Royal Husband 23

All chapters are in Royal Husband
A+ A-

Recommend song::ဆု

…………………………….

“နွေရတု ဘယ်မှာလဲ”

သူ့အိမ်သူ့ယာလိုပင် ဆိုင်ခန်းထဲကကိုနွေ့သီးသန့်အခန်းသွားကာလူမရှိမှ
အပြင်ပြန်ထွက်လာပြီး သူ့ကိုမေးလာသည်။
ကိုယ့်ချစ်သူက ဘယ်လိုပဲRoyalနဲ့ငယ်ပေါင်းသူငယ်ချင်း
ဆိုဆို ပိုင်စိုးပိုင်နင်းအပြုအမူတွေကို မကြိုက်ပါဘူး။

ရှေ့မှလူကိုကြည့်လိုက်တော့လည်း အတန်ငယ်ကြာသည့်
အချိန်ထိပြန်ဖြေသံမကြားရသဖြင့် မျက်မှောင်ကြုတ်နေလေပြီ။

“ကိုစေရာ ခေါ်သွားတယ်”

“ကြာပြီလား”

“သိပ်မကြာသေးဘူး၊ဘာလုပ်မလို့လဲ”

“သိစရာမလိုဘူး”

စူးစမ်းနေတဲ့ကောင်းထက်ကိုလျစ်လျူရှုကာ
ဆိုင်ပြင်ထွက်လာပြီး ရပ်ထားတဲ့ဆိုင်ကယ်ပေါ်ခွတက်လိုက်သည်။
စေရာမျိုးမြင့်က နွေရတုကိုဘယ်ခေါ်သွားတာလဲ။

~Ring!!~~

ဖုန်းသံမြည်လာသဖြင့် ဂျာကင်ထဲကဖုန်းထုတ်ကာ
ခေါ်ဆိုသူနာမည်ကိုကြည့်လိုက်တော့ ‘Nay Yaung’

“ပြော”

စိတ်မကြည်သောကြောင့် သူ့အသံကခပ်မာမာဖြစ်နေသည်။

“လေသံကလည်းမာလိုက်တာကွာ၊ငါက
ပြောစရာလေးရှိလို့ဆက်လိုက်တာကို”

နေရောင်ခြည်က ပြောင်စပ်စပ်ပြောနေပေမယ့်
စိတ်မရှည်သူ Royalကတော့ဖုန်းချပစ်ဖို့ စိတ်လောနေလေပြီ။

“အထွေအထူးကိစ္စမရှိရင် ဒါပဲ”

“ဟိုးးးဟိုး Royalကလည်းကွာ၊ငါဘာပြောမှာလဲဆိုတာ
အဆုံးထိနားထောင်ပါဦး”

နေရောင်ခြည်က အတည်ပေါက်ကြီးပြောလာသဖြင့်
စိတ်ကိုလျော့ချလိုက်သည်။အရေးမကြီးတဲ့မဟုတ်တရုတ်
စကားတွေပြောလာလို့ကတော့ ဆဲလွှတ်လိုက်မည်။

“ငါအခုဘာမြင်နေလဲဆိုတာသိရင် မင်းစိတ်ဝင်စားသွားလိမ့်မယ်”

“လိုရင်းပြော”

“မင်းရဲ့အစ်ကို စေရာမျိုးမြင့်နဲ့မင်းရဲ့အလှလေး ကိုနွေ….”

“သူတို့တွေဘယ်မှာလဲဆိုတာ ငါ့ကိုခုချက်ချင်းလိပ်စာပို့လိုက်”

စကားတောင် ဆုံးအောင်မပြောလိုက်ရပဲသူပြောချင်တာပြော
ပြီးဖုန်းချသွားတဲ့ Royalကြောင့် နေရောင်ခပ်တိုးတိုးကျိန်
ဆဲမိသည်။ကိုနွေရတုကိုသဘောကျနေတာသိပေမယ့်
ဒီလောက်ထိအဖြစ်သည်းနေမှန်းခုမှသိသည်။
ပြောဆိုရင်း babyကောင်းကိုတောင်သတိရသွားပြီ။

ဘာပဲဖြစ်ဖြစ် သူတို့လေးယောက်အဖွဲ့မှာသူပထမဆုံးချစ်သူ
ရသွားတာကို ဂုဏ်ဆာမိတာတော့အမှန်။

……………………..

“စေရာ ပြောစရာရှိတယ်ဆို”

ကြေညက်နေပြီဖြစ်သောပါးစပ်ထဲမှအစားအစာတွေကို
မျိုချလိုက်ပြီး မျက်နှာချင်းဆိုင်မှာထိုင်ကာစားသောက်
နေတဲ့စေရာကိုပြောလိုက်တော့ မော့ကြည့်လာကာ
ပြုံးပြလာသည်။

နေ့လည်စာအတူစားရအောင်ဆိုကာခေါ်လာပြီး
ပြီးရင်ပြောစရာရှိတယ်ဟုလည်းဆိုလာပြန်သည်။
ဘေးထိုင်ခုံမှာလည်း နှင်းဆီရဲရဲပန်းစည်းကို
ထောင်ထားသဖြင့် စေရာပြောလာမယ့်အကြောင်းကို
သူစိတ်ဝင်စားမိသည်။ကောင်မလေးတစ်ယောက်ကိုများ
ချစ်ခွင့်ပန်မလားမသိ…။

“တော်ပြီလား”

“ငါ ဗိုက်ဝပြီ”

“ရော့…သောက်လိုက်ဦး”

ရေဘူးထဲမှဖန်ခွက်ထဲသို့ငှဲ့ထည့်ကာ ကမ်းပေးလိုက်တော့
အသာယူကာမော့သောက်နေလေသည်။
အမြဲအတူထမင်းစားတိုင်း လုပ်ပေးနေကြအပြုအမူဖြစ်သဖြင့်နွေရတုအနေနဲ့
မစိမ်းသက်တော့ပေ။

“ပြောစရာရှိတယ်ဆို”

“ရတု”

“ဟင်”

“ငါ…ငါလေ…ငါ…မင်းကို”

စကားတစ်ခွန်းထွက်လာဖို့အရေး ထစ်အနေတဲ့သူ့ကိုယ်သူ
စိတ်မရှည်တော့။ရတုကိုကြည့်လိုက်တော့လည်း သူ့ဆီက
ထွက်လာမယ့်စကားကို စိတ်ဝင်တစားနားထောင်နေလေသည်။

“ငါမင်းကိုချစ်တယ် ရတု”

မျက်လုံးစုံမှိတ်ကာပြောလိုက်တော့မှ လျှောလျှောရှူရှူထွက်လာလေသည်။ရတုကတော့
အံ့သြဟန်မပြဘဲ သဘောတကျတခစ်ခစ်ရယ်မောလာကာ

“ငါလည်းမင်းကိုချစ်တယ်လေ”

“မဟုတ်ဘူး၊အဲ့လိုချစ်တာကိုပြောတာမဟုတ်ဘူး”

“ဒါဆိုဘယ်လိုချစ်တာကိုပြောတာလဲ”

နွေရတု တကယ်ကိုခေါင်းရှုပ်နေလေပြီ။

“ငါ..ငါမင်းကိုချစ်တယ်ဆိုတာက
ချစ်သူတစ်ယောက်လိုချစ်တာ”

“ငါလည်းမင်းကို သူငယ်ချင်းလို…..”

ပြောနေရင်းမှ စေရာဆိုလိုတဲ့သဘောကိုနားလည်သွားကာ
မျက်နှာတွေပင်ပူလာသလို။ဘယ်လိုလုပ်ပြီး စေရာက….။

ထိုင်ခုံမှထကာ ဘေးထောင်ထားတဲ့ပန်းစည်းကိုယူလိုက်ပြီး
ချစ်ရသူရှေ့ဒူးထောက်ထိုင်ချကာ မော်ကြည့်လိုက်သည်။
တစ်ခြားဝိုင်းတွေက သူ့အပြုအမူကိုထူးဆန်းသလိုကြည့်
နေကြပေမယ့် သူမရှက်နိုင်ပေ။

“ငါ့အချစ်ကိုလက်ခံပေးပါလား ရတု”

“ငါ…ငါ…ငါ”

“နွေရတု!!!!”

ဆိုင်အတွင်းဟိန်းထွက်လာသောအသံကြီးကြောင့်
အားလုံးကြောင်သွားရသလို ရတုကိုယ်ပင်တုန်တက်သွားရ
သည်။လူဆိုးကောင်က ဘယ်လိုလုပ်ပြီးရောက်လာရတာပါလိမ့်…

နေရောင်ခြည်ကတော့ မြန်မြန်ဆန်ဆန်ရောက်ချလာသော
သူငယ်ချင်းကိုကြည့်ကာမသိမသာ လက်ခုပ်တီးပေးမိသည်။
သူ့ဝိုင်းက ထောင့်စွန်းကျသဖြင့် ထိုသူတွေကတော့
သူ့ကိုသတိထားမိမည်မဟုတ်။

“လာခဲ့ ဒီကို”

ထိုင်နေတဲ့နွေရတုရဲ့လက်ကိုဆွဲယူလိုက်သည်။
စေရာမျိုးမြင့်ကတော့ ခုချိန်ထိကြောင်နေတုန်းပင်။

“ဘယ်သူ့အပိုင်ကို လုယူချင်နေရတာလဲ”

စေရာမျိုးမြင့်လက်ထဲကပန်းစည်းကိုမြင်တော့
ဒေါသပိုထွက်လာရသည်။ဆွဲယူကာ အောက်ပစ်ချလိုက်ပြီး
ဖိနပ်နဲ့နင်းခြေပစ်လိုက်သည်။အနီရောင်နှင်းဆီပွင့်ဖတ်တွေက
ဟိုလွင့်ဒီလွင့်ပင်။

“တော်ဝင်ယောက်ျား!!”

“လာ ခင်ဗျားလိုက်ခဲ့”

စေရာ့အော်သံကိုလျစ်လျူရှုကာ သူ့လက်ကို
အကြမ်းပတမ်းဆွဲခေါ်သွားသောလူဆိုးကောင်ကြောင့်
ကြောက်စိတ်တွေဝင်လာသည်။

ဆိုင်ပြင်ရပ်ထားတဲ့ဆိုင်ကယ်ရှေ့ရောက်တော့
သူ့ကိုဆိုင်ကယ်ဦးထုပ်ဆောင်းပေးလာကာ
ချိုင်းကနေမြှောက်ကာ ဆိုင်ကယ်ပေါ်တင်လိုက်သည်မှာ
စွေ့ကနဲပင်။လူဆိုးကောင် ဒေါသထွက်နေသဖြင့်
အသံတောင်မထွက်ရဲပေ။

ပြိုင်ပွဲဝင်နေသလားထင်ရလောက်အောင်
မြန်​မြန် မောင်းနေသူကြောင့် ခါးကိုကျစ်ကျစ်ဖက်ထားရသည်။
အိမ်ရှေ့ရောက်တော့လည်း ပန်းအိုးအောက်သော့စမ်းကာ
တံခါးမြန်မြန် ဖွင့်နေသူကြောင့် ကြက်သီးတွေပင်ထလာသည်။

ပြီးတော့သူ့လက်ကိုပြန်ဆွဲကာ တံခါးကိုခြေထောက်နဲ့ကန်ပိတ်လိုက်သောကြောင့် တုန်ခနဲပင်။

​ခြံတံခါးအတိုင်း အိမ်တံခါးကိုလည်းမြန်မြန်ဖွင့်ကာ
သူ့ကို အိမ်နံရံသို့ရုတ်တရက်ကပ်လိုက်သဖြင့်
ကျောအောင့်သွားသည်။လူဆိုးကောင်ကိုမော့ကြည့်
လိုက်တော့လည်း နဂိုစူးရဲတဲ့မျက်လုံးက
ယခုမီးလုံးကြီးအတိုင်းပင်။

“ဘယ်လိုဖြစ်လို့ အဲ့လောက်ကြမ်း….”

နေပါဦး…အခုလူဆိုးကောင်ကသူ့ကိုဘာလုပ်နေတာလဲ။
သူ့နှုတ်ခမ်းကိုအတင်းငုံကာ စုပ်ယူနေတဲ့အထိအတွေ့ကြောင့်
ဝမ်းနည်းစိတ်တွေကလှိုက်ခနဲပင်။

အခုလူဆိုးကောင်က သူ့ကိုအပေါစားလို့သဘောထားနေတာလား။

ချိုတယ်…။
စွဲမက်စရာကောင်းတယ်…။
ရုန်းထွက်ဖို့ရာ မဖြစ်နိုင်တော့ပေ…။

သတိလက်လွတ်နမ်းရှိုက်နေမိရာမှ စိုစွတ်တဲ့အထိအတွေ့
ကြောင့် ကြည့်လိုက်တော့မျက်ရည်တွေကျနေတဲ့အလှလေး။
နွေလယ်ခေါင်ကြီး မိုးကြိုးပစ်ချလိုက်သလိုပင်။

“ဟာဗျာ”

စိတ်ရှုပ်လွန်းသဖြင့် ခေါင်းကဆံပင်တွေကိုဖွပစ်မိသည်။
ခုနကအကြမ်းပတမ်းနမ်းရှိုက်နေတဲ့သူက ခုကျ
မထိရက်မကိုင်ရက်သလိုပင်။

“ကျွန်တော်…”

သူ့ကိုတွန်းကာ အခန်းထဲဝင်ပြေးသွားသူကြောင့်
တောင်းပန်မယ့်စကားတွေက အဆက်ပြတ်သွားရသည်။

ဘာဖြစ်လို့ ဒီလောက်ထိစိတ်လွတ်သွားရတာလဲကွာ….

……………………………

ညနေစောင်းထိ အလှလေးကအခန်းထဲကထွက်မလာ။
မုန်းသွားပြီလားတွေးမိရင် သူ့မှာခြေမကိုင်မိလက်မကိုင်မိပေ။
အခန်းထဲကဂစ်တာယူကာ ဧည့်ခန်းမှာထိုင်လိုက်သည်။
အများကြီးမသက်ရောက်ပေမယ့် သီချင်းဆိုပြရင်
စိတ်ဆိုးပြေမလားဟု ကလေးဆန်ဆန်တွေးမိသောကြောင့်…။

~~စိတ်မဆိုးနဲ့နော် ခွင့်လွှတ်ပါကွယ် ကိုယ်ရိုင်းနေရင်

ကိုယ့်စိတ်ကအရင်ဒီလိုမဟုတ်ဘူးကွယ့် မင်းနဲ့မှ

ပြောင်းလဲကုန်ပြီ အားလုံးလည်းငါမယုံနိုင်

မင်းလေးကိုဘယ်သူ့မှမပေး မပေး/မပေးနိုင်ဘူး

မင်းငါ့အသည်း၊ငါ့အချစ်ပဲ မင်းလေးကငါ့အတွက်ပဲ

လွန်တယ်လို့မင်း မထင်နဲ့~~

အခန်းထဲက ခပ်ယောင်ယောင်ပြုံးနေတဲ့ကောင်လေးကိုတော့
သီချင်းဆိုနေတဲ့ကောင်လေးက မမြင်ခဲ့ပါဘူး….

…………………………

Zawgyi

Recommend song::ဆု

…………………………….

“ႏြေရတု ဘယ္မွာလဲ”

သူ႕အိမ္သူ႕ယာလိုပင္ ဆိုင္ခန္းထဲကကိုႏြေ့သီးသန့္အခန္းသြားကာလူမရွိမွ
အျပင္ျပန္ထြက္လာၿပီး သူ႕ကိုေမးလာသည္။
ကိုယ့္ခ်စ္သူက ဘယ္လိုပဲRoyalနဲ႕ငယ္ေပါင္းသူငယ္ခ်င္း
ဆိုဆို ပိုင္စိုးပိုင္နင္းအျပဳအမူေတြကို မႀကိဳက္ပါဘူး။

ေရွ႕မွလူကိုၾကည့္လိုက္ေတာ့လည္း အတန္ငယ္ၾကာသည့္
အခ်ိန္ထိျပန္ေျဖသံမၾကားရသျဖင့္ မ်က္ေမွာင္ၾကဳတ္ေနေလၿပီ။

“ကိုေစရာ ေခၚသြားတယ္”

“ၾကာၿပီလား”

“သိပ္မၾကာေသးဘူး၊ဘာလုပ္မလို႔လဲ”

“သိစရာမလိုဘူး”

စူးစမ္းေနတဲ့ေကာင္းထက္ကိုလ်စ္လ်ဴရွာကာ
ဆိုင္ျပင္ထြက္လာၿပီး ရပ္ထားတဲ့ဆိုင္ကယ္ေပၚခြတက္လိုက္သည္။
ေစရာမ်ိဳးျမင့္က ႏြေရတုကိုဘယ္ေခၚသြားတာလဲ။

~Ring!!~~

ဖုန္းသံျမည္လာသျဖင့္ ဂ်ာကင္ထဲကဖုန္းထုတ္ကာ
ေခၚဆိုသူနာမည္ကိုၾကည့္လိုက္ေတာ့ ‘Nay Yaung’

“ေျပာ”

စိတ္မၾကည္ေသာေၾကာင့္ သူ႕အသံကခပ္မာမာျဖစ္ေနသည္။

“ေလသံကလည္းမာလိုက္တာကြာ၊ငါက
ေျပာစရာေလးရွိလို႔ဆက္လိုက္တာကို”

ေနေရာင္ျခည္က ေျပာင္စပ္စပ္ေျပာေနေပမယ့္
စိတ္မရွည္သူ Royalကေတာ့ဖုန္းခ်ပစ္ဖို႔ စိတ္ေလာေနေလၿပီ။

“အေထြအထူးကိစ္စမရွိရင္ ဒါပဲ”

“ဟိုးးးဟိုး Royalကလည္းကြာ၊ငါဘာေျပာမွာလဲဆိုတာ
အဆုံးထိနားေထာင္ပါဦး”

ေနေရာင္ျခည္က အတည္ေပါက္ႀကီးေျပာလာသျဖင့္
စိတ္ကိုေလ်ာ့ခ်လိဳက္သည္။အေရးမႀကီးတဲ့မဟုတ္တ႐ုတ္
စကားေတြေျပာလာလို႔ကေတာ့ ဆဲလႊတ္လိုက္မည္။

“ငါအခုဘာျမင္ေနလဲဆိုတာသိရင္ မင္းစိတ္ဝင္စားသြားလိမ့္မယ္”

“လိုရင္းေျပာ”

“မင္းရဲ႕အစ္ကို ေစရာမ်ိဳးျမင့္နဲ႕မင္းရဲ႕အလွေလး ကိုႏြေ….”

“သူတို႔ေတြဘယ္မွာလဲဆိုတာ ငါ့ကိုခုခ်က္ခ်င္းလိပ္စာပို႔လိုက္”

စကားေတာင္ ဆုံးေအာင္မေျပာလိုက္ရပဲသူေျပာခ်င္တာေျပာ
ၿပီးဖုန္းခ်သြားတဲ့ Royalေၾကာင့္ ေနေရာင္ခပ္တိုးတိုးက်ိန္
ဆဲမိသည္။ကိုႏြေရတုကိုသေဘာက်ေနတာသိေပမယ့္
ဒီေလာက္ထိအျဖစ္သည္းေနမွန္းခုမွသိသည္။
ေျပာဆိုရင္း babyေကာင္းကိုေတာင္သတိရသြားၿပီ။

ဘာပဲျဖစ္ျဖစ္ သူတို႔ေလးေယာက္အဖြဲ႕မွာသူပထမဆုံးခ်စ္သူ
ရသြားတာကို ဂုဏ္ဆာမိတာေတာ့အမွန္။

……………………..

“ေစရာ ေျပာစရာရွိတယ္ဆို”

ေၾကညက္ေနၿပီျဖစ္ေသာပါးစပ္ထဲမွအစားအစာေတြကို
မ်ိဳခ်လိဳက္ၿပီး မ်က္ႏွာခ်င္းဆိုင္မွာထိုင္ကာစားေသာက္
ေနတဲ့ေစရာကိုေျပာလိုက္ေတာ့ ေမာ့ၾကည့္လာကာ
ၿပဳံးျပလာသည္။

ေန႕လည္စာအတူစားရေအာင္ဆိုကာေခၚလာၿပီး
ၿပီးရင္ေျပာစရာရွိတယ္ဟုလည္းဆိုလာျပန္သည္။
ေဘးထိုင္ခုံမွာလည္း ႏွင္းဆီရဲရဲပန္းစည္းကို
ေထာင္ထားသျဖင့္ ေစရာေျပာလာမယ့္အေၾကာင္းကို
သူစိတ္ဝင္စားမိသည္။ေကာင္မေလးတစ္ေယာက္ကိုမ်ား
ခ်စ္ခြင့္ပန္မလားမသိ…။

“ေတာ္ၿပီလား”

“ငါ ဗိုက္ဝၿပီ”

“ေရာ့…ေသာက္လိုက္ဦး”

ေရဘူးထဲမွဖန္ခြက္ထဲသို႔ငွဲ႕ထည့္ကာ ကမ္းေပးလိုက္ေတာ့
အသာယူကာေမာ့ေသာက္ေနေလသည္။
အၿမဲအတူထမင္းစားတိုင္း လုပ္ေပးေနၾကအျပဳအမူျဖစ္သျဖင့္ႏြေရတုအေနနဲ႕
မစိမ္းသက္ေတာ့ေပ။

“ေျပာစရာရွိတယ္ဆို”

“ရတု”

“ဟင္”

“ငါ…ငါေလ…ငါ…မင္းကို”

စကားတစ္ခြန္းထြက္လာဖို႔အေရး ထစ္အေနတဲ့သူ႕ကိုယ္သူ
စိတ္မရွည္ေတာ့။ရတုကိုၾကည့္လိုက္ေတာ့လည္း သူ႕ဆီက
ထြက္လာမယ့္စကားကို စိတ္ဝင္တစားနားေထာင္ေနေလသည္။

“ငါမင္းကိုခ်စ္တယ္ ရတု”

မ်က္လုံးစုံမွိတ္ကာေျပာလိုက္ေတာ့မွ ေလွ်ာေလွ်ာရႉရႉထြက္လာေလသည္။ရတုကေတာ့
အံ့ၾသဟန္မျပဘဲ သေဘာတက်တခစ္ခစ္ရယ္ေမာလာကာ

“ငါလည္းမင္းကိုခ်စ္တယ္ေလ”

“မဟုတ္ဘူး၊အဲ့လိုခ်စ္တာကိုေျပာတာမဟုတ္ဘူး”

“ဒါဆိုဘယ္လိုခ်စ္တာကိုေျပာတာလဲ”

ႏြေရတု တကယ္ကိုေခါင္းရႈပ္ေနေလၿပီ။

“ငါ..ငါမင္းကိုခ်စ္တယ္ဆိုတာက
ခ်စ္သူတစ္ေယာက္လိုခ်စ္တာ”

“ငါလည္းမင္းကို သူငယ္ခ်င္းလို…..”

ေျပာေနရင္းမွ ေစရာဆိုလိုတဲ့သေဘာကိုနားလည္သြားကာ
မ်က္ႏွာေတြပင္ပူလာသလို။ဘယ္လိုလုပ္ၿပီး ေစရာက….။

ထိုင္ခုံမွထကာ ေဘးေထာင္ထားတဲ့ပန္းစည္းကိုယူလိုက္ၿပီး
ခ်စ္ရသူေရွ႕ဒူးေထာက္ထိုင္ခ်ကာ ေမာ္ၾကည့္လိုက္သည္။
တစ္ျခားဝိုင္းေတြက သူ႕အျပဳအမူကိုထူးဆန္းသလိုၾကည့္
ေနၾကေပမယ့္ သူမရွက္နိုင္ေပ။

“ငါ့အခ်စ္ကိုလက္ခံေပးပါလား ရတု”

“ငါ…ငါ…ငါ”

“ႏြေရတု!!!!”

ဆိုင္အတြင္းဟိန္းထြက္လာေသာအသံႀကီးေၾကာင့္
အားလုံးေၾကာင္သြားရသလို ရတုကိုယ္ပင္တုန္တက္သြားရ
သည္။လူဆိုးေကာင္က ဘယ္လိုလုပ္ၿပီးေရာက္လာရတာပါလိမ့္…

ေနေရာင္ျခည္ကေတာ့ ျမန္ျမန္ဆန္ဆန္ေရာက္ခ်လာေသာ
သူငယ္ခ်င္းကိုၾကည့္ကာမသိမသာ လက္ခုပ္တီးေပးမိသည္။
သူ႕ဝိုင္းက ေထာင့္စြန္းက်သျဖင့္ ထိုသူေတြကေတာ့
သူ႕ကိုသတိထားမိမည္မဟုတ္။

“လာခဲ့ ဒီကို”

ထိုင္ေနတဲ့ႏြေရတုရဲ႕လက္ကိုဆြဲယူလိုက္သည္။
ေစရာမ်ိဳးျမင့္ကေတာ့ ခုခ်ိန္ထိေၾကာင္ေနတုန္းပင္။

“ဘယ္သူ႕အပိုင္ကို လုယူခ်င္ေနရတာလဲ”

ေစရာမ်ိဳးျမင့္လက္ထဲကပန္းစည္းကိုျမင္ေတာ့
ေဒါသပိုထြက္လာရသည္။ဆြဲယူကာ ေအာက္ပစ္ခ်လိဳက္ၿပီး
ဖိနပ္နဲ႕နင္းေျခပစ္လိုက္သည္။အနီေရာင္ႏွင္းဆီပြင့္ဖတ္ေတြက
ဟိုလြင့္ဒီလြင့္ပင္။

“ေတာ္ဝင္ေယာက္်ား!!”

“လာ ခင္ဗ်ားလိုက္ခဲ့”

ေစရာ့ေအာ္သံကိုလ်စ္လ်ဴရႈကာ သူ႕လက္ကို
အၾကမ္းပတမ္းဆြဲေခၚသြားေသာလူဆိုးေကာင္ေၾကာင့္
ေၾကာက္စိတ္ေတြဝင္လာသည္။

ဆိုင္ျပင္ရပ္ထားတဲ့ဆိုင္ကယ္ေရွ႕ေရာက္ေတာ့
သူ႕ကိုဆိုင္ကယ္ဦးထုပ္ေဆာင္းေပးလာကာ
ခ်ိဳင္းကေနျမႇောက္ကာ ဆိုင္ကယ္ေပၚတင္လိုက္သည္မွာ
ေစြ႕ကနဲပင္။လူဆိုးေကာင္ ေဒါသထြက္ေနသျဖင့္
အသံေတာင္မထြက္ရဲေပ။

ၿပိဳင္ပြဲဝင္ေနသလားထင္ရေလာက္ေအာင္
ျမန္”ေမာင္းေနသူေၾကာင့္ ခါးကိုက်စ္က်စ္ဖက္ထားရသည္။
အိမ္ေရွ႕ေရာက္ေတာ့လည္း ပန္းအိုးေအာက္ေသာ့စမ္းကာ
တံခါးျမန္”ဖြင့္ေနသူေၾကာင့္ ၾကက္သီးေတြပင္ထလာသည္။

ၿပီးေတာ့သူ႕လက္ကိုျပန္ဆြဲကာ တံခါးကိုေျခေထာက္နဲ႕ကန္ပိတ္လိုက္ေသာေၾကာင့္ တုန္ခနဲပင္။

ၿခံတံခါးအတိုင္း အိမ္တံခါးကိုလည္းျမန္ျမန္ဖြင့္ကာ
သူ႕ကို အိမ္နံရံသို႔႐ုတ္တရက္ကပ္လိုက္သျဖင့္
ေက်ာေအာင့္သြားသည္။လူဆိုးေကာင္ကိုေမာ့ၾကည့္
လိုက္ေတာ့လည္း နဂိုစူးရဲတဲ့မ်က္လုံးက
ယခုမီးလုံးႀကီးအတိုင္းပင္။

“ဘယ္လိုျဖစ္လို႔ အဲ့ေလာက္ၾကမ္း….”

ေနပါဦး…အခုလူဆိုးေကာင္ကသူ႕ကိုဘာလုပ္ေနတာလဲ။
သူ႕ႏႈတ္ခမ္းကိုအတင္းငုံကာ စုပ္ယူေနတဲ့အထိအေတြ႕ေၾကာင့္
ဝမ္းနည္းစိတ္ေတြကလွိုက္ခနဲပင္။

အခုလူဆိုးေကာင္က သူ႕ကိုအေပါစားလို႔သေဘာထားေနတာလား။

ခ်ိဳတယ္…။
စြဲမက္စရာေကာင္းတယ္…။
႐ုန္းထြက္ဖို႔ရာ မျဖစ္နိုင္ေတာ့ေပ…။

သတိလက္လြတ္နမ္းရွိုက္ေနမိရာမွ စိုစြတ္တဲ့အထိအေတြ႕
ေၾကာင့္ ၾကည့္လိုက္ေတာ့မ်က္ရည္ေတြက်ေနတဲ့အလွေလး။
ႏြေလယ္ေခါင္ႀကီး မိုးႀကိဳးပစ္ခ်လိဳက္သလိုပင္။

“ဟာဗ်ာ”

စိတ္ရႈပ္လြန္းသျဖင့္ ေခါင္းကဆံပင္ေတြကိုဖြပစ္မိသည္။
ခုနကအၾကမ္းပတမ္းနမ္းရွိုက္ေနတဲ့သူက ခုက်
မထိရက္မကိုင္ရက္သလိုပင္။

“ကြၽန္ေတာ္…”

သူ႕ကိုတြန္းကာ အခန္းထဲဝင္ေျပးသြားသူေၾကာင့္
ေတာင္းပန္မယ့္စကားေတြက အဆက္ျပတ္သြားရသည္။

ဘာျဖစ္လို႔ ဒီေလာက္ထိစိတ္လြတ္သြားရတာလဲကြာ….

……………………………

ညေနေစာင္းထိ အလွေလးကအခန္းထဲကထြက္မလာ။
မုန္းသြားၿပီလားေတြးမိရင္ သူ႕မွာေျခမကိုင္မိလက္မကိုင္မိေပ။
အခန္းထဲကဂစ္တာယူကာ ဧည့္ခန္းမွာထိုင္လိုက္သည္။
အမ်ားႀကီးမသက္ေရာက္ေပမယ့္ သီခ်င္းဆိုျပရင္
စိတ္ဆိုးေျပမလားဟု ကေလးဆန္ဆန္ေတြးမိေသာေၾကာင့္…။

~~စိတ္မဆိုးနဲ႕ေနာ္ ခြင့္လႊတ္ပါကြယ္ ကိုယ္ရိုင္းေနရင္

ကိုယ့္စိတ္ကအရင္ဒီလိုမဟုတ္ဘူးကြယ့္ မင္းနဲ႕မွ

ေျပာင္းလဲကုန္ၿပီ အားလုံးလည္းငါမယုံနိုင္

မင္းေလးကိုဘယ္သူ႕မွမေပး မေပး/မေပးနိုင္ဘူး

မင္းငါ့အသည္း၊ငါ့အခ်စ္ပဲ မင္းေလးကငါ့အတြက္ပဲ

လြန္တယ္လို႔မင္း မထင္နဲ႕~~

အခန္းထဲက ခပ္ေယာင္ေယာင္ၿပဳံးေနတဲ့ေကာင္ေလးကိုေတာ့
သီခ်င္းဆိုေနတဲ့ေကာင္ေလးက မျမင္ခဲ့ပါဘူး….

…………………………

Tags: read novel Royal Husband 23, novel Royal Husband 23, read Royal Husband 23 online, Royal Husband 23 chapter, Royal Husband 23 high quality, Royal Husband 23 light novel, ,

Comment

Leave a Reply

Chapter 24