Wrong Time Right Person(Completed) part4(unicode)

A+ A-

Wrong time Right person

အပိုင်း(၄)

မိုးရိပ်များမှာ သင်္ကြန်အတွက် အားယူနေသည့် နှယ်
ကျွန်းလှတစ်မြို့လုံး
အုံ့ဆိုင်းနေ၏။ လေအဝှေ့တွင်
မိုဖွဲပါးပါးလေးများ ပါလာပြန်သည်။
လွမ်းစရာရှိသူများအဖို့ လွမ်းမောဆွေးမြေ့ဖွယ် အခြေအနေလေးပင်။
ကျွန်းလှဟာ လွန်ခဲ့တဲ့ငါးနှစ်ကလိုပဲ
မပြောင်းမလဲ။
ကြည်သူ့အဖေရဲ့ မွေးရပ်ဇာတိဖြစ်ပေမယ့် နိုင်ငံခြားမသွားခင် တစ်ခေါက်သာ
ရောက်ဖူးကာ ဒီတစ်ခေါက်မှာတင်
သူ့နှလုံးသားက ကျွန်းလှတွင်ကျန်နေခဲ့၏။
ခု ကျန်နေခဲ့သော နှလုံးသားကို
သူ့အပိုင်အဖြစ် ပြန်လည်သိမ်းထုပ် နိုင်ခဲ့ပြီ။
ကြည်သူမိုးမြေ့ဆိုတာ
မွေးကတည်းက လိုတရအိုးလေး ကိုင်ပြီး မွေးလာသလား ထင်ရလောက်အောင် သူလိုချင်လာရင် မရတာမရှိဖူး။
သူ ဝါရှင်တန်က ပြန်လာလာချင်း
ပထမဆုံး လုပ်သောအလုပ်မှာ နွယ့်အချစ်ကို ရရန် နေ့နေ့ညညကြိုးပမ်းခြင်းပင်။ တက္ကသိုလ်မြေမှာ နွယ်က အလှနတ်ဖုရားမလေးဆိုရင်
သူကလည်း သူ့နယ်ပယ်မှာ ပျိုတိုင်းကြိုက်တဲ့ ရွှေတွင်းကြီးပင်။
နှင်းဆီခိုင်က ဘာမို့လို့လဲ ဆူးတွေကလွှဲရင် အဖိုးတန်တာ ဘာမှမရှိ။
ကြည်သူမိုးမြေ့ဆိုတဲ့သူက အဖေ့ဘက်ရော အမေ့ဘက်ရော အမွေတွေစုပြုံရထားသည့်အပြင် အဘွား၏ ရွှေဆိုင်
လုပ်ငန်းကြီးတစ်ခုလုံး ဝကွက်အပ်ရန် လျာထားခံရသူ။
သူကိုယ်တိုင်လည်း နိုင်ငံခြားတွင်
စီးပွားရေပညာနဲ့ ဒီပလိုမာ ဘွဲ့ရထားသူ။
ကြည်သူတို့ခေါတ်တွင်
နိုင်ငံခြားပြန်ဆိုရင် သင်္ဘောကုန်းပတ်တိုက်သူပင် အထင်ကြီးခံရကာ
လူကုန်ထံသားသမီး တော်တော်များများဟာ မြန်မာနာမည်အစား
ဘိုနာမည်တွေမှည့်ကြသည်အထိ ရူးသွပ်ကြလေသည်။
ထိုအထဲ သူ၏ မဟာဆန်သူလေး ရဝေနွယ်ဦး မပါ။
ပရိယာယ် ဝေဝုဒ်တွေ မကြွယ် တတ်သူမို့ နွယ့် အား ဘုရားပေါ် တွေ့ခဲ့သည်ကို
ခြေခြေမြစ်မြစ် မပြောပြခဲ့ပေမယ့်
လွန်ခဲ့တဲ့ငါးနှစ်ကပင်
သဘောကျခဲ့ကြောင်း ဝန်ခံခဲ့သည်။
နွယ်ကတော့သူ့ကိုမှတ်မိပုံမရ။
ဒါလည်းအရေးမကြီးပါ
နှစ်ယောက်တစ်ဘဝ တည်ထောင်ပြီးရင် နွယ်သိအောင် ပြန်ပြောင်းပြောပြဖို့
အချိန်တွေအများကြီးရှိသည်ပဲ။
နွယ်အား စတွေ့တုန်းက သူကိုယ်တိုင်ရိုက်ယူထားသော ပုံလေးတွေကလွှဲရင်
ငါးနှစ်အတွင်း ရိုက်ယူထားခဲ့သမျှ
ဓာတ်ပုံ များ
အား သက်သေအဖြစ်ပြကာ ချစ်ရသူနဲ့နီးဖို့ အချိန်မဆွဲချင်တာကြောင့် မြန်မြန်ဆန်ဆန် အဖြေ
ပေးဖို့ သူတောင်းဆိုခဲ့သည်။
နွယ်က ပထမအံသြတကြီး ဖြစ်သွားသော်လည်း သူ့လို ရုပ်ရည်ရော အရည်အချင်းရော ပစ္စည်းဥစ္စာ ပါပြည့်စုံတဲ့သူကို ဘယ်မိန်းကလေးက ငြင်းချင်မှာလဲ။
ချစ်ခြင်းမေတ္တာ မှာ အချိန်အခါဟာ အဓိကမကျ။
မူယာမာယာများပြီး
အီးလေးဆွဲရတာ ကြည်သူ့စတိုင်လည်းမဟုတ်ပါ။
သူ့လိုယောကျာ်းမျိုး ကို ချစ်လာဖို့ရာ
ဘာမှမခဲယဥ်း ဘူးဟု ယုံကြည်ထားသည်။
ဒါကြောင့်လည်း နွယ်နဲ့ တွေ့ပြီး
နှစ်လအတွင်း သူ့မွေးနေ့ဆို တစ်ခါတည်းစေ့စပ်ကာ
ဝါကျွတ်ရင် လက်ထပ်ဖို့ထိ ခရီးအပေါက်မြန်ခဲ့ပါသည်။
လောလောဆယ် အခက်အခဲမှာ ချစ်သူရော ယောက္ခမတွေရော သူတို့ကိစ္စအား
အလွယ်တကူကြည်ဖြူသည့်တိုင်
သူ့ယောက်ဖ လောင်း ကြောင့်စိတ်ထဲ စနိုးစနောင့်ဖြစ်ရသည်။
ရုတ်တရက်ကြည့်ရင် နွယ်နဲ့ ဆင်တူပေမယ့် ယောကျာ်းလေးမို့မေးရိုးပိုထင်း၏။
ယောကျာ်းလေးတန်မဲ့ မျက်အိမ်ကျယ်ကျယ် မျက်လုံးဝိုင်းကြီးများပိုင်ဆိုင်ထားကာ သူ့ကို ကြည့်သော
အကြည့်များမှာ အလိုမကျမှူများ
အားလည်းတစ်စွန်းတစ်စ
တွေ့ရသလို တခါတလေ
ဆွေးဆွေးမြေ့မြေ့လည်း
ဖြစ်သွားတတ်သေးသည်။
အဓိပ္ပယ် တော့ ကြည်သူမဖော်တတ်။
ချစ်သူထားရတာပင်ဒီလောက်မခက်။
ယောက်ဖချော့ ရတာ ပိုခက်နေသည့်သူ့အဖြစ်။ သူကလည်း မရတာမှ ပိုလုပ်ချင်သူ။
သေချာပေါက် သူတို့မင်္ဂလာဆောင်ကို
ဒီဂျစ်တူးလေးကိုယ်တိုင် လိုလိုချင်ချင်နဲ့ သဘောတူလာအောင်လုပ်ဦးမည်။
နွယ်တို့အိမ် မိဘများနှင့်တွေ့ပြီးကတည်း က သူအားအတွေ့မခံပဲ ရွှေဆောင်ပြန်သည်အထိ
တမင်ရှောင်နေသည်မို့
စိတ် ထဲ တော်တော်မချင့်မရဲကြီးခံစားရသည်။
ကာယကံရှင်ကတောင် လိုလိုလားလားသဘောကျနေပြီကို ဒင်းက ဘာမို့လို့လဲ။
နွယ့်မိဘများနှင့် စကားပြောပြီးနောက်
နွယ် ကကျောင်းကိစ္စနဲ့ သူနဲ့အတူ ရွှေဆောင်
မြို့သို့ ပြန်လိုက်ခဲ့
သည်။
ကြည်သူက ကျွန်းလှတွင်
သူတို့ကုမ္ပဏီပိုင်
ငါးဖမ်းလှေမှ ရေလုပ်သားတစ်ဦး မတော်တဆမှု ကိစ္စပေါ်လာခဲ့သည်မို့
ကျွန်းလှသို့ပြန်လာခဲ့သည်။
နွယ်က ကျောင်းကိစ္စရှိသည်ဟုဆိုကာ
ချက်ချင်းမလိုက်လာနိုင်။
အလုပ်သမားများနှင့်သာ ထားသော
ကြည်သူအတွက် သွားလေသူ အဘွား ချန်ခဲ့သည့် အိမ်တွင် နေရန်ဆိုပေမယ့်
နွယ်က မိသားစု နှင့် ပို၍ ရင်းနှီးမှု ရရန်ဆိုကာ သူမတို့အိမ်၌ပင် တည်းခိုင်းသည်မို့ ကြည်သူမှာ မငြင်းသာတော့။
ကြည်သူလည်း ထို ပဟေဠိဆန်သော
ယောက်ဖ လောင်းလေးနှင့် ရင်နှီးချင်သေးသည်။
မွေးချင်းတစ်ယောက်မှမရှိ။
မိဘ အပြည့်အစုံရှိ ခဲ့ဖူးသော်လည်း
တစ်ချိန်လုံး ကမ္ဘာ့ရန်လိုသတ်နေကာ
သူ့အား ချစ်ခြင်းမေတ္တာ ပေးဖို့အချိန်မရသည်မို့ မိသားစု ဆိုတဲ့နွေးထွေးမှု မရဖူးသော သူမို့လားမသိ ထိုကောင်လေးအား မြင်မြင်ချင်းတစ်မျိုးတစ်မည်ခံစားရကာ
ထိုကောင်လေးသူ့အပေါ်အမြင်ကြည်တာလိုချင်မိသည်။
ကြည်သူ နွယ်တို့အိမ်ရောက်တော့ နွယ့်မိဘတွေသာ ရှိကာ
ထိုချာတိတ်ရှိမနေ။
သူငယ်ချင်းများနှင့် ကမ်းနားဘက်သွားသည်ဆို၍
သူကမ်းနားဘက်လိုက်လာခဲ့သည်။
မြွှေလိမ်မြွှေကောက်များသဖွယ်ဖြစ်နေသော တောင်တက်လမ်းလေးတိုင်း ဆိုင်ကယ်အား မိုင်ကုန်တင်လိုက်၏။
ဦးထုပ်မပါသည်မို့ မတိုမရှည် ဆံပင်များမှာ လေနှင့်အတူလွှင့်နေ၏။
မျက်နှာရှင်းရှင်းဟာ အတိုင်းသားပေါ်နေကာ စပို့ရှပ်အင်္ကျီမှာ ရင်ဘတ်တွင် ကပ်နေသည်မို့ ရင်အုပ်ထွားထွားများမှာ ရှင်းလင်းစွာမြင်နေရပြန်သည်။
ကမ်းနားလမ်းတစ်ပတ် ပတ်ပြီးသည့်တိုင် ချာတိတ်၏အရိပ်အယောင်အားမတွေ့ရသေး။
တောင်တော်ဦးဘုရားရှေ့ရောက်သည်နှင့် ဘုရားပေါ် တက်ချင်စိတ်ဖြစ်လာသည်မို့
ဘုရားပေါ်တက်လာလိုက်သည်။
မိုးဖွဲလေးများ ကျနေသည်မို့ဘုရားရင်ပြင်တစ်လျှောက် ဘုရားဖူးသူများလည်းမရှိ။
ကြည်သူ့အာရုံထဲ အဲဒီတုန်းက
မြန်မာရင်ဖုံး ဆံထုံးနဲ့ ယဥ်စစ
နွယ့်ပုံရိပ်လေးအား
ပြန်မြင်ယောင်မိလျှင်
နှုတ်ခမ်းထောင့်ချိုးများမှာ သိသာစွာတွန့်ကွေးသွားလေသည်။
နောက်မှ နွယ်နဲ့တူတူ တစ်ခါလောက်ပြန်လာရမည်။
ထိုစဥ် ကြည်သူ့ မြင်ကွင်းထဲ ဘုရားဘက်ကျော ခိုင်းကာ ပင်လယ် ဘက်မျက်နှာမူလျက် ခုံတန်းလျားလေးတွင် ထိုင်နေသော ပုံရိပ်လေးတစ်ခုဝင်လာလေသည်။
မကျဥ်းမကျယ် ပခုံးနှင့် နောက်ကကြည့်လျှင် အနည်းငယ်ရှည်သည်ထင်သော ဆံပင်တို့က မိုးဖွဲဖွဲတွင် အချိန်အကြာကြီးထိုင်နေပုံရကာ
အနည်းငယ် စိုကပ်နေ၏။
ကြည့်လိုက်ရုံနဲ့ ဘယ်သူမှန်းတန်းသိကာ
အနားကပ်သွားလိုက်သည်။
ဘာတွေဒီလောက်တွေးနေလို့
လူတစ်ယောက်လုံး လာတာတောင်မသိရတာလဲ။
“ဘာထိုင်လုပ်နေတာလဲ”
သူ့အသံကြောင့် တအံ့တသြလှည့်ကြည့်လာသော မျက်ဝန်းတွင် ဝမ်းနည်းရိပ်လည်းပါ၏။
မဟုတ်မှ ငိုထားတာတော့မဟုတ်ဘူးမှလား။

“ခင်ဗျား”
“သူငယ်ချင်းတွေနဲ့သွားတာဆို”

မျက်နှာမှာ ရုတ်ချည်း ပင်လယ်ဘက်မျက်နှာ မူသွားပြန်သည်။
ကြည်သူ လွှတ်နေသော ခုံစွန်းတွင် ဝင်ထိုင်လိုက်၏။

“ခင်ဗျား ဘာလာလုပ်တာလဲ”
“ကိုယ်မလာရတဲ့ နေရာမို့လို့လား”
“မမကရော”
“မင်းမမက နဂိုကတည်းက ကျောင်းကိစ္စနဲ့မို့ ရွှေဆောင်ကို ပြန်လိုက်တာလေ
သေချာပေါက် ဟိုမှာကျန်ခဲ့တာပေါ့”

ပြောလိုက်တော့လည်း
ဝေခွဲမရသော မျက်လုံးများနှင့်ပြန်ကြည့်လာ၏။

“ထိုင်နေတာ ကြာပြီမှလား ပြန်မယ် ထ”
“ခင်ဗျား ဘာသာပြန် ကျတော် ထိုင်ဦးမှာ”
“ခေါင်းမာလိုက်တာကွာ ဘာလဲရည်းစားပူမိနေတာလား”
“အင်း”

နောက် လိုက်တာ ဆိုပေမယ့် ချက်ချင်းပြန်ဖြေလာသူကြောင့်
ကြည်သူ ဆွံအသွားသည်။
ဒါကြောင့် ဒီမှာ လာထိုင်ပြီးဆွေးနေတာပေါ့။

“ချာတိတ်က ငယ်ပါ သေးတယ်ကွာ
ချာတိတ်ရုပ်ရည်နဲ့ ကောင်မလေးတွေ တန်းစီပြီး ခေါင်းခေါက်ရွေးလို့ရပါတယ်”

ကိုကိုမှ မဟုတ်တာလို့ နန်းဦးမပြောမိ။
မေ့ပစ်ပြီး လက်လွှတ်ပါမယ်ဆိုမှ
မျက်စိရှေ့ထပ်ပေါ်လာပြန်သည်။
ထိုနေ့လည်း ကိုကိုက
အပြာရောင်တီရှပ်ပြောင် ဂျင်းပင် ပွပွနှင့် ကြည့်ကောင်းနေပြန်သည်။

“ကိုယ့်မျက်နှာမှာ တစ်ခုခု ကပ်နေလို့လား”
“အင်း”

နန်းဦး ပြောရင်း ကိုကို့ မျက်နှာအား
ညင်သာဖွဖွကိုင်လိုက်၏။
မုတ်ဆိတ်မွေး ပါးမြိုင်မွေး တိုစိတ်စိတ်များကြောင့် ကြမ်းရှရှ ခံစားရကာ
လက်အားအသာ ပြန်ရုတ်လိုက်၏။
တစ်ခါလောက်ထိကြည့်ချင်နေတာ

“သစ်ရွက်ခြောက်လေး ကိုကို”

ချာတိတ်ဆီမှ ကိုကို ဆိုသော
နာမ်စားကြောင့် ဘာရယ်မဟုတ် တစ်ထောင့်တစ်နေရာမှ အေးချမ်းသွား၏။
ခုလိုမျိုး ကိုကို လို့ခေါ်ပြီး လိုချင်တာ ပူဆာတတ်တဲ့ ညီလေးတစ်ယောက်ရှိတာ ဒီလိုခံစားချက်ပါလားလို့
သိလိုက်ရတာချက်ချင်း။

“အင်း ကိုကို့ ညီ တော်မလား ဝေ”

ဘယ်သူမှ မခေါ်ဖူးတဲ့ ဝေ ဆိုတဲ့နာမ်စားလေးကြောင့် ရင်ထဲသိမ့်တုန်နွေးသွား ပေမယ့်
ညီတော့မတော်ချင်ဘူး လေ ကိုကိုရာ။

“ဟင် အင်း”
“ဒါဆို ကိုကိုနဲ့ နွယ့် ကိစ္စကိုတော့
သဘောတူပြီ မှလား”
“အင်း”

အဖြေနဲ့အတူ
လွင့်စင်သွားသော မျက်ရည်စက်လေးဟာ မိုးနဲ့အပြိုင်။ ရုတ်တရက်
ဝေါကနဲ ရွာ ချလိုက် သော မိုးကြောင့်
ကြည်သူ ချာတိတ်လက်အား ဆွဲကာ အမိုးရှိရာ ဘုရားစောင်းတန်းဘက်အမြန်ပြေးလာလိုက်သည်။
နန်းဦး မှာ ကိုကို့ လက်အား တင်းကြပ်စွာတန်ပြန်ဆုပ်ကိုင်လိုက်ကာ
မမအားစိတ်ထဲမှတောင်းပန်ရသေးသည်။
မမသာ သူ့ချစ်သူကို မောင်ဖြစ်သူက မရိုးမသားစိတ်တွေရှိနေတာသိရင် ရွံသွားမှာ လား။
ကိုကိုကရော။
နန်းဦးနဲ့ ဘေးချင်းယှဥ်လျက်အနေအထားမှာတောင် မေးရိုးနှင့် နှာတံမြင့်မြင့်ကထင်းနေကာ
နန်းဦးချစ်တဲ့မေးချိုင့်လေးတွေ မမြင်ရရင်တောင် ကိုကိုက ချောသည်ပဲ။
မမနဲ့ တရားဝင်မဆိုင်သေးခင်
နန်းဦး ရသမျှ အချိန်လေးမှာ ကိုကို့ကို
ပိုင်ချင်သေးသည်။

“မိုးတိတ်မှပြန်မလား ဝေ”
“ဟင်အင်း ခုပြန်မယ်”

ပြန်လည်ဆုပ်ကိုင်ထားသော
ချာတိတ်လက်အား ခွာမချရက်သည်မို့
ဘုရားစောင်းတန်း ကနေ ဆိုင်ကယ်နားထိ လက်အားဆုပ်ကိုင်လျက်
ခေါ်လာလိုက်သည်။
မိုးရေတွေနဲ့ ရွှဲနစ်သွားတာကြောင့် ရှပ်အင်္ကျီအဖြူလေးမှာ ကိုယ်တွင်စိုကပ်နေ၏။
ပါးလျလျကိုယ်ဟန်လေးမှာ
အတိုင်းသား။
နွယ့်အသားအရေက သနပ်ခါးရောင် ဝါဝါဝင်းဝင်းပေမယ့် ဒီချာတိတ်ရဲ့အသားအရောင်မှာ ခရစ်စတယ်လို ကြည်ကြည်လင်လင်လေး။
ဒီချာတိတ်ကို မြင်လျှင် ဘာလို့
နွယ်နဲ့ ယှဥ် ပြီး မြင်မိနေတာလည်း
ကိုယ့် ကိုယ်တိုင်လည်း နားမလည်။
ဆိုင်ကယ်မောင်းထွက်လိုက်တော့
လက်လေးနှစ်ဖက်က သူ့ခါးအား
ပိုင်ပိုင်နိုင်နိုင်ဖက်လာကာ
နောက်ကြောဆီမှ အနွေးဓာတ်လေးသည် မိုးနဲ့ လေကြောင့်
အေးစက်နေသော ခန္ဓာကိုယ်ကို နွေးထွေးစေ၏။
********
“မိန်းမရေ “
ကြည်သူ အိမ်ရှေ့မှ မိန်းမ ရေဆိုသော အသံဝါဝါ ကြောင့်
အပြင်ထွက်ကြည့်လိုက်သည်။

“ခင်ဗျား က မမနွယ် ခင်ပွန်းလောင်းဆိုတာလား”

ကြည်သူ ဘာမှမပြောရသေးမီ ပြောလာသူအား ရှူတည်တည် ပြန်ကြည့်လိုက်သည်။
တစ်နေရာရာ မြင်ဖူးခဲ့သလိုရှိကာ ဘယ်မှာ မြင်ဖူးခဲ့လည်းစဥ်းစားမရ။
လက်တွင်လည်း အထုပ်တစ်ထုပ်ကိုင်ထားကာ
သူ့အိမ်သူ့ရာနှယ် အိမ်နောက်မီးဖိုချောင်ထိဝင်သွားလေသည်။

“မေကြီး နန်းဦး နေမကောင်းဘူးဆိုလို့
စွပ်ပြုလုပ်ရအောင် ကြက်တစ်ခြမ်းယူလာတာ”
“အတော်ပဲ သားဖိုးပြည့်ရေ
မင်းသူငယ်ချင်းက မနေ့ကမိုးမိပြီး ညက တစ်ညလုံးအဖျားတွေ တက်တာ
မောင်ကြည်သူ ရှိပေလို့သာပေါ့”
“မမနွယ် ချစ်သူလားမေကြီး
ကျတော် စကားပြောတာ ပြန်လည်းမပြောဘူး”
“စိမ်းနေသေးလို့နေမှာပေါ့ သားနဲ့တောင် ရင်းနှီးတာမကြာသေးဘူး”

ပြည့်စုံက မကျေမနပ်နှင့် မေကြီးကို
တိုင်နေတာ ဖြစ်သော်လည်း
မေကြီးမှာ ခုကတည်းက သူ့သမက်ဘက်က ဖြစ်နေ၏။
ပြည့်စုံတစ်ယောက်မကျေမနပ်နှင့်
နန်းဦး အခန်းဘက်ကူးလာလိုက်သည်။
မမနွယ်နား မနေပဲ ကျွန်းလှကို ဘာလာလုပ်တာတဲ့လဲ။
နန်းဦးမှာ ကုတင်ပေါ်တွင်စောင်ခေါင်းမြီးခြုံလျက်ကွေးကွေးလေး။
ပြည့်စုံက နန်းဦးဘေးတွင်အသာလေး ဝင်လှဲလိုက်၏။ လက်ကိုလျိုဝင်ကာ
နဖူးကို အသာလေးစမ်းလိုက်တော့ အနည်းငယ်နွေးနေသေးသည်။

“ကိုကို”

အသံက တိုးတိုးလေးပေမယ့် ပြည့်စုံကကြားဖြစ်အောင်ကြားလိုက်သည်။
ခေါင်းမြီးခြုံထားသော
စောင်ကို ဆွဲခွာလိုက်ကာ

“မင်း ဘကြီးကို ကိုကိုလား မင်းမှာဘယ်က ကိုကိုရှိလို့လဲ”
“ပြည့်စုံ”
“အေးလေ မင်းယောကျာ်း”
နန်းဦးကစောင်ကို အသာဆွဲယူလိုက်ကာ
“မရှုပ်နဲ့ကွာ ငါအိပ်ချင်သေးလို့”
“ငါရော ကူအိပ်ပေးမယ် မင်းပျင်းနေမှာစိုးလို့”

ပြည့်စုံက ပြောလည်းပြောကာ
စောင်နှင့်ပတ်ထားသော နန်းဦးအား
ဖက်ကာ နံဘေးတွင်ပူးကပ်ကာ ဝင်အိပ်လေသည်။

“မင်း အဖျားကူးမယ် ဝေးဝေးနေကွာ”
“ကူးကူးကွာ
မင်းဆီက အဖျားတွေ ငါ့ဆီအကုန်ပို့လိုက်”
“ပေါက်ကရတွေ”
“ဒါနဲ့ ခုန မင်းပြောလိုက်တဲ့ ကိုကိုက
မင်းယောက်ဖကို ပြောတာလား”
နန်းဦးက မဖြေ။

ယောက်ဖဆိုတာကြီးကို မေ့ထားပါတယ်ဆိုမှ။

“မင်း ပြန်တော့ ပြည့်စုံ ငါတကယ်နေမကောင်းသေးဘူး”
“မင်း မနှင်လည်း ပြန်မှာပါကွာ
အစာလည်းစား ဆေးဝင်အောင်သောက်ဦး”
“အင်း စိတ်မကောင်းဖြစ်သွားလားမင်း”

ပြည့်စုံမျက်နှာ ငြိုးသွားရင်လည်းနန်းဦးမနေတတ်ပြန်။
ငယ်သူငယ်ချင်းသံယောဇဥ်ကနည်းတာမှမဟုတ်တာ။
နန်းဦးကချော့သလိုပြောတော့
ပြည့်စုံမျက်နှာက ပြန်ကြည်လာကာ

“ငါ့မိန်းမကို စိတ်ဆိုးစရာလား “
“လဖွတ် စိတ်ကောင်းဝင်လို့ကိုမရဘူး”
“အေးပါ ခဏနေဆန်ပြုတ် ထစားလိုက်ဦး ငါ အလုပ်ထဲတောင်မရောက်သေးဘူး”

ပြည့်စုံပြန်သွားတော့ နန်းဦး
စောင်အားခေါင်းအထိ ပြန်ဆွဲ
ခြုံလိုက်၏။
ဖေကြီး က ခုနစ်ရက်တရားစခန်းသွားတာမို့ အိမ်မှာ မေကြီးနဲ့ ကိုကိုသာ ရှိလေသည်။
ညက နန်းဦးတစ်ညလုံး အဖျားတွေတက်၏။
နန်းဦးဘေးမှာ ကိုကို တစ်ညလုံးရှိကာ
ရေဇလုံ တစ်လုံးနှင့် ရေပတ်တိုက်လိုက်နဖူးကိုစမ်းလိုက် လုပ်နေတာသိသည်။
မမကိုသာ အရင်မတွေ့ခဲ့ရင်
ကိုကို နန်းဦး ကို ချစ်လောက်လား။
ဒါမှမဟုတ် ယောကျာ်းလေးတစ်ယောက်ကို မချစ်နိုင်တာလည်းဖြစ်နိုင်ပါသည်။
နန်းဦးအတွက်ကိုကိုက မတွက်ခင်ကတည်းက မှားယွင်းနှင့်ပြီးသား
ပုစ္ဆာတစ်ပုဒ်လို။

“ထဦး”

အသံကြောင့်နန်းဦး စောင်မခွာသေးပဲ
ကျနေသော မျက်ရည်ပူများအားအရင်သုတ်ရ၏။
အသံရှင်မှာ နန်းဦးခြုံထားသောစောင်အားဆွဲခွာလာကာ
မျက်နှာမှာ တည်တင်းနေ၏။

“အရမ်းရင်းနှီးလား”

အဆီအငေါ်မတည့်စွာ မေးလာသော
မေးခွန်းကြောင့် နန်းဦး နားမလည်သလိုမော့ကြည့်လိုက်လျှင်

“ခုဏက တစ်ယောက်နဲ့ပြောတာ”
“အင်း ငယ်သူငယ်ချင်း”

မေးစရာမလိုပဲ အဖြေကို သိတယ်ဆိုပေမယ့် တမင်မေးလိုက်တာ
ဖြစ်ကာ သိပြီးသား အဖြေကို
ပြန်ကြားရတော့လည်းကြည်သူ မကျေနပ်သေး။
ခုဏက ကြည်သူတစ်ခေါက်လာသေးသည်။
ယောကျာ်းလေး ချင်းချင်း
ဘယ်လောက်ပဲ ငယ်သူငယ်ချင်း ဖြစ်တယ်ဆိုဆို အိပ်ရာပေါ် လုံးထွေးအိပ်နေတာကို ဘဝင်မကျ။
ယောက်ဖ ဖြစ်မယ့်သူ့ကိုကျ ထိလိုက်ရင် နူမှာ လိုလိုနဲ့။
သူငယ်ချင်းဆိုသူ လာဖက်အိပ်နေတာတောင် ဖယ်ချရမှန်းမသိ။
ရဝေနန်းဦး တော်တော်ကို
အချိုးမပြေတာ။
မဖြစ်ဘူး နွယ်နဲ့ လက်ထပ်ပြီးရင်
ဒီချာတိတ်ကို ရွှေဆောင်ရအောင် ခေါ်သွားရမည်။

Tue/sep10
မိုချီ(ခတ္တ လူ့ပြည်)

အပတ်စဥ် သော ကြာနေ့တိုင်းနှစ်ပိုင်းupမှာပေမယ့် ကြားထဲ moodဝင်ရင်ဝင်သလို မြန်မြန်ပြီးတာမို့
ပြီးရင်ပြီးသလောက်လာတင်ပါမယ်
ခုမှ စာစရေးတာမဟုတ်ပေမယ့်
စာတင်တဲ့ ခု အကောင့်ကအသစ်မို့ ဝန်းရံပေးကြပါဦး ခင်ဗျာ

Tags: read novel Wrong Time Right Person(Completed) part4(unicode), novel Wrong Time Right Person(Completed) part4(unicode), read Wrong Time Right Person(Completed) part4(unicode) online, Wrong Time Right Person(Completed) part4(unicode) chapter, Wrong Time Right Person(Completed) part4(unicode) high quality, Wrong Time Right Person(Completed) part4(unicode) light novel, ,

Comment

Leave a Reply

Chapter 8