Royal Husband 19

All chapters are in Royal Husband
A+ A-

“ငါ့မှာချစ်သူရှိနေပြီ”

“အထူးအဆန်းကျလို့”

ဘားမှာအတူထိုင်ရင်း နေရောင်ခြည်ရဲ့ဝမ်းသာ
အားရစကားသံကို သူရထက်နိုင်ကတစ်ငုံမော့သောက်ရင်း
အေးဆေးစွာပင်တုံ့ပြန်သည်။
Royalနဲ့ထိုက်ကတော့ တစ်ခွန်းမှဝင်မပြော။
နေရောင်ခြည်ချစ်သူရှိတာ သူတို့အတွက်တော့
သာမန်ထက်မပိုချေ။

“အရင်ဟာတွေလိုမျိုးမဟုတ်ဘူး၊
ခုက ငါ့နှလုံးသားတစ်ခုလုံးကိုအပိုင်ယူသွားတဲ့
ငါ့ချစ်သူ”

“ဟက်”

ရောင်ခြည်စကားသံအဆုံး Royalက
ဟက်ခနဲရယ်လိုက်သည်။သူတို့လေးယောက်မှာ
နေရောင်ခြည်က ပွေရှုပ်လွန်းသူဖြစ်၍
ချစ်သူရှိတယ်စကားအကြား မအံ့သြကြသည်မှာ
မဆန်းပေ။

“မယုံကြဘူးပဲ၊ငါတကယ်ပြောနေတာ ဟေ့ကောင်တွေ၊
မင်းအလှလေးဆိုင်က waiterလေးလေ၊
ငါသူ့ကိုလိုက်နေတာကြာရောပေါ့၊ခုတော့
ငါ့အချစ်တွေကို တုံ့ပြန်လိုက်ပြီလေ”

နေရောင်ခြည်က အူမြှူးစွာပင်ရယ်ပြုံးရင်း
ပြောလာသည်။ခြေငြိမ်လိုက်ကာ ကောင်လေးကို
နေနေ့ညညပိုးပန်းတဲ့ရလဒ်အတွက်
ခုဆို ကောင်လေးကသူ့ချစ်သူဖြစ်လာလေပြီ။
အင်း…သူတဇွတ်ထိုးလုပ်ခဲ့တာတွေကိုတော့
စာရင်းထဲထည့်မတွက်တော့ပါဘူးလေ…..

“အလှလေးဆိုင်က…..”

“ငါသိပြီ…
ကောင်းထက်ဆိုတဲ့တစ်ယောက်ကိုပြောတာမလား”

“အင်း”

အချစ်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ ဘယ်သူက
ဘယ်သူ့ကိုစိတ်ဝင်စားနေတာလဲဆိုတာ
မသိသူမရှိ။ကောင်းထက်ဆိုတဲ့ကောင်လေးကို
နေရောင်လိုက်ပိုးနေတာသူတို့သိပေမယ့် တစ်ဖက်က
အချိန်ဆွဲထားသဖြင့် နေရောင်ကလက်လျော့လိုက်ပြီ
ဟုသာထင်ခဲ့ကြသည်။

နေရောင်ခြည်တောင် အချစ်နဲ့ထိတွေ့မိသွားပြီပဲ~~

“Wow! Congratulations ငါ့ကောင်ကြီး”

သူရက ချီးယားလုပ်ရန်အရက်ခွက်ရှေ့တိုးပြီး
ပြောလာတော့ ကျန်တဲ့သုံးယောက်လည်း
ရှေ့တိုးကာ

“Cheer!”

“အာဒါနဲ့ ငါပြောဖို့မေ့နေတာ၊
သူယောင်မယ် ငါ့Companyမှာအလုပ်လာလျှောက်တယ်”

“Royalကိုကြိုက်နေတဲ့သူမလား”

“အေး၊အရည်အချင်းကလည်းမဆိုးဘူး၊ရုပ်ကလေးကလည်း
ချောချောလေးဆိုတော့…”

“တဏှာရူးကောင်”

Royalကတော့ ရယ်ပြုံးနေတဲ့
သူရကိုကြည့်ကာ နှုတ်ခမ်းတွန့်ယုံပြုံးလိုက်သည်။
သူသိတာပေါ့..သူရက သူယောင်မယ်ကိုကြိုက်နေတယ်ဆိုတာ

ဂုဏ်ပြုလိုက်၊သောက်လိုက်နဲ့
Royalတော်တော်လေးမူးနေပြီပင်။
သုံးခွက်လောက်ဆို ရီဝေဝေဖြစ်နေပေမယ့်
လေးငါးခွက်ကျော်သွားရင် သူသောက်နိုင်တာထက်
limitကျော်သွားပြီပင်။ဝန်မခံချင်ပေမယ့်
Royalက အရက်သိပ်မသောက်နိုင်တဲ့လူထဲ
စာရင်းဝင်သည်။

“Royalမူးနေပြီ၊ဒီမှာပဲ အိပ်သွားတော့လေ”

“မ ရ ဘူး၊ငါ ပြန် မှာ”

ခေါင်းစိုက်ကျနေရင်းပင် အိမ်ပြန်မည့်အကြောင်း
တစ်လုံးစီပြောလာသည်။

“အိမ်မှာကျန်နေခဲ့တဲ့ သူ့လူကို စိတ်မချဘူးထင်တယ်”

ထိုက်က တွေးဆဆပြောလာသည်။
လေးငါးခွက်သောက်ထားသော်ငြား
သူမ အနေနဲ့ရိပ်ကနဲမူးသွားတာပင်မရှိပေ။
သူတို့အဖွဲ့ထဲမှာ Royalကမသောက်နိုင်ဆုံးဆိုရင်
နန်းထိုက်တော်ဝင်က အသောက်နိုင်ဆုံးလူပင်။

“ငါကားနဲ့လိုက်ပို့လိုက်မယ်”

သူရက ခုံကထကာစားပွဲပေါ်တင်ထားတဲ့
ကားသော့ယူလိုက်ပြီး Royalကို
လက်ကဆွဲလေသည်။

“ဆိုင်ကယ် နဲ့ ပဲလိုက်ပို့၊
ငါ ကားနဲ့မပြန် ဘူး”

“မူးနေတာတောင် ကားစီးရမှာကြောက်နေတုန်းပဲ”

ထိုက်က Royalကိုဂရုဏာမျက်လုံးဖြင့်ကြည့်ရင်း
ပြောသည်။ပုံမှန်အချိန်ဆို Royalကရန်ရှာနိုင်ပေမယ့်
မူးနေတဲ့အချိန်ဆိုတော့…….

ကားစီးရမှာကြောက်တာ Royalရဲ့အားနည်းချက်ပင်။
ထိုအားနည်းချက်ကို သူတို့လေးယောက်နှင့်
Royalမိသားစုတွေသာ သိသည်။

မြို့တွင်းဆိုရင် ဆိုင်ကယ်နဲ့ပဲသွားလာတတ်ပြီး
အကယ်၍မသွားမဖြစ်ခရီးဝေးသွားရမယ်ဆိုရင်တောင်
ကားဘယ်သောအခါမှမစီးပေ။

သရဲမကြောက်၊လူမကြောက်တဲ့Royalက
ကားစီးရမှာကိုတော့ သေမတတ်ကြောက်ပါသတဲ့~~

“ဆိုင်ကယ်သေချာလည်းမောင်းဦး၊
အနောက်ကလူလည်း ပြုတ်ကျနေဦးမယ်”

“အေးပါ..ဒါဆိုငါလိုက်ပို့လိုက်ဦးမယ်”

“ဂရုစိုက်မောင်း”

သူရက မူးရူးနေသောRoyalကို
ထိန်းကာဖြင့်ခေါ်သွားလေသည်။
ကျန်နေခဲ့တဲ့ နေရောင်နဲ့ထိုက်နဲ့ကတော့
ဆက်သောက်နေတုန်းပင်….

……………………………

“Royal ဟေ့ကောင် သော့ဘယ်မှာလဲ”

လူကိုတစ်ဖက်ကထိန်းရင်း တစ်ဖက်ကလည်း
သော့နှိုက်ရှာရသည်။ညကြီးမိုးချုပ်
သူများအိမ်ဘဲလ်တီးလို့ကလည်း မကောင်းပေ။

“Royal သော့..အိမ်သော့ဘယ်မှာလဲ”

“ဟမ်…အလှလေးလား”

“အလှလေးမဟုတ်ဘူး..ငါ..ငါ..
သူရထက်နိုင်၊အိမ်သော့ဘယ်မှာလဲ”

Royal ခြံပြင်မှာထားတဲ့ပန်းအိုးကိုလက်ညိုးထိုးပြလာသည်။
မူးနေတဲ့ကောင်ကို ခြံနံရံမှီစေကာ
ပန်းအိုးထဲ ဖုန်းမီးထိူးကြည့်ပေမယ့်မတွေ့ပေ။
ပန်းအိုးဖင်မကြည့်လိုက်မှ သော့တံတွေ့လိုက်ရသည်။
ကြည့်ရတာ အပြင်ထွက်တိုင်း
ဒီအိုးအောက်ပဲ သော့ထိုးထိုးထားခဲ့တယ်ထင်တယ်။

သော့ဖွင့်ကာ ငမူးကောင်ကို အိမ်ထဲဆွဲခေါ်ရသည်။
ဒါကို ငမူးကသူ့မျက်နှာကိုကိုင်ပြီး အလှလေးလုပ်လုပ်နေလို့
ဆွဲခွာရသေး။အိမ်တံခါးကစေ့ယုံသာစေ့ထားသဖြင့်
လက်နဲ့အသာတွန်းလိုက်တော့ ပွင့်သွားသည်။

“ပြန်လာပြီလား”

“အာ..ကိုနွေရတု”

အခန်းတံခါးဖွင့်ကာမေးလာသော ကိုနွေရတုကိုမြင်ပြီး
သူရကြောင်သွားရသည်။ကိုနွေရတုက မအိပ်သေးဘူးလား။
ကိုနွေရတုကလည်း သူ့ကိုမြင်ပြီး
ကြောင်နေလေသည်။

နွေရတု အချိန်မတော်ပြန်လာသောတော်ဝင်ယောက်ျား
ကိုစိတ်ဆိုးပါသည်။ပြီးတော့ မူးရူးနေသေး။

“သူ့အခန်းက ဘယ်မှာလဲဗျ”

ရေချိုးခန်းဘေးကအခန်းကို လက်ညိုးထိုးပြလိုက်တော့
တော်ဝင်ယောက်ျားသူငယ်ချင်းက အခန်းထဲသို့တွဲသွား
လေသည်။သူလည်းပဲ အနောက်ကလိုက်သွားလိုက်သည်။

“အလှ လေး လား”

“ငါမဟုတ်ပါဘူးဆိုနေကွာ”

တော်ဝင်ယောက်ျားပါးစပ်ကထွက်လာသော
အလှလေးဆိုသောစကားကြောင့် နွေရတုတစ်မျိုးဖြစ်သွားသည်။
ဘယ်ကောင်မလေးကို စိတ်ထဲစွဲနေလို့မူးနေတဲ့အချိန်
ပါးစပ်ကဘာလို့ထွက်လာရတာလဲ….

ကုတင်ပေါ်Royalကိုပစ်ချကာ
ငမူးသမားကိုစောင်ဆွဲခြုံပေးလိုက်သည်။
ဒါတောင် Royalကသူရလက်ကိုလှမ်းလှမ်းဆွဲကာ
အလှလေးဟုလည်း ပါးစပ်ကတတွတ်တွတ်ပင်။

“ကိုနွေရတု ကျွန်တော်ပြန်တော့မယ်”

“ဂရုစိုက်သွား”

သူရကအိမ်ပြင်ထွက်သွားကာ အိမ်တံခါးစေ့ပေးထားခဲ့လိုက်ပြီး
ခြံတံခါးကိုလည်း သော့ခတ်ကာ
ပန်းအိုးအောက်ထဲ သော့ပြန်ထိုးထားခဲ့လိုက်သည်။

သူရထွက်သွားတာနဲ့ နွေရတု
ငမူးနားသွားနပ်လိုက်တယ်။
ငမူးက မျက်လုံးမှေးတေးတေးဖွင့်လာကာ
သူ့ကိုကြည့်လာသည်။

“အလှလေး”

“ငါ မင်းရဲ့အလှလေးမဟုတ်ဘူး၊နွေရတု”

“အလှလေး”

“ဒီငမူးကတော့”

အနားက ထွက်သွားရန်ပြင်တော့ငမူးကောင်က
သူ့လက်ကိုလှမ်းဆွဲလာသည်မို့ သူထိတ်လန့်သွားသည်။

“ဘာလုပ်တာလဲ လွှတ်”

“ဟင့် အင်း၊လွှတ် ဝူး”

စကားတွေတောင်မပီဘဲ နှုတ်ခမ်းတထော်ထော်နှင့်ပင်။
ဘယ်အမူးသမားက ဒီလောက်ချစ်ဖို့ကောင်းလို့လဲ??

“ချစ် တယ်”

“ဟမ်”

“အလှလေးကို ချစ် တယ်”

သူ့လက်ကိုဆွဲထားတဲ့တော်ဝင်ယောက်ျားလက်ကို
ရိုက်ချလိုက်သည်။သူ့အလှလေးကိုချစ်တာ
သူ့အလှလေးကို သွားပြောပါလား၊
ဘာလို့ငါ့လာပြောတာတုန်း အရူးကောင်ရဲ့….

“ဒီငမူးကောင်ကတော့ ငါလုပ်လိုက်ရ”

စိတ်ဆိုးပါသည်။
ဘာကြောင့်လဲမသိပေမယ့်
နွေရတုက တော်ဝင်ယောက်ျားကိုစိတ်ဆိုးပါသည်။

……….. …………………..

(ဘဲမရှိဘူးလို့အော်နေတာကို အမျိုးသားရှောင်းက
ဒါဆိုကိုယ်ကမင်းအတွက်ဘာလဲတဲ့😁)

Zawgyi

“ငါ့မွာခ်စ္သူရွိေနၿပီ”

“အထူးအဆန္းက်လိဳ႕”

ဘားမွာအတူထိုင္ရင္း ေနေရာင္ျခည္ရဲ႕ဝမ္းသာ
အားရစကားသံကို သူရထက္နိုင္ကတစ္ငုံေမာ့ေသာက္ရင္း
ေအးေဆးစြာပင္တုံ႕ျပန္သည္။
Royalနဲ႕ထိုက္ကေတာ့ တစ္ခြန္းမွဝင္မေျပာ။
ေနေရာင္ျခည္ခ်စ္သူရွိတာ သူတို႔အတြက္ေတာ့
သာမန္ထက္မပိုေခ်။

“အရင္ဟာေတြလိုမ်ိဳးမဟုတ္ဘူး၊
ခုက ငါ့ႏွလုံးသားတစ္ခုလုံးကိုအပိုင္ယူသြားတဲ့
ငါ့ခ်စ္သူ”

“ဟက္”

ေရာင္ျခည္စကားသံအဆုံး Royalက
ဟက္ခနဲရယ္လိုက္သည္။သူတို႔ေလးေယာက္မွာ
ေနေရာင္ျခည္က ေပြရႈပ္လြန္းသူျဖစ္၍
ခ်စ္သူရွိတယ္စကားအၾကား မအံ့ၾသၾကသည္မွာ
မဆန္းေပ။

“မယုံၾကဘူးပဲ၊ငါတကယ္ေျပာေနတာ ေဟ့ေကာင္ေတြ၊
မင္းအလွေလးဆိုင္က waiterေလးေလ၊
ငါသူ႕ကိုလိုက္ေနတာၾကာေရာေပါ့၊ခုေတာ့
ငါ့အခ်စ္ေတြကို တုံ႕ျပန္လိုက္ၿပီေလ”

ေနေရာင္ျခည္က အူျမႇူးစြာပင္ရယ္ၿပဳံးရင္း
ေျပာလာသည္။ေျခၿငိမ္လိုက္ကာ ေကာင္ေလးကို
ေနေန႕ညညပိုးပန္းတဲ့ရလဒ္အတြက္
ခုဆို ေကာင္ေလးကသူ႕ခ်စ္သူျဖစ္လာေလၿပီ။
အင္း…သူတဇြတ္ထိုးလုပ္ခဲ့တာေတြကိုေတာ့
စာရင္းထဲထည့္မတြက္ေတာ့ပါဘူးေလ…..

“အလွေလးဆိုင္က…..”

“ငါသိၿပီ…
ေကာင္းထက္ဆိုတဲ့တစ္ေယာက္ကိုေျပာတာမလား”

“အင္း”

အခ်စ္ဆုံးသူငယ္ခ်င္းေတြျဖစ္တဲ့ ဘယ္သူက
ဘယ္သူ႕ကိုစိတ္ဝင္စားေနတာလဲဆိုတာ
မသိသူမရွိ။ေကာင္းထက္ဆိုတဲ့ေကာင္ေလးကို
ေနေရာင္လိုက္ပိုးေနတာသူတို႔သိေပမယ့္ တစ္ဖက္က
အခ်ိန္ဆြဲထားသျဖင့္ ေနေရာင္ကလက္ေလ်ာ့လိုက္ၿပီ
ဟုသာထင္ခဲ့ၾကသည္။

ေနေရာင္ျခည္ေတာင္ အခ်စ္နဲ႕ထိေတြ႕မိသြားၿပီပဲ~~

“Wow! Congratulations ငါ့ေကာင္ႀကီး”

သူရက ခ်ီးယားလုပ္ရန္အရက္ခြက္ေရွ႕တိုးၿပီး
ေျပာလာေတာ့ က်န္တဲ့သုံးေယာက္လည္း
ေရွ႕တိုးကာ

“Cheer!”

“အာဒါနဲ႕ ငါေျပာဖို႔ေမ့ေနတာ၊
သူေယာင္မယ္ ငါ့Companyမွာအလုပ္လာေလွ်ာက္တယ္”

“Royalကိုႀကိဳက္ေနတဲ့သူမလား”

“ေအး၊အရည္အခ်င္းကလည္းမဆိုးဘူး၊႐ုပ္ကေလးကလည္း
ေခ်ာေခ်ာေလးဆိုေတာ့…”

“တဏွာ႐ူးေကာင္”

Royalကေတာ့ ရယ္ၿပဳံးေနတဲ့
သူရကိုၾကည့္ကာ ႏႈတ္ခမ္းတြန့္ယုံၿပဳံးလိုက္သည္။
သူသိတာေပါ့..သူရက သူေယာင္မယ္ကိုႀကိဳက္ေနတယ္ဆိုတာ

ဂုဏ္ျပဳလိုက္၊ေသာက္လိုက္နဲ႕
Royalေတာ္ေတာ္ေလးမူးေနၿပီပင္။
သုံးခြက္ေလာက္ဆို ရီေဝေဝျဖစ္ေနေပမယ့္
ေလးငါးခြက္ေက်ာ္သြားရင္ သူေသာက္နိုင္တာထက္
limitေက်ာ္သြားၿပီပင္။ဝန္မခံခ်င္ေပမယ့္
Royalက အရက္သိပ္မေသာက္နိုင္တဲ့လူထဲ
စာရင္းဝင္သည္။

“Royalမူးေနၿပီ၊ဒီမွာပဲ အိပ္သြားေတာ့ေလ”

“မ ရ ဘူး၊ငါ ျပန္ မွာ”

ေခါင္းစိုက္က်ေနရင္းပင္ အိမ္ျပန္မည့္အေၾကာင္း
တစ္လုံးစီေျပာလာသည္။

“အိမ္မွာက်န္ေနခဲ့တဲ့ သူ႕လူကို စိတ္မခ်ဘဴးထင္တယ္”

ထိုက္က ေတြးဆဆေျပာလာသည္။
ေလးငါးခြက္ေသာက္ထားေသာ္ျငား
သူမ အေနနဲ႕ရိပ္ကနဲမူးသြားတာပင္မရွိေပ။
သူတို႔အဖြဲ႕ထဲမွာ Royalကမေသာက္နိုင္ဆုံးဆိုရင္
နန္းထိုက္ေတာ္ဝင္က အေသာက္နိုင္ဆုံးလူပင္။

“ငါကားနဲ႕လိုက္ပို႔လိုက္မယ္”

သူရက ခုံကထကာစားပြဲေပၚတင္ထားတဲ့
ကားေသာ့ယူလိုက္ၿပီး Royalကို
လက္ကဆြဲေလသည္။

“ဆိုင္ကယ္ နဲ႕ ပဲလိုက္ပို႔၊
ငါ ကားနဲ႕မျပန္ ဘူး”

“မူးေနတာေတာင္ ကားစီးရမွာေၾကာက္ေနတုန္းပဲ”

ထိုက္က Royalကိုဂ႐ုဏာမ်က္လုံးျဖင့္ၾကည့္ရင္း
ေျပာသည္။ပုံမွန္အခ်ိန္ဆို Royalကရန္ရွာနိုင္ေပမယ့္
မူးေနတဲ့အခ်ိန္ဆိုေတာ့…….

ကားစီးရမွာေၾကာက္တာ Royalရဲ႕အားနည္းခ်က္ပင္။
ထိုအားနည္းခ်က္ကို သူတို႔ေလးေယာက္ႏွင့္
Royalမိသားစုေတြသာ သိသည္။

ၿမိဳ႕တြင္းဆိုရင္ ဆိုင္ကယ္နဲ႕ပဲသြားလာတတ္ၿပီး
အကယ္၍မသြားမျဖစ္ခရီးေဝးသြားရမယ္ဆိုရင္ေတာင္
ကားဘယ္ေသာအခါမွမစီးေပ။

သရဲမေၾကာက္၊လူမေၾကာက္တဲ့Royalက
ကားစီးရမွာကိုေတာ့ ေသမတတ္ေၾကာက္ပါသတဲ့~~

“ဆိုင္ကယ္ေသခ်ာလည္းေမာင္းဦး၊
အေနာက္ကလူလည္း ျပဳတ္က်ေနဦးမယ္”

“ေအးပါ..ဒါဆိုငါလိုက္ပို႔လိုက္ဦးမယ္”

“ဂ႐ုစိုက္ေမာင္း”

သူရက မူး႐ူးေနေသာRoyalကို
ထိန္းကာျဖင့္ေခၚသြားေလသည္။
က်န္ေနခဲ့တဲ့ ေနေရာင္နဲ႕ထိုက္နဲ႕ကေတာ့
ဆက္ေသာက္ေနတုန္းပင္….

……………………………

“Royal ေဟ့ေကာင္ ေသာ့ဘယ္မွာလဲ”

လူကိုတစ္ဖက္ကထိန္းရင္း တစ္ဖက္ကလည္း
ေသာ့ႏွိုက္ရွာရသည္။ညႀကီးမိုးခ်ဳပ္
သူမ်ားအိမ္ဘဲလ္တီးလို႔ကလည္း မေကာင္းေပ။

“Royal ေသာ့..အိမ္ေသာ့ဘယ္မွာလဲ”

“ဟမ္…အလွေလးလား”

“အလွေလးမဟုတ္ဘူး..ငါ..ငါ..
သူရထက္နိုင္၊အိမ္ေသာ့ဘယ္မွာလဲ”

Royal ၿခံျပင္မွာထားတဲ့ပန္းအိုးကိုလက္ညိုးထိုးျပလာသည္။
မူးေနတဲ့ေကာင္က ၿခံနံရံမွီေစကာ
ပန္းအိုးထဲ ဖုန္းမီးထိူးၾကည့္ေပမယ့္မေတြ႕ေပ။
ပန္းအိုးဖင္မၾကည့္လိုက္မွ ေသာ့တံေတြ႕လိုက္ရသည္။
ၾကည့္ရတာ အျပင္ထြက္တိုင္း
ဒီအိုးေအာက္ပဲ ေသာ့ထိုးထိုးထားခဲ့တယ္ထင္တယ္။

ေသာ့ဖြင့္ကာ ငမူးေကာင္ကို အိမ္ထဲဆြဲေခၚရသည္။
ဒါကို ငမူးကသူ႕မ်က္ႏွာကိုကိုင္ၿပီး အလွေလးလုပ္လုပ္ေနလို႔
ဆြဲခြာရေသး။အိမ္တံခါးကေစ့ယုံသာေစ့ထားသျဖင့္
လက္နဲ႕အသာတြန္းလိုက္ေတာ့ ပြင့္သြားသည္။

“ျပန္လာၿပီလား”

“အာ..ကိုႏြေရတု”

အခန္းတံခါးဖြင့္ကာေမးလာေသာ ကိုႏြေရတုကိုျမင္ၿပီး
သူရေၾကာင္သြားရသည္။ကိုႏြေရတုက မအိပ္ေသးဘူးလား။
ကိုႏြေရတုကလည္း သူ႕ကိုျမင္ၿပီး
ေၾကာင္ေနေလသည္။

ႏြေရတု အခ်ိန္မေတာ္ျပန္လာေသာေတာ္ဝင္ေယာက္်ား
ကိုစိတ္ဆိုးပါသည္။ၿပီးေတာ့ မူး႐ူးေနေသး။

“သူ႕အခန္းက ဘယ္မွာလဲဗ်”

ေရခ်ိဳးခန္းေဘးကအခန္းကို လက္ညိုးထိုးျပလိုက္ေတာ့
ေတာ္ဝင္ေယာက္်ားသူငယ္ခ်င္းက အခန္းထဲသို႔တြဲသြား
ေလသည္။သူလည္းပဲ အေနာက္ကလိုက္သြားလိုက္သည္။

“အလွ ေလး လား”

“ငါမဟုတ္ပါဘူးဆိုေနကြာ”

ေတာ္ဝင္ေယာက္်ားပါးစပ္ကထြက္လာေသာ
အလွေလးဆိုေသာစကားေၾကာင့္ ႏြေရတုတစ္မ်ိဳးျဖစ္သြားသည္။
ဘယ္ေကာင္မေလးကို စိတ္ထဲစြဲေနလို႔မူးေနတဲ့အခ်ိန္
ပါးစပ္ကဘာလို႔ထြက္လာရတာလဲ….

ကုတင္ေပၚRoyalကိုပစ္ခ်ကာ
ငမူးသမားကိုေစာင္ဆြဲၿခဳံေပးလိုက္သည္။
ဒါေတာင္ Royalကသူရလက္ကိုလွမ္းလွမ္းဆြဲကာ
အလွေလးဟုလည္း ပါးစပ္ကတတြတ္တြတ္ပင္။

“ကိုႏြေရတု ကြၽန္ေတာ္ျပန္ေတာ့မယ္”

“ဂ႐ုစိုက္သြား”

သူရကအိမ္ျပင္ထြက္သြားကာ အိမ္တံခါးေစ့ေပးထားခဲ့လိုက္ၿပီး
ၿခံတံခါးကိုလည္း ေသာ့ခတ္ကာ
ပန္းအိုးေအာက္ထဲ ေသာ့ျပန္ထိုးထားခဲ့လိုက္သည္။

သူရထြက္သြားတာနဲ႕ ႏြေရတု
ငမူးနားသြားနပ္လိုက္တယ္။
ငမူးက မ်က္လုံးေမွးေတးေတးဖြင့္လာကာ
သူ႕ကိုၾကည့္လာသည္။

“အလွေလး”

“ငါ မင္းရဲ႕အလွေလးမဟုတ္ဘူး၊ႏြေရတု”

“အလွေလး”

“ဒီငမူးကေတာ့”

အနားက ထြက္သြားရန္ျပင္ေတာ့ငမူးေကာင္က
သူ႕လက္ကိုလွမ္းဆြဲလာသည္မို႔ သူထိတ္လန့္သြားသည္။

“ဘာလုပ္တာလဲ လႊတ္”

“ဟင့္ အင္း၊လႊတ္ ဝူး”

စကားေတြေတာင္မပီဘဲ ႏႈတ္ခမ္းတေထာ္ေထာ္ႏွင့္ပင္။
ဘယ္အမူးသမားက ဒီေလာက္ခ်စ္ဖို႔ေကာင္းလို႔လဲ??

“ခ်စ္ တယ္”

“ဟမ္”

“အလွေလးကို ခ်စ္ တယ္”

သူ႕လက္ကိုဆြဲထားတဲ့ေတာ္ဝင္ေယာက္်ားလက္ကို
ရိုက္ခ်လိဳက္သည္။သူ႕အလွေလးကိုခ်စ္တာ
သူ႕အလွေလးကို သြားေျပာပါလား၊
ဘာလို႔ငါ့လာေျပာတာတုန္း အ႐ူးေကာင္ရဲ႕….

“ဒီငမူးေကာင္ကေတာ့ ငါလုပ္လိုက္ရ”

စိတ္ဆိုးပါသည္။
ဘာေၾကာင့္လဲမသိေပမယ့္
ႏြေရတုက ေတာ္ဝင္ေယာက္်ားကိုစိတ္ဆိုးပါသည္။

……….. …………………..

(ဘဲမရွိဘူးလို႔ေအာ္ေနတာကို အမ်ိဳးသားေရွာင္းက
ဒါဆိုကိုယ္ကမင္းအတြက္ဘာလဲတဲ့😁)

Tags: read novel Royal Husband 19, novel Royal Husband 19, read Royal Husband 19 online, Royal Husband 19 chapter, Royal Husband 19 high quality, Royal Husband 19 light novel, ,

Comment

Leave a Reply

Chapter 20