလဲဆိုတော့ အစားနှင့်ပတ်သက်ပြီးတော့ပေါ့။
မနက်ခင်းစာနဲ့ညနေစာကို သူကလူဆိုးကောင်အတွက်
ပြင်ဆင်ပေးရမှာဖြစ်ပြီးနေ့လည်စာကိုတော့
သူ့ဖာသူဖြေရှင်းမှာပင်။
ထိုအတွက်လည်း သူကပိုက်ဆံရမှာပဲ။
ပိုက်ဆံလိုချင်လို့မဟုတ်သော်ငြား တစ်ယောက်စာကနေ
နှစ်ယောက်စာပြောင်းသွားတာက ထူးခြားသွားတာမျိုးမဟုတ်၍ သူလက်ခံလိုက်ခြင်းပင်။

ရေဖြန်းနေတုန်း တစ်ယောက်ယောက်ကြည့်နေသလို
ခံစားလာရပြီး ကြက်သီးတွေပင်ထလာသလို။
ခြံပြင်လှမ်းကြည့်တော့ တစ်ယောက်မှမတွေ့။
အိမ်ဘက်လှည့်ကြည့်လိုက်တော့ လူဆိုးကောင်က
ပြတင်းပေါက်ဘောင်ပေါ်ထိုင်ကာ သူ့ကိုကြည့်နေသည်။

မလုံမလဲသူ့ကိုယ်သူငုံ့ကြည့်မိတော့
ရေတွေရွဲနေသဖြင့် အင်္ကျီကဗိုက်မှာကပ်နေပြီး
ဘောင်းဘီကလည်း ပေါင်တံတွေမှာကပ်ရပ်နေသည်ပင်။
အလျင်အမြန်ပင် ရေပိတ်ကာ
အိမ်ထဲပြေးဝင်ပြီး သူ့အခန်းထဲအမြန်ဝင်လိုက်သည်။

တကယ်ပဲလူဆိုးကောင်က နှာဗူးကြီး😣

………………………………

“ခုခင်ဗျားပုံစံက အလုပ်ကပြန်လာတဲ့
ယောက်ျားဖြစ်သူအတွက် ထမင်းပြင်ပေးနေတဲ့
ဇနီးသည်နဲ့တူမနေဘူးလား နွေရတု”

“ဘာ”

ဖြစ်ပုံကဒီလို၊ညစာအတွက် သူက အရည်သောက်တစ်ခွက်၊
အရွက်ကြော်တစ်ခွက်နဲ့အသားဟင်းတစ်ခွက်ချက်ကာ
ထမင်းစားဖို့အတွက် အခန်းထဲကလူဆိုးကောင်ကို
သွားခေါ်ရသည်။

လူဆိုးကောင်ကသူ့နောက်လိုက်လာပြီး
မီးဖိုခန်းတံခါးဘောင်ကိုမှီကာ သူထမင်းဝိုင်းပြင်နေပုံကို
လက်ပိုက်ကြည့်ကာ ပြောနေခြင်းပင်။

“ငါမင်းထက်အငယ်မဟုတ်ဘူး။
စကားပြောမရိုင်းနဲ့”

“အောဟော်…အသက်ကလွဲရင်ဘယ်နေရာက
ကျုပ်ထက်ကြီးလို့လဲ၊ဒါမှမဟုတ် ကိုကိုလို့
ရိုရိုသေသေ ခေါ်ရမှာလား”

“မင်း မရွဲ့နဲ့”

လူဆိုးကောင်နဲ့တစ်ရက်ထဲနေရသေးလို့သာတော်သေးတယ်။
ရက်ပေါင်းများစွာကြာရင် နွေရတုနှလုံးရောဂါပင်
ရလာမလားမသိပေ။ဘာလို့ဆို ရိသဲ့သဲ့စကားတွေကြားပြီး
ရင်တွေတုန်လာလို့……။

“စကားများမနေဘဲ ထမင်းလာစား”

သူ့အပြောကြောင့် လူဆိုးကောင်က
ထိုင်ခုံမှာဝင်ထိုင်သည်။သူကစားပွဲတစ်ဖက်မှာ
ထိုင်သဖြင့် မျက်နှာချင်းဆိုင်ဖြစ်သွားသည်။

အငယ်က သူ့ထမင်းပန်းကန်ထဲဟင်းမဦးချသဖြင့်
သူကအကြီးပီပီအငယ်ပန်းကန်ထဲထည့်ပေးရသည်။
လူဆိုးကောင်က တစ်ခွက်ချင်းစီကို
လိုက်အရသာခံကာ

“ကျုပ်ရဲ့မာမီပြီးရင် စားဖူးသမျှထဲ
ခင်ဗျားလက်ရာအကောင်းဆုံးပဲ”

နေပါဦးးးးအခုလူဆိုးကောင်က
သူ့ကိုချီးကျူးလိုက်တာလား။

“စားကောင်းရင် များများစား”

“အင်း”

လူဆိုးကောင်က ‘ဟုတ်’လို့မပြောတတ်ဘူးလို့ပဲ
သူမှတ်ယူလိုက်တော့သည်။

………………………………….

(ဒီအပိုင်းကတော့ သားနှစ်ယောက်အခန်းတွေချည်းပဲ၊
Commentsဖတ်ရတာကို တကယ်သဘောကျတယ်၊
အားလုံးပဲဂရုစိုက်ကြပါဗျ)

Zawgyi

“ဆိုေတာ့ကား မင္းကအိမ္ငွားတဲ့သူေပါ့”

“အင္း”

လူဆိုးေကာင္က သူ႕ေမးခြန္းကို
အင္းတစ္လုံးသာျပန္ေျဖလာသည္။
ခါတိုင္း သူဆိုင္ဖြင့္လွ်င္ေန႕တိုင္းေရာက္လာတတ္သျဖင့္
သူ႕အေနနဲ႕လူဆိုးေကာင္ကို စိမ္းသက္ေနျခင္းေတာ့မရွိေတာ့ေပ။

ဘာပဲျဖစ္ျဖစ္ တစ္ႀကိမ္တစ္ခါမွမသိကြၽမ္းဘူးတဲ့
လူကိုအိမ္ငွားတင္ရတာထက္စာရင္
ကိုယ္သိတဲ့သူျဖစ္တာလည္း တစ္မ်ိဳးေကာင္းတာပဲမဟုတ္လား။

“က်ဳပ္ေရဆာတယ္”

“ဟမ္”

“ေရ”

“အာ…ခနေနခဲ့ဦး၊ငါသြားယူလိုက္ဦးမယ္”

ေရယူရန္ထြက္သြားေသာအလွေလးက
အိမ္ေနဝတ္ျဖစ္တဲ့ အက္်ီပြႀကီးကိုဒူးေခါင္းအထက္
ေဘာင္းဘီပြအနက္ေလးနဲ႕ဝတ္ထားသည္မွာ
သုံးထိပ္စီးေျပာင္းေတာ့မယ္ဆိုတာက်ိန္ေျပာရင္ေတာင္
ယုံနိုင္စရာမရွိေပ။

သူလည္းထိုင္ခုံကထကာ အိမ္ပုေလးကို
လိုက္ပတ္ၾကည့္ေတာ့ အိပ္ခန္းသုံးခန္းရွိသည္ပင္။
ေဘးေထာင့္ကအခန္းႏွစ္ခန္းၾကားမွာ ဘုရားခန္းေလးလုပ္ထားသည္။
ဧည့္ခန္းက နံရံမွာေတာ့ အလွေလးရဲ႕မိဘပုံျဖစ္ေလာက္တဲ့
ဓာတ္ပုံခ်ိတ္ထားသည္။

အလွေလးက အေမတူသားပဲ……

သူလိုက္ၾကည့္ေနတုန္း ေျခေထာက္ကိုလာထိတဲ့
အထိအေတြ႕ေၾကာင့္ ငုံ႕ၾကည့္လိုက္ေတာ့
သူ႕လက္ဖဝါးတစ္ဖက္စာပင္မရွိတဲ့ ေၾကာင္ေလး။
ေအာက္သို႔ငုံ႕ကာ အေပၚသို႔ေကာ့လန္ေနသည့္
အၿမီးကေနဆြဲေျမာက္လိုက္သည္။

“ေညာင္…ေညာင္….ေညာင္ “

ေၾကာင္ေလးကေတာ့ တေညာင္ေညာင္ေအာ္ကာ
မမွီမကမ္းသူ႕လက္ေတြကိုကုတ္ဖို႔လုပ္သည္။

“ေတာ္ဝင္ေယာက္်ား မင္းငါ့ကေလးကိုဘာလုပ္တာလဲ”

လက္တစ္ဖက္မွာေရထည့္ထားတဲ့ဖန္ခြက္ကိုကိုင္ထားၿပီး
အလွေလးကသူ႕ဆီအျမန္ေရာက္လာကာ
လက္ထဲကေၾကာင္ကိုဆြဲယူသြားၿပီး ေပြ႕ယူကာပြတ္သပ္ေပးေနေလသည္။

“အၿမီးကဆြဲရင္ ခိုးစားတတ္တာမသိဘူးလား”

“မေလ့လာထားဘူး”

“ဘာ”

အလွေလးလက္ထဲကဖန္ခြက္ကိုယူကာ
ဧည့္ခန္းက်ဥ္းေလးမွာ ျပန္ထိုင္ေနလိုက္သည္။
ေၾကာင္ေလးအၿမီးဆြဲမိတာကို ကေလးေလးဆိုၿပီး
သည္းျပေနသူအား အျမင္သိပ္မၾကည္ခ်င္ေပ။

လက္ထဲကေၾကာင္ေလးကို လူဆိုးေကာင္တစ္ခုခုလုပ္မွာစိုး၍
အခန္းထဲသို႔သြင္းရသည္။က်န္တဲ့တစ္ေကာင္ကေတာ့
ကုတင္ေပၚအိပ္ေနသည္ထင္ပ။အခန္းတံခါးေသခ်ာပိတ္ၿပီးမွသာ လူဆိုးေကာင္ရဲ႕
မ်က္ႏွာခ်င္းဆိုင္ခုံမွာဝင္ထိုင္လိုက္သည္။

လူဆိုးေကာင္ကသူ႕ေအာက္ပိုင္းကိုၾကည့္ေနသျဖင့္
သူ႕ကိုယ္သူငုံ႕ၾကည့္လိုက္ေတာ့ ဝတ္ထားတဲ့ေဘာင္းဘီပြက
ထိုင္လိုက္ေတာ့ အေပၚသို႔လိပ္တက္ကာ
သူ႕ေပါင္တံျဖဴျဖဴေဖြးေဖြးက အထင္းသားပင္။

“မင္း..မင္းဘယ္ေတြၾကည့္ေနတာလဲ”

“ေပၚေနလို႔ၾကည့္တာ”

ေဘာင္းဘီကိုျပန္ဆြဲခ်ရင္းေရွ႕ကၾကည့္ေနသူကို
မေက်မခ်မ္းေျပာမိေတာ့ ျပန္ေျပာလိုက္တဲ့စကားေၾကာင့္
မူးေမ့လဲခ်င္စိတ္ပါေပါက္သည္။
သူသာဆြဲမဖုံးရင္ ေပၚေနတယ္မေျပာဘဲ
ဆက္ၾကည့္ေနမယ့္ပုံစံပင္။
Dangerous boyကိုအိမ္ေပၚေခၚတင္ထားမိတာေတာ့
မဟုတ္ဘူးမလား???

“မင္း အဲ့လိုႀကီးမၾကည့္နဲ႕ ေတာ္ဝင္ေယာက္်ား”

လူဆိုးေကာင္ရဲ႕အၾကည့္က စူးရဲလြန္းလွၿပီး
သူ႕ကိုၾကည့္ေနတဲ့အၾကည့္ေတြထဲမွာ လႊမ္းမိုးခ်င္စိတ္ေတြကိုပါ သူျမင္ေနရသည္။
ေယာက္်ားေလးခ်င္းဆိုေသာ္ျငား
လူဆိုးေကာင္ရဲ႕အၾကည့္ေတြေၾကာင့္ ရင္တုန္ရသည္။

“နာမည္အရွည္ႀကီးေခၚေနရတာ မေမာဘူးလား”

“ဟမ္ ဘာကိုေျပာ”

“က်စ္”

သူရဲ႕နားမလည္လို႔ေမးသံေၾကာင့္ လူဆိုးေကာင္က
စုတ္တစ္ခ်က္သတ္သြားသည္။
နားမလည္လို႔ဟာကို..အဲ့ဒါဆိုမေမးရေတာ့ဘူးလား။

“စေတြ႕ကတည္းက မေျပာထားဘူးလား၊
က်ဳပ္ကို ေယာက္်ားလို႔ေခၚဖို႔ကို”

“ဘာလို႔ေခၚရမွာလဲ၊မေခၚပါဘူး”

လူဆိုးေကာင္က ထိုစကားကိုဘာမွမျဖစ္သလိုေျပာလာေပမယ့္
သူကေတာ့ သူ႕ရဲ႕’ေယာက္်ား’လို႔ေခၚသံႀကီးကို
နားထဲၾကားေယာင္မိလိုက္ရင္ျဖင့္
ၾကက္သီးေတြပင္ထလာရသည္။

“ဟက္…ခုမေခၚလည္းေနာင္တစ္ခ်ိန္ေခၚရမွာပဲဟာ”

“ဘာာ”

“က်ဳပ္နားခ်င္ၿပီ၊ဘယ္အခန္းမွာေနရမွာလဲေျပာ”

ဧည့္ခန္းေဘးေထာင့္ကအိပ္ခန္းေလးကို
သူလက္ညိုးထိုးျပလိုက္ေတာ့လူဆိုးေကာင္က
ေက်ာပိုးအိတ္ႏွင့္guitarကိုယူလိုက္ၿပီး

“ေယာက္်ားနားေတာ့မယ္ေနာ္”

“မင္း..မင္း”

လူဆိုးေကာင္ႏွင့္အတူ တစ္အိမ္ထဲေနရမွာကိုသူေၾကာက္လာၿပီ။
လူဆိုးေကာင္ကေတာ့ ဒီတိုင္းေျပာၿပီး
အခန္းထဲဝင္သြားေပမယ့္ ႏြေရတုကေတာ့
လူဆိုးေကာင္ရဲ႕ရိသဲ့သဲ့အေျပာေတြေၾကာင့္
တစ္ကိုယ္လုံးစေတာ္ဘယ္ရီသီးေလးလိုပင္
ျဖစ္ေနၿပီ။

ဟူးးးးလူဆိုးေကာင္ကို သတိႀကီးႀကီးထားရမယ္

…………………………………….

ညေနေစာင္းေတာ့ ႏြေရတုၿခံေရွ႕ကပန္းပင္ေတြကို
ေရလိုက္ျဖန္းေနလိုက္သည္။ခါတိုင္းရက္ေတြဆို
မနက္ခင္းဆိုင္မသြားခင္ ျဖန္းေပမယ့္
ဒီေန႕ကပိတ္ရက္မို႔ အခ်ိန္ေျပာင္းကာျဖန္းျခင္းပင္။

ေၾကာင္ေလးေတြကလည္း ျမက္ခင္းေပၚမွာ
လုံးေထြးကာေဆာ့ေနၾကသည္။ေန႕လည္ေန႕ခင္း
ျမက္ခင္းေတြထဲမွာ အေပါ့အေလးသြားတတ္ေပမယ့္
ညဆိုရင္တံခါးပိတ္ထားသျဖင့္ေၾကာင္ေလးေတြက
အျပင္မထြက္နိုင္ေပ။

ဒါေၾကာင့္ ဂ်ပ္ဖာတစ္ခုထဲသဲျဖည့္ကာ
အိမ္တံခါးေဘးေထာင့္မွာ ခ်ထားေပးသည္။
နားလည္ေအာင္လည္း ဖင္ေလးေတြကိုသဲႏွင့္ပြတ္ကာ
“ဒီမွာခ်ီးပါ၊ဒီမွာေသးေပါက္”ဟုဆိုရသည္။
သူလည္း ေသာ္တာေျပာျပထားလို႔
ထိုသို႔လုပ္ရေၾကာင္းကို သိျခင္းပင္။

ေန႕လည္ကတည္းကအခန္းထဲဝင္သြားတဲ့ လူဆိုးေကာင္က တစ္ခါအျပင္ထြက္လာၿပီး သူနဲ႕
ညွိႏွိုင္းၿပီးတာနဲ႕ အခန္းထဲသို႔ျပန္ဝင္သြားသည္။
သူ႕ကို ရိသဲ့သဲ့စကားေတြေျပာဖို႔ကိုလည္းမေမ့ပင္။

ဘာေတြညွိႏွိုင္းလဲဆိုေတာ့ အစားႏွင့္ပတ္သက္ၿပီးေတာ့ေပါ့။
မနက္ခင္းစာနဲ႕ညေနစာကို သူကလူဆိုးေကာင္အတြက္
ျပင္ဆင္ေပးရမွာျဖစ္ၿပီးေန႕လည္စာကိုေတာ့
သူ႕ဖာသူေျဖရွင္းမွာပင္။
ထိုအတြက္လည္း သူကပိုက္ဆံရမွာပဲ။
ပိုက္ဆံလိုခ်င္လို႔မဟုတ္ေသာ္ျငား တစ္ေယာက္စာကေန
ႏွစ္ေယာက္စာေျပာင္းသြားတာက ထူးျခားသြားတာမ်ိဳးမဟုတ္၍ သူလက္ခံလိုက္ျခင္းပင္။

ေရျဖန္းေနတုန္း တစ္ေယာက္ေယာက္ၾကည့္ေနသလို
ခံစားလာရၿပီး ၾကက္သီးေတြပင္ထလာသလို။
ၿခံျပင္လွမ္းၾကည့္ေတာ့ တစ္ေယာက္မွမေတြ႕။
အိမ္ဘက္လွည့္ၾကည့္လိုက္ေတာ့ လူဆိုးေကာင္က
ျပတင္းေပါက္ေဘာင္ေပၚထိုင္ကာ သူ႕ကိုၾကည့္ေနသည္။

မလုံမလဲသူ႕ကိုယ္သူငုံ႕ၾကည့္မိေတာ့
ေရေတြ႐ြဲေနသျဖင့္ အက္်ီကဗိုက္မွာကပ္ေနၿပီး
ေဘာင္းဘီကလည္း ေပါင္တံေတြမွာကပ္ရပ္ေနသည္ပင္။
အလ်င္အျမန္ပင္ ေရပိတ္ကာ
အိမ္ထဲေျပးဝင္ၿပီး သူ႕အခန္းထဲအျမန္ဝင္လိုက္သည္။

တကယ္ပဲလူဆိုးေကာင္က ႏွာဗူးႀကီး😣

………………………………

“ခုခင္ဗ်ားပုံစံက အလုပ္ကျပန္လာတဲ့
ေယာက္်ားျဖစ္သူအတြက္ ထမင္းျပင္ေပးေနတဲ့
ဇနီးသည္နဲ႕တူမေနဘူးလား ႏြေရတု”

“ဘာ”

ျဖစ္ပုံကဒီလို၊ညစာအတြက္ သူက အရည္ေသာက္တစ္ခြက္၊
အ႐ြက္ေၾကာ္တစ္ခြက္နဲ႕အသားဟင္းတစ္ခြက္ခ်က္ကာ
ထမင္းစားဖို႔အတြက္ အခန္းထဲကလူဆိုးေကာင္ကို
သြားေခၚရသည္။

လူဆိုးေကာင္ကသူ႕ေနာက္လိုက္လာၿပီး
မီးဖိုခန္းတံခါးေဘာင္ကိုမွီကာ သူထမင္းဝိုင္းျပင္ေနပုံကို
လက္ပိုက္ၾကည့္ကာ ေျပာေနျခင္းပင္။

“ငါမင္းထက္အငယ္မဟုတ္ဘူး။
စကားေျပာမရိုင္းနဲ႕”

“ေအာေဟာ္…အသက္ကလြဲရင္ဘယ္ေနရာက
က်ဳပ္ထက္ႀကီးလို႔လဲ၊ဒါမွမဟုတ္ ကိုကိုလို႔
ရို”ေသ”ေခၚရမွာလား”

“မင္း မ႐ြဲ႕နဲ႕”

လူဆိုးေကာင္နဲ႕တစ္ရက္ထဲေနရေသးလို႔သာေတာ္ေသးတယ္။
ရက္ေပါင္းမ်ားစြာၾကာရင္ ႏြေရတုႏွလုံးေရာဂါပင္
ရလာမလားမသိေပ။ဘာလို႔ဆို ရိသဲ့သဲ့စကားေတြၾကားၿပီး
ရင္ေတြတုန္လာလို႔……။

“စကားမ်ားမေနဘဲ ထမင္းလာစား”

သူ႕အေျပာေၾကာင့္ လူဆိုးေကာင္က
ထိုင္ခုံမွာဝင္ထိုင္သည္။သူကစားပြဲတစ္ဖက္မွာ
ထိုင္သျဖင့္ မ်က္ႏွာခ်င္းဆိုင္ျဖစ္သြားသည္။

အငယ္က သူ႕ထမင္းပန္းကန္ထဲဟင္းမဦးခ်သျဖင့္
သူကအႀကီးပီပီအငယ္ပန္းကန္ထဲထည့္ေပးရသည္။
လူဆိုးေကာင္က တစ္ခြက္ခ်င္းစီကို
လိုက္အရသာခံကာ

“က်ဳပ္ရဲ႕မာမီၿပီးရင္ စားဖူးသမွ်ထဲ
ခင္ဗ်ားလက္ရာအေကာင္းဆုံးပဲ”

ေနပါဦးးးးအခုလူဆိုးေကာင္က
သူ႕ကိုခ်ီးက်ဴးလိုက္တာလား။

“စားေကာင္းရင္ မ်ားမ်ားစား”

“အင္း”

လူဆိုးေကာင္က ‘ဟုတ္’လို႔မေျပာတတ္ဘူးလို႔ပဲ
သူမွတ္ယူလိုက္ေတာ့သည္။

………………………………….

(ဒီအပိုင္းကေတာ့ သားႏွစ္ေယာက္အခန္းေတြခ်ည္းပဲ၊
Commentsဖတ္ရတာကို တကယ္သေဘာက်တယ္၊
အားလုံးပဲဂ႐ုစိုက္ၾကပါဗ်)

Tags: read novel Royal Husband 11, novel Royal Husband 11, read Royal Husband 11 online, Royal Husband 11 chapter, Royal Husband 11 high quality, Royal Husband 11 light novel, ,

Comment

Leave a Reply

Chapter 12