Royal Husband 25

All chapters are in Royal Husband
A+ A-

Recommend song:::သိပ်ချစ်တာသူသိပါကွယ်

…………………….

~~မင်းလေးသဘောကျအချစ်ရေ တို့ကအဆင်သင့်ပါပဲ….

နှလုံးသားလေးတော့ကျွမ်းအောင် အချစ်ရေမကျီစားပါနဲ့….

မင်းရဲ့အချစ်နဲ့ကိုယ့်မှာ အသက်ဆက်လို့ရှင်ရမယ်….

သိပ်ချစ်တာ…နွေသိပါကွယ်…~~~

“ရားးးးမင်းပါးစပ်ကိုပိတ်ထားလို့မရဘူးလား
တော်ဝင်ယောက်ျား”

တစ်နေ့လုံးဆိုင်ပိတ်ချိန်အထိစောင့်ကာ ဒုက္ခပေးတဲ့
လူဆိုးကောင်ပါ။မတွေ့ချင်လို့ရှောင်နေတာကိုသိသိကြီးနဲ့
မရမက စက်ဘီးနဲ့မှအိမ်ပြန်မလိုက်ရရင် သောင်းကြမ်းမှာ
နော်ဆိုတဲ့ခြိမ်းခြောက်စကားကြီးကြောင့် ကိုယ့်မှာမျက်စိ
စုံမှိတ်ပြီး စက်ဘီးနောက်ခုံမှာတင်ခေါ်ခဲ့ရတာ။သူ့ရဲ့ဆိုင်ကယ်
အကောင်းစားကြီးကိုတော့ ကောင်းထက်ရဲ့ချစ်သူက
စီးသွားတယ်။

စက်ဘီးနောက်ခုံပေါ်တင်ခေါ်ခဲ့တာထက်ပ၊
လိပ်လိုနင်းနေတာကို ပြုတ်ကျမှာကြောက်လှပါရဲ့ဆိုပြီး
သူ့ခါးကိုလည်းကျိုးကြေမတတ်ဖက်ထားသေးတယ်။
တကယ်ပါ…လူဆိုးကောင်ကဉာဏ်နီဉာဏ်နက်များလွန်းတယ်။ဒါကြောင့် မချစ်တော့ဘူးလားမေးရင်တော့…ဟင်းးးးးးးး

“ဟာ…ခင်ဗျားမှ ကျုပ်ကိုစကားမပြောတာ၊
သီချင်းမဆိုစေချင်ရင် ကျုပ်ကိုအဖက်လုပ်လေ”

သီချင်းဆိုတာထက် နာမ်စားတွေမှာ နွေလို့ထည့်သုံးတာကို
ကြက်သီးထမိသည်။ပြီးတော့ ပတ်ဝန်းကျင်ကိုဂရုမစိုက်ဘဲ
အော်ကြီးဟစ်ကျယ်ဆိုနေတာ ကြားမကောင်း။
အသံလေးကောင်းလို့သာ တော်ရော့မည်။

“ရပ်…ရပ်ဦး ခင်ဗျား”

အင်္ကျီစကို အတင်းဆွဲကာရပ်ခိုင်းလာသူကြောင့်
လမ်းဘေးထောင့်ကိုရပ်လိုက်ရသည်။

“ဘာလို့ရပ်ခိုင်းတာလဲ”

“စကားခနပြောရအောင်”

“အိမ်ရောက်မှပြောလည်းရတဲ့ဟာ”

“ခင်ဗျားအကြောင်း ကျုပ်မသိခက်မယ်၊
အိမ်ရောက်တာနဲ့ အခန်းထဲအမြန်ဝင်မှာသိသားပဲ”

ထိုစကားကိုတော့ Royalက အလှလေးလက်ထဲက
စက်ဘီးလက်ကိုင်ကိုထိန်းကာ ဒေါက်ထောက်ရင်းပြောလိုက်သည်။

“ခင်ဗျား ကျုပ်ကိုအဖြေမပေးသေးဘူးလား”

ဟမ်!!လူဆိုးကောင်က သူ့ကိုဘာမေးထားလို့
သူကဘာပြန်ဖြေရမှာလဲ။လူစကားကို နားလည်အောင်
မပြောတတ်ဘူးလားးးး

“ဘာအဖြေလဲ”

“ကျုပ်ကိုချစ်လား၊မချစ်ဘူးလားဆိုတာ၊
မချစ်ဘူးပြောလို့ကတော့ ကျုပ်ကအပိုင်သိမ်းမှာ”

“နေပါဦး…မင်းဘယ်တုန်းကငါ့ကိုချစ်ခွင့်ပန်လိုက်လို့
ငါက အဖြေပေးရမှာလဲ”

အလှလေးစကားကြားပြီး Royalကြောင်သွားရသည်။
အမှန်အတိုင်းဝန်ခံရရင် သူကချစ်စကားတွေနဲ့မရင်းနှီးပေ။

“ကျုပ်အပြုအမူတွေကတစ်ဆင့် ခင်ဗျားရိပ်မိလောက်မယ်ထင်နေတာ”

“ရော်…ငါကအကြားအမြင်ဆရာလည်းမဟုတ်”

နွေရတုက လက်ပိုက်ကာပင် ချစ်စကားတစ်ခွန်းပြောဖို့ရာ
ခက်ခဲနေသော Royalကိုပြုံးကာကြည့်နေလေသည်။

“ဒါဆို…ခင်ဗျားသေချာနားထောင်”

Royalက ခေါင်းကုတ်၊လည်ပင်းပွတ်ကာ
နွေရတုကိုလည်း မျက်နှာချင်းမဆိုင်ဘဲ

“ချ…ချစ်တယ်”

“မကြားရဘူး”

“ခင်ဗျားကိုချစ်တယ်”

“ရော်…မကြားရပါဘူးဆို…”

“နွေရတုဆိုတဲ့ခင်ဗျားကို တော်ဝင်ယောက်ျားဆိုတဲ့ကျုပ်က
ပြောမပြနိုင်လောက်အောင် အရမ်းချစ်တယ်!!!!!”

“ရားးးးအဲ့လောက်အကျယ်ကြီးအော်ပြောစရာမလိုဘူးလေ”

လမ်းပေါ်မှာ သူတို့နှစ်ယောင်သာရှိ၍တော်သေးသည်။
လူဆိုးကောင်ကချစ်စကားဆိုပြီး သူ့ကိုစူးစိုက်ကြည့်လာသဖြင့် ရှက်စိတ်တွေဝင်လာရသည်။

“အခုအဖြေပေးလို့ရပြီမလား”

“ချက်ချင်းကြီးလား”

ခေါင်းညိတ်ပြလာတဲ့လူဆိုးကောင်ကြောင့်
ဘာမဆိုင်ညာမဆိုင် ရပ်ထားတဲ့စက်ဘီးလက်ကိုင်ကို
ဆုပ်ကိုင်မိသည်။ဘယ်လိုပဲ ကိုယ့်ဘက်ကသူ့ကို
ချစ်နေသည်ဆိုဆို ချက်ချင်းကြီးအဖြေပေးဖို့ကျ
မဟုတ်သေးဘူးလေ…။

တောင်တွေးမြောက်တွေးရင်းနဲ့ လူဆိုးကောင်မူးတဲ့ညကို
အမှတ်မထင်သတိရသွားသည်။ဘာတဲ့….ယောင်တာတောင်
အလှလေးကိုချစ်တယ်ဆိုလား။ဒါဆို လူဆိုးကောင်က
ကောင်မလေးရှိရဲ့နဲ့သူ့ကို ကစားချင်နေတာလား။

“မင်းက ငါးနှစ်ကောင်ဖမ်းချင်နေတာလား”

“အမ်!”

အလှလေးစကားကို သူနားမလည်။
ဘယ်ကငါးလဲ၊ပြီးတော့ သူကိုယ်တိုင်လည်း
တစ်ခါမှ ငါးမဖမ်းဘူးပေ။

“ဘာငါးလဲ”

“မင်း ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့၊
မင်းမှာကောင်မလေးရှိရဲ့သားနဲ့ ခုငါ့ကိုချစ်ခွင့်ပန်နေတာက
ဘာလဲ…ငါကမင်းအတွက်အရမ်းလွယ်နေလို့လား”

ပြောနေရင်း ဝမ်းနည်းစိတ်တွေဝင်လာသဖြင့်
မျက်ရည်တွေပင်ဝိုင်းလာရသည်။ပြန်မချစ်နိုင်တာထက်
ကိုယ့်ကိုကစားစရာတစ်ခုလို သဘောထားနေသည်က
ပိုခံရခက်သည်။

“ဟာဗျာ…ဘယ်ကကောင်မလေးလဲ၊
ဟေ့…ခင်ဗျားငိုနေတာလား?”

အလှလေးရဲ့မျက်ရည်တွေမြင်တော့ သူ့မှာ
ခြေမကိုင်မိလက်မကိုင်မိဖြစ်ရသည်။
အလှလေးက ဘာကိုအထင်လွဲနေတာလဲ…

“ကျုပ်ကိုသေချာကြည့်၊ခေါင်းကိုမော့ထား”

ပုခုံးနှစ်ဖက်ကိုလာကိုင်ကာ အမိန့်ပေးနေသူကြောင့်
ငိုနေရက်နှင့်ပင် မျက်စောင်းထိုးမိသည်။
နေရာတကာ သူ့အလိုကျကြီးပဲ။မုန်းချင်စရာ….

“ကျုပ်မျက်လုံးတွေကို သေချာကြည့်ပါဆိုဗျာ”

လှတယ်….၊အကြည့်မလွှဲနိုင်လောက်အောင်
နွေရတုက လှလွန်းတယ်။မျက်ရည်တွေဝေ့သီနေတဲ့
မျက်လုံးဝိုင်းကြီးတွေနှင့် ငိုထားလို့နီနေတဲ့
နှာခေါင်းရဲရဲလေးအပြင် မေးကပါတုန်နေသေးသည်။

“ကျစ်…ငိုစရာလည်းမဟုတ်ဘဲနဲ့ဗျာ၊
သက်သက်မဲ့မျက်ရည်တွေကုန်အောင်”

“ကျုပ်ပြောတာသေချာနားထောင်ပေး၊
ခင်ဗျားဘာကိုအထင်လွဲနေလဲမသိပေမယ့်
ကျုပ်မှာ ဘယ်ကောင်မလေးမှမရှိဘူး၊
ခင်ဗျားကလွဲရင် ဘယ်သူ့ကိုမှလည်းမချစ်ဘူး၊
ခင်ဗျားကသာ ကျုပ်တစ်သက်လုံးလက်တွဲသွားချင်တဲ့သူ၊
ခင်ဗျားကိုပဲ ကျုပ်တစ်သက်လုံးချစ်သွားမှာ၊
ဒီစကားတွေက ကြားကောင်းအောင်ကျုပ်အပိုဆိုနေတာ
မဟုတ်ဘူး”

“မင်းပဲမူးတဲ့ညက အလှလေးကိုချစ်တယ်လို့ပြောတာလေ၊
မူးတဲ့အချိန်တောင် သတိရနေတာ၊အလှလေးဆိုတဲ့သူက
မင်းကောင်မလေးမဟုတ်လို့ ဘယ်သူလဲ”

“ဟာ…ခင်ဗျားကတော့လေ..ဟားးးဟားးးဟားးး”

စကားအကောင်းပြောနေရင်း သွားစွယ်ပေါ်အောင် တဟားဟားအော်ရယ်လာသူကြောင့် နွေရတုကြောင်သွားရသည်။ဘယ်နေရာကများ
ရယ်စရာပါသွားလို့လဲ…။

“မင်း ဘာရယ်တာလဲ”

“ခင်ဗျားကဗျာ..ဘာလို့အဲ့လောက်ချစ်ဖို့ကောင်းရတာလဲ”

“မင်း!”

“အလှလေးဆိုတာ ခင်ဗျားကိုပြောတာ၊
ခင်ဗျားကိုစမြင်ကတည်းက အလှလေးဆိုတာ
ခင်ဗျားအတွက် ကျုပ်ရဲ့သီးသန့်နာမ်စား”

“ဘာလို့အလှလေးလဲ၊တကယ်ဆို ငါကချောတာကို”

“ကျုပ်မျက်လုံးထဲ ခင်ဗျားကလှလို့ပေါ့”

“လှတယ်ပြောရအောင် ငါကမိန်းကလေးမဟုတ်ဘူး”

“ကျုပ်သိသားပဲ၊
ခင်ဗျားက မိန်းကလေးမဟုတ်ဘူးဆိုတာ၊
ကျုပ် ခင်ဗျားကိုချစ်တာက ယောက်ျားဖြစ်ခြင်း၊
မိန်းမဖြစ်ခြင်းဆိုတဲ့သဘောတရားနဲ့မဆိုင်ဘူး။
ခင်ဗျားမို့လို့ကို ချစ်တာ၊ဒါနဲ့နေပါဦး…ဆိုတော့
ခင်ဗျားက အလှလေးကိုတစ်ခြားတစ်ယောက်ထင်ပြီး
သဝန်တိုနေတယ်ပေါ့လေ”

“ဟုတ်မနေပါဘူး”

“ခင်ဗျားကဗျာ…ဟားးးဟားးဟားး”

“မင်းမရယ်နဲ့..မရယ်ပါနဲ့ဆို”

ပြောမရဆိုမရအော်ရယ်နေတဲ့လူဆိုးကောင်ကို
အမြင်ကပ်စွာဖြင့် ပါးစပ်ကိုလက်နဲ့ပိတ်ပေးလိုက်မှ
အရယ်ရပ်သွားလေသည်။

နှုတ်ခမ်းကိုလာပိတ်တဲ့အလှလေးရဲ့လက်လေးကို
သူ့လက်နဲ့ဆုပ်ကိုင်လိုက်တော့ လက်သေးလေးက
သူ့လက်ဖဝါးကြီးထဲ အံဝင်ခွင်ကျပင်။

“ခင်ဗျားလက်လေးတွေက သေးသေးလေးတွေ”

“လွှတ်”

“ကဲ…ခုအားလုံးရှင်းသွားပြီဆိုတော့
ကျုပ်ကိုအဖြေပေးလို့ရပြီမဟုတ်လား”

လက်ကိုမလွှတ်ပေးသည့်အပြင် ကျန်သည့်တစ်ဖက်ကိုပါ
ဆွဲကိုယူဆိုလာသည်။

“အဲ့…အဲ့ဒါကတော့ စဥ်းစားရဦးမယ်”

“အင်းပေါ့လေ…ချက်ချင်းကြီးအဖြေပေးဖို့ကျ
တစ်မျိုးဖြစ်နေမှာပေါ့၊ခင်ဗျားကြိုက်သလောက်
စဥ်းစားလို့ရတယ်၊ဒါပေမယ့် အဆုံးကျခင်ဗျားရွေးချယ်မယ့်
သူက ကျုပ်ပဲဖြစ်ရမယ်”

“လူဆိုးကောင်”

ထွန်းလင်းနေတဲ့ လမ်းမီးတိုင်အောက်
ကောင်လေးနှစ်ယောက်ကတော့ လက်တွေဆုပ်ကိုင်ထား
ရင်းပြုံးနေတဲ့ပုံကို မှောင်ရိပ်ကျတဲ့သစ်ပင်အောက်မှ
တစ်စုံတစ်ယောက်ကတော့ ဓာတ်ပုံရိုက်ယူသွားလေသည်။

………………………….

(တိုမှန်းသိပေမယ့် ချစ်ခွင့်ပန်တဲ့အပိုင်းကို
အချစ်ကလေးနှစ်ယောက်သီးသန့်အပိုင်းထားချင်လို့
ဒီမှာပဲ ဖြတ်လိုက်ပါတယ်၊)

Zawgyi

Recommend song:::သိပ္ခ်စ္တာသူသိပါကြယ္

…………………….

~~မင္းေလးသေဘာက်အခ်စ္ေရ တို႔ကအဆင္သင့္ပါပဲ….

ႏွလုံးသားေလးေတာ့ကြၽမ္းေအာင္ အခ်စ္ေရမက်ီစားပါနဲ႕….

မင္းရဲ႕အခ်စ္နဲ႕ကိုယ့္မွာ အသက္ဆက္လို႔ရွင္ရမယ္….

သိပ္ခ်စ္တာ…ႏြေသိပါကြယ္…~~~

“ရားးးးမင္းပါးစပ္ကိုပိတ္ထားလို႔မရဘူးလား
ေတာ္ဝင္ေယာက္်ား”

တစ္ေန႕လုံးဆိုင္ပိတ္ခ်ိန္အထိေစာင့္ကာ ဒုက္ခေပးတဲ့
လူဆိုးေကာင္ပါ။မေတြ႕ခ်င္လို႔ေရွာင္ေနတာကိုသိသိႀကီးနဲ႕
မရမက စက္ဘီးနဲ႕မွအိမ္ျပန္မလိုက္ရရင္ ေသာင္းၾကမ္းမွာ
ေနာ္ဆိုတဲ့ၿခိမ္းေျခာက္စကားႀကီးေၾကာင့္ ကိုယ့္မွာမ်က္စိ
စုံမွိတ္ၿပီး စက္ဘီးေနာက္ခုံမွာတင္ေခၚခဲ့ရတာ။သူ႕ရဲ႕ဆိုင္ကယ္
အေကာင္းစားႀကီးကိုေတာ့ ေကာင္းထက္ရဲ႕ခ်စ္သူက
စီးသြားတယ္။

စက္ဘီးေနာက္ခုံေပၚတင္ေခၚခဲ့တာထက္ပ၊
လိပ္လိုနင္းေနတာကို ျပဳတ္က်မွာေၾကာက္လွပါရဲ႕ဆိုၿပီး
သူ႕ခါးကိုလည္းက်ိဳးေၾကမတတ္ဖက္ထားေသးတယ္။
တကယ္ပါ…လူဆိုးေကာင္ကဉာဏ္နီဉာဏ္နက္မ်ားလြန္းတယ္။ဒါေၾကာင့္ မခ်စ္ေတာ့ဘူးလားေမးရင္ေတာ့…ဟင္းးးးးးးး

“ဟာ…ခင္ဗ်ားမွ က်ဳပ္ကိုစကားမေျပာတာ၊
သီခ်င္းမဆိုေစခ်င္ရင္ က်ဳပ္ကိုအဖက္လုပ္ေလ”

သီခ်င္းဆိုတာထက္ နာမ္စားေတြမွာ ႏြေလို႔ထည့္သုံးတာကို
ၾကက္သီးထမိသည္။ၿပီးေတာ့ ပတ္ဝန္းက်င္ကိုဂ႐ုမစိုက္ဘဲ
ေအာ္ႀကီးဟစ္က်ယ္ဆိုေနတာ ၾကားမေကာင္း။
အသံေလးေကာင္းလို႔သာ ေတာ္ေရာ့မည္။

“ရပ္…ရပ္ဦး ခင္ဗ်ား”

အက္်ီစကို အတင္းဆြဲကာရပ္ခိုင္းလာသူေၾကာင့္
လမ္းေဘးေထာင့္ကိုရပ္လိုက္ရသည္။

“ဘာလို႔ရပ္ခိုင္းတာလဲ”

“စကားခနေျပာရေအာင္”

“အိမ္ေရာက္မွေျပာလည္းရတဲ့ဟာ”

“ခင္ဗ်ားအေၾကာင္း က်ဳပ္မသိခက္မယ္၊
အိမ္ေရာက္တာနဲ႕ အခန္းထဲအျမန္ဝင္မွာသိသားပဲ”

ထိုစကားကိုေတာ့ Royalက အလွေလးလက္ထဲက
စက္ဘီးလက္ကိုင္ကိုထိန္းကာ ေဒါက္ေထာက္ရင္းေျပာလိုက္သည္။

“ခင္ဗ်ား က်ဳပ္ကိုအေျဖမေပးေသးဘူးလား”

ဟမ္!!လူဆိုးေကာင္က သူ႕ကိုဘာေမးထားလို႔
သူကဘာျပန္ေျဖရမွာလဲ။လူစကားကို နားလည္ေအာင္
မေျပာတတ္ဘူးလားးးး

“ဘာအေျဖလဲ”

“က်ဳပ္ကိုခ်စ္လား၊မခ်စ္ဘူးလားဆိုတာ၊
မခ်စ္ဘူးေျပာလို႔ကေတာ့ က်ဳပ္ကအပိုင္သိမ္းမွာ”

“ေနပါဦး…မင္းဘယ္တုန္းကငါ့ကိုခ်စ္ခြင့္ပန္လိုက္လို႔
ငါက အေျဖေပးရမွာလဲ”

အလွေလးစကားၾကားၿပီး Royalေၾကာင္သြားရသည္။
အမွန္အတိုင္းဝန္ခံရရင္ သူကခ်စ္စကားေတြနဲ႕မရင္းႏွီးေပ။

“က်ဳပ္အျပဳအမူေတြကတစ္ဆင့္ ခင္ဗ်ားရိပ္မိေလာက္မယ္ထင္ေနတာ”

“ေရာ္…ငါကအၾကားအျမင္ဆရာလည္းမဟုတ္”

ႏြေရတုက လက္ပိုက္ကာပင္ ခ်စ္စကားတစ္ခြန္းေျပာဖို႔ရာ
ခက္ခဲေနေသာ Royalကိုၿပဳံးကာၾကည့္ေနေလသည္။

“ဒါဆို…ခင္ဗ်ားေသခ်ာနားေထာင္”

Royalက ေခါင္းကုတ္၊လည္ပင္းပြတ္ကာ
ႏြေရတုကိုလည္း မ်က္ႏွာခ်င္းမဆိုင္ဘဲ

“ခ်…ခ်စ္တယ္”

“မၾကားရဘူး”

“ခင္ဗ်ားကိုခ်စ္တယ္”

“ေရာ္…မၾကားရပါဘူးဆို…”

“ႏြေရတုဆိုတဲ့ခင္ဗ်ားကို ေတာ္ဝင္ေယာက္်ားဆိုတဲ့က်ဳပ္က
ေျပာမျပနိုင္ေလာက္ေအာင္ အရမ္းခ်စ္တယ္!!!!!”

“ရားးးးအဲ့ေလာက္အက်ယ္ႀကီးေအာ္ေျပာစရာမလိုဘူးေလ”

လမ္းေပၚမွာ သူတို႔ႏွစ္ေယာင္သာရွိ၍ေတာ္ေသးသည္။
လူဆိုးေကာင္ကခ်စ္စကားဆိုၿပီး သူ႕ကိုစူးစိုက္ၾကည့္လာသျဖင့္ ရွက္စိတ္ေတြဝင္လာရသည္။

“အခုအေျဖေပးလို႔ရၿပီမလား”

“ခ်က္ခ်င္းႀကီးလား”

ေခါင္းညိတ္ျပလာတဲ့လူဆိုးေကာင္ေၾကာင့္
ဘာမဆိုင္ညာမဆိုင္ ရပ္ထားတဲ့စက္ဘီးလက္ကိုင္ကို
ဆုပ္ကိုင္မိသည္။ဘယ္လိုပဲ ကိုယ့္ဘက္ကသူ႕ကို
ခ်စ္ေနသည္ဆိုဆို ခ်က္ခ်င္းႀကီးအေျဖေပးဖို႔က်
မဟုတ္ေသးဘူးေလ…။

ေတာင္ေတြးေျမာက္ေတြးရင္းနဲ႕ လူဆိုးေကာင္မူးတဲ့ညကို
အမွတ္မထင္သတိရသြားသည္။ဘာတဲ့….ေယာင္တာေတာင္
အလွေလးကိုခ်စ္တယ္ဆိုလား။ဒါဆို လူဆိုးေကာင္က
ေကာင္မေလးရွိရဲ႕နဲ႕သူ႕ကို ကစားခ်င္ေနတာလား။

“မင္းက ငါးႏွစ္ေကာင္ဖမ္းခ်င္ေနတာလား”

“အမ္!”

အလွေလးစကားကို သူနားမလည္။
ဘယ္ကငါးလဲ၊ၿပီးေတာ့ သူကိုယ္တိုင္လည္း
တစ္ခါမွ ငါးမဖမ္းဘူးေပ။

“ဘာငါးလဲ”

“မင္း ေဝ့လည္ေၾကာင္ပတ္လုပ္မေနနဲ႕၊
မင္းမွာေကာင္မေလးရွိရဲ႕သားနဲ႕ ခုငါ့ကိုခ်စ္ခြင့္ပန္ေနတာက
ဘာလဲ…ငါကမင္းအတြက္အရမ္းလြယ္ေနလို႔လား”

ေျပာေနရင္း ဝမ္းနည္းစိတ္ေတြဝင္လာသျဖင့္
မ်က္ရည္ေတြပင္ဝိုင္းလာရသည္။ျပန္မခ်စ္နိုင္တာထက္
ကိုယ့္ကိုကစားစရာတစ္ခုလို သေဘာထားေနသည္က
ပိုခံရခက္သည္။

“ဟာဗ်ာ…ဘယ္ကေကာင္မေလးလဲ၊
ေဟ့…ခင္ဗ်ားငိုေနတာလား?”

အလွေလးရဲ႕မ်က္ရည္ေတြျမင္ေတာ့ သူ႕မွာ
ေျခမကိုင္မိလက္မကိုင္မိျဖစ္ရသည္။
အလွေလးက ဘာကိုအထင္လြဲေနတာလဲ…

“က်ဳပ္ကိုေသခ်ာၾကည့္၊ေခါင္းကိုေမာ့ထား”

ပုခုံးႏွစ္ဖက္ကိုလာကိုင္ကာ အမိန့္ေပးေနသူေၾကာင့္
ငိုေနရက္ႏွင့္ပင္ မ်က္ေစာင္းထိုးမိသည္။
ေနရာတကာ သူ႕အလိုက်ႀကီးပဲ။မုန္းခ်င္စရာ….

“က်ဳပ္မ်က္လုံးေတြကို ေသခ်ာၾကည့္ပါဆိုဗ်ာ”

လွတယ္….၊အၾကည့္မလႊဲနိုင္ေလာက္ေအာင္
ႏြေရတုက လွလြန္းတယ္။မ်က္ရည္ေတြေဝ့သီေနတဲ့
မ်က္လုံးဝိုင္းႀကီးေတြႏွင့္ ငိုထားလို႔နီေနတဲ့
ႏွာေခါင္းရဲရဲေလးအျပင္ ေမးကပါတုန္ေနေသးသည္။

“က်စ္…ငိုစရာလည္းမဟုတ္ဘဲနဲ႕ဗ်ာ၊
သက္သက္မဲ့မ်က္ရည္ေတြကုန္ေအာင္”

“က်ဳပ္ေျပာတာေသခ်ာနားေထာင္ေပး၊
ခင္ဗ်ားဘာကိုအထင္လြဲေနလဲမသိေပမယ့္
က်ဳပ္မွာ ဘယ္ေကာင္မေလးမွမရွိဘူး၊
ခင္ဗ်ားကလြဲရင္ ဘယ္သူ႕ကိုမွလည္းမခ်စ္ဘူး၊
ခင္ဗ်ားကသာ က်ဳပ္တစ္သက္လုံးလက္တြဲသြားခ်င္တဲ့သူ၊
ခင္ဗ်ားကိုပဲ က်ဳပ္တစ္သက္လုံးခ်စ္သြားမွာ၊
ဒီစကားေတြက ၾကားေကာင္းေအာင္က်ဳပ္အပိုဆိုေနတာ
မဟုတ္ဘူး”

“မင္းပဲမူးတဲ့ညက အလွေလးကိုခ်စ္တယ္လို႔ေျပာတာေလ၊
မူးတဲ့အခ်ိန္ေတာင္ သတိရေနတာ၊အလွေလးဆိုတဲ့သူက
မင္းေကာင္မေလးမဟုတ္လို႔ ဘယ္သူလဲ”

“ဟာ…ခင္ဗ်ားကေတာ့ေလ..ဟားးးဟားးးဟားးး”

စကားအေကာင္းေျပာေနရင္း သြားစြယ္ေပၚေအာင္ တဟားဟားေအာ္ရယ္လာသူေၾကာင့္ ႏြေရတုေၾကာင္သြားရသည္။ဘယ္ေနရာကမ်ား
ရယ္စရာပါသြားလို႔လဲ…။

“မင္း ဘာရယ္တာလဲ”

“ခင္ဗ်ားကဗ်ာ..ဘာလို႔အဲ့ေလာက္ခ်စ္ဖို႔ေကာင္းရတာလဲ”

“မင္း!”

“အလွေလးဆိုတာ ခင္ဗ်ားကိုေျပာတာ၊
ခင္ဗ်ားကိုစျမင္ကတည္းက အလွေလးဆိုတာ
ခင္ဗ်ားအတြက္ က်ဳပ္ရဲ႕သီးသန့္နာမ္စား”

“ဘာလို႔အလွေလးလဲ၊တကယ္ဆို ငါကေခ်ာတာကို”

“က်ဳပ္မ်က္လုံးထဲ ခင္ဗ်ားကလွလို႔ေပါ့”

“လွတယ္ေျပာရေအာင္ ငါကမိန္းကေလးမဟုတ္ဘူး”

“က်ဳပ္သိသားပဲ၊
ခင္ဗ်ားက မိန္းကေလးမဟုတ္ဘူးဆိုတာ၊
က်ဳပ္ ခင္ဗ်ားကိုခ်စ္တာက ေယာက္်ားျဖစ္ျခင္း၊
မိန္းမျဖစ္ျခင္းဆိုတဲ့သေဘာတရားနဲ႕မဆိုင္ဘူး။
ခင္ဗ်ားမို႔လို႔ကို ခ်စ္တာ၊ဒါနဲ႕ေနပါဦး…ဆိုေတာ့
ခင္ဗ်ားက အလွေလးကိုတစ္ျခားတစ္ေယာက္ထင္ၿပီး
သဝန္တိုေနတယ္ေပါ့ေလ”

“ဟုတ္မေနပါဘူး”

“ခင္ဗ်ားကဗ်ာ…ဟားးးဟားးဟားး”

“မင္းမရယ္နဲ႕..မရယ္ပါနဲ႕ဆို”

ေျပာမရဆိုမရေအာ္ရယ္ေနတဲ့လူဆိုးေကာင္ကို
အျမင္ကပ္စြာျဖင့္ ပါးစပ္ကိုလက္နဲ႕ပိတ္ေပးလိုက္မွ
အရယ္ရပ္သြားေလသည္။

ႏႈတ္ခမ္းကိုလာပိတ္တဲ့အလွေလးရဲ႕လက္ေလးကို
သူ႕လက္နဲ႕ဆုပ္ကိုင္လိုက္ေတာ့ လက္ေသးေလးက
သူ႕လက္ဖဝါးႀကီးထဲ အံဝင္ခြင္က်ပင္။

“ခင္ဗ်ားလက္ေလးေတြက ေသးေသးေလးေတြ”

“လႊတ္”

“ကဲ…ခုအားလုံးရွင္းသြားၿပီဆိုေတာ့
က်ဳပ္ကိုအေျဖေပးလို႔ရၿပီမဟုတ္လား”

လက္ကိုမလႊတ္ေပးသည့္အျပင္ က်န္သည့္တစ္ဖက္ကိုပါ
ဆြဲကိုယူဆိုလာသည္။

“အဲ့…အဲ့ဒါကေတာ့ စဥ္းစားရဦးမယ္”

“အင္းေပါ့ေလ…ခ်က္ခ်င္းႀကီးအေျဖေပးဖို႔က်
တစ္မ်ိဳးျဖစ္ေနမွာေပါ့၊ခင္ဗ်ားႀကိဳက္သေလာက္
စဥ္းစားလို႔ရတယ္၊ဒါေပမယ့္ အဆုံးက်ခင္ဗ်ားေ႐ြးခ်ယ္မယ့္
သူက က်ဳပ္ပဲျဖစ္ရမယ္”

“လူဆိုးေကာင္”

ထြန္းလင္းေနတဲ့ လမ္းမီးတိုင္ေအာက္
ေကာင္ေလးႏွစ္ေယာက္ကေတာ့ လက္ေတြဆုပ္ကိုင္ထား
ရင္းၿပဳံးေနတဲ့ပုံကို ေမွာင္ရိပ္က်တဲ့သစ္ပင္ေအာက္မွ
တစ္စုံတစ္ေယာက္ကေတာ့ ဓာတ္ပုံရိုက္ယူသြားေလသည္။

………………………….

(တိုမွန္းသိေပမယ့္ ခ်စ္ခြင့္ပန္တဲ့အပိုင္းကို
အခ်စ္ကေလးႏွစ္ေယာက္သီးသန့္အပိုင္းထားခ်င္လို႔
ဒီမွာပဲ ျဖတ္လိုက္ပါတယ္၊)

Tags: read novel Royal Husband 25, novel Royal Husband 25, read Royal Husband 25 online, Royal Husband 25 chapter, Royal Husband 25 high quality, Royal Husband 25 light novel, ,

Comment

Leave a Reply

Chapter 27