Royal Husband >Special Episode<

All chapters are in Royal Husband
A+ A-

(Unicode)

အထားအသိုခံသောအကြော်အလှော်ဟင်းဘူးများအား
တော်ဝင်ယောက်ျားသည် စိတ်ပျက်လက်ပျက်
ထိုင်ကြည့်နေမိ၏။သည်မတိုင်ခင် အလုပ်မှာဗိုက်ဆာနေသည့်
အဖြစ်သည်အိမ်သို့ပြန်အရောက်တွင်ပျောက်ချင်းမလှ
ပျောက်ကွယ်သွားလေပြီ။

အကြောင်းအရင်းမှာ ခိုနားရာအိမ်ကလေးတွင်ချစ်ရပါသော
ကိုကိုမရှိ၍ဖြစ်၏။ကိုကိုမရှိသောအိမ်ငယ်ကလေးသည်
နွေရာသီပမာခြောက်ကပ်၍ လွမ်းမောဖွယ်ရာအတိ။
မျက်စိရှေ့မှအခြောက်အခြမ်းဟင်းဘူးများသည်
တော်ဝင်ယောက်ျားအတွက် နွေရတုကြော်လှော်ပေးထား
ပေးခဲ့ခြင်းသာပင်။

စားချင်သောက်ချင်စိတ်မရှိတော့၍ အကြော်အလှော်ဟင်းဘူး
များအားနေရာတကျပြန်စီပြီးနောက် ထမင်းစားခန်းမှ
ထွက်ကာအိပ်ခန်းအတွင်းသို့ဝင်လိုက်သည်။ထိုအခါမှ
လွမ်းသောစိတ်ခံစားချက်တွေသည် ပို၍ပင်လှိုင်းထန်
သွားရသည်။တစ်ခန်းလုံးအပြည့်ကိုကို့ပုံရိပ်တွေချည်းသာ
သူမြင်နေမိလေသည်။ကုတင်ခြေရင်းခွေနေသော
ပြောင်ကြူးနှင့်စုတ်ဖွားလေးသည်လည်း သူတို့သခင်အား
လွမ်းနေပုံပေါ်ကာ မှိန်းကာခွေလျက်ရှိ၏။

ဖြစ်နိုင်လျှင်အခုချက်ချင်းပင် ကိုကိုရှိရာရွာငယ်ကလေးသို့
တောင်ပံခတ်ပြီးပျံသန်းသွားချင်လှပါသည်။
လွမ်းကြောင်းတဖွဖွပြောကာ အကြင်နာအနမ်းများအား
ကိုကို့မျက်နှာသေးသေးလေးအပြည့်ခြွေချချင်လှသည်။

ရွာမှအဒေါ်နေမကောင်း၍ နွေရတုသည်အဒေါ်အား
ပြုစုရန်ရွာ​ပြန်သွားသည်မှာသုံးရက်ကြာပြီဖြစ်၏။
ထိုသုံးရက်ကလေးကိုပင် တော်ဝင်ယောက်ျားသည်
အချိန်ကာလသုံးနှစ်ကြာပမာခံစားနေရပေသည်။

လွမ်းသည်…ပြောမပြတတ်အောင်ပင်ကိုကို့အား
သူလွမ်းနေပါသည်။

……………………….

”နေမကောင်းဘူးလား မျက်နှာလေးချောင်ကျသွားသလိုပဲ”

”ကိုကို့ကိုလွမ်းနေရလို့ နှလုံးသားလေးနေမကောင်းဘူး”

Royalအပြောကိုသဘောကျစွာ screenတစ်ဖက်ခြားမှ
နွေရတုသည်ချိုသာကြည်လင်စွာပြုံး၏။တော်ဝင်ယောက်ျား၏အခုနောက်ပိုင်းနေပုံထိုင်ပုံ၊ပြောပုံ
ဆိုပုံသည် စသိကာစတုန်းကနှင့်နည်းနည်းမှမသက်ဆိုင်။
တစ်ယောက်စီအလားထင်မှတ်မှားနိုင်ပေသည်။

တော်ဝင်ယောက်ျားအား နွေရတုနားလည်ပါသည်။
သူ၏ကောင်လေးသည်ငယ်ရွယ်စဥ်က မည်သူ့ကိုမှ
မချွဲနွဲ့ခဲ့ရသည်အားနွေရတုနှင့်ချစ်သူဖြစ်ကာမှအတိုးချကာ
ချွဲနွဲ့နေပုံရ၏။

”သုံးရက်လေးပဲရှိသေးတာကို”

”မသိဘူးဗျာ ကိုကို့ကိုအရမ်းလွမ်းနေတာပဲသိတော့တယ်
အခုချိန်မှာ”

”ချစ်စရာကောင်းအောင်ဆိုးပြနေတာလား အခုက”

Royalသည် သွားတက်လေးတွေပေါ်အောင်ပင်ပြုံး၏။
Rotayပြုံးရယ်လိုက်သည့်အချိန်တိုင်း နွေရတုသည်
အမြဲတစေမှင်သက်ရသည်။အကြောင်းရင်းမှာ
ပြုံးရယ်ခဲသောသူများ၏အပြုံးသည် နူးနူးညံ့ညံ့ပန်းပွင့်
လေးများထက်သာ၍လှပသောကြောင့်ဖြစ်သည်။

”ကိုကို့ကိုသီချင်းဆိုပြမယ်”

”ဘာသီချင်းလဲ”

”ဦးရင်ဂိုရဲ့တောင်ပံပါရင်မင်းဆီကို”

နွေရတုသည် တော်ဝင်ယောက်ျား၏လှုပ်ရှားမှုသေးသေး
လေးတွေကအစမမှိတ်မသုန်မြတ်နိုးရိပ်သန်းသော မျက်ဝန်း
များဖြင့်ကြည့်နေလေသည်။

တော်ဝင်ယောက်ျားသည် နံရံ၌ထောင်ထားသော
guitarအားယူကာနေရာ၌ပြန်ထိုင်ပြီးနောက်
သူ့တစ်ကိုယ်လုံးအား တစ်ဖက်မှနွေရတုမြင်အောင်
ဖုန်းအားသေချာနေရာချ၏။

”နှလုံးသားနဲ့နားထောင်နော် ကိုကို”

”ဟုတ်ပါပြီ”

တော်ဝင်ယောက်ျားသည် အကြောများထင်းနေသော
သူ၏လက်ချောင်းသွယ်သွယ်လေးတွေအား guitar
ကြိုးများပေါ်၌တင်ကာစတင်တီးခတ်လိုက်သည်။
ထို့နောက်သြရှရှအသံလွင်လွင်လေးထွက်ပေါ်လာ၏။

~~မင်းမရှိတဲ့ညတွေ ကိုယ်တစ်ယောက်တည်း နွေရယ်
လွမ်းရက်များလည်းကွယ် ကြာရှည်လွန်းခဲ့ပါတယ်

မျှော်ကာမှိုင်ငေးဆဲ အမြန်ပြေးတွေ့လိုက်ချင်
တိမ်လွှာပြင်တွေကျော်လွှားမယ်
အချိန်တန်ရင် လွမ်းစိတ်ပို

တောင်ပံပါရင် နွေ့ဆီကို
ဟိုး….ဝေးနေချိန်ရဲ့ခရီးလေးကို
လှမ်းလှည့်ရယ် အင်အားရှိစွာထွေးပိုက်ပါတော့
ရင်ခုန်သံတွေအိပ်စက်စို့…

ဆိုနေရင်းပင်အလွမ်းဓာတ်လွန်ကဲကာ တော်ဝင်ယောက်ျား၏အသံသည်နစ်ဝင်သွား၏။
အသည်းမာသောယောက်ျားသားပင်ဖြစ်လင့် အချစ်နှင့်
ထိတွေ့မိသောအခါစိတ်အထွေထွေသည်နူးညံ့ပျော့ပျောင်း
သွားလေခြင်းသာ။

~~မင်းသိပါစေ (မတွေ့နိုင်တာလွမ်းပါရစေ)
အိပ်မရတာတွေ (ဖြစ်ရတာကြာပြီ)

တောင်ပံပါရင် မင်းဆီကို
ဟိုး…ဝေးနေချိန်ရဲ့ခရီးလေးကို
လှမ်းလှည့်ရယ် အင်အားရှိစွာထွေးပိုက်ပါတော့
ရင်ခုန်သံတွေအိပ်စက်စို့~~

နွေရတုသည်လည်း တော်ဝင်ယောက်ျားနှင့်မခြားနား။
မျက်ဝန်းဝိုင်းဝိုင်းလေး၌အရည်ကြည်များရစ်သိုင်းလာ၏။

သီချင်းပြီးဆုံးသွားသည့်တိုင် နှစ်ယောက်သားသည်
တစ်ယောက်နှင့်တစ်ယောက်ကြည့်မဝသည့်နိုင်ငေးစိုက်
ကြည့်နေမိကြသည်။အကြည့်လွှဲဖို့ရာပင် သတိမရကြ။

အချိန်အတော်ကြာကာမှ တော်ဝင်ယောက်ျားဘက်မှ
အကြည့်လွှဲသွား၏။ထို့နောက်နွေရတုအားမပီမပြင်ပြုံးပြပြီး

”ဂွတ်နှိုက် ကိုကို၊ကျွန်တော်ပါဝင်တဲ့ အိပ်မက်လှလှလေးမက်ဖို့ မမေ့ပါနဲ့”

”အွန်း ယောက်ျားရောပဲထပ်တူထပ်မျှ”

ထိုညက အနေဝေးနေသည့်ချစ်သူနှစ်ယောက်သည်
အလွမ်းကရိုက်ခတ်သောဒဏ်ကြောင့် ဉာဥ့်နက်သည်အထိ
အိပ်မပျော်နိုင်ခဲ့ကြပေ။

……………………………..

”ဟဲ့ ရေနွေးကြမ်းတွေလျှံကျကုန်ပြီလေ”

ဒေါ်လေးကအလန့်တကြားအော်ကာမှ နွေရတုသည်
အတွေးများနေရာမှသတိဝင်ကာထည့်လက်စရေနွေးကြမ်းအား အမြန်ဘရိတ်အုပ်ရ၏။

”တကယ်တည်းတော် မနက်ကတည်းမှအခုချိန်ထိ
တမှိုင်မှိုင်တတွေတွေနဲ့ဘာဖြစ်နေတာလဲ”

ဒေါ်လေးသည်နွေရတုအား စေ့စေ့စပ်စပ်ကြည့်ကာ
စူးစမ်းလာတော့နွေရတုသည်ခေါင်းသာခါယမ်းပြသည်။
ထိုအခါဒေါ်လေးနံဘေးကပ်ထိုင်နေသော ညီမငယ်
လဝန်းသော်တာသည်ရယ်ချင်ပက်ကျိမျက်နှာပေးဖြင့်

”လွမ်းနာကျနေတာ အသိသာကြီးပဲဟာကို”

”မဟုတ်တာတွေလျှောက်ပြောနေတယ်”

အရှက်ပြေငြင်းလိုက်ရသော်လည်း လွမ်းနေသည်မှာအမှန်သာ။ထို့အပြင် မနေ့ကvcပြောပြီး
ကတည်းက နောက်နေ့ညနေ၊ယခုအချိန်အထိယောက်ျားထံမှ
ဖုန်းတစ်ကောလ်၊စာတစ်စောင်ရောက်မလာသည်က
မခံချိမခံသာဖြစ်စေ၏။

”ကျုပ်နှယ်လည်းနေမကောင်းဖြစ်မိတာတောင်
အားနာရမလိုဖြစ်နေပြီ”

”မဟုတ်တာ ဒေါ်လေးကလည်း”

”အမေကလည်းဘာတွေလျှောက်ပြောနေတာလဲ”

”ဟုတ်တယ်လေ ညည်းရော၊ညည်းအစ်ကိုရော
ရွာရောက်တာဘယ်နရက်ကြာသေးလို့ လွမ်းနာကျနေတာလဲ”

ဒေါ်လေးကိုပြန်မပြောတတ်တော့၍ နွေရတုသည်
ခေါင်းအသာအယာခါယမ်းကာသာခပ်ဖွဖွပြုံးမိချေသည်။
လဝန်းသော်တာသည်တော့ လေသံမျှသာပွစိပွစိ
ပြောနေလေ၏။

”ဗျို့ အိမ်ရှင်တို့”

အော်ခေါ်သံကြောင့် နွေရတုတို့တူဝရီးသုံးယောက်သည်
ခြံဝသို့အကြည့်ရောက်သွားကြ၏။

”ဒီမှာဧည့်သည်လာတယ်”

ဆိုင်ကယ်ပေါ်မှဦးလေးကြီး၏နောက်မှဆင်းလာသော
အရပ်ရှည်ရှည်၊ထောင်ထောင်မောင်းမောင်းလူရွယ်အား
မြင်သောအခါနွေရတုတို့တူဝရီးသုံးယောက်လုံး
အံ့သြတကြီးကာ ထိုင်နေရာမှထရပ်မိကြသည်။

ထိုလူရွယ်သည် မျက်နှာတစ်ဝက်အပြည့်တပ်ထားသော
maskအနက်အားချွတ်ပြီးနောက် သွားတက်နှစ်ဖက်
ပေါ်အောင်ပြုံးကာ နွေရတုထံသို့သာဦးတည်၍
နှုတ်ထွက်စကားဆိုလာသည်မှာ

”ကိုကို”

…………………………….

တောင်ထိပ်သို့ရောက်ခါနီးလေ အချမ်းဓာတ်ပိုကဲလေ
ဖြစ်သောကြောင့်တော်ဝင်ယောက်ျားသည် လည်ပင်း၌
ပတ်ထားသောမာဖလာအားတင်းတင်းဆွဲချည်မိသည်။

”လက်တွေကျင်နေပြီ”

”အနွေးလက်အိတ်စွပ်ခဲ့ပါလို့ ကိုကိုပြောသားပဲ”

အရှေ့ရောက်နေသောနွေရတုသည် Royalအနီးပြန်ရောက်လာကာ လက်အိတ်ကင်းမဲ့သော
Royalလက်နှစ်ဖက်အားဆုပ်ကိုင်ကာအာငွေ့ပေးလာ၏။
ထို့ကြောင့်Royalသည် အလုပ်မှန်သမျှနှင့်
​ကြောင်နှစ်ကောင်အား နန်းထိုက်တော်ဝင်ထံ
လွှဲထားခဲ့ကာ ကိုကို့နောက်လိုက်လာခဲ့တာ
မှန်ကန်သွားသည်ဟုမှတ်ယူ၏။

”လာ ဟိုမှာတောင်ထိပ်မြင်နေရပြီ”

Royalနှင့်နွေရတုသည် မနက်စောစောရွာထိပ်မှ
တောင်တက်နေကြခြင်းသာဖြစ်၏။

တောင်ထိပ်သို့ရောက်သောအခါ ပတ်လည်ရှိမြင်ကွင်းတွေသည်ရှုမငြီးဖွယ်မြူများနှင့်
တောင်ငွေ့များရစ်သိုင်းလျက်ရှိ၏။ဆောင်းရာသီဝင်ပြီးဖြစ်၍
ပတ်ဝန်းကျင်တစ်ခွင်သည်နှင်းငွေ့၊နှင်းစက်များဖြင့်
အလှကြီးလှနေပေတော့သည်။ခပ်ဝေးဝေးမှတောင်ထိပ်
ကလေးများသည်မြူဆိုင်းနေ၍ ကမုလေးများသဖွယ်
ငုတ်တိုလေးတွေဖြစ်နေ၏။နေရောင်ခြည်မလာသေး၍
ဝန်းကျင်တစ်ခွင်သည်အုံ့အုံ့မှိုင်းမှိုင်း။

”လှလိုက်တာ”

”လက်တွေကျင်နေသေးလား”

”ဟုတ် ကျင်နေသေးတယ်”

”ဒါဆိုကိုကိုအာငွေ့ပေးမယ်”

”ရတယ် ဒီလိုလုပ်လိုက်မယ်”

တော်ဝင်ယောက်ျားသည် နွေရတုကျောနောက်ဘက်၌
နေရာယူကာခါးသေးသေးလေးအား ရစ်သိုင်းဖက်သည့်နှယ်
အိတ်ကပ်အတွင်းသို့လက်ထိုးဝင်၏။ထို့နောက်
နွေရတုပုခုံးထက်မှေးတင်ပြီးနောက် နားထင်စပ်အား
အနမ်းခြွေ၏။

”ကိုကို့ကိုအများကြီးအားကြီးလွမ်းနေခဲ့တာ”

”ဟုတ်လို့လား”

”ကိုကိုမယုံရင် ကျွန်တော်ကအနမ်းတွေအများကြီးပေးပြီး
သက်သေပြမယ်လေ”

”လူလည်”

တော်ဝင်ယောက်ျားသည်တဟားဟားအော်ရယ်၏။
ချစ်ရသူနှင့်အတူရှိချိန်သည် Royalအတွက်အူအမြှူးဆုံး
အချိန်ဖြစ်လေသည်။

”ကိုကို”

”ဟွန်”

”ကျွန်တော်ပြောစရာရှိတယ်”

”ပြောလေ”

တော်ဝင်ယောက်ျားသည် နွေရတုအားဖက်ထားရာမှ
ဖယ်ခွာကာမျက်နှာချင်းဆိုင်၏။ထို့နောက် သူ့အား
မမှိတ်မသုန်ကြည့်နေသော ကိုကိုနှင့်နဖူးချင်းထိတွေ့ကာ
နှာဖျားချင်းပွတ်တိုက်ရင်းဘဝအတွက်အရေးကြီးသော
စကားတစ်ခွန်းဆိုမိသည်။

”ကျွန်တော်တို့လက်ထပ်ကြရအောင်”

”ဟင်”

မထင်မှတ်ထားသောစကားကြောင့် နွေရတုသည်
အံ့သြတကြီးဖြစ်သွားရသည်။ခဏအကြာ အံ့သြသည့်
မျက်နှာပေးမှမကျေမလည်မျက်နှာအမူအရာပြောင်းသွား၏။

”လက်ဗလာနဲ့ငါ့ကိုလက်ထပ်ခွင့်တောင်းတာပေါ့လေ”

မကျေနပ်သောလေသံလေးကြောင့် Royalသည်
ပျာသွားရ၏။

”အလောတကြီးထွက်လာရလို့
ကျွန်တော်ဘာမှမစီစဥ်ခဲ့ရဘူး ဒါပေမယ့်ကျွန်တော်
ဒါလေးတော့စီစဥ်ထားတယ်”

တော်ဝင်ယောက်ျားသည် သူ၏အိတ်ကပ်အတွင်းသို့
လက်နှိုက်၏။လက်ပြန်အထွက်ပါလာသည်က
အုန်းလက်နှင့်ပြုလုပ်ထားသော အုန်းလက်စွပ်နှစ်ကွင်း။
တစ်ကွင်းသည် အဝိုင်းကျယ်ကာကျန်တစ်ကွင်းသည်
အဝိုင်းကျဥ်း၏။အုန်းလက်စွပ်သည် ဖဲပွင့်သဏ္ဍာန်
အထပ်ထပ်လည်းပါဝင်၏။

ထိုအခါမှနွေရတုသည် မနေ့ကအုန်းလက်များဖြင့်
အလုပ်ရှုပ်နေသောRoyal၏ပုံရိပ်များအား
ပြေးမြင်ယောင်၏။

Royalသည် နှင်းရည်စက်များစိုရွှဲနေသော
မြက်ပင်များထက် ဒူးတစ်ဖက်ထောက်ထိုင်ချပြီးနောက်
နွေရတုထံမော့ကြည့်လျက်

”ကိုကို ကျွန်တော့်ကိုလက်ထပ်ပါ”

ရိုးရှင်းပြီးပကာသနမပါသော အုန်းလက်စွပ်နှစ်ကွင်းအား
ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ပြီးနောက် နွေရတုသည်
Royal၏မျက်ဝန်းများထံစူးစိုက်ကြည့်ကာ
ခေါင်းတဆတ်ဆိတ်ညိတ်ပြလိုက်သည်။

”အွန်း ကိုကိုလက်ခံတယ်၊လက်ထပ်ကြတာပေါ့”

နွေရတုသည် ဒူးထောက်ထိုင်နေသောတော်ဝင်ယောက်ျား၏
မျက်နှာအားလက်နှစ်ဖက်ဖြင့်ထွေးရင်းနဖူးပြင်ထက်
အနမ်းဖွဖွခြေချလေသောအခါ Royalသည်
ကျေကျေနပ်နပ်ခံယူ၏။

ထို့နောက် ချစ်သူနှစ်ဦးသည်မြူများရစ်သိုင်းနေသော
တောင်ထိပ်၌ အလှပဆုံးသောအနမ်းများအား
အပြန်အပြန်အလှန်လှန်ခြွေချရင်း အချစ်သက်သေအဖြစ်
မှတ်တမ်းတင်ခဲ့ကြလေသည်။

……………………………..

(AN// Royalကိုလွမ်းသွားလို့ အလွမ်းပြေ
special episodeတစ်ပိုင်းရေးဖြစ်သွားခြင်းပါပဲ၊
ကိုယ်တော့အလွမ်းပြေသွားပါပြီ၊အဲ တချို့ကသိကြပေမယ့်
တချို့ကမသိသေးလို့ပြောစရာလေးရှိပါတယ်၊
ကိုယ့်wallထဲမှာတင်ထားတဲ့ Night Changesက
Royalညီ နိုဘယ်တော်ဝင်ရဲ့အချစ်ဇာတ်လမ်းလေးပါ၊
စိတ်ဝင်စားရင်အလည်လာခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်နော်><)

(Zawgyi)

အထားအသိုခံေသာအေၾကာ္အေလွာ္ဟင္းဘူးမ်ားအား
ေတာ္ဝင္ေယာက္်ားသည္ စိတ္ပ်က္လက္ပ်က္
ထိုင္ၾကည့္ေနမိ၏။သည္မတိုင္ခင္ အလုပ္မွာဗိုက္ဆာေနသည့္
အျဖစ္သည္အိမ္သို႔ျပန္အေရာက္တြင္ေပ်ာက္ခ်င္းမလွ
ေပ်ာက္ကြယ္သြားေလၿပီ။

အေၾကာင္းအရင္းမွာ ခိုနားရာအိမ္ကေလးတြင္ခ်စ္ရပါေသာ
ကိုကိုမရွိ၍ျဖစ္၏။ကိုကိုမရွိေသာအိမ္ငယ္ကေလးသည္
ႏြေရာသီပမာေျခာက္ကပ္၍ လြမ္းေမာဖြယ္ရာအတိ။
မ်က္စိေရွ႕မွအေျခာက္အျခမ္းဟင္းဘူးမ်ားသည္
ေတာ္ဝင္ေယာက္်ားအတြက္ ႏြေရတုေၾကာ္ေလွာ္ေပးထား
ေပးခဲ့ျခင္းသာပင္။

စားခ်င္ေသာက္ခ်င္စိတ္မရွိေတာ့၍ အေၾကာ္အေလွာ္ဟင္းဘူး
မ်ားအားေနရာတက်ျပန္စီၿပီးေနာက္ ထမင္းစားခန္းမွ
ထြက္ကာအိပ္ခန္းအတြင္းသို႔ဝင္လိုက္သည္။ထိုအခါမွ
လြမ္းေသာစိတ္ခံစားခ်က္ေတြသည္ ပို၍ပင္လွိုင္းထန္
သြားရသည္။တစ္ခန္းလုံးအျပည့္ကိုကို႔ပုံရိပ္ေတြခ်ည္းသာ
သူျမင္ေနမိေလသည္။ကုတင္ေျခရင္းေခြေနေသာ
ေျပာင္ၾကဴးႏွင့္စုတ္ဖြားေလးသည္လည္း သူတို႔သခင္အား
လြမ္းေနပုံေပၚကာ မွိန္းကာေခြလ်က္ရွိ၏။

ျဖစ္နိုင္လွ်င္အခုခ်က္ခ်င္းပင္ ကိုကိုရွိရာ႐ြာငယ္ကေလးသို႔
ေတာင္ပံခတ္ၿပီးပ်ံသန္းသြားခ်င္လွပါသည္။
လြမ္းေၾကာင္းတဖြဖြေျပာကာ အၾကင္နာအနမ္းမ်ားအား
ကိုကို႔မ်က္ႏွာေသးေသးေလးအျပည့္ေႁခြခ်ခ်င္လွသည္။

႐ြာမွအေဒၚေနမေကာင္း၍ ႏြေရတုသည္အေဒၚအား
ျပဳစုရန္႐ြာျပန္သြားသည္မွာသုံးရက္ၾကာၿပီျဖစ္၏။
ထိုသုံးရက္ကေလးကိုပင္ ေတာ္ဝင္ေယာက္်ားသည္
အခ်ိန္ကာလသုံးႏွစ္ၾကာပမာခံစားေနရေပသည္။

လြမ္းသည္…ေျပာမျပတတ္ေအာင္ပင္ကိုကို႔အား
သူလြမ္းေနပါသည္။

……………………….

”ေနမေကာင္းဘူးလား မ်က္ႏွာေလးေခ်ာင္က်သြားသလိုပဲ”

”ကိုကို႔ကိုလြမ္းေနရလို႔ ႏွလုံးသားေလးေနမေကာင္းဘူး”

Royalအေျပာကိုသေဘာက်စြာ screenတစ္ဖက္ျခားမွ
ႏြေရတုသည္ခ်ိဳသာၾကည္လင္စြာၿပဳံး၏။ေတာ္ဝင္ေယာက္်ား၏အခုေနာက္ပိုင္းေနပုံထိုင္ပုံ၊ေျပာပုံ
ဆိုပုံသည္ စသိကာစတုန္းကႏွင့္နည္းနည္းမွမသက္ဆိုင္။
တစ္ေယာက္စီအလားထင္မွတ္မွားနိုင္ေပသည္။

ေတာ္ဝင္ေယာက္်ားအား ႏြေရတုနားလည္ပါသည္။
သူ၏ေကာင္ေလးသည္ငယ္႐ြယ္စဥ္က မည္သူ႕ကိုမွ
မခြၽဲႏြဲ႕ခဲ့ရသည္အားႏြေရတုႏွင့္ခ်စ္သူျဖစ္ကာမွအတိုးခ်ကာ
ခြၽဲႏြဲ႕ေနပုံရ၏။

”သုံးရက္ေလးပဲရွိေသးတာကို”

”မသိဘူးဗ်ာ ကိုကို႔ကိုအရမ္းလြမ္းေနတာပဲသိေတာ့တယ္
အခုခ်ိန္မွာ”

”ခ်စ္စရာေကာင္းေအာင္ဆိုးျပေနတာလား အခုက”

Royalသည္ သြားတက္ေလးေတြေပၚေအာင္ပင္ၿပဳံး၏။
Rotayၿပဳံးရယ္လိုက္သည့္အခ်ိန္တိုင္း ႏြေရတုသည္
အၿမဲတေစမွင္သက္ရသည္။အေၾကာင္းရင္းမွာ
ၿပဳံးရယ္ခဲေသာသူမ်ား၏အၿပဳံးသည္ ႏူးႏူးညံ့ညံ့ပန္းပြင့္
ေလးမ်ားထက္သာ၍လွပေသာေၾကာင့္ျဖစ္သည္။

”ကိုကို႔ကိုသီခ်င္းဆိုျပမယ္”

”ဘာသီခ်င္းလဲ”

”ဦးရင္ဂိုရဲ႕ေတာင္ပံပါရင္မင္းဆီကို”

ႏြေရတုသည္ ေတာ္ဝင္ေယာက္်ား၏လႈပ္ရွားမႈေသးေသး
ေလးေတြကအစမမွိတ္မသုန္ျမတ္နိုးရိပ္သန္းေသာ မ်က္ဝန္း
မ်ားျဖင့္ၾကည့္ေနေလသည္။

ေတာ္ဝင္ေယာက္်ားသည္ နံရံ၌ေထာင္ထားေသာ
guitarအားယူကာေနရာ၌ျပန္ထိုင္ၿပီးေနာက္
သူ႕တစ္ကိုယ္လုံးအား တစ္ဖက္မွႏြေရတုျမင္ေအာင္
ဖုန္းအားေသခ်ာေနရာခ်၏။

”ႏွလုံးသားနဲ႕နားေထာင္ေနာ္ ကိုကို”

”ဟုတ္ပါၿပီ”

ေတာ္ဝင္ေယာက္်ားသည္ အေၾကာမ်ားထင္းေနေသာ
သူ၏လက္ေခ်ာင္းသြယ္သြယ္ေလးေတြအား guitar
ႀကိဳးမ်ားေပၚ၌တင္ကာစတင္တီးခတ္လိုက္သည္။
ထို႔ေနာက္ၾသရွရွအသံလြင္လြင္ေလးထြက္ေပၚလာ၏။

~~မင္းမရွိတဲ့ညေတြ ကိုယ္တစ္ေယာက္တည္း ႏြေရယ္
လြမ္းရက္မ်ားလည္းကြယ္ ၾကာရွည္လြန္းခဲ့ပါတယ္

ေမွ်ာ္ကာမွိုင္ေငးဆဲ အျမန္ေျပးေတြ႕လိုက္ခ်င္
တိမ္လႊာျပင္ေတြေက်ာ္လႊားမယ္
အခ်ိန္တန္ရင္ လြမ္းစိတ္ပို

ေတာင္ပံပါရင္ ႏြေ့ဆီကို
ဟိုး….ေဝးေနခ်ိန္ရဲ႕ခရီးေလးကို
လွမ္းလွည့္ရယ္ အင္အားရွိစြာေထြးပိုက္ပါေတာ့
ရင္ခုန္သံေတြအိပ္စက္စို႔…

ဆိုေနရင္းပင္အလြမ္းဓာတ္လြန္ကဲကာ ေတာ္ဝင္ေယာက္်ား၏အသံသည္နစ္ဝင္သြား၏။
အသည္းမာေသာေယာက္်ားသားပင္ျဖစ္လင့္ အခ်စ္ႏွင့္
ထိေတြ႕မိေသာအခါစိတ္အေထြေထြသည္ႏူးညံ့ေပ်ာ့ေပ်ာင္း
သြားေလျခင္းသာ။

~~မင္းသိပါေစ (မေတြ႕နိုင္တာလြမ္းပါရေစ)
အိပ္မရတာေတြ (ျဖစ္ရတာၾကာၿပီ)

ေတာင္ပံပါရင္ မင္းဆီကို
ဟိုး…ေဝးေနခ်ိန္ရဲ႕ခရီးေလးကို
လွမ္းလွည့္ရယ္ အင္အားရွိစြာေထြးပိုက္ပါေတာ့
ရင္ခုန္သံေတြအိပ္စက္စို႔~~

ႏြေရတုသည္လည္း ေတာ္ဝင္ေယာက္်ားႏွင့္မျခားနား။
မ်က္ဝန္းဝိုင္းဝိုင္းေလး၌အရည္ၾကည္မ်ားရစ္သိုင္းလာ၏။

သီခ်င္းၿပီးဆုံးသြားသည့္တိုင္ ႏွစ္ေယာက္သားသည္
တစ္ေယာက္ႏွင့္တစ္ေယာက္ၾကည့္မဝသည့္နိုင္ေငးစိုက္
ၾကည့္ေနမိၾကသည္။အၾကည့္လႊဲဖို႔ရာပင္ သတိမရၾက။

အခ်ိန္အေတာ္ၾကာကာမွ ေတာ္ဝင္ေယာက္်ားဘက္မွ
အၾကည့္လႊဲသြား၏။ထို႔ေနာက္ႏြေရတုအားမပီမျပင္ၿပဳံးျပၿပီး

”ဂြတ္ႏွိုက္ ကိုကို၊ကြၽန္ေတာ္ပါဝင္တဲ့ အိပ္မက္လွလွေလးမက္ဖို႔ မေမ့ပါနဲ႕”

”အြန္း ေယာက္်ားေရာပဲထပ္တူထပ္မွ်”

ထိုညက အေနေဝးေနသည့္ခ်စ္သူႏွစ္ေယာက္သည္
အလြမ္းကရိုက္ခတ္ေသာဒဏ္ေၾကာင့္ ဉာဥ့္နက္သည္အထိ
အိပ္မေပ်ာ္နိုင္ခဲ့ၾကေပ။

……………………………..

”ဟဲ့ ေရႏြေးၾကမ္းေတြလွ်ံက်ကဳန္ၿပီေလ”

ေဒၚေလးကအလန့္တၾကားေအာ္ကာမွ ႏြေရတုသည္
အေတြးမ်ားေနရာမွသတိဝင္ကာထည့္လက္စေရႏြေးၾကမ္းအား အျမန္ဘရိတ္အုပ္ရ၏။

”တကယ္တည္းေတာ္ မနက္ကတည္းမွအခုခ်ိန္ထိ
တမွိုင္မွိုင္တေတြေတြနဲ႕ဘာျဖစ္ေနတာလဲ”

ေဒၚေလးသည္ႏြေရတုအား ေစ့ေစ့စပ္စပ္ၾကည့္ကာ
စူးစမ္းလာေတာ့ႏြေရတုသည္ေခါင္းသာခါယမ္းျပသည္။
ထိုအခါေဒၚေလးနံေဘးကပ္ထိုင္ေနေသာ ညီမငယ္
လဝန္းေသာ္တာသည္ရယ္ခ်င္ပက္က်ိမ်က္ႏွာေပးျဖင့္

”လြမ္းနာက်ေနတာ အသိသာႀကီးပဲဟာကို”

”မဟုတ္တာေတြေလွ်ာက္ေျပာေနတယ္”

အရွက္ေျပျငင္းလိုက္ရေသာ္လည္း လြမ္းေနသည္မွာအမွန္သာ။ထို႔အျပင္ မေန႕ကvcေျပာၿပီး
ကတည္းက ေနာက္ေန႕ညေန၊ယခုအခ်ိန္အထိေယာက္်ားထံမွ
ဖုန္းတစ္ေကာလ္၊စာတစ္ေစာင္ေရာက္မလာသည္က
မခံခ်ိမခံသာျဖစ္ေစ၏။

”က်ဳပ္ႏွယ္လည္းေနမေကာင္းျဖစ္မိတာေတာင္
အားနာရမလိုျဖစ္ေနၿပီ”

”မဟုတ္တာ ေဒၚေလးကလည္း”

”အေမကလည္းဘာေတြေလွ်ာက္ေျပာေနတာလဲ”

”ဟုတ္တယ္ေလ ညည္းေရာ၊ညည္းအစ္ကိုေရာ
႐ြာေရာက္တာဘယ္နရက္ၾကာေသးလို႔ လြမ္းနာက်ေနတာလဲ”

ေဒၚေလးကိုျပန္မေျပာတတ္ေတာ့၍ ႏြေရတုသည္
ေခါင္းအသာအယာခါယမ္းကာသာခပ္ဖြဖြၿပဳံးမိေခ်သည္။
လဝန္းေသာ္တာသည္ေတာ့ ေလသံမွ်သာပြစိပြစိ
ေျပာေနေလ၏။

”ဗ်ိဳ႕ အိမ္ရွင္တို႔”

ေအာ္ေခၚသံေၾကာင့္ ႏြေရတုတို႔တူဝရီးသုံးေယာက္သည္
ၿခံဝသို႔အၾကည့္ေရာက္သြားၾက၏။

”ဒီမွာဧည့္သည္လာတယ္”

ဆိုင္ကယ္ေပၚမွဦးေလးႀကီး၏ေနာက္မွဆင္းလာေသာ
အရပ္ရွည္ရွည္၊ေထာင္ေထာင္ေမာင္းေမာင္းလူ႐ြယ္အား
ျမင္ေသာအခါႏြေရတုတို႔တူဝရီးသုံးေယာက္လုံး
အံ့ၾသတႀကီးကာ ထိုင္ေနရာမွထရပ္မိၾကသည္။

ထိုလူ႐ြယ္သည္ မ်က္ႏွာတစ္ဝက္အျပည့္တပ္ထားေသာ
maskအနက္အားခြၽတ္ၿပီးေနာက္ သြားတက္ႏွစ္ဖက္
ေပၚေအာင္ၿပဳံးကာ ႏြေရတုထံသို႔သာဦးတည္၍
ႏႈတ္ထြက္စကားဆိုလာသည္မွာ

”ကိုကို”

…………………………….

ေတာင္ထိပ္သို႔ေရာက္ခါနီးေလ အခ်မ္းဓာတ္ပိုကဲေလ
ျဖစ္ေသာေၾကာင့္ေတာ္ဝင္ေယာက္်ားသည္ လည္ပင္း၌
ပတ္ထားေသာမာဖလာအားတင္းတင္းဆြဲခ်ည္မိသည္။

”လက္ေတြက်င္ေနၿပီ”

”အႏြေးလက္အိတ္စြပ္ခဲ့ပါလို႔ ကိုကိုေျပာသားပဲ”

အေရွ႕ေရာက္ေနေသာႏြေရတုသည္ Royalအနီးျပန္ေရာက္လာကာ လက္အိတ္ကင္းမဲ့ေသာ
Royalလက္ႏွစ္ဖက္အားဆုပ္ကိုင္ကာအာေငြ႕ေပးလာ၏။
ထို႔ေၾကာင့္Royalသည္ အလုပ္မွန္သမွ်ႏွင့္
ေၾကာင္ႏွစ္ေကာင္အား နန္းထိုက္ေတာ္ဝင္ထံ
လႊဲထားခဲ့ကာ ကိုကို႔ေနာက္လိုက္လာခဲ့တာ
မွန္ကန္သြားသည္ဟုမွတ္ယူ၏။

”လာ ဟိုမွာေတာင္ထိပ္ျမင္ေနရၿပီ”

Royalႏွင့္ႏြေရတုသည္ မနက္ေစာေစာ႐ြာထိပ္မွ
ေတာင္တက္ေနၾကျခင္းသာျဖစ္၏။

ေတာင္ထိပ္သို႔ေရာက္ေသာအခါ ပတ္လည္ရွိျမင္ကြင္းေတြသည္ရႈမၿငီးဖြယ္ျမဴမ်ားႏွင့္
ေတာင္ေငြ႕မ်ားရစ္သိုင္းလ်က္ရွိ၏။ေဆာင္းရာသီဝင္ၿပီးျဖစ္၍
ပတ္ဝန္းက်င္တစ္ခြင္သည္ႏွင္းေငြ႕၊ႏွင္းစက္မ်ားျဖင့္
အလွႀကီးလွေနေပေတာ့သည္။ခပ္ေဝးေဝးမွေတာင္ထိပ္
ကေလးမ်ားသည္ျမဴဆိုင္းေန၍ ကမုေလးမ်ားသဖြယ္
ငုတ္တိုေလးေတြျဖစ္ေန၏။ေနေရာင္ျခည္မလာေသး၍
ဝန္းက်င္တစ္ခြင္သည္အုံ႕အုံ႕မွိုင္းမွိုင္း။

”လွလိုက္တာ”

”လက္ေတြက်င္ေနေသးလား”

”ဟုတ္ က်င္ေနေသးတယ္”

”ဒါဆိုကိုကိုအာေငြ႕ေပးမယ္”

”ရတယ္ ဒီလိုလုပ္လိုက္မယ္”

ေတာ္ဝင္ေယာက္်ားသည္ ႏြေရတုေက်ာေနာက္ဘက္၌
ေနရာယူကာခါးေသးေသးေလးအား ရစ္သိုင္းဖက္သည့္ႏွယ္
အိတ္ကပ္အတြင္းသို႔လက္ထိုးဝင္၏။ထို႔ေနာက္
ႏြေရတုပုခုံးထက္ေမွးတင္ၿပီးေနာက္ နားထင္စပ္အား
အနမ္းေႁခြ၏။

”ကိုကို႔ကိုအမ်ားႀကီးအားႀကီးလြမ္းေနခဲ့တာ”

”ဟုတ္လို႔လား”

”ကိုကိုမယုံရင္ ကြၽန္ေတာ္ကအနမ္းေတြအမ်ားႀကီးေပးၿပီး
သက္ေသျပမယ္ေလ”

”လူလည္”

ေတာ္ဝင္ေယာက္်ားသည္တဟားဟားေအာ္ရယ္၏။
ခ်စ္ရသူႏွင့္အတူရွိခ်ိန္သည္ Royalအတြက္အူအျမႇူးဆုံး
အခ်ိန္ျဖစ္ေလသည္။

”ကိုကို”

”ဟြန္”

”ကြၽန္ေတာ္ေျပာစရာရွိတယ္”

”ေျပာေလ”

ေတာ္ဝင္ေယာက္်ားသည္ ႏြေရတုအားဖက္ထားရာမွ
ဖယ္ခြာကာမ်က္ႏွာခ်င္းဆိုင္၏။ထို႔ေနာက္ သူ႕အား
မမွိတ္မသုန္ၾကည့္ေနေသာ ကိုကိုႏွင့္နဖူးခ်င္းထိေတြ႕ကာ
ႏွာဖ်ားခ်င္းပြတ္တိုက္ရင္းဘဝအတြက္အေရးႀကီးေသာ
စကားတစ္ခြန္းဆိုမိသည္။

”ကြၽန္ေတာ္တို႔လက္ထပ္ၾကရေအာင္”

”ဟင္”

မထင္မွတ္ထားေသာစကားေၾကာင့္ ႏြေရတုသည္
အံ့ၾသတႀကီးျဖစ္သြားရသည္။ခဏအၾကာ အံ့ၾသသည့္
မ်က္ႏွာေပးမွမေက်မလည္မ်က္ႏွာအမူအရာေျပာင္းသြား၏။

”လက္ဗလာနဲ႕ငါ့ကိုလက္ထပ္ခြင့္ေတာင္းတာေပါ့ေလ”

မေက်နပ္ေသာေလသံေလးေၾကာင့္ Royalသည္
ပ်ာသြားရ၏။

”အေလာတႀကီးထြက္လာရလို႔
ကြၽန္ေတာ္ဘာမွမစီစဥ္ခဲ့ရဘူး ဒါေပမယ့္ကြၽန္ေတာ္
ဒါေလးေတာ့စီစဥ္ထားတယ္”

ေတာ္ဝင္ေယာက္်ားသည္ သူ၏အိတ္ကပ္အတြင္းသို႔
လက္ႏွိုက္၏။လက္ျပန္အထြက္ပါလာသည္က
အုန္းလက္ႏွင့္ျပဳလုပ္ထားေသာ အုန္းလက္စြပ္ႏွစ္ကြင္း။
တစ္ကြင္းသည္ အဝိုင္းက်ယ္ကာက်န္တစ္ကြင္းသည္
အဝိုင္းက်ဥ္း၏။အုန္းလက္စြပ္သည္ ဖဲပြင့္သ႑ာန္
အထပ္ထပ္လည္းပါဝင္၏။

ထိုအခါမွႏြေရတုသည္ မေန႕ကအုန္းလက္မ်ားျဖင့္
အလုပ္ရႈပ္ေနေသာRoyal၏ပုံရိပ္မ်ားအား
ေျပးျမင္ေယာင္၏။

Royalသည္ ႏွင္းရည္စက္မ်ားစို႐ႊဲေနေသာ
ျမက္ပင္မ်ားထက္ ဒူးတစ္ဖက္ေထာက္ထိုင္ခ်ၿပီးေနာက္
ႏြေရတုထံေမာ့ၾကည့္လ်က္

”ကိုကို ကြၽန္ေတာ့္ကိုလက္ထပ္ပါ”

ရိုးရွင္းၿပီးပကာသနမပါေသာ အုန္းလက္စြပ္ႏွစ္ကြင္းအား
ရင္ခုန္စိတ္လႈပ္ရွားစြာၾကည့္ၿပီးေနာက္ ႏြေရတုသည္
Royal၏မ်က္ဝန္းမ်ားထံစူးစိုက္ၾကည့္ကာ
ေခါင္းတဆတ္ဆိတ္ညိတ္ျပလိုက္သည္။

”အြန္း ကိုကိုလက္ခံတယ္၊လက္ထပ္ၾကတာေပါ့”

ႏြေရတုသည္ ဒူးေထာက္ထိုင္ေနေသာေတာ္ဝင္ေယာက္်ား၏
မ်က္ႏွာအားလက္ႏွစ္ဖက္ျဖင့္ေထြးရင္းနဖူးျပင္ထက္
အနမ္းဖြဖြေျခခ်ေလေသာအခါ Royalသည္
ေက်ေက်နပ္နပ္ခံယူ၏။

ထို႔ေနာက္ ခ်စ္သူႏွစ္ဦးသည္ျမဴမ်ားရစ္သိုင္းေနေသာ
ေတာင္ထိပ္၌ အလွပဆုံးေသာအနမ္းမ်ားအား
အျပန္အျပန္အလွန္လွန္ေႁခြခ်ရင္း အခ်စ္သက္ေသအျဖစ္
မွတ္တမ္းတင္ခဲ့ၾကေလသည္။

……………………………..

(AN// Royalကိုလြမ္းသြားလို႔ အလြမ္းေျပ
special episodeတစ္ပိုင္းေရးျဖစ္သြားျခင္းပါပဲ၊
ကိုယ္ေတာ့အလြမ္းေျပသြားပါၿပီ၊အဲ တခ်ိဳ႕ကသိၾကေပမယ့္
တခ်ိဳ႕ကမသိေသးလို႔ေျပာစရာေလးရွိပါတယ္၊
ကိုယ့္wallထဲမွာတင္ထားတဲ့ Night Changesက
Royalညီ နိုဘယ္ေတာ္ဝင္ရဲ႕အခ်စ္ဇာတ္လမ္းေလးပါ၊
စိတ္ဝင္စားရင္အလည္လာခဲ့ဖို႔ ဖိတ္ေခၚခ်င္ပါတယ္ေနာ္><)

Tags: read novel Royal Husband >Special Episode<, novel Royal Husband >Special Episode<, read Royal Husband >Special Episode< online, Royal Husband >Special Episode< chapter, Royal Husband >Special Episode< high quality, Royal Husband >Special Episode< light novel, ,

Comment

Leave a Reply

Chapter 44