Royal Husband 32

All chapters are in Royal Husband
A+ A-

I’d climb every mountain~~
တောင်တွေကို ကျော်ဖြတ်နိုင်ပါတယ်……

Swim every ocean~~
ပင်လယ်တွေလည်း ကူးနိုင်ပါတယ်…..

Just to be with you~~
မင်းသာ ငါနဲ့အတူရှိမယ်ဆိုရင်ပေါ့…..

Recommend song:::You Are The Reason

…………………….

“ဘာလို့လဲ…ဘာလို့ဒယ်ဒီက ဒီလိုလုပ်ရက်တာလဲ!!”

ဘယ်လိုပဲ သူနဲ့ဒယ်ဒီကဆက်ဆံရေးမကောင်းဘူးပဲဆိုဆို
သားအဖတွေပဲမဟုတ်လား။လုပ်ရက်လိုက်တာဆိုတဲ့အတွေး
က သူ့စိတ်ကိုသတ်သည်။

“မင်းက ငါ့သွေးသားဖြစ်နေလို့၊
မင်းမရှက်ဘူးလား…တော်ဝင်ယောက်ျားကgayပါလို့
သူများတွေပြောလာမှာကို၊ငါကတော့ ရှင်းရှင်းပဲ
မင်းကိုသူများတွေ gayလို့ပြောမှာကို
ငါမကြိုက်သလို ငါကိုယ်တိုင်လည်း gayတစ်ယောက်ရဲ့
အဖေမဖြစ်ချင်ဘူး”

“ဇာနည်တော်ဝင်!!!”

“ကိုကြီး”

ဦးဇာနည်ရဲ့ရင့်ရင်းသီးသီးစကားတွေကြောင့်
ဦးမင်းတော်ဝင်နဲ့ဒေါ်မြတ်ပန်းတော်ဝင်က ဟန့်တားရန်
ပြင်လိုက်ပေမယ့်

“ကျွန်တော်နဲ့Royalရဲ့စကားဝိုင်းမို့
ကျန်တဲ့သူတွေ တိတ်တိတ်လေးနေပေးနိုင်မလား”

တင်းမာနေတဲ့အခြေအနေကြောင့် နိုဘယ်တော်ဝင်က ကလေးပီပီကြောက်ရွံ့စွာ နန်းထိုက်တော်ဝင်ကို
ဖက်တွယ်ထားလေသည်။သူယောင်မယ်ကလည်း
ဒေါ်မိုးကလျာဘေးမှာ ငြိမ်ကုပ်လျက်…..။

“ငါမင်းကိုအခွင့်အရေးပေးခဲ့သားပဲ၊
အစကတည်းက မင်း မယ့်ကိုလက်ထပ်လိုက်ရင်
ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး”

“ဟက်”

သူ့စကားကို သားဖြစ်သူကခပ်ဟဟရယ်သံနဲ့
တုန့်ပြန်လာသဖြင့် ဒေါသထွက်လာရသည်။

“အချိန်တွေနောက်ပြန်ရစ်လို့ရမယ်ဆိုရင်တောင်
ကျွန်တော်က နွေရတုကိုပဲရွေးချယ်ခဲ့မယ်ဆိုရင်ရော”

“ဒီ့ထက်ဆိုးတဲ့ကိစ္စတွေ ဖြစ်လာမှာပေါ့”

“ကြည့်ရတာ ဦးဇာနည်တော်ဝင်က
ကျုပ်ကို ကိုယ့်ချစ်သူကိုတောင်မကာကွယ်နိုင်တဲ့
ငချွတ်လေးတစ်ယောက်လို့ ထင်နေပုံပဲ”

“မင်း ငါ့ကိုဘယ်လိုခေါ်လိုက်တာလဲ
တော်ဝင်ယောက်ျား!!”

“ထပ်ကြားချင်နေပုံပဲ”

သူပြောင်းခေါ်လိုက်သော အခေါ်အဝေါ်ကြောင့်
လက်သီးတွေတင်းတင်းဆုပ်ကာ ဒေါသထွက်နေသူအား
စေ့စေ့ကြည့်ကာ

“ဦး ဇာ နည် တော် ဝင်”

တစ်လုံးချင်းပီပီသသရွတ်ပြလိုက်သည်။

“တော်ဝင်ယောက်ျား! မင်း!”

“ခွပ်”

ပြင်းထန်တဲ့ထိုးချက်ကြောင့် သူ့မျက်နှာလည်ထွက်သွားရ
သည်။လက်တစ်ဖက်နဲ့ နှုတ်ခမ်းဘေးကိုစမ်းကြည့်လိုက်တော့
ကပ်ပါလာတဲ့ သွေးစအချို့။

“ဇာနည်တော်ဝင် မင်းငါ့မြေးကိုဘယ်လိုလုပ်လိုက်တာလဲ”

“ရတယ် အဘိုး၊ကျွန်တော်ဘာမှမဖြစ်ဘူး”

သူ့ကိုစိတ်ပူပြီး လှေကားရင်းကနေဆင်းလာမလိုလုပ်နေသော
အဘိုးအား သူတားလိုက်သည်။

“တစ်ချက်ထဲနဲ့အားမရသေးရင် ထပ်ထိုးဦးမလား၊
စိတ်ကြိုက်ထိုးပြီးရင်ကျုပ်ကို သားအဖြစ်ကနေ
စွန့်လွှတ်လိုက်တော့!!”

“တော်ဝင်ယောက်ျား!!ငါ မင်းအဖေဆိုတာ
သိသေးရဲ့လား၊ဘာမဆိုင်တဲ့ယောက်ျားတစ်ယောက်ကြောင့်
မင်းက ဒီအဖေကိုစွန့်လွှတ်ခိုင်းနေပြီပေါ့”

“မဆိုင်တဲ့သူကို ဘာလို့ဆွဲထည့်နေရတာလဲ၊
ဟုတ်တယ်…ခင်ဗျားက ကျုပ်အဖေ၊
ဘယ်လိုအဖေလဲဆိုတာရော ပြောပြရဦးမလား၊
သားတစ်ယောက်ရှေ့မှာ ကိုယ့်မိန်းမကိုရိုက်နှက်တတ်တဲ့အဖေ
သားမွေးနေ့မှာ မယားနဲ့သားကိုပစ်ပြီး
အခြားမိန်းမနဲ့ဖောက်ပြန်တတ်တဲ့အဖေ၊
ကျုပ်အမေက ခင်ဗျားဖောက်ပြန်တာကိုသိပြီး
ဝမ်းနည်းပက်လက်ကားမောင်းရင်း accidentဖြစ်ပြီး
ဆုံးတာ၊ကျုပ်ဘာကြောင့် ကားစီးကြောက်တာလဲ…
ခင်ဗျားကြောင့်လေ….ကျုပ်အမေက ကျုပ်ကိုရင်ခွင်အောက်
ပို့လိုက်လို့သာ ကျုပ်အသက်ရှင်တာ၊
ကျုပ်အမေ အသက်ငင်နေချိန်မှာတောင် ခင်ဗျား
ရောက်လာရဲ့လား…အမေ့ရက်လည်မှာ နောက်မိန်းမလက်
ဆွဲပြီး အိမ်ပေါ်တက်လာတာဘယ်သူလဲ…ခင်ဗျားလေ..
နောက်ဆုံး ကျုပ်ရဲ့ချစ်သူကို ယုတ်မာတဲ့နည်းလမ်းနဲ့
အပုတ်ချတာဘယ်သူလဲ…ဦးဇာနည်တော်ဝင်ဆိုတဲ့
ကျုပ်ရဲ့အဖေလေ….အခုခင်ဗျားကဘယ်လိုအဖေလဲ
ဆိုတာ ကိုယ်တိုင်သိပြီလား!”

နှစ်ပေါင်းများစွာမြိုသိပ်ခဲ့သမျှ ဖွင့်ဟလိုက်ရသော်လည်း
ဝမ်းနည်းစိတ်တွေကြောင့် သူ့အရှေ့ကမြင်ကွင်းက
မှုန်ဝါးဝါးနှင့်။ကြည့်ရတာ သူ့မျက်လုံးထဲ အရည်ကြည်တွေ
ရစ်ဝိုင်းနေပြီထင်။

“သား…ဒယ်..ဒီ”

သူဘယ်လောက်ထိတောင်ဆိုးရွှားတဲ့ကိစ္စတွေလုပ်ခဲ့မိတာလဲ။
သားဖြစ်သူရဲ့ချက်ကျလက်ကျအပြောတွေအောက်မှာ
ဦးဇာနည်တော်ဝင်မည်သို့မျှစကားမဆိုနိုင်။

သူ့ကိုယ်သူ ဒယ်ဒီလို့သုံးဖို့ပင် ကိုယ်တိုင်မနှစ်မြို့ချင်တော့။
တကယ်ပဲ သူဟာဘယ်လိုအဖေဖြစ်နေပြီလဲဆိုတာ
ကိုယ်တိုင်ပင် မတွေးတတ်တော့ချေ။သို့မဟုတ်…အသုံးမကျတဲ့အဖေဆိုတဲ့ဂုဏ်ပုဒ်ယူဖို့ပင်
မထိုက်တန်။

“ခင်ဗျားက နောက်မိန်းမနဲ့ပျော်မြူးနေတဲ့အချိန်
ကျုပ်အမေကတော့ အခန်းထောင့်မှာငိုကျွေးရင်း
ခံစားနေရတာတွေကို ကျုပ်မျက်လုံးနှစ်လုံးနဲ့မြင်ခဲ့ရတာ”

Royalစကားတွေကြောင့် ကြည့်နေကြတဲ့ယောက်ျားသားတွေပင်
မျက်ရည်လည်ရသည်။မိန်းမသားတွေကတော့
စိတ်မထိန်းနိုင်စွာ မျက်ရည်ကျသည်။
ကလေးငယ်ငယ်လေးက ဘယ်လောက်တောင်ခံစားခဲ့ရမလဲ။

ဒေါ်မိုးကလျာလည်း ရှက်စိတ်၊သနားစိတ်တွေကြောင့်
မျက်ရည်ကျသည်။သူမဘယ်လိုတောင် လူမဆန်တဲ့
လုပ်ရပ်တွေလုပ်ခဲ့ပါလိမ့်၊ထိုအချိန်က သူမ ကလေးနှစ်ယောက်နဲ့ရုန်းကန်နေရချိန် အလွယ်လမ်းလိုက်ခဲ့
သဖြင့် ခုလိုတွေဖြစ်လာခြင်းသာ။ထို့အတွက်
သူမ နောင်တအကြီးအကျယ်ရမိသည်။

“ဟုတ်တယ်…ကျုပ်က gayတစ်ယောက်၊
ဆိုပေမယ့် ထိုနာမ်စားအတွက်ကျုပ်မရှက်ဘူး၊
အိမ်ထောင်ရှိတဲ့လူတစ်ယောက်နဲ့မှားယွင်းနေတာမဟုတ်သလို
ကျုပ်ကိုင်တိုင်လည်း ကိုယ့်မှာအိမ်ထောင်ရှိလျက်
ဖောက်ပြန်တာမဟုတ်လို့”

“သား..Royal. .အန်တီတောင်းပန်…”

“မတောင်းပန်နဲ့!”

“ဒူးထောက်တောင်းပန်ရင်တောင် ကျုပ်ကခွင့်လွှတ်မှာ
မဟုတ်လို့ တစ်ယောက်မှမတောင်းပန်ပါနဲ့”

ဒေါ်မိုးကလျာကိုကြည့်ကာဆိုလိုက်သော်ငြား
ထိုစကားက ဦးဇာနည်တော်ဝင်အပေါ်ပါသက်ရောက်
တယ်ဆိုတာ အကုန်လုံးနားလည်ကြသည်။

“အဘိုးကတော့ ကျွန်တော်gayတစ်ယောက်ဆိုတာ
လက်ခံနိုင်တယ်မလား”

ဦးမင်းတော်ဝင်က ခေါင်းတဆတ်ဆတ်ငြိမ့်ပြကာ

“နွေရတုကိုတစ်သက်လုံးလက်တွဲသွားနိုင်မယ်ဆိုတာ
သေချာသလား ငါ့မြေး”

“ကျွန်တော့်အသက်နဲ့ကျိန်ဆိုရဲတယ် အဘိုး”

“ဒါဆို ဒီအဘိုးက လက်မခံစရာဘာအကြောင်းရှိလဲ၊
အခုပဲ စေ့စပ်ပွဲကအတုအယောင်ဖြစ်ပြီး
တော်ဝင်ယောက်ျားချစ်သူက နွေရတုဆိုတာ
သတင်းထုတ်ပြန်လိုက်မယ်”

ကျန်တဲ့လူတွေကို လျစ်လျူရှုကာ
အဘိုးကိုသာ ပြန်တော့မယ်ဆိုကာ
ကျောခိုင်းပစ်လိုက်သည်။

“သား”

ခေါ်သံကြောင့် သူ့ခြေလှမ်းတွေရပ်ပစ်လိုက်သည်။
သို့သော် နောက်လှည့်မကြည့်မိ။

“ဒယ်ဒီ တောင်းပန်ပါတယ်”

မရတော့ဘူး…ဝမ်းနည်းနေတဲ့သူ့ကို
ဖြေသိမ့်ပေးနိုင်ဖို့ သူအခုကိုကို့ကို လိုအပ်တယ်~~

…………………….

လက်ချောင်းတွေကို ဂဏှာမငြိမ်စွာလိမ်ဖယ်နေတဲ့
ကိုကို့ကြည့်ကာ သော်တာလည်းစိတ်မချမ်းသာ။
ဘယ်လိုပဲ တစ်ဝမ်းကွဲဆိုဆို ငယ်ကတည်းကအရင်းတွေနဲ့
မခြားနေခဲ့သူမို့။

“ကိုကို အရမ်းကြီးလည်းစိတ်ထဲထားမနေပါနဲ့၊
ကိုကို့လူဆိုးကောင်ကဖြေရှင်းနိုင်လိမ့်မယ်ဆိုတာ
သော်တာယုံတယ်”

နွေရတုက သော်တာ့စကားကိုထောက်ခံကြောင်း
ခေါင်းတဆတ်ဆတ်ငြိမ့်ပြသည်။ထိုစဥ် ခြံပြင်မှ
ဆိုင်ကယ်ထိုးရပ်သံကြားလိုက်ရသဖြင့်
သော်တာနဲ့သူ တစ်ယောက်နဲ့တစ်ယောက်ကြည့်ကာ
နွေရတုကအရင်ထိုင်ခုံမှထကာ အိမ်ပြင်သို့ပြေးထွက်သွား
လေသည်။

“ကိုကို!!”

လူဆိုးကောင်ရဲ့အသံသြသြနဲ့အတူ သူ့ကိုယ်က
တင်းတင်းကြပ်ကြပ်ပွေ့ဖက်ခံလိုက်ရသဖြင့် အလိုက်တသိ
သူလည်းပဲ ကျောပြင်ကျယ်ကြီးကို ပွတ်သပ်ပေးမိသည်။

“ကိုကို သော်တာပြန်တော့မယ်”

သော်တာက ခုအခြေအနေကိုအလိုက်သိစွာ
ပြန်မည်ဆိုလာသဖြင့် နွေရတုခေါင်းငြိမ့်ပြလိုက်သည်။
လူဆိုးကောင်ကတော့ သူ့ရင်ခွင်သေးသေးလေးထဲ
ခေါင်းဝှက်ထားလေသည်။

အတန်ကြာမှ လူဆိုးကောင်ကသူ့ရင်ခွင်ထဲကထွက်ကာ
သူ့ကိုကျောပေးပြီး

“အထဲဝင်ရအောင် ကိုကို”

“ငါသိတယ်”

သူ့စကားကြောင့် လူဆိုးကောင်ကသူ့ကိုလှည့်ကြည့်လိုက်သည်။
မြင်လိုက်ရတဲ့ပုံစံကြောင့် သူ့ရင်ဆို့နစ်သွားသည်။
လူဆိုးကောင်ကမျက်လုံးတွေနီရဲနေအောင် ငိုထားပုံရသည်။
နှုတ်ခမ်းဘေးမှာလည်း ဒဏ်ရာနဲ့….

“ဘာကိုလဲ”

“ခုဖြစ်နေတဲ့ကိစ္စတွေ ငါသိတယ် “

“ကိုကို”

လူဆိုးကောင်ရဲ့ရင်ခွင်ကျယ်ကြီးကို သူတိုးဖက်လိုက်ပြီး
မော့ကြည့်ကာ

“စမြင်ကာစကတော့ ငါစိတ်ထိခိုက်တယ်၊
နေထိုင်လာတဲ့နှစ်သုံးဆယ်နီးပါးမှာ တစ်ခါမှ
ဒီလောက်ထိအများကပုတ်ခတ်ပြောဆိုတာ မခံရဘူးတော့၊
ဒါမယ့် ဒီလိုအခြေအမြစ်မရှိတဲ့စကားတွေကို
လိုက်ခံစားနေရအောင် ငါကဆယ်ကျော်သက်ကလေးလည်း
မဟုတ်တော့ဘူး၊ပြီးတော့ ငါချစ်တာသူတို့တွေမှ
မဟုတ်တာ၊ငါချစ်တာ တော်ဝင်ယောက်ျားကိုလေ”

“ကိုကို…ခင်ဗျားဗျာ”

“မင်းသာ ငါနဲ့အတူရှိမယ်ဆိုရင်
ဘယ်အရာမဆို ငါရင်ဆိုင်နိုင်တယ် My husband”

“ကိုကိုကဗျာ”

~~I’d climb every mountain. ..
တောင်တန်းတွေကို ကျော်ဖြတ်နိုင်ပါတယ်…

~~Swim every ocean. …
ပင်လယ်တွေလည်း ကူးနိုင်တယ်…

~~Just to be with you. ..
မင်းသာ ငါနဲ့အတူရှိမယ်ဆိုရင်ပေါ့…..

…………………………

(အားးးးးကိုကိုရတုက My husbandတဲ့😭)

Zawgyi

I’d climb every mountain~~
ေတာင္ေတြကို ေက်ာ္ျဖတ္နိုင္ပါတယ္……

Swim every ocean~~
ပင္လယ္ေတြလည္း ကူးနိုင္ပါတယ္…..

Just to be with you~~
မင္းသာ ငါနဲ႕အတူရွိမယ္ဆိုရင္ေပါ့…..

Recommend song:::You Are The Reason

…………………….

“ဘာလို႔လဲ…ဘာလို႔ဒယ္ဒီက ဒီလိုလုပ္ရက္တာလဲ!!”

ဘယ္လိုပဲ သူနဲ႕ဒယ္ဒီကဆက္ဆံေရးမေကာင္းဘူးပဲဆိုဆို
သားအဖေတြပဲမဟုတ္လား။လုပ္ရက္လိုက္တာဆိုတဲ့အေတြး
က သူ႕စိတ္ကိုသတ္သည္။

“မင္းက ငါ့ေသြးသားျဖစ္ေနလို႔၊
မင္းမရွက္ဘူးလား…ေတာ္ဝင္ေယာက္်ားကgayပါလို႔
သူမ်ားေတြေျပာလာမွာကို၊ငါကေတာ့ ရွင္းရွင္းပဲ
မင္းကိုသူမ်ားေတြ gayလို႔ေျပာမွာကို
ငါမႀကိဳက္သလို ငါကိုယ္တိုင္လည္း gayတစ္ေယာက္ရဲ႕
အေဖမျဖစ္ခ်င္ဘူး”

“ဇာနည္ေတာ္ဝင္!!!”

“ကိုႀကီး”

ဦးဇာနည္ရဲ႕ရင့္ရင္းသီးသီးစကားေတြေၾကာင့္
ဦးမင္းေတာ္ဝင္နဲ႕ေဒၚျမတ္ပန္းေတာ္ဝင္က ဟန့္တားရန္
ျပင္လိုက္ေပမယ့္

“ကြၽန္ေတာ္နဲ႕Royalရဲ႕စကားဝိုင္းမို႔
က်န္တဲ့သူေတြ တိတ္တိတ္ေလးေနေပးနိုင္မလား”

တင္းမာေနတဲ့အေျခအေနေၾကာင့္ နိုဘယ္ေတာ္ဝင္က ကေလးပီပီေၾကာက္႐ြံ႕စြာ နန္းထိုက္ေတာ္ဝင္ကို
ဖက္တြယ္ထားေလသည္။သူေယာင္မယ္ကလည္း
ေဒၚမိုးကလ်ာေဘးမွာ ၿငိမ္ကုပ္လ်က္…..။

“ငါမင္းကိုအခြင့္အေရးေပးခဲ့သားပဲ၊
အစကတည္းက မင္း မယ့္ကိုလက္ထပ္လိုက္ရင္
ဒီလိုေတြျဖစ္လာမွာမဟုတ္ဘူး”

“ဟက္”

သူ႕စကားကို သားျဖစ္သူကခပ္ဟဟရယ္သံနဲ႕
တုန့္ျပန္လာသျဖင့္ ေဒါသထြက္လာရသည္။

“အခ်ိန္ေတြေနာက္ျပန္ရစ္လို႔ရမယ္ဆိုရင္ေတာင္
ကြၽန္ေတာ္က ႏြေရတုကိုပဲေ႐ြးခ်ယ္ခဲ့မယ္ဆိုရင္ေရာ”

“ဒီ့ထက္ဆိုးတဲ့ကိစ္စေတြ ျဖစ္လာမွာေပါ့”

“ၾကည့္ရတာ ဦးဇာနည္ေတာ္ဝင္က
က်ဳပ္ကို ကိုယ့္ခ်စ္သူကိုေတာင္မကာကြယ္နိုင္တဲ့
ငခြၽတ္ေလးတစ္ေယာက္လို႔ ထင္ေနပုံပဲ”

“မင္း ငါ့ကိုဘယ္လိုေခၚလိုက္တာလဲ
ေတာ္ဝင္ေယာက္်ား!!”

“ထပ္ၾကားခ်င္ေနပုံပဲ”

သူေျပာင္းေခၚလိုက္ေသာ အေခၚအေဝၚေၾကာင့္
လက္သီးေတြတင္းတင္းဆုပ္ကာ ေဒါသထြက္ေနသူအား
ေစ့ေစ့ၾကည့္ကာ

“ဦး ဇာ နည္ ေတာ္ ဝင္”

တစ္လုံးခ်င္းပီပီသသ႐ြတ္ျပလိုက္သည္။

“ေတာ္ဝင္ေယာက္်ား! မင္း!”

“ခြပ္”

ျပင္းထန္တဲ့ထိုးခ်က္ေၾကာင့္ သူ႕မ်က္ႏွာလည္ထြက္သြားရ
သည္။လက္တစ္ဖက္နဲ႕ ႏႈတ္ခမ္းေဘးကိုစမ္းၾကည့္လိုက္ေတာ့
ကပ္ပါလာတဲ့ ေသြးစအခ်ိဳ႕။

“ဇာနည္ေတာ္ဝင္ မင္းငါ့ေျမးကိုဘယ္လိုလုပ္လိုက္တာလဲ”

“ရတယ္ အဘိုး၊ကြၽန္ေတာ္ဘာမွမျဖစ္ဘူး”

သူ႕ကိုစိတ္ပူၿပီး ေလွကားရင္းကေနဆင္းလာမလိုလုပ္ေနေသာ
အဘိုးအား သူတားလိုက္သည္။

“တစ္ခ်က္ထဲနဲ႕အားမရေသးရင္ ထပ္ထိုးဦးမလား၊
စိတ္ႀကိဳက္ထိုးၿပီးရင္က်ဳပ္ကို သားအျဖစ္ကေန
စြန့္လႊတ္လိုက္ေတာ့!!”

“ေတာ္ဝင္ေယာက္်ား!!ငါ မင္းအေဖဆိုတာ
သိေသးရဲ႕လား၊ဘာမဆိုင္တဲ့ေယာက္်ားတစ္ေယာက္ေၾကာင့္
မင္းက ဒီအေဖကိုစြန့္လႊတ္ခိုင္းေနၿပီေပါ့”

“မဆိုင္တဲ့သူကို ဘာလို႔ဆြဲထည့္ေနရတာလဲ၊
ဟုတ္တယ္…ခင္ဗ်ားက က်ဳပ္အေဖ၊
ဘယ္လိုအေဖလဲဆိုတာေရာ ေျပာျပရဦးမလား၊
သားတစ္ေယာက္ေရွ႕မွာ ကိုယ့္မိန္းမကိုရိုက္ႏွက္တတ္တဲ့အေဖ
သားေမြးေန႕မွာ မယားနဲ႕သားကိုပစ္ၿပီး
အျခားမိန္းမနဲ႕ေဖာက္ျပန္တတ္တဲ့အေဖ၊
က်ဳပ္အေမက ခင္ဗ်ားေဖာက္ျပန္တာကိုသိၿပီး
ဝမ္းနည္းပက္လက္ကားေမာင္းရင္း accidentျဖစ္ၿပီး
ဆုံးတာ၊က်ဳပ္ဘာေၾကာင့္ ကားစီးေၾကာက္တာလဲ…
ခင္ဗ်ားေၾကာင့္ေလ….က်ဳပ္အေမက က်ဳပ္ကိုရင္ခြင္ေအာက္
ပို႔လိုက္လို႔သာ က်ဳပ္အသက္ရွင္တာ၊
က်ဳပ္အေမ အသက္ငင္ေနခ်ိန္မွာေတာင္ ခင္ဗ်ား
ေရာက္လာရဲ႕လား…အေမ့ရက္လည္မွာ ေနာက္မိန္းမလက္
ဆြဲၿပီး အိမ္ေပၚတက္လာတာဘယ္သူလဲ…ခင္ဗ်ားေလ..
ေနာက္ဆုံး က်ဳပ္ရဲ႕ခ်စ္သူကို ယုတ္မာတဲ့နည္းလမ္းနဲ႕
အပုတ္ခ်တာဘယ္သူလဲ…ဦးဇာနည္ေတာ္ဝင္ဆိုတဲ့
က်ဳပ္ရဲ႕အေဖေလ….အခုခင္ဗ်ားကဘယ္လိုအေဖလဲ
ဆိုတာ ကိုယ္တိုင္သိၿပီလား!”

ႏွစ္ေပါင္းမ်ားစြာၿမိဳသိပ္ခဲ့သမွ် ဖြင့္ဟလိုက္ရေသာ္လည္း
ဝမ္းနည္းစိတ္ေတြေၾကာင့္ သူ႕အေရွ႕ကျမင္ကြင္းက
မႈန္ဝါးဝါးႏွင့္။ၾကည့္ရတာ သူ႕မ်က္လုံးထဲ အရည္ၾကည္ေတြ
ရစ္ဝိုင္းေနၿပီထင္။

“သား…ဒယ္..ဒီ”

သူ႕ကိုယ္သူ ဒယ္ဒီလို႔သုံးဖို႔ပင္ ကိုယ္တိုင္မႏွစ္ၿမိဳ႕ခ်င္ေတာ့။
တကယ္ပဲ သူဟာဘယ္လိုအေဖျဖစ္ေနၿပီလဲဆိုတာ
ကိုယ္တိုင္ပင္ မေတြးတတ္ေတာ့ေခ်။သို႔မဟုတ္…အသုံးမက်တဲ့အေဖဆိုတဲ့ဂုဏ္ပုဒ္ယူဖို႔ပင္
မထိုက္တန္။

“ခင္ဗ်ားက ေနာက္မိန္းမနဲ႕ေပ်ာ္ျမဴးေနတဲ့အခ်ိန္
က်ဳပ္အေမကေတာ့ အခန္းေထာင့္မွာငိုေကြၽးရင္း
ခံစားေနရတာေတြကို က်ဳပ္မ်က္လုံးႏွစ္လုံးနဲ႕ျမင္ခဲ့ရတာ”

Royalစကားေတြေၾကာင့္ ၾကည့္ေနၾကတဲ့ေယာက္်ားသားေတြပင္
မ်က္ရည္လည္ရသည္။မိန္းမသားေတြကေတာ့
စိတ္မထိန္းနိုင္စြာ မ်က္ရည္က်သည္။
ကေလးငယ္ငယ္ေလးက ဘယ္ေလာက္ေတာင္ခံစားခဲ့ရမလဲ။

ေဒၚမိုးကလ်ာလည္း ရွက္စိတ္၊သနားစိတ္ေတြေၾကာင့္
မ်က္ရည္က်သည္။သူမဘယ္လိုေတာင္ လူမဆန္တဲ့
လုပ္ရပ္ေတြလုပ္ခဲ့ပါလိမ့္၊ထိုအခ်ိန္က သူမ ကေလးႏွစ္ေယာက္နဲ႕႐ုန္းကန္ေနရခ်ိန္ အလြယ္လမ္းလိုက္ခဲ့
သျဖင့္ ခုလိုေတြျဖစ္လာျခင္းသာ။ထို႔အတြက္
သူမ ေနာင္တအႀကီးအက်ယ္ရမိသည္။

“ဟုတ္တယ္…က်ဳပ္က gayတစ္ေယာက္၊
ဆိုေပမယ့္ ထိုနာမ္စားအတြက္က်ဳပ္မရွက္ဘူး၊
အိမ္ေထာင္ရွိတဲ့လူတစ္ေယာက္နဲ႕မွားယြင္းေနတာမဟုတ္သလို
က်ဳပ္ကိုင္တိုင္လည္း ကိုယ့္မွာအိမ္ေထာင္ရွိလ်က္
ေဖာက္ျပန္တာမဟုတ္လို႔”

“သား..Royal. .အန္တီေတာင္းပန္…”

“မေတာင္းပန္နဲ႕!”

“ဒူးေထာက္ေတာင္းပန္ရင္ေတာင္ က်ဳပ္ကခြင့္လႊတ္မွာ
မဟုတ္လို႔ တစ္ေယာက္မွမေတာင္းပန္ပါနဲ႕”

ေဒၚမိုးကလ်ာကိုၾကည့္ကာဆိုလိုက္ေသာ္ျငား
ထိုစကားက ဦးဇာနည္ေတာ္ဝင္အေပၚပါသက္ေရာက္
တယ္ဆိုတာ အကုန္လုံးနားလည္ၾကသည္။

“အဘိုးကေတာ့ ကြၽန္ေတာ္gayတစ္ေယာက္ဆိုတာ
လက္ခံနိုင္တယ္မလား”

ဦးမင္းေတာ္ဝင္က ေခါင္းတဆတ္ဆတ္ၿငိမ့္ျပကာ

“ႏြေရတုကိုတစ္သက္လုံးလက္တြဲသြားနိုင္မယ္ဆိုတာ
ေသခ်ာသလား ငါ့ေျမး”

“ကြၽန္ေတာ့္အသက္နဲ႕က်ိန္ဆိုရဲတယ္ အဘိုး”

“ဒါဆို ဒီအဘိုးက လက္မခံစရာဘာအေၾကာင္းရွိလဲ၊
အခုပဲ ေစ့စပ္ပြဲအတုအေယာင္ျဖစ္ၿပီး
ေတာ္ဝင္ေယာက္်ားခ်စ္သူက ႏြေရတုဆိုတာ
သတင္းထုတ္ျပန္လိုက္မယ္”

က်န္တဲ့လူေတြကို လ်စ္လ်ဴရႈကာ
အဘိုးကိုသာ ျပန္ေတာ့မယ္ဆိုကာ
ေက်ာခိုင္းပစ္လိုက္သည္။

“သား”

ေခၚသံေၾကာင့္ သူ႕ေျခလွမ္းေတြရပ္ပစ္လိုက္သည္။
သို႔ေသာ္ ေနာက္လွည့္မၾကည့္မိ။

“ဒယ္ဒီ ေတာင္းပန္ပါတယ္”

မရေတာ့ဘူး…ဝမ္းနည္းေနတဲ့သူ႕ကို
ေျဖသိမ့္ေပးနိုင္ဖို႔ သူအခုကိုကို႔ကို လိုအပ္တယ္~~

…………………….

လက္ေခ်ာင္းေတြကို ဂဏွာမၿငိမ္စြာလိမ္ဖယ္ေနတဲ့
ကိုကို႔ၾကည့္ကာ ေသာ္တာလည္းစိတ္မခ်မ္းသာ။
ဘယ္လိုပဲ တစ္ဝမ္းကြဲဆိုဆို ငယ္ကတည္းကအရင္းေတြနဲ႕
မျခားေနခဲ့သူမို႔။

“ကိုကို အရမ္းႀကီးလည္းစိတ္ထဲထားမေနပါနဲ႕၊
ကိုကို႔လူဆိုးေကာင္ကေျဖရွင္းနိုင္လိမ့္မယ္ဆိုတာ
ေသာ္တာယုံတယ္”

ႏြေရတုက ေသာ္တာ့စကားကိုေထာက္ခံေၾကာင္း
ေခါင္းတဆတ္ဆတ္ၿငိမ့္ျပသည္။ထိုစဥ္ ၿခံျပင္မွ
ဆိုင္ကယ္ထိုးရပ္သံၾကားလိုက္ရသျဖင့္
ေသာ္တာနဲ႕သူ တစ္ေယာက္နဲ႕တစ္ေယာက္ၾကည့္ကာ
ႏြေရတုကအရင္ထိုင္ခုံမွထကာ အိမ္ျပင္သို႔ေျပးထြက္သြား
ေလသည္။

“ကိုကို!!”

လူဆိုးေကာင္ရဲ႕အသံၾသၾသနဲ႕အတူ သူ႕ကိုယ္က
တင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္ခံလိုက္ရသျဖင့္ အလိုက္တသိ
သူလည္းပဲ ေက်ာျပင္က်ယ္ႀကီးကို ပြတ္သပ္ေပးမိသည္။

“ကိုကို ေသာ္တာျပန္ေတာ့မယ္”

ေသာ္တာက ခုအေျခအေနကိုအလိုက္သိစြာ
ျပန္မည္ဆိုလာသျဖင့္ ႏြေရတုေခါင္းၿငိမ့္ျပလိုက္သည္။
လူဆိုးေကာင္ကေတာ့ သူ႕ရင္ခြင္ေသးေသးေလးထဲ
ေခါင္းဝွက္ထားေလသည္။

အတန္ၾကာမွ လူဆိုးေကာင္ကသူ႕ရင္ခြင္ထဲကထြက္ကာ
သူ႕ကိုေက်ာေပးၿပီး

“အထဲဝင္ရေအာင္ ကိုကို”

“ငါသိတယ္”

သူ႕စကားေၾကာင့္ လူဆိုးေကာင္ကသူ႕ကိုလွည့္ၾကည့္လိုက္သည္။
ျမင္လိုက္ရတဲ့ပုံစံေၾကာင့္ သူ႕ရင္ဆို႔နစ္သြားသည္။
လူဆိုးေကာင္ကမ်က္လုံးေတြနီရဲေနေအာင္ ငိုထားပုံရသည္။
ႏႈတ္ခမ္းေဘးမွာလည္း ဒဏ္ရာနဲ႕….

“ဘာကိုလဲ”

“ခုျဖစ္ေနတဲ့ကိစ္စေတြ ငါသိတယ္ “

“ကိုကို”

လူဆိုးေကာင္ရဲ႕ရင္ခြင္က်ယ္ႀကီးကို သူတိုးဖက္လိုက္ၿပီး
ေမာ့ၾကည့္ကာ

“စျမင္ကာစကေတာ့ ငါစိတ္ထိခိုက္တယ္၊
ေနထိုင္လာတဲ့ႏွစ္သုံးဆယ္နီးပါးမွာ တစ္ခါမွ
ဒီေလာက္ထိအမ်ားကပုတ္ခတ္ေျပာဆိုတာ မခံရဘူးေတာ့၊
ဒါမယ့္ ဒီလိုအေျခအျမစ္မရွိတဲ့စကားေတြကို
လိုက္ခံစားေနရေအာင္ ငါကဆယ္ေက်ာ္သက္ကေလးလည္း
မဟုတ္ေတာ့ဘူး၊ၿပီးေတာ့ ငါခ်စ္တာသူတို႔ေတြမွ
မဟုတ္တာ၊ငါခ်စ္တာ ေတာ္ဝင္ေယာက္်ားကိုေလ”

“ကိုကို…ခင္ဗ်ားဗ်ာ”

“မင္းသာ ငါနဲ႕အတူရွိမယ္ဆိုရင္
ဘယ္အရာမဆို ငါရင္ဆိုင္နိုင္တယ္ My husband”

“ကိုကိုကဗ်ာ”

~~I’d climb every mountain. ..
ေတာင္တန္းေတြကို ေက်ာ္ျဖတ္နိုင္ပါတယ္…

~~Swim every ocean. …
ပင္လယ္ေတြလည္း ကူးနိုင္တယ္…

~~Just to be with you. ..
မင္းသာ ငါနဲ႕အတူရွိမယ္ဆိုရင္ေပါ့…..

…………………………

(အားးးးးကိုကိုရတုက My husbandတဲ့😭)

Tags: read novel Royal Husband 32, novel Royal Husband 32, read Royal Husband 32 online, Royal Husband 32 chapter, Royal Husband 32 high quality, Royal Husband 32 light novel, ,

Comment

Leave a Reply

Chapter 33