Royal Husband 39
All chapters are in Royal Husband
A+ A-
“အာ….အိမ်ရှေ့ထိမလာနဲ့လေ”
“. ……”
“ကိုစေတို့ ကို့အပေါ်ငြိုငြင်သွားမှာကို မယ်မလိုလားဘူး”
“. …….”
“အင်းပါ….မယ်ခနနေလာတော့မှာမို့ အဲ့နားမှာဘဲ
စောင့်နေလိုက်နော်”
“. …..”
တစ်ဖက်မှချစ်ရသူက ချစ်စကားတွေတီတီကာကာဆိုကာ
ဖုန်းချသွားသဖြင့် အသည်းယားစွာနှုတ်ခမ်းကိုက်ရင်း
ကြည်နူးနေသူမှာ သူယောင်မယ်သာလျှင်။
ခုလည်း မယ့်ကိုအိမ်အထိလာခေါ်မည်ဆို၍
တားနေရခြင်းပင်။ကိုစေတို့ကတော့ မည်သို့မျှဆိုမလာပေမယ့် သူမတို့ကအလိုက်တသိ
ဆင်ခြင်ရမယ်မဟုတ်လား။
သူမအနေနဲ့ ခုလက်ရှိသူမရဲ့ရွေးချယ်မှုအတွက်
နောင်တရခြင်းစိုးစဥ်းမျှမရှိပေ။ဒီလူကို လက်လွှတ်လိုက်ရမှ
သာ သူမအနေနဲ့ဝမ်းနည်းရလိမ့်မည်။သူရထက်နိုင်က
သူမထင်ထားတာထက်ပင် သူမအပေါ်ချစ်မြတ်နိုးပေးသည်။
အချစ်ခံရတာက တကယ်ပင်ပျော်ဖို့ကောင်းလေသည်။
အလုပ်သွားဖို့အတွက် ယူစရာရှိတာတွေကိုယူကာ
အခန်းပြင်ထွက်လာတော့ ဒေါ်လေးကဧည့်ခန်းအကျဥ်းလေး
မှာထိုင်ကာ သိုးမွှေးထိုးနေလေသည်။
“ဒေါ်လေး သမီးအလုပ်သွားတော့မယ်”
ဒေါ်လေးကသိုးမွှေးဆီအာရုံစိုက်ထားကာမှ သူမအသံကြောင့်
မော့ကြည့်လာကာ နူးနူးညံ့ညံ့ပြုံးပြလာသည်။
အခုနောက်ပိုင်း ဒေါ်လေးရဲ့အပြုံးတွေကလောဘကင်းစင်ကာ
ကြည်ကြည်လင်လင်ရှိလာသည်။ဒေါ်လေးဘက်က
ကွာရှင်းစာချုပ်ပေါ်လက်မှတ်ထိုးခဲ့သော်ငြား
ဦးဇာနည်တော်ဝင်ဘက်ကတော့ တရားဝင်ကွာရှင်းပြတ်စဲတာကို လက်ခံခဲ့ခြင်းမရှိသလို
ဒေါ်လေးကိုလာရောက်တွေ့ဆုံတာလည်း မရှိပေ။
“ညည်းအစ်ကိုကိုလိုက်ပို့ခိုင်းလိုက်လေ၊သူဒီနေ့အလုပ်နားထားတာ”
“ရတယ် ဒေါ်လေး၊ကိုသူရလာခေါ်မယ်တဲ့”
သူမအပြောကို ဒေါ်လေးကသဘောကျစွာ
ခေါင်းတငြိမ့်ငြိမ့်နှင့်ပင်။
“ဒါဆို…သမီးသွားတော့မယ်လေ”
“အေး…အေး”
ဒေါ်လေးကိုနှုတ်ဆက်ကာ တစ်ထပ်တိုက်အိမ်လေးထဲက
ထွက်လာတော့ကိုစေကခြံထဲမှာအလှစိုက်ထားတဲ့အပင်တွေကို
ရေဖြန်းနေလေသည်။အခုနောက်ပိုင်းအေးစက်နေတဲ့
ကိုစေ့ကို သူမသဘောမကျပါ။
“လက်လွှတ်လိုက်တော့မှာလား ကိုစေ”
သူမအသံကြောင့် ကိုစေကသူမကိုလှည့်ကြည့်လာကာ
ရေခလုတ်ကိုပိတ်ကာ အားမပါစွာပြုံးပြလာသည်။
သူမဘာကိုဆိုလိုမှန်း ကိုစေသိသည်။
“ကိုယ်နဲ့မထိုက်တန်ဘူးလို့ဘဲ တွေးရတာပေါ့”
“ဘယ်သူကများ ကိုစေက ကိုနွေနဲ့မထိုက်တန်ဘူးလို့ပြောလိုက်သလဲဟင်၊
တကယ်ဆို ကိုစေက Royalအရင် ကိုနွေနဲ့တွေ့ဆုံခဲ့တာပဲမလား”
“အချစ်တစ်ခုဖြစ်တည်လာဖို့ အချိန်မလိုအပ်ဘူးလေ”
ကိုစေ့မျက်လုံးတွေကထိုစကားဆိုပြီးချင်း
မှိုင်းသွားလေသည်။ထို့နောက် အနည်းငယ်ဝေ့ဝဲလာတဲ့
အရည်ကြည်တွေကို မယ်မသိအောင်ကောင်းကင်ပေါ်သို့
မော့ကြည့်ကာ ခပ်ဟဟရယ်လာသည်။
“ကိုစေ အရမ်းခံစားနေရမှာပဲ”
“နာကျင်ရတာပေါ့၊နွေရတုက ငါ့အပိုင်မဖြစ်နိုင်တော့ဘူးဆိုတဲ့
အမှန်တရားက ရင်ကွဲမတတ်ခံစားရတယ်”
ကိုစေ့ကို မယ်ပွေ့ဖက်ကာနှစ်သိမ့်ပေးမိသည်။
အနည်းဆုံးတော့ကိုစေ့ဘေးနားမှာ သူမနဲ့ဒေါ်လေးရှိသေးတယ်ဆိုတာ သိစေချင်သည်။
“ဆိုပေမယ့်လည်း သူပျော်နေတာမြင်တော့
ငါဖြေသာပါတယ်၊အနည်းဆုံးတော့ သူ့အပြုံးတွေကို
ငါငေးကြည့်ခွင့်ရှိသေးတယ်လေ”
ကိုစေက သူမပုခုံးပေါ်မျက်နှာမှောက်ချလာကာ
မသိမသာငိုရှိုက်လာသည်။ဘယ်လိုပဲ ယောက်ျားရင့်မာကြီး
ဆိုဆို အချစ်နဲ့ထိတွေ့တဲ့အခါကလေးသာသာဖြစ်သွားတတ်
ကြသည်။
……………………..
အိမ်ကြီးထဲဝင်ကာစက သတ္တိအပြည့်က
ခုချိန်သူမကိုအကဲခတ်နေကြတဲ့မျက်ဝန်းတွေကြောင့်
သော်တာ အနေကျုံ့လာရသည်။သူမကြောက်နေတာကို
ကိုကသတိထားမိကာ အနည်းငယ်တုန်ယင်နေတဲ့သူမလက်ကို
ဆုပ်ကိုင်လာလေသည်။သူမ မော့ကြည့်လိုက်တော့
နူးညံ့စွာပြုံးပြလာသည်။
“ကျွန်တော့်ကောင်မလေးကြောက်နေပြီ”
ထိုက်ကပြောလိုက်တော့ အကဲခတ်နေတဲ့သူတွေက
ဟိုဟိုဒီဒီမျက်နှာလွှဲသွားကြလေသည်။
နိုဘယ်တော်ဝင်ကတော့ ချစ်စရာကောင်းလွန်းတဲ့မမအသစ်
လေးကို မျက်ဝန်းတောက်တောက်လေးတွေနဲ့ကြည့်နေလေသည်။
“ဆိုတော့ ဒါမင်းကောင်မလေးပေါ့”
ဦးခန်ညားမောင်ကဦးစွာ စကားဆိုလိုက်တော့
ထိုက်ကသော်တာ့လက်ကို ပိုပြီးတင်းကြပ်စွာဆုပ်ကိုင်လိုက်ပြီး
“ကျွန်တော် တစ်သက်လုံးလက်တွဲသွားချင်တဲ့
ကျွန်တော့်ကောင်မလေးပါ”
“သေချာလား”
ဒေါ်မြတ်ပန်းတော်ဝင်က ဆုပ်ကိုင်ထားတဲ့လက်တစ်စုံကို
မေးမော့ကာဆိုလိုက်တော့
“မသေချာဘဲ မေမေတို့နဲ့မိတ်ဆက်​ပေးမယ်ဆိုတဲ့အတွေး
ကျွန်တော့်မှာမရှိဘူး”
ထိုက်ကလေးနက်စွာဆိုလာတော့ လူကြီးတွေကခေါင်းတငြိမ့်ငြိမ့်နှင့်ပင်။
သူမတို့အချစ်ရေးကို ဝင်စွက်ဖက်မယ့်အရိပ်အခြေမပြသဖြင့်
သော်တာအနည်းငယ်တော့ စိတ်အေးသွားရသည်။
“သမီးနာမည်က လဝန်းသော်တာနော်၊
နာမည်လေးကချစ်စရာကောင်းသလို လူလေးကလည်း
ချစ်စရာလေးပဲ”
“ကျေးဇူးတင်ပါတယ်ရှင့်”
“အိုကွယ်… အမေပဲတော်ရတော့မှာကို ကျေးဇူးတွေမလိုပါဘူး”
ကို့မိဘတွေဘက်ကမီးစိမ်းပြလာသဖြင့်သော်တာ့မျက်နှာလေးက ပြုံးရွှင်လာသည်။သူမတို့အချစ်ရေးကိုကန့်ကွက်မည်
ထင်ထားသော်လည်း ကြည်ဖြူစွာလက်ခံလာကြသဖြင့်
အပြုံးတွေကဖုံးမနိုင်ဖိမရ။
“ဒါဆို တော်ဝင်စံအိမ်အတွက်ဘယ်သူကမျိုးဆက်မွေးပေးမှာလဲ”
တစ်ချိန်လုံးငြိမ်နေတဲ့ဦးမင်းတော်ဝင်က အရွှန်းဖောက်စွာ
ထိုစကားဆိုလာတော့
“သားသားကျန်သေးတယ်လေ ဘိုးဘိုးကလည်း”
နိုနိုကလက်ညိုးထောင်ကာ ရယ်ကာဆိုလာသည်။
“အေးပါ…အေးပါ…အရွယ်ရောက်မှကောင်လေးတစ်
ယောက်လက်ဆွဲပြီး ဒါကျွန်တော့်ကောင်လေးပါဆိုပြီး
မိတ်ဆက်ပေးလာလို့ကတော့ နာမယ်မှတ်”
“ဟာဗျာ….သားသားက မိန်းမချောချောလေးယူမှာပါဗျ”
“မှတ်ထားလိုက်ပြီနော်”
မြေးအဘိုးနှစ်ယောက်ရဲ့ကျီစယ်စကားသံတွေကြောင့်
တော်ဝင်စံအိမ်ထဲကလူတွေက ပြုံးရယ်နေကြလေသည်။
……………………………..
“ဘာကြည့်နေတာလဲ၊ဒေါ်လေးအမြင်ကြည်အောင်
သွားကူလိုက်လေ”
သူ့လက်မောင်းကို တံတောင်နှင့်တွတ်ကာကိုကိုက
စကားဆိုလာသဖြင့် Royalက ဒေါ်လေးရှိရာကြည့်လိုက်တော့ ဒေါ်လေးကဝက်စာပြင်နေလေသည်။
သူလည်း ဒေါ်လေးရှိရာအနားသွားလိုက်ကာ
“ဝက်စာ ကျွန်တော်ကျွေးလိုက်မယ်လေ ဒေါ်လေး”
“အိုကွယ်…နေပါစေ”
“ရပါတယ်ဗျ……ကျွန်တော်ကျွေးလိုက်မယ်နော်ဒေါ်လေး”
“ဒါဆိုသတိထားဦးနော်…ဝက်မက ကြိုးရစ်တတ်တယ်”
ဒေါ်လေးကသရက်ပင်အောက်ချည်ထားတဲ့
ဝက်မကိုမေးမော့ကာဆိုလာတော့ Royalပြုံးပြလိုက်သည်။
ပုံးထဲကဝက်စာတွေကို ဝက်စလောင်းထဲသွန်ထည့်ကျွေးယုံ
လေးကို သူမလုပ်တတ်စရာလား။ဒေါ်လေးလက်ထဲက
ဝက်စာပုံးကိုယူကာ ကိုကို့ကိုကြည့်လိုက်တော့
သူ့ကိုပြုံးကြည့်နေလေသည်။သူလည်းပြန်ပြုံးပြကာ
ဝက်မဆီလျှောက်သွားလိုက်သည်။
အစာဆာနေတဲ့ဝက်မကြီးက ပုံးသယ်လာတာမြင်တော့
နှုတ်ခမ်းကြီးထိုးကာ တအွတ်အွတ်နဲ့။ဝက်စလောင်းက
မှောက်နေသဖြင့် ဝက်စာပုံးကိုအောက်ချကာ
လောင်းကိုအတည့်ပြန်လုပ်ရသည်။ပြီးမှ ဝက်စာထည့်ရန်ပြင်တော့ ဝက်မကြီးကအတင်းကို
သူ့နားကပ်လာသဖြင့် ပတ်ပြေးရသည်။
ဝက်မကြီးက Royalနောက်လိုက်၊
Royalကပြေးကာဖြင့် နောက်ဆုံးဝက်မကြိုးနှင့်ရစ်မိကာ
လှဲတော့လေသည်။လူကလှဲကျတော့ လက်ထဲကိုင်ထားတဲ့
ဝက်စာပုံးထဲကဝက်စာတွေက သူ့ကိုယ်ပေါ်ရေလောင်းချ
လိုက်သလိုပင်။ရေအိုတွေနဲ့ဖွဲတွေရောစပ်ထည့်သဖြင့်
သူ့တစ်ကိုယ်လုံးရစရာမရှိ။
“ကိုကိုရေ….ကိုကို!!”
သူ့အော်သံကြောင့် ကိုကိုကအပြေးလာကာ
သူ့ပုံစံကိုမြင်တော့ကြောင်ကြည့်နေလေသည်။
ဝက်မကြီးကတော့ အောက်သို့ပြန့်ကျဲနေတဲ့ဝက်စာတွေကို
စားနေလေသည်။
ခနကြာတော့ နွေရတုက Royalကို
လက်ညိုးတထိုးထိုးနှင့်အော်ရယ်လာလေသည်။
ကျယ်လွန်းလှတဲ့ရယ်သံကြောင့် ဒေါ်လေးကပါ
အနားရောက်လာကာ သူ့ကိုကြည့်ပြီးရယ်လေတော့သည်။
Royal စိတ်ဆိုးပါသည်
လှဲကျနေတဲ့သူ့ကိုတွဲကူမယ်မရှိဘဲ ဟားတိုက်ရယ်နေတဲ့
ကိုကိုနဲ့ဒေါ်လေးကို Royalစိတ်ဆိုးပါသည်~~~
……………………
Next part will be final.
Zawgyi
“. ……”
“. …….”
စောင့်နေလိုက်နော်”
“. …..”
ဖွင့်ချသွားသဖြင့် အသည်းယားစွာနှုတ်ခမ်းကိုက်ရင်း
ဆင်ခြင်ရမယ်မဟုတ်လား။
“အေး…အေး”
“ဘယ်သူကများ ကိုစေက ကိုနွနေဲ့မထိုက်တန်ဘူးလို့ပြောလိုက်သလဲဟင်၊
တကယ်ဆို ကိုစေက Royalအရင် ကိုနွနေဲ့တွေ့ဆုံခဲ့တာပဲမလား”
“နာကျင်ရတာပေါ့၊နွရေတုက ငါ့အပိုင်မဖြစ်နိုင်တော့ဘူးဆိုတဲ့
ကြသည်။
……………………..
အိမ်ကြီးထဲဝင်ကာစက သတ်တိအပြည့်က
“သေချာလား”
မှေးမော့ကာဆိုလိုက်တော့
ချစ်စရာလေးပဲ”
ထိုစကားဆိုလာတော့
“မှတ်ထားလိုက်ပြီနော်”
……………………………..
သွားကူလိုက်လေ”
“အိုကွယ်…နေပါစေ”
ဝက်မကိုမှေးမော့ကာဆိုလာတော့ Royalပြုံးပြလိုက်သည်။
ဝက်စာပုံးထဲကဝက်စာတွေက သူ့ကိုယ်ပေါ်ရေးလောင်းချ
“ကိုကိုရေ….ကိုကို!!”
စားနေလေသည်။
ခနကြာတော့ နွရေတုက Royalကို
Royal စိတ်ဆိုးပါသည်
……………………
Next part will be final.
Tags: read novel Royal Husband 39, novel Royal Husband 39, read Royal Husband 39 online, Royal Husband 39 chapter, Royal Husband 39 high quality, Royal Husband 39 light novel, ,
Comment
Leave a Reply
Chapter 40