Royal Husband 26

All chapters are in Royal Husband
A+ A-

~~မရက်စက်သင့်ပါ သနားညှာတာ ခွင့်လွှတ်ချစ်ပါ….

ရင်တွေခုန်ပါတယ်…မင်းရဲ့အကြည့်ကြောင့်ကွယ်…

လိပ်ပြာစေသူရယ်…ညစဥ်အိပ်မပျော်တယ်….

ယုံကြည်ပါမေရယ်….ကိုယ့်အသည်းလေးပြောပြမယ်…~~

Recommend song::စိတ်ကူးလေးရွက်လွှင့်မယ်

………………..

“ကျွန်မ ရှင့်ကိုချစ်တယ် ထိုက်”

ဒီအတောအတွင်း ထိုက်နဲ့သူမတွေ့တာအခေါက်ပေါင်းမရေနိုင်တော့ပေ။
ထိုက်ဘက်က သူမကိုဘယ်လိုမြင်သလဲမသိပေမယ့်
သော်တာ့ဘက်ကတော့ ထိုက်အပေါ်ခံစားချက်တွေရှိနေလေပြီ။
စကတည်းမှ ခံစားချက်တွေကိုမြိုသိပ်တတ်တဲ့သူ
မဟုတ်သည့်အလျောက် ဖွင့်ဟဝန်ခံချင်းသာ။

ချစ်တယ်ဆိုတဲ့စကားကို ထစ်ငေါ့ခြင်းမရှိ
ပြတ်ပြတ်သားသားဆိုလာသူလေးကြောင့်
ထိုက်အနည်းငယ်တော့ ကြောင်သွားရသည်။
ထိုသို့ဖွင့်ဟဝန်ခံခြင်းအပေါ် သော်တာ့အနေနဲ့
ရှက်ရွံ့နေခြင်းစိုးစဥ်းမျှမရှိသည်ကို မျက်နှာအမူအယာကြည့်ပြီး သူခန့်မှန်းမိသည်။

“မိန်းကလေးတန်မဲ့ အရှက်မရှိဘူးလို့တော့မထင်ဘူးမလား”

“မထင်ပါဘူး၊ဘယ်လိုပဲကိုယ်က tomboyဆိုဆို
မိန်းကလေးတစ်ယောက်ဆိုတာလည်း အမှန်ပဲလေ”

“ကျွန်မချစ်ရတဲ့သူက ထိုက်မဟုတ်ခဲ့ဘဲ
တစ်ခြားယောက်ျားလေးတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်တောင်
ဒီလိုဖွင့်ဟဝန်ခံမိမှာပဲ”

“ဆိုတော့ကား မင်းက ကိုယ့်ကိုချစ်တယ်ပေါ့”

“အွန်း၊အဖြေပေးစရာမလိုဘူးနော်၊မလိုဘူးဆိုလို့
ပြန်မဖြေဘဲနဲ့တော့ မနေပါနဲ့၊ဒီတိုင်း ကျွန်မထိုက်အပေါ်ထား
ရှိတဲ့ခံစားချက်တွေကို သိစေချင်ယုံပြောပြတာ”

“ကိုယ်နားလည်ပါတယ်”

“တစ်မျိုးတော့မထင်ပါနဲ့၊ကျွန်မက ချစ်စရာလေးဆိုတော့
ချစ်ခွင့်ပန်ထားတဲ့သူတွေပေါတယ်ရယ်၊ဆိုတော့
ချစ်စရာကောင်းတဲ့ဒီကောင်မလေးကို လက်မလွှတ်သင့်ဘူးလို့
အကြံပြုချင်တယ်”

“ဟက်”

လဝန်းသော်တာက ဘယ်လိုတောင်ချစ်စရာကောင်းရတာလဲ။
ချစ်တယ်ဆိုတဲ့စကားကိုမရှက်မရွံ့ပြောသွားတဲ့အပြင်
ချစ်စရာကောင်းတဲ့ကောင်မလေးပါဆိုပြီးလည်း
ပြုံးပြုံးလေးပြောနေပြန်သေးတယ်။

“မင်းက ချစ်စရာလေးပဲ”

“သိတယ်ဆို အဖြေကိုမြန်မြန်လေးစဥ်းစားပေးပါ..ဟီးးးး”

မခြွေခင်က ကြွေနေပြီးသားဆိုတာကိုတော့
ကောင်မလေးသိအောင် မပြောချင်သေးဘူး….

……………………..

“မေ့သားက အရှုံးသမားပဲ”

Company ကလချုပ်စာရင်းတွေစစ်နေတုန်း
ရုံးခန်းထဲဝင်လာကာ ခပ်ထေ့ထေ့စကားဆိုလာသူကြောင့်
စေရာမော့ကြည့်လိုက်တော့ ဒေါ်မိုးကလျာက
လက်ထဲကဘာထည့်ထားမှန်းမသိတဲ့စာအိတ်ကို
တဖြတ်ဖြတ်ရိုက်ရင်း ရုံးခန်းထဲကဧည့်ခုံမှာ
ထိုင်နေလေသည်။

တကူးတကသူ့ဆီလာတဲ့ အမေဖြစ်သူကြောင့်
ခုံမှထကာ ဧည့်ခုံမှာဝင်ထိုင်လိုက်တော့
အမေက သူ့ရှေ့ကိုလက်ထဲကစာအိတ်ပစ်ချပေးလာသည်။

“ဘာတွေလဲ”

“ဖွင့်ကြည့်လိုက်လေ၊မင်းရှုံးကြောင်းပြတဲ့
သက်သေတွေပေါ့”

လှောင်သလိုပြောင်သလိုစကားတွေကို လျစ်လျူရှုကာ
စာအိတ်ကိုဖွင့်ကြည့်လိုက်တော့ ဓာတ်ပုံတွေအထပ်လိုက်ပင်။
ပုံတိုင်းလိုလိုမှာ ရတုနဲ့တော်ဝင်ယောက်ျားပုံတွေချည်း။

“ဒါတွေကို ကျွန်တော်ဘာလုပ်ရမှာလဲ”

“အို…မေ့သားက ဒီပုံတွေမြင်တာတောင်ဘာမှမဖြစ်ဘူးပေါ့လေ”

“အမေ ဘာကိုဆိုလိုချင်တာလဲ”

“မင်း အမြဲတမ်းရှုံးနေတဲ့တော်ဝင်ယောက်ျားကခုလည်း
မင်းထက်ခြေတစ်လှမ်းသာသွားပြန်ပြီလေ၊ဘယ်လိုလဲ
နှလုံးသားရေးရာမှာရှုံးတာတောင် ဘယ်လိုမှမနေဘူးပေါ့”

ပြင်းထန်တဲ့စကားလုံးတွေနဲ့ရိုက်နှက်မှ သူမသားက
Royalအပေါ် မနာလိုစိတ်တွေဝင်လာမယ်ဆိုတာ
သိနေတယ်။ဘယ်လိုပဲကျန်တဲ့အချိန်နေသာပါတယ်ဆိုဆို
အနှစ်နှစ်အလလကချစ်ရတဲ့သူကို တစ်ခြားတစ်ယောက်
လက်ထဲကြည်ကြည်ဖြူဖြူအပ်နှံဖို့က ခံပြင်းစရာကောင်း
တယ်မဟုတ်လား။

“နွေရတုကလည်း တော်ဝင်ယောက်ျားကိုစိတ်ဝင်စားနေပုံပဲနော်၊
အချိန်အကြာကြီးချစ်လာတဲ့ မင်းကိုကျော်ပြီးတော့လေ”

“အမေ ရတုအကြောင်းတွေစုံစမ်းထားတာလား”

“အခုအချိန်ဒါကအရေးမကြီးဘူးနော်၊
သူများမပိုင်ခင် အရင်လက်ဦးယူရမယ်မဟုတ်လား၊
မဟုတ်လို့ကတော့ တစ်သက်လုံးကျန်ရစ်ဘွဲ့ကိုယူထား
ရတော့မှာပဲလေ”

သူမစကားကြောင့် သားဖြစ်သူလက်ချောင်းတွေ
လက်သီးအဖြစ်ပြောင်းသွားတာကိုကြည့်ရင်း
ရဲနေအောင်ဆိုးထားတဲ့နှုတ်ခမ်းရဲရဲတွေက
သဘောတကျကွေ့တက်သွားလေသည်။

…………………………

“ရင်တွေခုန်ပါတယ်…မင်းရဲ့အကြည့်ကြောင့်ကွယ် “

“ရားးးးတော်ဝင်ယောက်ျား မင်းဘယ်လိုဖြစ်နေတာလဲ”

မျက်လုံးချင်းဆုံအောင် မရမကလိုက်ကြည့်နေပြီး
သီချင်းဆိုလာသူကြောင့် ရှက်လာရသည်ကနွေရတုပင်။
ဖွင့်ပြောပြီးနောက်ပိုင်း လူဆိုးကောင်က
ပိုဆိုးလာပါသည်။အသားယူတာလည်း
ခနခနပင်။ကိုယ်ကချစ်လို့သာ သည်းခံနေတာ။
လူဆိုးကောင်နေရာမှာ တစ်ခြားတစ်ယောက်ဆို
တိုင်တန်းပြီးလေပြီ။

“ငြိမ်ငြိမ်လေးထိုင်နေပေးလို့မရဘူးလားဟင်”

သူမျက်နှာငယ်လေးနဲ့ပြောလိုက်တော့လည်း
ခေါင်းတဆတ်ဆတ်ငြိမ့်ပြကာ ဘေးထောင့်စွန်းဝိုင်းမှာ
သွားထိုင်လေသည်။ဒီနေ့က ကောင်းထက်ခွင့်ရက်ယူသွားသဖြင့်
သူအစားလုပ်ပေးနေရ၍ မအားလပ်ပေ။
ဒါကို လူဆိုးကောင်ကလိုက်နှောင့်ယှက်နေခြင်း။

လူဆိုးကောင်ရဲ့စနက်ကြောင့် ဆိုင်လာနေကျ
ကာစတန်မာအချို့ပင် သူတို့နှစ်ယောက်ကိုလိုက်ဖက်ညီကြောင်းပြောလာကြတာ
မကြာခဏပင်။

~~ရင်တွေခုန်ပါတယ် မင်းရဲ့အကြည့်ကြောင့်ကွယ်…

လိပ်ပြာစေသူရယ် ညစဥ်အိပ်မပျော်တယ်….

ခုဆို သူတို့ဆိုင်က သီချင်းဖွင့်လေ့မရှိတော့ပေ။
အဲ့သည်အစား လူဆိုးကောင်ရဲ့ဂစ်တာတီးသံနဲ့သီချင်းဆိုသံကိုသာ အစဥ်အပြတ်ကြားလာရသည်။

ခုလည်းဂစ်တာတီးကာ သီချင်းဆိုနေသူကြောင့်
မျက်နှာလွှဲလိုက်ရသည်။အကြောင်းမှာ သူ့မျက်နှာကို
စေ့စေ့ကြည့်ပြီးဆိုနေသူကြောင့်ပင်။တစ်ချို့လူတွေကလည်း
အခြေအနေရိပ်မိစွာ ပြုံးစိစိတွေနှင့်…။

~~ယုံကြည်ပါနွေရယ်…ကိုယ့်အသည်းလေးပြောပြမယ်..

မျက်တော်ပြေစဥ်ဝယ်..အို ကိုယ့်ရင်မောစေတယ်…

မချစ်တတ်သေးတဲ့ကိုယ့်ကိုများ အရူးအမူးဖြစ်အောင်လုပ်တာလား…

မငဲ့ကွက်တော့ပါ….သိက္ခာတရား..ချစ်ခွင့်တောင်းမယ်..

ငွေရောင်ပင်လယ်ဝယ်..စိတ်ကူးလေးရွက်လွှင့်မယ်..

ပန်းလှေပေါ်မှာကွယ်…အချစ်အိမ်ကလေးတည်မယ်…

ရွှေရင်လုံပါကွယ်…ကိုယ့်အသည်းလေးအားတက်ဖွယ်..

နိဗ္ဗာန်ဆိုတာရယ်… သြော်..လူ့ကမ္ဘာထဲမှာကွယ်….~~

သူရှေးသီချင်းတွေကြိုက်မှန်းသိလို့ ရှေးသီချင်းခွေတွေ
အထပ်လိုက်ဝယ်ကာ နားထောင်တဲ့လူဆိုးကောင်ကြောင့်
အချစ်ပိုလာရသည်။

သို့ပေမယ့် လူဆိုးကောင်အပေါ် သူကလည်းဆိုးချင်ပါသေးသည်~~~~

………………….

(အိုက်ယားးး ဘဲလိုချင်တယ်😞)

Zawgyi

~~မရက္စက္သင့္ပါ သနားညွာတာ ခြင့္လႊတ္ခ်စ္ပါ….

ရင္ေတြခုန္ပါတယ္…မင္းရဲ႕အၾကည့္ေၾကာင့္ကြယ္…

လိပ္ျပာေစသူရယ္…ညစဥ္အိပ္မေပ်ာ္တယ္….

ယုံၾကည္ပါေမရယ္….ကိုယ့္အသည္းေလးေျပာျပမယ္…~~

Recommend song::စိတ္ကူးေလး႐ြက္လႊင့္မယ္

………………..

“ကြၽန္မ ရွင့္ကိုခ်စ္တယ္ ထိုက္”

ဒီအေတာအတြင္း ထိုက္နဲ႕သူမေတြ႕တာအေခါက္ေပါင္းမေရနိုင္ေတာ့ေပ။
ထိုက္ဘက္က သူမကိုဘယ္လိုျမင္သလဲမသိေပမယ့္
ေသာ္တာ့ဘက္ကေတာ့ ထိုက္အေပၚခံစားခ်က္ေတြရွိေနေလၿပီ။
စကတည္းမွ ခံစားခ်က္ေတြကိုၿမိဳသိပ္တတ္တဲ့သူ
မဟုတ္သည့္အေလ်ာက္ ဖြင့္ဟဝန္ခံခ်င္းသာ။

ခ်စ္တယ္ဆိုတဲ့စကားကို ထစ္ေငါ့ျခင္းမရွိ
ျပတ္ျပတ္သားသားဆိုလာသူေလးေၾကာင့္
ထိုက္အနည္းငယ္ေတာ့ ေၾကာင္သြားရသည္။
ထိုသို႔ဖြင့္ဟဝန္ခံျခင္းအေပၚ ေသာ္တာ့အေနနဲ႕
ရွက္႐ြံ႕ေနျခင္းစိုးစဥ္းမွ်မရွိသည္ကို မ်က္ႏွာအမူအယာၾကည့္ၿပီး သူခန့္မွန္းမိသည္။

“မိန္းကေလးတန္မဲ့ အရွက္မရွိဘူးလို႔ေတာ့မထင္ဘူးမလား”

“မထင္ပါဘူး၊ဘယ္လိုပဲကိုယ္က tomboyဆိုဆို
မိန္းကေလးတစ္ေယာက္ဆိုတာလည္း အမွန္ပဲေလ”

“ကြၽန္မခ်စ္ရတဲ့သူက ထိုက္မဟုတ္ခဲ့ဘဲ
တစ္ျခားေယာက္်ားေလးတစ္ေယာက္ျဖစ္ခဲ့မယ္ဆိုရင္ေတာင္
ဒီလိုဖြင့္ဟဝန္ခံမိမွာပဲ”

“ဆိုေတာ့ကား မင္းက ကိုယ့္ကိုခ်စ္တယ္ေပါ့”

“အြန္း၊အေျဖေပးစရာမလိုဘူးေနာ္၊မလိုဘူးဆိုလို႔
ျပန္မေျဖဘဲနဲ႕ေတာ့ မေနပါနဲ႕၊ဒီတိုင္း ကြၽန္မထိုက္အေပၚထား
ရွိတဲ့ခံစားခ်က္ေတြကို သိေစခ်င္ယုံေျပာျပတာ”

“ကိုယ္နားလည္ပါတယ္”

“တစ္မ်ိဳးေတာ့မထင္ပါနဲ႕၊ကြၽန္မက ခ်စ္စရာေလးဆိုေတာ့
ခ်စ္ခြင့္ပန္ထားတဲ့သူေတြေပါတယ္ရယ္၊ဆိုေတာ့
ခ်စ္စရာေကာင္းတဲ့ဒီေကာင္မေလးကို လက္မလႊတ္သင့္ဘူးလို႔
အႀကံျပဳခ်င္တယ္”

“ဟက္”

လဝန္းေသာ္တာက ဘယ္လိုေတာင္ခ်စ္စရာေကာင္းရတာလဲ။
ခ်စ္တယ္ဆိုတဲ့စကားကိုမရွက္မ႐ြံ႕ေျပာသြားတဲ့အျပင္
ခ်စ္စရာေကာင္းတဲ့ေကာင္မေလးပါဆိုၿပီးလည္း
ၿပဳံးၿပဳံးေလးေျပာေနျပန္ေသးတယ္။

“မင္းက ခ်စ္စရာေလးပဲ”

“သိတယ္ဆို အေျဖကိုျမန္ျမန္ေလးစဥ္းစားေပးပါ..ဟီးးးး”

မေႁခြခင္က ေႂကြေနၿပီးသားဆိုတာကိုေတာ့
ေကာင္မေလးသိေအာင္ မေျပာခ်င္ေသးဘူး….

……………………..

“ေမ့သားက အရႈံးသမားပဲ”

Company ကလခ်ဳပ္စားရင္းေတြစစ္ေနတုန္း
႐ုံးခန္းထဲဝင္လာကာ ခပ္ေထ့ေထ့စကားဆိုလာသူေၾကာင့္
ေစရာေမာ့ၾကည့္လိုက္ေတာ့ ေဒၚမိုးကလ်ာက
လက္ထဲကဘာထည့္ထားမွန္းမသိတဲ့စာအိတ္ကို
တျဖတ္ျဖတ္ရိုက္ရင္း ႐ုံးခန္းထဲကဧည့္ခုံမွာ
ထိုင္ေနေလသည္။

တကူးတကသူ႕ဆီလာတဲ့ အေမျဖစ္သူေၾကာင့္
ခုံမွထကာ ဧည့္ခုံမွာဝင္ထိုက္လိုက္ေတာ့
အေမက သူ႕ေရွ႕ကိုလက္ထဲကစာအိတ္ပစ္ခ်ေပးလာသည္။

“ဘာေတြလဲ”

“ဖြင့္ၾကည့္လိုက္ေလ၊မင္းရႈံးေၾကာင္းျပတဲ့
သက္ေသေတြေပါ့”

ေလွာင္သလိုေျပာင္သလိုစကားေတြကို လ်စ္လ်ဴရႈကာ
စာအိတ္ကိုဖြင့္ၾကည့္လိုက္ေတာ့ ဓာတ္ပုံေတြအထပ္လိုက္ပင္။
ပုံတိုင္းလိုလိုမွာ ရတုနဲ႕ေတာ္ဝင္ေယာက္်ားပုံေတြခ်ည္း။

“ဒါေတြကို ကြၽန္ေတာ္ဘာလုပ္ရမွာလဲ”

“အို…ေမ့သားက ဒီပုံေတြျမင္တာေတာင္ဘာမွမျဖစ္ဘူးေပါ့ေလ”

“အေမ ဘာကိုဆိုလိုခ်င္တာလဲ”

“မင္း အၿမဲတမ္းရႈံးေနတဲ့ေတာ္ဝင္ေယာက္်ားကခုလည္း
မင္းထက္ေျခတစ္လွမ္းသာသြားျပန္ၿပီေလ၊ဘယ္လိုလဲ
ႏွလုံးသားေရးရာမွာရႈံးတာေတာင္ ဘယ္လိုမွမေနဘူးေပါ့”

ျပင္းထန္တဲ့စကားလုံးေတြနဲ႕ရိုက္ႏွက္မွ သူမသားက
Royalအေပၚ မနာလိုစိတ္ေတြဝင္လာမယ္ဆိုတာ
သိေနတယ္။ဘယ္လိုပဲက်န္တဲ့အခ်ိန္ေနသာပါတယ္ဆိုဆို
အႏွစ္ႏွစ္အလလကခ်စ္ရတဲ့သူကို တစ္ျခားတစ္ေယာက္
လက္ထဲၾကည္ၾကည္ျဖဴျဖဴအပ္ႏွံဖို႔က ခံျပင္းစရာေကာင္း
တယ္မဟုတ္လား။

“ႏြေရတုကလည္း ေတာ္ဝင္ေယာက္်ားကိုစိတ္ဝင္စားေနပုံပဲေနာ္၊
အခ်ိန္အၾကာႀကီးခ်စ္လာတဲ့ မင္းကိုေက်ာ္ၿပီးေတာ့ေလ”

“အေမ ရတုအေၾကာင္းေတြစုံစမ္းထားတာလား”

“အခုအခ်ိန္ဒါကအေရးမႀကီးဘူးေနာ္၊
သူမ်ားမပိုင္ခင္ အရင္လက္ဦးယူရမယ္မဟုတ္လား၊
မဟုတ္လို႔ကေတာ့ တစ္သက္လုံးက်န္ရစ္ဘြဲ႕ကိုယူထား
ရေတာ့မွာပဲေလ”

သူမစကားေၾကာင့္ သားျဖစ္သူလက္ေခ်ာင္းေတြ
လက္သီးအျဖစ္ေျပာင္းသြားတာကိုၾကည့္ရင္း
ရဲေနေအာင္ဆိုးထားတဲ့ႏႈတ္ခမ္းရဲရဲေတြက
သေဘာတက်ေကြ႕တက္သြားေလသည္။

…………………………

“ရင္ေတြခုန္ပါတယ္…မင္းရဲ႕အၾကည့္ေၾကာင့္ကြယ္ “

“ရားးးးေတာ္ဝင္ေယာက္်ား မင္းဘယ္လိုျဖစ္ေနတာလဲ”

မ်က္လုံးခ်င္းဆုံေအာင္ မရမကလိုက္ၾကည့္ေနၿပီး
သီခ်င္းဆိုလာသူေၾကာင့္ ရွက္လာရသည္ကႏြေရတုပင္။
ဖြင့္ေျပာၿပီးေနာက္ပိုင္း လူဆိုးေကာင္က
ပိုဆိုးလာပါသည္။အသားယူတာလည္း
ခနခနပင္။ကိုယ္ကခ်စ္လို႔သာ သည္းခံေနတာ။
လူဆိုးေကာင္ေနရာမွာ တစ္ျခားတစ္ေယာက္ဆို
တိုင္တန္းၿပီးေလၿပီ။

“ၿငိမ္ၿငိမ္ေလးထိုင္ေနေပးလို႔မရဘူးလားဟင္”

သူမ်က္ႏွာငယ္ေလးနဲ႕ေျပာလိုက္ေတာ့လည္း
ေခါင္းတဆတ္ဆတ္ၿငိမ့္ျပကာ ေဘးေထာင့္စြန္းဝိုင္းမွာ
သြားထိုင္ေလသည္။ဒီေန႕က ေကာင္းထက္ခြင့္ရက္ယူသြားသျဖင့္
သူအစားလုပ္ေပးေနရ၍ မအားလပ္ေပ။
ဒါကို လူဆိုးေကာင္ကလိုက္ႏွောင့္ယွက္ေနျခင္း။

လူဆိုးေကာင္ရဲ႕စနက္ေၾကာင့္ ဆိုင္လာေနက်
ကာစတန္မာအခ်ိဳ႕ပင္ သူတို႔ႏွစ္ေယာက္ကိုလိုက္ဖက္ညီေၾကာင္းေျပာလာၾကတာ
မၾကာခဏပင္။

~~ရင္ေတြခုန္ပါတယ္ မင္းရဲ႕အၾကည့္ေၾကာင့္ကြယ္…

လိပ္ျပာေစသူရယ္ ညစဥ္အိပ္မေပ်ာ္တယ္….

ခုဆို သူတို႔ဆိုင္က သီခ်င္းဖြင့္ေလ့မရွိေတာ့ေပ။
အဲ့သည္အစား လူဆိုးေကာင္ရဲ႕ဂစ္တာတီးသံနဲ႕သီခ်င္းဆိုသံကိုသာ အစဥ္အျပတ္ၾကားလာရသည္။

ခုလည္းဂစ္တာတီးကာ သီခ်င္းဆိုေနသူေၾကာင့္
မ်က္ႏွာလႊဲလိုက္ရသည္။အေၾကာင္းမွာ သူ႕မ်က္ႏွာကို
ေစ့ေစ့ၾကည့္ၿပီးဆိုေနသူေၾကာင့္ပင္။တစ္ခ်ိဳ႕လူေတြကလည္း
အေျခအေနရိပ္မိစြာ ၿပဳံးစိစိေတြႏွင့္…။

~~ယုံၾကည္ပါႏြေရယ္…ကိုယ့္အသည္းေလးေျပာျပမယ္..

မ်က္ေတာ္ေျပစဥ္ဝယ္..အို ကိုယ့္ရင္ေမာေစတယ္…

မခ်စ္တတ္ေသးတဲ့ကိုယ့္ကိုမ်ား အ႐ူးအမူးျဖစ္ေအာင္လုပ္တာလား…

မငဲ့ကြက္ေတာ့ပါ….သိက္ခါတရား..ခ်စ္ခြင့္ေတာင္းမယ္..

ေငြေရာင္ပင္လယ္ဝယ္..စိတ္ကူးေလး႐ြက္လႊင့္မယ္..

ပန္းေလွေပၚမွာကြယ္…အခ်စ္အိမ္ကေလးတည္မယ္…

ေ႐ႊရင္လုံပါကြယ္…ကိုယ့္အသည္းေလးအားတက္ဖြယ္..

နိဗ္ဗာန္ဆိုတာရယ္… ေၾသာ္..လူ႕ကမ္ဘာထဲမွာကြယ္….~~

သူေရွးသီခ်င္းေတြႀကိဳက္မွန္းသိလို႔ ေရွးသီခ်င္းေခြေတြ
အထပ္လိုက္ဝယ္ကာ နားေထာင္တဲ့လူဆိုးေကာင္ေၾကာင့္
အခ်စ္ပိုလာရသည္။

သို႔ေပမယ့္ လူဆိုးေကာင္အေပၚ သူကလည္းဆိုးခ်င္ပါေသးသည္~~~~

………………….

(အိုက္ယားးး ဘဲလိုခ်င္တယ္😞)

Tags: read novel Royal Husband 26, novel Royal Husband 26, read Royal Husband 26 online, Royal Husband 26 chapter, Royal Husband 26 high quality, Royal Husband 26 light novel, ,

Comment

Leave a Reply

Chapter 26