Royal Husband 27

All chapters are in Royal Husband
A+ A-

“ပြူးကြောင်လေးက စားချင်လှပြီလား၊
နေဦးနော်…ဖေဖေမအားသေးလို့”

အိုးထဲကငါးကိုအပေါ်အောက်လှန်ရင်း တညောင်ညောင်အော်ကာတောင်းနေသောကြောင်ကြောင့်
ခေါင်းငုံ့ကာ​ပြောလိုက်သည်။စုတ်ဖွားလေးကတော့
ခုံမှာထိုင်ကာ ပျင်းကြောဆန့်နေလေသည်။

“ညောင်~~ညောင်~~ညောင်”

“အိုက်ယားးးးဆာလှပြီလားကွ”

ငါးနံ့ရလို့ထင် ကိုယ်ပေါ်ခုန်တက်ကာဖြင့်
တညောင်ညောင်အော်လာသောကလေးကြောင့်
အောက်ပြုတ်မကျအောင် လက်နဲ့ထိန်းထားလိုက်ရသည်။
တစ်ဖက်ကလည်း ငါးကြော်နေသဖြင့်
အလုပ်မတွင်ပေ။

“တော်ဝင်ယောက်ျား…တော်ဝင်ယောက်ျား!!
လာဦး”

တစ်ယောက်တည်းထိန်းမနိုင်တော့သဖြင့်
အခန်းထဲအောင်းနေသောလူဆိုးကောင်ကို
အသံကျယ်ဖြင့်လှမ်းအော်ခေါ်ရသည်။

“ခနလေးမတွေ့ရသေးတာကို လွမ်းနေတယ်ပေါ့လေ
ခင်ဗျား…”

မီးဖိုခန်းတံခါးကိုကျောမှီကာဖြင့် ဆိုလာသူကြောင့်
မသိမသာမျက်စောင်းထိုးမိသည်။သူများကခိုင်းမလို့ဟာကို
လွမ်းတယ်ထင်နေရင် သေပေါ့။

“ငါ့သားကို လာခေါ်ပါဦး”

ကိုယ်ပေါ်ကုပ်တွယ်ထားတုန်းဖြစ်တဲ့ကလေးကိုမျက်စပြစ်ပြလိုက်တော့ ကြောင်ကိုစူးစိုက်ပြီးကြည့်နေသည်မှာ
ကလေးကြီးအလား။ခပ်မြန်မြန်ပင် သူ့အနားရောက်လာကာ
ခါးနားကုပ်တွယ်နေတဲ့ကြောင်ကိုဆွဲခေါ်သည်မှာ ဆတ်ခနဲ။

“အသာလုပ်လေ၊လက်သည်းလေးတွေ နာသွားဦးမယ်”

“နာချင်နာပေါ့”

ခုနကတစ်ကောင်တည်းအစာတောင်းနေပေမယ့်
ဝါးသန်းနေတဲ့အကောင်ကပါ ငါးနံ့ရသွားပြီး
တညောင်ညောင်အော်လာသည်မှာ နားပင်ဂွမ်းဆို့ထားရမည့်
ကိန်းပေါက်နေပြီ။

“ခင်ဗျားသားတွေကလည်း ဆူလိုက်တာ”

“ငါးတစ်ကောင်စီ ကျွေးပါ့လား၊
အရိုးထွင်ပေးဦးနော်”

“ခင်ဗျားသားဆိုတော့ ကျုပ်သားတွေပဲမဟုတ်ဘူးလား”

စကားနဲ့အသားယူတာလည်း လူဆိုးကောင်ပါပဲ။
သူ့စကားကို အဖက်လုပ်ပြီးပြောလိုက်ရင် ဒီ့ထက်ပိုဆိုးလာ
မယ်ဆိုတာသိသဖြင့် မသိချင်ယောင်ဆောင်ထားလိုက်ရသည်။

ကြော်ပြီးသားပန်းကန်ထဲကငါးကြော်နှစ်ကောင်ယူကာ
ပန်းကန်အလွတ်တစ်ချပ်ထဲထည့်ပြီး အရိုးနွှင်နေလိုက်သည်။
အလှလေးသားတွေကတော့ ဆူညံနေတုန်း။
အရိုးထွင်လို့ပြီးမှ အစာကျွေးလေ့ရှိတဲ့ပန်းကန်ထဲကို
ထည့်ပေးဖို့အလုပ်

“အာ့!”

“ဘာဖြစ်တာလဲ”

သူ့အသံကြားပြီး အလှလေးကတော့လှည့်ကြည့်လာသည်။
ပြီးမှ သူ့လက်ခုံပေါ်ကကြောင်ခြစ်ရာကိုမြင်ပြီး
ပြူးပြူးပြာပြာဖြစ်သွားလေသည်။

“ရားးးးဘယ်လိုဖြစ်တာတုန်း၊သွေးတွေတောင်ထွက်လို့”

ငါးပန်ကန်ကိုအောက်အချ၊ကြောင်ကလှမ်းအဆွဲနဲ့
သူ့လက်ခုံကိုကြောင်ခြစ်မိသွားခြင်းပင်။ခြစ်ရာကြီးကာ
သွေးစို့လာသည်။သူ့လက်ထဲက ပန်းကန်ကိုအောက်ချလိုက်တော့ သူကုတ်ထားတာမဟုတ်တဲ့အတိုင်း
ကြောင်ပေါက်ကလှည့်ပင်ကြည့်မလာ။

မီးခလုတ်ကိုအမြန်ပိတ်ကာဖြင့် အခန်းထဲဆေးဘူးပြေးယူရသည်။
ပြီးမှ လူဆိုးကောင်ကိုခုံမှာထိုင်စေကာ
ကြောင်ခြစ်ရာကိုပိုးသတ်ပြီး ဆေးလူးပေးရသည်။
စပ်နေမှာစိုး၍ လေတဖူးဖူးမှုတ်ပေးပြီးမော့ကြည့်လိုက်တော့
ပြုံးစိစိနှင့်သူ့ကိုငုံ့ကြည့်နေတဲ့လူဆိုးကောင်ကြောင့်
ခေါင်းအမြန်ပြန်ငုံ့လိုက်ရပြန်သည်။

“စပ်တယ်လား”

“ခင်ဗျားကောင်လေးက ဒီလောက်ဒဏ်ရာလေးကို
မမှုပေါင်”

“မင်းနော်”

ထိုစဥ် နွေရတုဖုန်းထံမှ messageဝင်သံကြားလိုက်ရသဖြင့်apronအိတ်ထဲမှ
ဖုန်းကိုထုတ်ကာယူကြည့်လိုက်တော့ စေရာ့ဆီမှပင်။

~~အားလားဟင် ရတု၊ငါတို့တွေ့ကြရအောင်~~

“ဘယ်သူ့ဆီကလဲ”

လူဆိုးကောင်ရဲ့ခပ်သြသြအသံကြားမှ ဖုန်းကို
အိတ်ထဲပြန်ထည့်ကာ ခေါင်းခါပြလိုက်ပြီး

“Mptက လျှောက်ပို့နေတာ”

“သေချာလား”

“အင်း…အင်း”

ကိုယ်တော်ချောစိတ်ကျေနပ်သွားအောင် ခေါင်းတဆတ်ဆတ်
ငြိမ့်ပြပြီးမှ သတိဝင်လာရသည်။နေပါဦး…အခုသူက
ကိုယ့်ဖုန်းကိုယ်ကြည့်လို့တောင် မရတော့ဘူးလား။

သို့သော်လည်း သူ့ခေါင်းကိုလာထိတဲ့ခံစားချက်ကြောင့်
ကြည့်လိုက်တော့ လူဆိုးကောင်ကပြုံးပြုံးကြီးနှင့်သူ့ခေါင်းက
ဆံပင်တွေကိုအသာဖွနေခြင်းပင်။

“ဘာလုပ်တာလဲ… မင်း!”

“ဒီလိုပဲ၊ခင်ဗျားချစ်စရာကောင်းလို့”

အကြည့်မလွှဲဘဲဆိုလာသူကြောင့် ရှက်စိတ်ဝင်ပြီး
ခေါင်းငုံ့သွားရသူကနွေရတုသာ။ခေါင်းပေါ်ကလူဆိုးကောင်
လက်တွေကိုတော့ ဖယ်ရှားခြင်းမပြုမိ။
သူသဘောကျတယ်လေ….။

အစာကုန်သွားတဲ့ကြောင်နှစ်ကောင်ကတော့
သခင်နှစ်ယောက်ကိုတစ်လှည့်စီကြည့်ကာ ဘယ်သူက
သူတို့ကိုအစာကျွေးမလဲ မော်ကြည့်နေကြလေပြန်သည်။

……………………….

ဆိုင်ထဲသို့ဝင်လာပြီး သူ့ကိုလိုက်ရှာနေတဲ့ရတုကြောင့်
သူလက်ယမ်းပြလိုက်တော့မှမြင်သွားကာ ပြုံးပြလာသည်။
ရတုရဲ့အမူအယာကြည့်ရတာ ခါတိုင်းလိုပင်။
မျက်နှာချင်းဆိုင်ကခုံမှာထိုင်လာပြီး
ရယ်ပြလာပြန်သည်။

ပြန်ပြီးမပြုံးပြနိုင်သူက စေရာမျိုးမြင့်ပင်။
တကယ်ဆိုသူက ရတုကိုဖွင့်ပြောထားတာမလား။
ရတုအနေနဲ့ သူ့ကိုပုံမှန်လိုဆက်ဆံနေတာက မဟုတ်သေး။

“ဘာသောက်မလဲ ရတု”

“တော်ပြီ စေရာ၊ဒါနဲ့ဘာပြောစရာရှိလို့လဲ”

ရတုပုံစံက သူနဲ့မြန်မြန်စကားပြောပြီး
ပြန်ဖို့လောနေပုံ။

“ဟို…ရတု၊ငါမင်းကိုဖွင့်ပြောထားတဲ့ဟာ…”

“အာ…မင်းငါ့ကိုချစ်ခွင့်ပန်ထားတဲ့ကိစ္စလား”

“အွန်း၊လိုရင်းပဲ ငါပြောတော့မယ် ရတု၊
မင်း ငါ့အပေါ်ဘယ်လိုခံစားရလဲ”

“မင်းက ငါ့အပေါ်အရမ်းကောင်းတယ် စေရာ၊
အနေအေးတဲ့ငါ့အတွက်တော့ မင်းကငါအတွယ်တာရဆုံး
သူငယ်ချင်းပဲ၊ငါ့အနေနဲ့ မင်းကိုခင်မင်ရဆုံးသူငယ်ချင်း
ဆက်ဆံရေးမှာပဲဆက်ထားချင်တယ် စေရာ”

“ဟက်!”

နွေရတုက နွေရတုပါပဲ။
အငြင်းစကားကိုတောင် တစ်ဖက်လှည့်နဲ့ဆိုသွားတယ်လေ။
ဝမ်းနည်းစိတ်၊ခံပြင်းစိတ်တွေကိုဖုံးကွယ်ဖို့ရာ
သူဟက်ခနဲရယ်မိသည်။

သူက တကယ်ပဲအမေပြောသလို အရှုံးသမားဖြစ်နေခဲ့ပြီလား??

…………………………

(တိုသွားမှန်းသိပါတယ်၊
အပ်ဒိတ်ကြာမှန်းလည်းသိပါတယ်၊
ဆိုပေမယ့် ကိုယ်စစ်ပြေးနေရလို့ ကိုယ့်အနေနဲ့ဒီလောက်ပဲ
တတ်နိုင်လို့ပါ)

Zawgyi

“ျပဴးေၾကာင္ေလးက စားခ်င္လွၿပီလား၊
ေနဦးေနာ္…ေဖေဖမအားေသးလို႔”

အိုးထဲကငါးကိုအေပၚေအာက္လွန္ရင္း တေညာင္ေညာင္ေအာ္ကာေတာင္းေနေသာေၾကာင္ေၾကာင့္
ေခါင္းငုံ႕ကာေျပာလိုက္သည္။စုတ္ဖြားေလးကေတာ့
ခုံမွာထိုင္ကာ ပ်င္းေၾကာဆန့္ေနေလသည္။

“ေညာင္~~ေညာင္~~ေညာင္”

“အိုက္ယားးးးဆာလွၿပီလားကြ”

ငါးနံ႕ရလို႔ထင္ ကိုယ္ေပၚခုန္တက္ကာျဖင့္
တေညာင္ေညာင္ေအာ္လာေသာကေလးေၾကာင့္
ေအာက္ျပဳတ္မက်ေအာင္ လက္နဲ႕ထိန္းထားလိုက္ရသည္။
တစ္ဖက္ကလည္း ငါးေၾကာ္ေနသျဖင့္
အလုပ္မတြင္ေပ။

“ေတာ္ဝင္ေယာက္်ား…ေတာ္ဝင္ေယာက္်ား!!
လာဦး”

တစ္ေယာက္တည္းထိန္းမနိုင္ေတာ့သျဖင့္
အခန္းထဲေအာင္းေနေသာလူဆိုးေကာင္ကို
အသံက်ယ္ျဖင့္လွမ္းေအာ္ေခၚရသည္။

“ခနေလးမေတြ႕ရေသးတာကို လြမ္းေနတယ္ေပါ့ေလ
ခင္ဗ်ား…”

မီးဖိုခန္းတံခါးကိုေက်ာမွီကာျဖင့္ ဆိုလာသူေၾကာင့္
မသိမသာမ်က္ေစာင္းထိုးမိသည္။သူမ်ားကခိုင္းမလို႔ဟာကို
လြမ္းတယ္ထင္ေနရင္ ေသေပါ့။

“ငါ့သားကို လာေခၚပါဦး”

ကိုယ္ေပၚကုပ္တြယ္ထားတုန္းျဖစ္တဲ့ကေလးကိုမ်က္စျပစ္ျပလိုက္ေတာ့ ေၾကာင္ကိုစူးစိုက္ၿပီးၾကည့္ေနသည္မွာ
ကေလးႀကီးအလား။ခပ္ျမန္ျမန္ပင္ သူ႕အနားေရာက္လာကာ
ခါးနားကုပ္တြယ္ေနတဲ့ေၾကာင္ကိုဆြဲေခၚသည္မွာ ဆတ္ခနဲ။

“အသာလုပ္ေလ၊လက္သည္းေလးေတြ နာသြားဦးမယ္”

“နာခ်င္နာေပါ့”

ခုနကတစ္ေကာင္တည္းအစာေတာင္းေနေပမယ့္
ဝါးသန္းေနတဲ့အေကာင္ကပါ ငါးနံ႕ရသြားၿပီး
တေညာင္ေညာင္ေအာ္လာသည္မွာ နားပင္ဂြမ္းဆို႔ထားရမည့္
ကိန္းေပါက္ေနၿပီ။

“ခင္ဗ်ားသားေတြကလည္း ဆူလိုက္တာ”

“ငါးတစ္ေကာင္စီ ေကြၽးပါ့လား၊
အရိုးထြင္ေပးဦးေနာ္”

“ခင္ဗ်ားသားဆိုေတာ့ က်ဳပ္သားေတြပဲမဟုတ္ဘူးလား”

စကားနဲ႕အသားယူတာလည္း လူဆိုးေကာင္ပါပဲ။
သူ႕စကားကို အဖက္လုပ္ၿပီးေျပာလိုက္ရင္ ဒီ့ထက္ပိုဆိုးလာ
မယ္ဆိုတာသိသျဖင့္ မသိခ်င္ေယာင္ေဆာင္ထားလိုက္ရသည္။

ေၾကာ္ၿပီးသားပန္းကန္ထဲကငါးေၾကာ္ႏွစ္ေကာင္ယူကာ
ပန္းကန္အလြတ္တစ္ခ်ပ္ထဲထည့္ၿပီး အရိုးႏႊင္ေနလိုက္သည္။
အလွေလးသားေတြကေတာ့ ဆူညံေနတုန္း။
အရိုးထြင္လို႔ၿပီးမွ အစာေကြၽးေလ့ရွိတဲ့ပန္းကန္ထဲကို
ထည့္ေပးဖို႔အလုပ္

“အာ့!”

“ဘာျဖစ္တာလဲ”

သူ႕အသံၾကားၿပီး အလွေလးကေတာ့လွည့္ၾကည့္လာသည္။
ၿပီးမွ သူ႕လက္ခုံေပၚကေၾကာင္ျခစ္ရာကိုျမင္ၿပီး
ျပဴးျပဴးျပာျပာျဖစ္သြားေလသည္။

“ရားးးးဘယ္လိုျဖစ္တာတုန္း၊ေသြးေတြေတာင္ထြက္လို႔”

ငါးပန္ကန္ကိုေအာက္အခ်၊ေၾကာင္ကလွမ္းအဆြဲနဲ႕
သူ႕လက္ခုံကိုေၾကာင္ျခစ္မိသြားျခင္းပင္။ျခစ္ရာႀကီးကာ
ေသြးစို႔လာသည္။သူ႕လက္ထဲက ပန္းကန္ကိုေအာက္ခ်လိဳက္ေတာ့ သူကုတ္ထားတာမဟုတ္တဲ့အတိုင္း
ေၾကာင္ေပါက္ကလွည့္ပင္ၾကည့္မလာ။

မီးခလုတ္ကိုအျမန္ပိတ္ကာျဖင့္ အခန္းထဲေဆးဘူးေျပးယူရသည္။
ၿပီးမွ လူဆိုးေကာင္ကိုခုံမွာထိုင္ေစကာ
ေၾကာင္ျခစ္ရာကိုပိုးသတ္ၿပီး ေဆးလူးေပးရသည္။
စပ္ေနမွာစိုး၍ ေလတဖူးဖူးမႈတ္ေပးၿပီးေမာ့ၾကည့္လိုက္ေတာ့
ၿပဳံးစိစိႏွင့္သူ႕ကိုငုံ႕ၾကည့္ေနတဲ့လူဆိုးေကာင္ေၾကာင့္
ေခါင္းအျမန္ျပန္ငုံ႕လိုက္ရျပန္သည္။

“စပ္တယ္လား”

“ခင္ဗ်ားေကာင္ေလးက ဒီေလာက္ဒဏ္ရာေလးကို
မမႈေပါင္”

“မင္းေနာ္”

ထိုစဥ္ ႏြေရတုဖုန္းထံမွ messageဝင္သံၾကားလိုက္ရသျဖင့္apronအိတ္ထဲမွ
ဖုန္းကိုထုတ္ကာယူၾကည့္လိုက္ေတာ့ ေစရာ့ဆီမွပင္။

~~အားလားဟင္ ရတု၊ငါတို႔ေတြ႕ၾကရေအာင္~~

“ဘယ္သူ႕ဆီကလဲ”

လူဆိုးေကာင္ရဲ႕ခပ္ၾသၾသအသံၾကားမွ ဖုန္းကို
အိတ္ထဲျပန္ထည့္ကာ ေခါင္းခါျပလိုက္ၿပီး

“Mptက ေလွ်ာက္ပို႔ေနတာ”

“ေသခ်ာလား”

“အင္း…အင္း”

ကိုယ္ေတာ္ေခ်ာစိတ္ေက်နပ္သြားေအာင္ ေခါင္းတဆတ္ဆတ္
ၿငိမ့္ျပၿပီးမွ သတိဝင္လာရသည္။ေနပါဦး…အခုသူက
ကိုယ့္ဖုန္းကိုယ္ၾကည့္လို႔ေတာင္ မရေတာ့ဘူးလား။

သို႔ေသာ္လည္း သူ႕ေခါင္းကိုလာထိတဲ့ခံစားခ်က္ေၾကာင့္
ၾကည့္လိုက္ေတာ့ လူဆိုးေကာင္ကၿပဳံးၿပဳံးႀကီးႏွင့္သူ႕ေခါင္းက
ဆံပင္ေတြကိုအသာဖြေနျခင္းပင္။

“ဘာလုပ္တာလဲ… မင္း!”

“ဒီလိုပဲ၊ခင္ဗ်ားခ်စ္စရာေကာင္းလို႔”

အၾကည့္မလႊဲဘဲဆိုလာသူေၾကာင့္ ရွက္စိတ္ဝင္ၿပီး
ေခါင္းငုံ႕သြားရသူကႏြေရတုသာ။ေခါင္းေပၚကလူဆိုးေကာင္
လက္ေတြကိုေတာ့ ဖယ္ရွားျခင္းမျပဳမိ။
သူသေဘာက်တယ္ေလ….။

အစာကုန္သြားတဲ့ေၾကာင္ႏွစ္ေကာင္ကေတာ့
သခင္ႏွစ္ေယာက္ကိုတစ္လွည့္စီၾကည့္ကာ ဘယ္သူက
သူတို႔ကိုအစာေကြၽးမလဲ ေမာ္ၾကည့္ေနၾကေလျပန္သည္။

……………………….

ဆိုင္ထဲသို႔ဝင္လာၿပီး သူ႕ကိုလိုက္ရွာေနတဲ့ရတုေၾကာင့္
သူလက္ယမ္းျပလိုက္ေတာ့မွျမင္သြားကာ ၿပဳံးျပလာသည္။
ရတုရဲ႕အမူအယာၾကည့္ရတာ ခါတိုင္းလိုပင္။
မ်က္ႏွာခ်င္းဆိုင္ကခုံမွာထိုင္လာၿပီး
ရယ္ျပလာျပန္သည္။

ျပန္ၿပီးမၿပဳံးျပနိုင္သူက ေစရာမ်ိဳးျမင့္ပင္။
တကယ္ဆိုသူက ရတုကိုဖြင့္ေျပာထားတာမလား။
ရတုအေနနဲ႕ သူ႕ကိုပုံမွန္လိုဆက္ဆံေနတာက မဟုတ္ေသး။

“ဘာေသာက္မလဲ ရတု”

“ေတာ္ၿပီ ေစရာ၊ဒါနဲ႕ဘာေျပာစရာရွိလို႔လဲ”

ရတုပုံစံက သူနဲ႕ျမန္ျမန္စကားေျပာၿပီး
ျပန္ဖို႔ေလာေနပုံ။

“ဟို…ရတု၊ငါမင္းကိုဖြင့္ေျပာထားတဲ့ဟာ…”

“အာ…မင္းငါ့ကိုခ်စ္ခြင့္ပန္ထားတဲ့ကိစ္စလား”

“အြန္း၊လိုရင္းပဲ ငါေျပာေတာ့မယ္ ရတု၊
မင္း ငါ့အေပၚဘယ္လိုခံစားရလဲ”

“မင္းက ငါ့အေပၚအရမ္းေကာင္းတယ္ ေစရာ၊
အေနေအးတဲ့ငါ့အတြက္ေတာ့ မင္းကငါအတြယ္တာရဆုံး
သူငယ္ခ်င္းပဲ၊ငါ့အေနနဲ႕ မင္းကိုခင္မင္ရဆုံးသူငယ္ခ်င္း
ဆက္ဆံေရးမွာပဲဆက္ထားခ်င္တယ္ ေစရာ”

“ဟက္!”

ႏြေရတုက ႏြေရတုပါပဲ။
အျငင္းစကားကိုေတာင္ တစ္ဖက္လွည့္နဲ႕ဆိုသြားတယ္ေလ။
ဝမ္းနည္းစိတ္၊ခံျပင္းစိတ္ေတြကိုဖုံးကြယ္ဖို႔ရာ
သူဟက္ခနဲရယ္မိသည္။

သူက တကယ္ပဲအေမေျပာသလို အရႈံးသမားျဖစ္ေနခဲ့ၿပီလား??

…………………………

(တိုသြားမွန္းသိပါတယ္၊
အပ္ဒိတ္ၾကာမွန္းလည္းသိပါတယ္၊
ဆိုေပမယ့္ ကိုယ္စစ္ေျပးေနရလို႔ ကိုယ့္အေနနဲ႕ဒီေလာက္ပဲ
တတ္နိုင္လို႔ပါ)

Tags: read novel Royal Husband 27, novel Royal Husband 27, read Royal Husband 27 online, Royal Husband 27 chapter, Royal Husband 27 high quality, Royal Husband 27 light novel, ,

Comment

Leave a Reply

Chapter 28