Royal Husband 38

All chapters are in Royal Husband
A+ A-

“ကိုကို…ကျွန်….ကျွန်တော်”

မျက်နှာချင်းဆိုင်မှာထိုင်ကာ သူ့ကိုမျက်တောင်မခတ်
စိုက်ကြည့်နေတဲ့ကိုကို့ရဲ့ဒေါ်လေးကြောင့် Royal
နေရခက်လာသည်။အိမ်ရောက်တာ နာရီဝက်လောက်ကြာ
ပြီဖြစ်သော်လည်း ပျဥ်ထောင်အိမ်နှစ်ထပ်ရဲ့အောက်ထပ်မှာ
သူတို့ကိုထိုင်ခိုင်းကာ အကဲခတ်နေခြင်းပင်။

“ဒေါ်လေး!!”

“အမယ်လေးတော် ငါ့တူတို့များကောင်လေးကို
တွန့်တိုလိုက်တာ၊မင်းကောင်လေးက ချောလွန်းလို့ပါကွယ်”

ကိုယ်ချောတာကိုယ်သိပေမယ့် ချစ်ရသူရဲ့အဒေါ်က
ရုပ်ရည်နဲ့ပတ်သက်ပြီးအကောင်းမြင်ပေးလို့ Royal
ဂုဏ်ဆာမိတာအမှန်။

“ကျွန်တော့်ကောင်လေးရှက်နေပြီဗျ၊ပြီးတော့
တစ်ချိန်လုံးကားစီးလာရတာ ပင်ပန်းနေပြီ”

“အိုတော်….ကားပေါ်ထိုင်လိုက်ခဲ့ရတာဖြင့်
မောင်းရတာလည်းမဟုတ်ဘဲ ဘာပင်ပန်းတာတုန်း”

ဟန်ဆောင်ခြင်းမရှိ ဒဲ့တိုးပြောလာသဖြင့်
သူ့မှာရှက်အမ်းအမ်းဖြစ်ရသည်။ကိုကိုကတော့
ဒေါ်လေးတို့နဲ့နေသားကျပြီးသားဖြစ်သဖြင့်
သူ့ဘက်လှည့်လာကာ အားနာပြုံးပြသည်။

“ပြီးတော့ ညနေလည်းရောက်တော့မယ့်ဟာ၊
ခုချိန်နားရင်အိပ်ပျော်သွားမှဖြင့် ခေါင်းတွေကိုက်နေဦးမယ်၊
ဖိုးသားကို ရေစည်သယ်ခိုင်းလိုက်မယ်၊
ခနနေ ရေချိုးကျပေါ့”

ရွာကအမြင့်ကျကာ မြေမာဖြစ်သဖြင့်
အိမ်တိုင်းတွင် ရေတွင်းတူးလို့မရ။
ထို့ကြောင့် ရွာမြောက်ပိုင်းကချောင်းကိုသာ
ချိုးရေအဖြစ်အသုံးပြုပြီး သောက်သုံးရေနှင့်ချက်ပြုတ်ရေး
အတွက်တော့ ရွာလယ်ပိုင်းကကျောက်တွင်းကိုသာ
အသုံးပြုကြသည်။တကယ်တမ်းပြောရရင်
ရွာက မီးပင်မရသေးသောရွာဖြစ်သည်။
ဖိုးသားက နွားသွင်းသွား၍အိမ်မှာမရှိ။

“ကလေးကိုသက်သက်မဲ့ပန်းအောင် ရေစည်သယ်ခိုင်းမနေပါနဲ့ ဒေါ်လေးရယ်၊
ကျွန်တော်တို့ပဲ ကိုယ်တိုင်သွားချိုးလိုက်မယ်၊
ဒီရွာမရောက်ဖူးတာမှမဟုတ်တာ”

“အိုတော်….ဧည့်သည်ကိုဧည့်ဝတ်မကျေရာ
ကျမှာစိုးလို့ပေါ့ကွယ်”

“ကျွန်တော်တို့က ဧည့်သည်တွေမှမဟုတ်တာ၊
Royalကလည်း ဒေါ်လေးတူပဲမဟုတ်လား”

နွေရတုစကားကြောင့် ဒေါ်မြကတူဖြစ်သူကို
မျက်စောင်းထိုးလေသည်။

“အဆင်ပြေတယ်ဆိုလည်း ပြီးတာပဲကွယ်၊
ခနနေ နေစောင်းရင်သွားကြပေါ့၊ဒေါ်လေး မီးဖိုချောင်
ဝင်လိုက်ဦးမယ်”

“ဟုတ်ကဲ့ ဒေါ်လေး”

ဒေါ်လေးအနားကထွက်သွားတော့မှ
Royalကိုကြည့်လိုက်တော့ နှုတ်ခမ်းစူကာ
သူ့ကိုကြည့်နေလေသည်။ဒါသူတစ်ခါမှ မမြင်ဖူးတဲ့
ယောက်ျားရဲ့ပုံစံပင်။ကြောင်နှစ်ကောင်ကတော့
ခင်းထားတဲ့ဗျာပေါ် ပျင်းရိစွာထိုင်နေကြသည်။

“အဲ့ဒါဘာဖြစ်တာ”

“တကယ်ပဲ ချောင်းမှာသွားချိုးမှာလားဟင် ကိုကို”

“ဟုတ်တယ်လေ….ဘာလို့လဲ”

“သူများတွေရော အဲ့မှာပဲရေချိုးတာလား”

“ဒါပေါ့၊ဘာလို့လဲ ရေမသန့်မှာစိုးလို့လား၊
အဲ့အတွက်တော့ စိတ်မပူနဲ့၊ချောင်းက ရေရှင်မို့”

“အဲ့ဒါကြောင့်မဟုတ်ဘူး”

“ဒါဆိုဘာလို့လဲ”

Royalက သူ့တစ်ကိုယ်လုံးကိုအပေါ်အောက်စုန်ချည်
ဆန်ချည်ကြည့်လာသဖြင့် နွေရတုမလုံမလဲဖြစ်သွားရသည်။

“မင်း…ဘာ…ဘာကြည့်တာလဲ”

“ချောင်းမှာရေချိုးရင် ကိုကို့ကိုယ်ကိုသူများတွေမြင်ကျမှာ
ပေါ့၊ကျွန်တော်တောင် မမြင်ဖူးသေးတာကို”

Royalပြောပုံအရ ကိုယ်ကပင်တစ်ခြားသူတွေကိုအရင်မပြခင်
သူ့ကိုအရင်ပြရမယ့်ပုံစံပင်။ဆိုပေမယ့်လို့ Royalရဲ့
ကလေးဆန်တဲ့ပုံစံကိုသူသဘောကျရပါသည်။

“အဲ့ဒါအစလိုက်တိုနေရအောင် မင်းက ကလေးလား”

“ကိုကိုနဲ့ယှဥ်ရင် ကျွန်တော်က ကလေးပဲလေ”

“ယောက်ျားက အူယားစရာကြီး”

စူနေတဲ့နှုတ်ခမ်းကိုသူအသာလိမ်ဆွဲကာဆိုမိတော့
Royalကသွားတက်တွေပေါ်အောင်ပင် ပြုံးရယ်လာသည်။

“ချစ်ကြည်နူးတစ်တီတူးချင်ရင်ဖြင့် အခန်းထဲသွားကြပါလားကွယ်”

ကြည်နူးနေတုန်းထွက်လာတဲ့ဒေါ်လေးအသံကြောင့်
နှစ်ယောက်သား လန့်စွာခပ်ဝေးဝေးခွာထိုင်မိသည်။
တကယ်ပင် ဒေါ်လေးသူတို့အနားရောက်လာတာ
မသိလိုက်ပေ။

“အရင်ကအရှက်ကြီးတဲ့ငါ့တူကို ပြန်ခေါ်ပေးကြပါလားဟယ်”

“ဒေါ်လေးကတော့ဗျာ”

ဟား~~ဟား~~ဟားးးး

………………………….

“ကိုကို့….ဟိုဘက်သွားမယ်လို့”

ချောင်းထဲသို့ဒိုင်ဗင်ထိုးချနေတဲ့လူတွေကိုကြည့်ကာ
Royalကပြောလာသောကြောင့် နားမလည်ရသူက
နွေရတုသာပင်။

“ဟိုနားက သစ်ပင်ကွယ်တယ်၊အဲ့နားသွားချိုးရအောင်”

ရေချိုးလာတာ သုံးယောက်အတူပေမယ့်
ဖိုးသားကတော့စရောက်ကတည်းက ချောင်းထဲထိုးချ
သွားသည်မှာကြာလှပြီမယ့် သူတို့နှစ်ယောက်ကခုထိ
ဘာမှမလုပ်ရသေး။နောက်ဆုံးတော့လည်း Royalအလိုကျ
သစ်ပင်အကွယ်သာ သွားရသည်။

“ကိုကိုအရင်ချိုး…ပြီးမှကျွန်တော်ချိုးမယ်”

Royalက ဟိုဟိုဒီဒီကြည့်ကာဆိုလာသည်။

“ဘာလို့လဲ…ချောင်းထဲမှာပဲရေစိမ်ရင်ပြီးတဲ့ဟာကို”

“ကိုကိုရေစိမ်နေတာကို သူများတွေလာချောင်းကြည့်မှာစိုး
လို့ ကျွန်တော်စောင့်ပေးမလို့၊လုပ်ပါဗျာ မြန်မြန်ရေစိမ်ပြီးရင်
အဝတ်အစားဝတ်ပြီး ကျွန်တော့်ကိုပြန်စောင့်လေ ကိုကို”

“အေး…အေးပါ”

အကဲဆတ်လွန်းသူကိုစကားထပ်မပြောချင်တော့သဖြင့်
နွေရတုမြန်မြန်ဆန်ဆန်ရေစိမ်ကာ အဝတ်အစားပြောင်း
ဝတ်ရသည်။Royalက တစ်ခြားသူတွေဆီသာစိတ်ရောက်
နေပြီး သူ့ဘက်ကိုလှည့်ပင်ကြည့်မလာ။

“ငါပြီးပြီ….မင်းအလှည့်”

“ဟမ်…တကယ်ကြီးလား”

ပြူးပြူးပြာပြာဖြင့်သူ့ဘက်လှည့်လာကာ
မျက်လုံးပြူးကြည့်လာသူကြောင့် နွေရတု Royalကို
မျက်စောင်းထိုးလိုက်သည်။

“မိုးချုပ်တော့မှာ မြန်မြန်လုပ်တော့”

“အာ. ..ခနစောင့်နော် ကိုကို”

ကိုကိုချမ်းနေမှာစိုးသဖြင့် သူလည်းအဝတ်အစားအမြန်ချွတ်ကာချောင်းထဲဆင်းရသည်။ကိုကို့ကိုယ်ကို သူများတွေမြင်မှာစိုးရိမ်နေရ၍
သူကိုယ်တိုင်ပင် ကိုကို့ကိုယ်ကိုမကြည့်လိုက်ရပေ။

ဆိုပေမယ့်လို့ သူစိတ်မပူပါ…
ဒီနေ့မဟုတ်တောင် နောက်နေ့တွေရေချိုးဦးမှာပဲမဟုတ်လား…

သူတို့သုံးယောက်ရေချိုးပြီးပြန်လာတော့
မှောင်နေလေပြီ။ရေအကြာကြီးစိမ်ခဲ့တဲ့သူ့ကို
ကိုကိုက တစ်လမ်းလုံးဗျစ်တောက်ဗျစ်တောက်ဆိုလာသည်။

“ကိုကြီးနွေကလည်းဗျာ တော်ပါတော့၊
ကိုကြီးယောက်ျားဘယ်လိုနေလဲမသိပေမယ့်
ကျုပ်ကတော့ နားပူလှပြီ”

တွေ့ရတာဘယ်လောက်မှမကြာသေးတဲ့အချိန်ခဏမှာပင်
Royalနဲ့ဖိုးသားက ဘော်ဒါတွေလိုပင်ဖြစ်နေပြီ။

“ကလေးနားပူနေပြီတဲ့ကိုကို”

“နားမပူချင်ရင် အစကတည်းကငါစိတ်ဆိုးအောင်
မလုပ်နဲ့ပေါ့၊ခုကမင်းကိုစိတ်ပူလို့လေ လူဆိုးကောင်ရဲ့…”

“ဟုတ်ပါပြီဗျာ…ဒီတစ်ခါပဲခွင့်လွှတ်ပေး…
နောက်ခါကိုကို့စကားနားထောင်မယ်နော်”

“သေချာလား”

“ကတိ”

“ဖိုးသား မင်းဟိုဘက်ခနလှည့်”

ဖိုးသားကလည်းနွေရတုစကားကြောင့် ကြောင်အစွာ
တစ်ဖက်လှည့်ပေးလေသည်။

~~မွ~~

“လိမ္မာလို့ဆုချတာ”

အသံနားထောင်ကြည့်လိုက်ယုံနှင့် လှည့်မကြည့်ဘဲ
ဖိုးသားသိလိုက်ပါပြီ။ကိုကြီးယောက်ျားပါးစပ်ကလည်း
ဖြီးနေမှာသေချာသည်။

~~အတွဲတွေလုံးဝမကောင်းဘူး~~

………………………..

(မကြာခင်ခွဲရတော့မယ်😞)

Zawgyi

“ကိုကို…ကြၽန္….ကြၽန္ေတာ္”

မ်က္ႏွာခ်င္းဆိုင္မွာထိုင္ကာ သူ႕ကိုမ်က္ေတာင္မခတ္
စိုက္ၾကည့္ေနတဲ့ကိုကို႔ရဲ႕ေဒၚေလးေၾကာင့္ Royal
ေနရခက္လာသည္။အိမ္ေရာက္တာ နာရီဝက္ေလာက္ၾကာ
ၿပီျဖစ္ေသာ္လည္း ပ်ဥ္ေထာင္အိမ္ႏွစ္ထပ္ရဲ႕ေအာက္ထပ္မွာ
သူတို႔ကိုထိုင္ခိုင္းကာ အကဲခတ္ေနျခင္းပင္။

“ေဒၚေလး!!”

“အမယ္ေလးေတာ္ ငါ့တူတို႔မ်ားေကာင္ေလးကို
တြန့္တိုလိုက္တာ၊မင္းေကာင္ေလးက ေခ်ာလြန္းလို႔ပါကြယ္”

ကိုယ္ေခ်ာတာကိုယ္သိေပမယ့္ ခ်စ္ရသူရဲ႕အေဒၚက
႐ုပ္ရည္နဲ႕ပတ္သက္ၿပီးအေကာင္းျမင္ေပးလို႔ Royal
ဂုဏ္ဆာမိတာအမွန္။

“ကြၽန္ေတာ့္ေကာင္ေလးရွက္ေနၿပီဗ်၊ၿပီးေတာ့
တစ္ခ်ိန္လုံးကားစီးလာရတာ ပင္ပန္းေနၿပီ”

“အိုေတာ္….ကားေပၚထိုင္လိုက္ခဲ့ရတာျဖင့္
ေမာင္းရတာလည္းမဟုတ္ဘဲ ဘာပင္ပန္းတာတုန္း”

ဟန္ေဆာင္ျခင္းမရွိ ဒဲ့တိုးေျပာလာသျဖင့္
သူ႕မွာရွက္အမ္းအမ္းျဖစ္ရသည္။ကိုကိုကေတာ့
ေဒၚေလးတို႔နဲ႕ေနသားက်ၿပီးသားျဖစ္သျဖင့္
သူ႕ဘက္လွည့္လာကာ အားနာၿပဳံးျပသည္။

“ၿပီးေတာ့ ညေနလည္းေရာက္ေတာ့မယ့္ဟာ၊
ခုခ်ိန္နားရင္အိပ္ေပ်ာ္သြားမွျဖင့္ ေခါင္းေတြကိုက္ေနဦးမယ္၊
ဖိုးသားကို ေရစည္သယ္ခိုင္းလိုက္မယ္၊
ခနေန ေရခ်ိဳးက်ေပါ့”

႐ြာကအျမင့္က်ကာ ေျမမာျဖစ္သျဖင့္
အိမ္တိုင္းတြင္ ေရတြင္းတူးလို႔မရ။
ထို႔ေၾကာင့္ ႐ြာေျမာက္ပိုင္းကေခ်ာင္းကိုသာ
ခ်ိဳးေရအျဖစ္အသုံးျပဳၿပီး ေသာက္သုံးေရးႏွင့္ခ်က္ျပဳတ္ေရး
အတြက္ေတာ့ ႐ြာလယ္ပိုင္းကေက်ာက္တြင္းကိုသာ
အသုံးျပဳၾကသည္။တကယ္တမ္းေျပာရရင္
႐ြာက မီးပင္မရေသးေသာ႐ြာျဖစ္သည္။
ဖိုးသားက ႏြားသြင္းသြား၍အိမ္မွာမရွိ။

“ကေလးကိုသက္သက္မဲ့ပန္းေအာင္ ေရစည္သယ္ခိုင္းမေနပါနဲ႕ ေဒၚေလးရယ္၊
ကြၽန္ေတာ္တို႔ပဲ ကိုယ္တိုင္သြားခ်ိဳးလိုက္မယ္၊
ဒီ႐ြာမေရာက္ဖူးတာမွမဟုတ္တာ”

“အိုေတာ္….ဧည့္သည္ကိုဧည့္ဝတ္မေက်ရာ
က်မွာစိုးလို႔ေပါ့ကြယ္”

“ကြၽန္ေတာ္တို႔က ဧည့္သည္ေတြမွမဟုတ္တာ၊
Royalကလည္း ေဒၚေလးတူပဲမဟုတ္လား”

ႏြေရတုစကားေၾကာင့္ ေဒၚျမကတူျဖစ္သူကို
မ်က္ေစာင္းထိုးေလသည္။

“အဆင္ေျပတယ္ဆိုလည္း ၿပီးတာပဲကြယ္၊
ခနေန ေနေစာင္းရင္သြားၾကေပါ့၊ေဒၚေလး မီးဖိုေခ်ာင္
ဝင္လိုက္ဦးမယ္”

“ဟုတ္ကဲ့ ေဒၚေလး”

ေဒၚေလးအနားကထြက္သြားေတာ့မွ
Royalကိုၾကည့္လိုက္ေတာ့ ႏႈတ္ခမ္းစူကာ
သူ႕ကိုၾကည့္ေနေလသည္။ဒါသူတစ္ခါမွ မျမင္ဖူးတဲ့
ေယာက္်ားရဲ႕ပုံစံပင္။ေၾကာင္ႏွစ္ေကာင္ကေတာ့
ခင္းထားတဲ့ဗ်ာေပၚ ပ်င္းရိစြာထိုင္ေနၾကသည္။

“အဲ့ဒါဘာျဖစ္တာ”

“တကယ္ပဲ ေခ်ာင္းမွာသြားခ်ိဳးမွာလားဟင္ ကိုကို”

“ဟုတ္တယ္ေလ….ဘာလို႔လဲ”

“သူမ်ားေတြေရာ အဲ့မွာပဲေရခ်ိဳးတာလား”

“ဒါေပါ့၊ဘာလို႔လဲ ေရမသန့္မွာစိုးလို႔လား၊
အဲ့အတြက္ေတာ့ စိတ္မပူနဲ႕၊ေခ်ာင္းက ေရရွင္မို႔”

“အဲ့ဒါေၾကာင့္မဟုတ္ဘူး”

“ဒါဆိုဘာလို႔လဲ”

Royalက သူ႕တစ္ကိုယ္လုံးကိုအေပၚေအာက္စုန္ခ်ည္
ဆန္ခ်ည္ၾကည့္လာသျဖင့္ ႏြေရတုမလုံမလဲျဖစ္သြားရသည္။

“မင္း…ဘာ…ဘာၾကည့္တာလဲ”

“ေခ်ာင္းမွာေရခ်ိဳးရင္ ကိုကို႔ကိုယ္ကိုသူမ်ားေတြျမင္က်မွာ
ေပါ့၊ကြၽန္ေတာ္ေတာင္ မျမင္ဖူးေသးတာကို”

Royalေျပာပုံအရ ကိုယ္ကပင္တစ္ျခားသူေတြကိုအရင္မျပခင္
သူ႕ကိုအရင္ျပရမယ့္ပုံစံပင္။ဆိုေပမယ့္လို႔ Royalရဲ႕
ကေလးဆန္တဲ့ပုံစံကိုသူသေဘာက်ရပါသည္။

“အဲ့ဒါအစလိုက္တိုေနရေအာင္ မင္းက ကေလးလား”

“ကိုကိုနဲ႕ယွဥ္ရင္ ကြၽန္ေတာ္က ကေလးပဲေလ”

“ေယာက္်ားက အူယားစရာႀကီး”

စူေနတဲ့ႏႈတ္ခမ္းကိုသူအသာလိမ္ဆြဲကာဆိုမိေတာ့
Royalကသြားတက္ေတြေပၚေအာင္ပင္ ၿပဳံးရယ္လာသည္။

“ခ်စ္ၾကည္ႏူးတစ္တီတူးခ်င္ရင္ျဖင့္ အခန္းထဲသြားၾကပါလားကြယ္”

ၾကည္ႏူးေနတုန္းထြက္လာတဲ့ေဒၚေလးအသံေၾကာင့္
ႏွစ္ေယာက္သား လန့္စြာခပ္ေဝးေဝးခြာထိုင္မိသည္။
တကယ္ပင္ ေဒၚေလးသူတို႔အနားေရာက္လာတာ
မသိလိုက္ေပ။

“အရင္ကအရွက္ႀကီးတဲ့ငါ့တူကို ျပန္ေခၚေပးၾကပါလားဟယ္”

“ေဒၚေလးကေတာ့ဗ်ာ”

ဟား~~ဟား~~ဟားးးး

………………………….

“ကိုကို႔….ဟိုဘက္သြားမယ္လို႔”

ေခ်ာင္းထဲသို႔ဒိုင္ဗင္ထိုးခ်ေနတဲ့လူေတြကိုၾကည့္ကာ
Royalကေျပာလာေသာေၾကာင့္ နားမလည္ရသူက
ႏြေရတုသာပင္။

“ဟိုနားက သစ္ပင္ကြယ္တယ္၊အဲ့နားသြားခ်ိဳးရေအာင္”

ေရခ်ိဳးလာတာ သုံးေယာက္အတူေပမယ့္
ဖိုးသားကေတာ့စေရာက္ကတည္းက ေခ်ာင္းထဲထိုးခ်
သြားသည္မွာၾကာလွၿပီမယ့္ သူတို႔ႏွစ္ေယာက္ကခုထိ
ဘာမွမလုပ္ရေသး။ေနာက္ဆုံးေတာ့လည္း Royalအလိုက်
သစ္ပင္အကြယ္သာ သြားရသည္။

“ကိုကိုအရင္ခ်ိဳး…ၿပီးမွကြၽန္ေတာ္ခ်ိဳးမယ္”

Royalက ဟိုဟိုဒီဒီၾကည့္ကာဆိုလာသည္။

“ဘာလို႔လဲ…ေခ်ာင္းထဲမွာပဲေရစိမ္ရင္ၿပီးတဲ့ဟာကို”

“ကိုကိုေရစိမ္ေနတာကို သူမ်ားေတြလာေခ်ာင္းၾကည့္မွာစိုး
လို႔ ကြၽန္ေတာ္ေစာင့္ေပးမလို႔၊လုပ္ပါဗ်ာ ျမန္ျမန္ေရစိမ္ၿပီးရင္
အဝတ္အစားဝတ္ၿပီး ကြၽန္ေတာ့္ကိုျပန္ေစာင့္ေလ ကိုကို”

“ေအး…ေအးပါ”

အကဲဆတ္လြန္းသူကိုစကားထပ္မေျပာခ်င္ေတာ့သျဖင့္
ႏြေရတုျမန္ျမန္ဆန္ဆန္ေရစိမ္ကာ အဝတ္အစားေျပာင္း
ဝတ္ရသည္။Royalက တစ္ျခားသူေတြဆီသာစိတ္ေရာက္
ေနၿပီး သူ႕ဘက္ကိုလွည့္ပင္ၾကည့္မလာ။

“ငါၿပီးၿပီ….မင္းအလွည့္”

“ဟမ္…တကယ္ႀကီးလား”

ျပဴးျပဴးျပာျပာျဖင့္သူ႕ဘက္လွည့္လာကာ
မ်က္လုံးျပဴးၾကည့္လာသူေၾကာင့္ ႏြေရတု Royalကို
မ်က္ေစာင္းထိုးလိုက္သည္။

“မိုးခ်ဳပ္ေတာ့မွာ ျမန္ျမန္လုပ္ေတာ့”

“အာ. ..ခနေစာင့္ေနာ္ ကိုကို”

ကိုကိုခ်မ္းေနမွာစိုးသျဖင့္ သူလည္းအဝတ္အစားအျမန္ခြၽတ္ကာေခ်ာင္းထဲဆင္းရသည္။ကိုကို႔ကိုယ္ကို သူမ်ားေတြျမင္မွာစိုးရိမ္ေနရ၍
သူကိုယ္တိုင္ပင္ ကိုကို႔ကိုယ္ကိုမၾကည့္လိုက္ရေပ။

ဆိုေပမယ့္လို႔ သူစိတ္မပူပါ…
ဒီေန႕မဟုတ္ေတာင္ ေနာက္ေန႕ေတြေရခ်ိဳးဦးမွာပဲမဟုတ္လား…

သူတို႔သုံးေယာက္ေရခ်ိဳးၿပီးျပန္လာေတာ့
ေမွာင္ေနေလၿပီ။ေရအၾကာႀကီးစိမ္ခဲ့တဲ့သူ႕ကို
ကိုကိုက တစ္လမ္းလုံးဗ်စ္ေတာက္ဗ်စ္ေတာက္ဆိုလာသည္။

“ကိုႀကီးႏြေကလည္းဗ်ာ ေတာ္ပါေတာ့၊
ကိုႀကီးေယာက္်ားဘယ္လိုေနလဲမသိေပမယ့္
က်ဳပ္ကေတာ့ နားပူလွၿပီ”

ေတြ႕ရတာဘယ္ေလာက္မွမၾကာေသးတဲ့အခ်ိန္ခဏမွာပင္
Royalနဲ႕ဖိုးသားက ေဘာ္ဒါေတြလိုပင္ျဖစ္ေနၿပီ။

“ကေလးနားပူေနၿပီတဲ့ကိုကို”

“နားမပူခ်င္ရင္ အစကတည္းကငါစိတ္ဆိုးေအာင္
မလုပ္နဲ႕ေပါ့၊ခုကမင္းကိုစိတ္ပူလို႔ေလ လူဆိုးေကာင္ရဲ႕…”

“ဟုတ္ပါၿပီဗ်ာ…ဒီတစ္ခါပဲခြင့္လႊတ္ေပး…
ေနာက္ခါကိုကို႔စကားနားေထာင္မယ္ေနာ္”

“ေသခ်ာလား”

“ကတိ”

“ဖိုးသား မင္းဟိုဘက္ခနလွည့္”

ဖိုးသားကလည္းႏြေရတုစကားေၾကာင့္ ေၾကာင္အစြာ
တစ္ဖက္လွည့္ေပးေလသည္။

~~မြ~~

“လိမ္မာလို႔ဆုခ်တာ”

အသံနားေထာင္ၾကည့္လိုက္ယုံႏွင့္ လွည့္မၾကည့္ဘဲ
ဖိုးသားသိလိုက္ပါၿပီ။ကိုႀကီးေယာက္်ားပါးစပ္ကလည္း
ၿဖီးေနမွာေသခ်ာသည္။

~~အတြဲေတြလုံးဝမေကာင္းဘူး~~

………………………..

(မၾကာခင္ခြဲရေတာ့မယ္😞)

Tags: read novel Royal Husband 38, novel Royal Husband 38, read Royal Husband 38 online, Royal Husband 38 chapter, Royal Husband 38 high quality, Royal Husband 38 light novel, ,

Comment

Leave a Reply

Chapter 39