Royal Husband ’14’

All chapters are in Royal Husband
A+ A-

“မင်း ဘယ်တုန်းကဆံပင်အရောင်ပြောင်းလိုက်တာလဲ”

Royalတို့သူငယ်ချင်းလေးယောက် အလှလေးဆိုင်မှာ
ထိုင်နေကြခြင်းပင်။နေရောင်ခြည်နဲ့Royalက
ဒီဆိုင်မှာပဲ တစ်အိုးတစ်အိမ်ထူထောင်တော့မလိုဖြစ်နေသဖြင့်
ကျန်သည့် သူရနှင့်ထိုက်ပါ ရောက်လာကြခြင်းပင်။
ကော်ဖီတစ်ယောက်တစ်ခွက်သာမှာထားကြသည်။

“ပြောင်းထာတာဖြင့်ကြာပေါ့၊ဒီကြားထဲ မင်းတို့နဲ့မတွေ့ဖြစ်လို့သာ”

အရင်ကရွှေရောင်ဆိုးထားသည့်ဆံပင် သူရက
ခဲရောင်ပြောင်းထားသည်။

“ဘယ်တွေ့မလဲ၊သူတို့ကဖြင့် ဒီဆိုင်မှာပဲသောင်တင်နေတဲ့ဟာ”

ကော်ဖီတစ်ငုံမျိုချရင်း ထိုက်ကပါဝင်ပြောလာသည်။
အခါတိုင်းလိုပင် ဂုတ်ထောက်ဆံပင်ကို
အပေါ်သို့တစ်ဝက်စုချည်ထားသည်မှာ စတိုင်ကျသည်။
မှန်သည့်စကားဖြစ်၍ တရားခံနှစ်ယောက်ထံမှ
ဘာစကားမှထွက်မလာပေ။

ကျန်သည့်ဝိုင်းတွေကလည်း လူချောလေးယောက်ထံသို့
အကြည့်တွေဝဲကာဖြင့်။အလှလေးကတော့ ပုံတူဆွဲစရာ
ရှိသည်ဟုဆိုကာ အခန်းထဲအောင်းနေသည်။

လေးယောက်ဆုံတုန်း စကားတွေဖောင်ဖွဲ့ပြောနေကြပေမယ့်
Royalကတော့တစ်ခွန်းတလေသာ ဝင်ပြောသည်။

သူအခု ဆိုင်ပြင်ကိုကြည့်နေတာပင်။
ဘေးစွန်ဆုံးခုံလည်းဖြစ်၊မှန်ကလည်းအကြည်ဖြစ်သဖြင့်
ဆိုင်ပြင်ဘက်သို့ သဲသဲကွဲကွဲမြင်ရသည်။

ကလေးတစ်ယောက်….ပြောရမယ်ဆိုရင်
ရေသန့်ဘူးကောက်တဲ့ ဆယ်နှစ်ရွယ်ကလေးငယ်က
ဆိုင်ထဲကြည့်နေတာကို သူမြင်နေရသည်။

ဂွန်နီအိတ်တစ်လုံးဆွဲကာဖြင့် မျက်နှာလေးကလည်းပေတလူးနေလေသည်။
ကလေးငယ်အကြည့်က ကိတ်စားနေတဲ့ကောင်မလေး
တစ်ယောက်ဆီမှာ ရစ်ဝဲနေသည်။
လည်ဇလုတ်လေးက နေရာရွေ့ရွေ့သွားသဖြင့်
တံတွေးမျိုချနေပုံပင်။

“Royal ဘယ်သွားမလို့လဲ”

သူထိုင်ခုံမှထလိုက်တော့ သူငယ်ချင်းတွေကမေးလာသည်။
စားပွဲပေါ်က သူရယူလာတဲ့အအေးဘူးယူဖို့လည်းမမေ့ပေ။
ဘာမှမပြောဘဲကောင်တာသို့သွားကာ
စတော်ဘယ်ရီကိတ်မှာလိုက်သည်။
နေပူထဲမှာဆိုတော့ အအေးသောက်တာပိုကောင်းတယ်မလား။

ကိတ်ရတော့ သူဆိုင်ပြင်ထွက်လာလိုက်သည်။
ကလေးငယ်က ရှိနေတုန်းပင်။

“ရော့”

“ဗျာ”

“မယူဘူးလား”

ထိုအခါမှပင် ကလေးငယ်ကဂွန်နီအိတ်ကိုဘေးချကာ
ညစ်ပတ်နေတဲ့လက်ကို အင်္ကျီနဲ့သုတ်လေသည်။
ပြီးတော့ လက်နှစ်ဖက်နှင့်ပင်Royalလက်ထဲက
မုန့်နှင့်အအေးကိုယူလာလေသည်။

“ကျေးဇူးပါဗျ”

ဆိုကာ ကလေးငယ်ကလွယ်ထားတဲ့လွယ်အိတ်ထဲ
ဂရုတစိုက်ထည့်လေသည်။

“ခုမစားဘူးလား”

“အိမ်ယူသွားမလို့ဗျ၊ညီမလေးနဲ့မှ အတူတူစားမလို့”

ကလေးငယ်စကားကြားပြီး Royalသဘောတကျဖြစ်သွားသည်။
ညီမလေးကို ချစ်တတ်လိုက်တာ….။

“ဒီမှာစားသွားလေ၊ညီမလေးအတွက် သပ်သပ်ဝယ်ပေးလိုက်မယ်”

“ထပ်ပြီးကျေးဇူးတင်ပါတယ်ဗျ”

ပေတလူးရုပ်လေးကပြုံးရွှင်ကာဖြင့်
ပြောလာသည်။ဘဝအတွေ့အကြုံအရ
တစ်ဖက်လူအပေါ် ဘယ်လိုတုံ့ပြန်ရမလဲကို
ကောင်းကောင်းသိနေပြီ။

“အထဲလိုက်ဝင်မလား”

“ကျွန်တော့်ကိုယ်ကနံနေတာဗျ”

သဘောက မဝင်တော့ဘူးဆိုတဲ့သဘောပင်။
ကလေငယ်ကို Royalကငုံ့ကြည့်ကာပြောနေရခြင်းပင်။

“ဒါဆို ဒီနားလေးမှာမုန့်စားနှင့်၊
ငါ ထပ်ဝယ်လိုက်ဦးမယ်”

“ဟုတ်ကဲ့”

အထဲဝင်ကာ ကိတ်ထပ်မှာရသည်။
သူငယ်ချင်းသုံးယောက်ကတော့ သူ့ကိုလက်မတထောင်ထောင်နှင့်ပင်။
ပြီးတာနဲ့အပြင်ပြန်ထွက်တော့ ကလေးငယ်က
ဆိုင်ရှေ့ကအုတ်ခုံနံဘေးမှာထိုင်ကာ
အားရပါးရစားနေသည်။သူလည်းပဲနည်းတူ
ဘေးကပ်ရပ်ထိုင်လိုက်တယ်။

ဒီလိုပေးကမ်းတယ်သားနဲ့ငွေဘာလို့မပေးလဲမေးရင်
ကလေးငယ်က သူတောင်းစားမဟုတ်လို့။
ကလေးငယ်က ပိုက်ဆံမတောင်းလာသလို
သူကလည်း ကိုယ့်အားကိုယ်ကိုးကာပိုက်ဆံရှာနေတဲ့ကလေးကို
မစော်ကားချင်ပေ။
ဒီအရွယ်လေးနဲ့ပိုက်ဆံရှာတတ်တာဘယ်လောက်တော်လိုက်သလဲ။

“ကိုနွေ”

လူကျသလားသိချင်သဖြင့်အခန်းထဲကထွက်လာတော့
ကောင်းထက်ကသူ့နာမည်ကိုခေါ်လာကာ
မေးငေါ့ပြလာသည်။

“ဘာလဲ”

“ဟိုမှာကြည့်လိုက် ကိုနွေ”

ပြတဲ့နေရာကြည့်လိုက်တော့ လူဆိုးကောင်။
ဘေးမှာလည်း ကလေးတစ်ယောက်နဲ့။
ခနကြာစိုက်ကြည့်ပြီး အခြေအနေကိုသဘောပေါက်သွား
သည်။

ထိုပုံရိပ်ကိုကြည့်ရင်းနှင့်ပင် သူပါအလိုလိုကြည်နူးစိတ်
တွေဝင်လာကာ ပြုံးမိသည်။

“ဒီလိုကျ လူဆိုးကောင်ကစိတ်ကောင်းရှိသားပဲ”

……………………………..

ပြိုင်ပွဲဝင်နေသလားထင်ရလောက်အောင်
ဆိုင်ကယ်ကိုအမြန်မောင်းနေသဖြင့်
လူဆိုးကောင်ခါးကို သူတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်ရသည်။

ညနေက စေရာဖုန်းဆက်လာသည်။
သူပြန်ရောက်ပြီဖြစ်ကြောင်းနှင့်နေမကောင်းဖြစ်နေကြောင်း။
စေရာက သူ့ကိုမလာဖို့တားသော်လည်း
တစ်ယောက်တည်းရှိတဲ့သူငယ်ချင်းကနေမကောင်းတော့
သူမနေနိုင်ပေ။ဒါကြောင့်
ဆိုင်ကိုစောစောပိတ်ကာ taxiငှားပြီးသွားမလို့ပင်။

ဒါကို လူဆိုးကောင်က သူပါလိုက်မည်ဆိုလာသည်။
Taxiခမကုန်တာကောင်းသားလို့တွေးပြီး
ကြောင်လေးတွေကိုအိမ်မှာထားခဲ့ကာ
စေရာတိုက်ခန်းကို ထွက်လာခဲ့တယ်။

ဓာတ်လှေကားနှင့်သုံးထပ်မြောက်ကိုတက်ခဲ့ကာ
စေရာအခန်းရှေ့ရောက်တော့ ဘဲလ်တီးလိုက်သည်။
Passwordသိပေမယ့်လည်း လက်လွတ်စပယ်
မဝင်ချင်ပေ။အတူလိုက်လာတဲ့လူဆိုးကောင်ကတော့
စကားတစ်ခွန်းမှမပြောဘဲ ခပ်တည်တည်သာပင်။

မိနစ်ဝက်လောက်ကြာတော့မှ ရှေ့ကတံခါးကပွင့်လာသည်။
နွေရတုကိုမြင်တော့ စေရာ့မျက်လုံးတွေက
အတန်ငယ်ပြူးကျယ်သွားကာ

“မလာပါနဲ့ဆိုတာကိုကွာ”

ပါးစပ်ကသာအငြင်းစကားဆိုနေပေမယ့်
မျက်လုံးတွေကတော့ နွေရတုကိုမြင်လိုက်ရလို့
ပျော်နေသည်မှာအထင်းသားပင်။

စေရာကအနွေးထည်ဝတ်ထားကာ
မျက်နှာကလည်းနည်းနည်းဖျော့နေသည်။
အဖျားစမ်းရန် စေရာ့နဖူးပေါ်လက်တင်မလို့
လက်မြှောက်လိုက်စဥ်မှာပဲ သူ့လက်ကိုဖမ်းဆွဲလာတဲ့
လက်တစ်ဖက်….

“အဲဲဒါဘာလုပ်မလို့လဲ”

ရတုကိုပဲငေးနေမိသဖြင့် တစ်ခြားတစ်ယောက်အဖော်
ပါလာတာကိုပင် သတိမထားမိပေ။
အသံလာရာကြည့်လိုက်တော့
သူ့ကိုပေစောင်းစောင်းကြည့်နေတဲ့
သူ့ရဲ့သွေးသားမတော်စပ်တဲ့ညီ တော်ဝင်ယောက်ျား။

“အဖျားစမ်းမလို့လေ”

အလှလေးစကားကြောင့် ဆုပ်ကိုင်ထားတဲ့
လက်ကောက်ဝတ်သေးသေးလေးကို တင်းကြပ်လိုက်မိသည်အထိ…..။
အခု ဘယ်သူ့ရှေ့မှာတစ်ခြားလူရဲ့အသားအရေကို
ထိတွေ့ချင်နေရတာပါလိမ့်????

“ကျစ်”

Royalက ကျစ်တစ်ချက်သပ်ကာ
မပြောမဆိုဖြင့် စေရာမျိုးမြင့်ရဲ့နဖူးပေါ်
လက်တင်လိုက်သည်။

“မသေနိုင်သေးဘူး”

လူဆိုးကောင်ကတော့ ထိုစကားသာပြောပြီး
သူ့လက်ကိုဆွဲကာ အိမ်ရှင်လိုလို
အခန်းထဲဝင်ကာ ဆက်တီခုံပေါ်မှာ
ခြေတစ်ဖက်ချိတ်ကာဖြင့်ထိုင်နေလေသည်။
သေချာပေါက် နွေရတုလက်ကိုဆုပ်ကိုင်ထားဖို့ရာလည်း
မမေ့ပေ။

အိပ်ယာပေါ်မှာ လှဲလျောင်းမနေဘဲ
ပုံမှန်အချိန်လောက် မတက်ကြွသော်ငြား
သွားသွားလာလာလုပ်နိုင်တဲ့ စေရာမျိုးမြင့်ကို
Royalအမြင်မကြည်ပေ။

ဘယ်လောက်ပဲ အလှလေးနဲ့စေရာမျိုးမြင့်က
အချစ်ဆုံးသူငယ်ချင်းတွေဆိုပေမယ့်
စေရာမျိုးမြင့်က အလှလေးအပေါ်ရိုးသားသူမှမဟုတ်တာ။
ဒါကြောင့် သူ့ကွယ်ရာမှာနှစ်ယောက်သားတွေ့ဆုံမှာကို
သူလုံးဝသဘောမတွေ့ပေ။

အရင်ကဘယ်လိုပဲဆိုဆို ခုတော့သူရှိနေပြီမလား။
အလှလေးကတစ်ချိန်မှာသူ့ရဲ့သက်ဆိုင်သူဖြစ်လာမှာမို့
စေရာမျိုးမြင့်ကိုအမြင်မကြည်တာ မထူးဆန်း။
အရင်က မိထွေးရဲ့သားမို့သဘောမကျတာဆိုရင်
ခုကအလှလေးကိုသူ့ဆီကလုယူချင်နေသူမို့….။

“နို့သောက်မလား ရတု”

ရှေ့ခုံမှာလာထိုင်ရင်းနွေရတုကိုမေးလိုက်သည်။
ပေါင်းသင်းလာတာသက်တမ်းကြာပြီမို့
ရတုရဲ့အကြိုက်တွေအကုန် သူမသိတာလက်ချိုးရေလို့
ရသည်အထိပင်။

“တော်ပါပြီ မင်းနေလို့မကောင်းဘူးမလား၊
ခုရောဘယ်လိုလဲ သက်သာလား၊ဆေးရောသောက်ပြီးပြီလား”

“ဒီတိုင်း အပူလျှပ်သွားယုံလောက်ပါပဲ”

ရတုကိုပြောရင်းတော်ဝင်ယောက်ျားကိုကြည့်လိုက်တော့
ရတုကိုသာကြည့်နေလေသည်။တော်ဝင်ယောက်ျားကို
သူအရင်က ဘယ်လိုမှမမြင်ပေမယ့်လည်း
ရတုအနားမှာကပ်တွယ်နေတာမြင်ရတော့
သဘောမကျပေ။

“မသေသေးဘူးဆိုတာ အတည်ပြုပြီးပြီပဲ၊
ပြန်ကြရအောင်”

“တော်ဝင်ယောက်ျား မင်းဘယ်လိုဖြစ်နေတာလဲ”

အသံတိုးတိုးဖြင့် မာန်မဲလိုက်ပေမယ့်
လူဆိုးကောင်ကမျက်ခုံးတစ်ဖက်ပင့်ပြလာသောကြောင့်
လေတွေမှုတ်ထုတ်ရသူဟာ နွေရတုပင်။

“သူက ဘယ်လိုဖြစ်ပြီးပါလာတာလဲ ရတု”

“အာ..ခင်ဗျားမသိသေးဘူးလား၊
ကျုပ်တို့ကတစ်အိမ်ထဲမှာ တူတူနေတာလေ၊
မနေ့ညကဆို တစ်ကုတင်….အု”

စေရာမျိုးမြင့်ကိုအနိုင်ပိုင်းနဲ့ပြောနေသောRoyalမှာ
ပါးစပ်ကိုလာပိတ်တဲ့လက်သေးသေးလေးကြောင့်
စကားသံတွေထပ်ထွက်မလာ။

“ဟို..ဟိုလေ မင်းကိုပြောဖို့မေ့နေတာ၊
ငါ့အိမ်ငှားအသစ်က တော်ဝင်ယောက်ျား”

“ဘာ”

စေရာ့မှာ ဘာ တစ်လုံးသာပြောနိုင်တော့သည်။
ရတုဘေးက တော်ဝင်ယောက်ျားကတော့
အောင်နိုင်သူအပြုံးနဲ့သာ နှုတ်ခမ်းတစ်ဖက်တွန့်ကွေးရင်း
ကြည့်နေတော့ မဆီမဆိုင်သူ့ကိုယ်သူ
အရှုံးသမားတစ်ယောက်လိုပင်ခံစားလိုက်ရသည်။

မဟုတ်မှလွဲရော တော်ဝင်ယောက်ျားက
ရတုကိုကြိုက်နေတာလား?????

………………………………….

(commentsလေးတွေလိုချင်မိ❤)

Zawgyi

“မင္း ဘယ္တုန္းကဆံပင္အေရာင္ေျပာင္းလိုက္တာလဲ”

Royalတို႔သူငယ္ခ်င္းေလးေယာက္ အလွေလးဆိုင္မွာ
ထိုင္ေနၾကျခင္းပင္။ေနေရာင္ျခည္နဲ႕Royalက
ဒီဆိုင္မွာပဲ တစ္အိုးတစ္အိမ္ထူေထာင္ေတာ့မလိုျဖစ္ေနသျဖင့္
က်န္သည့္ သူရႏွင့္ထိုက္ပါ ေရာက္လာၾကျခင္းပင္။
ေကာ္ဖီတစ္ေယာက္တစ္ခြက္သာမွာထားၾကသည္။

“ေျပာင္းထာတာျဖင့္ၾကာေပါ့၊ဒီၾကားထဲ မင္းတို႔နဲ႕မေတြ႕ျဖစ္လို႔သာ”

အရင္ကေ႐ႊေရာင္ဆိုးထားသည့္ဆံပင္ သူရက
ခဲေရာင္ေျပာင္းထားသည္။

“ဘယ္ေတြ႕မလဲ၊သူတို႔ကျဖင့္ ဒီဆိုင္မွာပဲေသာင္တင္ေနတဲ့ဟာ”

ေကာ္ဖီတစ္ငုံမ်ိဳခ်ရင္း ထိုက္ကပါဝင္ေျပာလာသည္။
အခါတိုင္းလိုပင္ ဂုတ္ေထာက္ဆံပင္ကို
အေပၚသို႔တစ္ဝက္စုခ်ည္ထားသည္မွာ စတိုင္က်သည္။
မွန္သည့္စကားျဖစ္၍ တရားခံႏွစ္ေယာက္ထံမွ
ဘာစကားမွထြက္မလာေပ။

က်န္သည့္ဝိုင္းေတြကလည္း လူေခ်ာေလးေယာက္ထံသို႔
အၾကည့္ေတြဝဲကာျဖင့္။အလွေလးကေတာ့ ပုံတူဆြဲစရာ
ရွိသည္ဟုဆိုကာ အခန္းထဲေအာင္းေနသည္။

ေလးေယာက္ဆုံတုန္း စကားေတြေဖာင္ဖြဲ႕ေျပာေနၾကေပမယ့္
Royalကေတာ့တစ္ခြန္းတေလသာ ဝင္ေျပာသည္။

သူအခု ဆိုင္ျပင္ကိုၾကည့္ေနတာပင္။
ေဘးစြန္ဆုံးခုံလည္းျဖစ္၊မွန္ကလည္းအၾကည္ျဖစ္သျဖင့္
ဆိုင္ျပင္ဘက္သို႔ သဲသဲကြဲကြဲျမင္ရသည္။

ကေလးတစ္ေယာက္….ေျပာရမယ္ဆိုရင္
ေရသန့္ဘူးေကာက္တဲ့ ဆယ္ႏွစ္႐ြယ္ကေလးငယ္က
ဆိုင္ထဲၾကည့္ေနတာကို သူျမင္ေနရသည္။

ဂြန္နီအိတ္တစ္လုံးဆြဲကာျဖင့္ မ်က္ႏွာေလးကလည္းေပတလူးေနေလသည္။
ကေလးငယ္အၾကည့္က ကိတ္စားေနတဲ့ေကာင္မေလး
တစ္ေယာက္ဆီမွာ ရစ္ဝဲေနသည္။
လည္ဇလုတ္ေလးက ေနရာေ႐ြ႕ေ႐ြ႕သြားသျဖင့္
တံေတြးမ်ိဳခ်ေနပုံပင္။

“Royal ဘယ္သြားမလို႔လဲ”

သူထိုင္ခုံမွထလိုက္ေတာ့ သူငယ္ခ်င္းေတြကေမးလာသည္။
စားပြဲေပၚက သူရယူလာတဲ့အေအးဘူးယူလို႔ဖို႔လည္းမေမ့ေပ။
ဘာမွမေျပာဘဲေကာင္တာသို႔သြားကာ
စေတာ္ဘယ္ရီကိတ္မွာလိုက္သည္။
ေနပူထဲမွာဆိုေတာ့ အေအးေသာက္တာပိုေကာင္းတယ္မလား။

ကိတ္ရေတာ့ သူဆိုင္ျပင္ထြက္လာလိုက္သည္။
ကေလးငယ္က ရွိေနတုန္းပင္။

“ေရာ့”

“ဗ်ာ”

“မယူဘူးလား”

ထိုအခါမွပင္ ကေလးငယ္ကဂြန္နီအိတ္ကိုေဘးခ်ကာ
ညစ္ပတ္ေနတဲ့လက္ကို အက္်ီနဲ႕သုတ္ေလသည္။
ၿပီးေတာ့ လက္ႏွစ္ဖက္ႏွင့္ပင္Royalလက္ထဲက
မုန့္ႏွင့္အေအးကိုယူလာေလသည္။

“ေက်းဇူးပါဗ်”

ဆိုကာ ကေလးငယ္ကလြယ္ထားတဲ့လြယ္အိတ္ထဲ
ဂ႐ုတစိုက္ထည့္ေလသည္။

“ခုမစားဘူးလား”

“အိမ္ယူသြားမလို႔ဗ်၊ညီမေလးနဲ႕မွ အတူတူစားမလို႔”

ကေလးငယ္စကားၾကားၿပီး Royalသေဘာတက်ျဖစ္သြားသည္။
ညီမေလးကို ခ်စ္တတ္လိုက္တာ….။

“ဒီမွာစားသြားေလ၊ညီမေလးအတြက္ သပ္သပ္ဝယ္ေပးလိုက္မယ္”

“ထပ္ၿပီးေက်းဇူးတင္ပါတယ္ဗ်”

ေပတလူး႐ုပ္ေလးကၿပဳံး႐ႊင္ကာျဖင့္
ေျပာလာသည္။ဘဝအေတြ႕အႀကဳံအရ
တစ္ဖက္လူအေပၚ ဘယ္လိုတုံ႕ျပန္ရမလဲကို
ေကာင္းေကာင္းသိေနၿပီ။

“အထဲလိုက္ဝင္မလား”

“ကြၽန္ေတာ့္ကိုယ္ကနံေနတာဗ်”

သေဘာက မဝင္ေတာ့ဘူးဆိုတဲ့သေဘာပင္။
ကေလငယ္ကို Royalကငုံ႕ၾကည့္ကာေျပာေနရျခင္းပင္။

“ဒါဆို ဒီနားေလးမွာမုန့္စားႏွင့္၊
ငါ ထပ္ဝယ္လိုက္ဦးမယ္”

“ဟုတ္ကဲ့”

အထဲဝင္ကာ ကိတ္ထပ္မွာရသည္။
သူငယ္ခ်င္းသုံးေယာက္ကေတာ့ သူ႕ကိုလက္မတေထာင္ေထာင္ႏွင့္ပင္။
ၿပီးတာနဲ႕အျပင္ျပန္ထြက္ေတာ့ ကေလးငယ္က
ဆိုင္ေရွ႕ကအုတ္ခုံနေဘးမွာထိုင္ကာ
အားရပါးရစားေနသည္။သူလည္းပဲနည္းတူ
ေဘးကပ္ရပ္ထိုင္လိုက္တယ္။

ဒီလိုေပးကမ္းတယ္သားနဲ႕ေငြဘာလို႔မေပးလဲေမးရင္
ကေလးငယ္က သူေတာင္းစားမဟုတ္လို႔။
ကေလးငယ္က ပိုက္ဆံမေတာင္းလာသလို
သူကလည္း ကိုယ့္အားကိုယ္ကိုးကာပိုက္ဆံရွာေနတဲ့ကေလးကို
မေစာ္ကားခ်င္ေပ။
ဒီအ႐ြယ္ေလးနဲ႕ပိုက္ဆံရွာတတ္တာဘယ္ေလာက္ေတာ္လိုက္သလဲ။

“ကိုႏြေ”

လူက်သလားသိခ်င္သျဖင့္အခန္းထဲကထြက္လာေတာ့
ေကာင္းထက္ကသူ႕နာမည္ကိုေခၚလာကာ
ေမးေငါ့ျပလာသည္။

“ဘာလဲ”

“ဟိုမွာၾကည့္လိုက္ ကိုႏြေ”

ျပတဲ့ေနရာၾကည့္လိုက္ေတာ့ လူဆိုးေကာင္။
ေဘးမွာလည္း ကေလးတစ္ေယာက္နဲ႕။
ခနၾကာစိုက္ၾကည့္ၿပီး အေျခအေနကိုသေဘာေပါက္သြား
သည္။

ထိုပုံရိပ္ကိုၾကည့္ရင္းႏွင့္ပင္ သူပါအလိုလိုၾကည္ႏူးစိတ္
ေတြဝင္လာကာ ၿပဳံးမိသည္။

“ဒီလိုက် လူဆိုးေကာင္ကစိတ္ေကာင္းရွိသားပဲ”

……………………………..

ၿပိဳင္ပြဲဝင္ေနသလားထင္ရေလာက္ေအာင္
ဆိုင္ကယ္ကိုအျမန္ေမာင္းေနသျဖင့္
လူဆိုးေကာင္ခါးကို သူတင္းတင္းၾကပ္ၾကပ္ဖက္ထားလိုက္ရသည္။

ညေနက ေစရာဖုန္းဆက္လာသည္။
သူျပန္ေရာက္ၿပီျဖစ္ေၾကာင္းႏွင့္ေနမေကာင္းျဖစ္ေနေၾကာင္း။
ေစရာက သူ႕ကိုမလာဖို႔တားေသာ္လည္း
တစ္ေယာက္တည္းရွိတဲ့သူငယ္ခ်င္းကေနမေကာင္းေတာ့
သူမေနနိုင္ေပ။ဒါေၾကာင့္
ဆိုင္ကိုေစာေစာပိတ္ကာ taxiငွားၿပီးသြားမလို႔ပင္။

ဒါကို လူဆိုးေကာင္က သူပါလိုက္မည္ဆိုလာသည္။
Taxiခမကုန္တာေကာင္းသားလို႔ေတြးၿပီး
ေၾကာင္ေလးေတြကိုအိမ္မွာထားခဲ့ကာ
ေစရာတိုက္ခန္းကို ထြက္လာခဲ့တယ္။

ဓာတ္ေလွကားႏွင့္သုံးထပ္ေျမာက္ကိုတက္ခဲ့ကာ
ေစရာအခန္းေရွ႕ေရာက္ေတာ့ ဘဲလ္တီးလိုက္သည္။
Passwordသိေပမယ့္လည္း လက္လြတ္စပယ္
မဝင္ခ်င္ေပ။အတူလိုက္လာတဲ့လူဆိုးေကာင္ကေတာ့
စကားတစ္ခြန္းမွမေျပာဘဲ ခပ္တည္တည္သာပင္။

မိနစ္ဝက္ေလာက္ၾကာေတာ့မွ ေရွ႕ကတံခါးကပြင့္လာသည္။
ႏြေရတုကိုျမင္ေတာ့ ေစရာ့မ်က္လုံးေတြက
အတန္ငယ္ျပဴးက်ယ္သြားကာ

“မလာပါနဲ႕ဆိုတာကိုကြာ”

ပါးစပ္ကသာအျငင္းစကားဆိုေနေပမယ့္
မ်က္လုံးေတြကေတာ့ ႏြေရတုကိုျမင္လိုက္ရလို႔
ေပ်ာ္ေနသည္မွာအထင္းသားပင္။

ေစရာကအႏြေးထည္ဝတ္ထားကာ
မ်က္ႏွာကလည္းနည္းနည္းေဖ်ာ့ေနသည္။
အဖ်ားစမ္းရန္ ေစရာ့နဖူးေပၚလက္တင္မလို႔
လက္ျမႇောက္လိုက္စဥ္မွာပဲ သူ႕လက္ကိုဖမ္းဆြဲလာတဲ့
လက္တစ္ဖက္….

“အဲဲဒါဘာလုပ္မလို႔လဲ”

ရတုကိုပဲေငးေနမိသျဖင့္ တစ္ျခားတစ္ေယာက္အေဖာ္
ပါလာတာကိုပင္ သတိမထားမိေပ။
အသံလာရာၾကည့္လိုက္ေတာ့
သူ႕ကိုေပေစာင္းေစာင္းၾကည့္ေနတဲ့
သူ႕ရဲ႕ေသြးသားမေတာ္စပ္တဲ့ညီ ေတာ္ဝင္ေယာက္်ား။

“အဖ်ားစမ္းမလို႔ေလ”

အလွေလးစကားေၾကာင့္ ဆုပ္ကိုင္ထားတဲ့
လက္ေကာက္ဝတ္ေသးေသးေလးကို တင္းၾကပ္လိုက္မိသည္အထိ…..။
အခု ဘယ္သူ႕ေရွ႕မွာတစ္ျခားလူရဲ႕အသားအေရကို
ထိေတြ႕ခ်င္ေနရတာပါလိမ့္????

“က်စ္”

Royalက က်စ္တစ္ခ်က္သပ္ကာ
မေျပာမဆိုျဖင့္ ေစရာမ်ိဳးျမင့္ရဲ႕နဖူးေပၚ
လက္တင္လိုက္သည္။

“မေသနိုင္ေသးဘူး”

လူဆိုးေကာင္ကေတာ့ ထိုစကားသာေျပာၿပီး
သူ႕လက္ကိုဆြဲကာ အိမ္ရွင္လိုလို
အခန္းထဲဝင္ကာ ဆက္တီခုံေပၚမွာ
ေျခတစ္ဖက္ခ်ိတ္ကာျဖင့္ထိုင္ေနေလသည္။
ေသခ်ာေပါက္ ႏြေရတုလက္ကိုဆုပ္ကိုင္ထားဖို႔ရာလည္း
မေမ့ေပ။

အိပ္ယာေပၚမွာ လွဲေလ်ာင္းမေနဘဲ
ပုံမွန္အခ်ိန္ေလာက္ မတက္ႂကြေသာ္ျငား
သြားသြားလာလာလုပ္နိုင္တဲ့ ေစရာမ်ိဳးျမင့္ကို
Royalအျမင္မၾကည္ေပ။

ဘယ္ေလာက္ပဲ အလွေလးနဲ႕ေစရာမ်ိဳးျမင့္က
အခ်စ္ဆုံးသူငယ္ခ်င္းေတြဆိုေပမယ့္
ေစရာမ်ိဳးျမင့္က အလွေလးအေပၚရိုးသားသူမွမဟုတ္တာ။
ဒါေၾကာင့္ သူ႕ကြယ္ရာမွာႏွစ္ေယာက္သားေတြ႕ဆုံမွာကို
သူလုံးဝသေဘာမေတြ႕ေပ။

အရင္ကဘယ္လိုပဲဆိုဆို ခုေတာ့သူရွိေနၿပီမလား။
အလွေလးကတစ္ခ်ိန္မွာသူ႕ရဲ႕သက္ဆိုင္သူျဖစ္လာမွာမို႔
ေစရာမ်ိဳးျမင့္ကိုအျမင္မၾကည္တာ မထူးဆန္း။
အရင္က မိေထြးရဲ႕သားမို႔သေဘာမက်တာဆိုရင္
ခုကအလွေလးကိုသူ႕ဆီကလုယူခ်င္ေနသူမို႔….။

“နို႔ေသာက္မလား ရတု”

ေရွ႕ခုံမွာလာထိုင္ရင္းႏြေရတုကိုေမးလိုက္သည္။
ေပါင္းသင္းလာတာသက္တမ္းၾကာၿပီမို႔
ရတုရဲ႕အႀကိဳက္ေတြအကုန္ သူမသိတာလက္ခ်ိဳးေရလို႔
ရသည္အထိပင္။

“ေတာ္ပါၿပီ မင္းေနလို႔မေကာင္းဘူးမလား၊
ခုေရာဘယ္လိုလဲ သက္သာလား၊ေဆးေရာေသာက္ၿပီးၿပီလား”

“ဒီတိုင္း အပူလွ်ပ္သြားယုံေလာက္ပါပဲ”

ရတုကိုေျပာရင္းေတာ္ဝင္ေယာက္်ားကိုၾကည့္လိုက္ေတာ့
ရတုကိုသာၾကည့္ေနေလသည္။ေတာ္ဝင္ေယာက္်ားကို
သူအရင္က ဘယ္လိုမွမျမင္ေပမယ့္လည္း
ရတုအနားမွာကပ္တြယ္ေနတာျမင္ရေတာ့
သေဘာမက်ေပ။

“မေသေသးဘူးဆိုတာ အတည္ျပဳၿပီးၿပီပဲ၊
ျပန္ၾကရေအာင္”

“ေတာ္ဝင္ေယာက္်ား မင္းဘယ္လိုျဖစ္ေနတာလဲ”

အသံတိုးတိုးျဖင့္ မာန္မဲလိုက္ေပမယ့္
လူဆိုးေကာင္ကမ်က္ခုံးတစ္ဖက္ပင့္ျပလာေသာေၾကာင့္
ေလေတြမႈတ္ထုတ္ရသူဟာ ႏြေရတုပင္။

“သူက ဘယ္လိုျဖစ္ၿပီးပါလာတာလဲ ရတု”

“အာ..ခင္ဗ်ားမသိေသးဘူးလား၊
က်ဳပ္တို႔ကတစ္အိမ္ထဲမွာ တူတူေနတာေလ၊
မေန႕ညကဆို တစ္ကုတင္….အု”

ေစရာမ်ိဳးျမင့္ကိုအနိုင္ပိုင္းနဲ႕ေျပာေနေသာRoyalမွာ
ပါးစပ္ကိုလာပိတ္တဲ့လက္ေသးေသးေလးေၾကာင့္
စကားသံေတြထပ္ထြက္မလာ။

“ဟို..ဟိုေလ မင္းကိုေျပာဖို႔ေမ့ေနတာ၊
ငါ့အိမ္ငွားအသစ္က ေတာ္ဝင္ေယာက္်ား”

“ဘာ”

ေစရာ့မွာ ဘာ တစ္လုံးသာေျပာနိုင္ေတာ့သည္။
ရတုေဘးက ေတာ္ဝင္ေယာက္်ားကေတာ့
ေအာင္နိုင္သူအၿပဳံးနဲ႕သာ ႏႈတ္ခမ္းတစ္ဖက္တြန့္ေကြးရင္း
ၾကည့္ေနေတာ့ မဆီမဆိုင္သူ႕ကိုယ္သူ
အရႈံးသမားတစ္ေယာက္လိုပင္ခံစားလိုက္ရသည္။

မဟုတ္မွလြဲေရာ ေတာ္ဝင္ေယာက္်ားက
ရတုကိုႀကိဳက္ေနတာလား?????

………………………………….

(commentsေလးေတြလိုခ်င္မိ)

Tags: read novel Royal Husband ’14’, novel Royal Husband ’14’, read Royal Husband ’14’ online, Royal Husband ’14’ chapter, Royal Husband ’14’ high quality, Royal Husband ’14’ light novel, ,

Comment

Leave a Reply

Chapter 15