Royal Husband ’13’

All chapters are in Royal Husband
A+ A-

“တော်ဝင်ယောက်ျား ထတော့၊
မနက်စာစားပြီး ဆိုင်သွားရအောင်”

ပါးစပ်ကလဲနှိုးရင်းလက်ကလဲ ပက်လက်အိပ်နေလို့
ကျယ်ပြန့်နေတဲ့သူ့ရင်အုပ်ကျယ်ကြီးကိုသာ
မနာအောင် ရိုက်ရသည်။ဒါတောင်လူဆိုးကောင်က
အင်းအင်းအဲအဲသာဖြစ်လာပြီး နှိုးမလာပေ။

လူဆိုးကောင်က အိပ်ပုပ်ကြီးလိုက်တာ…..

“ညတုန်းကတော့ ကာကွယ်ပါမယ်လေး၊
ဘာလေးနဲ့ခုကျတော့ ရိုက်နှိုးတာတောင်မထဘူး”

“ညက ခင်ဗျားကြောင့်အိပ်ရေးပျက်တာရောပြောလေ”

မျက်လုံးမဖွင့်ဘဲနဲ့ပင်လူဆိုးကောင်ကဆိုလာသည်။
လူဆိုးကောင်ပြောတာမှားနေတာတော့မဟုတ်ပေ။
ညက သူအိပ်မက်ဆိုးတွေမက်ပြီး
ခနခနနှိုးတယ်။နှိုးတိုင်းလည်း လူဆိုးကောင်ကို
သူအိပ်ယာထခိုင်းတာပင်။သူအိပ်ပျော်မှအိပ်ပါလို့
ဆိုနေတာနဲ့ လူဆိုးကောင်ကတော်တော်နဲ့မအိပ်ဖြစ်တော့
အိပ်ရေးပျက်ပုံရသည်။

“ငါထမင်းကြော်ထားတယ်၊စားသောက်ပြီးရင်
ဆိုင်သွားရအောင်”

“အင်း”

“သြော်…ရေချိုးခန်းကအပြင်ဘက်မှာနော်”

“သိတယ်”

နွေရတုရဲ့အခန်းမှာသာရေချိုးခန်းရှိပြီး
ကျန်အိပ်ခန်းနှစ်ခန်းမှာတော့မရှိပေ။

နွေရတုအခန်းထဲကထွက်လာကာ ကြောင်လေးတွေ
အစာကျွေးရင်းလူဆိုးကောင်ကိုစောင့်နေလိုက်သည်။
သူစောစောထကာ ဘုရားပန်းအိုးရေလဲ၊
ပန်းပင်ရေလောင်းပြီးပြီပင်။

“အာ…မင်းရေချိုးတာမြန်လိုက်တာ”

အစာကျွေးပြီးခေါင်းမော့ကြည့်လိုက်တော့Royalက
မီးဖိုချောင်တံခါးကိုမှီကာသူ့ကိုကြည့်နေခြင်းပင်။
ဒီတစ်ခါလည်း အမည်းကွက်ရှပ်ကိုဖယိုဖရဲသာဝတ်ဆင်
ထားသည်။ချောတဲ့သူဆိုတော့လည်း
ဘယ်လိုနေနေကိုချောနေတော့တာပင်။

“လာ ထမင်းကြော်စားရအောင်”

ထမင်းချည်းပဲကြော်ထားတာမဟုတ်၊အသားကိုသေးသေးလေးတွေဖဲ့ကာအရွက်နဲ့ထမင်းရောကြော်ထားသဖြင့်အရသာကောင်းသည်။

“စားကောင်းလား”

အားရပါးရစားနေသောလူဆိုးကောင်အားမေးလိုက်တော့
စားနေရင်းခေါင်းညိတ်ပြလာသည်။နင်နေမှာစိုးသဖြင့်
ဖန်ကရားထဲကရေကို ရှေ့ကဖန်ခွက်ထဲထည့်ကာ
ရှေ့တိုးပေးလိုက်တယ်။

“ခင်ဗျား နေ့လည်ကျတော့ဘယ်မှာစားတာလဲ”

စားသောက်ပြီးတော့ရေသောက်ကာ
ရှေ့ကအလှလေးအားမေးလိုက်တော့ ပြူးကြောင်လေးဖြင့်သူ့ကိုကြည့်လာကာ

“အာ..အင်း၊ဆိုင်မှာပဲချက်စားဖြစ်တယ်၊တစ်ခါတလေကျ
ကောင်းထက်တို့ဆီက ကပ်စားဖြစ်တယ်၊ဟီး..ဟီး”

သူ့အပြောနဲ့သူ သဘောကျစွာဖြင့်
တဟီးဟီးနှင့်ရယ်ပြကာသူ့ရှေ့ကပန်းကန်ကိုပါ
ဆွဲယူကာ ဘေစင်မှာသွားဆေးနေလေသည်။

“နွေရတု”

“ဟမ်”

“ခင်ဗျားကဘာလို့ချစ်စရာကောင်းနေရတာလဲ”

ရေစိုနေသောလက်ကိုသုတ်နေရင်း
နွေရတုမှာကြောင်အမ်းအမ်းပင်ဖြစ်သွားရသည်။

“အာ…အမေကတော့ငါငယ်ငယ်တည်းက
ချစ်စရာလေးလို့ ခနခနပြောတယ်”

သူ့စကားအဆုံး လူဆိုးကောင်ကတဟားဟားနဲ့အော်ရီလာသည်။
တကယ်လည်း အမေကမကြာခနပြောဖူးတာပဲဟာ။
ဘယ်နေရာကများ ရယ်စရာကောင်းလို့လဲ။
ဒါနဲ့….

လူဆိုးကောင်မှာ သွားတက်ရှိတယ်…..

“ရယ်ရင်းလည်း သေသွားဦးမယ် မင်း”

မျက်စောင်းမသိမသာထိုးကာဖြင့်အပြင်ထွက်သွားသော
အလှလေးကြောင့်သူအရယ်ရပ်ကာလိုက်ရသည်။

“စက်ဘီးထုတ်မနေတော့နဲ့လေ၊ကျုပ်ဆိုင်ကယ်နဲ့လိုက်ခဲ့”

“ဒါဆို ကြောင်လေးတွေကိုဘယ်လိုလုပ်ရမလဲ၊
ပြီးတော့ ညနေဆိုင်ပိတ်ရင်ရော”

“ညနေကျရင်လည်း ကျုပ်လာကြိုမယ်၊
ခင်ဗျားကြောင်တွေကတော့ မပြောတတ်ဘူး၊
တစ်ခုခုထဲ ထည့်ချင်ထည့်ခဲ့လိုက်ပေါ့”

စဥ်းစားရကျပ်နေသော အလှလေးကိုကြည့်ကာဖြင့်

“ခြင်းထဲဖြစ်ဖြစ်ထည့်ခဲ့လိုက်လေ၊
နောက်ကျ လှောင်အိမ်ဝယ်ထားပေါ့”

“မင်းအကြံမဆိုးဘူး”

အိမ်ထဲတစ်ဖန်ပြေးဝင်ကာအပေါက်လေးတွေပါသော
လက်ဆွဲခြင်းကိုယူလာသည်။ကြောင်နှစ်ကောင်ကို
ခြင်းထဲထည့်ကာ

“ရော့ ယူထားဦး၊ငါအိမ်သော့ခတ်လိုက်ဦးမယ်”

လက်ထဲခြင်းပေးကာအိမ်တံခါးပိတ်ပြီး
ခြင်းပြန်ယူသွားသည်။

“မင်း ခြံပြင်ကစောင့်လိုက်၊ငါခြံသော့ရောခတ်ရဦးမှာ”

ခြံပြင်မောင်းကာရပ်စောင့်နေလိုက်သည်။
ခနအကြာ ခြံသော့ခတ်ပြီးအနားရောက်လာကာ

“ကားလျားခွထိုင်မယ်နော်”

“ကြိုက်သလိုထိုင်၊ကျုပ်ခေါင်းပေါ်တက်မထိုင်ရင်ပြီးရော”

“မင်းခေါင်းပေါ်တော့ တက်မထိုင်ပါဘူး”

ပုခုံးတစ်ဖက်ကိုကိုင်ကာဖြင့် ဖင်ထောင်ဆိုင်ကယ်ကြီးပေါ်အား
မရမကထိုင်ရသည်။သူလည်း ငယ်ရာကကြီးလာတာဖြစ်ပေမယ့် ဒီလိုဖင်ထောင်ဆိုင်ကယ်
မပြောနှင့်၊ဂျာလင်းဆိုင်ကယ်ပင်မစီးတတ်ပေ။

“သေချာကိုင်ထားလေ၊အသက်အပိုပါတယ်များထင်နေတာလား”

လူဆိုးကောင်ကပြောရင်းဖြင့်ပင် အင်္ကျီစလေးကိုဖွဖွ
ကိုင်ထားသောသူ့လက်အားသူ့ရှေ့သို့ဆွဲယူကာ
သေချာဖက်တွယ်စေသည်။

သဘောကျတင်းတင်းဖက်လိုက်မှ
ဆိုင်ကယ်မောင်းထွက်လေသည်။

Royalရဲ့နှုတ်ခမ်းစွန်းလေးတွေကော့တက်သွားတာကိုတော့
ငတုံးအလှလေးက မသိလိုက်ချေ။

……………………………

“အစ်ကို မိုးလည်းအလုပ်လုပ်ချင်တယ်”

သူမစကားကြောင့် necktieစည်းနေတဲ့
ဦးဇာနည်တော်ဝင်က ‘ဘာထဖြစ်ပြန်တာလဲ’ဟူသော
သဘောဖြင့် မျက်လုံးလှန်ကြည့်လာသည်။

“ဒီတိုင်းဘာအလုပ်မှမလုပ်ဘဲ တစ်နေ့တစ်နေ့ထိုင်လိုက်အိပ်လိုက်စားလိုက်နဲ့ဆိုတော့
အားနာစရာကောင်းလို့ပါ”

“ဒါဆို အိမ်မှာပဲဝိုင်းကူလုပ်ပေးလေ”

သူမဆိုလိုချင်တာ ထိုသို့မဟုတ်။
အိမ်ထဲမှာပဲနေပြီး အိမ်အလုပ်တွေလုပ်ရအောင်
သူမက အစေခံမှမဟုတ်တာ။စိတ်တိုရခြင်းတွေပါပဲ။
သို့ပေမယ့် ဦးဇာနည်တော်ဝင်ရှေ့မှာတော့
သူမဒေါသကို ထိန်းချုပ်ရသည်။

“အစ်ကို အဖေ့ကိုပြောပေးပါလားဟင်၊
လက်ဝတ်ရတနာဆိုင်မှာ အလုပ်ပေးလို့မရဘူးလား”

တော်ဝင်စံအိမ်က ပိုင်ဆိုင်မှုအတော်များသည်ပင်။
Hotel Motel တည်းခိုခန်းများ၊ကျောက်မျက်၊ရွှေစသည့်
လက်ဝတ်ရတနာဆိုင်များအပြင် Companyပါထောင်ထားသည်။
ဟော်တယ်အများစုကို Royalကိုချုပ်ကိုင်စေကာ
ရတနာဆိုင်ကိုတော့ နန်းထိုက်တော်ဝင်ကိုလုပ်ကိုင်စေသည်။
Companyကိုတော့ ဦးဇာနည်တော်ဝင်က
ထိန်းချုပ်သည်။

“အပိုင်လိုချင်နေတာတော့ မဟုတ်ဘူးမလား”

“အစ်ကို ဘယ်လိုပြောလိုက်တာလဲ”

“မင်းအကြောင်းမင်းအသိဆုံးနေမှာပေါ့”

ဆိုကာကုတင်ထောင့်မှာတင်ထားသောလက်ဆွဲအိတ်ယူပြီးအပြင်ထွက်သွားလေသည်။

“တောက်”

အများအမြင်မှာ ဦးဇာနည်တော်ဝင်က
မိန်းမကိုအထိမခံတဲ့သူလို့သာသိလိမ့်မည်။
တကယ်တမ်း ထိုသို့မဟုတ်ပေ။
သားချစ်ဖခင်ကြီးသာဖြစ်သည်။သားဖြစ်သူကို
တစ်ခြားလူတွေ အရိုင်းအစိုင်းလို့မြင်မှာ
စိုးထိတ်နေသူတစ်ယောက်သာ….။

အချစ်တွေကိုထုတ်ပြတတ်လားမေးရင်တော့
မထုတ်ပြတတ်ပေ။အိမ်ထောင်သက်တမ်းကြာနေပေမယ့်
သူမမှာ ဦးဇာနည်တော်ဝင်နဲ့ကလေးမရပေ။
အကြောင်းမှာ ဦးဇာနည်တော်ဝင်ကကလေးယူခွင့်မပြု။
သူမဘက်ကသာ ချုပ်ကိုင်နိုင်ရန်ကလေးလိုချင်သော်လည်း
ဦးဇာနည်တော်ဝင်ကိုယ်တိုင်က အနေအထိုင်ဆင်ခြင်တော့လည်း သူမအနေနဲ့
ခွင့်မသာပေ။

သားဖြစ်သူ အရိုင်းအစိုင်းကိုသာအမွေအကုန်ပေးချင်ပုံရပြီး
မိန်းမဖြစ်သူ သူမကိုတော့မျက်လုံးထဲတောင်မြင်မည်မဟုတ်။
ထိုသို့လျစ်လျူရှုခံရခြင်းတွေကြောင့်သာ
သူမက စည်းစိမ်တွေပိုလိုချင်မိသည်။

သူမကိုလျစ်လျူရှုတဲ့ဦးဇာနည်ကိုရော
အရိုင်းအစိုင်းတော်ဝင်ယောက်ျားကိုပါ
နောင်တရအောင်လုပ်ပြမယ်…….။

……………………………
(motiလေး ပေးသနားကြပါဦး😙)

Zawgyi

“ေတာ္ဝင္ေယာက္်ား ထေတာ့၊
မနက္စာစားၿပီး ဆိုင္သြားရေအာင္”

ပါးစပ္ကလဲႏွိုးရင္းလက္ကလဲ ပက္လက္အိပ္ေနလို႔
က်ယ္ျပန့္ေနတဲ့သူ႕ရင္အုပ္က်ယ္ႀကီးကိုသာ
မနာေအာင္ ရိုက္ရသည္။ဒါေတာင္လူဆိုးေကာင္က
အင္းအင္းအဲအဲသာျဖစ္လာၿပီး ႏွိုးမလာေပ။

လူဆိုးေကာင္က အိပ္ပုပ္ႀကီးလိုက္တာ…..

“ညတုန္းကေတာ့ ကာကြယ္ပါမယ္ေလး၊
ဘာေလးနဲ႕ခုက်ေတာ့ ရိုက္ႏွိုးတာေတာင္မထဘူး”

“ညက ခင္ဗ်ားေၾကာင့္အိပ္ေရးပ်က္တာေရာေျပာေလ”

မ်က္လုံးမဖြင့္ဘဲနဲ႕ပင္လူဆိုးေကာင္ကဆိုလာသည္။
လူဆိုးေကာင္ေျပာတာမွားေနတာေတာ့မဟုတ္ေပ။
ညက သူအိပ္မက္ဆိုးေတြမက္ၿပီး
ခနခနႏွိုးတယ္။ႏွိုးတိုင္းလည္း လူဆိုးေကာင္ကို
သူအိပ္ယာထခိုင္းတာပင္။သူအိပ္ေပ်ာ္မွအိပ္ပါလို႔
ဆိုေနတာနဲ႕ လူဆိုးေကာင္ကေတာ္ေတာ္နဲ႕မအိပ္ျဖစ္ေတာ့
အိပ္ေရးပ်က္ပုံရသည္။

“ငါထမင္းေၾကာ္ထားတယ္၊စားေသာက္ၿပီးရင္
ဆိုင္သြားရေအာင္”

“အင္း”

“ေၾသာ္…ေရခ်ိဳးခန္းကအျပင္ဘက္မွာေနာ္”

“သိတယ္”

ႏြေရတုရဲ႕အခန္းမွာသာေရခ်ိဳးခန္းရွိၿပီး
က်န္အိပ္ခန္းႏွစ္ခန္းမွာေတာ့မရွိေပ။

ႏြေရတုအခန္းထဲကထြက္လာကာ ေၾကာင္ေလးေတြ
အစာေကြၽးရင္းလူဆိုးေကာင္ကိုေစာင့္ေနလိုက္သည္။
သူေစာေစာထကာ ဘုရားပန္းအိုးေရလဲ၊
ပန္းပင္ေရေလာင္းၿပီးၿပီပင္။

“အာ…မင္းေရခ်ိဳးတာျမန္လိုက္တာ”

အစာေကြၽးၿပီးေခါင္းေမာ့ၾကည့္လိုက္ေတာ့Royalက
မီးဖိုေခ်ာင္တံခါးကိုမွီကာသူ႕ကိုၾကည့္ေနျခင္းပင္။
ဒီတစ္ခါလည္း အမည္းကြက္ရွပ္ကိုဖယိုဖရဲသာဝတ္ဆင္
ထားသည္။ေခ်ာတဲ့သူဆိုေတာ့လည္း
ဘယ္လိုေနေနကိုေခ်ာေနေတာ့တာပင္။

“လာ ထမင္းေၾကာ္စားရေအာင္”

ထမင္းခ်ည္းပဲေၾကာ္ထားတာမဟုတ္၊အသားကိုေသးေသးေလးေတြဖဲ့ကာအ႐ြက္နဲ႕ထမင္းေရာေၾကာ္ထားသျဖင့္အရသာေကာင္းသည္။

“စားေကာင္းလား”

အားရပါးရစားေနေသာလူဆိုးေကာင္အားေမးလိုက္ေတာ့
စားေနရင္းေခါင္းညိတ္ျပလာသည္။နင္ေနမွာစိုးသျဖင့္
ဖန္ကရားထဲကေရကို ေရွ႕ကဖန္ခြက္ထဲထည့္ကာ
ေရွ႕တိုးေပးလိုက္တယ္။

“ခင္ဗ်ား ေန႕လည္က်ေတာ့ဘယ္မွာစားတာလဲ”

စားေသာက္ၿပီးေတာ့ေရေသာက္ကာ
ေရွ႕ကအလွေလးအားေမးလိုက္ေတာ့ ျပဴးေၾကာင္ေလးျဖင့္သူ႕ကိုၾကည့္လာကာ

“အာ..အင္း၊ဆိုင္မွာပဲခ်က္စားျဖစ္တယ္၊တစ္ခါတေလက်
ေကာင္းထက္တို႔ဆီက ကပ္စားျဖစ္တယ္၊ဟီး..ဟီး”

သူ႕အေျပာနဲ႕သူ သေဘာက်စြာျဖင့္
တဟီးဟီးႏွင့္ရယ္ျပကာသူ႕ေရွ႕ကပန္းကန္ကိုပါ
ဆြဲယူကာ ေဘစင္မွာသြားေဆးေနေလသည္။

“ႏြေရတု”

“ဟမ္”

“ခင္ဗ်ားကဘာလို႔ခ်စ္စရာေကာင္းေနရတာလဲ”

ေရစိုေနေသာလက္ကိုသုတ္ေနရင္း
ႏြေရတုမွာေၾကာင္အမ္းအမ္းပင္ျဖစ္သြားရသည္။

“အာ…အေမကေတာ့ငါငယ္ငယ္တည္းက
ခ်စ္စရာေလးလို႔ ခနခနေျပာတယ္”

သူ႕စကားအဆုံး လူဆိုးေကာင္ကတဟားဟားနဲ႕ေအာ္ရီလာသည္။
တကယ္လည္း အေမကမၾကာခနေျပာဖူးတာပဲဟာ။
ဘယ္ေနရာကမ်ား ရယ္စရာေကာင္းလို႔လဲ။
ဒါနဲ႕….

လူဆိုးေကာင္မွာ သြားတက္ရွိတယ္…..

“ရယ္ရင္းလည္း ေသသြားဦးမယ္ မင္း”

မ်က္ေစာင္းမသိမသာထိုးကာျဖင့္အျပင္ထြက္သြားေသာ
အလွေလးေၾကာင့္သူအရယ္ရပ္ကာလိုက္ရသည္။

“စက္ဘီးထုတ္မေနေတာ့နဲ႕ေလ၊က်ဳပ္ဆိုင္ကယ္နဲ႕လိုက္ခဲ့”

“ဒါဆို ေၾကာင္ေလးေတြကိုဘယ္လိုလုပ္ရမလဲ၊
ၿပီးေတာ့ ညေနဆိုင္ပိတ္ရင္ေရာ”

“ညေနက်ရင္လည္း က်ဳပ္လာႀကိဳမယ္၊
ခင္ဗ်ားေၾကာင္ေတြကေတာ့ မေျပာတတ္ဘူး၊
တစ္ခုခုထဲ ထည့္ခ်င္ထည့္ခဲ့လိုက္ေပါ့”

စဥ္းစားရက်ပ္ေနေသာ အလွေလးကိုၾကည့္ကာျဖင့္

“ျခင္းထဲျဖစ္ျဖစ္ထည့္ခဲ့လိုက္ေလ၊
ေနာက္က် ေလွာင္အိမ္ဝယ္ထားေပါ့”

“မင္းအႀကံမဆိုးဘူး”

အိမ္ထဲတစ္ဖန္ေျပးဝင္ကာအေပါက္ေလးေတြပါေသာ
လက္ဆြဲျခင္းကိုယူလာသည္။ေၾကာင္ႏွစ္ေကာင္ကို
ျခင္းထဲထည့္ကာ

“ေရာ့ ယူထားဦး၊ငါအိမ္ေသာ့ခတ္လိုက္ဦးမယ္”

လက္ထဲျခင္းေပးကာအိမ္တံခါးပိတ္ၿပီး
ျခင္းျပန္ယူသြားသည္။

“မင္း ၿခံျပင္ကေစာင့္လိုက္၊ငါၿခံေသာ့ေရာခတ္ရဦးမွာ”

ၿခံျပင္ေမာင္းကာရပ္ေစာင့္ေနလိုက္သည္။
ခနအၾကာ ၿခံေသာ့ခတ္ၿပီးအနားေရာက္လာကာ

“ကားလ်ားခြထိုင္မယ္ေနာ္”

“ႀကိဳက္သလိုထိုင္၊က်ဳပ္ေခါင္းေပၚတက္မထိုင္ရင္ၿပီးေရာ”

“မင္းေခါင္းေပၚေတာ့ တက္မထိုင္ပါဘူး”

ပုခုံးတစ္ဖက္ကိုကိုင္ကာျဖင့္ ဖင္ေထာင္ဆိုင္ကယ္ႀကီးေပၚအား
မရမကထိုင္ရသည္။သူလည္း ငယ္ရာကႀကီးလာတာျဖစ္ေပမယ့္ ဒီလိုဖင္ေထာင္ဆိုင္ကယ္
မေျပာႏွင့္၊ဂ်ာလင္းဆိုင္ကယ္ပင္မစီးတတ္ေပ။

“ေသခ်ာကိုင္ထားေလ၊အသက္အပိုပါတယ္မ်ားထင္ေနတာလား”

လူဆိုးေကာင္ကေျပာရင္းျဖင့္ပင္ အက္်ီစေလးကိုဖြဖြ
ကိုင္ထားေသာသူ႕လက္အားသူ႕ေရွ႕သို႔ဆြဲယူကာ
ေသခ်ာဖက္တြယ္ေစသည္။

သေဘာက်တင္းတင္းဖက္လိုက္မွ
ဆိုင္ကယ္ေမာင္းထြက္ေလသည္။

Royalရဲ႕ႏႈတ္ခမ္းစြန္းေလးေတြေကာ့တက္သြားတာကိုေတာ့
ငတုံးအလွေလးက မသိလိုက္ေခ်။

……………………………

“အစ္ကို မိုးလည္းအလုပ္လုပ္ခ်င္တယ္”

သူမစကားေၾကာင့္ necktieစည္းေနတဲ့
ဦးဇာနည္ေတာ္ဝင္က ‘ဘာထျဖစ္ျပန္တာလဲ’ဟူေသာ
သေဘာျဖင့္ မ်က္လုံးလွန္ၾကည့္လာသည္။

“ဒီတိုင္းဘာအလုပ္မွမလုပ္ဘဲ တစ္ေန႕တစ္ေန႕ထိုင္လိုက္အိပ္လိုက္စားလိုက္နဲ႕ဆိုေတာ့
အားနာစရာေကာင္းလို႔ပါ”

“ဒါဆို အိမ္မွာပဲဝိုင္းကူလုပ္ေပးေလ”

သူမဆိုလိုခ်င္တာ ထိုသို႔မဟုတ္။
အိမ္ထဲမွာပဲေနၿပီး အိမ္အလုပ္ေတြလုပ္ရေအာင္
သူမက အေစခံမွမဟုတ္တာ။စိတ္တိုရျခင္းေတြပါပဲ။
သို႔ေပမယ့္ ဦးဇာနည္ေတာ္ဝင္ေရွ႕မွာေတာ့
သူမေဒါသကို ထိန္းခ်ဳပ္ရသည္။

“အစ္ကို အေဖ့ကိုေျပာေပးပါလားဟင္၊
လက္ဝတ္ရတနာဆိုင္မွာ အလုပ္ေပးလို႔မရဘူးလား”

ေတာ္ဝင္စံအိမ္က ပိုင္ဆိုင္မႈအေတာ္မ်ားသည္ပင္။
Hotel Motel တည္းခိုခန္းမ်ား၊ေက်ာက္မ်က္၊ေ႐ႊစသည့္
လက္ဝတ္ရတနာဆိုင္မ်ားအျပင္ Companyပါေထာင္ထားသည္။
ေဟာ္တယ္အမ်ားစုကို Royalကိုခ်ဳပ္ကိုင္ေစကာ
ရတနာဆိုင္ကိုေတာ့ နန္းထိုက္ေတာ္ဝင္ကိုလုပ္ကိုင္ေစသည္။
Companyကိုေတာ့ ဦးဇာနည္ေတာ္ဝင္က
ထိန္းခ်ဳပ္သည္။

“အပိုင္လိုခ်င္ေနတာေတာ့ မဟုတ္ဘူးမလား”

“အစ္ကို ဘယ္လိုေျပာလိုက္တာလဲ”

“မင္းအေၾကာင္းမင္းအသိဆုံးေနမွာေပါ့”

ဆိုကာကုတင္ေထာင့္မွာတင္ထားေသာလက္ဆြဲအိတ္ယူၿပီးအျပင္ထြက္သြားေလသည္။

“ေတာက္”

အမ်ားအျမင္မွာ ဦးဇာနည္ေတာ္ဝင္က
မိန္းမကိုအထိမခံတဲ့သူလို႔သာသိလိမ့္မည္။
တကယ္တမ္း ထိုသို႔မဟုတ္ေပ။
သားခ်စ္ဖခင္ႀကီးသာျဖစ္သည္။သားျဖစ္သူကို
တစ္ျခားလူေတြ အရိုင္းအစိုင္းလို႔ျမင္မွာ
စိုးထိတ္ေနသူတစ္ေယာက္သာ….။

အခ်စ္ေတြကိုထုတ္ျပတတ္လားေမးရင္ေတာ့
မထုတ္ျပတတ္ေပ။အိမ္ေထာင္သက္တမ္းၾကာေနေပမယ့္
သူမမွာ ဦးဇာနည္ေတာ္ဝင္နဲ႕ကေလးမရေပ။
အေၾကာင္းမွာ လိင္ဆက္ဆံတိုင္းအကာအကြယ္သုံးၿပီး
ကေလးရမွာကို အရမ္းစိုးထိတ္ေနသူပင္။
(အနည္းငယ္ရိုင္းသြားရင္ ခြင့္လႊတ္ပါ)

သားျဖစ္သူ အရိုင္းအစိုင္းကိုသာအေမြအကုန္ေပးခ်င္ပုံရၿပီး
မိန္းမျဖစ္သူ သူမကိုေတာ့မ်က္လုံးထဲေတာင္ျမင္မည္မဟုတ္။
ထိုသို႔လ်စ္လ်ဴရႈခံရျခင္းေတြေၾကာင့္သာ
သူမက စည္းစိမ္ေတြပိုလိုခ်င္မိသည္။

သူမကိုလ်စ္လ်ဴရႈတဲ့ဦးဇာနည္ကိုေရာ
အရိုင္းအစိုင္းေတာ္ဝင္ေယာက္်ားကိုပါ
ေနာင္တရေအာင္လုပ္ျပမယ္…….။

……………………………
(motiေလး ေပးသနားၾကပါဦး😙)

Tags: read novel Royal Husband ’13’, novel Royal Husband ’13’, read Royal Husband ’13’ online, Royal Husband ’13’ chapter, Royal Husband ’13’ high quality, Royal Husband ’13’ light novel, ,

Comment

Leave a Reply

Chapter 14